Department of Trade

နယ်စပ်ကုန်သွယ်ရေးစခန်းအလိုက် ဓါတ်မြေဩဇာ တင်သွင်းမှုအခြေအနေ

Wed, 12/24/2014 - 10:25 -- dccaadmin
Myanmar

 

စဉ်      စခန်းအမည်         ယခုသီတင်းပတ်       ယခင်သီတင်းပတ်            နှိုင်းယှဉ်ချက်

                                  တင်သွင်းမှုတန်ချိန်    တင်သွင်းမှုတန်ချိန်           (ပို/လို)

                                  ၁၃/၁၂ မှ ၁၉/၁၂     ၆/၁၂ မှ ၁၂/၁၂              +/- 

 

၁။       မူဆယ်               ၁၆၇၀၅.ဝဝ             ၁၀၇၈၃.၅၀                    (+)     ၅၉၂၁.၅၀

၂။       လွယ်ဂျယ်           -                          -                                                  -

၃။       ချင်းရွှေဟော်        ၁၇.ဝဝ                   ၁၇၄.ဝဝ                        (-)      ၁၅၇.ဝဝ

၄။       တာချီလိတ်          -                          -                                                 -

၅။       မြဝတီ                ၁၇၆.၇၇                 ၅၆.၂၀                          (+)     ၁၂၀.၅၇

၆။       ကော့သောင်း       ၆၁၀၇.၅၀               -                                  (+)     ၆၁၀၇.၅၀

၇။       မြိတ်                  -                          -                                                     -

၈။       ရိဒ်                    -                          -                                                     -

          စုစုပေါင်း          ၂၃၀ဝ၆.၂၇         ၁၁၀၁၃.၇၀               (+)    ၁၁၉၉၂.၅၇

 

                                                           တင်တင်ထွန်း MIRT (DCCA)

နယ်စပ်ကုန်သွယ်ရေးစခန်းအလိုက်ဘိလပ်မြေတင်သွင်းမှုအခြေအနေ

Wed, 12/24/2014 - 10:17 -- dccaadmin
Myanmar

 

 

စဉ်          စခန်းအမည်         ယခုသီတင်းပတ်        ယခင်သီတင်းပတ်         နှိုင်းယှဉ်ချက်

                                      တင်သွင်းမှုတန်ချိန်     တင်သွင်းမှုတန်ချိန်        ်(ပို/လို)

                                      ၁၃/၁၂ မှ ၁၉/၁၂      ၆/၁၂ မှ ၁၂/၁၂           +/- 

 

၁။           မူဆယ်               ၁၀ဝ၉.၅၀                ၂၀၂၈.၂၅                  (-)    ၁၀၁၈.၇၅

၂။           လွယ်ဂျယ်           ၅၅၀.ဝဝ                  ၃၅၂.ဝဝ                    (+)  ၁၉၈.ဝဝ

၃။           ချင်းရွှေဟော်        -                            ၃၀ဝ.ဝဝ                    (-)    ၃၀ဝ.ဝဝ

၄။           ကန်ပိုက်တီး         ၃၆၁၆.ဝဝ                ၃၀၁၂.၃၅                  (+)  ၆၀၃.၆၅

၅။           တာချီလိတ်          ၉၀၅၀.ဝဝ                ၃၀ဝဝ.ဝဝ                  (+)  ၆၀၅၀.ဝဝ

၆။           မြဝတီ                ၁၄၀၅.၄၀                ၉၉၀.၄၀                    (+)  ၄၁၅.ဝဝ

၇။           ကော့သောင်း       ၈၂၇၂.၃၄                ၁၂၄၁၀.ဝဝ                (-)    ၄၁၃၇.၆၆

၈။           မြိတ်                  ၁၀ဝဝ.ဝဝ                ၁၀ဝ.ဝဝ                    (+)  ၉၀ဝ.ဝဝ

              စုစုပေါင်း          ၂၄၉၀၃.၂၄          ၂၂၁၉၃.ဝဝ            (+)  ၂၇၁၀.၂၄

                                                           မြင့်မြင့်မာ MIRT (DCCA)

စင်ကာပူနိုင်ငံ၏ စားသုံးသူအကာအကွယ်ပေးရေးဥပဒေအကြောင်းသိကောင်းစရာ

Wed, 12/24/2014 - 10:02 -- dccaadmin
Myanmar

 

