Department of Trade

ကျပ် ၄၅ သိန်း ခန့် တန်ဖိုးရှိ တရား မဝင် အကောက်ခွန်မဲ့ ဆေးဝါး များ တားဆီး ရှာဖွေ သိမ်းဆည်း

Tue, 05/14/2013 - 10:13 -- admin
Undefined

ဗုဒ္ဓဟူးနေ့ ၃ ဧပြီလ  ၂၀၁၃ 10 :40  AM

မတ်လ ၂ဝ ရက် ၁၂းဝဝ ချိန်မှာ Mobile Team အဖွဲ့-၂ စစ်ဆေးရေး အဖွဲ့ အခြေ ပြုရာ နေရာမှ ဖြတ်သန်း သွားတဲ့ ကုန်တင် ယာဉ် ၄ဃ/xxxxx အား စစ်ဆေး ရာမှာ ကျပ် ၄၄ ဒသမ ၉ဝ၆ သိန်း တန်ဖိုး ရှိ လူသုံး ဆေးဝါး (သောက်ဆေး၊ လိမ်းဆေး) ၃၂ မျိုး ကို စစ်ဆေး တွေ့ရှိ ခဲ့ရ တယ်လို့ သတင်း ရရှိ ပါတယ်။

အဆိုပါ ဆေးဝါး ပစ္စည်းများ အပါ အဝင် မတ်လ ၂ဝ ရက် ဝ၆းဝဝ မှ မတ်လ ၂၁ ရက် ဝ၆းဝဝ ချိန်ထိ Mobile Team အဖွဲ့-၂ မှ စားသုံးသူ အကာ အကွယ် ပေးရေးနဲ့ တရား မဝင် ကုန်စည် စီးဆင်းမှု တားဆီးရေး လုပ်ငန်းများ ဆောင်ရွက် ရာမှာ ယာဉ် (၉) စီးပေါ်မှ ကျပ် ၉၃ ဒသမ ၁၃၉ သိန်းတန်ဖိုးရှိ ဘော်လီ၊ ဘော်လီကြိုး၊ ဘော်လီ အနား ကွပ်ဇာ၊ စတီး သပိတ်၊ Beer Chang ၊ အသားတု အစို၊ စားသောက်ကုန် (ဝေဖာ၊ ခေါက်ဆွဲ ခြောက်၊ Queen အခိုျရည်၊ M-150 ၊ Spy အနီ၊ အနက်)၊ လူသုံးကုန် (Picnic Cooker, Picnic Table ,Twin-Pen, Intime ထမင်းဘူး၊ ခေါင်းထိုး ကလစ်) များကို အကောက်ခွန် လုပ်ထုံး လုပ်နည်းနဲ့ အညီ အမှုတွဲ (၉) ခု ဖွင့်လှစ် ထိန်းသိမ်း ခဲ့ရ တယ်လို့ သတင်း ရရှိ ပါတယ်။

Source: လရ-၂----MTN

အဗျား ဝေါကွင်း ရှောင်လမ်း ပေါ်က Hilux ယာဉ် ပေါ်မှ ကျပ် ၇၃ သိန်း ကျော် တန်ဖိုး ရှိ ယာဉ် အစိတ် အပိုင်းများ အပါ အဝင် အကောက် ခွန်မဲ့ ပစ္စည်းများ ရှာဖွေ တွေ့ရှိခဲ့

