Department of Trade

ချင်းရွှေဟော်မှ နှမ်းတင်ပို့မှုပိုမို

Thu, 12/04/2014 - 08:59 -- dccaadmin
Myanmar

 

၂၀၁၄ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်မှာ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန် သွယ်ရေး ဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်စခန်းတို့မှ ကန်ဒေါ်လာ၃ ဒသမ ၆၃၆သန်း တန်ဖိုးရှိ နှမ်း ရောင်စုံ ၁၇၄၈တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်း ပတ်က ချင်းရွှေဟော်မှ နှမ်းရောင်စုံ ၁၂၃၂ တန်ခွဲ တင်ပို့ ခဲ့ပြီး ယခုသီတင်းပတ်မှာ ၁၅၇၃ တန် တင်ပို့နိုင်တာကြောင့် ချင်းရွှေဟော်နယ်စပ်စခန်းမှ နှမ်းတင်ပို့မှု ပိုမိုလာတာတွေ့ရပါတယ်။မူဆယ်ကုန်စည်ဒိုင်မှာ ယခင်သီတင်းပတ်က နှမ်းဖြူ တစ်တန် ၂၂၉၃၄၇၅ ကျပ်၊ နှမ်းနက်တစ်တန် ၂၃၇၈၂၂၀ ကျပ်ရှိရာမှ ယခုသီတင်းပတ်မှာတော့ နှမ်းဖြူဈေး၂၂၈၇၆၅၈ကျပ်နဲ့ နှမ်းနက်ဈေး ၂၃၇၂၁၈၉ ကျပ်သို့ ဈေးများထပ်မံကျဆင်းသွားတာတွေ့ရပါတယ်။ နိုဝင်ဘာလ တစ်လလုံး တရုတ်နယ်စပ် မှနှမ်းတန်ချိန် ၇၈၉၅ တန်ခန့် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ယခုရက် သတ္တပတ်မှာ စခန်းအလိုက် တင်ပို့ခဲ့တဲ့နှမ်းရောင်စုံတွေကတော့-

                                                                             တန်ချိန်-ကိန်းပြည့်

          နှမ်းအမျိုးအစား          မူဆယ်          ချင်းရွှေဟော်            

          နှမ်းဖြူ                     ၃၆.ဝဝ          ၅၃၇.ဝဝ                

          နှမ်းနက်                   ၃၆.ဝဝ          ၉၂၆.ဝဝ      

          နှမ်းညို                    ၅၄.၂၅            ၁၁၀.ဝဝ

          နှမ်းဖြူ (အခွံချွတ်)      ၄၉.ဝ၀                -                    အသီးသီးဖြစ်ပါတယ်။

                          

                                                                             မော်မော်အောင် MIRT (DCCA)

တရုတ်နယ်စပ်က ပြောင်းတင်ပို့မှု နိုဝင်ဘာလမှာ တန်ချိန် ၂ သိန်းနီးပါးရှိ

Thu, 12/04/2014 - 08:50 -- dccaadmin
Myanmar

 

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ကန်ပိုက်တီးစခန်းများမှ နိုဝင်ဘာလ နောက်ဆုံးပတ်မှာ ကန်ဒေါ်လာ ၁၃ ဒသမ ၈၀၉သန်း တန်ဖိုးရှိပြောင်းဖူးစေ့ ၄၆၈၅၈ တန်ခွဲကို တင်ပို့ နိုင်ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့ခဲ့တဲ့ပြောင်းတန်ချိန်များမှာ မူဆယ်မှ ၄၃၇၃၀ တန်၊ ချင်းရွှေဟော်မှ ၂၃၉၀ တန်၊ လွယ်ဂျယ်မှတန် ၆၂၀ နဲ့ ကန်ပိုက်တီးမှ ၁၁၈တန်ခွဲ ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က ၄၄၅၈၇ တန်သာ တင်ပို့ခဲ့တာမို့ယခု ရက်သတ္တပတ်မှာ ပြောင်းတန်ချိန်၂၂၇၁ တန် ခွဲပိုမိုလာ ပါတယ်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ တစ်လလုံး တရုတ်နယ်စပ်က ပြောင်းတင်ပို့မှု ၁၇၃၁၀ဝ ကျော်တင်ပို့နိုင်ခဲ့ ပါတယ်။ မူဆယ်ကုန်စည်ဒိုင်ရဲ့  ပြောင်းတစ်တန်ဈေးဟာ ယခု ရက်သတ္တပတ်မှာ၂၉၆၈၆၄ကျပ် ရှိပြီး ယခင်ရက်သတ္တပတ်က ၂၉၄၃၇၀ ကျပ် ရှိတာကြောင့် ပြောင်းဈေးလည်း မြင့်တက်လာ တာတွေ့ရပါတယ်။ တရုတ်နိုင်ငံက ဝယ်လိုအား ကောင်းနေတော့ ပြောင်းသစ်မပေါ်ခင် အဟောင်းလက်ကျန်ပဲ ရှိတဲ့အချိန်မို့ အရမ်းဈေးတက်သွားတာလို့ သိရပါတယ်။ ဝယ်လိုအားေ ရာ ရောင်းလိုအားပါ ယခုအချိန် မှာ ကောင်းနေတယ်လို့ မူဆယ် ပဲ၊ ပြောင်း၊ နှမ်း ကုန်စည်ဒိုင်မှ သတင်းရရှိပါတယ်။   

မော်မော်အောင် MIRT (DCCA)                                                                                                                                                 

ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များတွင် စားသုံးသူအကာအကွယ်ပေးရေးအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်