စင်ကာပူနိုင်ငံတွင် လတ်တလော ကာလက Sim Lim Square ၌ ဖြစ်ပွားခဲ့သောတရားမျှတမှု မရှိသည့် ကုန်သွယ်မှု အလေ့အထ ဆိုင်ရာအမှု ကိစ္စများမှာ စင်ကာပူနိုင်ငံ၏ စားသုံးသူ အကာအကွယ် ပေးရေးဥပဒေ၏ အရေးပါပုံအား ပိုမို သိသာ ထင်ရှားစေ ခဲ့ပါသည်။ စင်ကာပူနိုင်ငံတွင် စင်ကာပူစားသုံး သူကာကွယ်ရေး အဖွဲ့အစည်းသည် စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများကို အဓိကဆောင်ရွက် ပေးလျက်ရှိပြီး Sim Lim Square မှမိုဘိုင်းဖုန်း ဆိုင်တစ်ခုမှာမ သင့်လျော်သော စီးပွားရေး လုပ်ငန်း အလေ့ အထများကို လုပ်ဆောင်ခဲ့သဖြင့် သက်ဆိုင်ရာစားသုံးသူအား  ပြန်လည်ပေးလျော်စေ ခဲ့ပါသည်။ စင်ကာပူ တရားရုံးချုပ် သည်လည်း Sim Lim Square မှမိုဘိုင်းဖုန်း ဆိုင်တစ်ခုအား ဆိုင်ရှိအလုပ် သမားများ နှင့်အရောင်း ကိုယ်စားလှယ် များအား တရားမျှတ မှုမရှိသော အလေ့အထများ ဆောင်ရွက်ခြင်း မပြုရန်တားမြစ်ခဲ့ ပြီးဆိုင်ကိုလည်း ထာဝရတားမြစ်မိန့် ထုတ်ပြန်ခဲ့ပါသည်။

စင်ကာပူနိုင်ငံ၏ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေအရ စားသုံးသူများ အနေဖြင့် တရားမျှတမှု မရှိသော ကုန်သွယ်မှု အလေ့အထများမှ ကုစားမှုရရှိနိုင်ပါသည်။ တရားမျှတမှုမရှိသော ကုန်သွယ်မှု အလေ့အထ ဆိုရာတွင် စားသုံးသူများ အား လိမ်လည်မှု သို့မဟုတ် သွေးဆောင်ဖြား ယောင်းမှုဖြစ်စေသည့် တစ်စုံတစ်ရာကို ပြုလုပ်ခြင်း သို့မဟုတ် ပြောဆိုခြင်း သို့မဟုတ် ထိုသို့ပြုလုပ်ပြောဆိုရန် ရည်ရွယ်၍ ထိမ်ချန်ဆောင်ရွက်ခြင်း၊ မှားယွင်းစွာ အဆိုပြုခြင်း၊ စားသုံးသူ တစ်ဦးသည် ၎င်း၏ ကိုယ်ပိုင် အကျိုးစီးပွား ကာကွယ်နိုင်သည့် အနေအထားတွင် မရှိခြင်း၊ သို့မဟုတ် လုပ်ငန်းနှင့်ပတ်သက်သည့် ဝိသေသ လက္ခဏာ၊ သဘာဝ၊ ဘာသာစကား သို့မဟုတ် အကျိုးအာနိသင် သို့မဟုတ် လုပ်ငန်းနှင့် ဆက်စပ်နေသည့် အချက် အလက်များကို ကျိုးကြောင်းဆီလျော်စွာ နားလည်နိုင်မှု မရှိခြင်းတို့ကို ကုန်သွယ်ရောင်းဝယ်သူ တစ်ဦးမှ သိရှိသော်လည်း စားသုံးသူအား အခွင့်အရေးယူဆောင်ရွက်ခြင်း စသည်တို့ကိုခေါ် ဆိုပါသည်။

