Department of Trade

လျှပ်စစ်သုံးယာဉ်တင်သွင်းခွင့်ပြုထားသည့် ကုမ္ပဏီများအတွက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပခြင်း

Fri, 10/04/2024 - 09:42 -- ipICTdep
English

နေပြည်တော်၊  အောက်တိုဘာလ ၄

   လျှပ်စစ်သုံးယာဉ်တင်သွင်းခွင့်ပြုထားသည့် ကုမ္ပဏီများအတွက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို အောက်တိုဘာလ ၄ ရက်နေ့၊   နံနက် ၁၀ နာရီအချိန်တွင် စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ် (၅၂)၊ အစည်းအဝေးခန်းမ ၌ Virtual စနစ်ဖြင့်ကျင်းပရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

   ဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ လျှပ်စစ်သုံးယာဉ်တင်သွင်းခွင့်ပြုထားသည့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ စုစုပေါင်း(၇၅)ဦး တက်ရောက်ခဲ့ကြသည်။

    ဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ဥပဒေ(၄)ရပ်ပါ လုပ်ငန်းတာဝန်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေနှင့် တီထွင်မှုမူပိုင်ခွင့်ဥပဒေတို့၏ မူပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့် အခြားမူပိုင်ခွင့်နှင့် စပ်လျဉ်းသည့်ကိစ္စရပ်များအား ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ မူပိုင်ခွင့်ဥပဒေ (၄)ရပ်အနက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် စတင်၍ ဥပဒေအာဏာ သက်ဝင်ကြောင်း ထုတ်ပြန်ခဲ့ပြီး၊ အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားချက်များ တရားဝင်လက်ခံခြင်းကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့မှ စတင်၍ လက်ခံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေသည် ကုန်ပစ္စည်းထုတ်လုပ်ရောင်းချသည့်လုပ်ငန်းများသာမက ကုန်ပစ္စည်းများကို ပြည်တွင်းပြည်ပမှ တင်သွင်းခြင်း၊ တင်ပို့ခြင်းစသည့် ဝန်ဆောင်မှုလုပ်ငန်းများအပေါ်တွင်လည်း အကျိုးသက်ရောက်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ ဦးစီးဌာနအနေဖြင့်လည်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ လက်အောက်တွင် ရှိနေပြီဖြစ်၍ မြန်မာနိုင်ငံအတွင်းသို့ လျှပ်စစ်သုံး ယာဉ်များတင်သွင်းခြင်းအား လက်ရှိမူပိုင်ခွင့်ဦးစီးဌာနမှ ပြဋ္ဌာန်းထားသည့် ဥပဒေများအနက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေနှင့် သက်ဆိုင်နေပါကြောင်း၊ ပြည်ပမှ ကုန်ပစ္စည်းများကို မြန်မာနိုင်ငံအတွင်းသို့ တရားဝင်တင်သွင်းဖြန့်ချိခွင့်ရရှိသော ကိုယ်စားလှယ်များ၊ ခွင့်ပြုချက်ဖြင့်လုပ်ကိုင်ခွင့်ရရှိ ထားသူများ (တစ်နည်းအားဖြင့် လိုင်စင်ရထားသူများ) သည် မူပိုင်ခွင့်နှင့်ပတ်သက်သည့် အသိပညာ ဗဟုသုတများ၊ မူပိုင်ခွင့်သဘောတရားများကို သိရှိနားလည်ထားမည်ဆိုလျှင် မိမိတို့လုပ်ကိုင်လျက် ရှိသော ပို့ကုန်သွင်းကုန်လုပ်ငန်းများကို ဥပဒေကြောင်းအရ ခိုင်ခိုင်မာမာဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ယခုဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

   ဆက်လက်၍ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဌာနခွဲမှ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါက်တာစိမ့်သန္တာထွန်းက ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။

Latest News: 

အဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီအစည်းအဝေးကျင်းပခဲ့ခြင်း

Wed, 10/02/2024 - 05:18 -- Dotbilateral
Undefined

     မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ကုန်သွယ်ရေးပူးတွဲကော်မတီတည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာပါ ပြဋ္ဌာန်းချက်များနှင့်အညီ အဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီအစည်းအဝေးကို မြန်မာနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် အိန္ဒိယသမ္မတနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနမှ တွဲဖက်အတွင်းဝန်  Sh. Siddharth Mahajan တို့က ဦးဆောင်၍ နှစ်ဖက်အဖွဲ့ဝင်ကိုယ်စားလှယ်များဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ နယူး‌ဒေလီမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အစည်းအဝေးတွင် နှစ်နိုင်ငံကုန်သွယ်မှုအလားအလာများသုံးသပ်ခြင်း၊ အထည်အလိပ်ကဏ္ဍ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်မှုကဏ္ဍ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးကဏ္ဍ၊ အပင်ပိုးမွှားများစစ်ဆေးခြင်းကဏ္ဍ၊ ပင်လယ်ရေကြောင်းကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ဆေးဝါးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းကဏ္ဍ၊ 5G ဆက်သွယ်ရေးကဏ္ဍများ တွင် နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုတိုးမြင့်လာစေရေးနှင့် ယင်းကဏ္ဍများတွင် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ စွမ်းဆောင်ရည်မြှင့်တင်ခြင်းအကူအညီပေးခြင်းများ၊ အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ကုန်သွယ်မှုအချက်အလက်များအား ပုံမှန်ဖလှယ်မည့်ကိစ္စ၊ အာဆီယံ-အိန္ဒိယ ကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ်အား အိန္ဒိယနိုင်ငံဘက်မှ သုံးသပ်နေသည့်ကိစ္စအပေါ် မြန်မာနိုင်ငံဘက်မှ အခြားအာဆီယံနိုင်ငံများနှင့်အတူတက်ကြွစွာ ပူးပေါင်းပါဝင်ရေးကိစ္စ၊ အိန္ဒိယနိုင်ငံမှ စက်သုံးဆီ၊ နေကြာစေ့၊ ဝါစေ့များကို အိန္ဒိယရူပီးနှင့်တင်သွင်းနိုင်ရေးနှင့် မြန်မာပဲများကို အိန္ဒိယရူပီးနှင့် တင်ပို့နိုင်ရေးတို့ကို နှစ်ဘက်အပြန်အလှန် မှတ်တမ်းတင်ဆွေးနွေးခဲ့ကြပါသည်။

     အဆိုပါ အစည်းအဝေးသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကျိုးစီးပွားအတွက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးတက်လာစေခြင်း၊  ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုစီးဆင်းမှုကို ပိုမိုမြှင့်တင်နိုင်ပြီး ကဏ္ဍမျိုးစုံတွင်နှစ်ဖက်ပူးပေါင်းခြင်းဖြင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးကျေးဇူး အများဆုံးရရှိစေမည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ကာ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ရလဒ်များကို ဖန်တီးနိုင်ခဲ့ပါသည်။      

Latest News: 

မတ်ပဲနှင့်ပဲစင်းငုံကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ ဒုတိယအကြိမ် မြန်မာ-အိန္ဒိယ ပူးတွဲကြီးကြပ်ရေးကော်မတီအစည်းအဝေး ကျင်းပခဲ့ခြင်း

