Department of Trade

ITC ကဒ်ဖြင့် ကုန်သွယ်မှုပြုနိုင်သည့် စခန်းများ၏နယ်ပယ်သတ်မှတ်ချက်

Tue, 05/14/2013 - 10:48 -- admin
Undefined

သောကြာနေ့ 10 မေလ  ၂၀၁၃ 15 :18  PM

စဉ် စခန်းအမည် လုပ်ငန်းစတင်
ဆောင်ရွက်သည့်နေ့
သတ်မှတ်မည့်နယ်မြေ
လွယ်ဂျယ် ၀၁/၀၃/၂၀၁၃ ဗန်းမော်ခရိုင်အတွင်းရှိ ဒေသနေပြည်သူများ
စစ်တွေ ၀၁/၀၄/၂၀၁၃ စစ်တွေခရိုင်၊ မြောက်ဦးခရိုင်၊ ကျောက်ဖြူခရိုင်အတွင်းရှိ ဒေသနေပြည်သူများ
မောင်တော ၀၁/၀၄/၂၀၁၃ ဘူးသီးတောင်၊ မောင်တော မြို့နယ်အတွင်းရှိ ဒေသနေပြည်သူများ
ချင်းရွှေဟော် ၂၂-၄-၂၀၁၃ ကွမ်းလုံခရိုင်အတွင်းရှိ ဒေသနေပြည်သူများ
ကန်ပိုက်တီး ၂၂-၄-၂၀၁၃ မြစ်ကြီးနားခရိုင် နှင့်မိုးညှင်းခရိုင်အတွင်းရှိ ဒေသနေပြည်သူများ
မြိတ် ၂၂-၄-၂၀၁၃ မြိတ်နှင့် ထားဝယ်ခရိုင်အတွင်းရှိဒေသနေ ပြည်သူများ
ကော့သောင်း ၂၂-၄-၂၀၁၃ ကော့သောင်းခရိုင် အတွင်းရှိဒေသနေပြည်သူများ
ရိဒ် ၂၂-၄-၂၀၁၃ ရိဒ်-တီးတိန်-ကလေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ
ထန်တလန် ၂၂-၄-၂၀၁၃ ထန်တလန်၊ ဟားခါး၊ ဖလမ်း ဒေသအတွင်း ရှိဒေသနေပြည်သူများ

ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံမှ ရော်ဘာ တင်ပို့မှု ယခင်နှစ် ကာလတူထက် သုညဒသမ ၂ ရာခိုင်နှုန်းပိုမိုခဲ့

