Department of Trade

တာချီလိတ်Mobile Team အဖွဲ့မှ တရားမဝင်သယ်ဆောင်လာသော လူသုံးကုန်၊ စားသောက်ကုန်နှင့် Leo Beer များ ကျပ် ၁၇၃ သိန်းကျော်ဖိုး ဖမ်းဆီးရမိ

Mon, 12/08/2014 - 14:53 -- dccaadmin
Myanmar

 

တာချီလိတ် နယ်စပ်ကုန်သွယ်ရေး Mobile Team အဖွဲ့က နိုဝင်ဘာလ ၂၈ ရက်  ၁၀ း ၀၀ ချိန်တွင်  လွယ်တော်ခမ်း စစ်ဆေးရေး ဂိတ်သို့ ဝင်ရောက်လာသော (၄ဂ/xxxx) Tiger ယာဉ်ပေါ်မှ Leo Beer (၁၅) ဖာ ခန့်မှန်းတန်ဖိုးကျပ် ၁ သိန်းကျော် ကိုလည်းကောင်း၊ ဒီဇင်ဘာလ ၁ ရက်နေ့ ၀၈ း ၀၀ ချိန် တာလေ-ကျိုင်းလပ်ရှောင်ကွင်းလမ်းသို့ ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ရာ ဖိနပ်၊ ဦးထုပ်၊ မဝတ်အင်္ကျီ၊ မဝတ်ထမိန်၊ မစီးဖိနပ်၊ ကလေးစီးဖိနပ် ခန့်မှန်းတန်ဖိုးကျပ် ၄၁ သိန်းကျော်နှင့် ဒီဇင် ဘာ လ ၁ ရက်နေ့ ၀၉ း ၀၀ ချိန်မှ ၁၈ း ၀၀ ချိန်ထိ စစ်ဆေးခဲ့ရာ တာချီလိတ်-ကျိုင်းတုံ ခရီးသည် တင်ယာဉ်များ ပေါ်မှာ ပိတ်လိပ်၊ Coffee Plus ၊ ရှမ်းရိုးရာအင်္ကျီ၊ ဘောင်းဘီနှင့် Lady Shoes များ ခန့်မှန်းတန်ဖိုးကျပ် ၅၈ သိန်းကျော်ကို လည်းကောင်း၊ ဒီဇင်ဘာလ ၁ ရက်နေ့၂၀ း၅၀ ချိန်တွင်တာလေToll Gate  အလွန် အခါရွာအနီး သတင်းအရ စောင့်ဆိုင်း နေစဥ ်Hiace ယာဉ်အမှတ် (၄စ/xxx) ယာဉ်ပေါ်မှအခွန် ပေးဆောင်ထားသော Brand ကြက်ပေါင်းရည် ၊ ခေါက်ဆွဲခြောက် ဖာများနှင့် ရောနှောသယ်ဆောင် လာသော အထည်များနှင့် ဖိနပ်များ ခန့်မှန်းတန်ဖိုး  ကျပ်သိန်း ၇၀ကျော်ဖိုး ဖမ်းဆီးရမိခဲ့ပါ တယ်။ ဒီဇင်ဘာလ ၂ ရက်နေ့ ၁၅ း ၀၀ ချိန်တွင် ဝှေ့ရဲစစ်ဆေးရေးဂိတ်၌  စစ်ဆေးခံရန် ဝင်ရောက် လာသော (၈ဈ/xxxx) (၁၀) ဘီးမော်တော်ယာဉ်တွင် ဂျူတီပစ္စည်းများနှင့် ဖုံးအုပ် သယ်ဆောင်လာသော Leo Beer (၁၀) ဖာ၊ Chain Beer (၄) ဖာ၊ ခန့်မှန်းတန်ဖိုးကျပ် ၁ သိန်း ကျော် အားလည်း ဖမ်းဆီးရမိခဲ့သဖြင့် အဆိုပါ ဖမ်းဆီးရမိသော လူသုံးကုန်၊ စားသောက် ကုန်နှင့် Leo Beer  များခန့်မှန်းတန်ဖိုး ကျပ်  ၁၇၃ သိန်းကျော်အား Mobile Team အဖွဲ့စုံဖြင့် စနစ်တကျ စစ်ဆေး၍ အကောက်ခွန်လုပ်ထုံး လုပ်နည်းနဲ့အညီ အမှုတွဲများ ဖွင့်လှစ်အရေးယူ ဆောင်ရွက်ထားကြောင်း သိရှိရပါတယ်။

