Department of Trade

Dump Truck ယာဉ် (၅) စီးနဲ့ တရားမဝင်သယ်ဆောင်လာသော သစ်များသိမ်းဆည်းရမိ

Fri, 12/05/2014 - 13:39 -- dccaadmin
Myanmar

တာချီလိတ် နယ်စပ်ကုန်သွယ်ရေး ထုတ်နုတ် Mobile Team အဖွဲ့ဟာတာလေ Toll Gate လမ်း ဆုံမှနေ့ည အခြေပြု၍ တရားမဝင် ကုန်သွယ်မှု များကို တားဆီးစစ်ဆေး ဆောင်ရွက် မှုများ ပြုလုပ်လျက် ရှိပါတယ်။ နိုဝင်ဘာလ၂၂ ရက် ၁၂း၀၀ ချိန်ခန့်က မိုင်းဖြတ်ဘက်မှ လာတဲ့ သစ်တင်ကားများ တာလေ Toll Gate အနီး ချဉ်းကပ်လာနေကြောင်း သတင်းပေးမှ ဖုန်းသတင်းပေး ပို့လာတဲ့အတွက် တာချီလိတ်နယ်စပ် ကုန်သွယ်ရေးစခန်း တာဝန်ခံ၊ OSS ရဲတပ်ဖွဲ့၊ တာလေမြို့နယ်ခွဲ သစ်တော ဦးစီးဌာန တာဝန်ခံတောအုပ် နဲ့အဖွဲ့၊ မယ်ယန်းသစ်တော ဂိတ်တာဝန်ခံနဲ့ အဖွဲ့တို့ အင်အားဖြန့်ခွဲ ပိတ်ဆို့ဆောင့် ဆိုင်းခဲ့ပါတယ် နိုဝင်ဘာလ၂၃ ရက် ၀၁း၃၀ ချိန်မှာ မိုင်းဖြတ် ဘက်ကလာတဲ့ တရုတ်နိုင်ငံထုတ် Dump Truck ယာဉ် (၅) စီး Toll Gate အတွင်း ဝင်ရောက် လာသဖြင့် တားဆီး စစ်ဆေးမှုပြုရာမှာ အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိတဲ့ တရားမဝင် သစ်များ သယ်ဆောင်လာကြောင်း စစ်ဆေးတွေ့ရှိခဲ့ ရတဲ့အတွက် ပူပေါင်းအဖွဲ့ဟာ သစ်တင်မော်တော် ယာဉ်များကို မယ်ယန်း ယာဉ်စစ်ကွင်းသို့ ဖမ်းဆီးလာ ခဲ့ပါတယ်။ သစ်များအား စစ်ဆေးရာမှာ တမလန်း၊ ပိတောက်နဲ့ ယင်းတိုက်အမျိုး အစားများဖြစ်ပြီး Mobile Team အဖွဲ့စုံနဲ့ တာချီလိတ်မြို့နယ် သစ်တော ဦးစီးဌာနသို့ လည်းကောင်း၊ သစ်များတင် ဆောင်လာသော ယာဉ်များကို တာချီလိတ် အကောက်ခွန်သို့ လည်းကောင်း အမှုတွဲများ ဖွင့်လှစ်၍ စနစ်တကျ လွှဲပြောင်းပေးအပ်သွား မှာဖြစ်ပါတယ်။ သစ်များ သယ်ဆောင်လာတဲ့ Dump Truck ယာဉ်တစ်စီးလျှင် ခန့်မှန်းတန်ဖိုးမှာ ကျပ် ၁၃၅၀၀၀၀၀ ဖြစ်ပြီး ယာဉ်၅စီးရဲ့ စုစုပေါင်းခန့်မှန်း တန်ဖိုးမှာ ကျပ် ၆၇၅ သိန်းဖြစ် တယ်လို့ သိရပါ တယ်။

                                                                                           DCCA  DCCA

အင်ဖာ-မိုရေးမြို့ကိုဆက်သွယ်သောအဝေးပြေးကားလမ်းမကြီးအား လမ်းပိတ်ဆို့ဆန္ဒပြမှုများဖြစ်ပွား

