Department of Trade

ဗီယက်နမ် နိုင်ငံမှ ဆန် တန်ချိန် ၉ သိန်းကျော် တင်ပို့ ပြီးဖြစ်

Tue, 05/14/2013 - 09:25 -- admin
Undefined

တနင်္လာနေ့ဧပြီလ  ၂၀၁၃ 15 း 50  PM

၂ဝ၁၃ ခုနှစ် နှစ်ဆန်းမှ မတ်လ ၁၄ ရက် နေ့ ထိ ဆန် တန်ချိန် ၉ဝ၆၁၇၃၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၄၁၁ သန်းကို တင်ပို့ နိုင်ခဲ့ပြီလို့ ဗီယက်နမ် စားသောက်ကုန် အသင်း (VFA) ရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။

ဇန်နဝါရီလ အတွင်း ဗီယက်နမ်မှ တင်ပို့တဲ့ ပျမ်းမျှ ဆန်ဈေး ဟာ ယမန်နှစ် ကာလတူ ထက် ၂ဝ ရာခိုင်နှုန်း လျော့နည်း ခဲ့ပါ တယ်။ စက်မှုနဲ့ ကုန်သွယ်ရေး ဝန်ကြီး ဌာနမှ အာဖရိက အနောက်နဲ့ တောင်အာရှ ဒေသခွဲ တာဝန်ခံ Hoang Due Nhuan ၂ဝ၁၃ ခုနှစ် ဟာ ဗီယက်နမ် နိုင်ငံ အနေနဲ့ ဆန် တင်ပို့ရန် ခက်ခဲတဲ့ နှစ် တစ်ခု ဖြစ်တယ်။ အခြား ကမ္ဘာ့ ဆန် တင်ပို့တဲ့ နိုင်ငံများ ဖြစ်တဲ့ ထိုင်းနဲ့ အိန္ဒိယ နိုင်ငံတို့နဲ့ ယှဉ်ပြိုင် ပို့ရတဲ့ အတွက် ဖြစ်တယ် လို့ ပြောကြား ခဲ့တယ်လို့ သိရ ပါတယ်။

Source: VOV ----CMK

၁၂ ဘီး ယာဉ် ပေါ်က တရား မဝင် အကောက် ခွန်မဲ့ ဆိုင်ကယ် သုံးစီး၊ အခြား ကုန်တင် ယာဉ်များ ပေါ်မှ Handset နဲ့ EVD စက် များ ရှာဖွေ စစ်ဆေး တွေ့ရှိ

Tue, 05/14/2013 - 09:24 -- admin
Undefined

တနင်္လာနေ့ဧပြီလ  ၂၀၁၃ 13 း 45  PM

မူဆယ်-မန္တလေး ကုန်သွယ်မှု လမ်းကြောင်း တွင် တာဝန် ယူလျက် ရှိတဲ့ စားသုံးသူ အကာ အကွယ် ပေးရေး နဲ့ တရား မဝင် ကုန်သွယ်မှု တားဆီး ထိန်းခုျပ်ရေး အဖွဲ့ Mobile Team အဖွဲ့-၁ ဟာ မတ်လ ၁၇ ရက် ၁ဝး၄ဝ ချိန်မှ ၁၈ ရက် ၂၂း၃ဝ ချိန် ထိ အကောက် ခွန်မဲ့ ပစ္စည်းများ ရှာဖွေ စစ်ဆေး တားဆီး မှုကို လုပ်ဆောင် ရာမှာ ၁၂ ဘီး ယာဉ် ၇ခ/xxxxxxx ပေါ် မှ တရား မဝင် အကောက် ခွန်မဲ့ ဆိုင်ကယ် သုံးစီးကို စစ်ဆေး တွေ့ရှိ ခဲ့တယ် လို့ သတင်း ရရှိ ပါတယ်။

