Department of Trade

ပညာပေး ကာလအလွန် Mobile Team- ၂ မှ ရှာဖွေ တွေ့ရှိရတဲ့ ဘူတာ အနီးနဲ့ ရှောင်ကွင်း လမ်းက Beer Chan တွေ

Tue, 05/14/2013 - 04:57 -- admin
Undefined

ကြာသပတေးနေ့ ၇ ဖေဖော်ဝါရီလ ၂၀၁၃ 14:37 PM

စားသုံးသူ အကာအကွယ် ပေးရေးနဲ့ တရားမဝင် ကုန်စည် စီးဆင်းမှုကို လျော့နည်း ကျဆင်းရေး အတွက် လှုပ်ရှား ရှာဖွေ တားဆီးရေး ပညာပေး ကာလ အလွန် ဇန်နဝါရီလ ၂၁ ရက်မှ စတင်ပြီး စစ်ဆေး အရေးယူမှု များကို Mobile Team အဖွဲ့ (၂) က မြဝတီ- ရန်ကုန် ကုန်စည် စီးဆင်းမှု လမ်းကြောင်းမှာ ဆောင်ရွက် နေပြီဖြစ် ပါတယ်။

အရေးယူမှု ကာလ စတင်တဲ့ ဇန်နဝါရီလ ၂၁ ရက်မှ ၃၁ ရက်ထိ ကာလ အတွင်း ဇန်နဝါရီလ ၂၄ ရက်နဲ့ ၂၆ ရက်နေ့များမှာ ဝေါမြို့နယ် ဆပ်သွားကုန်း ဘူတာ အနီး ပဲခူးရထားသို့ တင်ရန် စုပုံထားတဲ့ ကာလ တန်ဖိုး ၈ သိန်းနီးပါး ရှိတဲ့ Beer Chan ၇၄ ကဒ်နဲ့ မုပ္ပလင်- ကျိုက်ထို လမ်းကြောင်း ညောင်ခါးရှည် လမ်းခွဲထိပ်မှာ ရှောင်ကွင်း သယ်ဆောင်ရန် စုပုံထားတဲ့ ကာလ တန်ဖိုး ကျပ် ၂၆ သိန်း ကျော်တန်ဖိုးရှိ Beer Chan ၂၄၆ ကဒ်ကို Mobile Team အဖွဲ့ -၂ မှ ရှာဖွေ သိမ်းဆည်း ခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းနဲ့ အညီ ဆောင်ရွက် ထားပြီးဖြစ် တယ်လို့ သတင်း ရရှိပါတယ်။

Source: လရ-၂ >>> MTN

ထိုင်း ဓာတ်ဆီဆိုင်ဈေးများ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် အစောပိုင်း ကစပြီး ဈေးမြင့်တက်ခဲ့

Tue, 05/14/2013 - 04:55 -- admin
Undefined

တနင်္လာနေ့ ၄ ဖေဖော်ဝါရီလ ၂၀၁၃ 15:05 PM

ထိုင်းနိုင်ငံမှာ ဓာတ်ဆီနဲ့ gasohol ပန့်ဈေးများ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နံနက် ၅ နာရီက စပြီး ၁ လီတာကို ဝ ဒသမ ၅ဝ ဘတ်နဲ့ E- ၈၅ အမျိုးအစားကိုတော့ ၁ လီတာကို ဝ ဒသမ ၃ဝ ဘတ်မြှင့်တင် လိုက်တယ် လို့ PTT က ကြေငြာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇယ်ဆီ ဈေးနှုန်းများတော့ ပြောင်းလဲမှု မရှိဘူးလို့ သိရပါတယ်။ ဘန်ကောက်နဲ့ ဘန်ကောက် ပတ်ဝန်းကျင် ပြည်နယ်များမှာ ၃၁- ၁- ၂ဝ၁၃ နေ့က စပြီး ပြောင်းလဲ သွားတဲ့ ဓာတ်ဆီ ဆိုင်ပန့် ဈေးများကို ဖော်ပြပေး လိုက်ရပါတယ် -