ကုန်သွယ်ရောင်းဝယ်သူ တစ်ဦးသည် စားသုံးသူများ ထင်ယောင်ထင်မှား မဖြစ်ပေါ်စေရန် စားသုံးသူများအား သင့်လျော်သည့် သတင်းအချက် အလက်များကို ပေးအပ်ရန်လိုအပ်ပြီး သို့မှသာ စားသုံးသူများမှ လည်းမှန်ကန်သော ဆုံးဖြတ်ချက်ကို ချမှတ်နိုင် မည်ဖြစ်ပါသည်။ စားသုံးသူများသည် တရားမျှတမှုမရှိ သောစီးပွားရေးလုပ်ငန်း အလေ့အထများကို ရင်ဆိုင်တွေ့ကြုံရပါက ပထမဦးစွာ သက်ဆိုင်ရာစီးပွား ရေးလုပ်ငန်းရှင်နှင့် အငြင်းပွားမှုကို ဖြေရှင်းနိုင်ရန်ကြိုးပမ်းရ မည်ဖြစ်ပါသည်။ ထိုသို့ ကြိုးပမ်းရာတွင် အောင်မြင်ခြင်း မရှိပါက စားသုံးသူများ အနေဖြင့် စင်ကာပူ စားသုံးသူကာကွယ်ရေး အဖွဲ့အစည်း၏ အကူအညီဖြင့် အငြင်းပွားမှုကို ဖြေရှင်းနိုင်ပါသည်။ နိုင်ငံခြား ခရီးသွားဧည့်သည်များ အနေဖြင့် စင်ကာပူ နိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ထံသို့ဖိုင်ပြုလုပ် တိုင်တန်းနိုင်ပါသည်။ စင်ကာပူ စားသုံးသူကာကွယ် ရေးအ ဖွဲ့အစည်းမှ အငြင်းပွားမှုအား ဖြေရှင်းနိုင်မှု မရှိပါက စားသုံးသူသည် တရားရုံးထံတွင် အရေးဆိုမှုကို ဖိုင်ပြုလုပ်နိုင်ပြီး တရားမ ပိုင်းဆိုင်ရာ ကုစားမှုများကို ရရှိနိုင် ပါသည်။ စင်ကာပူနိုင်ငံတွင် အရေးဆိုမှု အများစုသည် အသေးစားအရေး ဆိုသည့်ခုံရုံးများတွင် ပြုလုပ်ဆောင်ရွက်လေ့ ရှိကြပါသည်။

                                                               

မျိုးမျိုးထိုက်၊ စားသုံးသူရေးရာဌာနခွဲ

ပြောင်းတင်ပို့မှု လျော့ကျသွား

Wed, 12/24/2014 - 09:50 -- dccaadmin
Myanmar

 

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်မှ ၁၉ ရက်တာကာလအတွင်း ကန်ဒေါ်လာ၁၀ ဒသမ ၇၁၁သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၃၈၂၃၁ တန်ကျော်ကို မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော် နဲ့ ကန်ပိုက်တီးစခန်းစုံမှ တင်ပို့ခဲ့ပါ တယ်။ စခန်းအလိုက် တင်ပို့တဲ့ ပြောင်းဖူး စေ့တန်ချိန် များမှာမူဆယ်မှ ၃၄၉၆၇ တန်ကျော်၊ ချင်းရွှေဟော်မှ ၂၆၇၆ တန်၊ လွယ်ဂျယ်မှ တန် ၅၀ဝနဲ့ ကန်ပိုက်တီးမှ၈၈တန် ဖြစ်ပါတယ်။ ယခင် သီတင်းပတ်က စခန်း ၄ခုပေါင်းမှ ပြောင်းဖူးစေ့ ၅၀၄၃၇ တန်တင်ပို့နိုင ခဲ့လို့ ယခုသီတင်းပတ်မှာ ၁၂၂၀၅ တန်လျော့ နည်းသွားခဲ့ပါတယ်။ မူဆယ် ကုန်စည်ဒိုင်မှာတော့ ယခင်သီတင်းပတ်က ပြောင်းဖူးစေ့ တစ်တန်ကို ၂၉၀ဝ၃၄ ကျပ်ရှိရာမှ ယခုသီတင်းပတ်တွင် ၂၈၆၂၀၄ ကျပ် သို့ ဈေးအနည်းငယ်ကျ ဆင်းသွားခဲ့တာတွေ့ရပါတယ်။ ယခင်တစ်ပတ်က ပြောင်းဝင်များခဲ့ပြီး ဈေးကွက်မှာ ဝယ်လိုအားထက်စာရင် ရောင်းလိုအားကများလို့ ဈေးကွက် သဘောသဘာဝအရ ဈေးအေး သွားတာ ဖြစ်တယ်လို့ မူဆယ် ကုန်စည်ဒိုင်က သတင်းရရှိပါတယ်။