Thu, 12/04/2014 - 14:12 -- dccaadmin
Myanmar

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ထုတ် The Sangai Express သတင်းစာမှာ ထိုဘာခရိုင် ပုလဲဒေသမှာ ဒေသခံတစ်ဦးအား လုံခြုံရေးတပ်ဖွဲ့က တရားမဝင် ဖမ်းဆီးခဲ့သောကြောင့် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ပူပေါင်းလှုပ်ရှားရေး ကော်မတီအဖွဲ့က အင်ဖာမြို့နဲ့ မိုရေးမြို့တို့ကို ဆက်သွယ်ထားတဲ့ အဝေးပြေး ကားလမ်းမကြီးအား ပိတ်ဆို့ဆန္ဒပြမှု များဖြစ်ပွားခဲ့ပါတယ်။ ထိုဘာခရိုင် တာဝန်ရှိသူများနဲ့ ဆန္ဒပြသူများ တွေ့ဆုံဆွေးနွေးပြီးနောက် ဆန္ဒပြမှုများကို နိုဝင်ဘာလ ၃၀ ရက်နေ့ထိ ရပ်ဆိုင်းပေး သွားမယ်လို့ ဖော်ပြထား ပါတယ်။တစ်ဖက် အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုများ၊ မိုင်းကွဲမှုဖြစ်စဉ်များ၊ ဆန္ဒပြမှုများကြောင့် မြန်မာ-အိန္ဒိယ ကုန်သွယ်မှု လမ်းမကြီးဖြစ်တဲ့ မိုရေး-အင်ဖာ လမ်းမကြီးအား နိုဝင်ဘာလ၂၇ ရက်နေ့ ညနေ ၁ရးဝ၀ မှ၃၀ ရက်ထိ (၃)ရက်ခန့်ပိတ်ထား ခဲ့တာဖြစ်ပါတယ်။ တစ်ဖက် အိန္ဒိယနိုင်ငံရဲ့ အခြေ အနေများကြောင့် နှစ်နိုင်ငံ ကုန်ပစ္စည်း ဝင်/ထွက်မှုများ လျော့နည်းနေ လျက်ရှိကြောင်း သတင်းရရှိပါတယ်။

                                                                                           နေထက်မင်း (တမူး)

ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများမှာ စစ်ဆေးတွေ့ရှိရတဲ့ ID အပို၊ ပစ္စည်းပိုမိုတင်ဆောင်မှုနဲ့ CO အလွဲများ