အခြား ၁၂ ဘီးယာဉ် ၆ခ/xxxxx ပေါ်မှလည်း Handset (၁) ဖာ၊ န/xxxxx ၆ ဘီး ယာဉ် ပေါ်မှ Handset (၂) ဖာ၊ ၃င/ xxxxx PE ယာဉ် ပေါ်မှ Handset (၂) ဖာနဲ့ ဖုန်း ဆက်စပ် ပစ္စည်း (၃) ဖာ၊ ဘ/xxxxx Hilux ယာဉ်ပေါ်မှ Radio (၃) ဖာ ကို လည်း ရှာဖွေ တွေ့ရှိ ခဲ့ရ တယ်လို့ သိရ ပါတယ်။

စစ်ဆေးတဲ့ မတ်လ ၁၇ ရက် ၁ဝး၄ဝ ချိန်မှ ၁၈ ရက် ၂၂း၃ဝ ချိန်ထိ ကာလ အတွင်း မှာ ယာဉ် ၁၂ စီး ပေါ်မှ Bridy Coffeemix၊ အထည် မျိုးစုံ၊ Chain Saw ၊ မော်တာ ကွိုင် ၊ Drill Machine နဲ့ အပို ပစ္စည်း များ၊ မုန့်ဖာ၊ ဖဲထုပ်တို့ ရှာဖွေ တွေ့ရှိ ခဲ့တယ်လို့ သိရ ပါတယ်။ ဖမ်းဆီး ရမိတ ဲ့အကောက်ခွန်မဲ့ ပစ္စည်းများ ကို အကောက်ခွန် လုပ်ထုံး လုပ်နည်းနဲ့ အညီ လားရှိုး အကောက်ခွန် သို့ စနစ် တကျ လွဲှပြောင်း အပ်နံှရေး ဆောင်ရွက် နေတယ် လို့ သတင်း ရရှိ ပါတယ်။

မတ်လ ၁၉ ရက်နေ့ ဝ၈ း ၄၅ မှ မတ်လ ၂ဝ ရက်နေ့ ဝ၂းဝဝ ထိ ကာလ အတွင်းမှာတော့ ၆ ဘီး ယာဉ် (၂) စီး၊ ရတနာစိုး နဲ့ ဆန်းသစ် ခရီးသည်တင် ယာဉ်လိုင်း မှ မှန်လုံ ယာဉ် (၂) စီးနဲ့ Hilux ယာဉ် (၁) စီးပေါ်မှ တရား မဝင် အကောက်ခွန်မဲ့ ဘီယာ၊ Portable EVD (၁) ဖာ၊ ဆံပင်ညှပ် ကပ်ကြေး၊ ဆိုင်ကယ် ကျွတ် (၂) အိတ် နဲ့ ကြက်အူချောင်း (၅ဝ) ဖာ ကိုလည်း စစ်ဆေး တွေ့ရှိ ရပြီး Light Truck ယာဉ် ယာဉ် ၈င/xxxxx ပေါ်မှ ကုန် ကြေငြာလွှာ ထက် ပိုမို သယ်ဆောင် လာတဲ့ Calculators အရွယ်စုံ ၂ဝဝဝ ကျော်၊ Handset ၊ Amplifier ၊ Codless Microphone ၊ ဆိုလာ Changer၊ Phone Battery ၂ဝဝ ခု၊ Speaker ၁ဝ လုံး ၊ Tablet Cover ၊ USB ၊ နားကြပ်၊ ကွန်ပျုတာ သုံး ဆားကစ် ပြား၊ 3D မျက်မှန်နဲ့ ဇာတ်ကား ခွေ ၁ ဖာ၊ Memory ကတ်အခွံနဲ့ MP3 များကို စစ်ဆေး တွေ့ရှိ တားဆီး နိုင်ခဲ့ တဲ့အတွက် အကောက်ခွန် လုပ်ထုံး လုပ်နည်းနဲ့ အညီ အကောက်ခွန် ဦးစီး ဌာနသို့ ပစ္စည်း များ စနစ် တကျ လွဲှပြောင်း နိုင်ရေး ဆောင်ရွက် ခဲ့တယ် လို့ သတင်း ရရှိ ပါတယ်။