ဘတ်/လီတာ

ဓာတ်ဆီ            ၉၅ ၄၆.၇၅

gasohol           ၉၅ ၃၈.၃၃

gasohol           ၉၁ ၃၅.၈၈

gasohol E -      ၂ဝ ၃၂.၈၈

gasohol E -      ၈၅ ၂၁.၉၈

ဒီဇယ်              ၂၉.၇၉

ဗီယက်နမ် ဘက်ကို ကြည့်ပြန်တော့ ဘဏ္ဍာရေး၊ စက်မှုနဲ့ ကုန်သွယ်ရေး ဝန်ကြီးဌာန များက ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ဓာတ်ဆီ လက်ကား ဈေးများ တိုးမြှင့်ခြင်း မလုပ်ကြရန် ပန်ကြား လိုက်တယ်လို့ သိရပါတယ်။ ကမ္ဘာ့ ဈေးကွက်မှာ ဓာတ်ဆီဈေး ဆက်တိုက် တက်နေတဲ့ အတွက် ဗီယက်နမ်မှာ ဈေးလိုက် မတက်စေရန် ဖြစ်တယ်လို့ ဘဏ္ဍာရေး ဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ချက် အရ သိရှိရ ပါတယ်။ ဗီယက်နမ် ပြည်တွင်းမှာ ဓာတ်ဆီ ၉၂ ရွမ် (၉၂ Rom သာ) ၁- လီတာကို ဗီယက်နမ် ဒေါင် ၂၉၇ ရှိပြီး ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်မှ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်ထိ ကမ္ဘာ့ ဈေးကွက် ပေါက်ဈေးထက် နိမ့်နေတာ ဖြစ်ပါတယ်။ ရေနံဆီနဲ့ လောင်စာဆီ တို့အကြား ဈေးနှုန်း ကွာခြားမှု ကတော့ ၁ လီတာကို ဗီယက်နမ် ဒေါင် ၁၈၄ မှ ၂၁၆ ထိရှိ နေပါတယ်။ စက်ဆီချောဆီ တည်ငြိမ်ရေး ရန်ပုံငွေမှ ရေနံထွက် ပစ္စည်းများကို ၁ လီတာလျှင် ဗီယက်နမ် ဒေါင် ၅ဝဝ ထိ ထောက်ပံ့ပေး ထားတဲ့ အတွက် လက်လီ ဈေးနဲ့ပြည်ပမှ တင်သွင်းတဲ့ ဈေးကြား ဟန်ချက်ညီ စေလျက်ရှိပြီး ဈေးကွက် တည်ငြိမ်စေလျက် ရှိတယ်လို့ Dtinews မှာ ဖော်ပြထားပါတယ်။

Source: dtinews.com >>> CMK

ပုလင်းခွံနဲ့ ဂျပ်ဖာ အဟောင်းများနဲ့ ရောနှော သိုဝှက် သယ်ဆောင်လာတဲ့ Diablo Extra Strong Beer ဖာများ

Tue, 05/14/2013 - 04:51 -- admin
Undefined

တနင်္လာနေ့ ၄ ဖေဖော်ဝါရီလ ၂၀၁၃ 13:35 PM

စားသုံးသူူ အကာအကွယ် ပေးရေးနဲ့ တရားမဝင် ကုန်စည် စီးဆင်းမှု ပပျောက်ရေး အတွက် Mobile Team များနဲ့ လှုပ်ရှား ရှာဖွေမှုများ လုပ်ဆောင်နေ ပါတယ်။ နိုဝင်ဘာနဲ့ ဒီဇင်ဘာလများမှာ ပညာပေးခဲ့ပြီး ယခုအခါ မှာတော့ အရေးယူမှုများ လုပ်ဆောင် နေပြီဖြစ်ပါတယ်။ မလုပ်ရမှန်း သိပေမဲ့လည်း လုပ်နေကြ ပါတယ်။ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ဝ၃း၂ဝ ခန့်မှာတော့ မော်လမြိုင်မြို့မှ ပုလင်းခွံနဲ့ ဂျပ်ဖာ အဟောင်းများ တင်ဆောင် လာတဲ့ ယာဉ်ကို Spot Check ဆောင်ရွက်ရာမှာ ကျပ် ၁၆၂ဝဝဝဝိ/- တန်ဖိုးရှိ Diablo အမှတ် တံဆိပ်ပါ Extra Strong Beer ၁၅ဝ ဖာကို စစ်ဆေး တွေ့ရှိခဲ့တယ်လို့ သတင်း ရရှိပါတယ်။ ၁ ဖာမှာ ၅ဝဝ မီလီလီတာပါ သံဘူး ၂၄ ဘူး ပါရှိတာ ဖြစ်ပါတယ်။ ပညာပေး ကာလ ၂ လမှာလည်း ကန့်သတ်ကုန် ဘီယာ၊ ဝိုင်များ၊ ဝေဖာ၊ ပီကေ၊ ချောကလက်မုန့်၊ ဘီစကစ်များ သယ်ယူမှု ရှိသလို ခွင့်ပြုထားသော ပစ္စည်းများကို လိုင်စင်မဲ့ တင်သွင်းခြင်း၊ လိုင်စင်ပါ အရေအတွက်ထက် ပိုမို တင်သွင်းခြင်း၊ အမယ်လွဲများ တင်သွင်းခြင်းများကို လုပ်ဆောင် နေခဲ့ကြရမှာ ကန့်သတ်ကုန်မှ အပ ကျန်ပစ္စည်းများကို လိုအပ်သော ထောက်ခံချက် (စားသောက်ကုန်/ ဆေးဝါး ဖြစ်လျှင် FDA) များ ရယူ စေပြီးနောက် လိုင်စင် လျှောက်ထား စေတာ၊ ယာယီ သိမ်းဆည်းထားသော ပစ္စည်းများကို ပြန်လည် လွဲှအပ် ပေးခဲ့တာ ဖြစ်ပါတယ်။ ပုပ်သိုး ပျက်စီးလွယ်တဲ့ ကြက်သား အစို၊ ပုစွန်၊ ကြက်ဥ စတာတွေကိုတော့ FDA ထောက်ခံချက် ရယူ စောင့်ဆိုင်းရန် မဖြစ်နိုင်ခြင်း၊ ကြိုတင် တင်သွင်းခွင့် လျှောက်မထားခြင်း၊ FDA ထောက်ခံချက် ယူမထားခြင်း တို့ကြောင့် မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်တယ်လို့ သိရပါတယ်။

