Department of Trade

တရားဝင် တင်သွင်းခွင့်ပြု ထားပေမဲ့ မော်တော် ဆိုင်ကယ်များ တရားမဝင် သယ်ဆောင်မှုများ ရှိနေ

Tue, 05/14/2013 - 08:00 -- admin
Undefined

တနင်္လာနေ့  ၁၈ မတ်လ  ၂၀၁၃ 11 း 07 AM

ပင်လယ် ရေကြောင်းမှ သာမက နယ်စပ် ကုန်သွယ်ရေး စခန်း များမှလည်း မော်တော် ဆိုင်ကယ် အပါအဝင် သုံးဘီး ဆိုင်ကယ်၊ ထရော်လာ ဂျီများကို တရားဝင် တင်သွင်း ခွင့်ပြု ထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဝိသမ လောဘ သားအချို့ ဟာ မော်တော် ဆိုင်ကယ်များ ကို Light Truck များ၊ ၆ ဘီးယာဉ်များ၊ ၁၂ ဘီး ယာဉ်များမှာ အခြား ကုန် များနဲ့ ရောနှော သိုဝှက် သယ်ဆောင် မှုများ ကိုကျူးလွန် လျက်ရှိနေတယ်လို့ သိရှိရ ပါတယ်။ မူဆယ်-မန္တလေး ကုန်သွယ်မှု လမ်းကြောင်းမှာ စားသုံးသူ အကာအကွယ် ပေးရေးနဲ့ တရား မဝင် ကုန်သွယ်မှု တားဆီးရေးအဖွဲ့-၁ က မတ်လ ၅ ရက်မှ ၁ဝ ရက်ထိ ကာလ အတွင်းမှာ ၁၂၅ စီစီနဲ့ ၁ဝဝ စီစီ မော်တော် ဆိုင်ကယ် ၁၅ စီးကို စစ်ဆေး တွေ့ရှိခဲ့ ရတယ်လို့ Mobile Team အဖွဲ့-၁ ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးစန်းလွင် ထံမှ Commerce Journal က သိရှိရပါတယ်။ ဦးစန်းလွင်ရဲ့ ပြောကြားချက် အရ မတ်လ ၈ ရက်နေ့မှာ ၁၂ ဘီးယာဉ် ၂င/ထထထထ ပေါ်မှ ဆိုင်ကယ် ၃ စီး၊ ၉ ရက်နေ့မှာ Light Truck ယာဉ် ၈ဇ/ထထထထ ပေါ်မှ ဆိုင်ကယ် ၃ စီး၊ မတ်လ ၁ ရက်နေ့မှာ Nissan ၆ ဘီးယာဉ် ၅က/ထထထထ ပေါ်မှ ဆိုင်ကယ် ၃ စီး၊ ၁၂ ဘီးယာဉ် ၃ဂ/ထထထထ ပေါ်မှ ၃ စီးနဲ့ ၈ဈ/ထထထထ Nissan ၆ ဘီးယာဉ်ပေါ်မှ ၃ စီး စုစုပေါင်း ၁၅ စီးကို ရှာဖွေတွေ့ရှိတဲ့ အတွက် လားရှိုး အကောက်ခွန်သို့ လုပ်ထုံး လုပ်နည်းနဲ့ အညီ စနစ်တကျ လွဲှပြောင်း အပ်နံှထားပြီး ဖြစ်တယ် လို့လည်း သိရပါတယ်။

တရား မဝင် တင်သွင်းမှု တွေများ လာတာနဲ့ အမျှ နိုင်ငံတော် တည်ဆောက်ရေး၊ ဘက်စုံ ဖွံ့ဖြိုး တိုးတက် ရေး အတွက် အသုံးပြုရမဲ့ အခွန်အခ ရရှိမှုများ လျော့နည်း လာစေတဲ့ အပြင် တရားဝင် တင်သွင်း သူများကို လည်းဈေးကွက် ယှဉ်ပြိုင် နိုင်စွမ်းအား လျော့နည်း စေမှာ ဖြစ်ပါတယ်။ တရားမျှတမှု ရှိစွာ တန်းတူ ညီမျှသော အခွင့်အရေးကို ရိုးသားစွာ အတူတကွ ခံစားနိုင် ကြဖို့ တရား မဝင် ကုန်သွယ်မှု ပြုနေမှု များကို ထိရောက် ပြင်းထန်သော အရေးယူမှုများ ပြုလုပ်သင့် နေပြီဖြစ်ပါတယ်။