Source: လရ-၂----MTN

ကြက် အသဲ အမြစ် နဲ့ ပုစွန် ဖော့ပုံး များ Mobile Team အဖွဲ့ (၂) မှစစ်ဆေးတွေ့ရှိရပြန်

Tue, 05/14/2013 - 09:22 -- admin
Undefined

တနင်္လာနေ့ဧပြီလ  ၂၀၁၃ 13 း 25  PM

မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်း ပေါ် တွင် စားသုံးသူ အကာ အကွယ် ပေးရေး နဲ့ တရား မဝင် ကုန်သွယ်မှု တားဆီးရေး တာဝန် ထမ်းဆောင် နေသော Mobile Team အဖွဲ့ -၂ ဟာ မတ်လ ၁၉ ရက် နေ့ သန်းခေါင်ယံ အချိန် ဝဝး၂ဝ နာရီမှာ ကိုျက်ထို ဘက်မှ မောင်းနှင် လာတဲ့ ၆ ဘီးယာဉ် ၉က/xxxxx အား စစ်ဆေး ရာမှာ တစ်ဖက် နိုင်ငံ မှ တရား မဝင် တင်သွင်း လာတဲ့ ကြက် အသဲ အမြစ် ၇၈၄ ကီလို ဂရမ်နဲ့ ပုစွန် ၃၈၅ ကီလို ဂရမ် အား စစ်ဆေးတွေ့ရှိ သိမ်းဆည်းမှု ပြုလုပ် ခဲ့ရ တယ်လို့ သတင်း ရရှိ ပါတယ်။

ပုပ်သိုး ပျက်စီးလွယ် ပစ္စည်းများ ဖြစ်တဲ့ အတွက် ဝေါမြို့ စည်ပင် သာယာရေး ဦးစီး ဌာန ကိုယ်စားလှယ် သတင်းနဲ့ စာနယ်ဇင်း အဖွဲ့ ကိုယ်စား လှယ်၊ Mobile Team အဖွဲ့ (၂) တို့ စည်းဝေး ညှိနှိုင်းပြီး ဖျက်ဆီး သွားမှာ ဖြစ်တယ်လို့ သိရ ပါတယ်။

ပြည်တွင်း ဈေးကွက် အတွင်း သားငါး ထွက်ကုန် များ တရား မဝင် တင်သွင်း ရောင်းချမှု ပြုလုပ် သည်ကို တွေ့ရှိက မွေးမြူရေးနဲ့ ကုသရေး ဦးစီး ဌာနကို သတင်းပေး အကြောင်း ကြားရန်၊ ဒါမှ မဟုတ်လျှင် သက်ဆိုင်ရာ မြို့နယ်က မွေးမြူရေးနဲ့ ကုသရေး ဦးစီး ဌာနရုံးတွေက တစ်ဆင့် လည်း အကြောင်း ကြားနိုင်တယ် လို့ မြန်မာ နိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ခုျပ်ရဲ့ နှစ်ပတ်လည် အစည်း အဝေးမှာ တာဝန် ရှိသူ တစ်ဦးက ပြောကြား သွားခဲ့ ပါတယ်။ တရား မဝင် တင်သွင်း လာတဲ့ စားသောက်ကုန်နဲ့ သားငါး ပစ္စည်း များမှာ သက်တမ်းကုန် ပစ္စည်းများ ပါဝင်တဲ့ အတွက် စားသုံးသူ များကို အန္တရာယ် ဖြစ်စေ သလို ပြည်တွင်း ထွက်ကုန် ဈေးကွက် ကိုလည်း ထိခိုက် လာစေ နိုင်တယ်လို့ မွေးမြူရေး လုပ်ငန်းရှင် တစ်ဦး ထံက သိရ ပါတယ်။