မြဝတီ- ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းပေါ်ရှိ လရ-၂ အဖွဲ့မှ ရွေ့ရှား စစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိရာမှာ ဇန်နဝါရီလ ၂၅ ရက်မှ ၃၁ ရက်ထိ ကာလ အတွင်းမှာ ကျပ် ၈၈၉ သိန်းကျော် တန်ဖိုးရှိတဲ့ ကန့်သတ်ကုန်များ၊ ID ပိုမို တင်ဆောင်မှုများ၊ Manifest ကြေငြာမှု မရှိဘဲ သယ်ဆောင် လာမှုများကို စစ်ဆေး တွေ့ရှိတဲ့ အတွက် အကောက်ခွန် အမှုတွဲများ ဖွင့်လှစ် အရေးယူ သိမ်းဆည်းခဲ့ ရပါတယ်။

ဖော်ပြပါ ကာလ အတွင်းမှာတော့ Face Towels၊ ရေခဲ သေတ္တာ၊ အဝတ် လျှော်စက်၊ လျှပ်စစ်ရေနွေးအိုး၊ Speaker (၁၈”)၊ LCD TV (၂၁’၊ ၅၁’) စားပွဲတင် ပန်ကာ၊ ပေါ်လီယက် စတာ ပိတ်ပါး၊ ပါတိတ်၊ အဝတ် အထည်များ၊ တံခါးသော့ ခလုတ်၊ လျှပ်စစ်ဓါတ်အားသုံး အသား ကင်အိုး၊ အချိုရည် (လိမ္မော်၊ စတော်ဘယ်ရီ စသည်များ)၊ မီးဖိုးသုံး LPG gas အိုးများ၊ စားသောက် ကုန်များကို စစ်ဆေး တွေ့ရှိရတဲ့ အတွက် အကောက်ခွန် လုပ်ထုံး လုပ်နည်းများနဲ့ အညီ ဆက်လက် ဆောင်ရွက်ထားပြီး ရန်ကုန်တိုင်း ဒေသကြီး အလုံ သစ်တော ဝန်းရှိ အကောက်ခွန် ဦးစီး ဌာနသို့ နှစ်ကြိမ်တိုင် ပေးပို့ အပ်နံှပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။

Source: လရ-၂ >>> MTN

မာမား ခေါက်ဆွဲခြောက် လုပ်ငန်း ဘူတန်မှာ ဖက်စပ် ထုတ်လုပ်ရန် လုပ်ဆောင်

Tue, 05/14/2013 - 04:49 -- admin
Undefined

တနင်္လာနေ့ ၄ ဖေဖော်ဝါရီလ ၂၀၁၃ 15:46 PM

ထိုင်းနိုင်ငံမှ ခေါက်ဆွဲခြောက် အများဆုံး ထုတ်လုပ်တဲ့ Thai President Food PLC (TF)ဟာ ဘူတန်နိုင်ငံမှာ မာမား တံဆိပ် ခေါက်ဆွဲခြောက်များ ဖက်စပ် ထုတ်လုပ်ရန် ဘူတန် အစိုးရထံမှ သဘော တူညီချက် ရရှိရေး ကြိုးစား ဆောင်ရွက် လျက်ရှိပါတယ်။ ဘူတန် အစိုးရထံမှ သဘော တူညီချက် ရရှိမယ်ဆိုလျှင် ဟိမဝန္တာရဲ့ အရှေ့ပိုင်းရှိ ကုန်းတွင်းပိတ် နိုင်ငံမှာ ပထမဆုံး ဖွင့်လှစ်တဲ့ ထိုင်းကုမ္ပဏီ ဖြစ်လာမှာပါ။ TF ရဲ့ အကြီးတန်း အရာရှိချုပ်ဖြစ်သူ Pipat Painengvate ကတော့ ဖက်စပ် ကုမ္ပဏီ ထူထောင်နိုင်တာနဲ့ အမျှ အိန္ဒိယသို့ တင်ပို့ရန် အတွက်လည်း အလားအလာ ကောင်းတစ်ခုကို ရရှိလာမယ်လို့ ဆိုပါတယ်။

ထိုင်းကုမ္ပဏီ အနေနဲ့ ဘူတန် အစိုးရထံကို ရင်းနှီးမြှုပ်နံှမှု ဆိုင်ရာ အဆိုပြုချက်ကို တင်ပြ ထားပြီး ဖြစ်ကြောင်းနဲ့ သဘောတူ/ မတူ ဆုံးဖြတ်ချက် ရရှိရန် ၃-၄ လခန့် စောင့်ဆိုင်းရမယ်လို့ ဆိုပါတယ်။ Mr.Pipat က စက်ရုံ တည်ဆောက်ရေး လုပ်ငန်းများကို ဘူတန် အစိုးရထံမှ ခွင့်ပြုချက်ရပြီး တစ်နှစ် အတွင်းမှာ အပြီး ဆောင်ရွက်မယ်၊ ပြည်ပသို့ တင်ပို့ နိုင်ရေးဟာ မာမားရဲ့ စီးပွားရေး အခွင့် အလမ်းသစ် ဖြစ်ပြီး ပြည်တွင်းမှာ စားသုံးမှု ဖူလုံပြီ ဆိုလျှင် ဆက်လက် တိုးမြှင့် ဆောင်ရွက် သွားမယ်လို့ ပြောကြားခဲ့ ပါတယ်။