Tue, 12/02/2014 - 13:52 -- dccaadmin
Myanmar

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစောမိုက်ကယ်၊ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန ဦးစီးအရာရှိ  ဒေါက်တာ မျိုးထွန်းကျော်၊ ဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ စားသုံးသူ အကာအကွယ်ပေးရေး သိကောင်းစရာ ဟောပြောပွဲ များကို၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ၂၆ ရက်နေ့မှ၂၈ ရက်နေ့အထိ ဖျာပုံခရိုင် အတွင်း ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဖျာပုံမြို့များတွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ၂၆ ရက်နေ့မွန်းလွဲ ၁ း ဝ၀ နာရီမှ ညနေ ၄ း ဝ၀ နာရီအထိ ဘိုကလေးမြို့၊ အမှတ် (၁) အခြေ ခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ရာ ဘိုကလေးမြို့နယ်၊ ဒု-မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင် တက်ရောက် အမှာစကားပြောကြား ခဲ့ပြီး ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းမုန့်ဈေး တန်းဈေး သည်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၅၇၅) ဦးတက်ရောက် ခဲ့ပါသည်။၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ၂၇ ရက်နေ့ နံနက်၁၀ း ဝ၀ နာရီအချိန် ကျိုလတ်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ခန်းမတွင် စားသုံးသူ အကာအကွယ်ပေးရေး အကြောင်း သိကောင်းစရာ ဟောပြော ပွဲပြုလုပ်ခဲ့ရာ ကျိုက်လတ်မြို့၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ငါးရံ့ခြောက် လုပ်ငန်းရှင်များ၊ စားသောက်ဆိုင် ပိုင်ရှင်များ၊ ဆေးဆိုင် ပိုင်ရှင်များ၊ ကျောင်းမုန့်ဈေးတန်း ဈေးသည်များ၊ ဆရာ/ဆရာ မများ၊ ကျောင်းသား/သူများ စုစုပေါင်း (၃၆၅)ဦး တက်ရောက် ခဲ့ပါသည်။၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ၂၇ ရက်နေ့ မွန်းလွဲ ၁ း ဝ၀ နာရီအချိန် ဒေးဒရဲမြို့နယ်၊ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းခန်းမတွင် စားသုံးသူ အကာအကွယ် ပေးရေးအကြောင်း သိကောင်းစရာ အသိပညာေ ပးဟောပြောပွဲ ကျင်းပပြု လုပ်ခဲ့ရာ ဒေးဒရဲမြို့နယ်၊ ဒု-မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့်  ဌာနဆိုင်ရာများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ဆရာ/ဆရာမများ နှင့် ကျောင်းသား/သူများ စုစုပေါင်း (၆၀၉) ဦးတက်ရောက် ခဲ့ပါသည်။၂၀၁၄ခုနှစ် ၊ နိုဝင် ဘာလ၂၈ ရက်နေ့ မွန်းလွဲ ၁ း ဝ၀ နာရီအချိန် ဖျာပုံခရိုင်၊ ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် စားသုံးသူ အကာအကွယ်ပေးရေး အကြောင်း သိကောင်းစရာ အသိပညာ ပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဖျာပုံ ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့် တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ကျောင်းမုန့်ဈေးတန်း ဈေးသည်များ၊ ဆရာ/ဆရာမ များ၊ကျောင်း သား/သူများ စုစုပေါင်း(၂၄၂)ဦး တက်ရောက်ခဲ့ကြပါသည်။ ဖျာပုံခရိုင်အတွင်း ကျင်းပပြုလုပ်သော စားသုံးသူ အကာအကွယ်ပေး ရေးအကြောင်း သိကောင်းစရာ အသိပေး ပညာပေးဟောပြောပွဲ များတွင် စားသုံးသူ အကာအကွယ်ပေးရေး နှင့် ပတ်သက်၍ သိကောင်း စရာများ၊ ဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းစဉ်များနှင့်ရှေ့ ဆက်လက်ဆောင် ရွက်မည့် လုပ်ငန်းစဉ်များ၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာများ၊ စားသုံး သူများ၏ အခွင့် အရေးနှင့် တာဝန်ဝတ္တရားများ၊ ကုန်ပစ္စည်း ထုတ်လုပ်တင်သွင်း ရောင်းချသူများ၏ အခွင့်အရေးနှင့် လိုက်နာရမည့် တာဝန် ဝတ္တရားများ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူများ၊ ဆောင်ရန်ရှောင်ရန် အချက်များနှင့် အရာရာကို သံသယ စိတ်ဖြင့် လေ့လာသုံးသပ်ပြီးချင့် ချိန်စားသောက်ရန် လိုအပ်ကြောင်း၊ စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းသည် ကြီးမားကျယ်ပြန့်သော လုပ်ငန်းစဉ်ဖြစ်၍ အနာဂါတ် မျိုးဆက်သစ်များ၊ ကျန်းမာပျှော်ရွှင် သောဘဝကိုရရှိပိုင် ဆိုင်နိုင်ရေး ယနေ့မှစ၍ ပြည်သူလူထု တစ်ရပ်လုံး ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

         

         

                                                                                      ဧရာမြေ (ဧရာဝတီတိုင်း)

တရားမဝင်အကောက်ခွန်မဲ့ မုန်ညှင်းချဉ်၊ မာလခေါက်ဆွဲခြောက်နဲ့ တရုတ်ကြက်သွန်ဖြူ ကျပ်၂၇သိန်း နီးပါးဖိုး လရ-၁ အဖွဲ့ကရှာဖွေတွေ့ရှိ

Tue, 12/02/2014 - 13:23 -- dccaadmin
Myanmar

 

