Department of Trade

၂ဝ၁၃ ဇန်နဝါရီလမှာ မူဆယ်- မန္တလေး ကုန်သွယ်မှု လမ်းကြောင်း ပေါ်မှ ကျပ်သိန်းပေါင်း နှစ်ထောင် ရှစ်ရာ ကျော်ဖိုး တားဆီး ရမိ

Tue, 05/14/2013 - 05:11 -- admin
Undefined

တနင်္လာနေ့ ၁၈ ဖေဖော်ဝါရီလ ၂၀၁၃ 15:59 PM

မူဆယ်- မန္တလေး ကုန်သွယ်မှု လမ်းကြောင်း ပေါ်တွင် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ (၂) လကို စားသုံးသူ အကာ အကွယ် ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီးရေး အတွက် ပညာပေး ကာလ အဖြစ် Mobile Team (၁) နဲ့ ဆောင်ရွက် ခဲ့ပြီး ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ လ ၃ ရက်နေ့က စပြီး အရေးယူမှု စတင် ဆောင်ရွက်နေ လျက်ရှိ ပါတယ်။

မူဆယ်- မန္တလေး ကုန်သွယ်မှု လမ်းကြောင်း ပေါ်မှာ Mobile Team အဖွဲ့ (၁) မှ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၃ ရက်မှ ၃၁ ရက်ထိ ကာလ အတွင်း တားဆီး ရမိ ပစ္စည်း များမှာ ခန့်မှန်း တန်ဖိုး (ကျပ်သိန်းပေါင်း နှစ်ထောင့် ရှစ်ရာ နှစ်ဆယ့် တစ်သိန်း လေးသောင်း သုံးထောင် နှစ်ရာ တစ်ဆယ့် ငါး) ၂၈၂၁၄၃၂၁၅ိ/- ရှိပြီး အကောက်ခွန် အမှုတွဲ ၅၇ စောင် ဖွင့်လှစ် နိုင်ခဲ့ တယ်လို့ လရ-၁ ထံမှ သတင်း ရရှိပါတယ်။

မူဆယ်- မန္တလေး လမ်းကြောင်း ပေါ်မှာ လရ-၁ အဖွဲ့က အများဆုံး တားဆီး ရမိတဲ့ ပစ္စည်းတွေ ကတော့ အလှကုန်၊ စားသောက်ကုန် (နို့မှုန့်၊ ချောကလက် ဝေဖာ၊ မုန့်မျိုးစုံ၊ နေကြာစေ့၊ ပီကေ၊ ငုံဆေးပြား) အေးခဲ ကြက်သား၊ အေးခဲ ဝက်အူချောင်း၊ အေးခဲ ကြက်ဖင်ဆီဘူး၊ အေးခဲ အမဲသား၊ လျှပ်စစ် လူသုံး အိမ်သုံး ပစ္စည်းများ (လျှပ်စစ် ရေနွေးအိုး၊ လျှပ်စစ် ထမင်းအိုး၊ မီးချောင်း၊ ဆိုလာချပ်) ရေဒီယို၊ Memory Stick ၊ MP-3 ၊ ဖုန်းမျိုးစုံ၊ ဖုန်းအားသွင်း ဆက်စပ် ပစ္စည်း၊ ဖုန်း ဆက်စပ် ပစ္စည်း၊ ဖုန်းအိတ်၊ စီးကရက်၊ အထည် ထုတ်များ၊ ကားအပို ပစ္စည်းများ၊ မူလီချောင်းများ ဖြစ်တယ်လို့ သိရ ပါတယ်။

ပညာပေး ကာလ အတွင်းမှာ ပို့ကုန် တန်ဖိုး ၂ဝ၃၈၂ဝဝ ကျပ် ၄၈၈၅၇ ဒသမ ၈၉ ဒေါ်လာနဲ့ သွင်းကုန် တန်ဖိုး ၂၅၈ဝ၈၂၂၄၁ ကျပ်၊ ၅၇၈၆၁၆ ယွမ်နဲ့ ၃၉၁၆၅၇ ဒေါ်လာဖိုးကို လိုင်စင်များ ပြန်လည် လုပ်ပေးခဲ့ရာ ပို့ကုန် လိုင်စင် (၁၁) စောင်၊ သွင်းကုန် လိုင်စင် (၂၆) စောင် တို့ဖြစ်ပါတယ်။

