Department of Trade

၁၂ ဘီး ယာဉ်ပေါ်က တရားမဝင် အကောက်ခွန်မဲ့ ဆိုင်ကယ်သုံးစီး၊ အခြား ကုန်တင် ယာဉ်များပေါ်မှ Handset နဲ့ EVD စက်မျာ းရှာဖွေ စစ်ဆေးတွေ့ရှိ

Tue, 05/14/2013 - 09:09 -- admin
Undefined

တနင်္လာနေ့ ၂၀ မတ်လ  ၂၀၁၃ 11 း 37 AM

မူဆယ်-မန္တလေး ကုန်သွယ်မှု လမ်းကြောင်းတွင် တာဝန်ယူ လျက်ရှိတဲ့ စားသုံးသူ အကာ အကွယ် ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းခုျပ်ရေး အဖွဲ့ Mobile Team အဖွဲ့-၁ ဟာ မတ်လ ၁၇ ရက် ၁ဝး၄ဝ ချိန်မှ ၁၈ ရက် ၂၂း၃ဝ ချိန်ထိ အကောက်ခွန်မဲ့ ပစ္စည်းများ ရှာဖွေ စစ်ဆေး တားဆီးမှုကို လုပ်ဆောင် ရာမှာ ၁၂ ဘီးယာဉ် ၇ခ/xxxx ပေါ်မှ တရားမဝင် အကောက်ခွန်မဲ့ ဆိုင်ကယ် သုံးစီးကို စစ်ဆေး တွေ့ရှိခဲ့ တယ်လို့ သတင်းရရှိပါတယ်။

........ဆက်လက်ဖတ်ရှုပါရန် ခေါင်းစဉ်ကိုနှိပ်ပါ

အခြား ၁၂ ဘီးယာဉ် ၆ခ/xxxx ပေါ်မှလည်း Handset (၁) ဖာ၊ န/xxxx ၆ ဘီးယာဉ်ပေါ်မှ Handset (၂) ဖာ၊ ၃င/ xxxx PE ယာဉ်ပေါ်မှ Handset (၂) ဖာနဲ့ ဖုန်းဆက်စပ်ပစ္စည်း (၃) ဖာ၊ ဘ/xxxx Hilux ယာဉ်ပေါ်မှ Radio (၃) ဖာ ကိုလည်း ရှာဖွေ တွေ့ရှိ ခဲ့ရတယ်လို့ သိရပါတယ်။

စစ်ဆေးတဲ့ မတ်လ ၁၇ ရက် ၁ဝး၄ဝ ချိန်မှ ၁၈ ရက် ၂၂း၃ဝ ချိန်ထိ ကာလ အတွင်းမှာ ယာဉ် ၁၂ စီး ပေါ်မှ Birdy Coffeemix ၊ အထည်မျိုးစုံ၊ Chain Saw၊ မော်တာကွိုင်၊ Drill Machine နဲ့အပိုပစ္စည်းများ၊ မုန့်ဖာ၊ ဖဲထုပ်တို့ ရှာဖွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိတဲ့ အကောက်ခွန်မဲ့ ပစ္စည်းများကို အကောက်ခွန် လုပ်ထုံး လုပ်နည်းနဲ့ အညီ လားရှိုး အကောက်ခွန်သို့ စနစ် တကျ လွဲှပြောင်း အပ်နံှရေး ဆောင်ရွက် နေတယ်လို့ သတင်း ရရှိပါတယ်။

မတ်လ ၁၉ ရက်နေ့ ဝ၈း၄၅ မှ မတ်လ ၂ဝ ရက်နေ့ ဝ၂းဝဝ ထိ ကာလ အတွင်းမှာတော့ ၆ ဘီးယာဉ် (၂) စီး၊ ရတနာစိုးနဲ့ ဆန်းသစ် ခရီးသည်တင် ယာဉ်လိုင်းမှ မှန်လုံယာဉ် (၂) စီးနဲ့ Hilux ယာဉ် (၁) စီးပေါ်မှ တရား မဝင် အကောက်ခွန်မဲ့ ဘီယာ၊ Portable EVD (၁) ဖာ၊ ဆံပင်ညှပ် ကပ်ကြေး၊ ဆိုင်ကယ်ကျွတ် (၂) အိတ်နဲ့ ကြက်အူချောင်း (၅ဝ) ဖာကိုလည်း စစ်ဆေး တွေ့ရှိရပြီး Light Truck ယာဉ် ၈င/xxxx ပေါ်မှ ကုန်ကြေငြာလွှာ ထက် ပိုမို သယ်ဆောင် လာတဲ့ Calculators အရွယ်စုံ ၂ဝဝဝ ကျော် Handset ၊ Amplifire ၊ Codless Microphone ၊ ဆိုလာ Changer၊ Phone Battery ၂ဝဝ ခု ၊ Speaker ၁ဝ လုံး၊ Tablet Cover၊ USB၊ နားကြပ်၊ ကွန်ပျူတာသုံး ဆားကစ်ပြား၊ 3D မျက်မှန်နဲ့ ဇာတ်ကား ခွေ ၁ ဖာ၊ Memory ကတ်အခွံနဲ့ MP3 များကို စစ်ဆေး တွေ့ရှိ တားဆီး နိုင်ခဲ့တဲ့ အတွက် အကောက်ခွန် လုပ်ထုံးလုပ်နည်းနဲ့ အညီ အကောက်ခွန် ဦးစီး ဌာနသို့ ပစ္စည်းများ စနစ်တကျ လွဲှပြောင်းနိုင်ရေး ဆောင်ရွက် ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

