Department of Trade

Canter ယာဉ် (၄) စီးပေါ်မှ သိမ်းဆည်းရမိ တရုတ်ခရမ်းချဉ်သီးများကို လေလံတင်ရောင်းချ

Thu, 12/11/2014 - 13:50 -- dccaadmin
Myanmar

 

နောင်ချိုမြို့Asia World တိုးဂိတ်အနီး အခြေပြုတဲ့ Mobile Team လရ-၁ အဖွဲ့သည် စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိ စဉ် ဒီဇင်ဘာလ ၄ ရက်တွင် မူဆယ်မှ မန္တလေးသို့ မောင်းနှင်လာတဲ့ Canter ယာဉ်အမှတ်IE/xxxx  နဲ့ 5F/xxxxယာဉ် (၂) စီးပေါ်မှ(1x10 kg) နဲ့ (1x13 kg) ပါ တရုတ်ခရမ်းချဉ်သီးခြင်းများကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ပါတယ်။ အလားတူ ဒီဇင်ဘာလ ၆ ရက်နေ့တွင်လည်း Canter ယာဉ်အမှတ် 6H/xxxx နဲ့ 1H/xxxx ယာဉ်၂ စီးပေါ်မှထပ်မံ၍ ခရမ်းချဉ်သီးခြင်း ၁၃၀ ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ယာဉ်(၄)စီးပေါ်မှ သိမ်းဆည်းရမိ တရုတ်နိုင်ငံထုတ် ခရမ်းချဉ်သီးခြင်းများမှာ ပုပ်သိုးပျက်စီးလွယ် ပစ္စည်းများဖြစ်သဖြင့် ကြမ်းခင်းဈေး သတ်မှတ်ပြီး လေလံတင်ရောင်းချခဲ့ရာ လေလံတင်ရောင်းချရငွေ ကျပ် ၁၂ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။

                                                                                     DCCA  DCCA

အကောက်ခွန်မဲ့တင်သွင်းခဲ့သော ထိုင်းနိုင်ငံထွက် သစ်သီးဝလံများနဲ့သစ်ခွပန်းတာများအား လေလံ တင်ရောင်းချ

Thu, 12/11/2014 - 13:37 -- dccaadmin
Myanmar

 

Mobile Team လှုပ်ရှားစစ်ဆေးရေးအဖွဲ့-၂ ညောင်ခါးရှည်သို့ ဝင်ရောက်အစစ်ဆေးခံသော ယာဉ်များ ပေါ်မှ နိုဝင်ဘာလ ၂၄ ရက်နေ့က စစ်ဆေးတွေ့ရှိတဲ့ သွင်းကုန်ကြေညာလွှာ မပါရှိဘဲ အကောက်ခွန်မဲ့ တင်သွင်းလာသော သစ်ခွပန်း၊ ပန်းသီး၊ လိမ္မော်သီးနဲ့ နဂါးမောက်သီးများအား သိမ်းဆည်းခဲ့ပါတယ်။ ပုပ်သိုးပျက်စီးလွယ် ပစ္စည်းဖြစ်၍ လေလံတင် ထုခွဲရောင်းချရေးအဖွဲ့ အားဖွဲ့စည်းတာဝန်ပေးအပ်ပြီး လေလံတင်ထုခွဲရောင်းချ လိုက်ရာမှာကျပ် ၁၇ ဒသမ ၅၁၀သိန်းရရှိ တယ်လို့ သိရပါတယ်။   လေလံ တင်ထုခွဲရောင်းချသော သိမ်းဆည်းရမိ ပစ္စည်းများမှာသစ်ခွပန်း (1x50 kg)၁၉ တာ၊ သစ်ခွပန်းပင် (1x40) ၄ တာ၊ ပန်သီး (1x20 kg) ၁၆ တာ (1x10 kg) ၅ ဖာ၊ လိမ္မော်သီး (1x15 kg) ၅ဖာ ၊ နဂါးမောက်သီး (1x10kg) ၅ ဖာ တို့ဖြစ်ပါတယ်။