ထိုသို့ တရား မဝင် တင်သွင်း မှုများ ကို Mobile Team အဖွဲ့ များက ရှာဖွေ စစ်ဆေး နေသ လို မွေးမြူရေးနဲ့ ကုသရေး ဦးစီး ဌာန ကလည်း ဆောင်ရွက် သွားမယ် လို့ သတင်း ရရှိ ပါတယ်။

Source: လရ-၂ ----MTN

ဂျူတီ ဆောင်တာ ထက် ဓာတ်မြေ သြဇာ အနည်းငယ် ပိုမို သယ်ဆောင် တဲ့ အပြင် ဘီယာ များ သိုဝှက် သယ်လာ တဲ့ သွင်းကုန် ဂျူတီ ၁၂ ဘီး ယာဉ်

Tue, 05/14/2013 - 09:22 -- admin
Undefined

တနင်္လာနေ့ဧပြီလ  ၂၀၁၃  13 း 15  PM

နောင်ချို မြို့ Asia World Toll Gate အနီး မှာ ယာယီ အခြေ ပြု နေတဲ့ စားသုံးသူ အကာ အကွယ် ပေးရေး နဲ့ တရား မဝင် ကုန်သွယ်မှု တားဆီး ထိန်းခုျပ် ရေးအဖွဲ့-၁ (Mobile Team -၁ ) ထံမှာ မတ်လ ၂ဝ ရက် သန်းခေါင်ယံ ဝဝး၃ဝ ချိန်မှာဝင်ရောက်စစ်ဆေးခံတဲ့ သွင်းကုန်ဂျူတီ ၁၂ ဘီးယာဉ် ၆ခ/xxxx ပေါ်က ဂျုတီ ဆောင်ထားတဲ့ Urea Fertilizer (၄၆ %) ၁၄ တန်အစား ၁၅ တန် သယ်ဆောင် လာတဲ့ အပြင် အဆိုပါ ဓာတ်မြေ သြဇာ များ အောက်မှာ ဝှက်သယ် လာတဲ့ Hong Guang ဘီယာ ဖာ ၂၃ဝ ကို လည်း စစ်ဆေး တွေ့ရှိ တားဆီး ခဲ့ရ တယ်လို့ မူဆယ်-မန္တလေး ကုန်သွယ်မှု လမ်းကြောင်းမှာ တာဝန် ယူထားတဲ့ Mobile Team အဖွဲ့ (၁) ခေါင်းဆောင် ဦးစန်းလွင် ထံမှ သတင်း ရရှိ ပါတယ်။

Mobile Team အဖွဲ့-၁ အနေနဲ့ မတ်လ ၁၄ ရက်နေ့မှာ အမှုတွဲ ၄၉ စောင်၊ ခန့်မှန်းတန်ဖိုး ကျပ် ၁၆၉ သန်းကျော် (၁၆၉၂ဝ၁၂၅ဝိ/-) ဖိုးအား အကောက်ခွန် ဦးစီး ဌာနသို့ လွဲှပြောင်း ထားခဲ့ ကြောင်းနဲ့ ဖေဖော် ဝါရီလ ၁၄ ရက် မှ မတ်လ ၁၄ ရက် ထိ စစ်ဆေး ရှာဖွေ တွေ့ရှိ ရတဲ့ ပစ္စည်း တန်ဖိုး ကျပ် ၆ဝ၂ သန်း ကျော် (၆ဝ၂၆၇၈၂ဝဝိ/-) ဖိုး ရှိပြီ လို့ အဖွဲ့ ခေါင်းဆောင် ရဲ့ ပြောကြား ချက် အရ သိရိ ှရပါ တယ်။

Source : လရ-၁ ----- MTN

မြန်မာစိုက်ပိုျးရေး ကဏ္ဍမှာ Vina Capital မှ ရင်းနှီးမြှုပ်နံှရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