Tue, 05/14/2013 - 10:11 -- admin
Undefined

ဗုဒ္ဓဟူးနေ့ ၃ ဧပြီလ  ၂၀၁၃ 10 :36  AM

Mobile Team အဖွဲ့-၂ ခေတ္တ အခြေပြု အား သတင်း ပေးချက် အရ အဗျား ဝေါကွင်း ရှောင်လမ်း ပေါ်တွင် တရား မဝင် ကုန်တင် ယာဉ်များကို တွေ့ရှိ၍ လိုက်လံ ဖမ်းဆီး မှုများ ပြုလုပ် ခဲ့ရာမှာ Hilux ယာဉ် (၁) စီးနဲ့ Light Truck (၁) စီး တို့အား လက်ရ ဖမ်းဆီး ရသဖြင့် Mobile Team အဖွဲ့-၂ ခေတ္တ အခြေ ပြုရာ သို့ ယာဉ် (၂) စီးအား သယ်ပြီး ယာဉ် ပေါ်ပါ ကုန်ပစ္စည်း များကို စစ်ဆေး ခဲ့ပါတယ်။ Hilux ယာဉ်အမိုျး အစား ယာဉ်အမှတ် ၂ခ/xxxx ပေါ်မှ ကားလေးဒိုင်နမို၊ ဒီဇယ်ပန့်၊ ကားရှေ့ဘောနပ်ဖုံးများ၊ ရေတိုင်ကီ၊ ကား စတီယာ တိုင် (One Set)၊ ဒတ်ရှ်ဘုတ်၊ မော်တာပါ ကား နောက်ကြည့်မှန်၊ ကား ရှေ့မီးအုံ၊ Silent မီးအုံ၊ Milage အုံ၊ နောက်ကြည့် မှန်၊ ကားရေ တိုင်ကီ အဖုံး၊ ပလပ်ကြိုး၊ စတီရာရင် ဂွိုျင်းဘော၊ ကားဟွန်း၊ အိပ်ဇောစွပ်၊ ရေသုတ် တံ၊ လျှပ်စစ် ပစ္စည်း မိုျးစုံ၊ အပင် အားဆေးနဲ့ ပိုးသတ် ဆေးများ အပါ အဝင် ကာလ တန်ဖိုး ကျပ် ၇၃ ဒသမ ၅၂၁ သိန်း တန်ဖိုးရှိ အကောက် ခွန်မဲ့ ပစ္စည်း ၂၃ မိုျး ကို စစ်ဆေး ရှာဖွေ တွေ့ရှိ ခဲ့ရ တယ်လို့ သတင်း ရရှိ ပါတယ်။ အဆိုပါ ရှောင်ကွင်း လမ်းမှာပင် Light Truck ယာဉ်အား တားဆီးရှာဖွေရာမှာ ကျပ် ၂၂ ဒသမ ၆၈ဝ သိန်း တန်ဖိုးရှိ Beer Chang ၃၁၅ ဖာကို လည်း သိမ်းဆည်း ခဲ့ရ ပါတယ်။ တရား မဝင် ပစ္စည်းများ တင်ဆောင် လာတဲ့ ယာဉ်များဟာ တရားဝင် မှတ်ပုံတင် ထားသော ယာဉ်များ ဟုတ်မဟုတ စိစစ် ဆောင်ရွက် ရာမှာ Hilux ယာဉ် ၂ခ/xxxx မှာ တရား မဝင် မှတ်ပုံ တင်မဲ့ ယာဉ် ဖြစ်ကြောင်း စိစစ် တွေ့ရှိ ရသဖြင့် ခန့်မှန်း တန်ဖိုး ကျပ် သိန်း ၃ဝ နဲ့ အမှု ဖွင့်ဆောင် ရွက်ထား တယ်လို့ သိရှိ ရပါတယ်။

Source : လရ-၂ ---MTN

လုပ်ငန်း အခက် အခဲ၊ ပြေစာ မပြနိုင်သော လမ်းခရီး စရိတ် များနဲ့ အခြားသော လုပ်ငန်း ကိစ္စ များကြောင့် Duty ထက် ပိုမို သယ်ဆောင် နေကြရ

Tue, 05/14/2013 - 10:11 -- admin
Undefined

ဗုဒ္ဓဟူးနေ့ ၃ ဧပြီလ  ၂၀၁၃ 10 :35  AM

မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်း ပေါ်၌ တာဝန်ယူ ဆောင်ရွက် လျက် ရှိသော Mobile Team အဖွဲ့-၂ ဟာ မတ်လ ၂၂ ရက် နေ့က ကုန်သွယ်မှု ဆောင်ရွက် ခြင်းနဲ့ ပတ်သက်ပြီး အခက် အခဲများ၊ လမ်းခရီး တစ်လျှောက် ကုန်ကျ စရိတ် များနဲ့ အခြားသော လုပ်ငန်း ဆောင်ရွက် ရာမှာ ကြုံတွေ့ ရတဲ့ အခက် အခဲ များကို အချိန် မရွေး ဆွေးနွေး ပေးရန် Duty ကုန်တင် ယာဉ်များ၊ မှန်လုံ ခရီးသည် ယာဉ်များ နဲ့ အခြား ယာဉ်လိုင်း များအား ခေါ်ယူ တွေ့ဆုံ ပြောကြား ခဲ့ပါတယ်။