ပညာပေး ကာလ ကျော်လွန်ပြီး တားဆီး အရေးယူတဲ့ ကာလ မှာလည်း တရားမဝင် ကုန်စည် ပမာဏ များပြားစွာ တားဆီး နေရခြင်းဟာ ၂ဝ၁၅ မှာ ကျင့်သုံး တော့မယ့် ဗနဃ (အာဆီယံ စီးပွားရေး အသိုက်အဝန်း) နဲ့ အံဝင် ဂွင်ကျ ဖြစ်စေရေး အတွက် အနှောင့် အယှက်များ ဖြစ်စေလျက် ရှိပါတယ်။ နိုင်ငံတကာ အလယ်မှာ ဝင်ဆံ့ နိုင်စေဖို့ နိုင်ငံတော်နဲ့ ပြည်သူ အကျိုး အတွက် တရားဝင် ကုန်သွယ်မှု လမ်းကြောင်းမှန် ပေါ်မှ ကုန်သွယ်ကြ စေလိုကြောင်း အသိပေး တိုက်တွန်း လိုက်ရ ပါတယ်။

Source: လရ-၁ --- MTN

တစ်ဖက် နိုင်ငံထုတ် ကြက်မြစ် ကြက်သဲထုတ်များ ကျပ် ၄၂ သိန်း ကျော်ဖိုး ရှာဖွေတွေ့ရှိ

Tue, 05/14/2013 - 05:11 -- admin
Undefined

တနင်္လာနေ့ ၁၈ ဖေဖော်ဝါရီလ ၂၀၁၃ 15:50 PM

စစ်တောင်း တံတား အဟောင်းနဲ့ တံတား အသစ် လမ်းဆုံမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့ ဝ၂း၁၅ ချိန်မှာ ဝင်ရောက် လာတဲ့ Canter အမျိုး အစား ယာဉ် အမှတ် ၈ခ/xxxxx အား ရပ်တန့် စစ်ဆေးရာမှာ ထိုင်း နိုင်ငံထုတ် ကြက်မြစ် ကြက်သဲ ထုတ်များ ရှာဖွေ တွေ့ရှိခဲ့တယ်လို့ သတင်း ရရှိပါတယ်။

မော်လမြိုင်မှ ရန်ကုန်သို့ ရေချိုငါး၊ ပုစွန်များ တင်ဆောင် လာတဲ့ ရေခဲပုံး အတွင်းမှာ တစ်ဘက် ထိုင်းနိုင်ငံ ထုတ် ကြက်မြစ် ကြက်သဲ တစ်ကီလို ဂရမ်ပါ အထုပ် ၁၇ဝဝ ကို မြဝတီ- ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်း၌ စစ်ဆေးရေး တာဝန် ချထားတဲ့ လှုပ်ရှား အဖွဲ့ ၂ မှ ရှာဖွေ စစ်ဆေး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ တန်ဖိုး အားဖြင့် ကျပ်သိန်း ၄၂ ဒသမ ၅ဝ ရှိတယ်လို့ သိရပါတယ်။

အဆိုပါ ထိုင်းနိုင်ငံထုတ် ကြက်သဲ ကြက်မြစ် များအား ဖေဖော်ဝါရီလ ၃ ရက်နေ့ ၁၁း၁၅ ချိန်မှာ နယ်စပ် ကုန်သွယ်ရေး ညွှန်ကြားရေးမှူး ဦးကျော်ဒွန်း၊ ဝေါမြို့နယ် ဒု- မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဝေါမြို့နယ် မွေးကု ဦးစီး ဌာန၊ ဝေါမြို့နယ် စည်ပင် အမှုဆောင် အရာရှိ၊ လရ-၂ မှ အကောက် ခွန်မှူးနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဝေါမြို့နယ် သတင်းနဲ့ စာနယ်ဇင်း အဖွဲ့ အတွင်း ရေးမှူးတို့ ပါဝင်သော အဖွဲ့က အင်ဂျင်ဝိုင် အဟောင်းများ၊ ဒီဇယ်ဆီများ ပက်ဖြန်း လောင်း ထည့်ခြင်း၊ ထုံးဖြူးခြင်းများ ဆောင်ရွက်ပြီး မြေမြုပ် ဖျက်ဆီး ပစ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

Source: လရ-၂ (MTN)