ဖက်စပ် ကုမ္ပဏီဟာ ရင်းနှီးမြှုပ်နံှငွေ ကန်ဒေါ်လာ ၈ သန်းခန့် လိုအပ်မှာဖြစ်ပါတယ်။ TF က ၆၆ ရာခိုင်နှုန်း၊ ဘူတန် အခြေစိုက် စီးပွားရေး လုပ်ငန်းကြီးများက ၂၅ ရာခိုင်နှုန်းနဲ့ ကျန် ၉ ရာခိုင်နှုန်းကို TF ရဲ့ မိတ်ဖက် ကုမ္ပဏီကြီး ၃ ခုက ထည့်ဝင် သွားမယ်လို့ သိရပါတယ်။ ဘူတန်မှာ ဆောင်ရွက်မဲ့ အကောင်အထည် ပေါ်လာတာနဲ့ တပြိုင်နက် အိန္ဒိယမှ ဆောင်ရွက်နေမှုကို ရပ်နား တော့မယ်လို့ Mr.Pipat က ပြောပါတယ်။ အိန္ဒိယမှာ ဖက်စပ် ဆောင်ရွက်မှု လုပ်ငန်းများက အချို့သော အဟန့် အတား များကြောင့် အောင်မြင်ခြင်း မရှိကြောင်းနဲ့ အိန္ဒိယကြိုက် အရသာကို မှီရန် လိုအပ်ချက်များ ရှိနေသေးတယ်လို့ ဖော်ထုတ် ရရှိထားတယ်လို့ Mr.Pipat က ဆိုပါတယ်။

ဘူတန် နိုင်ငံမှ အိန္ဒိယသို့ တင်ပို့မယ်ဆိုလျှင် မည်သည့် ပစ္စည်းမဆို အကောက်ခွန်မဲ့ တင်ပို့ခွင့်ကို ယခုနှစ်က စပြီး ရရှိနေပြီဖြစ် ပါတယ်။ တည်ဆောက်မဲ့ စက်ရုံရဲ့ ကုန်ထုတ် စွမ်းအားဟာ ၁ မိနစ်ကို မာမား ခေါက်ဆွဲခြောက် အထုတ် ၃ဝဝ ထုတ်လုပ်နိုင်မှာ ဖြစ်ပြီး ထုတ်လုပ်မှု အများစုကို အိန္ဒိယသို့ တင်ပို့ သွားမှာဖြစ်ပါတယ်။

ထိုင်းကုမ္ပဏီ TF အနေနဲ့ စီမံကိန်း အဆိုပြုချက် ရပြီဆိုတာနဲ့ ထိုင်းနိုင်ငံထုတ် မာမား ခေါက်ဆွဲခြောက်များကို ဘူတန်သို့ တင်ပို့ပြီး ထိုမှတဆင့် အိန္ဒိယသို့ တဆင့် ပြန်လည် တင်ပို့မှု (Re-export) ကို အကောက်ခွန်မဲ့ ဆောင်ရွက်ခွင့် ရရှိတော့မှာလို့ Mr. Pipat က ပြောပါတယ်။ TF ဟာ ကိုယ်ပိုင် ဂံျုစက်ရှိတဲ့ အတွက် ဂံျုဈေးများ ကြီးမြင့် သော်လည်း ၎င်းတို့ရဲ့ ထုတ်လုပ်မှု စရိတ်ကို ထိန်းထားနိုင်တာ ဖြစ်ပါတယ်။ အနာဂတ်မှာ စုစုပေါင်း မာမား ထုတ်လုပ်မှုရဲ့ ၇၅ ရာခိုင်နှုန်းကို အထုတ်ပုံစံနဲ့ ထုတ်လုပ်ပြီး ကျန် ၂၅ ရာခိုင်နှုန်းကိုတော့ ခွက် (Cup Noodles) နဲ့ ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ ရောင်းအားလည်း ယခုနှစ်မှာ ၁ဝ ရာခိုင်နှုန်းခန့် တက်လာမယ်လို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။

Source:The Hindubusiness >>>CMK

ထိုင်းနိုင်ငံမှ ၇- 7- Eleven စတိုးများ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံများတွင် ဖွင့်လှစ်ရန် စီစဉ်လျက်ရှိ

Tue, 05/14/2013 - 04:40 -- admin
Undefined

တနင်္လာနေ့ ၄ ဖေဖော်ဝါရီလ ၂၀၁၃ 12:19 PM

ထိုင်းနိုင်ငံမှ အကြီးဆုံး ကွန်ဗီနီယင့်န် စတိုးဆိုင် ၇- 7- Eleven ဟာ တောင်အာရှရှိ အိမ်နီးချင်း နိုင်ငံများ ဖြစ်တဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့မှာ သွားရောက်ဖွင့်လှစ်ရန် စီစဉ်နေပြီလို့ သိရပါတယ်။ ထိုင်းနိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးပိုင် ၇- 7- Eleven စီးပွားရေး အုပ်စုဟာ ၂ဝ၁၃ ခုနှစ် ကုန်ပိုင်းမှာ စတိုင်းဆိုင် ၇၃၇ဝ နဲ့ ၂ဝ၁၈ ခုနှစ်မှာ ဆိုင် ၁ဝဝဝဝ ဖွင့်လှစ် သွားမယ်လို့ ဥက္ကဌ Piyawat Titasattavorakut က သတင်းထောက် များကို ပြောကြားခဲ့ပါတယ်။