 

Source လရ-၁                                                                                                     MTN

ပြင်ဦးလွင် - မိုးကြိုး - မိုးကုတ်မိုင်တိုင် ၉/ဝ နဲ့ အခြား သစ်ခွဲသားတင် Light Truck ယာဉ်

Tue, 05/14/2013 - 07:57 -- admin
Undefined

တနင်္လာနေ့  ၁၈ မတ်လ  ၂၀၁၃ 10 း 48 AM

မန္တလေး - မူဆယ် ကုန်သွယ်မှု လမ်းကြောင်း တွင် စားသုံးသူ အကာအကွယ် ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး Mobile Team အဖွဲ့-၁ ဟာ မတ်လ ၉ ရက်နေ့က သတင်း အရ ထုတ်နုတ် အင်အား နဲ့ ပြင်ဦးလွင် - မိုးကုတ် ကားလမ်းဆုံက တဆင့် ပြင်ဦးလွင် - မိုးကြိုး -မိုးကုတ် ကားလမ်း အတိုင်း မောင်းနှင် လာခဲ့ပါတယ်။ မိုင်တိုင် အမှတ် ၉/ဝ သို့ ၁၃း၄၅ ချိန်ရောက်ရှိ လာချိန် မှာတော့ မိုးကုတ်-ပြင်ဦးလွင် ကားလမ်း အတိုင်း မောင်းနှင် လာတဲ့ Light Truck ယာဉ် ၈က/xxxxx နဲ့ ၈ဃ/xxxxx ယာဉ်နှစ်စီး ပေါ်မှာ သစ်ခွဲ သားများ တင်ဆောင်ထား တာကိုတွေ့ ရှိရတဲ့ အတွက် ရပ်တန့် စစ်ဆေးမှု ပြုလုပ် ခဲ့ပါတယ်။ အဆိုပါ ယာဉ် (၂) စီး ပေါ်ပါ အခြားအသား သစ်ခွဲသား များကို တွေ့ရှိရပြီး သစ်တော ဦးစီးဌာနရဲ့ ထုတ်လုပ်ခွင့်နဲ့ မျှောစာ မပါရှိ တာကိုလည်း စစ်ဆေး တွေ့ရှိခဲ့ ရတယ်လို့ သိရှိရ ပါတယ်။ သစ်တော ဦးစီးဌာန မိုးကြိုး ဘိနယ်ရုံး တာဝန်ခံ ဦးခင်မောင်ဆန်းထံကို အခြားအသား သစ်ခွဲသားများနဲ့ သစ်သယ်ယာဉ် Light Truck (၂) စီးကို သစ်တော ဦးစီးဌာန လုပ်ထုံးလုပ်နည်းနဲ့ အညီအရေးယူ ဆောင်ရွက် နိုင်ရန် လွဲှပြောင်း အပ်နံှခဲ့ပြီး ဖြစ်တယ်လို့ Commerce Journal က သတင်း ရရှိပါတယ်။

 

Source လရ-၁                                                                                               MTN

မုပ္ပလင် မြစ်ကျိုးအင်း ကျေးရွာချင်း ဆက်လမ်းက တိမ်းစောင်းယာဉ်မှာ ကုန်စိမ်းနဲ့ သစ်ခွပန်းများ တရားမဝင် သယ်ဆောင်လာမှု စစ်ဆေးတွေ့ရှိ