 

                                                                                      DCCA DCCA 

နိုဝင်ဘာလအတွင်း ကျွန်းသစ်နဲ့ သစ်မာများကို မန္တလေးဆိပ်ကမ်းနယ်မြေ Mobile Team မှဖော် ထုတ်တားဆီးနိုင်ခဲ့

Mon, 12/08/2014 - 13:54 -- dccaadmin
Myanmar

 

မန္တလေးတိုင်းဒေသကြီး မန္တလေးဆိပ် ကမ်းနယ်မြေနဲ့ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် (တံတားဦး)  နယ်မြေတို့တွင် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ Mobile Team အဖွဲ့များဖွဲ့စည်းပြီး တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများနှင့် စားသုံးသူအကာ အကွယ်ပေးရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ မန္တလေး ဆိပ်ကမ်းနယ်မြေ Mobile Team အဖွဲ့မှ နိုဝင်ဘာလ ၃ ရက်နေ့တွင် မရမ်းခြံ ဆိပ်ကမ်းနယ်မြေတွင် စုပုံထားတဲ့ကျွန်း သစ်ခွဲသားများကို ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိတဲ့အတွက် မန္တလေးMobile Team အဖွဲ့မှ အကောက်ခွန် အမှုတွဲဖွင့်လှစ်ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ မန္တလေး ဂေါဝိန်ဆိပ် သစ်တော ဦးစီးဌာနသို့ အပ်နှံခဲ့တယ်လို့ သိရပါတယ်။ အလားတူ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် မန္တလေး Mobile Team အဖွဲ့စုံသည် ဂေါဝိန်ဆိပ်ခံ တံတားအတွင်း အခြေပြုစစ်ဆေးစဉ်  ဧရာဝတီ မြစ်လယ်မှ မသင်္ကာဖွယ် စက်လှေ တစ်စီးအား တွေ့ရှိသဖြင့် မန္တလေး ရွှေကြက်ယက်ဆိပ် ကမ်းသို့ ဆိုက်ကပ်စေပြီး အဖွဲ့စုံဖြင့် စစ်ဆေးရာ ကျွန်းသစ်လုံး၊ ပျဉ်းကတိုး ခွဲသားဆိုဒ်စုံကို စုစုပေါင်း တန်ချိန် ၅၂ ဒသမ၅၆အား ဖမ်းဆီးရမိသဖြင့် အကောက်ခွန် အမှုတွဲ ဖွင့်လှစ်ပြီး လုပ်ထုံး လုပ်နည်းနဲ့အညီ ပုသိမ်ကြီးမြို့နယ် သစ်တော ဦးစီးဌာနသို့ အပ်နှံပြီး သစ်တင်ဆောင် လာသည့် ရေယာဉ်ပါ ပစ္စည်းများ အား အကောက်ခွန် ဦးစီးဌာနသို့ အပ်နှံခဲ့တယ်လို့ သိရပါတယ်။ ထို့အတူ နိုဝင်ဘာလ၂၁ ရက်နေ့ တွင်လည်း မန္တလေးဆိပ်ခံ တံတားတွင် အခြေပြုပြီး Mobile Team လုပ်ငန်းများ ဆောင်ရွက်စဉ် ဧရာဝတီမြစ်လယ်မှ ဝါးဖောင် (၁) စီးမြောက် မှတောင်သို့ ဖြတ်သန်း သွားစဉ် လိုက်လံ စစ်ဆေးရာ မသင်္ကာဖွယ် သစ်များ သယ်ဆောင်လာသည်ဟု ယူဆရသဖြင့် ရွှေကြက်ယက် ဆိပ်ကမ်းသို့ ဆိုက် ကပ်ပြီး အဖွဲ့စုံဖြင့် စစ်ဆေးရာ ဝါးဖောင်များ အောက်တွင် သိုဝှက် သယ်ဆောင်လာတဲ့ ပျဉ်းကတိုးနဲ့ အင်ကြင်းတိုင်များကို စစ်ဆေးတွေ့ရှိသဖြင့် အကောက်ခွန်အမှုတွဲ ဖွင့်လှစ် ကာလုပ်ထုံးလုပ် နည်းနဲ့ အညီ မဟာအောင်မြေ သစ်သော ဦးစီးဌာနသို့ အပ်နှံဆောင်ရွက် ခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာလ တွင်းမန္တလေး ဆိပ်ကမ်း နယ်မြေ Mobile Team အဖွဲ့မှ ကျွန်းနှင့် သစ်မာ၊ သစ်လုံး၊ ခွဲသားဆိုဒ်စုံ (၂၈၁၆) ချောင်း၊ သစ်လုံး (၅၅) လုံးကို တန်ချိန်ပေါင်း  ၅၉ ဒသမ ၉၃ တန်အား ဖော်ထုတ်တားဆီး အရေးယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