Source:BKK Post >>> CMK

သစ်တောထွက် ပစ္စည်းအုပ်စုဝင် သစ်ခွများ ကုန်သွယ်မှု ပြုမည်ဆိုလျှင်

Tue, 05/14/2013 - 04:39 -- admin
Undefined

သောကြာနေ့ ၁ ဖေဖော်ဝါရီလ ၂၀၁၃ 15:26 PM


နယ်စပ် ကုန်သွယ်ရေး မှတဆင့် တစ်ဖက် နိုင်ငံသို့ သစ်ခွများကို နယ်စပ် ကုန်သွယ်ရေး နည်းလမ်း အရ သွင်းကုန် လိုင်စင်နဲ့ တင်သွင်း မယ်ဆိုလျှင် သစ်တောရေးရာ ဝန်ကြီး ဌာနရဲ့ CITES ပါမစ် ရယူ ဆောင်ရွက်ရန် လို/ မလို နဲ့ လိုအပ်ပါ သစ်ခွ အမျိုးအစား အလိုက် လိုအပ်ချက် သဘောထားများ ပြန်ကြား ပေးရန် နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာနမှ တောင်းဆိုချက် အရ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့သစ်တောရေးရာ ဝန်ကြီး ဌာန၊ သစ်တော ဦးစီး ဌာနမှ CITES ပါမစ် ရယူ ဆောင်ရွက်ရန် လိုအပ်ကြောင်းနဲ့ သစ်ခွ အမျိုး အစား အလိုက် လိုအပ်ချက် များကို သိရှိနိုင်ရန် အတွက် အသိပေး လိုက်ရပါတယ်။

သစ်ခွ (Orchids) များအား ပို့ကုန်၊ သွင်းကုန် ဆောင်ရွက်ခြင်းနဲ့ စပ်လျဉ်းပြီး သစ်ခွ မျိုးစိတ် အားလုံးဟာ CITES စာရင်းဝင် ဖြစ်ပြီး Appendix I နဲ့ II ရယ်လို့ ခွဲခြား ထားတာ ဖြစ်ပါတယ်။ Appendix I မှာ သစ်ခွ မျိုးစိတ် (၈)မျိုး ပါပြီး အဆိုပါ မျိုးစိတ် (၈)မျိုးမှ အပ ကျန်သစ်ခွ မျိုးစိတ် အားလုံးဟာ CITES Appendix II စာရင်းဝင် ဖြစ်ပါတယ်။

CITES Appendix I မှာပါဝင်တဲ့ သစ်ခွ မျိုးစိတ်များမှာ -

(၁) Aerangis Cillisii

(၂) Derdrobium Crucntum

(၃) Laclia Jargheana

(၄) Laclia Lobata

(၅) Paphiopedilum spp

(၆) Peristeria elata

(၇) Phragmipedium spp

(၈) Remanthera imschootiama

အဆိုပါ သစ်ခွ မျိုးစိတ် (၈)မျိုးနဲ့ ပတ်သက်တဲ့ အစိတ် အပိုင်းများ အားလုံး၊ ပျိုးပင်များ၊ တစ်ရှုး မျိုးပွား နည်းနဲ့ မျိုးပွားရန် အစိုင်အခဲ၊ အရည်များနဲ့ မျိုးမပွားနိုင်တဲ့ အစိတ် အပိုင်းများ သယ်ယူခြင်းကို ကန့်သတ် ထားပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာ CITES အဖွဲ့ရဲ့သဘော တူညီချက် ရရှိပါက ဓမ္မတာ နည်းနဲ့ စိုက်ပျိုး ထုတ်လုပ်မှု များကို ချွင်းချက်ဖြင့် ခွင့်ပြု ပေးနိုင်တယ်လို့ သိရပါတယ်။ Appendix II မှာတော့ Appendix I မှာ ဖော်ပြထားတဲ့ သစ်ခွ မျိုးစိတ် (၈)မျိုးမှ လွဲ၍ ကျန်သစ်ခွ မျိုးအားလုံးကို ထည့်သွင်း ထားပြီး ၎င်းသစ်ခွ မျိုးများနဲ့ ပတ်သက်တဲ့ အစိတ် အပိုင်း အားလုံးလည်း ပါဝင်တယ်လို့ သိရ ပါတယ်။

Appendix I စာရင်းဝင် သစ်ခွ မျိုးစိတ် ဖြစ်ပါက တင်ပို့မဲ့ နိုင်ငံက ထုတ်ပေးတဲ့ ပို့ကုန် ပါမစ်နဲ့ တင်သွင်းတဲ့ နိုင်ငံက ထုတ်ပေးတဲ့ သွင်းကုန် ပါမစ် နှစ်မျိုးလုံး လိုအပ်ပြီး Appendix II စာရင်းဝင် သစ်ခွ မျိုးစိတ် အားလုံး အတွက် တင်ပို့မဲ့ နိုင်ငံရဲ့ ပို့ကုန် ပါမစ် လိုအပ်တယ်လို့ သိရှိရ ပါတယ်။ သစ်ခွ မျိုးစိတ် ဆိုရာမှာ သစ်ခွပင်နဲ့ ပတ်သက်တဲ့ အစိတ် အပိုင်း အားလုံးနဲ့ အခြေ အနေ အရပ်ရပ် အားလုံး အကျုံးဝင် တယ်လို့ သိရပါတယ်။