 

Source လရ-၂                                                                          MTN

ကြက် အသဲအမြစ်နဲ့ ပုစွန်ဖော့ပုံးများ Mobile Team အဖွဲ့ (၂) မှ စစ်ဆေးတွေ့ရှိရပြန်

Tue, 05/14/2013 - 09:08 -- admin
Undefined

တနင်္လာနေ့ ၂၀ မတ်လ  ၂၀၁၃ 11 း 15 AM

မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းပေါ်တွင် စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီးရေး တာဝန် ထမ်းဆောင် နေသော Mobile Team အဖွဲ့-၂ ဟာ မတ်လ ၁၉ ရက်နေ့ သန်းခေါင်ယံ အချိန် ဝဝး၂ဝ နာရီမှာ ကျိုက်ထိုဘက်မှ မောင်းနှင်လာတဲ့ ၆ ဘီးယာဉ် ၉က/ထထထထ အား စစ်ဆေးရာ မှာ တစ်ဖက် နိုင်ငံမှ တရားမဝင် တင်သွင်းလာတဲ့ ကြက်အသဲအမြစ် ၇၈၄ ကီလို ဂရမ်နဲ့ ပုစွန် ၃၈၅ ကီလို ဂရမ်အား စစ်ဆေး တွေ့ရှိ သိမ်းဆည်းမှု ပြုလုပ်ခဲ့ ရတယ်လို့ သတင်းရရှိပါတယ်။

........ဆက်လက်ဖတ်ရှုပါရန် ခေါင်းစဉ်ကိုနှိပ်ပါ

ပုပ်သိုး ပျက်စီးလွယ် ပစ္စည်းများ ဖြစ်တဲ့အတွက် ဝေါမြို့ စည်ပင် သာယာရေး ဦးစီးဌာန ကိုယ်စားလှယ် သတင်းနဲ့ စာနယ်ဇင်း အဖွဲ့ ကိုယ်စားလှယ်၊ Mobile Team အဖွဲ့ (၂) တို့ စည်းဝေး ညှိနှိုင်းပြီး ဖျက်ဆီး သွားမှာဖြစ် တယ်လို့ သိရပါတယ်။

ပြည်တွင်း ဈေးကွက် အတွင်း သားငါး ထွက်ကုန်များ တရားမဝင် တင်သွင်း ရောင်းချမှု ပြုလုပ်သည်ကို တွေ့ရှိက မွေးမြူရေးနဲ့ ကုသရေး ဦးစီး ဌာနကို သတင်းပေး အကြောင်းကြားရန်၊ ဒါမှမဟုတ်လျှင် သက်ဆိုင်ရာ         မြို့နယ်က မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာန ရုံးတွေက တစ်ဆင့်လည်း အကြောင်းကြား နိုင်တယ်လို့ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ခုျပ်ရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ တာဝန်ရှိသူ တစ်ဦးက ပြောကြား သွားခဲ့ပါတယ်။ တရားမဝင် တင်သွင်း လာတဲ့ စားသောက်ကုန်နဲ့ သားငါး ပစ္စည်းများမှာ သက်တမ်းကုန် ပစ္စည်းများ ပါဝင်တဲ့ အတွက် စားသုံး သူများကို အန္တရာယ် ဖြစ်စေသလို ပြည်တွင်း ထွက်ကုန် ဈေးကွက် ကိုလည်း ထိခိုက် လာစေ နိုင်တယ်လို့ မွေးမြူရေး လုပ်ငန်းရှင် တစ်ဦးထံက သိရပါတယ်။

ထိုသို့ တရားမဝင် တင်သွင်းမှုများကို Mobile Team အဖွဲ့များက ရှာဖွေ စစ်ဆေးနေသလို မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနကလည်း ဆောင်ရွက်သွား မယ်လို့ သတင်းရရှိပါတယ်။

Source လရ-၁                                                                                                    MTN

ဂျူတီဆောင်တာထက် ဓာတ်မြေသြဇာ အနည်းငယ် ပိုမိုသယ်ဆောင်တဲ့အပြင် ဘီယာများ သိုဝှက်သယ်လာတဲ့ သွင်းကုန်ဂျူတီ ၁၂ ဘီးယာဉ်ဗုဒ္ဓဟူးနေ့ ၂၀ မတ်လ ၂၀၁၃ 10 း 30 AM

Tue, 05/14/2013 - 08:59 -- admin
Undefined

တနင်္လာနေ့  ၂၀ မတ်လ  ၂၀၁၃ 11 း 03 AM

နောင်ချိုမြို့ Asia World Toll Gate အနီးမှာ ယာယီ အခြေပြု နေတဲ့ စားသုံးသူ အကာ အကွယ် ပေးရေး နဲ့ တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး အဖွဲ့-၁ (Mobile Team -၁ ) ထံမှာ မတ်လ ၂ဝ ရက် သန်းခေါင်ယံ ဝဝး၃ဝ ချိန်မှာ ဝင်ရောက် စစ်ဆေးခံတဲ့ သွင်းကုန် ဂျူတီ ၁၂ ဘီးယာဉ် ၆ခ/XXXXX ပေါ်က ဂျူတီ ဆောင်ထားတဲ့ Urea Fertilizer (၄၆ %) ၁၄ တန်အစား ၁၅ တန် သယ်ဆောင် လာတဲ့ အပြင် အဆိုပါ ဓာတ်မြေသြဇာများ အောက်မှာ ဝှက်သယ်လာတဲ့ Hong Guang ဘီယာဖာ ၂၃ဝ ကိုလည်း စစ်ဆေး တွေ့ရှိ တားဆီးခဲ့ ရတယ်လို့ မူဆယ်-မန္တလေး ကုန်သွယ်မှု လမ်းကြောင်းမှာ တာဝန်ယူ ထားတဲ့ Mobile Team အဖွဲ့ (၁) ခေါင်းဆောင် ဦးစန်းလွင် ထံမှ သတင်းရရှိပါတယ်။

