Department of Trade

စိုက်ပျိုးရေးဝန်ကြီးဌာနက စားသုံးဆီတင်သွင်းခွန်တိုးမြှင့်သတ်မှတ်ရန် အဆိုပြု

Tue, 12/16/2014 - 10:23 -- dccaadmin
Myanmar

 

စိုက်ပျိုးရေးဝန်ကြီးဌာနသည် ပြည်တွင်းမှ တောင်သူများနဲ့ ထုတ်လုပ်သူများကို အကာအကွယ်ပေးနိုင် ရန်အတွက် ပြင်ပမှစားဆီ တင်သွင်းခြင်းအပေါ် သွင်းကုန်ခွန်တိုးမြှင့်ပေးရန် အစိုးရအဖွဲ့သို့ အဆိုပြု လွှာပေးပို့ခဲ့ကြောင်း စားနပ်ရိက္ခာဝန်ကြီး Ram Vilas Paswan က ပြောကြားခဲ့တယ်လို့ economictimes.com သတင်း တစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနက အဆိုပြု ထားတဲ့ တိုးမြှင့်သွင်းကုန်ခွန်တွေကတော့-

                                      လက်ရှိ                    အဆိုပြု  (ရာခိုင်နှုန်း)

          သန့်စင်ပြီးဆီ            ၁၀                         ၁၂.၅

          ဆီကြမ်း                   ၂.၅                        ၅

စားနပ်ရိက္ခာ ဝန်ကြီးဌာနကတော့ ဆီချောတင်သွင်းမှုအပေါ် သွင်းကုန်ခွန် ၁၅ ရာခိုင်နှုန်း တိုးမြှင့် သတ်မှတ်ပေးရန်နဲ့ ဆီကြမ်းတင်သွင်းမှုအပေါ် စည်းကြပ်မဲ့ သွင်းကုန်ခွန်ကိုတော့ စိုက်ပျိုးရေးဝန်ကြီး ဌာနနဲ့အတူ ၅ ရာခိုင်နှုန်းဘဲ စည်းကြပ် ရန်ထောက်ခံတင်ပြထားပါတယ်။ စားနပ်ရိက္ခာ ဝန်ကြီးဌာနကတော့ ဆီကြမ်းနဲ့ သန့်စင်ပြီး ဆီချောအပေါ် စည်းကြပ်မဲ့သွင်းကုန်ခွန်ကို ၁၀ ရာခိုင်နှုန်း ဟထားသော် လည်း စိုက်ပျိုးရေးဝန်ကြီးဌာန ကတော့ ၇ ဒသမ ၅ ရာခိုင်နှုန်း ဟထားတာဖြစ် ပါတယ်။

အောက်တိုဘာလ တုန်းက စားနပ်ရိက္ခာဝန်ကြီးဟာ ဈေးသက်သာတဲ့ပြင်ပမှ စားသုံးဆီတင်သွင်းမှုကို  ကန့်သတ်နိုင်ရန်အတွက် ဆီကြမ်းရောသန့်ပြီး ဆီတင်သွင်းမှုအပေါ် အခွန်တိုးမြှင့်ပေးရန်  စိုက်ပျိုးရေးဝန်ကြီး Arun Jaitley နဲ့ ဆွေးနွေး ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှ အောက်တိုဘာလကုန်ထိ ဟင်းသီးဟင်းရွက်ဆီ တင်သွင်းမှုဟာ ယခင်နှစ်ကာလတူ ထက် ၁၂ ရာခိုင်နှုန်းပိုမိုခဲ့ပါတယ်။ ပြည်တွင်း စားသုံးမှုမြင့်တက်ပြီး ပြည်ပမှတင်သွင်းတဲ့စားဆီဈေးဟာ ပိုမိုသက်သာလျက်ရှိပါတယ်။

အိန္ဒိယနို င်ငံအနေနဲ့ ဟင်းသီး ဟင်းရွက်ဆီ ပြည်တွင်း စားသုံးမှုရဲ့၆၀ ရာခိုင်နှုန်း တန်ချိန် အားဖြင့် ၁၉ သန်းကို ပြည်ပမှ တင်သွင်းရလျက် ရှိပါတယ်။ပြည်တွင်း ဆီကြိတ်သူများ အသင်းကလည်း ပြည်တွင်း စားဆီထုတ်လုပ်သူများကို အကာ အကွယ်ပေးရန် အတွက် ပြည်ပမှ စားသုံးဆီ တင်သွင်းမှုအပေါ် သွင်းကုန်ခွန် တိုးမြှင့် သတ်မှတ်ပေးရန် တောင်းဆို ထားတယ်လို့ အွန်လိုင်း သတင်းအရ သိရပါတယ်။