Appendix I နဲ့ Appendix II မှာ ပါဝင်တဲ့ မျိုးစိတ်များအား ရောင်းဝယ် ဖေါက်ကားခြင်း အတွက် CITES Export/ Import Permit ထုတ်ပေးခြင်း နဲ့ ပတ်သက်တဲ့ စည်းမျဉ်း စည်းကမ်းများကို ဆက်လက် ဖော်ပြ ပေးသွား ပါမယ်။

Source: နကသ (ဦး) မူဝါဒ >>> ပန်

အိန္ဒိယနနွင်းဈေးများ ယခုအပတ်အတွင်းကျလျက်ရှိ

Tue, 05/14/2013 - 04:10 -- admin
Undefined

သောကြာနေ့ ၁ ဖေဖော်ဝါရီလ ၂၀၁၃ 15:24 PM

အိန္ဒိယ နနွင်းတက်များ ဒိုင်ဈေး ကျလျက်ရှိရာ ဈေးပြန်တက် နိုင်မယ်လို့ နနွင်း တောင်သူများက မျှော်လင့် နေတဲ့ အတွက် နနွင်းတက် အရောင်း အဝယ် မလုပ်တာ ဇန်နဝါရီလ ၂၈ ရက်နေ့ ကနေ ရေတွက် လျှင် ၄ ရက်ခန့် ရှိနေပြီလို့ သိရပါတယ်။

Erode နနွင်းတက်ကုန်သည်အသင်းဥက္ကဋ္ဌ R.K.V Ravishankar က နနွင်းတက် ဒိုင်ကို နနွင်းတက် ဝင်ရောက်မှု ဟာလည်း အိတ် ၄၅၀ဝ ခန့်ပဲ ရှိပြီး ဝင်ရောက ်လာတဲ့ ကုန်ရဲ့ ၆၀ ရာခိုင်နှုန်းသာ ရောင်းနိုင်ခဲ့ တယ်လို့ ပြောပါတယ်။ Mysore အမျိုးအစား နနွင်းတက် အသစ် ၁ ကွမ်တယ်ကို ရူပီး ၅၂၀ဝ ဈေးနဲ့ အိတ် ၁၀ဝ ခန့် ရောင်းချ နိုင်ခဲ့တယ်လို့ Ravishankar က ပြောပါတယ်။ အလားတူ နံပါတ်-၈ အမျိုးအစား နနွင်းတက် အိတ် ၅၀ သာ ဒိုင်ကို အဝင်ရှိပြီး ၁ ကွမ်တယ်ကို ရူပီး ၄၂၀ဝ-၄၅၀ဝ ဈေးနဲ့ ရောင်းချနိုင် ခဲ့ပါတယ်။ လက်ချောင်း အမျိုးအစား နနွင်းတက် များကို ရူပီး ၄၁၅၉ မှ ၆၀၇၄ ကြားနဲ့ Erode နနွင်းတက်ဒိုင်မှ ရောင်းချမှုရှိခဲ့ ပါသေးတယ်။

Erode Cooperative Marketing Society မှာ နနွင်းတက် လက်ချောင်းများ ရူပီး ၅၁၆၉ မှ ၆၁၃၄၊ Regulated Market Committee မှာ ၅၂၈၆-၆၂၁၁ နဲ့ Gobicheltipalayam Agricultural Cooperative Marketing Society မှာ ရူပီး ၅၃၀ဝ-၆၃၀၉ ဈေးပေါက် နေတယ်လို့ သိရပါတယ်။

(၁ ကွမ်တယ်=၁၀ဝ ကီလိုဂရမ်)

Source:Hindubusiness >>>MK

ဝန်ထမ်းများအားလုံး ကွန်ပျူတာ တတ်မြောက်ရေး အတွက် ၂၀၁၃ ခုနှစ်အတွင်း ပထမ ခြေလှမ်း

Tue, 05/14/2013 - 04:08 -- admin
Undefined

ကြာသပတေးနေ့ ၃၁ ဇန်နဝါရီလ ၂၀၁၃ 18:36 PM

ဝန်ထမ်းအားလုံး ကွန်ပျူတာ တတ်မြောက်ရေး အတွက် ၂၀၁၃ ခုနှစ် အတွင်း ပထမ ခြေလှမ်း နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန ရှိ ဝန်ထမ်းများ အားလုံး ကွန်ပျူတာ တတ်မြောက်ရေး ၊ စွမ်းဆောင်ရည် မြင့်မားရေးနှင့် လူစွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး စသည့် ရည်ရွယ်ချက် ကောင်းများအား အခြေခံ၍ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်း (၂၁-၁-၂၀၁၃) ရက်နေ့ မှ (၁၅-၂-၂၀၁၃) ရက်နေ့ထိ (၄)ပတ်ကြာ ကွန်ပျူတာ အခြေခံ သင်တန်း (၁/၂၀၁၃) အား သင်တန်းသား/ သူ (၁၆)ဦး ဖြင့် စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ ရုံးအမှတ်(၅၂) နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန၊ ကွန်ပျူတာ သင်တန်း ခန်းမ တွင် ဌာနရှိ ကွန်ပျူတာ ဘွဲ့ရ အရာထမ်း များမှ နည်းပြများ အဖြစ် တာဝန်ယူပြီး ဖွင့်လှစ် သင်ကြား ပို့ချလျက် ရှိပါသည်။