Tue, 05/14/2013 - 07:56 -- admin
Undefined

သောကြာနေ့  ၁၅ မတ်လ  ၂၀၁၃ 11 း 10 AM

မတ်လ ၆ ရက်နေ့ ညသန်းခေါင်ယံ အချိန် ၂၃း၃ဝ နာရီ ခန့်မှာ မုပ္ပလင် မြစ်ကျိုးအင်း ကျေးရွာ ချင်းဆက် လမ်းမှာ တရားမဝင် ကုန်စုံ တင်ထားတဲ့ ဒိုင်နာယာဉ် တစ်စီး တိမ်းစောင်း နေတယ်လို့ သတင်းအရ Mobile Team အဖွဲ့-၂ မှ သွားရောက် စစ်ဆေးမှု ပြုလုပ်ခဲ့ရာမှာ တရားမဝင် သယ်ဆောင်လာတဲ့ သစ်ခွပန်းနဲ့ ကုန်စိမ်း များတွေ့ရှိ သိမ်းဆည်းမှု ပြုလုပ်ခဲ့တယ်လို့ သတင်း ရရှိခဲ့ပါတယ်။ စစ်ဆေးတွေ့ရှိ သိမ်းဆည်းခဲ့ရတဲ့ ပစ္စည်းတေ ကတော့ သစ်ခွပန်းများနဲ့ ပိန္နဲသီး၊ ကွဲျကောသီး၊ သရက်သီး၊ သံပုရာသီး၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ ဂေါ်ဖီ၊ ငြုပ်သီး၊ ကညွှတ်၊ ပိန်းဥ၊ မှိုနဲ့ဂျင်းစတဲ့ ပုတ်သိုးလွယ် ကုန်စိမ်းများဖြစ်ပြီး ခန့်မှန်းတန်ဖိုး အားဖြင့်ကျပ် ၁၆ သိန်းကျော် ရှိတယ်လို့သိ ရပါတယ်။

ပုတ်သိုး လွယ်ကုန် စိမ်းများနဲ့ သစ်ခွပန်းများ ကို Mobile Team အဖွဲ့စုံနဲ့ စည်ပင် သာယာအဖွဲ့တို့ ပါဝင်တဲ့ အဖွဲ့က စနစ်တကျ လုပ်ထုံးလုပ်နည်းနဲ့ အညီ ဈေးပြိုင်စနစ်နဲ့ လေလံတင် ရောင်းချခဲ့ရာ မှာတော့ လေလံယှဉ်ပြိုင် ဆွဲသူ (၅) ဦးရှိခဲ့ပြီး အမြင့်ဆုံးဈေး ၁၇ သိန်းနဲ့လေလံ ပြိုင်ဆွဲသူ များထဲက (၁) ဦး လေလံ အောင်သွား ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

Source: လရ-၁                                                                                           MTN

အေးခဲဘဲသားများ နောင်ချိုတွင် မီးရှို့ဖျက်စီးခဲ့ရ

Tue, 05/14/2013 - 07:56 -- admin
Undefined

သောကြာနေ့  ၁၅ မတ်လ  ၂၀၁၃ 11 း 07 AM

စားသုံးသူ အကာအကွယ် ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး အဖွဲ့ Mobile Team အဖွဲ့-၁ ဟာ မူဆယ်-မန္တလေး ကုန်သွယ်မှု လမ်းကြောင်းမှာ တာဝန်ယူ     နေစဉ် မတ်လ ၅ ရက်နေ့ ၁၁း၃ဝ ချိန်မှာ လားရှိုးမှ မန္တလေးသို့ မောင်းနှင်လာတဲ့ Van ကားယာဉ်အမှတ် ၉က/xxxxxx အား စစ်ဆေးတဲ့ အခါ ယာဉ်ပေါ်မှ တရားမဝင် အကောက်ခွန်မဲ့ အေးခဲဘဲသား (၄) ဖာအား ပိုင်ရှင်မဲ့ စစ်ဆေး တွေ့ရှိခဲ့ ရပါတယ်။     .........ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကိုနှိပ်ပါ

 

စစ်ဆေး တွေ့ရှိရတဲ့ အေးခဲဘဲသား များဟာ ပုတ်သိုး ပျက်စီးလွယ် ပစ္စည်းများ ဖြစ်ခြင်း၊ မွေးမြူးရေးနဲ့ ကုသရေး ဦးစီးဌာန အနေနဲ့ ထောက်ခံပေးနိုင်တဲ့ ပစ္စည်း မဟုတ်ခြင်း တို့ကြောင့် မတ်လ ၆ ရက် ၁၃းဝဝ ချိန်မှာ Mobile Team အဖွဲ့ခေါင်းဆောင်၊ နောင်ချို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ပြန်ကြားရေးနဲ့ ပြည်သူ့ ဆက်ဆံ ရေးဌာန၊ ကုန်သည် အသင်း တာဝန်ရှိသူများ၊ Mobile Team အဖွဲ့ဝင် အကောက်ခွန်နဲ့ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ တို့မှ ဌာန အလိုက် တာဝန်ခံများ ပါဝင်တဲ့ အဖွဲ့စုံနဲ့ စနစ်တကျ မီးရှို့ ဖျက်ဆီးမှု ပြုပြီး ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။ မီးရှို့ ဖျက်ဆီးခဲ့တဲ့ အေးခဲဘဲသားမှာ အလေးချိန် အားဖြင့် ၃၂ဝ ကီလို ဝန်းကျင် ရှိတယ်လို့ သိရှိရ ပါတယ်။