Wed, 10/02/2024 - 05:11 -- Dotbilateral
Undefined

     ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် နှစ်နိုင်ငံအစိုးရများအကြား လက်မှတ်ရေးထိုးခဲ့သည့် မြန်မာနှင့် အိန္ဒိယနိုင်ငံတို့အကြား မတ်ပဲနှင့် ပဲစင်းငုံကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ ဒုတိယအကြိမ် မြန်မာ-အိန္ဒိယ ပူးတွဲကြီးကြပ်ရေးကော်မတီ (Joint Monitoring Committee-JMC)အစည်းအဝေးကို မြန်မာနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ နှင့် အိန္ဒိယသမ္မတနိုင်ငံ၊ စားသုံးသူရေးရာ၊ အစားအစာနှင့် ပြည်သူ့ဖြန့်ဖြူးရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တွဲဖက်အတွင်းဝန်(စီးပွားရေးအကြံပေး) Mr. Kamkhenthang Guite တို့မှ ဦးဆောင်၍ နှစ်ဖက်အဖွဲ့ဝင် ကိုယ်စားလှယ်များဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အစည်းအဝေးတွင် အိန္ဒိယအစိုးရ၏ မတ်ပဲနှင့်ပဲစင်းငုံတို့ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ လွတ်လပ်စွာတင်သွင်းခွင့်ပြုသည့် မူဝါဒကြောင့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ပဲကုန်သွယ်မှုမှာ တိုးတက်လျက်ရှိနေပြီး နှစ်ဖက်လုံးမှ ကျေနပ်အားရဖွယ်အနေအထား၌ ရှိနေကြောင်း၊ လက်ရှိ မတ်ပဲနှင့် ပဲစင်းငုံကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာသည် ၂၀၂၅ -၂၀၂၆ တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်၍ ဆက်လက်ချုပ်ဆိုမည့် MoU အသစ်တွင် မတ်ပဲတင်ပို့မှုပမာဏသည် တန်ချိန် ၂.၅ သိန်းမှ တန်ချိန် ၅ သိန်းသို့ တိုးမြှင့်သွားမည်ဖြစ်ပြီး ၊ ပဲစင်းငုံတင်ပို့မှုပမာဏသည် တန်ချိန် ၁ သိန်းမှ ၂ သိန်းသို့ တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ နောက်ချုပ်ဆိုမည့် MoU တွင်လည်း လက်ရှိ Standard Operating Procedures (SOP) အတိုင်း ဆက်လက်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ လက်ရှိ MoU သက်တမ်းကုန်ဆုံးမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ကုန်ဆုံးပါက ဆက်လက်ချုပ်ဆိုမည့် MoU အသစ်တွင် ပဲတီစိမ်းတန်ချိန် ၂ သိန်းနှင့် ပြောင်းတန်ချိန် ၅ သိန်းကို ထည့်သွင်းရန် မြန်မာဘက်မှ အဆိုပြုခဲ့ကြောင်း မှတ်တမ်းတင် ဆွေးနွေးခဲ့ကြပါသည်။

     အဆိုပါ အစည်းအဝေးသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကျိုးစီးပွားအတွက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးတက်လာစေခြင်း၊  ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုစီးဆင်းမှုကို ပိုမိုမြှင့်တင်နိုင်ပြီး နှစ်နိုင်ငံပြည်သူများအတွက် အကျိုးကျေးဇူး အများဆုံးရရှိစေမည့်နည်းလမ်းများကို ရှာဖွေဖော်ထုတ်ကာ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ရလဒ်များကို ဖန်တီးနိုင်ခဲ့ပါသည်။

Latest News: 

စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

Fri, 08/23/2024 - 07:15 -- ipICTdep
English

နေပြည်တော်၊ ဩဂုတ် ၂၁

   စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန် တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ရုံးအမှတ်(၅၂)၊အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့်ကျင်းပရာ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားသည်။

   အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းများအတွင်းရှိ တက္ကသိုလ်များနှင့် ကောလိပ်များမှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် တာဝန်ရှိသူများ၊  မူပိုင်ခွင့်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ စုစုပေါင်း(၁၀၀)ဦး  တက်ရောက်ကြသည်။

   စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြားရာ၌ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကို ၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် အာဏာသက်ဝင်ခဲ့ပြီးဖြစ်ပါကြောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စာပေနှင့်အနုပညာလက်ရာများ၊ ဆက်နွှယ်သည့်အခွင့် အရေးဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများ၊ လျှောက်လွှာပုံစံများ၊ လျှောက်ထားမှုအမျိုးမျိုးအတွက် ပေးသွင်းရမည့်အခကြေးငွေများကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့်မှတ်ပုံတင် လျှောက်ထားခြင်းများကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်နေ့မှစတင်၍ လက်ခံဆောင်ရွက်လျက်ရှိပြီး၊ စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဖွဲ့စည်းခြင်းဆိုင်ရာစည်းမျဉ်းကိုလည်း ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ရန် လျှောက်ထားခြင်းများအတွက် လိုအပ်သော လျှောက်လွှာပုံစံများနှင့် အခကြေးငွေများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

   စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကို သိရှိနားလည်ပြီး ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း လိုက်နာကျင့်သုံးနိုင်စေရေးအတွက် ယခုလို အသိပညာပေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင်တို့၏ စာပေနှင့်အနုပညာမူပိုင်ခွင့်များကို အကာအကွယ်ပေးရန်၊ ဖျော်ဖြေသူ၊ ဖိုနိုဂရမ်ထုတ်လုပ်သူနှင့် ထုတ်လွှင့်သည့်အဖွဲ့အစည်းများ၏ ဆက်နွှယ်သည့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်နိုင်ရန်၊ ရိုးရာဓလေ့အမွေအနှစ်ဖော်ပြချက်များကို ကာကွယ်မြှင့်တင် နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါကြောင်း၊ စာပေနှင့်အနုပညာဖန်တီးသူများ၏ စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် ဆက်နွှယ်သည့်အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးခြင်းဖြင့် လူသားတို့၏ ဖန်တီးနိုင်စွမ်းအားကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါ ကြောင်း၊ အရည်အသွေးရှိသော စာပေနှင့်အနုပညာဖန်တီးမှုများ တိုးတက်လာခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတိုးတက်ရေးကို အထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့်သည် မဖြစ်မနေမှတ်ပုံတင်ရန် မလိုအပ်ဘဲ မှတ်ပုံတင်သည်ဖြစ်စေ၊ မတင်သည်ဖြစ်စေ ဥပဒေပါ အခွင့်အရေးများကို ခံစားခွင့်ရှိသော်လည်း မှတ်ပုံတင်ထားရှိပါက စာပေနှင့်အနုပညာ မူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် အငြင်းပွားမှုများဖြစ်လျှင် ခိုင်လုံသော သက်သေအထောက်အထားအဖြစ် တင်ပြနိုင်မည်ဖြစ်ပါကြောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင်များ ပိုင်ဆိုင်သည့် အခွင့် အရေးများ၊ စာပေနှင့်အနုပညာလက်ရာများကို အသုံးပြုရာတွင် မူပိုင်ခွင့်ပိုင်ရှင်၏ ခွင့်ပြုချက်နှင့် အခကြေးငွေ ပေးရန်မလိုဘဲ ကန့်သတ်ချက်၊ ကင်းလွတ်ချက်ဖြင့် အသုံးပြုနိုင်မည့်အခြေအနေများ၊ မူပိုင်ခွင့်ချိုးဖောက် သည့် အပြုအမူများနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်မှတ်ပုံတင်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း သိရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

   ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာနွယ်ရီဝင်းက စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာ သိကောင်းစရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် ဘာသာရပ် တာဝန်ခံက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကာ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 

Conducting the meeting on Procedures for Competition Law enforcement

Wed, 08/07/2024 - 08:18 -- competition
English

     The competition law was enacted with the aim of regulating the free and fair competition of businesses in the market. A meeting on the development of procedures necessary for the effective implementation of the competition law was conducted in 6th August 2024.

     In the brainstorming meeting, the members of the Legal Advisory Unit of the Ministry of Commerce and the officials from the Competition Commission Office were attended.

Latest News: 

ဒေသဆိုင်ရာအညွှန်းမှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေ (မူကြမ်း)၊ လျှောက်လွှာပုံစံများ (မူကြမ်း) တို့နှင့်စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Wed, 07/31/2024 - 15:16 -- ipICTdep
English

နေပြည်တော်၊ဇူလိုင်လ၃၁

   ဒေသဆိုင်ရာအညွှန်းမှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေ(မူကြမ်း)၊ လျှောက်လွှာပုံစံများ (မူကြမ်း) တို့နှင့်စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို၂၀၂၄ခုနှစ်၊ဇူလိုင်လ၃၁ရက်နေ့၊ နေ့လယ်(၁၃:၃၀) နာရီအချိန်တွင်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးရုံး၊အစည်းအဝေးခန်းမ(၁)၌ Virtual စနစ်ဖြင့်ကျင်းပခဲ့ပါသည်။

   အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်နှင့်အညီ စိုက်ပျိုးရေးထွက်ကုန်များ၊ ဒေသထွက်ကုန်များ၏ အရည်အသွေးမြှင့်တင်နိုင်ရန်နှင့် နိုင်ငံတကာစျေးကွက်သို့ ထိုးဖောက်နိုင်ရေး ရည်ရွယ်ဆောင်ရွက်ရာတွင် ဒေသဆိုင်ရာအညွှန်း အကာအကွယ်ပေးခြင်းစနစ်သည်လည်း များစွာအထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အခန်း (၁၆) မှ ဒေသဆိုင်ရာအညွန်း အကာအကွယ်ပေးမှုနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် နည်းဥပဒေများကို ပြဋ္ဌာန်းရန်လိုအပ်နေပါကြောင်း၊ ဒေသဆိုင်ရာ အညွှန်းမှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများ(မူကြမ်း)အား မူပိုင်ခွင့်ဦးစီးဌာနမှ  ၂၀၂၁ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ပြီး အဆိုပါနည်းဥပဒေများ(မူကြမ်း)အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်များ တောင်းခံရရှိထားပြီးဖြစ်၍ ယခုညှိနှိုင်းအစည်းအဝေး ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ အစည်းအဝေးမှ ဆွေးနွေးအကြံပြုချက်များအရ လိုအပ်သည်များ ပြင်ဆင်ဖြည့်စွက်ပြီး နည်းဥပဒေအတည်ပြုနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

   ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်နှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံတို့က ဒေသဆိုင်ရာအညွှန်း မှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေ(မူကြမ်း)၊ လျှောက်လွှာပုံစံများ (မူကြမ်း)တို့နှင့်စပ်လျဉ်း၍ အကြံပြုချက်များ၊ သဘောထားမှတ်ချက်များ တောင်းခံရရှိခဲ့မှု အခြေအနေ၊ ပြင်ဆင်ထားရှိမှုအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြရာ ဖိတ်ကြား ထားသည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကိုရုပ်သိမ်းခဲ့သည်။

   အဆိုပါဒေသဆိုင်ရာအညွှန်း မှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေကို အတည်ပြုပြဋ္ဌာန်း ကျင့်သုံး နိုင်ပါက မြန်မာနိုင်ငံတွင်း ထွက်ရှိသော ဒေသထွက်ကုန်များဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ ရွာငံကော်ဖီ၊ ကျောက်ဆည်စိန်တလုံး၊ ပုဂံယွန်း ကဲ့သို့သော ဒေသထွက်ကုန်များကို အရည်အသွေးမီစွာဖြင့် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်သည့် အခွင့်အလမ်းများ ရရှိနိုင်မည့်အပြင် ထုတ်ကုန်တန်ဖိုး တိုးမြှင့်ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Latest News: 

THE ASEAN CAUCUS ANF PLENARY FOR THE SEVENTH MEETING OF THE WORKING GROUP ON COMPETITION FOR THE ASEAN-CANADA FREE TRADE AGREEMENT

Wed, 07/31/2024 - 07:43 -- competition
English

     The 7thmeetings of the Working Group on Competition (WGC) for the ASEAN-Canada Free Trade Agreement (ACAFTA) was virtually held on 29th and 30th July 2024. 

    The meetings discussed the outstanding issues on the draft text which include in the Competition Chapter; agreed follow-up actions of the 6th ACAFTA WGC; the article on Competition Protection and work plan for the ACAFTA Negotiations.

     Representatives from the Competition Sector in ASEAN Member Statesand Canada and the ASEAN Secretariat Office attended the meeting.

Latest News: 

Export and Import Procedure Course No. 2/2024 (Full news)

Wed, 07/31/2024 - 00:00 -- DotTrading
English

Export and Import Procedure Course No. 2/2024

(Full news)

1.       According to the guidance of the Union Minister of Ministry of Commerce, Trade Training Division, Depatrment of Trade is implementing the training course ,enhancing the human resource development plan.

2.       Regarding to the human resource development plan, the Export-Import Procedures Training Course (2-2024) was launched at 9:45 AM, on July 29th  under the guidance of Minister and monitoring of the Department of Trade.This training course aims to increase knowledge for export and import procedures to the capacity improvement of the staffs.