တရုတ်ကိုသွားတဲ့ သကြား

Tue, 05/14/2013 - 05:08 -- admin
Undefined

တနင်္လာနေ့ ၁၈ ဖေဖော်ဝါရီလ ၂၀၁၃ 15:48 PM

ဇန်နဝါရီလ ၃ဝ ရက်မှ ဖေဖော်ဝါရီလ ၅ ရက်ထိ ကာလ အတွင်းမှာ မူဆယ် စခန်းမှ တစ်ဖက် တရုတ် နိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၃၃၅ သန်း တန်ဖိုးရှိ သကြားညို ၃၅၇ တန် ကျော်နဲ့ သကြားဖြူ ၂၁၃ တန်ကျော် တင်ပို့ ခဲ့ ပါတယ်။ ယခင် အပတ် တင်ပို့ မှုထက် ယခု အပတ်မှာ တန် ၄၉ဝ လျော့နည်း ခဲ့ပါတယ်။ တစ်ဖက် တရုတ် နိုင်ငံမှာ နှစ်သစ်ကူး ပွဲတော် ကာလ မို့ တင်ပို့မှုများ လျော့နည်းခြင်း ဖြစ်ပါတယ်။

ချင်းရွှေဟော် စခန်းမှ ယခု အပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၂၇ဝ သန်း တန်ဖိုးရှိ သကြားဖြူ တန် ၄၅ဝ တင်ပို့ ခဲ့ပါတယ်။ ယခင် အပတ် တင်ပို့မှုထက် ယခု အပတ်မှာ တန် ၅ဝ လျော့နည်း ခဲ့ပါတယ်။ သကြား ၁ ပိဿာ ပေါက်ဈေး ကတော့ ကျပ် ၈၅ဝ- ၉ဝဝ ကြားရှိ တယ်လို့ သကြားနဲ့ သကာ ကုန်သည် အသင်းမှ စုံစမ်း သိရှိရပြီး နှစ်ကူး ကာလ နီးသဖြင့် ဈေး အနည်းငယ် တက်နေ တယ်လို့ သိရပါတယ်။

မြင့်မြင့်မာ -- MIRT (DOBT)

အာဆီယံသည် ဗီယက်နမ်နိုင်ငံရဲ့ တတိယအကြီးဆုံး ဈေးကွက် ဖြစ်လာ

Tue, 05/14/2013 - 05:08 -- admin
Undefined

တနင်္လာနေ့ ၁၈ ဖေဖော်ဝါရီလ ၂၀၁၃ 15:39 PM

ဝ၁၂ ခုနှစ်တွင် ဗီယက်နမ်နဲ့ အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှုပမာဏသည် ကန်ဒေါ်လာ ၁၇ ဒသမ ဝ၈ ဘီလီယံထိဆောင်ရွက်နိုင်ပြီး ပြီးခဲ့တဲ့နှစ်ကထက် ၂၅ ဒသမ ၇ ရာခိုင်နှုန်း ပိုမိုခဲ့ပါတယ်။ ဥရောပသမဂ္ဂနိုင်ငံများနဲ့ အမေရိကန်ပြီးလျှင် အာဆီယံနိုင်ငံဟာ ဗီယက်နမ်နိုင်ငံရဲ့ တတိယအကြီးဆုံး ပို့ကုန်ဈေးကွက်ကြီးဖြစ်လာပါတယ်။ ထိုကဲ့သို့ပို့ကုန်တိုးမြင့်လာရခြင်းမှာ ကွန်ပူျတာနှင့်ကွန်ပူျတာဆက်စပ် ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနဲ့အပိုပစ္စည်းများ၊ တယ်လီဖုန်းနဲ့ဆက်စပ်ပစ္စည်းများ၊ ရော်ဘာ၊ သံနဲ့သံမဏိ၊ ကော်ဖီတို့ ပိုမိုတင်ပို့နိုင်၍ဖြစ်ပါတယ်။ အာဆီယံနိုင်ငံများထဲတွင်လည်း စင်္ကာပူနိုင်ငံဟာ အကြီးဆုံးသော ကုန်သွယ်ဖက် နိုင်ငံဖြစ်ပါတယ်။ ပြီးလျှင် ထိုင်း၊ မလေးရှားနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့နဲ့ကုန်သွယ်မှုဟာ များပြား လျက်ရှိပါတယ်။ နိုင်ငံအလိုက်ပို့ကုန် ကုန်သွယ်မှု ဆောင်ရွက်နိုင်မှုများ မှာ စင်္ကာပူဒေါ်လာ ဘီလီယံ ၉ ဒသမ ဝ၃၊ ထိုင်း ဒေါ်လာ ဘီလီယံ ၈ ဒသမ ၄၁၊ မလေးရှား ဒေါ်လာ ဘီလီယံ ၇ ဒသမ ၉၁၊ အင်ဒိုနီးရှား ဒေါ်လာ ဘီလီယံ ၄ ဒသမ ၆၁၊ ဖိလစ်ပိုင် ၂ ဒသမ ၈၄ ဘီလီယံ၊ လာအို ဒေါ်လာ ၈၆၆ သန်း၊ ဘရူနိုင်း ဒေါ်လာ ၆၂၇ သန်းနဲ့ မြန်မာ ဒေါ်လာ ၂၂၇ သန်း အသီးသီးဖြစ်ပါတယ်။ သွင်းကုန်ပိုင်းကိုကြည့်လျှင် မလေးရှား၊ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတို့နဲ့ အများဆုံးဆောင်ရွက်လျက်ရှိပါတယ်။