Source: လရ-၁                                                                                                           MTN

Without ယာဉ် (၅) စီးအား စစ်ဆေးတားဆီးမှုပြုခဲ့

Tue, 05/14/2013 - 07:52 -- admin
Undefined

သောကြာနေ့  ၁၅ မတ်လ  ၂၀၁၃ 10 း 25 AM

နောင်ချိုမြို့သံသရာအေး ဘုရားဝန်းကျင်ရှိ ရှောင်ကွင်း လမ်းများသို့ လှုပ်ရှား ရွေ့လျား အဖွဲ့-၁ ထုတ်နှုတ် အင်အားနဲ့ ရှောင်တခင် ဝင်ရောက် ရှင်းလင်းရာ ဘုရားအနီး ကျောက်ချောလမ်း အတိုင်း ဝင်လာတဲ့ အကောက်ခွန်မဲ့ လိုင်စင်မဲ့ အရပ်အခေါ် Without ကား (၅) စီးကို တွေ့ရှိ စစ်ဆေး တားဆီး နိုင်ခဲ့တယ်လို့ သတင်း ရရှိ ပါတယ်။

........ဆက်လက်ဖတ်ရှုပါရန် ခေါင်းစဉ်ကိုနှိပ်ပါ

စစ်ဆေး တားဆီး ခဲ့ရတဲ့ ယာဉ် (၅) စီးကတော့ ၄ လုံးထိုး Dump Truck (၁၂) တန် ယာဉ် ၁က/xxxxx၊ ၉င/xxxxx၊ ၄ လုံးထိုး Dump Truck (၁ဝ) တန်ယာဉ် ၉င/xxxxx၊ ၄ လုံးထိုး Dump Truck (၈) တန်ယာဉ် ၉ဌ/xxxxx နဲ့ ၉ဌ/xxxxx တို့ဖြစ်ပြီး (၁ဝ) တန်ယာဉ်ပေါ်မှာ အင်ဂျင်ပျက် အဟောင်း တစ်လုံး တင်ဆောင် ထားတယ် လို့ သိရပါတယ်။

ဖြစ်စဉ် ကတော့ လွန်ခဲ့တဲ့ရက် ၂ဝ ခန့်က တစ်ဖက် နိုင်ငံ ချန်းရင်မြို့မှ ဝယ်ယူပြီး ချင်းရွှေဟော်မှ ဟိုပင်၊ ထိုမှ မတ်လ ၄ ရက်နေ့မှာ ဟိုပင်-ကွမ်းလုံ- သိန္ဒီ၊ လားရှိုး-ကျောက်မဲ ကားလမ်း၊ ထိုမှ နောင်ခိုျသို့ ဝင်ရောက်ခဲ့တာလို့ သိရပါတယ်။ နောင်ခိုျကို ဝင်ရောက်ရာ မှာတော့ Asia World Toll Gate အလွန် ယခင် မူးယစ် ဂိတ်ဟောင်း နေရာရှိ ရှောင်ကွင်းလမ်းကို အသုံးပြုပြီး သံသရာအေး ဘုရားအနီး ကျောက်ချောလမ်းမှ မောင်းနှင် လာတာလို့ သိရပါတယ်။ လိုင်စင်မဲ့ ယာဉ် ၅ စီးလုံးကို လားရှိုးမြို့ ရပ်ကွက်ကြီး ၁၁၊ နှင်းဆီလမ်း၊ ခြံအမှတ် xxx နေ၊ ဦးxxxx က တစ်ဖက်နိုင်ငံမှ ဝယ်ယူခဲ့ပြီး မန္တလေးသို့ သယ်ဆောင် စေလာခြင်း ဖြစ်တယ်လို့ လည်း သိရပါတယ်။ လမ်းကြောင်းရှင်းရန် ဒုရဲအုပ် ငြိမ်း အဆင့်် ရှိတယ်လို့ ယူဆရသူ တစ်ဦးက လိုက်ပါ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ယာဉ်များအား Mobile Team အဖွဲ့မှ စစ်ဆေး နေစဉ် ထိုသူ ထွက်ပြေး တိမ်းရှောင် သွားခဲ့ပါတယ်။ ယာဉ် ၁ စီး လမ်းရှင်းခ ၆၅ဝဝဝဝကျပ် ဝန်းကျင် အသုံးပြုပြီး သယ်ဆောင် လာတာကို Mobile Team အဖွဲ့က ဖော်ထုတ် ရရှိခဲ့တယ်လို့ Mobile Team-၁ အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးစန်းလွင်ထံမှ စုံစမ်း သိရှိခဲ့ရ ပါတယ်။