          DCCA DCCA

အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားအဖြစ် သတ်မှတ်ကြောင်းကြေညာ

Mon, 12/08/2014 - 13:31 -- dccaadmin
Myanmar

 

သီလဝါဆိပ်ကမ်းဒေသ ၊ မြေကွက်အမှတ်-၁ ၊၂ (A) တွင် မြတ်မေတ္တာမွန်ဝန် ဆောင်မူှုကုမ္ပ ဏီလီမိတက်မှ တည်ဆောက်ပြီးစီးနေ ပြီဖြစ်သော စက်သုံးဆီတင်/ချဆိပ်ကမ်းတွင် စက်သုံးဆီတင် သင်္ဘော ဆိုက်ကပ်၍  ကုန်တင်ကုန်ချလုပ်ငန်း များ ဆောင်ရွက်နိုင်ရန်အတွက် အပြည်ပြည် ဆိုင်ရာ ဆိပ်ခံတံတားအဖြစ် သတ်မှတ်လိုက်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန၏ နိုဝင် ဘာလ ၂၈ ရက်နေ့က ထုတ်ပြန်သော အမိန့်ကြော်ငြာစာအရ သိရှိရပါသည်။

                                                                                                MIRT(DCCA)

လူသုံးကုန်၊ စားသောက်ကုန်၊ အလှကုန်နှင့်ဆိုင်ကယ်အပိုပစ္စည်းများ အကောက်ခွန်မဲ့ ဖမ်းဆီးရမိ

Mon, 12/08/2014 - 13:21 -- dccaadmin
Myanmar

 