Tue, 05/14/2013 - 09:20 -- admin
Undefined

တနင်္လာနေ့ ၂၀ မတ်လ  ၂၀၁၃ 01 း 19 PM

ဗီယက်နမ် နိုင်ငံမှ Vina Capital ကုမ္ပဏီ၊ ဂျပန်နိုင်ငံမှ Mitsui ကုမ္ပဏီ တို့ဟာ မြန်မာနိုင်ငံမှမြန်မာ့ လယ်ယာ စီးပွားရေး အများပိုင် ကော်ပိုရေးရှင်း (MAPCO- Myanmar Agribusiness Public Corpoaration) နဲ့ စိုက်ပိုျးရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်း ဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာကို ရေးထိုးခဲ့ကြတယ် လို့ VNA Online သတင်းမှာ ဖော်ပြထားပါတယ်။ နားလည်မှု စာချွန်လွှာ ရေးထိုးရာမှာ စားသောက်ကုန် ထုတ်လုပ် သည့် စက်ရုံများ၊ ဆန်စက်နဲ့ သန့်စင်စက်များ တည်ဆောက်ရေး လုပ်ငန်းများ ပူးပေါင်း လုပ်ဆောင်ရန် ကိစ္စရပ်များ ပါရှိပြီး ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးနဲ့ နေပြည်တော်တို့မှာ စက်ရုံများတည်သွားမယ်လို့သိရပါတယ်။

၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလမှစပြီး မြန်မာနိုင်ငံတွင် ပြည်ပရင်းနှီးမြှုပ်နံှ သူများက စိုက်ပိုျးရေး စီမံကိန်း (၉) ခုမှာ ကန်ဒေါ်လာ ၁၈၂ သန်းကျော်ဖိုး ရင်းနှီးမြှုပ်နံှ ထားပြီး ဖြစ်ပါတယ်။

Source: VNA Online                                        CMK

ဗီယက်နမ်- မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေး ပူးပေါင်း ဆောင်ရွက်

Tue, 05/14/2013 - 09:18 -- admin
Undefined

တနင်္လာနေ့ ၂၀ မတ်လ  ၂၀၁၃ 12 း 42 PM

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းဟာ မတ်လ ၂ဝ ရက်နေ့က ဗီယက်နမ် နိုင်ငံ ဟနွိင်းမှာ ဗီယက်နမ်မှ မြန်မာ နိုင်ငံမှာ စီးပွားရေးနဲ့ ရင်းနှီး မြှုပ်နံှမှုများ လာရောက် လုပ်ဆောင် နေကြတဲ့ ဗီယက်နမ် စီးပွားရေး လုပ်ငန်း ရှင်များနဲ့ တွေ့ဆုံ ခဲ့ပါတယ်။ ထိုသို့ တွေ့ဆုံရာမှာ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း က ၂ဝ၁၃ ခုနှစ် ဖေဖော် ဝါရီလ လကုန် အထိ မြန်မာ နိုင်ငံမှာ ပြည်ပမှ လာရောက် ရင်းနှီး မြှုပ်နံှတဲ့ နိုင်ငံများ စာရင်းမှာ ဗီယက်နမ် နိုင်ငံဟာ နံပါတ် ၉ နေရာမှာ ရှိနေကြောင်း မြန်မာ အစိုးရ အနေနဲ့ ပြင်ပမှ လာရောက် ရင်းနှီး မြှုပ်နံှမှုများ အတွက် အခြေအနေ ကောင်းများကို ဖန်တီးပေးလျက် ရှိကြောင်းနဲ့ ပိုမို အထောက် အကူ ပြုစေရန် လုပ်ထုံးလုပ်နည်း စည်းမျဉ်း ဥပဒေများ ကိုလည်း ပြင်ဆင် ရေးဆွဲ ပေးနေကြောင်း အသိပေး ရှင်းလင်း ပြောကြားခဲ့တယ်လို့ VOV သတင်းမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံတွင် စီးပွားရေး နဲ့ ရင်းနှီး မြှုပ်နံှ သူများ လာရောက် လုပ်ကိုင် နေသော ဗီယက်နမ် စီးပွားရေး လုပ်ငန်းရှင်များ (AVIM -Association of Vietnamese Business Investors in Myanmar ) ဥက္ကဌ Tran Bac Ha က မြန်မာ နိုင်ငံမှာ စားသုံးကုန် များနဲ့ လယ်ယာ ထွက်ကုန်များ ထုတ်လုပ်မှု နည်းပညာ ပိုင်းဆိုင် ကဏ္ဍများမှာ ရင်းနှီးမြှုပ်နံှရန် အလားအလာများ ရှိကြောင်း ပြောကြား ခဲ့ပါတယ်။