Mobile Team အဖွဲ့-၁ အနေနဲ့ မတ်လ ၁၄ ရက် နေ့မှာ အမှုတွဲ ၄၉ စောင်၊ ခန့်မှန်း တန်ဖိုး ကျပ် ၁၆၉ သန်း ကျော် (၁၆၉၂ဝ၁၂၅ဝိ/-) ဖိုးအား အကောက်ခွန် ဦးစီးဌာနသို့ လွဲှပြောင်း ထားခဲ့ကြောင်းနဲ့ ဖေဖော်ဝါရီလ ၁၄ ရက်မှ မတ်လ ၁၄ ရက်ထိ စစ်ဆေးရှာဖွေ တွေ့ရှိရတဲ့ ပစ္စည်း တန်ဖိုးကျပ် ၆ဝ၂ သန်းကျော် (၆ဝ၂၆၇၈၂ဝဝိ/-) ဖိုးရှိပြီလို့ အဖွဲ့ ခေါင်းဆောင်ရဲ့ ပြောကြားချက် အရ သိရှိရပါတယ်။

Source လရ-၁                                                                                                                        MTN

အရည်အသွေး မမီတဲ့ ဓါတ်မြေသြဇာများ စစ်ဆေးတွေ့ရှိ

Tue, 05/14/2013 - 08:55 -- admin
Undefined

ဗုဒ္ဓဟူးနေ့  ၂၀ မတ်လ  ၂၀၁၃  10 း 30 AM

တောင်သူ လယ်သမားများ သုံးစွဲလျက် ရှိတဲ့ စိုက်ပျိုးရေး သွင်းအားစု ဓါတ်မြေသြဇာ (၁၅) မျိုးနဲ့ ပိုးသတ် ဆေး (၈) မျိုးအား ကျဘမ်း စနစ်နဲ့ ရွေးချယ် စစ်ဆေးမှုကို မြန်မာ နိုင်ငံ တောင်သူ လယ်သမား အသင်း (ယာယီ) ဟာ ဓါတ်မြေသြဇာ တင်သွင်း ရောင်းချသူများ အသင်းနဲ့ ပူးပေါင်းပြီး ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်းက ဆောင်ရွက်ခဲ့ ပါတယ်။

........ဆက်လက်ဖတ်ရှုပါရန် ခေါင်းစဉ်ကိုနှိပ်ပါ

အဓိက စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြတဲ့ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်း ဒေသကြီးများရှိ တောင်သူ အများစု အသုံးပြု နေကြတဲ့ ဓါတ်မြေသြဇာ အများစုဟာ တရုတ်နဲ့ ထိုင်းနိုင်င ံထုတ် ဓါတ်မြေသြဇာ များပဲ ဖြစ်ကြပါတယ်။ အသုံးများတဲ့ တံဆိပ်တွေ ကတော့ တရုတ် နိုင်ငံလုပ် ဘုံကျောင်း၊ သံကွင်းများ ဖြစ်ကြပါတယ်။ တောင်သူတွေ အနေနဲ့ ကလည်း ယခင်က ၁ အိတ်ဘဲ သုံးရတဲ့ ပမာဏမှ ယခု အခါ နှစ်အိတ် ထိ တိုးအသုံးပြု ရတာတောင် အထွက်နှုန်း တိုးမလာဘဲ ကျနေတဲ့ အတွက် သူတို့ အသုံးပြု နေရတဲ့ ဓါတ်မြေသြဇာတွေ အရည် အသွေးမမီဘူး ဆိုတာကို သိနေကြပါတယ်။

ကျဘမ်း စနစ်နဲ့ ရွေးချယ် စစ်ဆေး ခဲ့တဲ့ ဓါတ်မြေသြဇာ (၁၅) မျိုးနဲ့ ပိုးသတ်ဆေး (၈) မျိုးကို ဖော်ပြပေးလိုက် ရပါတယ်-

ဓါတ်မြေသြဇာများ

၁။ Three Circles, GTSP

၂။ Panda (တရုတ်တံဆိပ်)

၃။ Golden Crop

၄။ Compound Fertilizer

၅။ Comet Natural Calcium Sulphate

၆။ Comet (ရွက်ဖြန်းဓါတ်မြေသြဇာ)

၇။ အာမို (၂) (ရွက်ဖြန်းဓါတ်မြေသြဇာအမှုန့်)

၈။ Hyper Bloom

၉။ Grow More

၁ဝ။ Mamigro (soluable folian)

၁၁။ Comet Plus (ရွက်ဖြန်းဓါတ်မြေသြဇာအမှုန့်၊ အဝါရောင်)

၁၂။ Super N

၁၃။ SUNRAY (ဇီဝအော်ဂဲနစ်ကွန်ပေါင်းဓါတ်မြေသြဇာ)

၁၄။ (M) Cal One Gypsum (အော်ဂဲနစ်ဂျစ်ဆမ်မြေသြဇာအမှုန့်)

၁၅။ Urea ပုလဲ

ပိုးသတ်ဆေးများ

၁။ Awba Force 10 EC

၂။ ရွှေဆန်းဖော့စ်

၃။ ရှောင်လင် ၂.၅ EC

၄။ ဆိုင်ရင် ၂ဝ နဃ EC (Awba)