နိုဝင်ဘာလ ၃၀ ရက်နေ့တွင် တာချီလိတ်၊ မိုင်းခုတ်၊ မိုင်းဖြတ်လမ်းတွင် တရားမဝင် ကုန်ပစ္စည်း များအား ညအချိန်တွင် ဖြတ်သန်း သယ်နေကြောင်း သတင်းရရှိသဖြင့် အဖွဲ့ခွဲ၍ စောင့်ကြည့်နေစဉ် ၀၀း၀၅ ချိန်တွင် ယာဉ်အမှတ် 5G/xxxx SKAT အမျိုးအစား အဖြူရောင် Tipper ယာဉ်တစ်စီးမောင်းနှင် သွားသဖြင့် Mobile Team  အဖွဲ့မှလိုက်လံ ဖမ်းဆီးခဲ့ရာ ဝှေ့ပါလန်းရွာနှင့် ကျောက်လိုဏ်ဂူခြား လမ်းပေါ်တွင် တရားမဝင် သယ်ဆောင် လာသော စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း (၆) မျိုး ခန့်မှန်း တန်ဖိုးကျပ် ၆ ဒသမ ၉၇၅ သန်းအား ဖမ်းဆီးရမိပြီး တာလေတိုးဂိတ် တွင်လည်း ၁၀း၀၀ ချိန်မှ ၁၆း၀၀ ချိန်အတွင်း Mobile Team အဖွဲ့က တာချီလိတ်မှ ကျိုင်းတုံသို့ ဖြတ်သန်း သွားသည့် မော်တော်ယာဉ် များကို စစ်ဆေးခဲ့ရာ လူသုံးကုန် ၊ စားသောက် ကုန်နှင့် ဆိုင်ကယ် အပိုပစ္စည်းများ ခန့်မှန်း တန်ဖိုးကျပ် ၃ ဒသမ ၇၄၉ သန်းကိုလည်း ဖမ်းဆီး ရမိခဲ့ပါတယ်။ အလားတူဝှေ့ရဲ စစ်ဆေးရေး ဂိတ်တွင်လည်း ၄ဂ /xxxx Tiger ယာဉ်နှင့် ၃ခ/xxxx 4 Wheel မော်တော်ယာဉ်များပေါ်မှ အကောက်ခွန်မဲ့ လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများနှင့်DVD အပိုပစ္စည်းများ စုစုပေါင်းပစ္စည်း (၄၀) မျိုးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါသိမ်းဆည်းရမိ အကောက်ခွန်မဲ့ပစ္စည်းများရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ်သန်းပေါင်း ၆ ဒသမ ၄၂၅ ဖြစ်ပြီး အကောက်ခွန် အမှုတွဲ ဖွင့်လှစ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

                                                                                      DCCA  DCCA

ရှောင်ကွင်းလမ်းတွင် စုပုံထားတဲ့ တရားမဝင်အကောက်ခွန်မဲ့ပစ္စည်းများကို ပိုင်ရှင်မဲ့တွေ့ရှိ

Mon, 12/08/2014 - 13:11 -- dccaadmin
Myanmar

 

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေး စခန်းထုတ်နုတ်အင်အား Mobile Team  အဖွဲ့သည် ဒီဇင်ဘာလ ၁ ရက်နေ့တွင် အေးရှားဝေါလ် တိုးဂိတ်အနီးရှောင်ကွင်း လမ်းမှာ တရားမဝင်စုပုံထားတဲ့ စောင်ထုပ် Digital Printer ink ၊ စတစ်ကာစက္ကူ၊ လက်အိတ်၊ ခြေအိတ်၊ အင်္ကျီ၊ မစီးဖိနပ်၊ ကလေးစီးဖိနပ်၊ အနွေးဖိနပ်၊ ဘေးလွယ်အိတ်၊ ကျောပိုးအိတ်၊ ဂျင်းဘောင်းဘီထုပ်၊ Led  မီးလုံး၊ မီးစလောင်း၊ လျှပ်စစ်ရေနွေးအိုးနဲ့ Electric Heater များကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ ခဲ့တယ်လို့ သိရပါတယ်။ အလားတူ ဒီဇင်ဘာလ ၂ ရက်နေ့တွင် လည်း အဆိုပါရှောင်ကွင်း လမ်းပေါ်တွင် နာရီထည့်ဘူးခွံနဲ့ ဒူးစွပ်တို့အား ပိုင်ရှင်မဲ့ထပ်မံ သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ပိုင်ရှင်မဲ့စုပုံထားတဲ့ တရားမဝင် အကောက်ခွန်မဲ့ပ စ္စည်းများအား မူဆယ် မြို့နယ် အကောက်ခွန် ဦးစီးဌာနသို့ လွှွဲပြောင်း အပ်နှံပြီး အကောက်ခွန်အမှုတွဲ ဖွင့်လှစ်ပြီးဖြစ်တယ်လို့ သိရပါတယ်။