ဗီယက်နမ် စီးပွားရေး ကော်ပိုရေး ရှင်းကြီးများဖြစ်တဲ့ Hoang Anh Gia Lai , Simco Song Da နဲ့ ဗီယက်နမ် ရင်းနှီးမြှုပ်နံှမှုနဲ့ဖွံ့ဖြိုးရေးဘဏ် (BIDV- Bank for Investment and Development of Vietnam ) တို့ဟာ မြန်မာ နိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နံှ လုပ်ကိုင်လျက် ရှိပါတယ်။ ၂ဝ၁၅ ခုနှစ်မှာ နှစ်နိုင်ငံ အပြန် အလှန် ကုန်သွယ်မှု ပမာဏကို ကန်ဒေါ်လာ သန်း ၅ဝဝ ထိရရှိရန် ရည်ရွယ် ထားတယ်လို့ သိရှိရပါတယ်။

Source: VOV                                                                 CMK

ITC ကတ်ဖြင့် လုပ်ငန်းဆောင်ရွက်မှုကျပ်သန်း ၆ဝဝ ကျော်ရရှိနေ

Tue, 05/14/2013 - 09:18 -- admin
Undefined

တနင်္လာနေ့ ၂၀ မတ်လ  ၂၀၁၃ 12 း 42 PM

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အနေနဲ့ နယ်စပ်နေ ပြည်သူများ၊ အသေးစား လုပ်ငန်းရှင် များနဲ့ ဒေသခံ တိုင်းရင်းသားများ ရိုးရှင်း လွယ်ကူ စွာနဲ့ တရားဝင် ကုန်သွယ်မှု ဆောင်ရွက် နိုင်ဖို့ ရည်ရွယ်ပြီး တစ်ဦးတည်းပိုင် ထုတ်ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် Individual Tradeing Card (ITC) နဲ့ ကုန်သွယ်မှု လုပ်ငန်းဆောင်ရွက် ခွင့်ပြုခဲ့တာ ယခုဆိုရင် (၄) လခန့်ရှိခဲ့ပြီဖြစ်ပါတယ်။ မတ်လ ၂ဝ ရက်နေ့ အထိ ဆောင်ရွက်မှု အရ နယ်စပ်ပေါက် အလိုက် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေ တိုးတက်မှုကို ကြည့်မယ် ဆိုရင် ပထမဆုံး ITC ခွင့်ပြု ပေးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့ ကစပြီး တမူး နယ်စပ် ကုန်သွယ်ရေး စခန်းမှာဆိုရင် ITC ၆၈ ကတ်၊ ကုန်သွယ်မှု တန်ဖိုးကျပ် ၃၅၃ ဒသမ ၆၁ သန်း၊ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ စတင် ITC ခွင့်ပြုတဲ့ မူဆယ်မှာ ဆိုရင် ITC ၁၄ဝ ကတ်၊ ကုန်သွယ်မှု တန်ဖိုးကျပ် ၁၉၁ ဒသမ ၇၂၅ သန်း၊ မြဝတီမှာ ဆိုရင် ITC ၃၂ ကတ်၊ ကုန်သွယ်မှု တန်ဖိုးကျပ် ၂၇ ဒသမ ၃၅၈ သန်းဖိုးနဲ့ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ပြီး ITC ကတ် ထုတ်ပေးခဲ့တဲ့ တာချီလိတ် စခန်းမှာ ဆိုရင် ITC ၃၄ ကတ်နဲ့ ကုန်သွယ်မှု တန်ဖိုးကျပ် ၃၂ ဒသမ ၃၂၆ သန်း ဆောင်ရွက်နိုင် ခဲ့တာကြောင့် ယနေ့အထိ စုစုပေါင်း လုပ်ငန်း ဆောင်ရွက် ခွင့်ပြုမှု ကတ်ပေါင်း ၂၇၄ ကတ်နဲ့ ကုန်သွယ်မှု တန်ဖိုးကျပ် ၆ဝ၅ ဒသမ ဝ၁၆ သန်းဖိုး ဆောင်ရွက် ပြီးစီးပြီလို့ သိရပါတယ်။ ဒါကြောင့် ITC ကတ် ထုတ်ပေးခြင်းဖြင့် ပြည်သူ အတွက် သာမက နိုင်ငံတော်ရဲ့ ကုန်သွယ်မှု တိုးတက်ပြီး ရသင့်တဲ့အခွန်အခများလည်းပိုမို ရရှိနေပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