အလားတူ နိုဝင်ဘာလ ၁၉ ရက်နဲ့ ၂၀ ရက်များမှာလည်း သွင်းကုန်ကြေညာလွှာ ပါရှိခြင်းမရှိဘဲ အကောက်ခွန်မဲ့ တင်သွင်းခဲ့သော ထိုင်းနိုင်ငံထွက် သစ်ခွပန်း (1x50 kg) ၁၁ တာနဲ့ သစ်ခွပန်းပင်(1x30)၂ တာအားစစ်ဆေးတွေ့ရှိခဲ့ သဖြင့်လေ လံတင်ရောင်းချရေးနဲ့ ကြမ်းခင်းဈေးသတ်မှတ်ရေး အဖွဲ့ဖွဲ့စည်းပြီး နိုဝင်ဘာလ ၂၁ ရက်နေ့က လေလံတင်ရောင်းချခဲ့ပါတယ်။ လေလံတင်ရောင်းချရငွေ ၇၈၀ဝဝဝ ကျပ် ရရှိခဲ့တယ် လို့သိရပါတယ်။             

                                                                               DCCA  DCCA

ခန့်မှန်းတန်ဖိုးကျပ် ၇၆ သိန်းဖိုးရှိ လက်ကိုင်ဖုန်းများ သိမ်းဆီးရမိ

Thu, 12/11/2014 - 13:27 -- dccaadmin
Myanmar

 

စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိတဲ့ Mobile Team  လရ-၁ အဖွဲ့သည် ဒီဇင်ဘာလ ၅ ရက်နေ့တွင် မူဆယ်မှ မန္တလေးသို့ မောင်းနှင်လာတဲ့ Canter ယာဉ်အမှတ် (9G/xxxx) ယာဉ်သည် လရ-၁ယာဉ်စစ်ဆေးရာ နေရာသို့ ဝင်ရောက်အစစ်ဆေးခံစဉ် ယာဉ်ပေါ်မှ ခန့်မှန်းတန်ဖိုး ကျပ် ၇၆ သိန်းဖိုးရှိ လက်ကိုင်ဖုန်းအလုံး ၃၀ကို စစ်ဆေးတွေ့ရှိ သိမ်းဆည်းနိုင်ခဲ့ တယ်လို့သိရပါတယ်။ စစ်ဆေးတွေ့ရှိတဲ့ ဖုန်းများ ရဲ့တံဆိပ်များ ကတော့ DISKO NOVA ( A 390)  နဲ့ SOLOKIING (S 3310 ) Brand များဖြစ်ပြီး နောင်ချိုမြို့နယ် အကောက်ခွန်ဦးစီးဌာနတွင် အမှုတွဲဖွင့်လှစ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

         

                                                                              DCCA DCCA

Mobile Team နှင့် စားသုံးသူအကာအကွယ်ပေးရေး

Thu, 12/11/2014 - 13:15 -- dccaadmin
Myanmar

 

Mobile Team လရ-၁ အဖွဲ့သည် နောင်ချိုမြို့၊ Asia World Toll Gate အနီးအခြေပြုလျက် တရားမဝင်ကုန်သွယ်မှု  တားဆီးထိန်းချုပ်ရေးနှင့် စားသုံးသူအကာ အကွယ်ပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေမှ ဒီဇင်ဘာလ ၄ ရက်နေ့ထိ ၁၂ ရက်တာ ကာလအတွင်း ဖမ်းဆီးရမိမှု အမှုတွဲ (၄၄) မှုရှိခဲ့ပြီး  ဖမ်းဆီးရမိ ခန့်မှန်းတန်ဖိုးကျပ် ၅၉၄ သိန်း ကျော်ရှိခဲ့ပါတယ်။ အဲဒီကျပ် ၅၉၄ သိန်းကျော်မှာ အများပြည်သူများ စားသုံး ရန်မသင့်တဲ့ ကျန်းမာေ ရး ဝန်ကြီး ဌာနမFDAထောက်ခံချက်မရှိသော စားသောက်ကုန်များ တားဆီးဖျက်ဆီးမှုအနေဖြင့် တန်ဖိုး ကျပ်  ၂၁၂ သိန်းကျော်ပါဝင်တဲ့ အတွက် ဖမ်းဆီးရမိ တန်ဖိုးရဲ့ သုံးပုံတစ်ပုံ ကျော်ပါဝင်နေတာ ကိုတွေ့ရှိရပါတယ်။ ဒါကြောင့် အများပြည်သူ ကျန်းမာရေးအတွက်  စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများကို အင်တိုက်အားတိုက် ကြိုးပမ်း ဆောင်ရွက်နေတယ် ဆိုတာကို ပေါ်လွင်ထင်ရှားစေပါတယ်။ တားဆီးဖျက်ဆီးခဲ့တဲ့ စားသောက်ကုန်များမှာ အေးခဲကြက်ဆီဘူးများ၊ အေးခဲ အသားတုများ (ဒေသအခေါ်ပင်လယ်စာ)၊ အစပ်ချောင်း၊ ကြက်အူချောင်းများ၊ ကြာရှည်ခံစေရန် ပြုလုပ်ထားသည့် အသီး၊ အရွက်ချဉ်ဖတ်အမျိုးမျိုးနှင့် ကြက်မြစ်ကြက်သည်းများဖြစ်ပါတယ်။