                                                                                DCCA  DCCA

ဂျူတီယာဉ် (၂) စီးပေါ်မှID ထက် ပိုမိုတင်ဆောင်လာတဲ့ အကောက်ခွန်မဲ့ပစ္စည်းများ သိမ်းဆည်းရမိ

Mon, 12/08/2014 - 13:00 -- dccaadmin
Myanmar

 

မူဆယ် (၁၀၅) မိုင်စခန်း ထုတ်နုတ်အင်အား Mobile Team အဖွဲ့သည် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်စဉ် အေးရှားဝေါလ် တိုးဂိတ်အနီးတွင် ဂျူတီ၁၂ ဘီးယာဉ်အမှတ် (9C/xxxx)   ယာဉ်ပေါ်မှID   ထက်ပိုမိုတင် ဆောင်လာတဲ့ PLY Wood (Wood Board) ၄၅၀ ချပ်ကို သိမ်းဆည်းရမိသဖြင့် အကောက်ခွန် အမှုတွဲဖွင့်လှစ်ကာ လုပ်ထုံးလုပ်နည်းနဲ့အညီဆောင်ရွက်နိုင်ခဲ့ တယ်လို့ သိရပါတယ်။ အလားတူ ဒီဇင်ဘာလ ၂ ရက်နေ့ တွင်လည်း ဂျူတီ ၆ ဘီးယာဉ် အမှတ် (၈ဈ /xxxx)  ယာဉ်ပေါ်မှ ID ပါပစ္စည်း Warm Clothing (Child)  အစား Warm Clothing Upper Wear (Adult) ကိုတင်ဆောင် လာကြောင်း စစ်ဆေးတွေ့ရှိသဖြင့် မူဆယ်မြို့နယ် အကောက်ခွန် ဦးစီးဌာနသို့ အဖွဲ့စုံဖြင့် လွှဲပြောင်း အပ်နှံပြီး အကောက်ခွန် အမှုတွဲဖွင့်လှစ် သိမ်းဆည်း ခဲ့တယ်လို့ သိရပါတယ်။

DCCA  DCCA

Super Custom နဲ့ Canter ယာဉ်ပေါ်မှ ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ တမလန်းသစ်များ မူဆယ် Mobile Team မှ သိမ်းဆည်းရမိ

Mon, 12/08/2014 - 10:17 -- dccaadmin
Myanmar

 

ရှောင်ကွင်းလမ်းများတွင် တရားမဝင် ကုန်ပစ္စည်းများ သယ်ယူနေမှုနဲ့ ပတ်သက်ပြီး မြေပြင်သတင်းများအရ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန် Mobile Team ထုတ်နုတ်အင်အားအဖွဲ့သည် ဒီဇင်ဘာလ ၁ ရက်နေ့ ၁၃း၀၀ ချိန်တွင် ပွိုင့် (၄၅၆၁) တောင်ကြောဘက်မှ မူဆယ်စက်မှုဇုန် သို့ဝင်ရောက်သည့် လမ်းကြောင်းအတိုင်း မောင်းနှင် လာသည့် 8C/xxxx Super Custom ယာဉ်ပေါ်မှ ခန့်မှန်းတန်ဖိုး ကျပ်သိန်း (၁၂၀) ဖိုးခန့်ရှိ တမလန်းသစ်ဟုယူဆရတဲ့ သစ်တုံး(၂၃) တုံးကို သိမ်းဆည်း ရမိခဲ့တယ်လို့သ တင်းရရှိပါတယ်။ အလားတူ ဒီဇင်ဘာလ ၂ ရက်နေ့ ၁၅း၀၀ ချိန်တွင် မန္တလေး-မူဆယ် ပြည်ထောင် စုလမ်းမကြီးပေါ်ရှိ နမ့်ပေါ်တံတားအနီးတွင် 8D/xxxx Canter (၆) ဘီးယာဉ်ပေါ်မှ တမလန်းသစ်ဟု ယူဆရတဲ့ ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၁၈၀ ခန့်ရှိ သစ်တုံးအကြီး (၂၃) တုံးကိုလည်း သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ တမလန်းသစ်များ တင်ဆောင်လာတဲ့ ယာဉ်(၂) စီးနဲ့ သစ်များအား လုပ်ထုံးလုပ်နည်း နဲ့အညီ အကောက်ခွန် အမှုတွဲဖွင့်လှစ် ကာ ဆက်လက်ဆောင် ရွက်သွား မယ်လို့သိရပါတယ်။