သင်တန်းတွင် ရုံးလုပ်ငန်းများ အတွက် အဓိက လိုအပ်သည့် Microsoft Office Application များဖြစ်သော Word, Excel, Power Point၊ ဌာန အတွင်း ဆောင်ရွက် ထားရှိသည့် E-Government စနစ်များ ၊ IP Star အကြောင်း သိကောင်း စရာများ ၊ Internet & email အသုံးပြု နည်းပညာများ စသဖြင့် လေ့ကျင့် သင်ကြား ပို့ချ သွားမည် ဖြစ်ကြောင်း သိရှိရ ပါသည်။

itadmin (စရအ)

ထိုင်းနိုင်ငံရဲ့ စီးပွားရေး စီမံကိန်းများ

Tue, 05/14/2013 - 04:03 -- admin
Undefined

ကြာသပတေးနေ့ ၃၁ ဇန်နဝါရီလ ၂၀၁၃ 18:25 PM

၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ထိုင်း ဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ်ထရာမှ အစိုးရရဲ့ အမျိုးသား စီးပွားရေး စီမံကိန်း (၄)ခုဟာ စီးပွားရေး ကျဆင်းမှု မရှိအောင် ဆက်လက် ထိန်းသိမ်း ထားနိုင်ကြောင်း၊ အပတ်စဉ် စနေနေ့တိုင်း လူထုအား ပြောဆိုတဲ့ TV အစီအစဉ်မှ ပြောကြား ခဲ့တယ်လို့ သိရပါတယ်။ အစိုးရ အနေနဲ့ ချမှတ်ထားသော အမျိုးသား မဟာဗျူဟာ (၄)ရပ် အတွက် ထိုင်း ဘတ်ငွေ (၂) ထရီလီယံသန်းဘတ် အသုံးပြု ထားမှုဟာ လုံလောက် သဖြင့် စီးပွားရေး ကျဆင်းမှု မဖြစ်အောင် ကာကွယ် နိုင်မည် ဖြစ်ကြောင်း၊ အမျိုးသား မဟာဗျူဟာ ဟာ နိုင်ငံခြား ရင်းနှီး မြှုပ်နံှမှုအား ပိုမို ဆွဲဆောင် နိုင်မဲ့ အပြင် တိုင်းပြည် အတွက် ဘေးထွက် ဆိုးကျိုးများကိုလည်း ကာကွယ် နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်မှ ပြောကြားခဲ့ ပါတယ်။ ပထမ မဟာဗျူဟာက နိုင်ငံတကာ အဆင့် ယှဉ်ပြိုင် နိုင်စွမ်းရှိသော စီးပွားရေး တိုးမြှင့်ရေး ရေရှည် စီမံကိန်း၊ ဒုတိယ မဟာဗျူဟာက လူမှု နေထိုင် စရိတ် လျှော့ချရေး၊ လူနေမှု စနစ် နိမ့်ကျမှုမှ မြင့်မား လာစေရေး၊ လူမှုရေးနဲ့ နိုင်ငံရေး ညီမျှ လာစေမဲ့ လူထု အခြေပြု စီးပွားရေး အခြေခံနဲ့ တတိယ မဟာဗျူဟာက သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိဘဲ နိုင်ငံသား တစ်ဦးနဲ့ တစ်ဦး ပိုမိုပြီး ဆက်ဆံရေး အပြန် အလှန် ကောင်းမွန်စေမည့် စိမ်းလန်း စိုပြေသည့် စီးပွားရေး တိုးတက်မှု ရရှိစေရေးနဲ့ စတုတ္ထ မဟာဗျုဟာကတော့ ကောင်းမွန်သော အစိုးရ တစ်ရပ် အဖြစ် လူထု အကျိူးပြု စီးပွားရေးအား စီမံ ခန့်ခွဲနိုင်မှု ရှိလာရေး တို့ ဖြစ်ပါတယ်။

Source: MCOT Online News >>> ဇော်ဆိုင်း

ပြည်ပမှ ဝင်ရောက်နေတဲ့ သကြားဈေးကို မယှဉ်နိုင်လို့ ပြည်တွင်း သကြားစက်များ ဈေးချ ရောင်းနေရ