                                                                                      CMK

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှမကွေးမြို့၊အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင်စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေးဟောပြောပွဲကျင်းပ

Mon, 12/15/2014 - 14:09 -- dccaadmin
Myanmar

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ဝန်ထမ်းများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိကျောင်း များ၊ဈေးများတွင် အပတ်စဉ် စားသုံးသူ အကာအကွယ်ပေးရေး ဆိုင်ရာ အသိပညာ ပေးဟော ပြောပွဲများ ကျင်းပလျက်ရှိရာ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ဝ၉ း ၃၀တွင် မကွေးမြို့မြို့ဦးရပ် အမှတ် (၂) အထက်တန်းကျောင်းရှိ ကံကော်ခန်းမတွင် စားသုံးသူ အကာအကွယ်ပေးရေး ဆိုင်ရာပညာ ပေးဟောပြောပွဲ ကျင်းပခဲ့သည်ဟု သတင်းရရှိ ပါသည်။

အဆိုပါ ဟောပြောပွဲသို့ လက်ထောက်ကျောင်းအုပ်ကြီးနှင့် တကွ ဆရာ/ဆရာမ စုစုပေါင်း (၃၅) ဦး၊ ကျောင်းသား/ကျောင်းသူ (၅၀၂) ဦး၊ ကျောင်းမုန့်ဈေးတန်းမှ ဈေးသည် (၅)ဦး၊ စားသုံးသူအကာအကွယ်ပေးရေးဌာနမှ ဝန်ထမ်း (၅) ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေး စာစောင်များ၊ ပိုစတာများဖြန့်ဝေပေးခဲ့ပါသည်။

အဆိုပါစားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးဝမ်းမောင်မှ အဖွင့်အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဌာနမှ တာဝန်ရှိသူများက စားသုံးသူအကာ အကွယ်ပေးရေးဆိုင် ရာ ဥပဒေများ၊ စီးပွားရေး လုပ်ငန်းရှင်များ၏ အခွင့်အရေးနှင့် တာဝန်များ၊ တားမြစ်ချက်များအကြောင်း၊ အစားအသောက်များတွင် သုံးစွဲလျက်ရှိသော ဓါတုဆိုးဆေး များအကြောင်း၊  ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ ကောင်းကျိုးနှင့် အဆိုး အပြစ်များအကြောင်းဆွေးနွေးတင်ပြပြီး နိဂုံးချုပ်အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူးမှ မိမိဌာန၏ လုပ်ဆောင်လျက်ရှိသော လုပ်ငန်းဆောင်ရွက်နေသည့် အခြေအနေများ၊ စားသုံးသူအကာအကွယ် ပေးရေးဆိုင်ရာလုပ်ငန်းများ အကြောင်း၊ စားသုံး သူများ တစ်စုံတစ်ခုသော အကြောင်းအရာကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တင်ပြတောင်းဆိုနိုင်ရန်အတွက်  မကွေးတိုင်းဒေသကြီးတွင် စားသုံးသူအငြင်းပွားမှုဖြေရှင်း ရေးအဖွဲ့ ဖွဲ့စည်းထားရှိမှုအခြေအနေ၊ ၎င်းအဖွဲ့အောက်တွင် တိုင်ကြားမှုလက်ခံရေးကော်မတီနှင့် ထုတ် ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာလုပ်ငန်းကော်မတီအား ဖွဲ့စည်းလျက်ရှိ ကြောင်း၊ ဌာနဆိုင်ရာများမှလည်း စားသုံးသူအကာအကွယ်ပေးရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက် လျက်ရှိသည့်အခြေအနေများ၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေတွင် ပါဝင်သည့် ရည်ရွယ်ချက် နှင့် စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်းကို နိဂုံးချုပ် ဟောပြောခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့ ဦးဆောင်၍ မုန့်ရောင်းချ လျက်ရှိသော ကျောင်းမုန့်ဈေးဆိုင်များသို့ သွားရောက်ကာ မုန့်ရောင်းချမှုအခြေအနေများနှင့် သန့်ရှင်း လတ်ဆက်ပြီး ဘေးဥပဒ်မဖြစ်သော အစားအစာ များကိုသာ ရောင်းချကြရန် ညွှန်ကြားခဲ့ပြီး ၎င်းကျောင်းတွင် ကျောင်းကျန်းမာရေး စစ်ဆေးလျက်ရှိသော ကျောင်းကျန်းမာရေးအဖွဲ့များကို ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာန၏ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်းနှင့် စားသုံးသူအကာ အကွယ်ပေးရေး ဆိုင်ရာဥပဒေအကြောင်းကို ဆွေးနွေးကာ လက်ကမ်းစာစောင်များ၊ စားသုံးသူရေးရာ စာအုပ်များပေး ဝေခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ၂၆ ရက်နေ့တွင် နတ်မောက်မြို့နယ်တွင် လူအင်အား (၁၅၀) ဦးနှင့် မြို့သစ်မြို့နယ်တွင် (၂၄၂) ဦး၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းကျေးရွာအုပ်စု မူလတန်းကျောင်း တွင်ဆရာ/ဆရာမ၊ ကျောင်းသူ/ကျောင်းသား (၁၃၄) ဦးအားလည်းကောင်း၊ ဒီဇင်ဘာလ၂ ရက်နေ့ တွင် မင်းဘူးမြို့နယ်၊ စကုမြို့တွင်  အခြေခံမူလတန်းကျောင်း၌ လူအင်အား (၁၄၀) ဦး အားလည်း ကောင်း၊ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ လက်ကမ်းစာစောင်များ၊ ပိုစတာများဖြန့်ဝေ ပေးခြင်း နှင့် ဆွေးနွေးဟောပြောပွဲများ ကျင်းပခဲ့ကြောင်း သတင်းရရှိပါ သည်။      