                                                                                DCCA  DCCA

ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ရေဘဝဲ (Octopus) ၆ တန်ကျော်တင်ပို့နိုင်

Mon, 12/08/2014 - 09:55 -- dccaadmin
Myanmar

 

မြန်မာ-ထိုင်း နယ်စပ်ရှိ ကော့သောင်းနယ်စပ် ကုန်သွယ်ရေး စခန်းက နိုဝင်ဘာလရဲ့ နောက်ဆုံး ပတ်ဖြစ်သော ၂၂ ရက် မှ၂၈ ရက်တာကာလအတွင်း ကန်ဒေါ်လာ သုည ဒသမဝ၁၀သန်း တန်ဖိုးရှိ ရေဘဝဲ ၆တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် သီတင်းပတ်တွင် ရေဘဝဲတင်ပို့မှု မရှိတဲ့အတွက် ယခင် သီတင်းပတ်နဲ့နှိုင်းယှဉ်ပါက ၆ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ အတွင်းရေဘဝဲ ၁၆ တန်ကျော် တင်ပို့ခဲ့ပြီး ဧပြီလမှ နိုဝင်ဘာလအတွင်းမှာတော့ ကန်ဒေါ်လာသုည ဒသမ ၁၂၅ သန်းဖိုးရှိ ရေဘဝဲ ၅၄ တန်ကျော် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

                                                                                    ခင်မြနွယ် MIRT (DCCA)

တရုတ်နယ်စပ်မှ တင်ပို့တဲ့ပရဆေးကုန်ကြမ်း

Fri, 12/05/2014 - 14:17 -- dccaadmin
Myanmar

 

၂၀၁၄ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်မှာ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေးဇုန်မှ  ကန်ဒေါ်လာ ၁ ဒသမ ၆၇၉ သန်း တန်ဖိုးရှိတဲ့ ပရဆေးကုန်ကြမ်း အမယ် ၁၇ မျိုးတရုတ် နိုင်ငံကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေးကုန် ကြမ်းတွေကတော့ ချဉ်ပေါင်ဖာလာ (အခွံပါ/မပါ)၊ မိကျောင်းကွမ်းဖတ်စေ့၊ ကြောင်လျာစေ့၊ စကားပန်းပွင့်ခြောက်၊ ဝဥခြောက်၊ ဆီးသီးခြောက်၊ ဆီးဆံ၊ တောဂျင်း၊ တောဂျူးမြစ်၊ နနွင်းတက်၊ ရွေးရွက်၊ မျောက်ဥ၊ ဆေးမြင်းခွာ၊ ကွမ်းသီးအခွံ၊ ကွမ်းစားဂမုန်းနဲ့ သီဟိုစေ့ (အခွံမပါ) တို့ဖြစ်ပါတယ်။ နိုဝင်ဘာလ တစ်လလုံး မူဆယ်မှ ပရဆေးကုန်ကြမ်း ၃၂၅၃ တန် ကျော်ကို ကန်ဒေါ်လာ ၇ ဒသမ ၆၀၈ သန်းဖိုး၊ ချင်းရွှေဟော်မှ ကန်ဒေါ်လာ ၅၇၅၇ တန်ဖိုးရှိဒရင် ကောက်မြစ်တန် ၃၀ကိုတင်ပို့နိုင်ခဲ့ပါတယ် ။ မြန်မာနိုင်ငံက ထွက်တဲ့ ပရဆေးကုန်ကြမ်းတွေ ကိုတရုတ် နိုင်ငံမှာ တရုတ် တိုင်းရင်းဆေးဝါးများ ဖော်စပ်ရာမှာ လည်းကောင်း၊ ဟင်းခတ် အမွှေးအကြိုင်များပြု လုပ်ရာမှာလည်းကောင်း လိုသလိုအသုံးပြုကြတယ်လို့ သိရပါတယ်။