Tue, 05/14/2013 - 04:01 -- admin
Undefined

ကြာသပတေးနေ့ ၃၁ ဇန်နဝါရီလ ၂၀၁၃ 18:15 PM

ဗီယက်နမ်မှာ ပြည်တွင်း သကြား ထုတ်လုပ် သူများဟာ ထိုင်းနိုင်ငံမှ တင်သွင်းလာသော သကြား ဈေးများကို မယှဉ် နိုင်ကြောင်း ဗီယက်နမ် ကြံနဲ့ သကြား အသင်းမှ ပြောကြားခဲ့ ပါတယ်။ ထိုင်းမှ တင်သွင်းလာသော သကြား ဈေးဟာ ပြည်တွင်း ထုတ်လုပ်မှု ဈေးထက် သက်သာနေတဲ့ အတွက် သကြားစက် လုပ်ငန်းရှင်များနဲ့ တောင်သူများ အတွက် အကျိုး အမြတ် မရရှိနိုင်ဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။ နှစ်ပေါင်း အတော်ကြာကပင် နှစ်စဉ် ပျမ်းမျှ သကြား တန် ၄ သိန်း ခန့်ဟာ ပြည်ပမှ တရားမဝင် ဗီယက်နမ် နိုင်ငံအတွင်းသို့ ဝင်ရောက် နေပါတယ်။ ကြံနဲ့ သကြား အသင်းဥက္ကဌ Nguyen Thanh Long က ထိုတရားမဝင် ဝင်ရောက်နေတဲ့ ပမာဏ ၄ သိန်းဟာ ပြည်တွင်း ဈေးကွက် မှာ ရောင်းချတဲ့ ပမာဏနဲ့ ၃ဝ ရာခိုင်နှုန်းခန့် ရှိတယ်လို့ ပြောကြား ပါတယ်။

An Giang ပြည်နယ် အနောက် တောင်းပိုင်းရှိ ဈေးကွက် စီမံခန့်ခွဲရေး (The Market Management Bureau) က An Giang Province ဟာ ထိုင်းမှ သကြားများ မှောင်ခိုဝင်တဲ့ အပေါက်ဖြစ်ပြီး တရားမဝင် ဝင်ရောက်မှုကို ကာကွယ် နိုင်ကြောင်းနဲ့ ပြဿနာ အသေး အဖွဲ့သာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြစ်ဝှမ်း ဒေသရိ Kien Giang နဲ့ Nau Giang ပြည်နယ်များရှိ ကြံစိုက်ပျိုး တောင်သူများဟာ အရှုံးနဲ့ ရင်ဆိုင် နေကြ ရတယ်။ ဒေသရှိ စိုက်ပျိုးရေးနဲ့ နယ်စပ် ဒေသ ဖွံ့ဖြိုးရေး ဌာနက သကြားစက်များကို ကြံများ ရောင်းချပေးရန် တိုက်တွန်း ပြောကြားနေတဲ့ အတွက် ဖြစ်ပါတယ်။ သို့သော်လည်း ကြံရောင်းဈေးကို မမြှင့်ရန်နဲ့ သကြားစက်များ အနေနဲ့ ငွေရေး ကြေးရေးပိုင်းမှာ အရှုံးနဲ့ ရင်ဆိုင်ရဖွယ် ရှိတယ်လို့ ကြံနဲ့ သကြား အသင်းက တောင်သူများကို ပြောကြား ခဲ့ပါတယ်။

Viet Nam Economic Times ကို ကြံနဲ့ သကြား အသင်း ဥက္ကဌ Long က သကြားစက်များ အနေနဲ့ သကြား တစ်တန်ကို ထုတ်လုပ်ရာမှာ ၆၇၁ ဒေါ်လာ ထုတ်လုပ်မှု စရိတ် ကျသင့် သော်လည်း ရောင်းချရာမှာ တစ် တန်ကို ၆၂၃ ဒေါ်လာနဲ့ အရှုံးခံ ရောင်းချ ပေးနေရတာ ဖြစ်ပါတယ်။ ကြံစိုက် တောင်သူများဟာ ကြံဈေး ထပ်မကျမီ ၎င်းတို့ရဲ့ ကြံများကို သကြား စက်များကို အလု အယက် ရောင်းချ နေကြပါတယ်။ လတ်တလောမှာ Long An, Ben Tre, Soc Trang & Tra Vinh ပြည်နယ် များရှိ သကြား စက်များမှာ ကြံများ လိုအပ်တာထက် ပိုမို စုဆောင်း ထားပြီး ဖြစ်ပါတယ်။

Casuco သကြား ကုမ္ပဏီမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Nguyen Hoang Ngoan က သကြား စက်ရုံများ အနေနဲ့ အရှုံးနဲ့ မယှဉ်ဆိုင် ရလေအောင် ကြံများကို တောင်သူများထံမှ ဈေးနှိမ် ဝယ်ယူ နေကြပါတယ်။ ကြံစိုက် တောင်သူများ အနေနဲ့ အမြတ် အစွန်း နည်းတဲ့ အတွက် လာမဲ့ ကြံရာသီမှာ ကြံစိုက်ပျိုးမဲ့ သူများ လျော့နည်း သွားဖွယ်ရှိ ပါတယ်။ ဗီယက်နမ် နှစ်သစ်ကူးပွဲ နီးကပ်လာပြီ ဖြစ်တာနဲ့ အမျှ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယား နယ်စပ်မှလည်း တရားမဝင် သကြားများ ဆက်လက် ဝင်ရောက်မှု ရှိနေ သော်လည်း အာဏာပိုင်များ အပိုင်းသာ ထိန်းချုပ်နိုင်မှု မရှိဘူးလို့ VNS သတင်းမှာ ဖော်ပြထား ပါတယ်။

Source: VNS >>> CMK

Pages

Subscribe to RSS - Department of Trade