                                                                                

 မော်မော်အောင် MIRT DCCA

နယ်စပ်စုံက ပို့တဲ့နှမ်း

Wed, 12/24/2014 - 09:45 -- dccaadmin
Myanmar

 

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်စခန်းမှ ဒီဇင်ဘာလ ၁၃ ရက်မှ ၁၉ ရက်အတွင်း ကန်ဒေါ်လာ၂ ဒသမ ၇၂၀သန်း တန်ဖိုးရှိ နှမ်းရောင်စုံ ၁၃၆၆ တန်ကျော်နဲ့ မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေး ဇုန်ကနေ ကန်ဒေါ်လာ သုညဒသမဝ၇၉သန်း တန်ဖိုးရှိ နှမ်းနက်တန် ၄၀ ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက် သတ္တပတ်က မူဆယ်နဲ့ ချင်းရွှေ ဟော်စခန်းများမှ နှမ်းရောင်စုံ ၁၃၁၉ တန်ကျော်သာ တင်ပို့ခဲ့တာမို့ ယခုရက်သတ္တ ပတ်မှာ တရုတ်နယ် စပ်က နှမ်းတင်ပို့မှု ၄၆ တန်ခွဲ ပိုမိုလာပါတယ်။မူဆယ် ကုန်စည်ဒိုင်မှာတော့ ယခင်ရက်သတ္တပတ်က နှမ်းဖြူတစ်တန်ကို မိမိဘက်ပေါက်ဈေး ၂၂၆၆၅၈၃ ကျပ် မှ ယခု ၂၂၆၂၇၉၃ ကျပ်သို့ ဈေးအနည်း ငယ်ကျဆင်း ခဲ့ပြီး နှမ်း နက်တစ်တန် ၂၃၁၆၈၃၄ ကျပ်မှ ၂၃၄၆၄၀၅ ကျပ်သို့ ဈေးပြန် လည်မြင့်တက် လာတာ တွေ့ရပါတယ်။ မန္တလေး - မူဆယ် ကုန်စည်သယ်ယုူခမှာ ယခင် ရက်သတ္တပတ်က နှမ်းတစ်ပိ ဿာကို (၈၉-၈၇) ကျပ်ရှိပြီး ယခုရက်သတ္တပတ်မှာ (၉၀-၈၈) ကျပ် သို့ သယ်ပို့ကားခလည်း မြင့်တက် သွားကြောင်း သိရပါတယ်။ ယခုတစ်ပတ်ရဲ့ စခန်းအလိုက်တင်ပို့ခဲ့တဲ့ နှမ်းရောင်စုံတွေကို ဖော်ပြပေး လိုက်ပါတယ်-

                                                                                                တန်ချိန်-ကိန်းပြည့်

          နှမ်းအမျိုးအစား            မူဆယ်                  ချင်းရွှေဟော်              မြဝတီ

          နှမ်းဖြူ                       ၅၁.၅၀                 ၂၂၀                        -

          နှမ်းနက်                     ၃၀.၈၅                 ၁၀၃၀                      ၄၀.၅၁၂

          နှမ်းညို                       -                         -                             -      

          နှမ်းဖြူ(အခွံချွတ်)          ၃၄.၅၀                 -                             -

                                                                                   

  မော်မော်အောင်  MIRT DCCA

ချန်ဒယ်ခရိုင်အဆင့်အရာရှိများ ဒေသဖွံ့ဖြိုးရေးအစည်းအဝေးပြုလုပ်

Tue, 12/23/2014 - 13:50 -- dccaadmin
Myanmar

 