                                                                            မော်မော်အောင် MIRT (DCCA)

မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ မကွေးမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် စားသုံး သူအကာအကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

Fri, 12/05/2014 - 14:12 -- dccaadmin
Myanmar

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ဝန်ထမ်းများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ကျောင်းများ၊ ဈေးများတွင် အပတ်စဉ်စားသုံးသူ အကာအကွယ်ပေးရေး ဆိုင်ရာ အသိပညာပေးဟောပြော ပွဲများ ကျင်းပလျက်ရှိရာ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့နံနက် ဝ၉ း ၃၀တွင် မကွေးမြို့ မြို့ဦးရပ်အမှတ် (၂) အထက်တန်းကျောင်းရှိ ကံကော်ခန်းမတွင် စားသုံးသူအကာအ ကွယ်ပေးရေး ဆိုင်ရာ ပညာ ပေးဟောပြောပွဲ ကျင်းပခဲ့သည်ဟု သတင်း ရရှိပါသည်။

အဆိုပါဟောပြောပွဲသို့ လက်ထောက်ကျောင်းအုပ်ကြီးနှင့် တကွ ဆရာ/ဆရာမ စုစုပေါင်း (၃၅) ဦး၊ ကျောင်းသား/ကျောင်းသူ (၅၀၂) ဦး၊ ကျောင်းမုန့်ဈေးတန်းမှ ဈေးသည် (၅) ဦး၊ စားသုံးသူ အကာအကွယ် ပေးရေးဌာနမှ ဝန်ထမ်း (၅) ဦးတက်ေ ရာက်ခဲ့ကြပြီး စားသုံး သူအကာ အကွယ်ပေးရေးဆိုင်ရာ အသိပညာပေး စာစောင်များ၊ ပိုစတာများ ဖြန့်ဝေပေးခဲ့ပါသည်။