ကုန်သည် လုပ်ငန်း ရှင်များ၊ ကုန်ကား ဂိတ် တာဝန်ခံ များနဲ့ ယာဉ်မောင်းများရဲ့ တင်ပြချက်များ ကတော့ လက်ရှိ ကုန်သွယ်မှု ပြုနေတဲ့ မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်း မှာ ရှေးယခင် ကပင် တရား မဝင် ကုန်သွယ် မှုများ ရှိခဲ့ပုံ ယခု အချိန် မှာလည်း ရှိနေ သေးကြောင်း နဲ့ တရားဝင် ကုန်သွယ် မှုများ အနေနဲ့ ရာခိုင် နှုန်းပြည့် အခွန် ပေးဆောင်ရန် မဖြစ် နိုင်ကြောင်း၊ အကြောင်း မှာ လမ်း ခရီးစဉ် တစ်လျှောက် ပြေစာ မပြနိုင်တဲ့ အခြား ကုန်ကျ စရိတ်များ ရှိနေ တဲ့အတွက် စာရင်း ခုျပ်လျှင် အရှုံးနဲ့သာ ရင်ဆိုင် နေရ ကြောင်း၊ ရာခိုင်နှုန်း ပြည့်အောင် သယ်သူများ အနေနဲ့ ရေရှည်မှာ ဈေးကွက်ကို မယှဉ်နိုင် တော့တဲ့ အတွက် တရား မဝင် လမ်းကြောင်းကို ပြန်လှည့် သွားမှာ စိုးရိမ် နေရ ကြောင်း ပြန်လည် တင်ပြ ခဲ့တယ်လို့ သိရ ပါတယ်။ ၎င်းတို့ရဲ့ တင်ပြချက် များအရ လမ်းခရီးစဉ် တစ်လျှောက် ပြေစာ မပြနိုင်တဲ့ အခြား ကုန်ကျ စရိတ် တွေက တော့ မြဝတီ တံတား ကိုျးဂိတ်၊ BDF(၃) ဂိတ်၊ DKBA ၊ ဂိုျင်း တံတား (-)၊ ကော့ကရိတ် အဖွဲ့စုံ၊ ဘားအံ တောင်ကြား၊ ကော့ကိုျက် (-) ၊ သံလွင် တံတား အဖွဲ့စုံ၊ ဒုံသမိ တံတား၊ သထုံ၊ ဘီးလင်း၊ ကိုျက်ထို၊ ပဲခူး (-)၊ အင်းတိုင်၊ အမှတ် (၃)အဖွဲ့စုံ နဲ့ မြဝတီဇုန် တို့မှာ ပြေစာ မရတဲ့ ငွေပေးချေ ရမှု များဟာ ကုန်ပစ္စည်း အမိုျး အစား၊ ယာဉ် အမိုျး အစားပေါ် မူတည်ပြီး မြဝတီမှ ရန်ကုန် အရောက် စုစုပေါင်း ကျပ်သိန်း ၁၃၈ဝဝဝိ/- မှ ၅၉၈ဝဝဝိ/- ထိ ပေးဆောင် နေရ ကြောင်း၊ တရားဝင် အခွန် ဆောင်ရတဲ့ အတွက် ငွေ ကုန်ကျ ခြင်း၊ ကုန်စည် စီးဆင်းရာ လမ်းကြောင်းမှာ တာဝန်ကျ နိုင်ငံ ဝန်ထမ်း များအား ငွေပေး ရတဲ့ အတွက် ငွေကုန် ကျခြင်း၊ ယာဉ်ငှားခ ကုန်ကျခြင်း၊ စနစ် မကျ စစ်ဆေး ခံရ ခြင်းကြောင့် ကုန်ပစ္စည်းများ ထိခိုက် ပျက်စီး သဖြင့် ငွေကုန် ကျခြင်း၊ မဲစနစ်နဲ့ ဖောက် စစ်ဆေး ခြင်းကြောင့် လွတ်သွား သော ကုန်ပစ္စည်း ရှင်များက ဈေး ကစားခြင်း၊ ဈေးလျော့၍ ဖြန့်ချီ ခြင်းကြောင့် ငွေကြေး ဆုံးရှုံးခြင်း စတဲ့ အခက် အခဲများကို ကြုံတွေ့ နေရ ကြောင်း၊ Duty ထက် ပိုမို သယ်ဆောင် နေကြ ရကြောင်း၊ အဆင် ပြေစွာနဲ့ ကုန်သွယ် နိုင်ရန် နိုင်ငံ ဝင်ငွေ တိုးစေ ရန် စနစ် ကျနစွာ ကုန် စစ်ဆေး ခံနိုင်ရေး အတွက် စီစဉ် ဆောင်ရွက် ပေးရန် ဆန္ဒ ရှိနေကြ တယ်လို့ တင်ပြ ခဲ့ကြ တယ်လို့ သတင်း ရရှိပါ တယ်။

Source: လရ-၂--MTN

ကျပ် ၁၄ သန်း နီးပါး တန်ဖိုး ရှိ ထိုင်း နိုင်ငံလုပ် အသားတု အစိုနဲ့ ပုစွန် များကို မတ်လ တတိယ ပတ်မှာ Mobile Team အဖွဲ့မှ စစ်ဆေး တွေ့ရှိ

Tue, 05/14/2013 - 10:10 -- admin
Undefined

ဗုဒ္ဓဟူးနေ့ ၃ ဧပြီလ  ၂၀၁၃ 10 :30  AM

မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်း ပေါ်မှာ စားသုံးသူ အကာ အကွယ် ပေးရေးနဲ့ တရား မဝင် ကုန်သွယ်မှု တားဆီးရေး အဖွဲ့ (၂) တာဝန် ထမ်းဆောင် နေစဉ် မတ်လ ၂ဝ ရက် နေ့မှာ Canter ယာဉ် ၄ခ/xxxxx  ပေါ်မှ ကျပ် ၁၃ ဒသမ ၃၄၄ သိန်း တန်ဖိုး ရှိ အသားတု အစို ၈၃၄ ကီလို ဂရမ်နဲ့ ရွှေပြည်စိုး (မှန်လုံ) ခရီး သည် တင်ယာဉ် ၆ဂ/xxxxx ပေါ်မှ ကျပ် ၅၅ဝဝဝ တန်ဖိုးရှိ ပုစွန် ၂၅ ကီလို ဂရမ်ကို သိမ်းဆည်း ရမိခဲ့တဲ့ အတွက် မတ်လ ၂ဝ ရက် တစ်ရက် တည်းမှာ အသားတု အစိုနဲ့ ပုစွန် ကျပ် ၁၃ ဒသမ ၈၉၄ သိန်းဖိုး တားဆီး နိုင်ခဲ့ တယ်လို့ သတင်း ရရှိ ပါတယ်။

ဖေဖော် ဝါရီလ ၃ ရက်နေ့မှ မတ်လ ၂၃ ရက်ထိ တစ်လ ခွဲကျော် ကာလ အတွင်းမှာ Mobile Team အဖွဲ့-၁ အနေ နဲ့ အေးခဲ အမဲသား ၅၁ဝ ကီလိုဂရမ်၊ ကြက်ဆီဘူး ၁၅၆ဝ ကီလို ဂရမ်၊ အေးခဲ ကြက်မဲ ၄၅ဝ ကီလို ဂရမ်နဲ့ Mobile Team အဖွဲ့-၂ အနေနဲ့ ကြက် အသဲ အမြစ် ၂၈၃၆ ကီလို ဂရမ်၊ အသားတု အစို ၁၁၅၉ ကီလို ဂရမ်နဲ့ ပုစွန် ၅၆၁ ကီလို ဂရမ်ကို ရှာဖေ တားဆီး နိုင်ခဲ့ ပါတယ်။ ပုပ်သိုး ပျက်စီး လွယ် ပစ္စည်းများ ဖြစ်ခြင်း၊ တိရိစ္ဆာန် မွေးမြူရေးနဲ့ ကုသရေး ဦးစီး ဌာန အနေနဲ့ တင်သွင်းခွင့် ထောက်ခံချက် မပေး နိုင်တဲ့ ပစ္စည်း ဖြစ်ခြင်းနဲ့ FDA ထောက်ခံချက် အချိန်နဲ့ တပြေးညီ မရရှိ နိုင်ခြင်း တို့ကြောင့် သက်ဆိုင်ရာ မြို့နယ် စည်ပင် သာယာရေး ဦးစီး ဌာန ကိုယ်စားလှယ်၊ သတင်းနဲ့ စာနယ်ဇင်း အဖွဲ့၊ Mobile Team အဖွဲ့ တို့မှ ကျင်းတူး ဓာတ်ဆီလောင်း ထုံးဖြူး မြေမြှုပ် ဖျက်ဆီးခြင်း၊ မီးရှို့ ဖျက်ဆီးခြင်းများကို လုပ်ဆောင် ခဲ့ပြီး ဖြစ်တယ် လို့ သတင်း ရရှိ ပါတယ်။

                                                                                                             Source- လရ-၁၊ ၂---MTN

FDA ခွင့်ပြုချက် မပါရှိ သော်လည်း စားသောက် ကုန်များ အား ပြည်တွင်း အခွန်ဆောင် သယ်ယူ မှုများ ရှိနေ