Tue, 05/14/2013 - 10:47 -- admin
Undefined

အင်္ဂါနေ့ ၂၃ ဧပြီလ  ၂၀၁၃ 14 :18  PM

ရော်ဘာအ များဆုံးတင် ပို့တဲ့ ထိုင်းနိုင်ငံ ဟာ၂ဝ၁၃ ခုနှစ်ဖေ ဖော်ဝါရီ လမှာ ရော်ဘာတန် ၂၈၈ တန် ကျော်တင် ပို့ခဲ့ပြီး ယမန်နှစ် ကာလ တူထက် သုည ဒသမ ၂ ရာခိုင်နှုန်း ပိုမိုတင် ပို့နိုင်ခဲ့ တယ်လို Internet သတင်း များမှာ ဖော်ပြ ထားပါတယ်။ ထိုင်းကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ရဲ့ထုတ်ပြန် ချက်များ အရ ယခု နှစ်ဇန်န ဝါရီလ နဲ့ဖေဖော် ဝါရီလ (၂) လမှာ ရော်ဘာ ၅၉၂ တန်နီး ပါးထိုင်းမှ တင်ပို့ထားပြီး ယမန် နှစ်ကာလ တူမှာ ၅၆၅ တန်ခန့် တင်ပို့နိုင် ခဲ့တယ် လို့သိရ ပါတယ်။ ထိုင်း၊ အင်ဒိုနီး ရှားနဲ့ မလေးရှား နိုင်ငံများဟာ ၂ဝ၁၂ ခုနှစ် အောက်တို ဘာလ ကစပြီး ပြည်ပသို့ တင်ပို့မှု လျှော့ချပြီး ရော်ဘာဈေး ကိုဆွဲတင် နိုင်ရေး ဆောင်ရွက်ခဲ့ ကြတယ်လို့ Bloomberg သတင်းမှာ ဖော်ပြ ထားတာ ဖြစ်ပါတယ်။ကမ္ဘာ့ရော်ဘာ အများဆုံး ထုတ်လုပ် တင်ပို့တဲ့ ထိုင်းနိုင်ငံ ဟာလာမဲ့ (၂) လမှာလည်း ပြည်ပသို့ ရော်ဘာ တင်ပို့မှုကို ဆက်လက် လျော့ချသွား မယ်လို့ မတ်လ နှောင်းပိုင်း မှာတာဝန်ရှိ သူများက ပြောကြား ခဲ့တာ ဖြစ်ပါတယ်။ မလေးရှား၊ အင်ဒိုနီးရှားတို့နဲ့ သဘောတူ ညီထားချက်ဟာ မတ်လမှာ ကုန်ဆုံးပြီ ဖြစ်လို့ ယခု ကဲ့သို့ (၂) လထပ် တိုးလိုက် ခြင်းဖြစ်ပါတယ်။လက်ရှိ အနေအထား အရ အခြေအနေ များဟာ ရော်ဘာ ဈေးများ ကိုကျဆင်း စေရန် ခြိမ်းခြောက် နေဆဲ ဖြစ်တဲ့ အတွက် မိမိတို့ အနေနဲ့ပြည်ပ သို့ရော်ဘာ တင်ပို့မှုကို ၂ လထပ်မံ လျော့ချရန် ဆုံးဖြတ်ရခြင်း ဖြစ်တယ်လို့ ထိုင်းစိုက်ပိုျးရေး ဒုတိယဝန်ကြီးရဲ့ အကြံပေး Amnuay Patise က Reuters ကိုပြောကြား ခဲ့တယ် လို့သိ ရပါတယ်။ထိုင်း၊ အင်ဒိုနီး ရှားနဲ့ မလေးရှား နိုင်ငံတို့ဟာ ၂ဝ၁၂ ခုနှစ်၊ အောက်တို ဘာလ ၁ ရက်မှ ၂ဝ၁၃ ခုနှစ် မတ်လ ကုန်ထိ ရော်ဘာ တင်ပို့မှုကို တန်ချိန် ၃ သိန်းထိ သာတင်ပို့ရန် သဘောတူ ညီခဲ့ကြခြင်း ဖြစ်ပါတယ်။ ဧပြီလမှာ ကျင်းပမဲ့ အာရှရော်ဘာ ညီလာခံမှာ အင်ဒိုနီးရှားနဲ့ မလေးရှား တို့အနေနဲ့ မိမိတို့ကဲ့သို့ ဆက်လက် လျော့ချ လိုခြင်းရှိ မရှိသဘော ထားကို မေးမြန်းသွား မယ်လို့ Amnuay ကပြောပါတယ်။

Source: Reuters , Bloomberg                    CMK

ယိုကိုဟားမား တာယာ ကုမ္ပဏီရဲ့ အကိုျးစီးပွား နဲ့ပတ်ဝန်းကျင် ထိန်းသိမ်း ရေးအတွက် ကန်ဒေါ် လာ၂သန်း ကျော်ချေး ငွေရရှိ

Tue, 05/14/2013 - 10:45 -- admin
Undefined

အင်္ဂါနေ့ ၂၃ ဧပြီလ  ၂၀၁၃ 11 :17  AM

Hangzhou Yokohama Tyre ကုမ္ပဏီသို့ Hangzhou မြို့နဲ့ Hangzhou စီးပွားရေးနဲ့ နည်းပညာ ဖွံ့ဖြိုးတိုး တက်ရေး ဇုန်တို့မှ ကန်ဒေါ်လာ ၂ ဒသမ ၂ သန်းကို ရရှိခဲ့တယ်လို့ ယိုကိုဟား မားရော် ဘာကုမ္ပဏီမှ ပြောကြား ခဲ့တယ်လို့ Rubbernews.com မှာ ဖော်ပြ ထားပါတယ်။ ထုတ်ပေး ခဲ့တဲ့ ချေးငွေဟာ ၂ဝ၁၂ ခုနှစ် ဒီဇင် ဘာလမှ ၂ဝ၁၃ ခုနှစ် မတ်လ ထိကာလ အတွက်အကျုံး ဝင်ပြီး ကုမ္ပဏီရဲ့ စီးပွားရေး နဲ့ပတ်ဝန်းကျင် ထိန်းသိမ်း ရေးလုပ်ငန်း များအတွက် အသုံးပြု ရန်ဖြစ်တယ် လို့သိရပါတယ်။Hangzhou Yokohama Tyre ရဲ့ ထုတ်လုပ် နိုင်စွမ်းအား မျှော်မှန်း သည်ထက် ပိုမိုကြောင်း၊ ပတ်ဝန်း ကျင်ထိန်း သိမ်းရေး ပိုင်းနဲ့စပ် လျဉ်းပြီး ထုတ်လုပ် မှုလုပ်ငန်း အဆင့် များတွင် လေထု ညစ်ညမ်းမှု ကင်းစင် စေရန်၊ ရေဆိုးသန့် စင်ရေးဆိုင် ရာလိုအပ် ချက်များ၊ စွမ်းအင် သုံးစွဲမှု လျော့ချရေးနဲ့ ရော်ဘာပင် ၂၄ဝဝဝ စိုက်ပျိုး နိုင်ခဲ့တယ်လို့ Hangzhou Yokohama Tyre ကုမ္ပဏီက ပြောပါတယ်။Hangzhou Yokohama Tyre ကို၂ဝဝ၃ ခုနှစ်က စတင် ထုတ်လုပ်ခဲ့ပြီး ကုမ္ပဏီမှာ အလုပ် သမား ၁၂၅ဝ ကို အလုပ် အကိုင် ရှာဖွေ ပေးနိုင်ခဲ့ပြီး နှစ်စဉ် Tyre ၅ ဒသမ ၁ သန်းကျော် ထုတ်လုပ် ပေးနိုင် စေခဲ့ တယ်လို့ သိရ ပါတယ်။