မန္တလေး-မူဆယ် ကုန်သွယ်မှု လမ်းကြောင်းတွင် တရားမဝင် ကုန်သွယ်မှု တားဆီး ရေးနှင့်စားသုံးသူ အကာအကွယ်ပေးရေး တာဝန်ယူ ထမ်းဆောင်လျက် ရှိသော နောင်ချို ယာယီအခြေပြု လရ-၁ အဖွဲ့ သို့ နိုဝင်ဘာလ ၂၅ ရက်နေ့မွန်းလွဲ ၁၄း၃၀ ချိန်ခန့်က ဝင်ရောက် စစ်ဆေးခံတဲ့ မူဆယ်မှ ဆင်းလာသော Light Truckယာဉ်ပေါ်မှ ကျပ် ၂၁ သိန်းကျော် တန်ဖိုးရှိ မုန်ညှင်းချဉ် (1 x200 ဂရမ် x 50 ထုတ်) ၁၄၃ ဖာ၊ ကျပ် ၃ ဒသမ ၈၀ဝသိန်းတန်ဖိုးရှိ မာလခေါက်ဆွဲခြောက် ၃၈ ဖာနဲ့ ကျပ် ၁ ဒသမ ၇၁၆ သိန်းတန်ဖိုး ရှိတရုတ် ကြက်သွန်ဖြူ  (1x20 ကီလိုဂရမ်)၂၂ အိတ်ကို စစ်ဆေးတွေ့ရှိခဲ့ရာမှာ FDA ၏ ထောက်ခံချက်၊ သွင်းကုန်လိုင်စင်၊ အကောက်ခွန်ဆောင်ပြီး စာရွက်စာတမ်းတစ်စုံတစ်ရာမှ မတွေ့ရှိရ ဘဲသိန္နီမြို့ တွင်သာပြည် တွင်းအခွန်ပေးဆောင် ထားသော စာရွက် စာတမ်းသာ တွေ့ရှိခဲ့သဖြင့် သိမ်းဆည်း ခဲ့ရတယ်လို့ သတင်းရရှိပါတယ်။                                                                                                              

                                                                                          DCCA  DCCA

ပြည်ပမှ ရော်ဘာ၊ လက်ဖက်နဲ့ ဖာလာစေ့ တင်သွင်းမှုများအား တားမြစ်ပေးရန် အိန္ဒိယစိုက်ပျိုးသူများ ဆန္ဒရှိနေ

Tue, 12/02/2014 - 13:04 -- dccaadmin
Myanmar

 

အိန္ဒိယ စိုက်ပျိုးသူများက ရော်ဘာ၊ လက်ဖက်နဲ့ ဖာလာစေ့ တင်သွင်းမှုများနဲ့ စပ်လျဉ်းပြီး အကျပ်အတည်း များနဲ့ ထိပ်တိုက် ရင်ဆိုင်နေကြရ တဲ့အတွက် ပြည်ပမှ တင်သွင်းမှုများကို တားမြစ်ပေးရန် ကြိုးပမ်းနေကြ ပါတယ်။ ပြည်ပမှ အရည် အသွေး နိမ့်ပြီးဈေးသက်သာ သောပစ္စည်းများကို တင်သွင်းနေ တဲ့အတွက် ပြည်တွင်း ထွက်ကုန် များရဲ့ကုန်ကျ စရိတ်များနဲ့ ကိုက်ညီမှု မရှိဘဲ အရှုံးနဲ့ရင်ဆိုင်နေ ကြရတယ်လို့ တောင်သူ များက ပြောကြား ကြပါတယ်။ ရော်ဘာ စိုက်တောင်သူများ အကျိုးအမြတ် ပိုမိုဖြစ်ထွန်းတဲ့ ဇာတိပ္ဖိုလ်သီး (Nutmeg) နဲ့ကိုကိုး (Cocoa) ပင်များကို ပြောင်းလဲ စိုက်ပျိုး နေကြပြီ ဖြစ်ပါတယ်။ ဒါ့အပြင် စက်သုံးဆီ ကြမ်းဈေး ကျဆင်းနေခြင်း ဟာလည်း ၎င်းတို့ရဲ့ ရော်ဘာလုပ် ငန်းကို ဒုက္ခဝေစေ လျက်ရှိရာ ဖိအားပိုမို များပြားစေ ခဲ့ပါတယ်။ Synthetic ရော်ဘာကို ဓါတ်ပျံ ဆီအသုံးပြုပြီး ထုတ်လုပ် ရခြင်းဖြစ်ရာ စက်သုံးဆီ ကြမ်ဈေး ကျဆင်းနေသဖြင့် Syntheticရဲ့ ဈေးကို သက်ရောက်စေလျက် ရှိပါတယ်။ ဝယ်လက် သမားများ အနေနဲ့ဈေးသက် သာတဲ့ ရော်ဘာ တုများကို ရွေးချယ်ဝယ်ယူ လျက်ရှိရာ သဘာဝရော်ဘာ လိုအပ်ချက် ကျဆင်းစေ လျက်ရှိပါတယ်။ အိန္ဒိယမှာ ရော်ဘာဈေးဟာ လွန်ခဲ့တဲ့ ၁၂ လထက်၂၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၁ ကီလို ဂရမ် ကို (၁၁၈ရူပီး)ဒေါ်လာ ၁ဒသမ ၉၀၇ သာဈေးပေါက် လျက်ရှိပါတယ်။ ယခုလို ရော်ဘာဈေးများ ကျဆင်းနေ ခြင်းကြောင့် ရော်ဘာစိုက် တောင်သူများဟာ အခြား အမယ်များကို ပြောင်းလဲစိုက်ပျိုး လာကြခြင်းဖြစ် ပါတယ်။အိန္ဒိယမှ လက်ဖက် ထုတ်လုပ်မှုကို ကြည့်လျှင် ၂၀ ၁၀ ပြည့်နှစ်မှာ ၄ ဘီလီယံ ကီလိုဂရမ်ရှိခဲ့သော်လည်း၂၀၁၃ ခုနှစ်မှာကီ လိုဂရမ် ၄၈၁၉ သန်းနဲ့ ယခင်နှစ်က ကီလိုဂရမ် ၁၂၀ဝ သန်းရှိခဲ့ပြီး ကမ္ဘာ့လက်ဖက်ထွက်ရှိ မှုဟာ ကီလိုဂရမ် ၄၈၁၉ သန်းရှိခဲ့ပါတယ်။ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာ လထိ ၉ လတာ ကာလအတွင်း မှာအိန္ဒိယမှ လက်ဖက်ကီလိုဂရမ် ၁၄၆ သန်းကျော်တင်ပို့နိုင်ခဲ့သော်လည်း ယမန်နှစ် ကာလတူတင်ပို့ မှုထက် ၁ ဒသမ ၅ ရာခိုင်နှုန်းလျော့ နည်းကျဆင်း ခဲ့တယ်လို့ Commodity Online သတင်းမှာ ဖော်ပြထား ပါတယ်။