Source:VGP News --- CMK

ပွဲတော်များရှိနေ၍ ရော်ဘာဈေးကွက်ငြိမ်သက်

Tue, 05/14/2013 - 05:07 -- admin
Undefined

တနင်္လာနေ့ ၁၈ ဖေဖော်ဝါရီလ ၂၀၁၃ 15:28 PM

မလေးရှား ရော်ဘာ ဈေးကွက်ဟာ လာမဲ့ အပတ်မှာ ငြိမ်သက်နေမဲ့ အခြေအနေ ရှိနေတယ်လို့ ရော်ဘာ ကုန်သည် များက ပြောကြား လျက်ရှိပါတယ်။ တရုတ် နှစ်သစ်ကူး ကာလ နီးကပ်လာပြီ ဖြစ်လို့ ဈေးကွက် ငြိမ်သက် နေရခြင်း ဖြစ်တယ်။ တစ်ချိန်တည်း မှာဘဲ ရော်ဘာ ဈေးကွက် အခြေအနေကို ကြည့်ပြီး ရော်ဘာ ဈေးများလည်း တည်ငြိမ် နေတယ်လို့ သိရပါတယ်။ တနင်္လာနေ့မှာ Thaipusam ပွဲတော်နဲ့ သောကြာနေ့မှာ ပြည်နယ်နေ့ ပွဲတော် ရှိတဲ့ အတွက် ယခု တစ်ပတ်လုံး မလေးရှား ရော်ဘာ ဈေးကွက် ငြိမ်သက် နေမယ်လို့ ရော်ဘာ ကုန်သည်များက သုံးသပ် ပြောကြား နေကြ ပါတယ်။

Source :btimes.com.my --- CMK

ဇန်နဝါရီလဗီယက်နမ်မှ ပုစွန်တင်ပို့မှု ယမန်နှစ်ကာလတူထက်နှစ်ဆကျော်ရရှိ

Tue, 05/14/2013 - 05:03 -- admin
Undefined

တနင်္လာနေ့ ၁၈ ဖေဖော်ဝါရီလ ၂၀၁၃ 15:21 PM

၂ဝ၁၃ ခုနှစ်ရဲ့ ပထမလ ဖြစ်တဲ့ ဇန်နဝါရီ လမှာ ဗီယက်နမ် နိုင်ငံမှ ကန်ဒေါ်လာ သန်း ၂ဝ ကျော် တန်ဖိုးရှိ ပုစွန် တန်ချိန် ၆ဝဝဝ ကို တင်ပို့ နိုင်ခဲ့ပါတယ်။ ယမန်နှစ် ကာလတူထက် နှစ်ဆ ပိုမို တင်ပို့ ခဲ့တယ်လို့ သိရပါတယ်။ ပုစွန်ဈေးများမှာ အရွယ် အစားပေါ် မူတည်ပြီး ပြောင်းလဲ လျက်ရှိပါတယ် -

                                                            ဒေါ်လာ/ကီလို

ကျားပုစွန်            ၂ဝ ကောင်/၁ ကီလို       ၁၁.၅            ၁၃.၄

                           ၃ဝ ကောင်/၁ ကီလို        ၇.၇၀           ၈.၆၀

                           ၄ဝ ကောင်/၁ ကီလို                          ၇.၂ဝ

ပုစွန်ဖြူ                ၄ဝ ကောင်/၁ ကီလို                          ၆.၂၅

                           ၅ဝ ကောင်/၁ ကီလို                          ၅.၅၈

                            ၆ဝ ကောင်/၁ ကီလို                         ၅.၂၉

ယခု အချိန်ဟာ ပုစွန် ရာသီချိန် ကုန်ခါနီးပြီ ဖြစ်တဲ့ အတွက် ပုစွန် ထွက်ရှိမှုဟာ လျော့နည်း လာပြီလို့ ဒေသခံ ပုစွန် မွေးမြူ သူများ ထံက သိရှိရ ပါတယ်။