Thu, 12/04/2014 - 14:03 -- dccaadmin
Myanmar

တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့ ကြီးကြပ်မှုအောက် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း (ထီးတန်း) မှ Yellow နဲ့ Green Channel ဖြင့် xxxxx Trading Co.,Ltd ရဲ့ ပေ (၄၀) ကုန်သေတ္တာ (၄) လုံးအား သတင်းပေးပို့ တိုင်ကြားချက်အရ နိုဝင်ဘာလ ၇ ရက်နေ့ ဆူးလေ မြေပြင်ချစစ် Mobile Team အဖွဲ့သို့ ပို့ဆောင်ခဲ့ပြီး နိုဝင်ဘာလ ၁၂ ရက်နေ့အထိ အသေးစိတ် ဖွင့်ဖောက်စစ် ဆေးမှုပြု လုပ်ခဲ့ကြပါတယ်။ အဆိုပါပေ (၄၀) ကုန်သေတ္တာ (၄)လုံးကို Miscellaneous Goods & Electronic Goods (Brand Name -Daiso) နဲ့ ကြေညာပြီး ကုန်ပစ္စည်း ၁၄၅ မျိုး၊ ၃၁၅၃ ကာတွန်း၊ အရေအတွက် ၃၃၂၅၆၇၊ တန်ဖိုး ၂၅၃၉၆ ဒေါ်လာလို့ဖော်ပြထားပါတယ်။ မြေပြင်ဖွင့်ဖောက် စစ်ဆေးရာမှာ ကုန်ပစ္စည်း ၁၄၅ မျိုးအနက် ၅၈ မျိုးအား အရေအတွက် ၆၆၉၉၂ ခု ပိုမိုတင်သွင်း လာတာကို တွေ့ရှိခဲ့ရတဲ့အတွက် ယာယီ ထိန်းသိမ်းထားပြီး အကောက်ခွန် ဦးစီးဌာန ရုံးချုပ်သို့ တင်ပြစေခဲ့ပါတယ်။ ပိုမို တင်သွင်းလာမှုအပေါ် RF (Retention Fine)၊ CD (Custom Duty) ၊CT (Commercial Tax) ၂ ရာခိုင်နှုန်း စုစုပေါင်း ကျပ် ၃၃၁ ဒသမ ၁၇၄ သန်း ဒဏ်ကြေးပေးဆောင် စေခဲ့ပြီးနောက် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ အကောက်ခွန် လုပ်ထုံးလုပ်နည်း နဲ့အညီ ပစ္စည်းများ ထုတ်ပေးထား ပြီး ဖြစ်တယ်လို့ သတင်းရရှိပါတယ်။ ထီးတန်းဆိပ်ကမ်းမှ နိုဝင်ဘာလ၂၇ ရက်နေ့က စေလွှတ်လိုက်သော xxxxx Trading Co.,Ltd ၏ Hardware များ တင်ဆောင်ထားတဲ့ ပေ (၂၀) ကုန်သေတ္တာ (၁) လုံးနဲ့ ပေ (၄၀) ကုန်သေတ္တာ (၂) လုံးတို့ အား ဆူးလေဆိပ်ကမ်းမြေပြင် ဖွင့်ဖောက်စစ်ဆေး Mobile Team အဖွဲ့က ID (Import Declaration) ထက်ပိုမိုသော ပစ္စည်း (၈) မျိုး၊ ID တွင် ဖော်ပြထားခြင်းမရှိသော ပစ္စည်း (၃၆) မျိုး၊ စုစုပေါင်း ၄၄ မျိုး၊ အရေအတွက်အားဖြင့် ၁၀၂၅၅၅၊ Box၂၈၁၀ ပိုမိုတင်သွင်းလာသည်ကို Mobile Team အဖွဲ့က စစ်ဆေးတွေ့ရှိရပါတယ်။ ပစ္စည်းများပိုမိုတင်ဆောင် လာတဲ့အပြင် CO (Country Origin) များကိုလည်း တရုတ် (China) ဟု ဖော်ပြထားသော်လည်း စစ်ဆေးရာမှာ ဂျပန်၊ ထိုင်း (Japan, Thailand) များအဖြစ် ကွဲလွဲနေသည်များကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သတင်းရရှိပါ တယ်။ စစ်ဆေးတွေ့ရှိချက်များအား လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန် အမှုတွဲများဖွင့်လှစ် ဆောင်ရွက်ရန် စီစဉ်နေတယ်လို့ သိရှိရပါတယ်။ IDထက် ပိုမို တင်ဆောင်လာတဲ့ပစ္စည်း (၈) Welding Mask ၊Blint Rivets ၊Filter Tools Chain၊ Screw Driver Module၊ Caulking Gun ၊Multipurpose Spade၊ Industrial Stapler Drill Brush တို့ဖြစ်ကြပါတယ်။ ပိုမို တင်ဆောင်လာသော ပစ္စည်းများ၊ ID တွင် ဖော်ပြထားခြင်း မရှိသော ပစ္စည်းများနဲ့ စပ်လျဉ်းပြီးအ ကောက်ခွန် လုပ်ထုံးလုပ်နည်းနဲ့အညီ ကျသင့်ဒဏ်ကြေးများ ပေးဆောင်ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်နေစဉ် ကာလမှာ ပစ္စည်းများအား ယာယီထိန်း သိမ်းထား တယ်လို့သတင်း ရရှိပါတယ်။

                                                                   DCCA  DCCA

ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများမှာ စစ်ဆေးတွေ့ရှိရတဲ့ ID အပို၊ ပစ္စည်းပိုမိုတင်ဆောင်မှုနဲ့ CO အလွဲများ

Thu, 12/04/2014 - 12:27 -- dccaadmin

Thu, 12/04/2014 - 12:01 -- dccaadmin

အမယ်သစ်များရှာဖွေတင်ပို့ရန် ကြိုးစားနေတဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သည်များ