                                                                                                CMK

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင်ကြံ စိုက်ပျိုးထုတ်လုပ်သူများနှင့် ပြောင်း/နှမ်း သီးနှံစုံ စိုက်ပျိုး ထုတ်လုပ်သူများအသင်း တို့ပူးပေါင်း ကျင်းပပြုလုပ်သည့် သင်တန်းတွင် စားသုံးသူ အကာအကွယ်ပေးရေးအကြောင်းနှင့် ပို့ကုန်၊ သွင်းကုန် လုပ်ထုံးလုပ်နည်းမ

Tue, 12/02/2014 - 12:50 -- dccaadmin
Myanmar

 

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ကသာမြို့၌ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့မှ၂၇ ရက်နေ့အထိ (၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ကုန်သွယ်မှုမြှင့် တင်ရေးဦးစီးဌာနမှ ကြီးမှူး၍ ကြံစိုက်ပျိုး ထုတ်လုပ်သူ များနှင့် ပြောင်း/နှမ်း သီးနှံစုံ စိုက်ပျိုးထုတ်လုပ်သူများ အသင်းတို့ ပူးပေါင်း ကျင်းပသော ကြံစိုက်ပျိုး ထုတ်လုပ်မှုနှင့် တန်ဘိုးမြှင့် ထုတ်ကုန်များ နည်းပညာ ပေးသင်တန်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာနမှ စားသုံးသူ အကာ အကွယ်ပေးရေး အကြောင်းနှင့် ပို့ကုန်၊ သွင်းကုန် လုပ်ထုံးလုပ်နည်း များအကြောင်း သွားရောက် ပို့ချခဲ့ပါသည်။

အဆိုပါ သင်တန်း၌ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ နေ့လည် (၁) နာရီအချိန် စစ်ကိုင်းတိုင်း ဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းစိုးက စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းစဉ် များအကြောင်း ရှင်းလင်းပြော ကြားရာတွင် ရှေးဦးစွာ ပြောင်းလဲလာသည့် လူနေမှုစနစ် များနှင့်အညီ နိုင်ငံတကာ နှင့်အဆင့်မီ စားသုံးသူ ကာကွယ်ရေး လုပ်ငန်းများ ဆက်စပ်ဆောင် ရွက်နိုင်ရန် စားသုံးသူရေးရာ ဦးစီးဌာနကို စတင်ဖွဲ့ စည်းဆောင်ရွက်ခဲ့မှုများ၊ စားသုံးသူ အကာ အကွယ်ပေး ရေးဥပဒေ ပြဌာန်းပြီးဖြစ်၍ တိုးမြှင့်ဆောင်ရွက် မည့်လုပ်ငန်းစဉ်များ၊ နည်းဥပဒေ ပြဌာန်းနိုင်ရန် ကြိုးစား ဆောင်ရွက်နေမှုများ၊ စားသုံးသူ၏ အခွင့်အရေးများ၊ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်နှင့် အခွင့်အရေးများ အကြောင်း၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် နေမှုများအကြောင်း ရှင်းလင်း ပြောကြားပြီးနောက် စားသုံးသူကို အန္တရာယ် ဖြစ်စေသော အစားအသောက်များ၊ လူသုံးကုန်စည်များ၊ ဝန်ဆောင်မှုများနှင့် မူမမှန်သည့် ဖျော်ဖြေ တင်ဆက်မှု အကြောင်းများကို လတ်တလော ဖြစ်ပျက်နေသည့် အချက်အလက် များနှင့်နှိုင်းယှဉ်လျက် အကျယ်တဝင့် ဟောပြောပို့ချခဲ့ပါသည်။

ဆက်လက်၍ ကြံစိုက်ပျိုး ထုတ်လုပ်သူများနှင့် ပြောင်း/နှမ်းသီးနှံစုံ စိုက်ပျိုးထုတ်လုပ် သူများအားဈေးကွက် အမြင်ကျယ်ပြန့်စေရေး ရည်ရွယ်လျက် ပို့ကုန်၊ သွင်းကုန် လုပ်ထုံးလုပ်နည်းများ အကြောင်း ဆက်လက်ဟောပြော ပို့ချခဲ့ပါသည်။ စစ်ကိုင်း တိုင်းဒေသကြီး အတွင်းရှိ ကသာခရိုင်နှင့် ရွှေဘိုခရိုင်များအတွင်း ကြံသီးနှံများ ဧကပမာဏ များပြားစွာ စိုက်ပျိုးထွက်ရှိ သည့်အတွက် ထွက်ရှိလာသည့် ကုန်ချောများ တင်ပို့ရာတွင် တရားဝင်ပုံမှန် ကုန်သွယ်မှု လမ်းကြောင်းပေါ်မှ ကုန် သွယ် နိုင်ကြရန်ဆောင် ရွက်ရမည့် အချက်များ၊ နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက်၊ ကုန်သွယ်မှု မူဝါဒ၊ ပို့ကုန် /သွင်း ကုန် အခြေ ခံမူ၊ ပုံမှန်ကုန်သွယ်ရေးနှင့် နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းစဉ်များ အကြောင်း၊ အမှန်အကန်တောင် သူများ အား အသုံးချလျက် တရားမဝင် ကုန်သွယ်မှုပြုလိုသူ များကြောင့် ဒုက္ခမ ရောက်စေရေးအတွက် တာဝန်ဖြင့် စစ်ဆေးရာတွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများ၊ ကြံစိုက်တောင် သူများလို အပ်သည့်မျိုး၊ မြေဩဇာ၊ စိုက်ပျိုးရေး လုပ်ငန်း သုံးဆေး မျိုးစုံနှင့် စက်ပစ္စည်း ကိရိယာများ ဝယ်ယူ တင်သွင်းလိုပါက ဆက်သွယ်ဆောင် ရွက်ရမည့် အချက်အလက် များကို အသေးစိတ် အကျယ်တဝင့် ဟောပြောပို့ချခဲ့ပါသည်။ ယင်းနောက် တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်အ ကြာင်း ရှင်းလင်း ပြောကြားပြီး သင်တန်း သားများ သိရှိလို သည်များ ပြန်လည်ဖြေကြား ခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်မှ ကြံစိုက်ပျိုး ထုတ်လုပ်သည့် တောင်သူတစ်ဦးမှ စားသုံးသူ အကာအကွယ် ပေးရေး လုပ်ငန်းစဉ်များ အကြောင်းဆွေးနွေး ရာတွင် မိမိတို့ ရပ်ရွာအတွင်း စားသောက် ကုန်စည်များကြောင့် စားသုံးသူပြည်သူများ အန္တရာယ် မျိုးစုံနှင့်ကြုံတွေ့နေရသည်မှာ သိသာထင်ရှား လာပြီဖြစ်ကြောင်း၊ မိမိတို့ ကျေးရွာသူ ကျေးရွာသားများ အနေဖြင့် အဖွဲ့ကလေးများ ဖွဲ့စည်းပြီး အန္တရာယ်ရှိ စားသောက်ကုန်များ အကြောင်းကို ဟောပြော ရှင်းလင်း လိုပါကြောင်း၊ နိုင်ငံတော်၏ ဌာနဆိုင်ရာ အဖွဲ့အစည်း တစ်ရပ်မှ ယခုလို ဆောင်ရွက်ချက်များ ပြုလုပ်နေသည်ကို သိရှိရ၍ ဝမ်းမြောက်ဝမ်း သာဖြစ်ရပါကြောင်း၊ မိမိတို့ဒေသသို့လည်း လာရောက်ဟောပြော ပညာပေးစေ လိုပါကြောင်းနှင့်ကုန် ပစ္စည်းများကို ပညာပေး ဆွေးနွေးမှုသာမက စစ်ဆေး အရေးယူမှုများ ပြုလုပ်သင့်ပြီဖြစ်ပါကြောင်း အကြံပြုဆွေးနွေး ခဲ့ပါသည်။