Source :Tvoi Tre News --- CMK

ICT ကဒ်နှင့် အနာဂတ် လုပ်ငန်းရှင်

Tue, 05/14/2013 - 05:03 -- admin
Undefined

တနင်္လာနေ့ ၁၈ ဖေဖော်ဝါရီလ ၂၀၁၃ 14:53 PM

စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း တစ်ဦး တည်းပိုင် ထုတ်ကုန်/ သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် ကဒ် (Individual Trading Card) ဖြင့် တစ်နိုင် တစ်ပိုင် လုပ်ငန်းရှင် များကို ၂၁-၁၁-၂ဝ၁၂ မှစ၍ ခွင့်ပြုလျက် ရှိပါသည်။ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ထိ ကဒ်ပေါင်း ၆၃ ကဒ်၊ လိုင်စင် စောင်ရေ ပေါင်း ၇ဝ စောင်နဲ့ ကုန်သွယ်မှု တန်ဖိုး ကျပ် ၁၈၂ သန်းပေါင်း ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရှိရပါသည်။ အချို့ကဒ် ပိုင်ရှင်များမှာ လုပ်ငန်း ဆောင်ရွက်မှု မရှိသော်လည်း ဆောင်ရွက်သည့် ကဒ်ပေါင်းမှာ ၃၇ ကဒ် ရှိပါသည်။ ဆောင်ရွက် နေသော ကဒ်ပိုင်ရှင်များမှာ   အနာဂတ်တွင် လုပ်ငန်းရှင်ကြီးများ အထိ ရည်ရွယ် လုပ်ကိုင် နေကြောင်း သိရှိရပြီး '' မသိသူ ကျော်သွား သိသူ ဖော်စား'' စကားပုံ ကဲ့သို့ ခေတ်စနစ် အမှီ လိုက်ပါ နိုင်သူ များမှာ အနာဂတ်တွင် စီးပွားရေး လုပ်ငန်း ရှင်ကြီးများ ဖြစ်သည် အထိ အလားအလာ ကောင်းသော အခွင့်ကောင်းများ ရရှိလာ နိုင်မည် ဖြစ်ကြောင်း လေ့လာ ဖော်ထုတ် ရရှိ ပါသည်။

စမ်းစမ်းအေး (တမူး)

CITES Appendix များမှာပါဝင်တဲ့ သစ်ခွ မျိုးစိတ်များ ရောင်းဝယ် ဖောက်ကားခြင်း အတွင်း CITES ပို့ကုန်/ သွင်းကုန် ပါမစ် ထုတ်ပေးခြင်း ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ

Tue, 05/14/2013 - 05:02 -- admin
Undefined

ကြာသပတေးနေ့ ၇ ဖေဖော်ဝါရီလ ၂၀၁၃ 15:55 PM
အိမ်နီးချင်း ထိုင်း၊ အိန္ဒိယ စတဲ့ နိုင်ငံတို့မှ သစ်ခွ (Orchids) များအား ကုမ္ပဏီ လုပ်ငန်းရှင်များ နယ်စပ် ကုန်သွယ်မှု နည်းလမ်း အရ သွင်းကုန် လိုင်စင်နဲ့ တင်သွင်း မယ်ဆိုလျှင် သစ်တော ဦးစီးဌာန၊ ပတ်ဝန်း ကျင်ထိန်း သိမ်းရေးနဲ့ သစ်တော ရေးရာ ဝန်ကြီး ဌာနရဲ့ CITES ပါမစ် ရယူ ဆောင်ရွက်ရန် လိုအပ်ကြောင်းနဲ့ သစ်ခွမျိုးစိတ် များကို ယခင် အပတ်က ဖော်ပြ ပေးထားပြီး ဖြစ်ပါတယ်။ ယခု အပတ်မှာတော့ CITES ပါမစ် ထုတ်ပေးခြင်း နဲ့ပတ်သက်တဲ့ စည်းမျဉ်း စည်းကမ်းများ Article III ကို ဖော်ပြ ပေးလိုက် ရပါတယ်။ တင်ပို့ မယ်ဆိုလျှ CITES Appendix I မှာ ပါဝင်တဲ့ မည်သည့် သစ်ခွ မျိုးစိတ်ကို မဆို တင်ပို့ မယ်ဆိုလျှင် ကနဦး ထောက်ခံချက်နဲ့ ပါမစ် လျှောက်ထားရတဲ့ အကြောင်းကို ဖော်ပြ ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ပို့ကုန် ပါမစ် ထုတ်ပေးနိုင်ရန် တင်ပို့ ခွင့်ပြုတဲ့ မျိုးစိတ်ရဲ့ ရှင်သန် တည်တံ့မှုကို မထိခိုက်နိုင်ကြောင်း တင်ပို့တဲ့ နိုင်ငံရဲ့ သိပ္ပံ ဆိုင်ရာ ထောက်ခံချက် ပေးတဲ့အဖွဲ့ (ScientificAuthority)ကို ရှင်းလင်း တင်ပြရန်၊ တင်ပို့ ခွင့်ပြုရမဲ့ မျိုးစိတ်ကို စုဆောင်းရာမှာ တင်ပို့မဲ့ နိုင်ငံရဲ့ အပင်နဲ့ အကောင် (Fauna & Flora) တို့ကို ကာကွယ် ထိန်းသိမ်းရန် ထုတ်ပြန် ထားတဲ့ ဥပဒေများနဲ့ ဆန့်ကျင်မှု မရှိကြောင်း စီမံ အုပ်ချုပ်ရေး အဖွဲ့သို့ သေချာစွာ ရှင်းလင်း တင်ပြရန်၊ သက်ရှိ မျိုးစိတ်များအား တင်ပို့မယ် ဆိုလျှင် အဆိုပါ သက်ရှိ မျိုးစိတ်များအား ဒဏ်ရာ ရရှိနိုင်မှု ကျန်းမာရေး ယိုယွင်း ပျက်ပြား နိုင်မှုနဲ့ ယဉ်ပါးစေရန် ထိန်းကျောင်းမှု များမှာ ထိခိုက်မှု အနည်းဆုံးနဲ့ ပြင်ဆင် တင်ပို့မယ် ဆိုတာကို စီမံ အုပ်ချုပ်ရေး အဖွဲ့သို့ ရှင်းလင်း တင်ပြရန်နဲ့ တင်ပို့မဲ့ မျိုးစိတ် အတွက် လက်ခံမဲ့ နိုင်ငံရဲ့ သွင်းကုန် ပါမစ် တရားဝင် ခွင့်ပြုချက်အား တင်ပို့မဲ့ နိုင်ငံရဲ့ စီမံ အုပ်ချုပ်ရေး အဖွဲ့ကို တင်ပြရန် လိုအပ်မှာ ဖြစ်ပါတယ်။