Thu, 12/04/2014 - 11:05 -- dccaadmin
Myanmar

ချင်းရွှေဟော် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းဟာ လမ်းပမ်းဆက်သွယ်မှု လွယ်ကူချောမွေ့လာသဖြင့် ယခင်မူဆယ်မှ တစ်ဖက်နိုင်ငံသို့ သွားနေတဲ့ နှမ်း၊ ရော်ဘာနဲ့ အခြားဒေသထွက် ကုန်ပစ္စည်းများကို ယခုအခါ ချင်းရွှေဟော် နယ်စပ်ပေါက်မှ တင်ပို့နေကြပြီဖြစ်ကြောင်း၊ ယခုထက် ပိုမိုတင်ပို့နိုင်ရေး အတွက် ပြည်တွင်းရှိ ကုန်သည်များနဲ့ ချိတ်ဆက်ဆောင်ရွက် လျက်ရှိကြောင်း၊ သို့သော်လောလောဆယ် ချင်းရွှေဟော်ကုန်သည် များအားနည်း နေပါသေးကြောင်း၊ ကုန်သည်အသင်း ရဲ့ဆောင်ရွက်မှု တိုးတက်လာ စေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ အမယ်သစ်များ ရှာဖွေတင်ပို့ရန်ကြိုးစား နေကြောင်း နိုဝင်ဘာလ ၂၃ရက်နေ့က ပြုလုပ်တဲ့ ကုန်သွယ်မှု မြှင့်တင်ရေးအစည်းအဝေးမှာ ကွမ်းလုံ-ဟိုပန်-ချင်းရွှေဟော်-လောက်ကိုင်နယ်စပ် ကုန်သည်ကြီးများအသင်း တွဲဖက်အတွင်းရေးမှူးဒေါ် လွင်လွင်မာက ဆွေးနွေးပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။ ချင်းရွှေဟော် နယ်စပ်ကုန်သွယ် ရေးစခန်းအနေနဲ့ ကုန်သွယ်မှု လျာထားချက်ကျော် လွန်အောင်ဆောင်ရွက် နိုင်မဲ့ အလား အလာ ကောင်းတွေရှိပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးမှာလည်း ယခုအခါ နိုင်လွန်ကတ္တရာလမ်း ဖြစ်နေ တဲ့အတွက် လမ်းကောင်းသွားပြီဖြစ်ရာ ကုန်တင်ယာဉ်များအနေနဲ့လည်း အချိန်စောင့် ဆိုင်းစရာမ လိုဘဲ  ရောက်ချထွက်၊ ရောက်ချတင် အနေအထားနဲ့ဆောင် ရွက်နိုင်တာကို တွေ့ရှိရပါကြောင်း စခန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းထံက သိရပါတယ်။ရေထွက်ကုန် ငါးရှဉ့်၊ ကဏန်းများပိုမို တင်ပို့နိုင်ရေး၊ အခြားအမယ်သစ်ပို့ ကုန်များ ရှာဖွေတင်ပို့ရန်နဲ့ OSSဌာနဆိုင်ရာများ၊ မိတ်ဘက်ဌာန များ၊ ကုန်သည်အသင်း၊ ကုမ္ပဏီကုန်သည်လုပ်ငန်းရှင်များ အားလုံးညီညွတ်စွာ ဝိုင်းဝန်းဆောင် ရွက်ကြရန်နဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများကို အချိန်နဲ့တပြေးညီတင်ပြသွား ကြရန်ကုန် သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ စခန်းတာဝန်ခံက ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။

                                                                                       MIRT (DCCA)

နိုင်ငံတကာပြောင်းလဲမှု ဒီလှိုင်းများရဲ့ စမ်းသပ်မှုကို ကြံ့ကြံ့ခံခဲ့ပြီး အပြန်အလှန်လေးစားမှုနဲ့ လျှောက် လှမ်းခဲ့တဲ့ မြန်မာ-ဂျပန်နှစ်နိုင်ငံအကြား ဆက်ဆံရေး နှစ်ပေါင်း ၆၀ ပြည့်မြောက်