အဆိုပါ စားသုံးသူ အကာအကွယ်ပေးရေး ဆိုင်ရာ ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ဦးစီးမှူး ဦးဝမ်းမောင်မှ အဖွင့်အမှာ စကားပြောကြားပြီး မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဌာနမှ တာဝန်ရှိသူ များကစား သုံးသူအကာ အကွယ်ပေးရေး ဆိုင်ရာ ဥပဒေများ၊ စီးပွားရေး လုပ်ငန်းရှင် များ၏ အခွင့်အရေးနှင့် တာဝန်များ၊ တားမြစ်ချက်များ အကြောင်း၊ အစားအသောက် များတွင် သုံးစွဲလျက်ရှိသော ဓါတုဆိုးဆေးများ အကြောင်း၊  ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ ကောင်းကျိုးနှင့် အဆိုး အပြစ် များအကြောင်း ဆွေးနွေးတင်ပြပြီး နိဂုံးချုပ်အနေဖြင့် တိုင်းဒေသကြီး ဦးစီးမှူးမှ မိမိဌာန၏ လုပ်ဆောင်လျက်ရှိသော လုပ်ငန်းဆောင်ရွက်နေသည့် အခြေအနေများ၊ စားသုံးသူအကာအကွယ် ပေးရေးဆိုင်ရာလုပ်ငန်းများ အကြောင်း၊  စားသုံး သူများ တစ်စုံ တစ်ခုသော အကြောင်း အရာကြောင့် နစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ် လာပါက တင်ပြတောင်းဆိုနိုင်ရန် အတွက်  မကွေးတိုင်းဒေသကြီးတွင် စားသုံးသူ အငြင်းပွားမှု ဖြေရှင်း ရေးအဖွဲ့ ဖွဲ့စည်းထားရှိမှု အခြေအနေ ၊၎င်းအဖွဲ့အောက် တွင် တိုင်ကြားမှု လက်ခံရေးကော်မတီနှင့် ထုတ်ကုန်လုံခြုံစိတ်ချ ရမှုဆိုင်ရာလုပ်ငန်းကော် မတီအား ဖွဲ့စည်းလျက် ရှိကြောင်း၊ ဌာနဆိုင်ရာ များမှ လည်း စားသုံးသူ အကာအကွယ်ပေးရေး အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်း ပူးပေါင်းေ ဆာင်ရွက်လျက် ရှိသည့် အခြေအနေများ၊ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေတွင် ပါဝင်သည့် ရည်ရွယ်ချက်နှင့် စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ အကြောင်းကို နိဂုံးချုပ်ဟောပြော ခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီး ဦးစီးမှူးနှင့် ကျောင်းအုပ် ဆရာမကြီးတို့ ဦးဆောင်၍ မုန့်ရောင်းချ လျက်ရှိသော  ကျောင်းမုန့်ဈေးဆိုင်များသို့ သွားရောက်ကာ မုန့်ရောင်းချမှု အခြေအနေများနှင့် သန့်ရှင်း လတ်ဆက်ပြီး ဘေးဥပဒ်မဖြစ်သော အစားအစာ များကိုသာ ရောင်းချကြရန် ညွှန်ကြားခဲ့ပြီး ၎င်းကျောင်းတွင် ကျောင်းကျန်းမာရေး စစ်ဆေး လျက်ရှိသော ကျောင်းကျန်းမာရေး အဖွဲ့များကို ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာန၏ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ အကြောင်းနှင့် စားသုံးသူ အကာ အကွယ်ပေးရေး ဆိုင်ရာ ဥပဒေအကြောင်းကို ဆွေးနွေးကာ လက်ကမ်းစာစောင်များ၊ စားသုံးသူရေးရာ စာအုပ်များပေး ဝေခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန အနေဖြင့်၂၀၁၄ ခုနှစ် နိုဝင်ဘာလ၂၆ ရက်နေ့တွင် နတ်မောက်မြို့နယ်တွင် လူအင်အား (၁၅၀) ဦးနှင့် မြို့သစ်မြို့နယ်တွင် (၂၄၂) ဦး၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင်ပွင့်ဖြူ မြို့နယ်၊ လယ်ကိုင်း ကျေးရွာအုပ်စု မူလတန်း ကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသူ/ကျောင်းသား (၁၃၄) ဦးအားလည်းကောင်း၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် မင်းဘူးမြို့နယ်၊ စကုမြို့တွင်  အခြေခံ မူလတန်းကျောင်း၌ လူအင်အား (၁၄၀) ဦးအား လည်းကောင်း၊ စားသုံးသူ အကာအကွယ်ပေးရေး ဆိုင်ရာ လက်ကမ်း စာစောင်များ၊ ပိုစတာ များဖြန့်ဝေပေး ခြင်းနှင့် ဆွေးနွေးဟောပြောပွဲများ ကျင်းပခဲ့ကြောင်း သတင်းရရှိပါ သည်။       

                                                                                                                                                         

                                                            (WM) စားသုံးသူရေးရာဌာန

                                                                             မကွေး

Pages

Subscribe to RSS - Department of Trade