၅။ M Thiocarb

၆။ M မာလာမြိုင်ဆိုက်ပါ (Cypermethrin 10 EC)

၇။ ရွှေနီဝင်း - ကာဗင်ဒါဇင် ပင်လုံးပြန့်မှိုသတ်ဆေး

၈။ (M) chlorocyper 50 SEC

ဓါတ်မြေသြဇာ (၇) မိုျးဖြစ်တဲ့ Gold Crop၊ Hyper Bloon၊ Mamigro၊ Cormet Plus၊ Super N၊ SUNRAY နဲ့ (M) Cal One တို့ သတ်မှတ် ထားတဲ့ အခိုျးအစား အတိုင်း မပါဝင်ကြောင်း၊ ဓါတ်မြေသြဇာ Super N မှာ Biuret ၃ ရာခိုင်နှုန်း ပါဝင်နေတဲ့ အတွက် သီးနံှ အဆိပ်သင့် နိုင်ကြောင်း စစ်ဆေး တွေ့ရှိကြောင်းကို မြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်း (ယာယီ) မှ မတ်လ ၈ ရက် ရက်စွဲပါစာနဲ့ လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တို့ထံ ပေးပို့ အကြောင်းကြား ထားတယ်လို့ သတင်းရရှိပါတယ်။

မြန်မာနိုင်ငံ တောင်သူလယ်သမား ယာယီ အသင်းမှ တာဝန်ရှိ သူကလည်း အကိုျးမရှိလျှင် သုံးစွဲရန် မသင့်ကြောင်း သက်ဆိုင်ရာ ဌာနမှ တရားဝင် ကြေငြာပေးဖို့ လိုအပ်တယ်။ ဓါတ်မြေသြဇာမှာ နိုက်တြိုဂျင်၊ အမိုးနီးယား၊ နိုက်တြိတ်ရယ်လို့ နိုက်တြိုဂျင် ဓါတ်ပေါင်းများ ပါဝင် သော်လည်း အခိုျးအဆ မှန်ကန်မှုရှိ မရှိ စစ်ဆေးပြီး တောင်သူများ သိအောင် လုပ်ပေးဖို့ လိုတယ်။ မိမိတို့ အသင်း အနေနဲ့ ကတော့ စိုက်ပိုျးရေးဌာန၊ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနတို့နဲ့ ညှိနှိုင်း ပေါင်းစပ်ပြီး အရည်အသွေး မမီတဲ့၊ သတ်မှတ် သက်တမ်း ကုန်နေတဲ့၊ အခိုျးအစား မမှန်တဲ့ ဓါတ်မြေသြဇာ တွေ၊ ပိုးသတ်ဆေး တွေကို စနစ်တကျ ဓါတ်ခွဲခန်း များမှာ စစ်ဆေး ဖော်ထုတ် ကြေညာခြင်း၊ သတ်မှတ် စံချိန်စံညွှန်း မမီဘဲ တင်သွင်း လာသူ၊ ရောင်းချ နေသူများ ကို မည်ကဲ့သို့ အရေးယူ သွားမယ် ဆိုတာကိုလည်း ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်နေပြီလို့ ပြောကြား ကြောင်း သတင်း ရရှိပါတယ်။

Source နကသ (ဦး) မူဝါဒ                                                                                                         MIRT (DOBT)

ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ လုပ်ငန်းသုံး ပစ္စည်းကိရိယာများ ပို့ကုန် သွင်းကုန်လိုင်စင် လျှောက်ထားခြင်းမှ ကင်းလွတ်ခွင့် ပြုသည့် အမိန့်ကြော်ငြာစာ ၂၃/၂ဝ၁၃ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ပြည်ထောင်စု ဝန်ကြီးရုံးမှ ထုတ်ပြန်

Tue, 05/14/2013 - 08:55 -- admin
Undefined

အဂ်ါနေ့  ၁၉ မတ်လ  ၂၀၁၃ 04 း 44 PM

စွမ်းအင် ဝန်ကြီးဌာနနှင့် နိုင်ငံခြား ကုမ္ပဏီများ အကြား အကိုျးတူ ဆောင်ရွက်တဲ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ဆိုင်ရာ လုပ်ငန်းများ အတွက် စွမ်းအင် ဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုနဲ့ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်းသုံး ပစ္စည်း ကိရိယာများအား ပြည်ပမှ တင်သွင်းခြင်းနဲ့ လုပ်ငန်းပြီးစီး၍ ပြည်ပသို့ ပြန်လည် တင်ပို့ခြင်းများ အတွက် ပို့ကုန် သွင်းကုန် လိုင်စင် လျှောက်ထားခြင်းမှ ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း မတ်လ ၁၃ ရက် ရက်စွဲပါ အမိန့် ကြော်ငြာစာ အမှတ် ၂၃/၂ဝ၁၃ နှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံးမှ ထုတ်ပြန် ခဲ့တယ်လို့ သတင်းရရှိပါတယ်။

Source နကသ (ဦး) မူဝါဒ                                                                                  MIRT (DOBT)

ကြက်စာ နဲ့ ငါးခြောက် တွေအောက်မှာ ဝှက်သယ်လာတဲ့ ကျပ် ၅၄ သိန်းကျော်တန် စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန် အမယ်စုံ ပစ္စည်းများ