3.       This course will be conducted daily (Monday to Friday) from July 29th to Auguest 30th 2024 and duration is five weeks. Currently, 14 persons of officials and staffs are attending the course.

Latest News: 

Training on Trade and Trade related laws (Full News)

Wed, 07/31/2024 - 00:00 -- DotTrading
English

Training on Trade and Trade related laws

(Full News)

1        According to the guidance of the Union Minister of Ministry of Commerce, the Trade Training Division are being conducting training for implementing the human resource development plan.

2        Regarding that plan, Training on Trade and Trade related laws was opened with the aim of capacity improvement of the officials and staff of departments of trade.

3        This training is conducted from 25th to 26th July at the training hall near the Regional Economic Cooperation Division.

4        Daw Yunana Myint Aung, assistant director of the trade policy division, is the instructor of this training and 24 participants attended that training.

Latest News: 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင် (MSMEs)များအတွက် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကျင်းပခြင်း

Fri, 07/12/2024 - 08:16 -- ipICTdep
English

နေပြည်တော်၊   ဇူလိုင်လ ၁၁

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် စက်မှုကြီးကြပ် ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအတွက် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကို ဇူလိုင်လ ၁၁ ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

   စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်မန္တလေးတိုင်းဒေကြီးအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

   အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြား ရာ၌ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေကို ၂၀၁၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့်နည်းဥပဒေကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ပြန်ထားရှိပြီးဖြစ်ပါကြောင်း၊ မူပိုင်ခွင့်စနစ်ကို အကောင်အထည်ဖော်ရာတွင် ဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်းရုံနှင့်မပြီးဘဲ အများပြည်သူများအနေဖြင့် လိုက်နာကျင့်သုံးရန်လိုအပ်သည့်အပြင် မူပိုင်ခွင့် ဥပဒေ၊ နည်းဥပဒေများ၏ သတ်မှတ်ချက်များ၊ အကျိုးကျေးဇူးများနှင့် အခွင့်အရေးများကိုလည်း သိရှိထားရန်လိုအပ်ပါကြောင်း၊ နေ့စဉ်ထိတွေ့နေရသည့် မီးဖိုချောင်သုံးပစ္စည်းမှသည် မော်တော်ကား၊ ဆိုင်ကယ်၊ ဖုန်း အစရှိသည့် ဇိမ်ခံပစ္စည်းများအားလုံးသည် ဒီဇိုင်းကိုယ်စီရှိကြရာ အဆိုပါ ဒီဇိုင်းများအား မူပိုင်ခွင့်အကာအကွယ်ရယူထားမည်ဆိုလျှင်  ရရှိနိုင်မည့်အခွင့်အရေးများနှင့် အကျိုးအမြတ် များကို ယနေ့ဆွေးနွေးပွဲတွင် အသိပညာပေးဆွေးနွေးပြောကြားသွားမည် ဖြစ်ပါကြောင်း၊ ဒီဇိုင်းဖန်တီးသူများ အနေဖြင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေပါ ဖော်ပြချက်များကို သိရှိထားမည်ဆိုလျှင် ကိုယ်တိုင်ဖန်တီး ပြုလုပ်ထားသည့်အရာများ သို့မဟုတ် ဈေးကွက်တွင် ကိုယ်တိုင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် ထုတ်ကုန်ပစ္စည်းများကို အခြားသူများက ပုံတူကူးချခြင်း၊ အတုပြုလုပ်ခြင်း၊ ရောင်းချခြင်းများကို စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် အကာအကွယ်ရယူ၍ တားဆီးနိုင်မည့်အပြင် ချိုးဖောက်သူများအား ဥပဒေအရ အရေးယူနိုင်မည်ဖြစ်ပါကြောင်းပြောကြားခဲ့သည်။

   ထို့နောက် မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်စန္ဒာဝင်းက စက်မှုဒီဇိုင်းမူပိုင်ခွင့် ဆိုင်ရာ သိကောင်းစရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကာ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။

Latest News: 

Pages

Subscribe to RSS - Department of Trade