 

Source: Rubbernews.com                            CMK

အကောက်ခွန်မဲ့နဲ့ Engine Power လွဲမှားစွာဆိုင်ကယ်များတင်သွင်းမှုရှိနေ

Tue, 05/14/2013 - 10:44 -- admin
Undefined

အင်္ဂါနေ့ ၂၃ ဧပြီလ  ၂၀၁၃ 10 :42  AM

အကောက်ခွန် ကြေငြာလွှာ ID နဲ့ဆိုင်ကယ် မျိုးစုံ စီးရေ ၁၂၅ စီးအ တွက် အခွန် ပေးဆောင် ထားသော်လည်း အကောက် ခွန်မဲ့ ဆိုင်ကယ်( Trsta 110 cc ) ၅ စီးနဲ့ Engine Power လွဲမှားပြီး New Ambo (125 cc) ၂ဝ စီး၊ Kanbo (125 cc) ၅ စီးနဲ့ Kanbo (110 cc) ၁၅ စီး စုစုပေါင်းဆိုင်ကယ် အစီး ၄ဝ အား နောင်ချိုမြို့ Asia World Gate မှာ အခြေပြု စစ်ဆေး နေတဲ့ Mobile Team အဖွဲ့-၁ မှာတာ ဝန်ရှိ သူများက မတ်လ ၃၁ ရက်နေ့မှာ စစ်ဆေး တွေ့ရှိခဲ့ ရတာ ဖြစ်ပါတယ်။ မူဆယ် ၁ဝ၅ မိုင်ကုန် သွယ်ရေးဇုန် ယာဉ်စစ် ကွင်းမှ စစ်ဆေး ခံခဲ့ပြီး ထုတ်ပေး ထားတဲ့ ID မှာ Trsta 110 cc ၅ စီး၊ Super Ambo 125 cc ၃၅ စီး၊ Super Ambo 100 cc ၁၅ စီး၊ Dayun 110 cc ၅ စီး၊ New Ambo 100 cc ၂ဝ စီး၊ Kanbo 110 cc ၁၅ စီး၊ Kanbo 125 cc ၁ဝ စီးအတွက် ကျသင့်ခွန် ပေးဆောင် ပြီးသယ် ယူလာတာ ဖြစ်ပါတယ်။ယာဉ်တစ်စီး လုံးချစစ် ဆေးရာမှာ စစ်ဆေး တွေ့ရှိရတဲ့ အကောက်ခွန် မဲ့ဆိုင်ကယ် ၅ စီးနဲ့ Engine Power အလွဲ ဆိုင်ကယ်အစီး ၄ဝ ကို လုပ်ထုံး လုပ်နည်း များနဲ့အညီ အကောက်ခွန် ဦးစီးဌာနသို့ ဆက်လက် အပ်နံှသွား မယ်လို့ သတင်း ရရှိပါတယ်။Mobile Team အဖွဲ့ ၁ အနေနဲ့ ဖေဖော် ဝါရီလ ၁၄ ရက်မှ မတ်လ ၂၆ ရက်ထိ ကာလ အတွင်းမှာ စုစု ပေါင်းစစ် ဆေးရှာဖွေပြီး အကောက် ခွန်ဦးစီး ဌာနသို့ အပ်နံှထားတဲ့ တန်ဖိုး မှာကျပ် ၉၃၆ သန်းနီးပါးရှိပြီလို့ သိရပါတယ်။