Tue, 05/14/2013 - 08:50 -- admin
Undefined

အဂ်ါနေ့  ၁၉ မတ်လ  ၂၀၁၃ 02 း 25 PM

စားသုံးသူ အကာအကွယ် ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှုများ လျော့နည်း စေရေး အတွက် မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းမှာ တာဝန်ယူ နေတဲ့ Mobile Team အဖွဲ့-၂ ဟာ ယာဉ်များအား စစ်ဆေး ရှာဖွေမှုများ ပြုလုပ်လျက် ရှိပါတယ်။ မတ်လ ၁၂ ရက်နေ့ ဝ၆း၁ဝ ချိန်မှာ စစ်ဆေး တွေ့ရှိခဲ့တဲ့ ၁၂ ဘီးယာဉ် ၈ဃ/xxxx ပေါ်မှာ ကျပ် ၅၄ သိန်းကျော် တန်ဖိုးရှိတဲ့ စားသောက် ကုန် (Ovatine ၊ အုန်းနို့၊ ကျောက်ကျော၊ မြေပဲဗူး)၊ လူသုံးကုန် (ဆပ်ပြာ၊ စာအိတ်၊ ခေါင်းညှပ် ကလစ်၊ ချိုလိမ်)၊ အလှကုန် (ပေါင်ဒါ၊ မိတ်ကပ်၊ မျက်နှာသစ် ကရင်မ်၊ Hair Spray၊ ဆံပင် ဆိုးဆေး၊ ကလေးသုံး ပေါင်ဒါ၊ ရေမွှေး၊ နှုတ်ခမ်းနီ၊ Hair Gel) စတဲ့ အမယ်စုံ ၂၄ မျိုးကို ကြက်စာနဲ့ ငါးခြောက်များ အောက်မှာ ဝှက်သယ်လာတာကို စစ်ဆေး တွေ့ရှိခဲ့ရတယ်လို့ သတင်း ရရှိပါတယ်။ ကြက်စာနဲ့ ငါးခြောက် ဘန်းပြပြီး ကျပ် ၅၄ ဒသမ ၁၁ဝ သိန်း တန်ဖိုးရှိတဲ့ ပစ္စည်းကို သယ်ဆောင် လာတာကို ကြည့်လျှင် တရားမဝင် ကုန်သွယ်မှုကို ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တယ် ဆိုတာ ပေါ်လွင် လျက်ရှိပါတယ်။

သက်ဆိုင်ရာ ဝန်ကြီးဌာန အနေနဲ့ ကုန်သည်များ ကုန်သွယ်မှုပြုရာမှာ အဆင်ပြေ လွယ်ကူ ချောမွေ့ စေရေး အတွက် အခွန်အခများ လျှော့ချပေးခြင်း၊ အရင်းအနှီး များစွာ မရှိပေမယ့် ကုန်သွယ် နိုင်စေရန် Individual Trading များနဲ့ ကုန်သွယ်ခွင့် ပေးထားခြင်း၊ ပို့ကုန် အမယ် ၁၅၂ မျိုးနဲ့ သွင်းကုန် ၁၆၆ မျိုး ကိုလည်း လိုင်စင် လျှောက်ထားရန် မလိုဘဲ ပို့သွင်း ဆောင်ရွက်ခွင့် ပေးခြင်း တို့ကို ဖြေလျှော့ လုပ်ဆောင် ပေးနေပြီ ဖြစ်ပါတယ်။

ယင်လို Mobile Team အဖွဲ့များ နဲ့ စစ်ဆေး အရေးယူမှုကို မစတင်မီ ပညာပေးကာလ ၂ လ ဆောင်ရွက် ခဲ့ပြီး ဖြစ်ပါတယ်။ တရားမဝင် ကုန်သွယ်မှုဆိုတာ လုပ်ရန် မသင့်ကြောင်း၊ မလုပ် သင့်ကြောင်း၊ တစ်ဦးချင်းစီရဲ့ အသိစိတ်ဓါတ်များ ပြုပြင်ပြောင်းလဲ သင့်ပြီ ဖြစ်ပါကြောင်း အသိပေး လိုက်ရပါတယ်။

Source လရ-၂                                                                                                                             MTN

လောင်စာဆီကို လောင်စာဆီ တင်ယာဉ် (Bouser) များ အသုံးပြု၍သာ သယ်ဆောင်သင့်

Tue, 05/14/2013 - 08:50 -- admin
Undefined

အဂ်ါနေ့  ၁၉ မတ်လ  ၂၀၁၃ 12 း 40 PM

ယခုအခါ နွေရာသီ ရောက်ရှိလာပြီ ဖြစ်သလို ရာသီဥတုမှာလည်း ပူပြင်းလာပြီ ဖြစ်ပါတယ်။ မီးဘေး အန္တရာယ် ကလည်း စိုးရိမ်နေရတဲ့ အချိန် ဖြစ်တဲ့ အားလျော်စွာ ပေါ့ဆမီးကြောင့် လူနေအိမ်များ မီးလောင်မှု၊ ဆီတင် သင်္ဘော မီးလောင်မှု၊ ဆီပန့်နဲ့ Bouser ရိုက်ခတ်မိပြီး မီးပွားထွက်ကာ မီးလောင်မှုများ ဖြစ်ပွားနေတဲ့ သတင်းများ လည်း မကြာခဏ ဆိုသလို ဖတ်ရှုနေရ ပါတယ်။