အဆိုပါ သင်တန်းအား ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ (၃) ရက် တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မောင်းနှင့် ကသာခရိုင်အတွင်းရှိ ဌာန ဆိုင်ရာအကြီးအကဲများ တက်ရောက်ချီးမြှင့် ခဲ့ပြီး ကသာခရိုင် နှင့် ရွှေဘိုခရိုင်များ အတွင်းရှိ ကြံသီးနှံ စိုက်ပျိုးထုတ်လုပ်သူ များနှင့် ပြောင်း/နှမ်းသီးနှံ စိုက်ပျိုး ထုတ်လုပ်သူများ၊ စိတ်ပါဝင်စားသူ ဝန်ထမ်းများ စုစုပေါင်း သင်တန်းသား (၆၉)ဦး တက်ရောက် ခဲ့ကြပါသည်။

                                                                                                သိန်းစိုးသစ် (စစ်ကိုင်း)

ပွင့်လင်းရာသီကာလတွင် သတိထားသင့်တဲ့အဓိကရှောင်ကွင်းလမ်းကြောင်းများနဲ့ ကုန်သယ်ဆောင်မှု

Tue, 12/02/2014 - 12:11 -- dccaadmin
Myanmar

 

တရားမဝင် ကုန်သွယ်မှုများ လျော့နည်း ပပျောက်စေရန် ကုန်သည်လုပ်ငန်းရှင် များအနေနဲ့ ကုန်သွယ်မှု လမ်းကြောင်း မှန်ပေါ်မှ ကုန်သွယ်မှုပြုတတ်လာစေရန်နဲ့ ကုန်သွယ်မုှု ပိုမိုလျင်မြန်စေရန်  ရည်ရွယ်ပြီးကန့်သတ် ကုန်စစ်ဆေးရေး ဂိတ်များ အားရုပ်သိမ်းခြင်း၊ ကုန်သွယ်မှု မြှင့်တင်ရေး အတွက် လုပ်ထုံးလုပ် နည်းများ၊ အခွန်အခများကို ဖြေလျော့ပေးခြင်းများ ဆောင်ရွက်ပေး ခဲ့သော်လည်း ကုန်သွယ်မှု ပမာဏ သိသာစွာတိုးတက်လာခြင်း မရှိတဲ့ အတွက် Mobile Team များဖွဲ့စည်းပြီး တရားမဝင် ကုန်သွယ်မှုများ ကုန်သွယ်မှု လမ်းကြောင်းနဲ့ တစ်လျှောက် နယ်စပ်ကုန်သွယ်ရေး စခန်းပတ်ဝန်းကျင်  အနီးတစ်ဝိုက် တားဆီး ထိန်းချုပ်မှုများ ဆောင်ရွက် လျက်ရှိပါတယ်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်ထုတ်နုတ်အင်အား OSS Mobile Team အဖွဲ့နဲ့ နောင်ချို့အဖွဲ့ များ စားသုံးသူ အကာအကွယ်ပေးရန်နဲ့ တရားမဝင် ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရန် တာဝန်ထမ်းဆောင် မှုအတွေ့အကြုံ များအရ  မူဆယ် ၁၀၅ မိုင်ထုတ်နုတ် အင်အား OSS Mobile Team အဖွဲ့အနေနဲ့ ပိတ်ဆို့ တားဆီးဖမ်းဆီးခြင်း များနဲ့ သတင်းရရှိမှုပေါ် မူတည်ပြီး ကုန်ပစ္စည်းသို လှောင်ရာ ဂိုဒေါင်များနဲ့ ညအချိန်ရှောင်ကွင်း လမ်းကြောင်းများမှ သွားလာလျက် ရှိသော ကုန်ပစ္စည်းများကို ဖမ်းဆီးဆောင်ရွက် လျက်ရှိနေပါတယ်။ ယခုအခါ ပွင့်လင်းရာသီကာလသို့ ရောက်ရှိ လာပြီဖြစ် တဲ့အတွက် မြန်မာ-တရုတ်နယ်စပ် မူဆယ်နယ်မြေအတွင်း တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းများနဲ့ ကန့်သတ်ကုန် ပစ္စည်းများ သယ်ဆောင်သွား လာလေ့ရှိတဲ့ ပစ္စည်းများကို Mobile Team အဖွဲ့သာမက ဆက်စပ်ဌာနများ၊ ကုန်သည် လုပ်ငန်းရှင်များ အနေနဲ့ ဝိုင်းဝန်းတား ဆီးဖော် ထုတ်ကြရန်လို အပ်လှပါတယ်။  ဒါ့အပြင် ကုန်သည်များအနေနဲ့  ထိုတရားမဝင်ရှောင် ကွင်းလမ်းများကို အသုံးမပြုကြမိစေ ရန်အတွက် ရှောင်ရှားရန်၊ သတင်းပေးကြရန်လည်း လိုအပ်လှပါတယ်။ ရှောင်ကွင်း လမ်းများနဲ့ သယ်လေ့သယ်ထ ရှိတဲ့ ပစ္စည်းများ သယ်ယူရာမှာ အသုံးပြုကြတဲ့ ယာဉ်အချိန်တွေ ကတော့-