Source: လရ-၁                              MTN

ဘာသာရပ်ကျွမ်းကျင်သူများအား ဝန်ထမ်းခန့်ထားလိုသည့်သတင်း

Tue, 05/14/2013 - 10:44 -- admin
Undefined

တနင်္လာနေ့ ၂၂ ဧပြီလ  ၂၀၁၃ 16 :27  PM

စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဌာနသည် နိုင်ငံတော်၏ စီးပွားရေးပြုပြင် ပြောင်းလဲ မှုမူဝါဒ များကို အောင်မြင်အောင် အကောင် အထည် ဖော်ဆောင် ရွက်နိုင် ရေးအ တွက် ပြုပြင် ပြောင်းလဲ မှုလုပ်ငန်း စဉ်များ ကို ချမှတ် အကောင် အထည် ဖော်ဆောင် ရွက်လျက် ရှိပါသည်။ ယင်းသို့ အကောင်အထည် ဖော်ဆောင် ရွက်လျက် ရှိရာတွင် စီးပွားရေး နှင့်ကူးသန်း ရောင်းဝယ် ရေးဝန်ကြီး ဌာန အောက်ရှိ ဦးစီး ဌာနများကို ခေတ်စ နစ်နှင့်အညီ လိုက်ပါ ပြောင်းလဲဆောင် ရွက်နိုင် ရေးအတွက် ဦးစီးဌာန၏ အမည်နှင့်လုပ်ငန်း စဉ်များ ကိုပါ ပြင်ဆင် ဖွဲ့စည်း ဆောင်ရွက် လျက်ရှိပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဌာနအောက်ရှိ နယ်စပ်ကုန် သွယ်ရေးဦးစီး ဌာနအား ကူးသန်း ရောင်းဝယ် ရေးနှင့်စားသုံး သူရေးရာ ဦးစီးဌာန အဖြစ်သို့ ၂၀၁၃ ခုနှစ်ဧပြီလ (၁) ရက်နေ့မှစ၍ ပြုပြင်ပြင် ဆင်ပြောင်း လဲဖွဲ့စည်းခဲ့ ရာတွင် အဆိုပါ ဦးစီးဌာ နအနေဖြင့် ခေတ်စနစ် နှင့်လိုက် လျောညီ ထွေဖြစ်သည့် ဖွဲ့စည်းပုံ အသစ်နှင့် အတူ လက်ရှိ လုပ်ငန်း တာဝန်များ အပြင် လုပ်ငန်း တာဝန် အသစ် များကိုပါ တာဝန်ယူ ဆောင်ရွက် ရမည်ဖြစ်ပါသည်။ ကူးသန်း ရောင်းဝယ် ရေးနှင့်စား သုံးသူရေး ရာဦးစီးဌာန အောက်တွင် စားသုံးသူ အကာ အကွယ် ပေးရေး မူဝါဒနှင့် ဥပဒေ ဆိုင်ရာ၊ ယှဉ်ပြိုင်မှု မူဝါဒနှင့် ဥပဒေဆိုင်ရာ၊ ကုန်အမှတ် တံဆိပ်များ လျှောက်ထား မှုစိစစ် ရေးဆိုင်ရာ ဌာနခွဲများ နှင့်ဌာန စုများကိုလည်း တိုးချဲ့ ထည့်သွင်း ဖွဲ့စည်းထား ပါသည်။ အဆိုပါ ဌာနခွဲ များနှင့် ဌာနစု များတွင် တာဝန် ယူရမည့် ကိစ္စရပ် များမှာ ဘာသာ ရပ်အသစ်၊ လုပ်ငန်း တာဝန် အသစ်များ သဖြင့် ယင်းဘာ သာရပ်များ နှင့်ပတ် သက်ပြီး ကျွမ်းကျင် ပညာရှင် များကို ကူးသန်း ရောင်းဝယ် ရေးနှင့် စားသုံး သူရေးရာ ဦးစီးဌာနမှ အရည်အ ချင်းအလိုက် ရာထူးများ ခန့်အပ် တာဝန်ပေး အပ်သွား နိုင်ရေးသက် ဆိုင်ရာသို့ တင်ပြ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ သို့ဖြစ်ရာ အဆိုပါ ဘာသာ ရပ်ကျွမ်း ကျင်သူများ အနေဖြင့် အမြဲတမ်း ဝန်ထမ်းအဖြစ် တာဝန်ထမ်း ဆောင်ရန် စိတ်ဝင်စားပါက ကူးသန်း ရောင်းဝယ် ရေးနှင့်စား သုံးသူ ရေးရာ ဦးစီးဌာနသို့ ဆက်သွယ် မေးမြန်း လျှောက်ထား နိုင်ကြောင်း သတင်း ရရှိပါသည်။

Source: ဒသက (နပတ)  ( DCCA )

တာဝန်မသိပါက နိုင်ငံတော်မှ ရည်မှန်းချီ တက်နေသည့် ဒီမိုကရေစီ လမ်းကြောင်း ကြာလေ ဝေးလေဖြစ်လာနိုင်