မြဝတီမှ ရန်ကုန်သို့ လောင်စာဆီသယ်ယူမှုများကို Mobile Team အဖွဲ့-၂ မှ စစ်ဆေးရာမှာ အခိုျ့ ကုမ္ပဏီများ ဟာ Bouser လောင်စာဆီ တင်ယာဉ် အသုံးပြုပြီး သယ်ဆောင်မှုများ ရှိနေသော်လည်း အခိုျ့ ကုမ္ပဏီများ ကတော့ ဆီတိုင်ကီများကို အပေါ်အောက် အထပ် ၃ ထပ်ထပ် သယ်ဆောင်မှုများ ရှိနေတယ်၊ မီးဘေး အန္တရာယ် ကြိုတင် ကာကွယ် နိုင်ရေးနဲ့ စားသုံးသူ အကာအကွယ် ပေးနိုင်ရေး အတွက် လောင်စာဆီ များကို ဆီတင်ယာဉ် Bouser များနဲ့သာ သယ်ဆောင် နိုင်ရေးအတွက် သယ်ယူမှု စနစ် ကန့်သတ် ထည့်သွင်း ခံဝန်ချက်နဲ့ လိုင်စင် ထုတ်ပေးနိုင်ရေး အကြံပြု လိုတယ်လို့ Mobile Team အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးထံက သိရှိရပါတယ်။

Source လရ-၂              MTN

ရော်ဘာဈေးကွက်

Tue, 05/14/2013 - 08:49 -- admin
Undefined

အဂ်ါနေ့  ၁၉ မတ်လ  ၂၀၁၃ 11 း 44 AM

တရုတ်နိုင်ငံမှ မြန်မာ့ ရော်ဘာကို ယခင်က အများဆုံး ဝယ်ယူသုံးစွဲမှု ပြုလုပ်တာနဲ့ အမျှ ဈေး ပိုမို ပေးဝယ် ခဲ့ပါတယ်။ ယခုနှစ် လတ်တလော အခြေအနေမှာ တရုတ် နိုင်ငံမှ မြန်မာ့ ရော်ဘာအား ဝယ်ယူမှု လျော့တဲ့ အပြင် ဈေးနိမ့် ဝယ်ယူခဲ့ခြင်း များရှိလာတယ်လို့ သိရှိရပါတယ်။ မြန်မာ့ ရော်ဘာအား တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် ဈေးကောင်း မရရှိတာကြောင့် ရောင်းအား တန့်နေတဲ့ အတွက် ပြည်တွင်းမှာလည်း အရောင်းအဝယ် ဈေးကွက် ကျဆင်းလျက် ရှိကြောင်း သတင်းရရှိပါတယ်။

အောင်သူရ (လဂ)

အမှုတွဲ (၇၅) ခု ၊ တန်ဖိုး ကျပ် သန်း ၁၁ဝ ကျော်ဖိုး Mobile Team အဖွဲ့ (၂) မှ စစ်ဆေးတွေ့ရှိ

Tue, 05/14/2013 - 08:47 -- admin
Undefined

အဂ်ါနေ့  ၁၉ မတ်လ  ၂၀၁၃ 11 း 15 AM

မြဝတီ- ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းမှာ စားသုံးသူ အကာအကွယ် ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု လျော့နည်း ပပျောက်ရေး တာဝန်ယူ နေတဲ့ Mobile Team အဖွဲ့-၂ မှ မတ်လ ၇ ရက်နေ့ ဝ၆း၂ဝ မှ မတ်လ ၁၃ ရက် ဝ၄း၃ဝ ချိန်ထိ ကာလအတွင်းမှာ ခန့်မှန်း တန်ဖိုး ကျပ် ၁၁၃ ဒသမ ၃၇၄ သန်းတန်ဖိုးရှိ အကောက်ခွန်မဲ့ ပစ္စည်း များကို အကောက်ခွန် လုပ်ထုံးလုပ်နည်းနဲ့ အညီ အမှုတွဲ ၅၂ ခု ဖွင့်လှစ် အရေးယူခဲ့ ရတယ်လို့ Mobile Team အဖွဲ့-၂ မှ တာဝန်ခံ ဦးဆန်းနွယ်ဝင်း ထံမှ သတင်းရရှိပါတယ်။ ယာဉ် ၇၃ စီးကို ရှောင်တခင် စစ်ဆေးရာမှ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

.........ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကိုနှိပ်ပါ

ရှာဖွေတွေ့ရှိရတဲ့ အကောက်ခွန်မဲ့ ပစ္စည်းတွေ ကတော့ စားသောက်ကုန် အခိုျမှုန့်၊ လ္ဘက်ခြောက်၊ ပဲနို့၊ Queen၊ Dee Do အချိုရည်၊ ကွဲျရိုင်း၊ Chang Beer၊ Singha Beer၊ စားဆီ၊ ကိတ်မုန့်၊ UFC ပဲပုလင်း၊ ကော်ဖီ၊ ချောကလက်၊ ကြက်သွန်ဖြူဗူး၊ ကိတ်မုန့်၊ အရောင်တင်မှုန့်၊ ဝေဖာ၊ သာကူအိတ်၊ ခရုဆီ၊ Coffee Mix၊ ဆိုဂူျးအရက်၊ Jam ဗူး၊ ဂျယ်လီ၊ ရေခဲသေတ္တာ (၁ Door) ၊ (၂ Door)၊ Chain Saw၊ ကားအလှဆင်ပစ္စည်း၊ ကားအပို ပစ္စည်း၊ စားပွဲတင်ပန်းကန်၊ Used Air Corn Window Type၊ Power Pump၊ အလှကုန်၊ ဆပ်ပြာမှုှုန့်၊ ဇွန်းခရင်း၊ DVD၊ Note Book (စာအုပ်)၊ prinic cooler (ရေခဲဗူး)၊ ကြက်သွန် မြိတ်ခြောက်၊ လက်ဆောင်ထီး၊ အုန်းခြစ်၊ ကော်ကလပ်၊ မီးခြစ်၊ ဂျင်းအဝတ်အထည်များ၊ ဘေထုပ်၊ စကူ၊ ကွန်နာချောင်း၊ PVC Roll ၊ တံခါး လက်ကိုင်၊ ဆေးဝါးမျိုးစုံနဲ့ ball pen တို့ဖြစ်ကြပါတယ်။