ကျိမ်စမ်းကျော့-နောင်ဟင်ရွာပန်ဆိုင်း-ကြူကုတ်-လုံခန်ရွာလမ်းမှ ညအချိန် 3Crown တုန်ဖုံး ယာဉ်ဖြင့် လည်းကောင်း၊ နန်တောင်းရွာ -ဖာဖိတ်ရွာ၊ဝိုင်ကျုံရွာ-(ခိုခေးရွာ၊ မော်တောင်၊ မူတောင်း) -ရွာများသို့ သွားသည့် လမ်းတွင်လူစီး 4 Wheel Drive ယာဉ်ငယ် အသုံးပြု၍ သယ်ဆောင်ခြင်းဖြင့် လည်းကောင်း၊ နမ့်ဟွမ်ရွာ၊ အထက်တုံခမ်ရွာ၊ ပန်ဆိုင်း-ကြူကုတ်-နမ့်ဟမ်ရွာ၊ မန်မော်ရွာ၊ နမ့်အွမ်-ခိုခေးရွာ၊ကျေး လက်ဖွံ့ဖြိုး ရေးလမ်းမှ တစ်ဆင့်ဒေသသုံးထော်လာဂျီ ကယ်ရီ ဆိုင်ကယ်များဖြင့် လည်းကောင်း၊ မူဆယ်-လားရှိုးကားလမ်း၊ နမ့်ခွန်၊ အထက်တုံခန်ရွာ၊ မိုင်းယုရွာ များဖြတ်သန်းပြီး Light Trauck ယာဉ် ၆ဘီးယာဉ်ဖြင့် လည်းကောင်း၊ Asia World Toll Gate ရှေ့ဓါတ်ဆီဆိုင် အနီးသို့ သွားသော လမ်းမှတစ် ဆင့်ဆိုင်ကယ်အ သစ်ဖြင့် ညပိုင်းသယ်ဆောင်၍ လည်းကောင်း၊ မူဆယ်မြို့၊ စွယ်တော်ရပ် ၊ရွှေသမင် ကွက်သစ်မြေသား လမ်းမှပွိုင့် ၄၅၆၁ တောင်ကုန်း ဘယ်ပတ်လမ်း မော်တောင်းရွာမှ တစ်ဆင့်သရီး ကရောင်း ထော်လာဂျီ၊ ကယ်ရီဆိုင်ကယ်များဖြင့် နေ့စဉ် သယ်ဆောင်၍ လည်းကောင်း ၊မူဆယ်-နမ့်ခမ်း-ဆယ်လန်ရွာ၊ ပွိုင့် ၄၅၆၁ တောင်တန်း ညာဘက်လမ်း နန့်ဟွန်ရွာမှ တစ်ဆင့် သရီးကရောင်း ထော်လာဂျီ၊ ကယ်ရီဆိုင်ကယ် တစ်ပတ်၃ ကြိမ်မှ ၅ ကြိမ် သယ်ဆောင်၍ လည်းကောင်း၊ မူဆယ်-နမ့် ခမ်း -နမ့်ဖတ် ကာကိုဖြတ်၍ ၆ ဘီးယာဉ်၊ဒေသသုံး သရီးကရောင်း ယာဉ်များဖြင့် လည်းကောင်း၊ မိုင်းယု- Asia World Toll Gate မရောက်မီ ယူကလစ်တောအနီး အထက်တုံ ခမ်ရွာအနီး-ဗြုန်းကျောက် တောင်-ကျိန်စန်းကျော့ -ကျောက်ခွဲသစ် လမ်း နမ့်ဟွယ်ရွာ အနီးရှောင်ကွင်း လမ်းမှတစ်ဆင့် ကိုယ်ပိုင် ယာဉ်ငယ်များ၊ လူစီးခရီးသည် တင်ယာဉ်ငယ်များ၊ ကုန်တင်ယာဉ်ကြီးများ တွင်သိုဝှက် သယ်ဆောင်၍ လည်းကောင်း၊ မန္တလေး-မူဆယ်ပြည်ထောင်စု လမ်းပေါ်ရှိ တာလုံရွာ၊ စယ် လန့်ရွာ မန်ဟီးရိုး စက်လှေ ဆိပ်အနီး ဝန်းကျင် သို့သွားသော လမ်းမှတစ်ဆင့် ပင် 3Crown တုန်ဖုန်းယာဉ် ကယ်ရီဆိုင်ကယ်ဖြင့်၊ ညပိုင်းမှာသယ်ယူ၍ လည်းကောင်း၊ အဆိုပါလမ်းမှSuper Custom MarkII, Pajero Tralar Jeep များဖြင့် လည်းကောင်း၊ အများဆုံး သယ်ဆောင်နေသော ပစ္စည်းများမှာ သစ်၊ ကျွဲ၊ နွား၊ဆိတ်များ၊ ကြက် သွန်ဖြူ  တရုတ်ဘီယာ၊ ဖဲထုပ်၊ လူသုံး/အိမ်သုံး ပစ္စည်းများ၊ စားသောက်ကုန်မျိုးစုံ၊ အချိုရည်၊ ဘီယာ၊  အဝတ်အထည်များ၊ အိမ်သုံးလျှပ်စစ် ပစ္စည်းများ၊ ကျွဲ၊နွားအရှင်၊ သစ်မာ မျိုးစုံကို စားသောက်ကုန်၊ မုန့်မျိုးစုံ၊ အချိုရည်၊ အဝတ်အထည်၊ စောင်၊ ကြက်သွန်ဖြူ၊ လျှပ်စစ်အိမ်သုံး ပစ္စည်းများကို EVD, DVD, LCD၊ ဆိုင်ကယ်အပိုပစ္စည်း၊ ဖုန်းမျိုးစုံ၊ စက်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်းမျိုးစုံ၊ မော်တော်ယာဉ် အပိုပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း အဝတ်အထည်မျိုးစုံ ၊တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းများ၊ စက်အပိုပစ္စည်း၊ ကားအင်ဂျင် အမျိုးမျိုး၊ ပိုးသတ်ဆေးအမျိုးမျိုး၊TV, Handset အမျိုးမျိုး၊ အထည်အမျိုးမျိုး၊ သစ်မာမျိုးစုံနဲ့ ကျောက်စိမ်းတို့ဖြစ်ကြ တယ်လို့ မူဆယ် ၁၀၅ မိုင် ထုတ်နုတ်အင်အား Mobile Team အဖွဲ့နဲ့ နောင်ချို Mobile Team အဖွဲ့များရဲ့ စစ်ဆေးတွေ့ရှိချက်အရ သိရှိရပါတယ်။ သို့ပါ၍ သက်ဆိုင် ရာဌာနဆိုင်ရာများ၊ ဒေသတာဝန်ရှိသူများ ဝိုင်းဝန်းဖော်ထုတ်သတင်း ပေးတားဆီးကြရန်နဲ့ တရားမဝင် ကုန်သွယ်မှု လမ်းကြောင်းများကို ကုန်သည် လုပ်ငန်းရှင်များ အသုံးမပြုကြရန် သတိပေး လိုက်ရပါတယ်။