                                                                                                                                               

                                                                             (WM)စားသုံးသူရေးရာဌာန၊ မကွေး

ပဲခူးတိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကျင်းပပြုလုပ်

Mon, 12/15/2014 - 13:13 -- dccaadmin
Myanmar

 

စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေပုဒ်မ ၁၆ အရစားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရန်နှင့် စားသုံးသူများ၏ အငြင်းပွားမှု ဆိုင်ရာကိစ္စများဖြေရှင်းနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေး အဖွဲ့ကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးမှ ဥက္ကဌအဖြစ်ပါဝင်ပြီး အဖွဲ့ဝင် (၁၁) ဦးဖြင့်၂၀၁၄ ခုနှစ် နိုဝင်ဘာလ  ၁၂ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရုံးအမိန့်အမှတ် (၁၈၀/ ၂၀၁၄)ဖြင့် ဖွဲ့စည်းပေး ခဲ့ပြီး ဖြစ်ပါသည်။

၎င်း စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ ဥက္ကဌ ၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်မြင့်မှ ကြီးမှူး၍ စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို၂၀၁၄ ခုနှစ် နိုဝင်ဘာလ၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးကျော်မြင့်က အမှာစကားပြောကြားရာတွင် ပြည်တွင်းပြည်ပမှ စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းသည် စားသုံးသူ ပြည်သူများအတွက် အာမခံ ချက် ရှိ/မရှိ၊ ကုန်ပစ္စည်းများအရည်အသွေး မီ/မမီ သုံးစွဲ သူပြည်သူများ နစ်နာမှု မရှိစေရေးအတွက် ဖြေရှင်းပေးရန်နှင့် ဗဟိုကော်မတီမှ အခါအား လျော်စွာ ပေးအပ်သော တာဝန်များကို ဆောင်ရွက်ခြင်း၊ စားသုံးသူအငြင်းပွား မှု ဖြေရှင်းရေးအဖွဲ့ ၏ လုပ်ငန်း တာဝန်များ လစ်ဟာမှုမရှိစေရန် ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ဝင်များမှအကြံ ပြုဆွေးနွေးပေးပါရန် ပြောကြားခဲ့ပါသည်။