ချန်ဒယ်ခရိုင်၊ မိုရေးမြို့ရှိ ကုန်သွယ်ရေးရုံး အစည်းအဝေးခန်းမမှာ ဒီဇင်ဘာလ၁၇ ရက် ၁၁ း၂၀ ချိန်ကချန်ဒယ်ခရိုင်၊ ခရိုင်အဆင့်အရာရှိများ ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး အစည်းအဝေးပြုလုပ်ခဲ့ကြတယ်လို့ The Sangai Express သတင်းစာ မှာ ဖော်ပြထားပါတယ်။ ချန်ဒယ်ခရိုင်အုပ်ချုပ်ရေးမှူး Mr.Joffri ၊ ချန်ဒယ်ခရိုင် ရဲမှူးကြီး F.Priyokumar Singh နဲ့ ခရိုင်တွင်း ရှိတာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

နေထက်မင်း၊ တမူး

ရေယာဉ်ပေါ်မှ တရားမဝင်တင်ဆောင်လာတဲ့ စားသောက်ကုန်နဲ့ကြိမ်များကို ဝါးတန်း ဆိပ်ကမ်းတွင် သိမ်းဆည်းရမိ

Mon, 12/22/2014 - 15:35 -- dccaadmin
Myanmar

 

ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းပြည်ပ ဆိပ်ကမ်း ၁၂ ခုတွင်တစ်ခု အပါအဝင်ဖြစ်တဲ့ ပြည်တွင်း ကမ်းရိုးတန်းသွား ဝါးတန်း ဆိပ်ကမ်းတောကလူးအနီး ပင်လယ်ပြင်တွင် တာဝန် ထမ်းဆောင်နေတဲ့ ရေ ကြောင်း OSS အဖွဲ့ဝင် တာဝန်ရှိသူတစ် ဦး က မြိတ်မှရန်ကုန်သို့ ထွက်ခွာလာတဲ့ ရန်မျိုးအောင်ရေယာဉ် ပေါ်တွင် စားသောက်ကုန် များနဲ့အတူ အထောက်အထားမဲ့ ကြိမ်များတင်ဆောင် လာကြောင်း သက်ဆိုင်ရာ သစ်တော ဦးစီးဌာနဲ့ Mobile Teamအဖွဲ့ထံသို့ ဆက်သွယ် သတင်းပေး ပို့မှုအရ ဒီဇင်ဘာလ၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ် ဝါးတန်း အမှတ်(၄) ဆိပ်ကမ်းတွင် တိုင်းဒေသကြီး သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်အဆင့် သစ်တောမှ တာဝန်ရှိသူများ၊ အမှတ် (၄)ဝါးတန်းဆိပ်ကမ်း Mobile Team မှ တာဝန်ရှိသူများ၊ ဆိပ်ကမ်းမြို့နယ် မော်တင်ရပ်ကွက် အုပ်ချုပ်ရေး မှူးတို့ ပူပေါင်းလျက် ရန်မျိုးအောင်ရေ ယာဉ်ပေါ်သို့ တက်ရောက် စစ်ဆေးရာ ရေယာဉ်ပေါ်တွင်အ ထောက်အထားမဲ့ တင်ဆောင်လာတဲ့  ကြိမ်ကြီး ၄၉၈၀လုံးနဲ့ ကြိမ်သေး ၁၆၄၅၀ လုံး ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄ သိန်းဖိုးအား စစ်ဆေးတွေ့ရှိခဲ့ပါ တယ်။ အဆိုပါ စစ်ဆေးတွေ့ရှိကြိမ်များနဲ့ သယ်ဆောင် လာတဲ့ပစ္စည်းပိုင်ရှင်တို့အား ရေယာဉ်နဲ့အတူ သစ်တောဥပဒေအရ  အမှုဖွင့်အရေးယူ ထားတယ်လို့ သိရပါတယ်။

                                                                                      

DCCA  DCCA

တစ်လကျော်ကာလအတွင်း တရားမဝင်ကုန်ပစ္စည်းများနဲ့ကန့်သတ်ကုန်စည်များ ကျပ်သန်း ၁၃၀ ကျော်ဖိုး မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ ဆိပ်ကမ်းများက သိမ်းဆည်းရမိ

Mon, 12/22/2014 - 15:30 -- dccaadmin
Myanmar

 