                   MIRT (DCCA)

၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်ထိ Mobile Team အဖွဲ့များမှ ကျောက်စိမ်းဟု ယူဆရသော ကျောက်များနဲ့ ကျောက်မျက်ပစ္စည်း ကျပ်သန်း ၃၅၃၇ ကျော်ဖိုးသိမ်း ဆည်းရမိ

Tue, 12/02/2014 - 12:02 -- dccaadmin
Myanmar

 

တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုရဲ့ စီမံကြီးကြပ်မှုဖြင့် တရားမဝင် ကုန်သွယ်မှု တားဆီးရေး  ဆောင်ရွက်နေသော Mobile Team အဖွဲ့များက ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်ထိ (၁၁) လတာကာလအတွင်း ကျောက်စိမ်းဟု ယူဆရသော ကျောက်နဲ့ ကျောက်မျက်ပစ္စည်းများ၊ ကွာဇိုက်၊ ပလွမ်စတဲ့ အခြားတွင်းထွက် ပစ္စည်းများမှာ ၃၇၄၀ဝ ကီလို၊ တန်ဖိုးအားဖြင့်  ကျပ်သန်း ၃၅၃၇ ဒသမ ၄၁၈ ဖိုးသိမ်းဆည်းရမိမှု ရှိခဲ့တယ်လို့ တရားမဝင် တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ သတင်းရရှိပါတယ်။ စခန်းအလိုက် ဖမ်းဆီးရမိမှုများ ကတော့ လရ-၁ နောင်ချိုမှ ၁၆၃၃၅ ကီလို၊ မူဆယ်မှ ၂၀၈၈၁ ကီလိုနဲ့ တာချီလိတ်မှ ၁၈၄ ကီလို အသီးသီးဖြစ်ပါတယ်။

         

                                                                                      DCCA  DCCA

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းမှ သစ်လုံးများ တရားမဝင် ပြည်ပသို့ တင်ပို့မှု မရှိရေးဝိုင်းဝန်း တားဆီးကြစေလို

Tue, 12/02/2014 - 11:57 -- dccaadmin
Myanmar

 

ရှမ်းပြည်နယ် အရှေ့ပိုင်း နဲ့တောင်ပိုင်း ဒေသများမှ ထုတ်လုပ်သော သစ်များကို ယခင်နှစ်များက အိမ်နီးချင်း နိုင်ငံသို့ တရားဝင်တင်ပို့ ခဲ့သော်လည်း ၂၀၁၄ ခုနှစ် ဧပြီလမှစ၍ ပြည်ပသို့ သစ်လုံးတင်ပို့ခြင်းကို ပိတ်ပင်လိုက် သဖြင့် ခုတ်လှဲထားပြီး သစ်လုံးများစွာ သစ်တောများထဲ၌ ကျန်ရှိနေပါတယ်။ အချို့က နည်းမျိုးစုံဖြင့် သယ်ယူပြီး အိမ်နီးချင်းနိုင်ငံသို့ တင်ပို့နေကြသလို အချို့ကလည်း သစ်အချောထည် ပရိဘောဂ စက်ရုံတည်ပြီး ပရိဘောဂများ ထုတ်လုပ်သွားရန် စီစဉ်မှုများလည်း ရှိနေကြ တယ်လို့ သိရပါတယ်။လက်ရှိသယ်ဆောင်နေသော လမ်းကြောင်းများမှာ မိုင်းတုံ-မိုင်းဆတ်-ကျိုင်းတုံ-မိုင်းလားမှ လည်းကောင်း၊ မိုင်းတုံ-မိုင်းဆတ်-ဝမ်ပုံမှ ရေလမ်းဖြင့်လည်းကောင်း၊ မိုင်းတုံ-မိုင်းဆတ်-မိုင်းပြတ်-တာလေ-ကျိုင်းလပ်မှ ရေ လမ်းဖြင့် လည်းကောင်း အိမ်နီးချင်းနိုင်ငံသို့ သယ်ဆောင် နေတာဖြစ်ပါတယ်။ ယခုအခါ ပွင့်လင်းရာသီရောက် လာပြီဖြစ်၍ ရှောင်ကွင်းလမ်းများမှ တရားမဝင် သယ်ဆောင် မှုများပိုမို လာတော့မှာဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့က မိုင်းပန်၊ မိုင်းတုံ၊ မိုင်းဆတ်မြို့နယ် အတွင်းရှိ ကျွန်းသစ်များအား သယ်ထုတ်စဉ် မိုင်းတုံမြို့ နယ်နဲ့ သံလွင်မြစ်ကူးတာဆန်း တံတားအကြား တောင်သုံးလုံးတောင်ကြားမှာ သစ်ကားတစ်စီး တိမ်းမှောက်ခဲ့တဲ့အတွက် ယာဉ်ပေါ်ပါ ၁၀ ဦးအနက် ၃ဦးမှာ နေရာ တွင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန်သူများဆေးရုံတွင် ဆေးကုသမှုခံယူ နေကြတယ်လို့ သိရှိခဲ့ ပါတယ်။