Thu, 12/04/2014 - 10:54 -- dccaadmin
Myanmar

မြန်မာ-ဂျပန်နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးကို ကောင်စစ်ရေးရာ ဆက်ဆံမှုနဲ့ စတင်ခဲ့ပြီး ၁၉၅၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ စတင်ကာ တရားဝင် ထူထောင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ အတွင်း မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့အကြားဆက် ဆံရေးဟာ နိုင်ငံတကာပြောင်းလဲမှု ဒီလှိုင်းများရဲ့စမ်းသပ်မှုကို ကြံ့ကြံ့ခံခဲ့ပြီး အပြန်အလှန် လေးစားမှုနဲ့ လျှောက်လှမ်းခဲ့ကြ တာဖြစ်ပါတယ်။  နှစ်နိုင်ငံပြည်သူများ အကြား သမိုင်းရှည် ကြာတဲ့ အပြန်အလှန် ဆက်ဆံမှုများ ရှိခဲ့ပါတယ်။ သမိုင်းဝင် ခိုင်မြဲတဲ့ ချစ်ကြည်မှုနဲ့  နားလည်မှုတို့ တိုးပွား လာသကဲ့သို့ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များကလည်း ဆက်လက် တိုးတက် လာခဲ့ပါတယ်။  နိုင်ငံရေးနယ်ပယ်မှာ မြန်မာ-ဂျပန်နှစ်နိုင်ငံ အကြား အဆင့်မြင့် ခရီးစဉ်ယာဉ်များ အပြန်အလှန် သွားရောက် မှုများဟာ နှစ်နိုင်ငံဆက်ဆံရေးကို လမ်းကြောင်းတဲ့ ရွက်သဖွယ် ဖြစ်ပါတယ်။ မြန်မာ ပြည်သူများရဲ့ လူနေမှုဘဝ မြင့်မားရေး၊ အခြေခံအဆောက် အဦများ၊ လူ့စွမ်းအား အရင်းအမြစ် များနဲ့ တရားရေးစနစ်ဖွံ့ဖြိုး တိုးတက်ရေးနဲ့ နယ် စ ပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် ကဏ္ဍစုံမှာ ဂျပန်နနိုင်ငံမှ မြန်မာနိုင်ငံသို့ အကူအညီများ တိုးမြှင့် ပေးအပ်ခဲ့ပါတယ်။စီးပွားရေးကဏ္ဍ ကိုကြည့်လျှင် အပြန်အလှန် အကျိုးစီးပွားအပေါ် အလေးထားမှုဖွံ့ဖြိုး တိုးတက်ခြင်း ကလည်း နှစ်နိုင်ငံ အကြား ပေါင်းကူး တံတားသဖွယ် ဆက်သွယ်ပေး လျက်ရှိပါတယ်။ လွန်ခဲ့တဲ့၃ နှစ်တာကာလမှ အစပြုကာ မြန်မာနဲ့ ဂျပနှစ်နိုင်ငံ တို့အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက် မှုဟာ လျင်မြန်တဲ့ နှုန်းနဲ့ တိုးတက်လျက်ရှိပါတယ်။ ဂျပန်နိုင် ငံဟာမြန်မာနို င်ငံမှာ ဧကဒသမမြောက် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (Foreign Direct Investment –FDI )အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု၊ နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ စီးပွားရေး လုပ်ငန်းများ တိုးမြှင့်ခြင်းစတဲ့ စီးပွားရေးဆက် ဆံမှုများ တိုးမြင့်လာပါက နှစ်နိုင်ငံဆက်ဆံရေး ဟာလည်း ပိုမိုခိုင်မာ သည်ထက် ခိုင်မာလာမယ်လို့ နှစ်နိုင်ငံ လုံးကယုံကြည် လျက်ရှိနေပါတယ်။ ယဉ်ကျေးမှုနဲ့ ပြည်သူချင်း အပြန်အလှန် ဖလှယ်မှုကဏ္ဍမှာ မြန်မာနဲ့ ဂျပန်နှစ် နိုင်ငံပြည်သူများအကြား  ခိုင်မြဲတဲ့ ထိတွေ့ဆက်ဆံမှု များဟာလည်း နိုင်ငံဆက်ဆံရေးကို ပိုမို တိုးတက် လာစေတဲ့ အခြေခံကောင်း တစ်ခုဖြစ်ပါတယ်။ လူမှုအဖွဲ့ အစည်းများ၊ စီးပွားရေး အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ အနုပညာရှင်များနဲ့ သတင်း Media များ အကြား ပူးပေါင်း ဆောင်ရွက်မှု ဟာလည်း နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုကို အထောက်အကူ ပြုစေလျက် ရှိပါတယ်။ ချစ်ကြည်ရင်းနှီးမှုကို အစိုးရပိုင်းနဲ့ လွှတ်တော်ပိုင်းတို့မှာ မကြာခဏ အပြန်အလှန် ခရီးစဉ်များက  ပိုမိုခိုင်မြဲစေသလို စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ယဉ်ကျေးမှုနဲ့ ပညာရေးစတဲ့ နယ်ပယ်များ ပူးပေါင်းဆောင် ရွက်ခြင်းတို့ကလည်း ပိုမိုတိုးတက်စေ လျက်ရှိပါတယ်။ထို့အပြင် နှစ်နိုင်ငံ ဆက်ဆံရေးဟာ အစိုးရ အချင်းချင်းသာမက ပုဂ္ဂလိက ပိုင်းမှာလည်း များစွာကြီးမား ကျယ်ပြန့် လာလျက်ရှိနေပါတယ်။ ဂျပန်နိုင်ငံ အစိုးရအနေနဲ့ အစိုးရ၊ ပုဂ္ဂလိက လက်တွဲပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ အကောင်အထည်ဖော်ဆောင် လျက်ရှိတဲ့ ဒီမိုကရေစီစနစ်ပြောင်းလဲဖော်ဆောင်ရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးနဲ့အမျိုးသားပြန် လည်သင့်မြတ်ရေးစတဲ့ လုပ်ငန်းစဉ်များကို ပံ့ပိုးကူညီမှုများလည်း ပေးလျက်ရှိပါတယ်။ ဂျပန်-မြန်မာ သံတမန်ဆက်ဆံရေး နှစ်၆၀ ပြည့်မြောက်တဲ့ အထိမ်းအမှတ်အဖြစ် ဂျပန်-မြန်မာနှစ်နိုင်ငံ အထိမ်းအမှတ်ပွဲ အမျိုးမျိုး ကျင်းပလျက် ရှိနေပါတယ်။ အဆိုပါ အထိမ်းအမှတ်ပွဲများက တစ်ဆင့်နှစ်ပေါင်းရှည် ကြာလှတဲ့ ဆက်ဆံရေးသမိုင်းကို အရင်းတည်ပြီး ပြည်သူအချင်းချင်း အပြန်အလှန်နားလည် မှုနဲ့ချစ် ကြည် ရင်းနှီးမှုများ ပိုမိုနက်ရှိုင်းပြီး နှစ်နိုင်ငံ အကြားကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု အသီး အပွင့်များဝေ ဆာလာလိမ့်မယ်လို့ မျှော်လင့်ထားကြ ပါတယ်။အနှစ် ၆၀ ပြည့် ဂျပန်-မြန်မာသံ တမန်ဆက်ဆံရေး အထိမ်းအမှတ်အဖြစ် ကျပန်းစကားပြောပြိုင်ပွဲ၊ ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲများ၊ ဂျပန်ရုပ်ရှင်ပြပွဲ၊ ဈေးပွဲတော်၊ အားကစားပြိုင်ပွဲ (ကရာတေးဒိုနဲ့ ဂျူဒိုပြိုင်ပွဲများ) Myanmar National Symphony Orchestra Concert 2014၂၀၁၄ တို့ကို ကျင်းပခဲ့ပါတယ်။ ဒီဇင်ဘာလ ၆ ရက်နဲ့ ၇ ရက်နေ့များမှာ ဂျပန်-မြန်မာပွဲတော်ကို အရှေ့မြင်းပြိုင်ကွင်း လမ်းရှိရွှေထွဋ် တင်မှာလည်းေ ကာင်း၊ ဒီဇင်ဘာလ ၁၂ ရက် နေ့မှာ ရန်ကုန်မြို့အမျိုးသားဇာတ်ရုံမှာ One Asia Joint Concert ကိုလည်း ကျင်းပသွားမှာဖြစ်ပါ တယ်။ ဒီဇင်ဘာလ ၁ ရက်နေ့က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ရန်ကုန်တိုင်း ဒေသကြီးရုံး ခွဲမှာ မြန်မာ-ဂျပန်နှစ်နိုင်ငံသံတမန်ဆက်သွယ်မှု နှစ်၆၀ပြည့်အထိမ်းအမှတ်အဖြစ် "Seminar on The Role of Educational Institution in Promoting HRD and Myanmar -Japan Cooperation" ကိုလည်း ကျင်းပခဲ့ပါ တယ်။ မြန်မာ-ဂျပန်နှစ်နိုင်ငံ အကြားသံတမန် ဆက်ဆံ ရေးထူထောင်မှု နှစ်၆၀ပြည့် အထိမ်းအမှတ် အခါသမယမှာ နှစ်နိုင်ငံနဲ့ နှစ်ဖက်ပြည် သူများအကျိုး စီးပွားအတွက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမဲ့ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင် ရွက်မှုများပိုမို ခိုင်မာစေရန် အစဉ်အလာရှိတဲ့ ချစ်ကြည်ရင်းနှီးမှု ပိုမိုဖြစ်ထွန်းလာစေရန်နဲ့ လာမဲ့နှစ်များမှာ အပြန်အလှန် ကောင်းမွန်သော ဆက်ဆံရေးများ ဆက်လက်ဖော်ဆောင် သွားနိုင်မယ်လို့ ယုံကြည်ပါကြောင်း မြန်မာ-ဂျပန်သံတမန်ဆက် ဆံေ ရး ထူထောင်မှု နှစ်၆၀ ပြည့်ကို ဂုဏ်ပြုလိုက်ရပါတယ်။