မြန်မာလူမျိုး များအနေဖြင့် ကြက်အသည်း အမြစ်ကို တန်ဖိုးထားစားသုံးတဲ့အပြင် ကြက်ဆီဘူးကိုလဲ နှစ်သက်စွာ စားသုံးလေ့ရှိပါတယ်။ နိုင်ငံတကာမှာတော့ အသားသန့်သန့်ကိုသာ စားသုံးကြပြီး ဝမ်းတွင်းသားဖြစ်သည့် အသည်းအမြစ်၊ ကလီစာ၊ ဆီဘူးတို့ကို အညစ်အကြေး ပစ္စည်းများအဖြစ် သတ်မှတ်ပြီး စွန့်ပစ်ကြတယ်လို့သိရပါတယ်။ အခြားနိုင်ငံများက စွန့်ပစ်ပစ္စည်း (အမှိုက်) များကို မြန်မာတွေက တန်ဖိုးထား စားသုံးနေတာဟာ ကျန်းမာရေးအသိအမြင် နည်းပါးနေသေး တယ်လို့ ထင်မြင်မိပါတယ်။

ဖမ်းဆီးရမိ ခဲ့တဲ့တန်ဖိုးတွေ ထဲမှာနိုင်ငံတော်က တင်ပို့ခွင့်မပြု ကန့်သတ်ပိတ်ပင်ထားတဲ့နိုင်ငံတော် အတွက်လည်း အရေးပါတဲ့အမဲသားအပြင် သစ်တောထွက် ရှားပါးပစ္စည်း မျိုးတုန်းပျောက်ကွယ်လု ပစ္စည်းအဖြစ် သတ်မှတ်ထားတဲ့ သစ်ခွပန်း အစို၊ တမလန်းသစ် တို့ကိုလည်း သိမ်းဆီးပြီး သက်ဆိုင်ရာ ဌာနတွေဖြစ်တဲ့ စည်ပင်သာယာရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနတို့ကို လွှဲပြောင်းအပ်နှံပေးခဲ့တဲ့ တန်ဖိုးကျပ်သိန်း၂၀ဝ ကျော် ပါဝင်လို့ နိုင်ငံတော်သယံဇာတကိုလည်း ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းခဲ့ ပါတယ်။

Mobile Team အနေနဲ့ မူလရည်ရွယ်ချက်တွေဖြစ်တဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရေး၊ စားသုံးသူ အကာအကွယ်ပေးရေးတို့ကို အဖွဲ့ဝင်ဌာနဆိုင်ရာဝန်ထမ်းများ နေ့စဉ်ပိတ်ရက်မရှိ ၂၄ နာရီအချိန်ပြည့် ကြိုးပမ်း ထမ်းဆောင်လျက်ရှိကြောင်း တင်ပြလိုက်ရပါတယ်။

                                                                                 မိုးနိုင် ၈၂

မြဝတီနယ်စပ်မှ ရေထွက်ကုန် ပိုမိုတင်ပို့နိုင်ပြီ မြိတ်နဲ့ ကော့သောင်းနယ်စပ်မှ တင်ပို့မှုလျော့

Thu, 12/11/2014 - 12:54 -- dccaadmin
Myanmar

 

မြန်မာ-ထိုင်းနယ်စပ်ရှိ နယ်စပ်စခန်းများဖြစ်သော မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်း နယ်စပ်ကုန်သွယ်ရေး၊ မြိတ်နယ်စပ်ကုန်သွယ်ရေး စခန်းများက နိုဝင်ဘာလ၂၉ ရက်မှ ဒီဇင်ဘာလ ၅ ရက်တာ ကာလအတွင်း ကန်ဒေါ်လာ၂ ဒသမ ၆၂၅ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၂၁၆၀ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။