တရားမဝင် တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့ တာဝန်ပေးအပ် ချက်အရ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်း၊ ရွှေကြက်ယက် ဆိပ်ကမ်း၊ မင်းကွန်း မရမ်းခြံ ဆိပ်ကမ်းနဲ့ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ တွင် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး စားသုံးသူ အကာအကွယ် ပေးရေးနှင့် တရားမဝင် ကုန်သွယ်မှု တားဆီးရေးလုပ်ငန်းကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။ စတင်ဆောင် ရွက်သည့် နိုဝင်ဘာ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၁ ရက်နေ့ထိ ကန့်သတ် ကုန်နဲ့  တရားမဝင် ကုန်စည်များကို အမှုတွဲ ၈ခု၊ ခန့်မှန်းတန်ဖိုး ကျပ်သန်း ၁၃၀ ဒသမ ၀၈၉ ဖိုးသိမ်းဆည်း ရမိထားပြီး ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

မန္တလေး အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ကျောက်စိမ်းဟု ယူဆရသော ကျောက်များကို Hand Carr သယ်ဆောင်လာသူရဲ့ သတင်းပို့ချက်အရ စာရွက်စာတန်း အထောက်အထား တင်ပြနိုင်ခြင်း မရှိ၍ သိမ်းဆည်းခဲ့ ရတာဖြစ်ပါတယ်။ မန္တလေး ဆိပ်ကမ်းမှာ ဖမ်းဆီး ရမိမှုများ ကတော့ သစ်ခွဲသားအရွယ်စုံ၊ သစ်လုံး၊ သစ်ခွဲသားများမှာ အင်၊ ပျဉ်းကတိုး တို့ဖြစ်ကြပြီး စုစုပေါင်း ကျွန်းနဲ့ သစ်မာသစ်လုံး၊ ခွဲသားဆိုဒ်စုံ  ၂၈၁၆ ချောင်း၊  သစ်လုံး ၅၅ လုံး၊ တန်ချိန်  ၆၀ နီးပါးကို ဖော်ထုတ်တား ဆီးနိုင်ခဲ့ပြီး သစ်နဲ့သစ်တင် ယာဉ်များကို သစ်တောဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာနများသို့ လုပ်ထုံး လုပ်နည်းနဲ့ ဥပဒေကြောင်း အရ အရေးယူဆောင် ရွက်နိုင်ရန် လွှဲပြောင်းထားပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။

                                                                                      

DCCA  DCCA

ခန့်မှန်းတန်ဖိုးကျပ် ၁၀ သိန်းတန်ဖိုးရှိ တရားမဝင်သယ်ဆောင်လာသော စားသောက်ကုန်များရှာဖွေ တွေ့ရှိ

Mon, 12/22/2014 - 15:25 -- dccaadmin
Myanmar

 

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် တစ်ဝိုက်ရှောင်ကွင်း လမ်းများမှ ကုန်ပစ္စည်းများ တရားမဝင် သယ်ယူမှု များအား မြေပြင်သတင်းရယူ၍ ဒုတိယညွှန်ကြားရေးမှူး ဦးစီး Mobile Team အဖွဲ့ကတားဆီး မှုများပြုလုပ် လျက်ရှိပါတယ်။ ဒီဇင်ဘာလ ၆ ရက် ၀၁ း ၀၀ ချိန်မှာ နမ့်တောင်း-ခိုခေးရှောင်ကွင်းလမ်း ကြောင်းအတိုင်း မောင်းနှင်လာသော ၄ လုံးထိုးDong Fangယာဉ် (၂)စီးအား မူဆယ်-လားရှိုး ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ထွက်ပေါက်အနီး တားဆီး စစ်ဆေးခဲ့ရာမှာ တစ်ဖက်နိုင်ငံ ထုတ်FDA ထောက်ခံချက်မပါဘဲ တင်သွင်း လာတဲ့ စားသောက်ကုန် ရေသန့်၊ အချိုရည် ှSprite ၊ Lebo ၊Super Vitamin၊ Cocacola၊  Milk Tea Drink  ခေါက်ဆွဲဘူး၊ လူသုံးကုန် ဆပ်ပြာမှုန့်၊ တစ်သျှူး၊ လုပ်ငန်းသုံး ဘိလပ်မြေ၊ ဝက်စာများ ခန့်မှန်း တန်ဖိုးကျပ် ၁၀ သိန်းဝန်းကျင်အား စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