တရားမဝင် အကောက်ခွန်မဲ့ ယာဉ် ၅ စီးနဲ့ အင်ဂျင် ဟောင်းပျက်ကိုလည်း ပြည်သူူ့ ဘဏ္ဍာ အဖြစ် သိမ်းဆည်း နိုင်ရေး လုပ်ထုံးလုပ်နည်းနဲ့ အညီ လားရှိုး အကောက်ခွန်ဌာနသို့ စနစ်တကျ လွဲှပြောင်းထားပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။

Source: လရ-၁                 MIRT

မူဆယ်-မန္တလေး ကုန်သွယ်မှု လမ်းကြောင်းမှ ကျပ် ၇၃၅ သိန်းကျော်တန်ဖိုးရှိ အကောက်ခွန်မဲ့ ပစ္စည်းများ စစ်ဆေးတွေ့ရှိ

Tue, 05/14/2013 - 07:52 -- admin
Undefined

ကြာသပတေးနေ့  ၁၄ မတ်လ  ၂၀၁၃ 01 း 21 PM

ဖေဖော်ဝါရီလ ၂ဝ ရက်နေ့မှ မတ်လ ၁ ရက်နေ့ထိ ကာလ အတွင်း မူဆယ်-မန္တလေး ကုန်သွယ်မှု လမ်းကြောင်း ပေါ်မှ ကျပ် ၇၃၅ ဒသမ ၆၅၄ သိန်း တန်ဖိုးရှိ အကောက်ခွန်မဲ့ ပစ္စည်း များကို ရွေ့လျား ရှာဖွေတားဆီး ရေးအဖွဲ့ Mobile Team- ၁ မှ စစ်ဆေးရှာဖွေ တွေ့ရှိခဲ့ရပြီး အကောက်ခွန် အမှုတွဲ ၁၁ ခု ဖွင့်လှစ်ပြီး အကောက်ခွန်ဌာနသို့ လွဲှပြောင်းပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ သတင်းရရှိပါတယ်။   

.........ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကိုနှိပ်ပါ

 

စစ်ဆေး ရှာဖွေ တွေ့ရှိခဲ့ရတဲ့ အကောက်ခွန်မဲ့ ပစ္စည်းတွေ ကတော့ အေးခဲဘဲသား၊ အေးခဲ ကြက်အသဲ၊ အမဲ သားခြောက်၊ မုန့်မိုျးစုံ၊ နို့၊ ဆော်ဒါ၊ ထောပတ်၊ Cheese၊ ရေခဲမုန့် ကရင်မ်၊ အခိုျရည် အမှုန့်အိတ်၊ ကွဲျရိုင်း အခိုျရည်၊ ဘီယာ၊ ကြက်သွန်ဖြူ၊ ကျား/ မ ၊ ခလေးဝတ် အဝတ်အထည်၊ ပလပ်စတစ် လေမှုတ်အရုပ်များ၊ တမလန်း၊ သစ်ခွ ပန်းရိုးခြောက်၊ ပိတောက် ကျည်းပေါင်း၊ Handset များ၊ ကွန်ပူျတာနဲ့ ဆက်စပ် ပစ္စည်းများ၊ ဖုန်း Charger များ၊ Handphone နဲ့ ဆက်စပ် ပစ္စည်းများနဲ့ ပိုးသတ်ဆေးအမှုန့်၊ အပင်/သီးနံှ အားတိုးဆေး၊ ခြင်ဆေးခွေ၊ Lifan Truck Truck၊ ထရော် လာဂျီ တို့ဖြစ်တယ်လို့ သိရပါတယ်။

Source လရ-၂                                                                                            MTN