နယ်စပ်စခန်း များအလိုက် ဆောင်ရွက်နိုင်မှု များမှာ မြဝတီ ကုန်သွယ်ရေးဇုန်က ကန်ဒေါ်လာဝ ဒသမ ၁၇၉ သန်းတန်ဖိုးရှိ၊ ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ ၇၆တန်ကျော်၊ ကဏန်း၂၉ တန်ကျော်နဲ့ ပုစွန်  ၃တန်ကျော် တင်ပို့နိုင်ခဲ့ပြီးယခင် သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၁၀ တန်ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးက ကန်ဒေါ်လာ ဝ ဒသမ ၄၉၀ သန်းတန်ဖိုးရှိ ရေထွက် ကုန်များဖြစ်သော ငါးမျိုုးစုံ  ၄၃၉ တန်နီးပါး ကင်းမွန်တန် ၃၀ ၊ ပုစွန် ၇ တန်နီးပါး၊ ပင်လယ်ငါးရှဉ့် ၃ တန်ကျော်နဲ့ ရေဘဝဲ ၁ တန်နီးပါးတင်ပို့နိုင်ခဲ့ပြီး ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၆၁၅ တန်ကျော်လျော့နည်း တင်ပို့ခဲ့ပါတယ်။ မြိတ်နယ်စပ် ကုန်သွယ်ရေးက ကန်ဒေါ်လာ ၁ဒသမ ၉၅၆ သန်းတန်ဖိုးရှိ၊ ရေထွက်ကုန် များဖြစ်သော ငါးမျိုးစုံ ၁၀၂၅ တန်ကျော်၊ ရေငန်ပုစွန်  ၁၅ တန်ကျော်၊ ကင်းမွန် ၅၆ တန်နီးပါး၊ ကဏန်းသေး (သေ)၂ တန်ကျော်၊ သဲကဏန်း  ၁တန်ကျော်၊ ငါးမှုန့် တန် ၃၆၀၊ ပုစွန် ခြောက် ၂ တန်ကျော်၊ ကဏန်းပျော့၂၁ တန်ေ ကျာ်၊ ကဏန်းနီ တန် ၆၀ ၊ ငါးအသားလွှာ  ၂၄ တန်နဲ့ ကင်းမွန်ခြောက် ၃ တန်နီးပါး တင်ပို့နိုင်ခဲ့ပြီး ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၂၅၂ တန်ကျော် လျောနည်းတင်ပို့ခဲ့ပါတယ်။

 

                                                                                 ခင်မြနွယ် MIRT (DCCA)

ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးတွင်စားသုံး သူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပ

Wed, 12/10/2014 - 13:48 -- dccaadmin
Myanmar

 

နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတွင် အဓိကလိုအပ်ချက်မှာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသော ကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ ထို့ကြောင့် လူသားအရင်း အမြစ်ဖြစ်သော စားသုံးသူပြည်သူ များအား နိုင်ငံတော်မှချ မှတ်ပြဌာန်းပေး လိုက်သော စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေပါ အခွင့်အရေးနှင့် တာဝန်များကို သိရှိလိုက်နာနိုင်ပြီး အပြည့်အဝရရှိစေရန်၊ အစားအစာ၊ကုန် စည်၊ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များကို သိရှိလိုက် နာနိုင်ရန် ရည်ရွယ်၍ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဋ္ဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီး ဌာန၊ရန် ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူနှင့် ဝန်ထမ်းများသည် ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးဋ္ဌာနနှင့် ပူးပေါင်း၍ ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက် နေ့လည် ၁၃းဝ၀ နာရီအချိန်တွင် တိုက်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင် စားသုံးသူ အကာအကွယ် ပေးရေးအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။