                                                                        ချမ်းမြေ့မောင်

အာဆီယံမှ ပထမအကြိမ်အာဆီယံစားသုံးသူကာကွယ်ရေးညီလာခံကျင်းပသွားမည်

Thu, 12/04/2014 - 10:19 -- dccaadmin
Myanmar

အာဆီယံနိုင်ငံများသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ (၈) ရက်နေ့မှ (၉) ရက်နေ့အတွင်း ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ပထမအကြိမ် အာဆီယံစားသုံးသူ ကာကွယ်ရေးညီလာခံကို ကျင်းပပြုလုပ် သွားမည် ဖြစ်ပါသည်။ အဆိုပါညီလာခံသို့ မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ တက်ရောက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

အာဆီယံနိုင်ငံများသည် အာဆီယံ စီးပွားရေး အသိုက်အဝန်း တည်ထောင် မှုအတွက် ပြင်ဆင်ရာတွင် နောက်ဆုံး အဆင့်သို့ ရောက်ရှိနေ ပြီဖြစ်ပြီး ၂၀၁၅ခုနှစ် အလွန် ကာလအတွက် အသင့်ပြင် ဆင်လျက်ရှိ သဖြင့်ဒေသတွင်း စားသုံးသူကာ ကွယ်ရေးအရေး ကိစ္စများကိုလည်း ပိုမိုအလေးထား ဆောင်ရွက်လာ ကြပါသည်။ ညီလာခံကို စားသုံးသူကာကွယ်ရေး ဆိုင်ရာကျွမ်းကျင် ပညာရှင်များနှင့် သက်ဆိုင်ရာ ပုဂ္ဂလိကကဏ္ဍမှ စီးပွားရေး လုပ်ငန်းရှင်များ အကြားကွန်ရက်သဖွယ်ချိတ် ဆက်ဆောင် ရွက်သွားပြီး အကောင်းဆုံး အလေ့အထများနှင့် အတွေ့အကြုံများကို ဖလှယ်သွားနိုင်ရန် ကျင်းပရခြင်းဖြစ်ပါသည်။ ညီလာခံတွင် အာဆီယံနိုင်ငံများ၏ စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍လည်းေ ဆွးနွေးသွားမည်ဖြစ်ပြီး အနာဂတ်ကာလတွင် ဖြစ်ပေါ်လာမည့် ဒေသတွင်း စားသုံးသူ ကာကွယ်ရေး လုပ်ငန်းများ၏ စိန်ခေါ်မှုများနှင့် ဆောင်ရွက်သွားမည့် လုပ်ငန်းများကိုလည်း အမြင်ဖလှယ်သွား မည်ဖြစ်ပါသည်။

ညီလာခံတွင် ငွေကြေးလုပ်ငန်းများ၊ စားသုံးသူ ထုတ်ကုန်လုံခြုံစိတ်ချရမှု၊ E-commerce နှင့်စားသုံး သူအရေး ဆောင်ရွက်မှု လုပ်ငန်း များဖွံ့ဖြိုး တိုးတက်မှု စသည့် နယ်ပယ် များကိုလည်း ဆွေးနွေးသွာ မည်ဖြစ် ပါသည်။ ယခု ဆယ်စုနှစ်ခေတ် တွင် စားသုံးသူ ကာကွယ်ရေး ကဏ္ဍသည် ရွေ့လျာ့နေသော ငွေကြေးဈေးကွက် ပတ်ဝန်းကျင်နှင့် လျင်မြန်စွာပြောင်းလဲနေသော နည်းပညာတို့ကြောင့် စားသုံးသူ များအတွက် စွန့်စားမှုများနှင့် ပိုမိုရင်ဆိုင်လာကြရပါသည်။ အလားတူ စားသုံးသူထုတ် ကုန်လုံခြုံစိတ် ချရမှုသည်လည်း အဓိကကျသည့် အရေးကိစ္စဖြစ်ပြီး ထုတ်ကုန် စည်းမျဉ်းများနှင့် ဈေးကွက် အတွင်းမှ ထုတ်ကုန် ပြန်လည် သိမ်းဆည်းသည့် အရေးကိစ္စများ သည်လည်း ပိုမိုအလေးထား စဉ်းစားရမည့် အကြောင်းအရာများ ဖြစ်လာ ကြပါသည်။ Online စားသုံးသူ ဈေးကွက်သည်လည်း လျင်မြန်စွာတိုး တက်ပြောင်း လဲလျက်ရှိပြီး စားသုံးသူများအတွက် အကျိုးစီးပွားများ ဖြစ်ထွန်းစေသကဲ့သို့ စည်းမျဉ်းများဖြင့် ထိန်းသိမ်းဆောင်ရွက် ရန်မှာလည်း အရေးပါလှပါသည်။ ထိရောက်ေ သာဒေသ ဆိုင်ရာစားသုံး သူအရေးယူဆောင်ရွက်မှု လုပ်ငန်းများကိုလည်း ဆောင်ရွက်မည့် နည်းလမ်းများကို ရှာဖွေလုပ်ဆောင် သွားရန်လိုအပ်ပါသည်။