၎င်းနောက် ပဲခူးတိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး၊ ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးတင်အေး(ဒုတိယညွှန်ကြားရေးမှူး)မှ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ အကြောင်းနှင့် စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏လုပ် ငန်းတာဝန်၊ လုပ်ပိုင်ခွင့်နှင့် ပြစ်မှုပြစ်ဒဏ်များအား အကျယ်တဝင့်ရှင်းလင်းပြီး၊ စားသုံးသူရေးရာ ဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြား၍ ပဲခူးတိုင်းဒေသကြီး စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့၏ လက်အောက်ရှိ စားသုံးသူတိုင်ကြားမှုလက်ခံဆောင်ရွက်ရေး လုပ်ငန်း ကော်မတီ နှင့်ထုတ်ကုန်များလုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းကော်မတီ(၂)ရပ်အား ဆက်လက်ဖွဲ့စည်း သွားနိုင်ရန် ရှင်းလင်းေ  ဆွးနွေးပြောကြားခဲ့ပြီး တက်ရောက် လာသော အဖွဲ့ဝင်များမှ စားသုံးသူ အကာ အကွယ်ပေးရေး နှင့် ပတ်သက်သည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက် နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

         

ကျော်ဆန်းဝင်း ( စားသုံးသူ . ပဲခူး)

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ သုံးခွမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပ

Mon, 12/15/2014 - 12:54 -- dccaadmin
Myanmar

             နိုင်ငံအတွင်း နေထိုင်လျက်ရှိသည့် စားသုံးသူပြည်သူများ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးဥပဒ် အန္တရာယ်ကင်းစွာဖြင့် ဝယ်ယူအသုံးပြုနိုင်ရန်အတွက် နိုင်ငံတော်မှ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေကို ပြဌာန်းခဲ့သဖြင့် ဥပဒေ၏ ရည်ရွယ်ချက်များ အောင်မြင်စွာ အကောင်အထည်ဖော်ရန်၊ စားသုံးသူ ပြည်သူများမှ အမျိုးသားရေးစိတ်ဓါတ်ဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိန်းနှင့် ဝန်ထမ်းများသည် ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ၂၈ ရက်၊ နံနက် ၁၀း၃၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ခန်းမဆောင်၌ စားသုံးသူအကာအကွယ်ပေးရေးအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။

          ဟောပြောဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိန်းက ဟောပြောဆွေးနွေးရာ၌ ပြည်သူများ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းစွာဖြင့် အစားအသောက် နှင့်ဆေးဝါးများကို ဝယ်ယူသုံးစွဲနိုင်ရန် နိုင်ငံတော်မှ အမျိုးသားအစားအသောက်ဥပဒေ၊ အမျိုးသားဆေးဝါး ဥပဒေနှင့် တိုင်းရင်းဆေးဝါးဥပဒေတို့ကို ပြဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါ အစားအသောက်သာမက ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူများကို အကာအကွယ်ပေးနိုင်ရန်၂၀၁၄ခုနှစ်၊ မတ်လ (၁၄) ရက်နေ့ တွင်၂၀၁၄ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၀ ဖြင့် စားသုံးသူအကာအကွယ်ပေးရေးဥပဒေကို ပြဌာန်းခဲ့သဖြင့် စားသုံးသူများကို ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် ဥပဒေပါအချက် များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။

          ထို့ပြင် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်အကြား အငြင်းပွားမှုကို ဖြေရှင်းဆောင်ရွက်ပေးရန် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီးဖြစ်၍ စားသုံးသူများ၏ နစ်နာမှုများကို ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ပြီး မိမိတို့ဦးစီးဌာန အနေဖြင့်လည်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်သည့်အနေဖြင့် ပြည်ပမှတင်သွင်းမည့် ကုန်ပစ္စည်းများကို သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေးပြည့်မီမှသာ ခွင့်ပြုလိုင်စင်ထုတ်ပေးခြင်း၊ ပြည်ပမှ တရားမဝင် ဝင်ရောက်လာသည့် စားသောက်ကုန်ပစ္စည်းများ၊ ဆေးဝါးများကို သိမ်းဆည်း၍ မီးရှို့ဖျက်ဆီးမှုများက ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေတွင်ပါရှိသည့် စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်၊ စီးပွားရေးလုပ်ငန်းရှင်၏ အခွင့်အရေးနှင့်တာဝန်၊ တားမြစ်ချက်များနှင့် အဆိုပါတားမြစ်ချက်များကို ဖေါက်ဖျက်ကျူးလွန်လျှင် ချမှတ်ခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