အငှားယာဉ် ငယ်များနဲ့ တရားမဝင် အကောက်ခွန်မဲ့ ကုန်စည်များ သယ်ဆောင်မှုရှိလာ

Tue, 05/14/2013 - 07:44 -- admin
Undefined

ကြာသပတေးနေ့  ၁၄ မတ်လ  ၂၀၁၃ 01 း 15 PM

မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းမှာ လှုပ်ရှားရှာဖွေ တားဆီး စစ်ဆေးလျက် ရှိတဲ့ Mobile Team အဖွဲ့ ဟာ တရားမဝင် အကောက်ခွန်မဲ့ သယ်ဆောင်တဲ့ လမ်းကြောင်းနဲ့ အလေ့အထများကို လေ့လာ သုံးသပ်ကြည့်ရာမှာ အငှားယာဉ်ငယ် (Taxi) များ နေ့စဉ် ညစဉ်ဖြတ်သန်း သွားလာမှုများ များပြားနေတာကို တွေ့ရှိနေရတဲ့ အတွက် ထုတ်နှုတ် အင်အားနဲ့ ဘုရားကြီး Toll Gate မှာ စုံစမ်း စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။  .........ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကိုနှိပ်ပါ

မတ်လ ၃ ရက်နေ့ သန်းခေါင်ကျော် ဝဝး၁၅ နာရီ၊ ဝဝး၄၅ နာရီနဲ့ ၁၂းဝဝ နာရီများမှာ Probox အမိုျး အစား အငှားယာဉ် ၃ စီး ကက/xxxx ဗဗ/xxxx နဲ့ ၁င/xxxx ပေါ်မှ ကျပ် ၂၃ ဒသမ ၉ဝ၄ သိန်း တန်ဖိုးရှိ Beer Chang ၅ဝဝ ml ကတ် ၂၇ဝ ကျော်နဲ့ ၃၃ဝ ml ၄၅ ကတ်ကို စစ်ဆေးတွေ့ရှိရတဲ့အတွက် အကောက်ခွန် လုပ်ထုံး လုပ်နည်းနဲ့ အညီ အမှုတွဲဖွင့် သိမ်းဆည်း ခဲ့ရတယ်လို့ သတင်း ရရှိပါတယ်။ အလားတူပဲ မတ်လ ၁ ရက်နေ့ ဝ၃း၁၅ ချိန်ကလည်း ကိုျက်ထိုဘက်မှ မောင်းနှင်လာတဲ့ ဏမသဘသထ အမိုျးအစား အငှားယာဉ် ဗဗ/xxxx ပေါ်မှ ထိုင်းနိုင်ငံလုပ် အသားတု အစို ၉၇၅ ကီလိုဂရမ်ကိုလည်း စစ်ဆေးတွေ့ရှိ သိမ်းဆည်း ခဲ့ရပါသေးတယ်။

ကုန်တင် ယာဉ်ကြီးများ၊ ခရီးသည်တင် မှန်လုံယာဉ်များ၊ Hilux ယာဉ်များနဲ့ တရားမဝင် အကောက်ခွန်မဲ့ ကုန်စည်များ သယ်ဆောင် နေရာမှ ယခုအခါ အငှားယာဉ် များကိုပါ အသုံးပြု သယ်ဆောင်မှု များကို အရဲတိုး လုပ်ဆောင် နေမှုများ တိုးလာနေပြီ ဖြစ်ပါတယ်။ အရေးယူ ကာလ ဖြစ်တဲ့ အားလျော်စွာ ပြင်းထန် ထိရောက်တဲ့ နမူနာပြ ပြစ်ဒဏ်များ ပေးသင့် နေပြီလို့ အကြံပြု ချင်ပါတယ်။

Source လရ-၂                                                                                        MTN

ဖေဖော် ဝါရီလ ၂၈ ရက်မှ မတ်လ ၅ ရက်ထိ ကာလ အတွင်း တရားမဝင် အကောက်ခွန် ပစ္စည်းမျိုးစုံ ကျပ် ၂၄၈ သိန်း ကျော်ဖိုး မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းမှာ စစ်ဆေး တွေ့ရှိရလျက်ရှိ