Tue, 05/14/2013 - 10:42 -- admin
Undefined

ဗုဒ္ဓဟူးနေ့ ၁၁ ဧပြီလ  ၂၀၁၃ 13 :48  PM

ဒေသတွင်း တာဝန်ရှိ အဖွဲ့အစည်းများ ဌာနဆိုင် ရာများသည် မိမိဒေသ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးမှသာ ဒေသဖွံ့ဖြိုး တိုးတက်လာမှာ ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေး နှစ်သစ်တွင် ပြည်သူကို ဗဟိုပြုပြီး လုပ်ငန်းဖွဲ့စည်း ပုံများပြောင်းလဲ မည်ဟုသိရှိ ရကြောင်း၊ လုပ်ငန်း ရှင်ကြီး/ လတ်/ ငယ်တို့ အနေဖြင့် တရားမဝင် ရောင်းဝယ်မှု ကိုရှောင်ကြဉ်ရန် လိုအပ်ပါကြောင်း၊ ရေရှည် အလားအလာ ကိုသုံးသပ်ပါက ခေတ်စနစ် ပြောင်းလဲနေ ပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ ဖြေလျော့ပေး နေသော်လည်း တရားမ ဝင်ရောင်းဝယ်မှု တဖြေးဖြေး နှင့်လျော့နည်း ရမည့်အစားများ ပြားလာနေသည်ဟု ယူဆရပါကြောင်း၊ လျော့နည်း ပပျောက်ရေး အတွက် သတင်းပေး နည်းလမ်းဖြင့် ဝိုင်းဝန်း ကူညီရန် လိုအပ်ကြောင်း၊ ယခုထပ်မံ၍ မတ်လ ၁ ရက်နေ့မှစပြီး ဖြေလျော့ မှုများအဖြစ် ပို့ကုန် (၁၅၂) မိုျး၊ သွင်းကုန် (၁၆၆) မိုျးနှစ်ရပ်ပေါင်း (၃၁၈) မိုျးအား လိုင်စင်လုပ် ဆောင်ရန် မလိုဘဲဆောင် ရွက်နိုင်ကြောင်း၊ အကောက်ခွန် ထံတစ်ဖက် နိုင်ငံနှင့် ရောင်းဝယ် လိုသည့်ပစ္စည်း ပြသ၍ ED/ID ဆောင်ရွက်ပြီး တရားဝင် သယ်ယူ ရောင်းဝယ် နိုင်ကြောင်း ဧပြီလ မှစ၍ နိုင်ငံတော် အတွက် အရေးကြီး ပစ္စည်းနှင့် စက်ယန္တရား များမှလွဲ၍ ကျန်သည့် အမယ်များကို ထပ်မံ၍ ဖြေလျော့ပေးမည်ဟု သိရကြောင်း၊ နိုင်ငံတကာ စနစ်နဲ့အညီ နောင်တွင် နိုင်ငံသား ပီသစွာဖြင့် သစ္စာရှိရှိ သမာဓိရှိရှိ လုပ်ငန်းများ ဆောင်ရွက်ပြီး ကိုယ့်အခွန် ကိုယ်ထမ်းဆောင် ရမှာဖြစ်ကြောင်း၊ တာဝန်မ သိပါက နိုင်ငံတော်မှ ရည်မှန်းချီ တက်နေသည့် ဒီမိုကရေစီ လမ်းကြောင်းမှာ ကြာလေ ဝေးလေဖြစ် လာနိုင်ကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် အခွန်ငွေရမှ သာကိုယ့်ဒေသ ကိုယ်ပြန်သုံးစွဲ နိုင်မှာဖြစ်ကြောင်း၊ အခွန်ရငွေဖြင့်ကျောင်း၊ လမ်း၊ တံတားပြုပြင် တည်ဆောက်ကြ ရမှာဖြစ်ကြောင်း၊ နိုင်ငံတော် တည်ဆောက်ရေး၊ ဒေသတည် ဆောက်ရေး အတွက် လူတိုင်းအုတ် တချပ်သဲ တစ်ပွင့် အနေဖြင့် ပါဝင်လာရန် လိုအပ်ကြောင်း၊ အဓိက တင်ပြလိုတာက တရားမဝင် ရောင်းဝယ်မှု မပြုလုပ်ရန်မေတ္တာ ရပ်ခံပါကြောင်း ITC ကတ်ဖြင ဆောင်ရွက်နေ မှုမှာ ယခင် ဖေဖော် ဝါရီလက ကျပ်သန်း ပေါင်း (၁၃၁) သန်း ကျော်ဆောင် ရွက်နေမှုမှ ယခုလ တွင်ကျပ်သန်းပေါင်း (၅၁) သန်းသာ လုပ်ငန်း ဆောင်ရွက်မှု ရှိပါကြောင်း၊ နိုင်ငံတော်၏ အဓိကဇုန် ကီးများရှိသည့် မူဆယ်၊ မြဝတီရှိ ပြည်ထောင် စုလမ်းမကြီး များကိုပင် ညပိုင်းတွင် အချိန်အကန့် အသတ်ဖြင့် ပိတ်ထားပါကြောင်း၊ တမူးအနေ ဖြင့်အချိန်မ ရွေးသွားလာခွင့်ရှိ ပါကြောင်း၊ Light Truckများ၊ မော်တော် ဆိုင်ကယ်များဖြင့် ညအချိန် ဖြတ်သန်း သွားလာပြီး တရားမဝင် ဆောင်ရွက်မှု များရှိနိုင်ပါကြောင်း၊ လူကြီးများ၏ စေတနာကို အလေးထား သည့်အ နေဖြင့် မှန်မှန် ကန်ကန် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ လုပ်ငန်း အခက်အခဲ ရှိပါက လာရောက် ဆွေးနွေး နိုင်ပါကြောင်း၊ ကုန်သွယ်မှု အခက်အခဲ များရှိပါက လုပ်ငန်းရှင် တို့မှ တိုက်ရိုက် ဆက်သွယ် ဆွေးနွေးတင် ပြရန်လိုအပ် ပါကြောင်း၊ ကုန်သွယ်မှု မြှင့်တင်နိုင် ရေးမှာ ဒေသ အုပ်ခုျပ်ရေး၊ လုံခြုံရေး၊ အကောက်ခွန်ဌာန အပါအဝင် ဝိုင်းဝန်း ဖြေရှင်းဆောင်ရွက် ပေးရန် လိုအပ်ကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့် တရားမဝင် မှောင်ခို ဆောင်ရွက်နေမှု ပပျောက်ရေးအတွက် သုံးဦးသုံးဖလှယ် ဒေသတာ ဝန်ရှိပုဂ္ဂိုလ်များ လုပ်ငန်းရှင်များနှင့် ဝန်ဆောင်မှု ပေးနေသည့် ဌာနဆိုင်ရာ ဝန်ထမ်းများမှ မိမိတို့၏ တာဝန်သိစိတ်ဖြင့် ဝိုင်းဝန်း ထိန်းသိမ်း ကူညီ ဆောင်ရွက် ပေးရန် တမူးမြို့ ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူ ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းတင့်က မတ်လ ၂၁ ရက်နေ့ ၁ဝးဝဝ ချိန်က ကျင်းပပြုလုပ်တဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ ပြောကြား ခဲ့တယ်လို့ သတင်းရရှိပါတယ်။