          ဆက်လက်၍ တိုင်းကျန်းမာရေးဦးစီးဌာနကိုယ်စား သုံးခွမြို့နယ် ကျန်းမာရေးဌာန၊ ဆေးရုံအုပ်ကြီး ဒေါက်တာဦးစိုးဝင်းမှ စားသုံးသူများအနေဖြင့် (FDA) ထောက်ခံချက်ပါရှိသည့် အစားအသောက်နှင့် ဆေးဝါးများကို ရွေးချယ်စားသုံးရန်နှင့် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပြဌာန်းချက်များကို တစ်ဆင့်စကား တစ်ဆင့် ပြောကြားပေးရန်လိုကြောင်း တိုက်တွန်းဟောပြောဆွေးနွေးခဲ့ပါသည်။

          အဆိုပါဟောပြောဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း/အမှုထမ်းများ၊ မြို့နယ် ကျန်းမာရေးဌာနမှ ဆေးရုံအုပ်ကြီး၊ သုံးခွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်လက်ထောက်ပညာရေးမှူး၊ အထက်တန်းကျောင်း (၁၅) ကျောင်း၊ အလယ်တန်းကျောင်း (၂၆) ကျောင်း၊ မူလတန်းကျောင်း (၁၀၄) ကျောင်းတို့မှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများနှင့် ကျောင်းကိုယ်စားလှယ် (၁၄၆) ဦး၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ မြို့နယ်/ ရပ်ကွက်/ ကျေးရွာ/ အုပ်ချုပ်ရေးမှူးများနှင့် အထောက်အကူပြု အဖွဲ့ဝင်များ၊ စုစုပေါင်း (၂၇၀) ဦးခန့်တက်ရောက်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

                                                                   ကိုကိုမောင်(စားသုံးသူ)ရန်ကုန်

ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များတွင် စားသုံးသူအကာအကွယ်ပေးရေးအကြောင်း သိကောင်းစရာအသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်

Mon, 12/15/2014 - 12:39 -- dccaadmin
Myanmar

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစောမိုက်ကယ်၊ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန ဦးစီး အရာရှိ ဒေါက်တာမျိုးထွန်းကျော်၊ ဌာနမှ ဝန်ထမ်းများပူးပေါင်း၍ စားသုံးသူအကာအကွယ်ပေးရေး သိကောင်းစရာ ဟောပြောပွဲများကို  ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ  ၂၆ ရက်နေ့မှ  ၂၈ ရက်နေ့အထိ ဖျာပုံခရိုင်အတွင်း ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဖျာပုံမြို့များတွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ  ၁ း ဝ၀ နာရီမှ ညနေ ၄ း ဝ၀ နာရီအထိ ဘိုကလေးမြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ရာ ဘိုကလေးမြို့နယ်၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင် တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းမုန့်ဈေးတန်း ဈေးသည်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၅၇၅) ဦး တက်ရောက်ခဲ့ပါသည်။

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်  ၁၀ း ဝ၀ နာရီအချိန် ကျိုလတ်မြို့၊ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းခန်းမတွင် စားသုံးသူ အကာအကွယ်ပေးရေး အကြောင်း သိကောင်းစရာ ဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျိုက်လတ်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ငါးရံ့ခြောက် လုပ်ငန်းရှင်များ၊ စားသောက်ဆိုင် ပိုင်ရှင်များ၊ ဆေးဆိုင်ပိုင်ရှင်များ၊ကျောင်းမုန့်ဈေးတန်းဈေးသည်များ၊ ဆရာ/ဆရာမများ ၊ ကျောင်းသား/သူများ စုစုပေါင်း (၃၆၅) ဦး တက်ရောက် ခဲ့ပါသည်

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ  ၁ း ဝ၀ နာရီအချိန် ဒေးဒရဲမြို့နယ်၊ အမှတ် (၁) အခြေခံ ပညာအထက်တန်းကျောင်းခန်းမတွင် စားသုံးသူ အကာအကွယ်ပေးရေး အကြောင်း သိကောင်းစရာ အသိပညာပေးဟာပြောပွဲ ကျင်း ပပြုလုပ်ခဲ့ရာ ဒေးဒရဲမြို့နယ်၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့်  ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်း (၆၀၉) ဦး တက်ရောက်ခဲ့ပါသည်။