ယခင်က ကန့်သတ်ထားတဲ့ အခိုျမှုန့်များ ကို ယခုအခါ တရားဝင် တင်သွင်းခွင့် ပြုထားပြီး ဖြစ်သော်လည်း FDA ထောက်ခံချက် အခက်အခဲကြောင့် မြေကြီးနဲ့ ကတ္တူဟောင်း၊ သတ္တုကုလားပဲ၊ မြေကြီး ထုံးအိတ်များ အောက်မှာ ဝှက်ပြီး သိုလှောင်မှုများ ရှိနေတယ် ဆိုတာ ယနေ့ ထက်တိုင် စစ်ဆေး တွေ့ရှိနေရဆဲ ဖြစ်ပါတယ်။

ပညာပေး ကာလ ၂ လ၊ အရေးယူ ကာလ ၁ လခွဲကျော် ကာလရှိလာပြီ ဖြစ်ပါတယ်။ တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းများ သယ်ဆောင်နေတဲ့ ခရီးသည်တင် မှန်လုံယာဉ်များ၊ Hilux ကားများ အားလုံး လိုလို ဟာ ဒီ မြဝတီ-ရန်ကုန် လမ်းကြောင်းမှာ ပုံမှန် အစုန်အဆန် သွားလာနေသော ယာဉ်များ ဖြစ်ပေရာ ပညာပေး ကာလ ကျော်လွန်ပြီး အရေးယူ ကာလ ရောက်နေတဲ့တိုင် တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းများကို သယ်ယူ နေဆဲဖြစ် နေတာ တွေ့ရပါတယ်။ တားမြစ်ကုန်၊ အကောက်ခွန်မဲ့ ကုန်များသယ်ဆောင်လျှင် Mobile Team အဖွဲ့က စစ်ဆေးခြင်း၊ ပစ္စည်းများအား သိမ်းဆည်းခြင်းများ လုပ်ဆောင်နေတာကို သိပါလျက်နှင့် ထပ်ခါတလဲလဲ ကုန်သယ်ယူမှု ကူျးလွန် နေသော ယာဉ်များ၊ ယာဉ်လိုင်းများကို ကူျးလွန်တဲ့ အကြိမ် အရေအတွက် မည်မျှထိ ခွင့်ပြု ပေးနေမှာလဲ၊ ပြင်းထန်စွာ အရေးယူ အပြစ်ပေးမှုများ ကျင့်သုံးမှ သာလျှင် တရားမဝင် ကုန်သွယ်မှု ကျူးလွန် နေမှုများ ရပ်တန့်သွားမှာ ဖြစ်သလို ကုန်သယ်နေသော ယာဉ်တန်း များလည်း ဆင်ခြင် လာကြမှာ ဖြစ်ပါတယ်။ ကုန်သည်များ အကြားမှာ ညီမျှတဲ့ ကုန်သွယ်မှု နည်းလမ်းကို ကျင့်သုံးမှသာ အခွန်ဆောင်သူနဲ့ အခွန်ရှောင်သူ အကြား ကွာဟနေမှုကို ကျဉ်းမြောင်း သွားစေနိုင်မယ်လို့ သုံးသပ်မိပါတယ်။

Source လရ-၂                                                                                                   MTN

ပြည်ပ ရင်းနှီး မြှုပ်နံှမှု များကို ဆွဲဆောင် စေလျက်ရှိတဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နံှမှု ဥပဒေ

Tue, 05/14/2013 - 08:47 -- admin
Undefined

အဂ်ါနေ့  ၁၉ မတ်လ  ၂၀၁၃ 11 း 15 AM

အစိုးရသစ် လက်ထက်မှာ ပြည်ပရင်းနှီး မြှုပ်နံှမှု ဥပဒေကို ယမန်နှစ်က ပြင်ဆင် ရေးဆွဲထားပြီး ဖြစ်ရာ ပြည်ပမှ ရင်းနှီး မြှုပ်နံှမဲ့ သူများကို များစွာ ဆွဲဆောင် စေလျက် ရှိပါတယ်။ ဇွန်လ ၅ ရက်မှ ၇ ရက် အတွင်း နေပြည်တော် မှာ ကမ္ဘာ့ စီးပွားရေး ဖိုရမ် (World Economic Forum) ကို မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ သွားမှာဖြစ်ပါတယ်။ အဆိုပါ ဖိုရမ်မှ တဆင့် ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နံှမဲ့ အခွင့်အလန်း များစွာ ရရှိနိုင်ရေး ဆွေးနွေး နိုင်မယ်လို့ မျှော်လင့် လျက်ရှိပါတယ်။