Source: ကသရ (တမ) MIRT ( DOBT )

နွေစပါး

Tue, 05/14/2013 - 10:41 -- admin
Undefined

ဗုဒ္ဓဟူးနေ့ ၁၁ ဧပြီလ  ၂၀၁၃ 13 :34  PM

ယခုအချိန်သည် နွေစပါးများ စတင်ထွက် ရှိနေသော ကာလဖြစ်သည် နှင့်အမျှ စပါးဈေး မှာလည်း ဈေးဦး ဈေးကောင်း ရရှိလျက် ရှိနေပါသည်။ စပါးဈေး အမြင့်ရရှိ နေသောကြောင့် စပါးစိုက် တောင်သူ များအတွက် ကုန်ကျ စရိတ်ကို ကာမိစေသည့် အပြင် အကိုျးအမြတ် များပြားစွာ ရရှိနေသော ကာလအချိန် ဖြစ်ပါသည်။ စပါးပေါက်ဈေး များအမြင့် ရရှိမှုရေရှည် တည်ငြိမ်နေစေရန် စပါးစိုက် တောင်သူများ အနေဖြင့် စပါးအထွက် နှုန်းကောင်းအောင် ပိုမိုကြိုးစား စိုက်ပိုျးဆောင် ရွက်လျက်ရှိ နေကြောင်း သတင်းရရှိပါသည်။

Source: လွယ်ဂျယ်    (တင်လှ)

ဧပြီလ ၁ ရက်နေ့မှစ၍ စစ်တွေနယ်စပ်တွင် တစ်ဦးတည်းပိုင် ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ကတ် (ITC) နဲ့ကုန်သွယ်မှုပြုနိုင်ပြီ

Tue, 05/14/2013 - 10:40 -- admin
Undefined

ဗုဒ္ဓဟူးနေ့ ၁၁ ဧပြီလ  ၂၀၁၃ 13 :29  PM

တစ်ဦးတည်းပိုင် ထုတ်ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်ကတ် (Individual Trading Card - ITC) နဲ့ ကုန်သွယ်မှု ပြုလုပ်ခွင့် ကိုဧပြီလ ၁ ရက်နေ့မှ စပြီး စစ်တွေ နယ်စပ်မှာ ဆောင်ရွက် ခွင့်ပေးထား ပြီလို့ မတ်လ ၂၂ ရက်နေ့က ကျင်းပ ပြုလုပ်တဲ့ စစ်တွေ ကူးသန်းရောင်း ဝယ်ရေးနဲ့ စားသုံးသူ အကာအကွယ် ပေးရေး နယ်စပ်စခန်း ရဲ့ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးရန်နိုင်မြင့်က ပြောကြား ခဲ့တာဖြစ် ပါတယ်။