အဆိုပါ ညီလာခံသို့ စားသုံးသူအရေး ကိစ္စဆောင်ရွက်သည့် အစိုးရအဖွဲ့အစည်းများ၊ သုတေသန ပညာရှင်များ၊ အစိုးရမဟုတ်သော အသင်းအဖွဲ့များ၊ ပုဂ္ဂလိကကဏ္ဍမှ စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို လက်တွေ့ဆောင် ရွက်နေသူများ၊ စီး ပွားရေး အသင်းအဖွဲ့များနှင့် စားသုံးသူကာ ကွယ်ရေးတွန်း အားပေး ဆောင်ရွက်သည့် လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်နေသည့် အခြားအဖွဲ့ အစည်းများတက် ရောက်ကြ မည်ဖြစ်ပါသည်။ ညီလာခံကို အာဆီယံစားသုံး သူကာကွယ်ရေးကော် မတီ မှစီစဉ်ကျင်းပ ခြင်းဖြစ်ပြီး အိမ်ရှင်နိုင်ငံ အဖြစ် ဗီယက်နမ်နိုင်ငံ ယှဉ်ပြိုင်မှု အာဏာပိုင် အဖွဲ့ အစည်းမှ လက်ခံကျင်းပ သွားမည်ဖြစ် ပါသည်။ ညီလာခံအား အာဆီယံ-ဩစတြေးလျ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင် ရွက်ရေးအစီ အစဉ်အဆင့် (၂)မှ ၎င်း ၏စီမံကိန်း တစ်ခုဖြစ်သော စားသုံးသူကာကွယ်ရေး ဆိုင်ရာသုတေသန နှင့်ဆွေးနွေးမှု အထောက်အပံ့ပြုရေး စီမံကိန်းအောက်တွင် ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။

                                                                             မျိုးမျိုးထိုက်၊ စားသုံးသူရေးရာဌာနခွဲ

တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းMobile Team မှ သိမ်းဆည်းရမိ ဝက်ခေါက်အကြမ်းများ အဖွဲ့ ဖွဲ့ဖျက်ဆီးလိုက်ပြီ

Thu, 12/04/2014 - 10:01 -- dccaadmin
Myanmar

တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်း ထုတ်နုတ် Mobile Team အဖွဲ့က နိုဝင်ဘာလ ၂၀ ရက်နေ့  ၁၅ း ၀၀ ချိန်က သိမ်းဆည်းရမိခဲ့တဲ့ ဝက်ခေါက်များကို အဖွဲ့စုံပါဝင်သော ဖျက်ဆီးရေးအဖွဲ့ ဖွဲ့စည်းပြီး နိုဝင်ဘာလ၂၉ ရက်နေ့က မီးရှို့မြေမြှုပ် ဖျက်ဆီး ပြီးဖြစ်ကြောင်း သတင်းရရှိသည်။ ဝက်ခေါက်အကြမ်းမှာ အလေးချိန်အားဖြင့် ၂၅၀ ကီလိုဖြစ်ပြီး ခန့်မှန်းတန်ဖိုးမှာ ကျပ် ၇ ဒသမ ၅၀၀ သိန်းရှိတယ်လို့ သိရပါတယ်။ အဖွဲ့မှာ ကူးသန်းဦးစီး၊ အကောက်ခွန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကုန်သည်အသင်း ၊ မြဝတီ သတင်းထောက်တို့ ပါဝင်တယ်လို့ သိရပါတယ်။

စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ်အများဆုံးတင်ပို့ခဲ့သော ပို့ကုန်များတွင် ကြက်သွန်နီ နှင့်နနွင်းတက်များပါရှိ

Thu, 12/04/2014 - 09:04 -- dccaadmin
Myanmar

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေ နယ်စပ်ကုန်သွယ်ရေး စခန်းမှ နိုဝင်ဘာလ၂၂ရက်နေ့မှ၂၈ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၃၂၄ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီ တင်းပတ်က ကန်ဒေါ်လာ သုညဒသမ၂၈၀ သန်း ဖိုး တင်ပို့နိုင်ခဲ့ပြီး ယခု သီတင်းပတ်မှာတော့ ကန် ဒေါ်လာသုည ဒသမ ဝ၄၄ သန်းဖိုး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ အများဆုံး တင်ပို့ခဲ့တဲ့ ပို့ကုန်များကတော့ ကမ်းခြေစီး ဖိနပ်အရံ ၂ သိန်း၊ မန်ကျည်းစေ့တန်၂၃၀ ၊ ကြက်သွန်နီ ၃၅ တန်၊ ဆီးယိုထုတ်၁၈ တန်၊ စောင် ၃ တန်ကျော်၊ နနွင်းတက်၂ တန်၊ ဆန် ၇တန် ၊ မန်ကျည်း ဖတ်၂ တန်နဲ့ ဆီးသီးခြောက် ၇ တန်တို့ဖြစ်ကြပါတယ်။ 

တင်တင်ထွန်း MIRT (DCCA)

Pages

Subscribe to RSS - Department of Trade