အဆိုပါ စားသောက်ကုန်များရဲ့ အောက်မှာ သိုဝှက်သယ်ဆောင်လာတဲ့ စိတ်/ကဆေးပြားထုတ်ရာမှာ အသုံးပြုတယ်လို့ ယူဆရတဲ့ ဓါတုဆေးရည်များကိုလည်း ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် စားသောက်ကုန်နဲ့ ဓါတု ဆေးရည်များ သယ်ဆောင်လာတဲ့ ယာဉ်  ၂ စီးကိုလည်း အကောက်ခွန် အမှုတွဲဖွင့် အရေးယူ ထားပြီးဖြစ်တယ်လို့  သတင်းရရှိပါတယ်။

                                                                                                

DCCA  DCCA

စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းများအောက် သိုဝှက်သယ်ဆောင်လာသော ဓါတုဆေးရည်များ အား Mobile Team မှ သိမ်းဆည်း

Mon, 12/22/2014 - 15:21 -- dccaadmin
Myanmar

 

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၆ ရက် နံနက်  ၀၁ း၀၀  ချိန်မှာ မူဆယ် ၁၀၅ မိုင်ထုတ်နုတ်အင်အား Mobile Team အဖွဲ့သည် သတင်းအရ  နမ့်တောင်း-ခိုခေးရှောင်ကွင်း လမ်းကြောင်းအတိုင်း မောင်းနှင်လာ သောDong Fang အမျိုးအစား ၄ လုံးထိုး ယာဉ်၂ စီးအား မူဆယ်-လားရှိုးပြည်ထောင်စု လမ်းမကြီးအနီး တားဆီး စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။ ထိုယာဉ်များပေါ်မှာ FDA ထောက်ခံချက် မပါသော တရားမဝင် တင်သွင်းလာတဲ့ စားသောက်ကုန်နဲ့ အခြားလူသုံးကုန် ပစ္စည်းအောက် မှာ သိုဝှက်သယ်ဆောင် လာတဲ့ ဓါတုဗေဒဆေးရည်များ ထည့်ထားတဲ့ ပလတ်စတစ်ပုံးပေါင်း၂၄၀ ၊ စုစုပေါင်းအလေးချိန်  ၅၇၆၀  ကီလိုဂရမ်အားတွေ့ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

သိမ်းဆည်းရမိ ဓါတုဆေးရည် များအား မူဆယ်မြို့ မူးယစ်အထူး တပ်ဖွဲ့သို့ ပေးပို့စစ်ဆေးခဲ့ရာ မူးယစ် ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ တားမြစ်ဓါတုဆေးရည် (Phenyl  ProPanone ) များဖြစ်တယ်လို့ သိရပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန် အမှုတွဲ ဖွင့်လှစ်အပ်နှံ ထားပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။

တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ ကွပ်ကဲမှုအောက် Mobile Teamအဖွဲ့များ ဟာ စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးဆောင်ရွက်နေတဲ့ အပြင် မူးယစ်ဆေးဝါး တားဆီး ထိန်းချုပ်ရေးလည်း ဆောင်ရွက်နေရာ၂၀၁၄ ခုနှစ်အတွင်း မူးယစ် ဆေးဝါးချက် လုပ်ရာမှာ  အသုံးပြုတဲ့ (Ethy Alcohol ) အရက်ပျံ ၂၀ လီတာပုံး ၂၂၃ ပုံး ၄၇၁၅ ကီလို ဂရမ်နဲ့ ယခုဖြစ်စဉ် အပါအဝင် ဓါတုဆေးရည် စုစုပေါင်း၁၀၄၇၅ ကီလို ဂရမ်ကို မူဆယ်  ၁၀၅ မိုင်ကုန် သွယ်ရေးဇုန်ထုတ်နုတ် Mobile Team အဖွဲ့မှ တားဆီးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ဓါတုဆေးရည်များနဲ့  တရားမဝင် ကုန်စည်များ သယ်ဆောင်လာတဲ့ Dong Fang ယာဉ်၂ စီးခန့်မှန်း တန်ဖိုးကျပ် သိန်း ၈၀ ကိုလည်း လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန် အမှုတွဲဖွင့် အရေးယူထား ပြီးဖြစ်တယ်လို့ သိရပါတယ်။

                                                                        

    DCCA  DCCA

Pages

Subscribe to RSS - Department of Trade