တင်သွင်း မယ်ဆိုလျှင် Appendix I မှာ ပါဝင်တဲ့ မည်သည့် မျိုးစိတ်ကို မဆို တင်သွင်းမယ် ဆိုလျှင် ကနဦး ထောက်ခံချက် Import Permit တင်ပြချက်နဲ့ Export Permit သို့မဟုတ် Re-export Permit များ တင်ပြရန်လို အပ်ပါတယ်။ Import Permit ထုတ်ပေး နိုင်ရန်၊ လိုအပ်ချက်တွေ ကတော့ တင်သွင်းမဲ့ ရည်ရွယ်ချက်ဟာ တင်သွင်းမဲ့ မျိုးစိတ်ရဲ့ ရှင်သန် တည်တံ့မှုအား ထိခိုက်မှု မရှိကြောင်း တင်သွင်း ခွင့်ပြုမဲ့ နိုင်ငံရဲ့ သိပ္ပံ ဆိုင်ရာ ထောက်ခံချက် ပေးတဲ့ အဖွဲ့သို့ ရှင်းလင်း တင်ပြ ထားပြီး ဖြစ်ရန်၊ တင်သွင်းခွင့် ပြုရန် လျှောက်ထားတဲ့ မျိုးစိတ် အတွက် သင့်တင့် လျောက်ပတ်သော နေရာ ထိုင်ခင်း၊ ပြုစု စောင့်ရှောက်မဲ့ အစီအစဉ်များအား တင်သွင်း ခွင့်ပြုမဲ့ နိုင်ငံရဲ့ သိပ္ပံဆိုင်ရာ ထောက်ခံချက် ပေးမဲ့ အဖွဲ့က ကျေနပ် လက်ခံနိုင်တဲ့ စီစဉ် ထားရှိမှုမျိုး ဖြစ်ရန်၊ တင်သွင်းမဲ့ မျိုးစိတ်ဟာ စီးပွားရေး အကျိုး အမြတ်ရမဲ့ လုပ်ငန်း အတွက် အဓိက ရည်ရွယ်မှု မရှိကြောင်း တင်သွင်းခွင့် ပြုမဲ့ နိုင်ငံရဲ့ စီမံ အုပ်ချုပ်မှု အဖွဲ့ကို ရှင်းလင်း တင်ပြ ထားပြီး ဖြစ်ရန် လိုအပ် ပါတယ်။
CITES Appendix II မှာ ပါဝင်တဲ့ မျိုးစိတ်များကို တင်ပို့ တင်သွင်းရာ မှာလည်း Appendix I မှာ ပါဝင်တဲ့ မျိုးစိတ်များကို တင်ပို့ တင်သွင်းတဲ့ အတိုင်း လိုက်နာရ မယ်လို့ CITES Article IV မှာ ဖော်ပြ ထားပါတယ်။ ပိုမိုတဲ့ အချက်ကတော့ ပြည်ပကို တင်ပို့ ခွင့်ပြုထားတဲ့ မျိုးစိတ်များနဲ့ အမှန် တကယ် တင်ပို့မှု ကိုက်ညီခြင်း ရှိ/ မရှိကို နှစ်နိုင်ငံ စလုံးရှိ သိပ္ပံ ဆိုင်ရာ ထောက်ခံချက် ပေးတဲ့ အဖွဲ့က ကြပ်မတ် စစ်ဆေးရန်ပဲ ဖြစ်ပါတယ်။
တင်ပို့ ခွင့်ပြုထားတဲ့ မျိုးစိတ်များဟာ ၎င်းတို့ ရှင်သန်နေတဲ့ ဂေဟ စနစ်များမှာ ဆက်လက် ရှင်သန် တည်တံ့ရန် လိုအပ်တဲ့ အတွက် တင်ပို့ရန် ကန့်သတ် သင့်ကြောင်းနဲ့ Appendix I သို့ ထည့်သွင်းရန် လိုအပ်တဲ့ အနေအထားကို ရောက်ရှိ နေပြီလို့ သိပ္ပံဆိုင်ရာ ထောက်ခံချက် ပေးတဲ့ အဖွဲ့က ဆုံးဖြတ် ခဲ့မယ်ဆိုလျှင် ကန့်သတ် နိုင်ရန် စီမံအုပ် ချုပ်ရေး အဖွဲ့သို့ အကြံပြု တင်ပြ သွားရမယ် လို့လည်း ပြဌာန်း ထားပါတယ်။
Appendix II မှာ ပါဝင်တဲ့ မည်သည့် မျိုးစိတ်ကို မဆို တင်သွင်းမယ် ဆိုလျှင်တော့ Export Permirt သို့မဟုတ် Re Export Permit ထောက်ခံချက် လက်မှတ် ကနဦး တင်ပြရမယ်လို့ CITES Article IV စာပိုဒ်-၄ မှာဖော်ပြ ထားကြောင်း နယ်စပ်မှ သစ်ခွကို နယ်စပ် ကုန်သွယ်မှု နည်းလမ်းနဲ့ ကုန်သွယ် လိုသူများ သိရှိနိုင်ရန် အသိပေးလိုက် ရပါတယ်။
Source: နကသ (ဦး) မူဝါဒ >>> ပန်