တာချီလိတ် Mobile Team အနေနဲ့ ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် သယ်ဆောင်လာသော သစ်များကိုသာ လက်လှမ်းမီနိုင် မှာဖြစ်ပြီး မိုင်းတုံ၊ မိုင်းဆတ်မှ ကျိုင်းတုံဘက် ထွက်မဲ့သစ်များကို တားဆီးရန်ခက်ခဲ လျက်ရှိပါတယ်။ လက်ရှိအခြေအနေရ လွယ်တော်ခမ်း၊ ဝှေ့ရဲ၊ ဝှေ့လေလန်တို့မှာ တာချီလိတ်  Mobile Teamအဖွဲ့ကပိတ်ဆို့နိုင်သဖြင့် သယ်ဆောင်နိုင်မှု မရှိပါဘူး၊ ကျိုင်းတုံ Mobile Teamက လည်းမိုင်းလား သို့ထွက်မဲ့သစ်များကို နောင်ငင်းဂိတ်မှ တားဆီးနိုင်သော်လည်း မိုင်းတုံ-တာဆန်း-မိုင်း ပန်လမ်းကြောင်းနဲ့ မိုင်းဖြတ်-တာလေ-ကျိုင်းလပ် လမ်းကြောင်းကိုပြောင်း အသုံးပြုနေကြပြီလို့ မြေပြင် သတင်းထောက်လှမ်း ရရှိထားပါတယ်။ တရားမဝင် သစ်များကို သယ်ဆောင်ခြင်းကို တားဆီးရန် အဓိကတာဝန်ရှိတဲ့ သစ်တော ဦးစီးဌာန အပါအဝင် အစိုးရဌာနဆိုင်ရာများနဲ့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့ အစည်းများပါ ပါဝင်ဆောင်ရွက်ပြီးထိရောက်စွာ တားဆီးပေးနိုင်ရန် အပြုသဘောနဲ့ အသိပေးလိုက်ရပါတယ်။                                                                                                                                                                                                               

  DCCA  DCCA

မန္တလေးတိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပပြုလုပ်

Tue, 12/02/2014 - 10:15 -- dccaadmin
Myanmar

 

စားသုံးသူ အကာ အကွယ်ပေးရေး ဥပဒေပါအတိုင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေး အဖွဲ့ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ်  အဖွဲ့ဝင် (၁၆) ဦးဖြင့် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဖွဲ့စည်း ပေးခဲ့ပြီးဖြစ် ပါသည်။ ၎င်းစားသုံးသူ အငြင်းပွား မှုဖြေရှင်းရေး အဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံ/ စီးပွားဝန်ကြီး ဦးအောင်ဇံမှ ကြီးမှူး၍ အဖွဲ့ဝင်များနှင့် စားသုံးသူအကာအ ကွယ်ပေးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကူးသန်းရောင်း ဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် စားသုံးသူ အငြင်းပွားမှုဖြေ ရှင်းရေးအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံမှအဖွဲ့၏ လုပ်ငန်းတာဝန် များဖြစ်သော စားသုံးသူ အငြင်းပွား မှုများကိုစေ့စပ် ညှိနှိုင်းပေးခြင်း၊ ဖြေရှင်းပေးခြင်း၊ စားသုံးသူ အကာအကွယ် ပေးရေးနှင့်စပ် လျဉ်းသော အသိပညာ ဗဟုသုတများကို စားသုံးသူအား ဖြန့်ဖြူးပေးခြင်း၊ ကုန်စည် (သို့မဟုတ်)ဝန် ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏ တိုင်ကြားမှုကို လက်ခံစစ်ဆေးြ ခင်း၊ ဗဟိုကော်မတီ ကအခါအား လျော်စွာ ပေးအပ်သော တာဝန်များ ကိုဆောင်ရွက်ခြင်း စသည်များကို လစ်ဟာမှု မရှိဘဲကျယ် ကျယ်ပြန့်ပြန့် စနစ်တကျ ဆောင် ရွက်နိုင်ရေး ဝိုင်းဝန်း အကြံပြုဆွေးနွေးပေး ပါရန် တိုက်တွန်းပြောကြား ခဲ့ပါသည်။

၎င်းနောက် စားသုံးသူ အငြင်းပွားမှုဖြေ ရှင်းရေးအဖွဲ့ အတွင်းရေးမှူး ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံး သူရေးရာဦစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးဆွေတင့်ကြူးမှ စားသုံးသူအကာ အကွယ် ပေးရေးနှင့် ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်ရ မည့်လုပ်ငန်း များအား ရှင်းလင်းတင်ပြခဲ့ပြီး အဖွဲ့ဝင်များမှ တစ်ဦးချင်းပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

                                                                                  တင်ချစ်ကောင်း  DCCA MDY

Pages

Subscribe to RSS - Department of Trade