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁ းဝ၀ နာရီအချိန်  ဖျာပုံခရိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် စားသုံးသူ အကာအကွယ်ပေးရေး အကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကျောင်းမုန့်ဈေးတန်း ဈေးသည်များ၊ ဆရာ /ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၂၄၂) ဦး တက်ရောက်ခဲ့ကြပါသည်။

ဖျာပုံ ခရိုင်အတွင်း ကျင်းပပြုလုပ်သော စားသုံးသူအကာအကွယ်ပေးရေး အကြောင်း သိကောင်းစရာ အသိပေးပညာပေး ဟောပြောပွဲများတွင် စားသုံးသူအကာအကွယ်ပေးရေးနှင့် ပတ်သက်၍ သိကောင်းစရာများ၊ ဌာန၏ လက်ရှိဆောင် ရွက်နေသော လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာများ၊ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်ဝတ္တရားများ၊ ကုန်ပစ္စည်း ထုတ်လုပ်တင် သွင်း ရောင်းချသူများ၏ အခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်ဝတ္တရားများ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူများ၊ ဆောင်ရန်ရှောင်ရန် အချက်များနှင့် အရာရာကို သံသယစိတ်ဖြင့် လေ့လာသုံးသပ်ပြီး ချင့်ချိန်စားသောက်ရန် လိုအပ်ကြောင်း၊ စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းသည် ကြီးမားကျယ်ပြန့်သော လုပ်ငန်းစဉ်ဖြစ်၍ အနာဂါတ်မျိုးဆက်သစ်များ၊ ကျန်းမာပျှော်ရွှင်သော ဘဝကို ရရှိပိုင်ဆိုင်နိုင်ရေး ယနေ့မှစ၍ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါ ဝင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။  

                                                                                      ဧရာမြေ (ဧရာဝတီတိုင်း)

ပထမအကြိမ်အာဆီယံစားသုံးသူကာကွယ်ရေးညီလာခံအောင်မြင်စွာ ကျင်းပပြီးစီးခဲ့

Mon, 12/15/2014 - 12:38 -- dccaadmin
Myanmar

 

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ (၈) ရက်နေ့မှ (၉) ရက်နေ့အတွင်း ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင်ပထမ အကြိမ် အာဆီယံစားသုံးသူ ကာကွယ်ရေး ညီလာခံကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ညီလာခံအား ဗီယက်နမ် ယှဉ်ပြိုင်မှု အာဏာပိုင်အဖွဲ့အ စည်းမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပ ခဲ့ခြင်းဖြစ်ပြီး အာဆီယံ-ဩစတြေးလျဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် အဆင့်(၂)၏ အထောက် အပံ့ဖြင့် ၎င်းအဖွဲ့အစည်း၏ စားသုံးသူကာကွယ်ရေး ဆိုင်ရာ သုတေသနနှင့် ေ ဆွးနွေးမှု အထောက် အပံ့ပြုရေး စီမံကိန်းအောက်တွင် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

ညီလာခံသို့ အာဆီယံ စားသုံးသူကာကွယ်ရေး ကော်မတီအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အခြားမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အာဆီယံ- ဩစတြေးလျ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်အဆင့် (၂) မှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ၊ သုတေသန ပညာရှင်များတက်ရောက်ခဲ့ ကြပါသည်။ မြန်မာနိုင်ငံမှ စီးပွားေ ရးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် (၃) ဦးတက်ရောက်ခဲ့ကြပါသည်။

ညီလာခံတွင် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ မူဝါဒအနှစ်ချုပ်စာအုပ်များနှင့်CaseStudies များကို Sessions များခွဲခြား၍ ခေါင်းစဉ်အလိုက် ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးခဲ့သော အကြောင်းအရာများမှာ အဓိကအားဖြင့် အာဆီယံနိုင်ငံများတွင် ကြုံတွေ့နေရသော စားသုံးသူကာကွယ်ရေး ဆိုင်ရာစိန်ခေါ်မှုများ၊ ရွေ့လျားနေသော ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ စားသုံးသူထုတ်ကုန်လုံခြုံ စိတ်ချရမှု လုပ်ငန်းမျာ၊ E-Commerce ကဏ္ဍတွင် စားသုံးသူ အကာအကွယ်ပေးမှု၊ စားသုံးသူ အရေးယူဆောင် ရွက်မှုလုပ်ငန်းများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ ဥပဒေပြဌာန်းမှုနှင့် အဖွဲ့ အစည်းများဖွဲ့စည်းဆောင်ရွက်မှုများ၊ ၂၀၁၅ ခုနှစ်အလွန် စားသုံးသူကာကွယ်ရေး ဆိုင်ရာဆောင်ရွက်သွား မည့်လုပ်ငန်းများ ကို ဆွေးနွေးခဲ့ပါသည်။