တစ်ဦးတည်း ပိုင်ထုတ်ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် ကတ်နဲ့ တမူး ကူးသန်း ရောင်းဝယ် ရေးစခန်းမှာ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်၊ မူဆယ် ၁ဝ၅မိုင် ကူးသန်း ရောင်းဝယ် ရေးဇုန်နဲ့ မြဝတီ ကူးသန်းရောင်း ဝယ်ရေး ဇုန်တို့တွင် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့၊ တာချီလိတ် ကူးသန်းရောင်း ဝယ်ရေး စခန်းတွင် ၂ဝ၁၃ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့ တို့မှစပြီး လုပ်ဆောင် ခွင့်ပေးထား ပြီးဖြစ်ပါတယ်။ မတ်လ ၂၈ ရက်နေ့ အထိ နယ်စပ်အလိုက် ITC ကတ်နဲ့ ကုန်သွယ်မှု ဆောင်ရွက်နိုင် မှုအခြေအနေ များကို ဖော်ပြ ပေးလိုက် ရပါတယ် -










  တန်ဖိုး -ကျပ်သန်းပေါင်း
စဉ် စခန်း
အမည်
လုပ်ငန်းစတင်
ဆောင်ရွက်သည့်နေ့
ITC ကဒ်
အရေ
အတွက်
လုပ်ငန်းဆောင်ရွက်မှု ကုန်သွယ်မှု
ပမာဏ
ပို့ကုန် သွင်းကုန်
စောင်ရေ တန်ဖိုး စောင်ရေ တန်ဖိုး
တမူး ၂၁/၁၁/၂၀၁၂ ၆၈ ၃၅.၈ဝ၁ ၁၂၄ ၃၂၇.၈ဝ၄ ၃၆၃.၆ဝ၅
မူဆယ် ၀၁/၁၂/၂၀၁၂ ၁၄၂ - - ၁၁၁ ၁၉၈.၈၈၁ ၁၉၈.၈၈၁
မြဝတီ ၀၁/၁၂/၂၀၁၂ ၃၄ - - ၁၃ ၂၇.၃၅၉ ၂၇.၃၅၉
တာချီလိတ် ၀၁/၀၂/၂၀၁၃ ၄၁ - - ၁၈ ၃၆.၉၇၄ ၃၆.၉၇၄
  စုစုပေါင်း ၂၈၅  ၃၅.၈ဝ၁ ၂၆၆ ၅၉၁.ဝ၁၈ ၆၂၆.၈၁၉

                                                                    

ITC ကတ်နဲ့ ပို့ကုန် ဆောင်ရွက်မှုဟာ တမူးစခန်း တစ်ခုမှာ သာရှိပြီး မူဆယ်၊ မြဝတီနဲ့ တာချီလိတ် ကူးသန်းရောင်း ဝယ်ရေးစခန်းများ မှာတော့ ITC ကတ်နဲ့ ပို့ကုန်ဆောင် ရွက်မှုမရှိဘဲ သွင်းကုန် ကိုသာဆောင် ရွက်မှု များပြား လျက်ရှိပါတယ်။ ITC ကတ်နဲ့ ပို့ကုန် သွင်းကုန် ဆောင်ရွက်မှု ကိုနှိုင်းယှဉ် ကြည့်လျှင် ITC ကတ် အရေအတွက် အားဖြင့် ၄၅ ဆ၊ တန်ဖိုးအားဖြင့် ၁၆ ဆခန့် သွင်းကုန် ဆောင်ရွက်မှုက ပိုမိုလျက် ရှိတယ်လို့ သိရပါတယ်။

Source: (Ka Tha Sa) HQ Ya Pa Ma         ပန်

အရည်အသွေး စစ်ဆေးမှု Procedure

Tue, 05/14/2013 - 10:39 -- admin
Undefined

ဗုဒ္ဓဟူးနေ့ ၁၁ ဧပြီလ  ၂၀၁၃ 10 :50  AM

- သံသယ ရှိသော ပစ္စည်းန မူနာရ ယူရပါမည်။

- နမူနာ ပစ္စည်းတွင် Production Date နဲ့ Expiry Date များစစ် ဆေးခြင်း (Production Date ဘဲဖော် ပြလေ့ရှိ၊ အများဆုံး သက်တမ်းနှစ် နှစ်ရှိ၊ ပိုးသတ်ဆေး များတွင်သာ ဖော်ပြလေ့ရှိ)  ရပါမည်။