KZW

ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ လုပ်ငန်းသုံး ပစ္စည်း ကိရိယာများအား ပို့ကုန် သွင်းကုန် လိုင်စင် လျှောက်ထားခြင်းမှ ကင်းလွတ် ခွင့်ပြု

Tue, 05/14/2013 - 09:12 -- admin
Undefined

တနင်္လာနေ့ ၂၀ မတ်လ  ၂၀၁၃ 12 း 23 PM

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းသုံး ပစ္စည်း ကိရိယာ များအား ပို့ကုန် သွင်းကုန် လိုင်စင် လျှောက်ထားခြင်းမှ ကင်းလွတ်ခွင့် ပြုသည့် အမိန့် ကြော်ငြာစာ အမှတ် ၂၃/၂ဝ၁၃ ကို ၂ဝ၁၃ ခုနှစ် မတ်လ ၁၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေငြာ လိုက်ကြောင်း သိရသည်။

အဆိုပါ အမိန့် ကြော်ငြာစာတွင် '' စွမ်းအင် ဝန်ကြီး ဌာနနှင့် နိုင်ငံခြား ကုမ္ပဏီများ အကြား အကိုျးတူ ဆောင်ရွက် သည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ဆိုင်ရာ လုပ်ငန်းများ အတွက် စွမ်းအင် ဝန်ကြီးဌာန၏ ကြီးကြပ်မှု နှင့် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်းသုံး ပစ္စည်း ကိရိယာများအား ပြည်ပမှ တင်သွင်းခြင်းနှင့် လုပ်ငန်းပြီး ဆုံး၍ ပြည်ပသို့ ပြန်လည် တင်ပို့ခြင်းများ'' အတွက် ပို့ကုန် သွင်းကုန် လိုင်စင် လျှောက်ထားခြင်းမှ ကင်းလွတ်ခွင့် ပြုလိုက်သည်ဟု ဖော်ပြပါရှိ ကြောင်းသိရသည်။

Source ကသစ  (ဦး) ကညက                                                   ပန်

 
 

မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှု မြှင့်တင်ရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိ

Tue, 05/14/2013 - 09:12 -- admin
Undefined

တနင်္လာနေ့ ၂၀ မတ်လ  ၂၀၁၃ 12 း 16 PM

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိများနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ အဆင့်မြင့် အရာရှိများ နေပြည်တော်မှာ ပြီးခဲ့တဲ့ အပတ်က တွေ့ဆုံ ကြရာမှာ ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာ နှစ်နိုင်ငံ အကြား ကုန်သွယ်မှု မြှင့်တင်ရေးကို ဆွေးနွေးခဲ့ ကြပါတယ်။ ပြီးခဲ့တဲ့ အပတ်က နေပြည်တော်မှာ ပြုလုပ်တဲ့ အစည်း အဝေးမှာ နှစ်နိုင်ငံ ကုန်သွယ်ရေး ဝန်ကြီးများက သဘော တူညီချက် များကို ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှ ဆား တင်ပို့နိုင်ရေး၊ လေကြောင်း လိုင်းများ တိုးခဲျ့ ပံျသန်းရေးနဲ့ သင်္ဘောလိုင်းများ ပိုမို ချိတ်ဆက် ခုတ် မောင်းရေး နဲ့ နှစ်နိုင်ငံ ဌာန ဆိုင်ရာ စီးပွားရေး လုပ်ငန်း ရှင်များ ပိုမို ပူးပေါင်း ဆောင်ရွက်ရန် တွန်းအားပေး ဆောင်ရွက်ရန် သဘောတူ ခဲ့ကြတယ်လို့ တာဝန်ရှိ ပြောရေး ဆိုခွင့်ရှိသူက ပြောကြား ခဲ့ပါတယ်။

မြန်မာ နိုင်ငံဟာ နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှု တိုးမြှင့်ရေး အတွက် ပထမ ထိုင်း၊ ဒုတိယ ဗီယက်နမ် တို့နဲ့ စာချုပ်များ ချုပ်ဆိုခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ ချုပ်ဆို မှုဟာ တတိယ နေရာမှာ ရှိနေခဲ့ပါတယ်။ မြန်မာနဲ့ ဘင်္ဂလား ဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ လာအို၊ မလေးရှား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတို့နဲ့ ကုန်သွယ်မှု သဘောတူ စာချုပ်များ လက်မှတ် ရေးထိုး ထားပြီး ဖြစ်ပါတယ်။

Source The Nation                                                     CMK

ဗီယက်နမ် နိုင်ငံမှ ဆန်တန်ချိန် ၉ သိန်းကျော် တင်ပို့ပြီးဖြစ်

Tue, 05/14/2013 - 09:11 -- admin
Undefined

တနင်္လာနေ့ ၂၀ မတ်လ  ၂၀၁၃ 11 း 46 AM

၂ဝ၁၃ ခုနှစ် နှစ်ဆန်းမှ မတ်လ ၁၄ ရက်နေ့ထိ ဆန် တန်ချိန် ၉ဝ၆၁၇၃၊ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ ၄၁၁ သန်းကို တင်ပို့နိုင် ခဲ့ပြီလို့ ဗီယက်နမ် စားသောက်ကုန် အသင်း (VFA) ရဲ့ ထုတ်ပြန်ချက် အရ သိရှိရပါတယ်။

ဇန်နဝါရီလ အတွင်း ဗီယက်နမ်မှ တင်ပို့တဲ့ ပျမ်းမျှ ဆန်ဈေးဟာ ယမန်နှစ် ကာလတူ ထက် ၂ဝ ရာခိုင်နှုန်း လျော့နည်း ခဲ့ပါတယ်။ စက်မှုနဲ့ ကုန်သွယ်ရေး ဝန်ကြီးဌာနမှ အာဖရိက အနောက်နဲ့ တောင်အာရှဒေသခွဲ တာဝန်ခံ Hoang Due Nhuan က ၂ဝ၁၃ ခုနှစ်ဟာ ဗီယက်နမ် နိုင်ငံ အနေနဲ့ ဆန်တင် ပို့ရန် ခက်ခဲတဲ့နှစ် တစ်ခုဖြစ်တယ်။ အခြား ကမ္ဘာ့ဆန် တင်ပို့တဲ့ နိုင်ငံများ ဖြစ်တဲ့ ထိုင်းနဲ့ အိန္ဒိယ နိုင်ငံတို့နဲ့ ယှဉ်ပြိုင်ပို့ရတဲ့ အတွက် ဖြစ်တယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Source  VOV                                                                                                  CMK

Pages

Subscribe to RSS - Department of Trade