ဟောပြောဆွေးနွေးပွဲတွင် တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်စိုးမှ စားသုံးမှုနှင့်ပတ် သက်၍ အာဆီယံ စံထားလောက်သည့် အတိုင်းအတာပေါ်မူတည်ပြီး ဆောင်ရန်/ရှောင်ရန်များသိရှိ လိုက်နာနိုင်မှသာ ကိုယ်ကျန်းမာစိတ်ချမ်း သာ၍ သက်တမ်းစေ့နေနိုင် မှာဖြစ်ကြောင်း၊ ဌာနဆိုင်ရာအဖွဲ့ အစည်းများမှ တတ်အားသရွေ့ စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိသောကြောင့် နိုင်ငံတော်မှချမှတ် ထားသော ရည်မှန်းချက်များ ပိုမိုအောင်မြင် လာမှာဖြစ်ကြောင်း အဖွင့်အမှာစ ကား ပြောကြားခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိန်းမှ စားသုံး သူအကာ အကွယ်ပေးရေး ဥပဒေပြ ဌာန်းပြီးဖြစ်၍ ဗဟိုကော်မတီ ဖွဲ့စည်းမှု၊ စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းမှု၊၎င်း အဖွဲ့အောက်တွင်ေ ကာ်မတီနှစ်ရပ်ဖွဲ့စည်းမည့် အခြေအနေနှင့် ဥပဒေပါ အကြောင်း အရာများကို စားသုံးသူပြည်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များ အားလုံး ရင်းနှီးကျွမ်းဝင်၍ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန်  ဋ္ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့ များနှင့် ပူးပေါင်း၍ အသိ ပညာပေးရေး လုပ်ငန်းများ လုပ်ဆောင်နေမှု အခြေအနေ၊ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေပါ အချက်များအားအသေးစိတ် ရှင်းလင်းဆွေးနွေးခြင်း၊ ဥပဒေပါ အချက်အလက် များဖြင့် ပြည့်စုံစွာဖေါ်ပြ ထားသော စားသောက်ကုန်များကို နမူနာ များနှင့်အတူ ရှင်းလင်း ပြောကြားခဲ့ပြီး စားသုံးသူပြည်သူများအတွက် အရည်အသွေး စံချိန်စံညွှန်းပြည့်မီသည့် ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူအသုံးပြုနိုင်ရေးတို့ကို ရှင်းလင်း ဆွေးနွေး ခဲ့ပါသည်။ဆက်လက်၍ တိုင်းကျန်းမာရေး ဦးစီးဌာန ကိုယ်စားမြို့နယ်ကျန်းမာရေးဦးစီးဋ္ဌာနမှူး ဒေါက် တာ ကျော်ဇင်ပြုံးမှ လုံခြုံစိတ်ချရပြီး အဟာရပြည့်ဝ၍ ကျန်းမာရေးနှင့်ပြည့်စုံသော အစားအ သောက် များဝယ်ယူ သုံးစွဲနိုင်ရေးမှာ အရေးအကြီးဆုံးဖြစ်၍ အားလုံး စေတနာမှန်နှင့် လုပ်ဆောင် ကြရန်လို ကြောင်း၊ ကျန်းမာရေးဋ္ဌာနမှလုပ်ဆောင်နေသော ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများအကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဟောပြောဆွေးနွေးပွဲသို့တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်းအမှုထမ်းများ၊ မြို့နယ်အထွေထွေအုပ် ချုပ်ရေးမှူးနှင့်အမှုထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဋ္ဌာနမှဌာနမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊မူလတန်း ကျောင်း များမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင် သာယာ ရေးအဖွဲ့မှ အမှုဆောင်အရာရှိ၊ ဈေးတာဝန်ခံ နှင့်ဈေးရောင်းချသူများ၊ မြို့ပေါ်ရပ်ကွက် (၈)ခုမှအုပ် ချုပ်ရေးမှူးများ၊ စားသောက်ကုန် ထုတ်လုပ်ရောင်းချ သူများနှင့် ပြည်သူများစုစုပေါင်း (၇၅) ဦး တက် ရောက်ခဲ့ပါသည်။

ထိုကဲ့သို့ဟောပြောဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်းကြောင့် စားသုံးသူ ပြည်သူများအနေဖြင့် စားသုံး သူအကာအကွယ်ပေးရေးဥပဒေပါ အခွင့်အရေးနှင့်တာဝန်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိ လိုက်နာနိုင်ခြင်း၊ ကုန်စည်များဝယ် ယူသုံးစွဲရာ တွင်  ဘေးဥပဒ်အန္တရာယ်ကင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော ကုန်ပစ္စည်း များကို ရွေးချယ်ဝယ်ယူနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။

                                                                                      စန္ဒာ (စားသုံးသူ)ရန်ကုန်

မောင်တောစခန်းမှ ရေငန်ပုစွန်များတင်ပို့

Wed, 12/10/2014 - 13:07 -- dccaadmin
Myanmar

 

မောင်တော နယ်စပ်ကုန်သွယ်ရေး စခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နိုဝင်ဘာလအတွင်း ကန်ဒေါ် လာသုညဒသမ ၄၃၇သန်းကျော် တန်ဖိုးရှိ ရေငန်ပုစွန် ၈၉ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ မောင်တော ဘက်မှတင်ပို့နေတဲ့ ရေငန်ပုစွန် များကတော့ မောင်တောဒေသ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ နဲ့ ငါးခူရ တို့မှ ထွက်ရှိတဲ့ ပုစွန်များဖြစ်ပါတယ်။