.........ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကိုနှိပ်ပါ

မြန်မာ နိုင်ငံရဲ့ စီးပွားရေး အလျင်အမြန် တိုးတက်နေခြင်းဟာ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံတကာမှ ကြော်ငြာ လုပ်ငန်း များအား မြန်မာနိုင်ငံသို့ဖြန့်ကျက်ရန် စေ့ဆော်လျက် ရှိတယ်လို့ သိရပါတယ်။ အမေရိကားနဲ့ ဥရောပ သမဂ္ဂ နိုင်ငံများက မြန်မာနိုင်ငံ အပေါ် တားမြစ် ထားချက်များ (Sanction) ကို ယမန်နှစ်က ဖယ်ရှား ပေးလိုက်ပြီး နောက်ပိုင်း ထိုင်းနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ လူဦးရေ သန်း ၆ဝ ကျော်ရှိတဲ့ မြန်မာ နိုင်ငံသို့ အပြည်ပြည် ဆိုင်ရာမှ ရင်းနှီးမြှုပ် နံှလိုသူများ အတွက် မြန်မာ့စီးပွားရေး တံခါးများကို ဖွင့်ပေး ထားပြီး ဖြစ်ပါတယ်။

နိုင်ငံ တကာနဲ့ ဈေးကွက် အချိတ်အဆက် ရှိတဲ့ Ogilvy ရ Mather ကုမ္ပဏီဟာ ပထမဦးဆုံးသော အပြည်ပြည် ဆိုင်ရာ စီးပွားရေး ကိုယ်စားလှယ် အဖွဲ့တစ်ခု ထူထောင်ရန် ရန်ကုန် အခြေစိုက် Today ကြော်ငြာလုပ်ငန်း နဲ့ ယမန်နှစ် မေလကစပြီး ပူးတွဲပြီး လေ့လာမှု ပြုနေခဲ့ပါတယ်။ ပူးတွဲပြီး လေ့လာချက် အရ Ogilvy ဟာ ပြည်သူ့ ဆက်ဆံရေး၊ ဈေးကွက် အခြေအနေ၊ ထုတ်ကုန်များ ချိတ်ဆက်မှု၊ ထုတ်ကုန် တိုးမြှင့်ရေး၊ တီထွင်ချက်၊ မီဒီယာ အစီအစဉ်၊ မီဒီယာ ဝယ်ယူမှုနဲ့ ထုတ်လုပ်မှု စတဲ့ ဝန်ဆောင်မှု ပိုင်းဆိုင်ရာများကို လေ့လာထားပြီး ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ အခြေစိုက် Chuo Senko (ထိုင်း) ရဲ့ CEO Shuji Okawa က လွန်ခဲ့တဲ့ အပတ်က Chuo Senko မြန်မာနဲ့ AD-Asia ကြော်ငြာ လုပ်ငန်း (၂) ခုကို မြန်မာ နိုင်ငံနဲ့ စင်္ကာပူတို့မှာ တိုးခဲျ့ ဖွင့်လှစ်လိုက်ပြီလို့ ပြောကြား ပါတယ်။ အစိုးရ သစ်ပြောင်းလဲ ပြီးနောက် တစ်နှစ် ကျော်ကြာ ဈေးကွက်ကို လေ့လာပြီးတဲ့ အခါမှာ မြန်မာ နိုင်ငံမှာ အလားအလာ များစွာ ရှိတာကို သိရှိလာကြတဲ့ အပြင် အမေရိကန်၊ ဥရောပနဲ့ ဂျပန်ကုမ္ပဏီ အတော် များများဟာ မြန်မာ့ ဈေးကွက် အတွင်းသို့ ဝင်ရောက် လာကြတယ်လို့ လွန်ခဲ့တဲ့နှစ် စက်တင်ဘာလက ထိုင်း ကြော်ငြာ လုပ်ငန်းအဖွဲ့ ခေါင်းဆောင် အဖြစ် တာဝန် ပေးအပ်ထားသူ Okawa က ပြောကြားပါတယ်။ ရန်ကုန် အခြေစိုက်အဖွဲ့ အနေနဲ့ လာမဲ့နှစ်မှာ အကိုျးအမြတ် များတောင် ရရှိတော့မယ်လို့ ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံဟာ Chuo Senko မှ ကွန်ယက်ဖြန့်ကျက်တဲ့ နိုင်ငံများထဲမှာ နောက်ဆုံး ချိတ်ဆက်တဲ့ နိုင်ငံဖြစ်ပြီး ဗီယက်နမ်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတို့နဲ့ ချိတ်ဆက်ထားပြီးဖြစ်ပါတယ်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံတကာ ကြော်ငြာ လုပ်ငန်း အတော်များများဟာ မြန်မာနိုင်ငံအတွင်း လာရောက် လုပ်ကိုင်နိုင်ရန် ရှေ့ပြေး လေ့လာမှု များပြုလုပ်နေကြပြီး ချီကာဂို အခြေစိုက် Leo Burnett Group ကလည်း ဖက်စပ် လုပ်ငန်းများ လုပ်ရန်၊ တိုက်ရိုက် ရင်းနှီးမြှုပ်နံှရန်၊ အကိုျးတူ လုပ်ဆောင်ရန် အတွက် စိတ်ဝင်စား နေပါတယ်။ Leo Burnett Group ဟာ အာဆီယံ နိုင်ငံများ အတွင်းမှာလည်း ကွန်ယက်ဖြန့်ကျက် ထားပြီး ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှ ဒုတိယအကြီးဆုံး မီဒီယာလုပ်ငန်း Aegis Media ဟာ မြန်မာနိုင်ငံမှာ ဖက်စပ် လုပ်ငန်းကို လာမဲ့လမှာ လာရောက် ထူထောင်ရန် စီစဉ်နေပြီဖြစ်ပါတယ်။

Source The Nation                                                                                                                      CMK

Pages

Subscribe to RSS - Department of Trade