Tue, 05/14/2013 - 09:33 -- admin
Undefined

ဗုဒ္ဓဟူးနေ့ ၃ ဧပြီလ  ၂၀၁၃ 10 :30  AM

တရုတ် နိုင်ငံလုပ် စားသောက် ကုန်များ ဖြစ်တဲ့ ကြက်အူ ချောင်း၊ ပဲနို့၊ ပဲပုတ်၊ ကြာစွယ်၊ အခိုျုရည်၊ အရက်၊ တို့ဟူး၊ မှိုခြောက်၊ ကြက်သွန်ဖြူ၊ မာလာခေါက်ဆွဲ (အစိမ်း/ အဖြူ)၊ ကျောက်ပွင့်၊ မှိုမဲ၊ မဆလာ၊ တို့ဟူး ခြောက်၊ ခေါက်ဆွဲခြောက် စတဲ့ စားသောက် ကုန်များဟာ တရား မဝင် လမ်းကြောင်း များမှ ကွတ်ခိုင်သို့ ရောက်ရှိ လာတဲ့ အတွက် FDA စစ်ဆေး ခွင့်ပြု ချက်များ မပါ ရှိပါဘူး။ ဒါပေမဲ့ အထက်ပါ တရား မဝင် အကောက် ခွန်မဲ့ ဝင်လာတဲ့ စားသောက်ကုန် ပစ္စည်း များကို သိန္ဒီမြို့နယ် ပြည်တွင်း အခွန် ဦးစီး ဌာန မှာ ကုန်သွယ်ခွန် နဲ့ ဝင်ငွေ ခွန်များ ပေးဆောင် ထားပြီး ပြည်မသို့ သယ်ဆောင် လာခြင်း ကို မူဆယ်-မန္တလေး ကုန်သွယ်မှု လမ်းကြောင်း ပေါ်တွင် စားသုံးသူ အကာ အကွယ် ပေးရေး နဲ့ တရား မဝင် ကုန်သွယ်မှု တားဆီး ထိန်းခုျပ်ရေး အဖွဲ့ (၁) က နောင်ခိုျမြို့ Asia World Toll Gate အနီး ယာယီ အခြေပြု စစ်ဆေး ရာမှာ ယာဉ် (၂) စီး ပေါ်မှ ရှာဖွေ တွေ့ရှိ ခဲ့တာ ဖြစ်ပါ တယ်။

FDA စစ်ဆေး ခွင့်ပြုချက် ရရှိ ထားခြင်း မရှိတဲ့ တရား မဝင် လမ်းကြောင်း များက ဝင်ရောက် လာတဲ့ အကောက် ခွန်မဲ့ စားသောက် ကုန်ပစ္စည်း များအား လားရှိုး အကောက်ခွန် သို့ လုပ်ထုံး လုပ်နည်းနဲ့ အညီ စနစ် တကျ လွဲှပြောင်း အပ်နံှ ဆောင်ရွက် ထားပြီး ဖြစ်ကြောင်း သတင်း ရရှိ ပါတယ်။

၈က/xxxxx ဒိုင်နာ ယာဉ်ပေါ်မှ လရ-၁ အဖွဲ့က ရှာဖွေ တွေ့ရှိ ရတဲ့ စားသောက်ကုန် ပစ္စည်း တွေကတော့ ကြက်အူချောင်း ဖာ ၁ဝဝ၊ ပဲနို့ ၉၉ ဖာ၊ ပဲပုတ် ဖာ ၆ဝ ၊ ကြာစွယ် ဖာ ၂ဝ ၊ အခိုျရည် ၉၆ ဖာ၊ အရက် ဖာ ၃ဝ၊ တို့ဟူး အိတ် ၂ဝ ၊ မှိုခြောက်အိတ် ၆ဝ နဲ့ ၁င/xxxxx Canter ယာဉ်ပေါ်မှ ကြက်သွန်ဖြူ ၁၉ အိတ်၊ မာလာ ခေါက်ဆွဲ အစိမ်း ၁၅ အိတ်၊ အဖြူ ၁ဝ အိတ်၊ ကျောက်ပွင့် ၅ ဖာ၊ မှိုမဲ ၁ ဖာ၊ မဆလာ ၅ ဖာ၊ တို့ဟူး ခြောက် ၂ ဖာ၊ အမွှေး တိုင် ၁ဝ ဖာနဲ့ ခေါက်ဆွဲ ခြောက် ဖာ ၃ဝ တို့ ဖြစ်ရာ မနဲလှတဲ့ ပမာဏ ကို လရ-၁ အဖွဲ့က စစ်ဆေး တွေ့ ရှိ ခဲ့ခြင်းပင် ဖြစ်ပါတယ်။

Source : လရ-၁------MTN

မြန်မာ စိုက်ပိုျးရေး ကဏ္ဍမှာ Vina Capital မှ ရင်းနှီး မြှုပ်နံှ ရန် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုး

Tue, 05/14/2013 - 09:32 -- admin
Undefined

အင်္ဂါနေ့ ၂ ဧပြီလ  ၂၀၁၃ 10 :48  AM

ဗီယက်နမ် နိုင်ငံမှ Vina Capital ကုမ္ပဏီ၊ ဂျပန် နိုင်ငံမှ Mitsui ကုမ္ပဏီ တို့ဟာ မြန်မာ နိုင်ငံမှ မြန်မာ့ လယ်ယာ စီးပွားရေး အများပိုင် ကော်ပို ရေးရှင်း (MAPCO – Myanmar Agribusiness Public Corporation) နဲ့ စိုက်ပိုျးရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်း ဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာကို ရေးထိုး ခဲ့ကြ တယ်လို့ VNA Online သတင်းမှာ ဖော်ပြ ထားပါ တယ်။ နားလည်မှု စာချွန်လွှာ ရေးထိုး ရာမှာ စားသောက်ကုန် ထုတ်လုပ်သည့် စက်ရုံ များ၊ ဆန်စက် နဲ့ သန့်စင် စက်များ တည်ဆောက်ရေး လုပ်ငန်းများ ပူးပေါင်း လုပ်ဆောင် ရန် ကိစ္စ ရပ်များ ပါရှိပြီး ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးနဲ့ နေပြည်တော် တို့မှာ စက်ရုံများ တည်သွား မယ်လို့ သိရပါ တယ်။

၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလမှ စပြီး မြန်မာ နိုင်ငံ တွင် ပြည်ပ ရင်းနှီး မြှုပ်နံှ သူများက စိုက်ပိုျးရေး စီမံကိန်း (၉) ခုမှာ ကန် ဒေါ်လာ ၁၈၂ သန်းကျော်ဖိုး ရင်းနှီး မြှုပ်နံှ ထားပြီး ဖြစ်ပါတယ်။

Source : VNA Online ----CMK

ဗီယက်နမ် - မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေး ပူးပေါင်း ဆောင်ရွက်

Tue, 05/14/2013 - 09:29 -- admin
Undefined

အင်္ဂါနေ့ ၂ ဧပြီလ  ၂၀၁၃ 10 :48  AM

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း ဟာ မတ်လ ၂ဝ ရက် နေ့က ဗီယက်နမ် နိုင်ငံ ဟနွိုင်းမှာ ဗီယက်နမ်မှ မြန်မာ နိုင်ငံမှာ စီးပွားရေးနဲ့ ရင်းနှီး မြှုပ်နံှမှု များ လာရောက် လုပ်ဆောင် နေကြတဲ့ ဗီယက်နမ် စီးပွားရေး လုပ်ငန်းရှင်များနဲ့ တွေ့ဆုံ ခဲ့ပါတယ်။ ထိုသို့ တွေ့ဆုံ ရာမှာ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း က ၂ဝ၁၃ ခုနှစ် ဖေဖော် ဝါရီလ လကုန် အထိ မြန်မာ နိုင်ငံမှာ ပြည်ပမှ လာရောက် ရင်းနှီး မြှုပ်နံှတဲ့ နိုင်ငံများ စာရင်းမှာ ဗီယက်နမ် နိုင်ငံ ဟာနံပါတ် ၉ နေရာမှာ ရှိနေ ကြောင်း မြန်မာ အစိုးရ အနေနဲ့ ပြင်ပမှ လာရောက် ရင်းနှီး မြှုပ်နံှ မှုများ အတွက် အခြေ အနေ ကောင်းများကို ဖန်တီး ပေးလျက် ရှိကြောင်း နဲ့ ပိုမို အထောက် အကူ ပြုစေရန် လုပ်ထုံး လုပ်နည်း စည်းမျဉ်း ဥပဒေ များကို လည်း ပြင်ဆင် ရေးဆွဲ ပေးနေ ကြောင်း အသိပေး ရှင်းလင်း ပြောကြား ခဲ့တယ်လို့ VOV သတင်းမှာဖော်ပြထားပါတယ်။ မြန်မာ နိုင်ငံ တွင် စီးပွားရေးနဲ့ ရင်းနှီး မြှုပ်နံှ သူများ လာရောက် လုပ်ကိုင် နေသော ဗီယက်နမ် စီးပွားရေး လုပ်ငန်း ရှင်များ အသင်း (AVIM – Association of Vietnamese Business Investors in Myanmar ) ဥက္ကဌ Tran Bac Ha က မြန်မာ နိုင်ငံမှာ စားသုံး ကုန်များ နဲ့ လယ်ယာ ထွက်ကုန်များ ထုတ်လုပ်မှု နည်းပညာ ပိုင်းဆိုင် ကဏ္ဍ များမှာ ရင်းနှီး မြှုပ်နံှရန် အလား အလာ များ ရှိကြောင်း ပြောကြား ခဲ့ပါတယ်။