ယခင်က မြန်မာနိုင်ငံမှ ထွက်ကုန် ပစ္စည်းများကို EU နိုင်ငံများသို့ တိုက်ရိုက် တင်ပို့ခွင့် မရဘဲ စီးပွားရေး ပိတ်ဆို့ခံ ခဲ့ရတဲ့ အတွက် မြန်မာနိုင်ငံ ထွက်ပုစွန် များကို EU နိုင်ငံများသို့ တိုက်ရိုက် တင်ပို့ခွင့် မရရှိခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့နေခဲ့ ရတာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှမြန်မာ့ရေငန်ပုစွန် များကိုပြန်လည်ပြုပြင် ထုတ်ပိုးပြီး EUနိုင်ငံများသို့ ဆက်လက်တင်ပို့ကြောင်း သိရပါတယ်။ ယခုအခါ EU နိုင်ငံများမှ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ကိုရုတ်သိမ်းခဲ့ သဖြင့် မြန်မာ့ ထွက်ကုန်များအား တရားဝင် တင်ပို့ခွင့်ရရှိပြီး နောက်ပိုင်း နှစ်နိုင်ငံကုန်သည် လုပ်ငန်းရှင်များ ညှိနှိုင်းကြိုးပမ်းဆောင်ရွက် ခဲ့မှုများကြောင့် မြန်မာဘက်မှ ပုစွန်တင်ပို့မှုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၂၀၁၄ ခုနှစ် မတ်လ ၉ ရက်နေ့ ကစပြီး တရားဝင် ဂိတ်ဖွင့်လှစ်ထားတဲ့ တက္ကနဗ် ၊ဘောင်တော် ဆိပ်ကမ်းတို့ မှတရားဝင်လက်ခံ တင်သွင်းခွင့်ပြန်လည် ရရှိခဲ့တာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်မှစပြီးမြန်မာဘက်မ တင်ပို့နေသော ရေငန်ပုစွန်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှ ဝယ်ယူမှုကို ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

                                                                               မြင့်မြင့်မာMIRT (DCCA) 

မောင်တောစခန်းမှ လဲမှို့တင်ပို

Wed, 12/10/2014 - 13:00 -- dccaadmin
Myanmar

 

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောစခန်းမှ  ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်း ကန်ဒေါ် လာ သုည ဒသမ ဝ၀၈ သန်း တန်ဖိုးရှိတဲ့ လဲမှို့ ၁၀ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခုတင်ပို့နေတဲ့ လဲမှို့တွေဟာ မောင်တောခရိုင်မှ ထွက်ရှိတာဖြစ် ပါတယ်။ ဘူးသီးတောင်ဒေသမှ လည်းကောင်း၊ မောင်တောဒေသမှ လည်းကောင်း ထွက်ရှိတဲ့လဲမှို့တွေကို ဝယ်ယူစုဆောင်းပြီးတစ်ဖက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့တာလို့ သိရပါတယ်။                          

                                                                                    မြင့်မြင့်မာ MIRT (DCCA)

တစ်ဖက်နိုင်ငံ နိုင်ငံရေးမတည်ငြိမ်သော်လည်း ကုန်သည်လုပ်ငန်းရှင်များ အားကြိုးမာန်တက် ဆောင် ရွက်ခဲ့၍ တမူးနယ်စပ်ကုန်သွယ်မှုအဆင့် (၄) နေရာမှာရှိနေ

Wed, 12/10/2014 - 12:53 -- dccaadmin
Myanmar

 