မြန်မာနိုင်ငံအနေဖြင့် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေပြဌာန်းထားရှိမှု၊ စားသုံးသူကာကွယ်ရေး ဆိုင်ရာ ဆက်စပ်ဥပဒေများပြဌာန်းထားရှိမှု၊ စားသုံးသူ အကာအကွယ်ပေးရေးလုပ်ငန်း အားသက်ဆိုင် ရာဝန်ကြီး ဌာနများနှင့်အကောင်အ ထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ စားသုံးသူအကာ ကွယ်ပေးရေး လုပ်ငန်းများအတွက် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများနှင့် ဖြေရှင်းဆောင်ရွက်မှု အခြေအနေ၊ အနာဂတ်ကာတွင် ဆောင်ရွက်သွားမည့် စားသုံးသူ အကာအကွယ်ပေးရေးလုပ်ငန်း များ နှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေတို့ကို ဆွေးနွေးခဲ့ပါသည်။

                                                                                      မျိုးမျိုးထိုက် (စားသုံးသူရေးရာ)

ဒေါ်လာရတဲ့ ပြောင်းကြိတ်ဖတ်

Mon, 12/15/2014 - 11:08 -- dccaadmin
Myanmar

 

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ၂၀၁၄ ဒီဇင်ဘာလ ပထမပတ်မှာ ကန်ဒေါ်လာ ၃၄၀ဝ တန်ဖိုးရှိတဲ့ ပြောင်းကြိတ်ဖတ် ၃၄ တန်ကို တင်ပို့ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလက ၃၄ တန်ခွဲ တင်ပို့နိုင်ခဲ့ တယ်လို့သိရပါတယ် ။ ပြောင်းကြိတ်ဖတ်ကို တရုတ်နိုင်ငံမှာ တိရစ္ဆာန်အစာအ တွက် အသုံးပြု ကြတာဖြစ်ပါတယ်။

                                                                              မော်မော်အောင်MIRT (DCCA)

မြိတ်နယ်စပ်စခန်းမှ ကဏန်းမျိုးစုံ ၈၄ တန်ကျော်တင်ပို့နိုင်

Fri, 12/12/2014 - 09:20 -- dccaadmin
Myanmar

 

မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ် ကုန်သွယ်ရေးစခန်းက နိုဝင်ဘာလ ၂၉ ရက်မှ ဒီဇင်ဘာလ ၅ ရက် နေ့အတွင်း ကန်ဒေါ်လာဝ ဒသမ ၄၀၃ သန်းတန်ဖိုးရှိ ကဏန်းသေး (သေ) ၂ တန်ကျော်၊ သဲကဏန်း  ၁တန်ကျော်၊ ကဏန်းပျော့၂၁ တန်ကျော်၊ ကဏန်းနီ  တန် ၆၀ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်း ပတ်တွင် သဲကဏန်းတစ်မျိုးတည်း  ၁ တန်နီးပါးသာ တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်သီတင်းပတ်ထက် ကဏန်းတင်ပို့မှုများမှာ  ၈၃ တန်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မြိတ်နယ်စပ် ကုန်သွယ်ရေး စခန်းအနေနဲ့  ယခုအပတ်အတွင်း ကဏန်းမျိုးစုံ အပြင် ကန်ဒေါ်လာ ၁ ဒသမ  ၅၅၃ သန်းတန်ဖိုးရှိ  ငါးမျိုးစုံ ၁၀၂၅ တန်ကျော်၊ ရေငန်ပုစွန် ၁၅ တန်ကျော်၊  ကင်းမွန်  ၅၆ တန်နီးပါး၊ ငါးမှုန့်တန် ၃၆၀၊ ပုစွန်ခြောက် ၂ တန်ကျော်၊ ငါးအသားလွှာ ၂၄ တန်နဲ့ကင်းမွန်ခြောက်  ၃ တန်နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။

                                                                                 ခင်မြနွယ် (DCCA)