- Expired ပစ္စည်းဖြစ် နေလျှင် ဆိုင်အား ပညာပေးရ ပါမည်။ ပစ္စည်း ကိုဖျက်ဆီး စေရပါမည်။

- နမူနာကို ပုဂ္ဂလိက ဓာတ်ခွဲခန်း သို့မဟုတ် အစိုးရ ဓာတ်ခွဲခန်း တစ်ခုခု တွင်စစ်ဆေး ရပါမည်။

- ဘက်လိုက်မှု မရှိစေရန် Packing ပြောင်းလဲ Code No သတ်မှတ်ပြီးမှ ဓာတ်ခွဲခန်းသို့ အပ်နှံရ ပါမည်။

- စစ်ဆေးရာမှ Sample Size ၊စစ်ဆေးမည့် နည်းလမ်း (Method) နဲ့ စစ်ဆေး ရမဲ့အကြိမ် သတ်မှတ် ရပါမည်။

- တစ်ကြိမ်တည်း စစ်ဆေးပြီး ထွက်သော အဖြေကို အမှန်ဟု ယူဆခြင်းမ ပြုရန်နဲ့ ၃ ကြိမ်မှ ၅ ကြိမ်ထိ စစ်ဆေးရန် လိုအပ်ပါသည်။ (Nitrogen ဆိုလျှင် Urea, Ammonical နဲ့ Nitrate Nitrogen များစစ် ဆေးရ ပါမည်)

- စစ်ဆေးပြီး အရည်အသွေး လျော့နည်းခြင်း ကိုတွေ့လျှင် အရည်အသွေး စစ်ဆေးမည့် ဖွဲ့အ နေနဲ့ အခြားဆိုင် ၂ ဆိုင်မှ ကျပန်းန မူနာနဲ့ သက်ဆိုင်ရာ ကုမ္ပဏီရဲ့ သိုလှောင်ရုံမှ ကျပန်း နမူနာ ရယူ စစ် ဆေးပြီး အဆိုပါ ထပ်မံရ ယူတဲ့နမူ နာများ အရည်အ သွေးပြည် မီပါက ပထမဆုံး ကျပန်း နမူနာ ရယူထား သည့်ဆိုင်အား စစ်ဆေး အရေးယူမှု ဆက်လက် ဆောင်ရွက် သွားရပါမည်။

- ထပ်မံရယူ တဲ့နမူနာများ အရည်အသွေး မပြည့်မီဘူး ဆိုလျှင် ထုတ်လုပ်မှု အားနည်းချက်လား၊ နိုင်ငံခြားမှ ပစ္စည်းပေးပို့ သူရဲ့အား နည်းချက်လား၊ ဝိသမလော ဘနဲ့အရည်အ သွေးနိမ့် ပစ္စည်းများ ဖြန့်ဖြူး တာလား ဆိုတာဖော် ထုတ်ပြီး ပညာပေး /သတိပေး /ပိုးသတ်ဆေး ဥပဒေနဲ့ အရေးယူနိုင် ရေးတို့ ကိုဆောင် ရွက်ရန် လိုအပ်တယ် လို့ ဦးသတိုးဟိန်းက မတ်လ ၃ဝ ရက်နေ့က လုပ်တဲ့ Media သမားများနဲ့ တွေ့ဆုံပွဲမှာ ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

ချမ်းမြေ့မောင်

ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး များမှာတွေ့ ရှိနိုင်တဲ့ အရည်အသွေး ပြဿနာများ

Tue, 05/14/2013 - 10:38 -- admin
Undefined

ဗုဒ္ဓဟူးနေ့ ၁၁ ဧပြီလ  ၂၀၁၃ 10 :32  AM

- ပြည်ပမှ ထုတ်လုပ် သူရဲ့ အရည်အ သွေးပြဿနာ

- ပြည်တွင်း ထုတ်လုပ် ဖြန့်ဖြူး သူရဲ့မ သမာမှု

- ပြည်တွင်း ထုတ်လုပ် သူရဲ့ထုတ် လုပ်မှုခိုျ့ ယွင်းချက်/ အမှား (Manufacturing Error)

- ဆိုင်များမှ အတုပြုလုပ် ရောင်းချမှု (ပြည်ပ မြေသြဇာ အိတ်ခွံများ ပြန်ဝယ်ပြီး အတုများ ထည့်ရောင်း ချမှု)

- ဆိုင်များမှ သက်တမ်းလွန် ပစ္စည်းများ ရောင်းချမှု (ပိုးသတ်ဆေး မှာသက်တမ်း ဖော်ပြလေ့ရှိ)

- တရားမဝင် /မှတ်ပုံတင် မဲ့ဆေးများ

- စစ်ဆေးသော ဓါတ်ခွဲ ခန်းရဲ့ အမှားများ

ဂန္ဓမာ

Pages

Subscribe to RSS - Department of Trade