တမူးနယ်စပ်ကုန်သွယ်ရေး စခန်းသည် နိုဝင်ဘာလမှာ ပို့ကုန်ဒေါ်လာ ၁ ဒသမ ၉၉၁ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၁ ဒသမ ၂၇၁ သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၃ ဒသမ ၂၆၂ သန်း ဆောင်ရွက် နိုင်ခဲ့ပြီး လျာထားချက်အပေါ် ၈၄ရာ ခိုင်နှုန်းကျော်သာဆောင်ရွက်နိုင်ခဲ့ပါတယ်။ နယ်စပ် စခန်း၁၆ ခုရှိ တဲ့အနက် လျာထားချက် အပေါ် ၁၂၈ ရာခိုင်နှုန်းကျော် ဆောင်ရွက်နိုင်ခဲ့ပြီး အဆင့် (၄) နေရာထိ ရှိနေတယ်လို့ သိရပါတယ်။ ကုန်သွယ်မှု လျာထားချက်များ ပြည့်မီမှု မရှိခြင်း ကaတာ့တစ်ဖက် နိုင်ငံ ရဲ့နိုင်ငံရေးအခြေအနေကြောင့် အရောင်းအဝယ်လုပ် ရတဲ့ရက် ၁၀ ရက် ၁၁ ရက်သာ ရှိတဲ့အတွက်ဖြစ်ပါတယ်။ နိုဝင်ဘာလအတွင်း ၁၀ ရက်နဲ့ ၁၁ ရက်မှာ မိမိဘက်မှ ဂန့်ဂေါလမ်း၊ ယာကြီး လမ်းများ၊ လမ်းပျက် ခဲ့ကြောင်း၊ ၁၂ ရက်နေ့မှာ တစ်ဖက်နိုင်ငံတွင် ကားမိုင်းပေါက်ကွဲ တဲ့ဖြစ်စဉ်ကြောင့် နိုင်ငံရေး မတည်ငြိမ်မှုများဖြစ်ပေါ်ပြီး နယ်စပ်အမှတ် (၁) နဲ့ (၂) ဂိတ်များမှာ လူဝင်လူထွက်မှုများအား ရှာဖွေစိစစ်ခဲ့ပြီး မိုရေး-အင်ဖာလမ်းပိတ် သည်မှာလည်း ယခုလအတွင်း ၄/၅ ကြိမ်ခန့် ရှိပါကြောင်း အခက်အခဲများစွာကြုံတွေ့ကြရသော်လည်း ကုန်သည်လုပ်ငန်းရှင်များ တရားဝင်ကုန်သွယ်မှု လမ်းကြောင်းပေါ်မှ အားကြိုးမာန်တက်ဆောင် ရွက်ခဲ့သဖြင့် ကုန်သွယ်မှုများ မြင့်တက်လာရတယ်လို့ စခန်း တာဝန်ခံက  နိုဝင်ဘာလ ၃၀ ရက်နေ့က ပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ် ပါတယ်။

                                                                                                MIRT (DCCA)

ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ဌာန ဆိုင်ရာများ ပူးပေါင်း၍ မန္တလေးမြို့ပေါ်ရှိ ဈေးကြီးများသို့ Mobile Lab ကားဖြင့် ကွင်းဆင်း စစ်ဆေး ဆောင်ရွက်လျက်ရှိ

Tue, 12/09/2014 - 09:21 -- dccaadmin
Myanmar

 

လူတို့နေစဉ် စားသောက်နေသော အစားအသောက်များတွင် အရောင်ဆိုးဆေး အမျိုးမျိုးပါဝင် ပါတယ်။ ဆိုးဆေးကို သုတေသနပြုထားပြီး ခွင့်ပြုဆိုးဆေးနှင့် ခွင့်မပြု ဆိုးဆေးဟူ၍ ခွဲခြားထား ပါတယ်။ ခွင့်မပြု ဆိုးဆေး ပါဝင်သော အစားအသောက် များကို စားသုံးမိလျှင် ခန္ဓာကိုယ်ကြီးထွားမှုနှေးခြင်း၊ ဉာဏ်ရည် ဖွံ့ဖြိုးမှုနည်းခြင်း၊  အစာအိမ်အူလမ်းကြောင်း ကင်ဆာ၊ အသည်းကင်ဆာ များဖြစ်ပွားနိုင် ပါတယ်။ အစားအသောက်များ၌ အသုံးပြုသော ခွင့်ပြုဆိုးဆေးတွင် သဘာဝ ဆိုးဆေးနှင့် လူ လုပ်ဓါ တုဆိုးဆေး ဟူ၍ ထပ်မံခွဲခြား ထားပါတယ်။  သဘာဝဆိုးဆေးမှာ သစ်သီး၊ သစ်ဥ၊ သစ်ဖုများဖြင့်သာ ပြုလုပ်ထား တာကြောင့် တာရှည်မခံခြင်း၊ အရောင်မှာ သဘာဝ အရောင်ဖြစ်ခြင်းနှင့် ကုန်ကျစရိတ် များပါတယ်။ လူလုပ်ဓါ တုဆိုးဆေး ကတော့ တာရှည်ခံခြင်း၊ အရောင်လှခြင်း၊ ကုန်ကျစရိတ် သက်သာခြင်း တို့ကြောင့် လူအများဟာ အလွန်အန္တရာယ် ကြီးမားတဲ့ ဓါတုဆိုးဆေး များအား ပါဝင်သင့်သော အတိုင်းအတာထက် ပိုမိုသုံးစွဲလာကြပြီး ဓါတုပစ္စည်းများ ကိုလည်း သုံးစွဲလာကြ ပါတယ်။