ဗီယက်နမ် စီးပွားရေး ကော်ပို ရေးရှင်းကြီး များ ဖြစ်တဲ့ Hoang Anh Gia Lai , Simco Song Da နဲ့ ဗီယက်နမ် ရင်းနှီး မြှုပ်နံှမှုနဲ့ဖွံ့ဖြိုးရေး ဘဏ် (BIDV -Bank for Investment and Development of Vietnam) တို့ဟာ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီး မြှုပ်နံှ လုပ်ကိုင် လျက် ရှိပါတယ်။ ၂ဝ၁၅ ခုနှစ်မှာ နှစ်နိုင်ငံ အပြန် အလှန် ကုန်သွယ်မှု ပမာဏ ကို ကန် ဒေါ်လာ သန်း ၅ဝဝ ထိရရှိရန် ရည်ရွယ် ထားတယ်လို့ သိရှိ ရပါ တယ်။

Source: VOV---CMK

ITC ကတ်ဖြင့် လုပ်ငန်း ဆောင်ရွက်မှု ကျပ်သန်း ၆ဝဝ ကျော် ရရှိနေ

Tue, 05/14/2013 - 09:28 -- admin
Undefined

အင်္ဂါနေ့ ၂ ဧပြီလ  ၂၀၁၃ 10 :45  AM

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန အနေနဲ့ နယ်စပ်နေ ပြည်သူ များ၊ အသေးစား လုပ်ငန်းရှင် များနဲ့ ဒေသခံ တိုင်းရင်းသားများ ရိုးရှင်း လွယ်ကူစွာ နဲ့ တရားဝင် ကုန်သွယ်မှု ဆောင်ရွက် နိုင်ဖို့ ရည်ရွယ်ပြီး တစ်ဦးတည်းပိုင် ထုတ်ကုန် သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင် Individual Trading Card(ITC)နဲ့ ကုန်သွယ်မှု လုပ်ငန်း ဆောင်ရွက် ခွင့်ပြု ခဲ့တာ ယခု ဆိုရင် (၄) လခန့် ရှိခဲ့ပြီ ဖြစ်ပါတယ်။ မတ်လ ၂ဝ ရက်နေ့ အထိ ဆောင်ရွက်မှု အရ နယ်စပ်ပေါက် အလိုက် လုပ်ငန်း ဆောင်ရွက်မှု အခြေ အနေ တိုးတက်မှုကို ကြည့်မယ် ဆိုရင် ပထမဆုံး ITC ခွင့်ပြု ပေးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့ ကစပြီး တမူး နယ်စပ် ကုန်သွယ်ရေး စခန်းမှာ ဆိုရင် ITC ၆၈ ကတ်၊ ကုန်သွယ်မှု တန်ဖိုးကျပ် ၃၅၃ ဒသမ ၆၁ သန်း၊ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ စတင် ITC ခွင့်ပြုတဲ့ မူဆယ်မှာ ဆိုရင် ITC ၁၄ဝ ကတ်၊ ကုန်သွယ်မှု တန်ဖိုးကျပ် ၁၉၁ ဒသမ ၇၂၅ သန်း၊ မြဝတီမှာ ဆိုရင် ITC ၃၂ ကတ်၊ ကုန်သွယ်မှု တန်ဖိုးကျပ် ၂၇ ဒသမ ၃၅၈ သန်းဖိုးနဲ့ ၂ဝ၁၃ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့မှာ စတင်ပြီး ITC ကတ် ထုတ်ပေး ခဲ့တဲ့ တာချီလိတ် စခန်း မှာ ဆိုရင် ITC ၃၄ ကတ်နဲ့ ကုန်သွယ်မှု တန်ဖိုး ကျပ် ၃၂ ဒသမ ၃၂၆ သန်း ဆောင်ရွက် နိုင်ခဲ့ တာကြောင့် ယနေ့ အထိ စုစုပေါင်း လုပ်ငန်း ဆောင်ရွက် ခွင့်ပြုမှု ကတ် ပေါင်း ၂၇၄ ကတ်နဲ့ ကုန်သွယ်မှု တန်ဖိုး ကျပ် ၆ဝ၅ ဒသမ ဝ၁၆ သန်းဖိုး ဆောင်ရွက် ပြီးစီး ပြီလို့ သိရ ပါတယ်။ ဒါကြောင့် ITC ကတ် ထုတ်ပေး ခြင်းဖြင့် ပြည်သူ အတွက် သာမက နိုင်ငံတော်ရဲ့ ကုန်သွယ်မှု တိုးတက်ပြီး ရသင့် တဲ့ အခွန်အခ များလည်း ပိုမို ရရှိ နေပါကြောင်း သတင်း ကောင်းပါး လိုက်ပါ တယ်။                                                                                                                                 

KZW

 
 

ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ လုပ်ငန်းသုံး ပစ္စည်း ကိရိယာ များအား ပို့ကုန် သွင်းကုန် လိုင်စင် လျှောက်ထား ခြင်းမှ ကင်းလွတ် ခွင့်ပြု

Tue, 05/14/2013 - 09:28 -- admin
Undefined

အင်္ဂါနေ့ ၂ ဧပြီလ  ၂၀၁၃ 10 :25  AM

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းသုံး ပစ္စည်း ကိရိယာ များအား ပို့ကုန် သွင်းကုန် လိုင်စင် လျှောက်ထား ခြင်းမှ ကင်းလွတ် ခွင့်ပြု သည့် အမိန့် ကြော်ငြာစာ အမှတ် ၂၃/၂ဝ၁၃ ကို ၂ဝ၁၃ ခုနှစ် မတ်လ ၁၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေငြာ လိုက်ကြောင်း သိရသည်။

အဆိုပါ အမိန့် ကြော်ငြာစာ တွင် '' စွမ်းအင် ဝန်ကြီး ဌာနနှင့် နိုင်ငံခြား ကုမ္ပဏီများ အကြား အကိုျးတူ ဆောင်ရွက် သည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ဆိုင်ရာ လုပ်ငန်းများ အတွက် စွမ်းအင် ဝန်ကြီး ဌာန ၏ ကြီးကြပ်မှု နှင့် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်းသုံး ပစ္စည်း ကိရိယာများ အား ပြည်ပမှ တင်သွင်းခြင်းနှင့် လုပ်ငန်း ပြီးဆုံး ၍ ပြည်ပ သို့ ပြန်လည် တင်ပို့ခြင်း များ'' အတွက် ပို့ကုန် သွင်းကုန် လိုင်စင် လျှောက်ထား ခြင်းမှ ကင်းလွတ်ခွင့်ပြု လိုက်သည် ဟု ဖော်ပြ ပါရှိကြောင်း သိရ သည်။

Source: ကသစ(ဦး)ကညက------ပန်

မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှု မြှင့်တင်ရေး ပူးပေါင်း ဆောင်ရွက် လျက်ရှိ

Tue, 05/14/2013 - 09:25 -- admin
Undefined

တနင်္လာနေ့ဧပြီလ  ၂၀၁၃ 15 း 55  PM

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ အဆင့်မြင့် အရာရှိ များနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ အဆင့်မြင့် အရာရှိ များ နေပြည်တော်မှာ ပြီးခဲ့တဲ့ အပတ်က တွေ့ဆုံ ကြရာ မှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံ အကြား ကုန်သွယ်မှု မြှင့်တင်ရေးကို ဆွေးနွေး ခဲ့ကြ ပါတယ်။ ပြီးခဲ့တဲ့ အပတ်က နေပြည်တော်မှာ ပြုလုပ်တဲ့ အစည်း အဝေး မှာ နှစ်နိုင်ငံ ကုန်သွယ်ရေး ဝန်ကြီး များက သဘော တူညီချက် များကို ထုတ်ပြန် ခဲ့ပါ တယ်။ မြန်မာ နိုင်ငံမှ ဆား တင်ပို့ နိုင်ရေး၊ လေကြောင်း လိုင်းများ တိုးခဲျ့ ပံျသန်းရေးနဲ့ သင်္ဘောလိုင်းများ ပိုမို ချိတ်ဆက် ခုတ်မောင်း ရေးနဲ့ နှစ်နိုင်ငံ ဌာန ဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်များ ပိုမို ပူးပေါင်း ဆောင်ရွက်ရန် တွန်းအားပေး ဆောင်ရွက် ရန် သဘောတူ ခဲ့ကြ တယ်လို့ တာဝန်ရှိ ပြောရေး ဆိုခွင့် ရှိသူက ပြောကြား ခဲ့ပါတယ်။

မြန်မာ နိုင်ငံ ဟာ နှစ်နိုင်ငံ အပြန် အလှန် ကုန်သွယ်မှု တိုးမြှင့်ရေး အတွက် ပထမ ထိုင်း၊ ဒုတိယ ဗီယက်နမ် တို့နဲ့ စာခုျပ်များ ခုျပ်ဆို ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ ခုျပ်ဆို မှုဟာ တတိယ နေရာမှာ ရှိနေ ခဲ့ပါ တယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ လာအို၊ မလေးရှား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံ တို့နဲ့ ကုန်သွယ်မှု သဘောတူ စာခုျပ်များ လက်မှတ် ရေးထိုး ထားပြီး ဖြစ်ပါတယ်။

Source : The Nation-----CMK

Pages

Subscribe to RSS - Department of Trade