Tue, 05/14/2013 - 07:44 -- admin
Undefined

ကြာသပတေးနေ့  ၁၄ မတ်လ  ၂၀၁၃ 12 း 57 PM

မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းမှာ တာဝန်ယူ လျက်ရှိတဲ့ လှုပ်ရှား ရှာဖွေတားဆီးရေး (Mobile Team) အဖွဲ့-၂ မှ တာဝန် ယူလျက် ရှိတဲ့ ကာလအတွင်း ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၅ ရက်ထိ ကာလ အတွင်းမှာ ကျပ် ၂၄၈ ဒသမ ၇၃၈ သိန်း တန်ဖိုးရှိ အကောက်ခွန်မဲ့ ပစ္စည်းများအား စစ်ဆေး တွေ့ရှိခဲ့ရတဲ့ အတွက် အကောက်ခွန် လုပ်ထုံးလုပ်နည်း များနဲ့အညီ အမှုတွဲများ ဖွင့်လှစ် အရေးယူ ခဲ့ရတယ်လို့ သိရှိ ရပါတယ်။.........ဆက်လက်ဖတ်ရှုပါရန် ခေါင်းစဉ်ကိုနှိပ်ပါ

 

စစ်ဆေး တွေ့ရှိရတဲ့ အကောက်ခွန်မဲ့ ပစ္စည်းများမှာ Chang Beer များ၊ Sirgha Beer များ၊ 8.6 Beer များ၊ Lipo၊ M 150၊ Dee Do၊ Sprite၊ Kato၊ Queen၊ Cocoa Cola စတဲ့ အခိုျရည်များ၊ ဘီစကစ်၊ ဝေဖာ၊ Soya Milk၊ Birdy Coffee၊ ကင်းမွန်ငံပြာရည်၊ စားဆီ စတဲ့ စားသောက်ကုန်များ၊ ပေပါခွံများ၊ Rubber Break Tone၊ ရေခဲ သေတ္တာ၊ အဝတ်လျှော်စက် Water Cooler၊ TV (အဟောင်းများ)၊ Dunlop တာယာများနဲ့ ထိုင်းနိုင်ငံ လုပ် အသားတု အစိုများ ဖြစ်ကြပါတယ်။

နိုင်ငံတော်ပိုင်းမှ ပို့ကုန်သွင်းကုန် ဆိုင်ရာ ဖြေလျော့မှုများ လုပ်ပေး နေပါလျက် တရားမဝင် အကောက်ခွန်မဲ့ ကုန်သွယ်မှု များကို လုပ်ဆောင် နေမှုများမှာ သိသိသာသာ လျော့နည်း သွားခြင်း မရှိဘဲ ဥပဒေကို မသိကိုျး ကံျွပြုပြီး ဆက်လက် ကူျးလွန် နေဆဲပင် ဖြစ်ပါတယ်။ ပစ္စည်း သိမ်းရုံတင် မဟုတ်ဘဲ ထိရောက် ပြင်းထန်တဲ့ အပြစ်ဒဏ် ပေးစနစ် ကိုကျင့်သုံး အရေးယူ သင့်နေပြီလို့ ယူဆမိပါတယ်။

Source လရ-၂                                                                                                 MIRT

 
 

ကွင်းလမ်း ပတ်လမ်းများမှ သယ်ယူသလို ထုံးအိတ်များ အောက်က ဝှက်သယ်နေတဲ့ အိမ်သုံးလျှပ်စစ် ပစ္စည်းများ

Tue, 05/14/2013 - 07:43 -- admin
Undefined

 ကြာသပတေးနေ့  ၁၄ မတ်လ  ၂၀၁၃ 12 း 15 PM

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ဝေါကွင်း ပတ်လမ်းမှာ ကားတစ်စီးပေါ်မှ ကုန်ပစ္စည်း ထည့်ထားတဲ့ စက္ကူဂျပ် ပုံးများချနေတာ ကိုတွေ့ရှိ နေရတယ်လို့ သတင်းပေးလာတဲ့ အတွက် စစ်တောင်း တံတားဟောင်းနဲ့ အသစ်ဆုံရာ   လမ်းဆုံမှာ အခြေပြုနေတဲ့ ရွေ့ရှားလှုပ်ရှား စစ်ဆေးရေး အဖွဲ့မှ ထုတ်နုတ်အင်အားနဲ့ သွားရောက် စစ်ဆေးခဲ့ ပါတယ်။ ပိုင်ရှင်မဲ့ စုပုံထားတဲ့ အသုံးပြုပြီး (used) ရေခဲသေတ္တာ (တံခါး ၂ ပေါက်) ၂၇ လုံးနဲ့ အဝတ်လျှော်စက် (၂) လုံး ခန့်မှန်းတန်ဖိုး ကျပ် ၁၄ ဒသမ ၅ဝ သိန်းအား တွေ့ရှိခဲ့တဲ့ အတွက် အကောက်ခွန် လုပ်ထုံး လုပ်နည်းနဲ့ အညီ အမှုတွဲ ဖွင့်လှစ် သိမ်းဆည်းမှု ပြုလုပ်ရတယ်လို့ သိရှိရပါတယ်။  .........ဆက်လက်ဖတ်ရှုပါရန် ခေါင်းစဉ်ကိုနှိပ်ပါ