ထို့အတူ သဘာဝကို ကျော်လွန်သော အလှကုန် ပစ္စည်းများ သုံးစွဲလာကြခြင်း၊ ဘေးအန္တရာယ်ရှိ အလှကုန် ပစ္စည်းများအား မည်သည့်အတွက်မ သုံးသင့်သည်ကို သုံးစွဲသူလူထုအတွင်း အသိပညာ ဗဟုသုတ နည်းပါးလာခြင်း၊  တခဏအလှအပ ကိုသာကြည့်ပြီး နောက်ဆက်တွဲ ဘေးအန္တရာယ် မတွေး ဆခြင်း၊ အလှကုန် ပစ္စည်းများတွင် အသုံးပြုသော Hydroquinone ဟာ ခွင့်ပြု ပမာဏထက် ကျော်လွန်ပါက အရေပြား ကင်ဆာဖြစ်နိုင်ခြင်း၊  အဖုအပိန့်များ ထွက်လာခြင်း၊ ခရုသင်းကဲ့သို့ အဖြူ ကွက် များဖြစ်ပေါ်လာခြင်း များကိုလည်း ယနေ့ပြည်သူလူထု အတွင်းမှာ တွေ့ရှိနေရပါတယ်။

ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးဟာ  ပြည်သူလူထုအတွင်း နေ့စဉ် စားသောက်နေသော အစားအသောက်များ၊ သုံးစွဲနေသော အလှကုန် ပစ္စည်းများနှင့် ပတ်သက် ၍ဘေးကင်းလုံခြုံမှု ရှိစေရန် ဥပဒေအရ ကာကွယ်ပေးခြင်း၊ ကုန်ထုတ် စက်ရုံများ၊ စတိုးဆိုင်ကြီးများ၊  ဈေးကြီးများသို့ ကွင်းဆင်းစစ်ဆေးခြင်း၊ လူထုနှင့် တိုက်ရိုက်ထိတွေ့၍ အသိပညာ ဗဟုသုတပေးခြင်း၊ ပန်းဖလက်များ ဖြန့်ဝေခြင်း၊ မီဒီယာများမှ တဆင့် အသိပညာ ပေးခြင်းကိစ္စများကို အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ ကူးသန်းရောင်း ဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အစား အသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (နေပြည်တော်)၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (မန္တလေးရုံးခွဲ)၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ မန္တလေးတိုင်းဒသကြီး ကျန်းမာရေး ဦးစီးဌာနတို့ဖြင့် ပူးပေါင်းပြီး မန္တလေးမြို့ပေါ်ရှိ လူစည်ကား ရာဈေးကြီး များမှာ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ (၅) ရက်ဆက်တိုက် ကွင်းဆင်း၍ ဈေးများအတွင်းမှ အလှ ကုန်နှင့် အစားအသောက် ပစ္စည်းအမယ်စုံ (၃၇) မျိုးမှ နမူနာပစ္စည်းပေါင်း (၄၄၈) ခု ကောက်ယူ၍  Mobile Lab ကားဖြင့် ကုန်ပစ္စည်း နမူနာများတွင် ဆိုးဆေးနှင့် ဓါတုပစ္စည်း ပါဝင်မှုတို့ကို ပူးပေါင်းအဖွဲ့ များဖြင့်စစ်ဆေးဆောင် ရွက်ခဲ့ပါတယ်။

ထိုသို့ စစ်ဆေးရာတွင် အလှကုန်နှင့် အစားအသောက် ပစ္စည်းအမယ်ပေါင်း (၃၇) မျိုးမှ နမူနာ ပစ္စည်း (၄၄၈) ခု ကောက်ယူခဲ့ရာ၊ ပစ္စည်း (၂၈၀) ခုမှာ ဓါတ်ခွဲစစ်ဆေးပြီး (၁၆၈) ခုမှာ စစ်ဆေးဆဲဖြစ်ပါသည်။ ဓါတ်ခွဲစစ်ဆေးပြီး အစား အသောက် များတွင် နန်းရှေ့ဈေး၊ ဒေါ်--- (ပျံကျ) ဆိုင်မှ အမှတ်တံဆိပ်မပါ သရက်သီးချဉ်နှင့် ညောင်ပင်ဈေး ဒေါ်--- (ပျံကျ) ဆိုင်မှ အမှတ်တံဆိပ်မပါ ဝက်သားလုံးတို့တွင် တာရှည်ခံဓါတု ပစ္စည်းများ သုံးစွဲထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ထုတ်ပြန်ထားကြောင်း သိရှိရပါတယ်။

           

 

                                                                                      မျိုးထွန်း (စားသုံးသူ၊ မန္တလေး)

Pages

Subscribe to RSS - Department of Trade