နယ်စပ်ကုန်သွယ်ရေးစခန်းအလိုက် ဓါတ်မြေဩဇာ တင်သွင်းမှုအခြေအနေ

Fri, 12/12/2014 - 09:14 -- dccaadmin
Myanmar

 

စဉ်      စခန်းအမည်       ယခုအပတ်           ယခင်အပတ်             နှိုင်းယှဉ်ချက်

                                တင်သွင်းမှုတန်ချိန်  တင်သွင်းမှုတန်ချိန်     (ပို/လို)

                                ၂၉/၁၁ မှ ၅/၁၂     ၂၂/၁၁ မှ ၂၈/၁၁      +/- 

၁။       မူဆယ်              ၁၃၀၉၄.၆၃          ၁၃၉၂၈.၈၉              (-)      ၈၃၄.၂၆

၂။       လွယ်ဂျယ်          -                        -                                     -

၃။       ချင်းရွှေဟော်       ၂၃၇.၂၅              -                            (+)     ၂၃၇.၂၅

၄။       တာချီလိတ်         -                        ၅၀.ဝဝ                    (-)      ၅၀.ဝဝ

၅။       မြဝတီ               ၂၃.၈၄                -                            (+)     ၂၃.၈၄

၆။       ကော့သောင်း      -                        ၂၆၇.၁၉                  (-)      ၂၆၇.၁၉

၇။       မြိတ်                 -                        -                                     -

၈။       ရိဒ်                   -                        -                                     -

          စုစုပေါင်း            ၁၃၃၅၅.၇၂          ၁၄၂၄၆.ဝ၈              (-)      ၈၉၀.၃၆

 

                                                           တင်တင်ထွန်း MIRT (DCCA)

ကျပ်သိန်း ၅၄၀ ကျော် တန်ဖိုးရှိ တရားမဝင်အကောက်ခွန်မဲ့ပစ္စည်းများနှင့် တင်ဆောင်သည့်ယာဉ်အား အကောက်ခွန်အမှုတွဲဖွင့်ထိမ်းသိမ်းအရေးယူ

Thu, 12/11/2014 - 14:03 -- dccaadmin
Myanmar

 

စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများအား  စစ်တောင်းတံတားဟောင်းနဲ့ အသစ်လမ်းဆုံရှိ ညောင်ခါးရှည်မှာ အခြေပြု၍ တာဝန်ထမ်းဆောင် နေသောMobile Team လရ-၂ အဖွဲ့ဟာ ဒီဇင်ဘာလ ၄ ရက်နေ့ ၂၂း၀၀ ချိန်မှာ မြဝတီမှလာတဲ့ ံHino Truckယာဉ်အမှတ်3I/xxxx အား စစ်ဆေးစဉ် တရားမဝင် အကောက်ခွန်မဲ့ပစ္စည်း ခန့်မှန်းတန်ဖိုးကျပ် ၅၄၁ ဒသမ ၅၆၀ သိန်းအား ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ရှာဖွေတွေ့ရှိခဲ့သော အကောက်ခွန်မဲ့ပစ္စည်းများ တင်ဆောင်တဲ့ Hino Truck  ယာဉ် ခန့်မှန်းတန်ဖိုးကျပ်သိန်း ၄၀၀ နဲ့ သိမ်းဆည်းရမိ အကောက်ခွန်မဲ့ ပစ္စည်းများအား အကောက်ခွန်လုပ်ထုံးလုပ်နည်း နဲ့အညီ အမှုတွဲဖွင့် ထိန်းသိမ်းထားတယ်လို့ သတင်းရရှိပါတယ်။ သိမ်းဆည်းရမိ ပစ္စည်းများမှာEpson Brand နဲ့ Canon Brand Printers ၁၅၀ လုံး၊Electric Pan ၇၅၄ လုံး ၊ ထမင်းပေါင်းအိုး (အကြီး၊ အသေး) ၇၃၂ လုံး၊ ဓါတ်ဘူးများ၊ လျှပ်စစ်မီးပူများ၊Speaker (8'' ၊ 12'') များနဲ့ ဆက်စပ်ပစ္စည်းများ၊  Receiver အသေး ၊Audio Wire တို့ဖြစ်ကြပါတယ်။

                                                                                                DCCA  DCCA

Pages

Subscribe to RSS - Department of Trade