 

မတ်လ ၅ ရက်နေ့မှာလည်း ထုံးအိတ်များ သယ်ဆောင် လာတဲ့ယာဉ်၊ ယာဉ်အမှတ် ၉က/xxxxx ကို ရှာဖွေ စစ်ဆေးရာမှာ ကျပ် ၂ သိန်း တန်ဖိုးရှိ ရေခဲသေတ္တာ တံခါး နှစ်ပေါက် (used) (၁) လုံး၊ Water Cooler (used) (၂) လုံးနဲ့ 14” TV (used) (၃) လုံးကို ထုံးအိတ်များ အောက်မှာ ဝှက်သယ်ဆောင် လာတာကိုလည်း စစ်ဆေး တွေ့ ရှိခဲ့ရတဲ့ အတွက် အမှုတွဲဖွင့် အရေး ယူထား ခဲ့ရတယ်လို့ သတင်းရရှိပါတယ်။

Source: လရ-၂                                                                                  MTN

စားသုံးသူ အကာအကွယ်ပေးရေး ဓာတ်ဆီဒီဇယ် ဆီ ပေပါဟောင်းများကို စစ်ဆေး သိမ်းဆည်းခဲ့ရ

Tue, 05/14/2013 - 07:40 -- admin
Undefined

ကြာသပတေးနေ့  ၁၄ မတ်လ  ၂၀၁၃ 11 း 31 AM

ဖေဖော်ဝါရီလ ၂၆ ရက်မှ မတ်လ ၂ ရက်ထိ ကာလ အတွင်း မြဝတီ ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်း ပေါ်တွင် စားသုံးသူ အကာအကွယ် ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု လျော့နည်း ကျဆင်းရေး လှုပ်ရှား ရှာဖွေတားဆီး စစ်ဆေးလျက်ရှိတဲ့ Mobile Team အဖွဲ့-၂ ဟာ ကာလ တန်ဖိုး (ခန့်မှန်း) ကျပ် ၁၄ သိန်းတန်ဖိုးရှိ ပေပါခွံ အလုံး ၁၄ဝ ကို အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ သိမ်းဆည်း ခဲ့တယ်လို့ သတင်းရရှိပါတယ်။အဆိုပါ ပေပါခွံများမှာ မြဝတီမှ မော်လမြိုင်သို့ စက်သုံးဆီ (ဓာတ်ဆီနဲ့ ဒီဇယ်ဆီ) များ သယ်ဆောင် ထားသော အသုံးပြုပြီး (used) ပေပါများ ဖြစ်ကြောင်းနဲ့ ရန်ကုန်တွင် စားသုံးဆီ ထည့်သွင်း အသုံးပြုရန် အတွက် ရောင်းချရန် အလို့ငှာ သယ်ဆောင်လာခြင်း ဖြစ်တယ်လို့ စိစစ်သိရှိ ရတဲ့ အတွက် စားသုံးသူ အကာအကွယ် ပေးရေး ရှု့ထောင့် အရ Mobile Team အဖွဲ့စုံဟာ သိမ်းဆည်းခဲ့ရခြင်း ဖြစ်တယ်လို့ စုံစမ်းသိရှိ ရပါတယ်။ ပေပါခွံ များကို ၁ဝ ဘီးယာဉ် ၁ စီး၊ ၆ ဘီးယာဉ် ၂ စီးနဲ့ ယာဉ်အမှတ် ဓ/xxxxxx ယာဉ် (၄) စီးနဲ့ တင်ဆောင် လာကြ တာလို့ သိရပါတယ်။

Source လရ-၂                                                                                                  MTN

Pages

Subscribe to RSS - Department of Trade