လူမှုကွန်ယက် ဝဘ်ဆိုဒ်ဖြစ်သော FACEBOOK တွင် တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ (MOBILE TEAM) ဖြင့် ဆောင်ရွက်လျက်ရှိ

Tue, 05/14/2013 - 05:00 -- admin
Undefined

ကြာသပတေးနေ့ ၇ ဖေဖော်ဝါရီလ ၂၀၁၃ 15:31 PM

လူမှုကွန်ယက်ဝဘ်ဆိုဒ်ဖြစ်သော FACEBOOK တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန ဦးဆောင်ကာ သက်ဆိုင်ရာ ဆက်စပ်ဌာနများ ပါဝင်သော တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ (MOBILE TEAM) ဖြင့် ဆောင်ရွက်လျက်ရှိသော (MOBILE TEAM) ၏ သတင်းများအား အဆိုပါ (MOBILE TEAM) တွင် ပါဝင် ဆောင်ရွက်နေသည့် အဖွဲ့ဝင်တစ်ဦးက မြေပြင် ဆောင်ရွက်မှု သတင်းများအား ရေးသားကာ ၎င်း၏ FACEBOOK ACCOUNT မှတစ်ဆင့် သတင်းလွှင့် တင်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

(MOBILE TEAM) တွင် ပါဝင် ဆောင်ရွက်နေသည့် အဖွဲ့ဝင်တစ်ဦး ရေးသားသော သတင်းများကို စိတ်ပါဝင်စားသူများ အနေဖြင့် ၎င်း GMAIL ACCOUNT ဖြစ်သော [email protected] ကိုဖြစ်စေ မိမိအသုံးပြုသည့် FACEBOOK ACCOUNT မှတစ်ဆင့် ဖိတ်ခေါ်ကာသတင်းများကို ရယူကြည့်ရှုနိုင်ကြောင်း သတင်းကောင်း ပေးအပ်ပါသည်။

(MOBILE TEAM) တွင် ပါဝင်ဆောင်ရွက်နေသည့် အဖွဲ့ဝင်၏ FACEBOOK PAGE တွင် ရေးသားထားချက် အရ တရားမဝင် ကုန်သွယ်မှုများကို ထိရောက်စွာတားဆီးပြီး တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန်နှင့် စားသုံးသူများအား အကာအကွယ်ပေးရေး အတွက် အထောက်အကူ ပြုစေရန် ရည်ရွယ်ချက်ဖြင့် တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး အဖွဲ့ (MOBILE TEAM) ကို ဖွဲ့စည်း ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ထိုကဲ့သို့ ဆောင်ရွက်ရာတွင် အစိုးရဌာန အချင်းချင်း မိတ်ဆွေများ အဖြစ် သဘောထား မှတ်ယူကာ အကောင်းဆုံး ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 
 

ID ထက် ပိုသယ်လာတဲ့ ကွဲျရိုင်းနဲ့ အချိုရည်များ

Tue, 05/14/2013 - 04:58 -- admin
Undefined

ကြာသပတေးနေ့ ၇ ဖေဖော်ဝါရီလ ၂၀၁၃ 14:39 PM

ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ဝ၃း၄ဝ ချိန်မှာ နကသ (လရ-၂) အဖွဲ့ဟာ ယာဉ်အမှတ် ၈ဆ/xxxx အား Manifest ပါ ပစ္စည်း အလေးချိန် ဖော်ပြ ထားချက်နဲ့ ကိုက်ညီမှု မရှိနိုင်ကြောင်း သံသယ ဖြစ်တဲ့ အတွက် ပစ္စည်းများအား အသေးစိတ် ချစစ်ရာမှာ ID ထက် ပိုမို တင်ဆောင် လာတဲ့ အောက်ဖော်ပြပါ အချိုရည် ဖာ ၂၃ဝ စစ်ဆေး တွေ့ရှိရတဲ့ အတွက် သိမ်းဆည်းပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းနဲ့ အညီ ဆောင်ရွက် ထားပြီး ဖြစ်တယ်လို့ သတင်းရ ရှိပါတယ်။

 

Orange Juice          ၁ဝဝ ဖာ

Cantaloupe Juice       ၄၅ ဖာ

Strawberry Juice       ၈၅ ဖာ

အလားတူ ဇန်နဝါရီလ ၃ဝ ရက်နေ့မှာ ဘားအံမှ ဝင်ရောက် လာတဲ့ ၂၂ ဘီးယာဉ် ၄ယ/xxxxxxx နဲ့ ၄ယ/xxxx (၂) စီးနဲ့ သယ်ဆောင် လာတဲ့ ကွဲျရိုင်း အချိုရည် များကို သွင်းကုန် ကြေငြာလွှာနဲ့ တိုက်ဆိုင် စစ်ဆေးရာမှာ ပိုမို ပါရှိလာတဲ့ ကွဲျရိုင်း ၃၃၃ ကဒ် တန်ဖိုး အားဖြင့် ကျပ် ၂၄ သိန်း နီးပါးဖိုးအား သိမ်းဆည်းပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းနဲ့ အညီ ဆောင်ရွက်ထား ပြီးဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ၂၂ ဘီးယာဉ် ကားကြီး (၂) စီးနဲ့ သယ်ဆောင် လာတဲ့ သွင်းကုန် ကြေညာလွှာပါ ကြေညာ ထားတဲ့ ကွဲျရိုင်းများမှာ ၈၃၆၇ ကဒ်သာ ပါရမှာ ဖြစ်သော်လည်း အမှန် တကယ် တင်ဆောင် လာမှု ၈၇ဝဝ ကဒ်ဖြစ်တဲ့ အတွက် အပို သယ်ဆောင်လာမှု ၃၃၃ ကဒ်ကို တွေ့ရှိ သိမ်းဆည်းခဲ့ ရတာဖြစ်ပါတယ်။

Source: လရ-၂ >>> MTN

Pages

Subscribe to RSS - Department of Trade