Department of Trade

မကွေးတိုင်းဒေသကြီး၊ ဦးစီးမှူးရုံးမှ မကွေးမြို့ ကန်သာဈေးကြီးတွင် စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲကျင်းပ

Fri, 01/09/2015 - 13:57 -- dccaadmin
Myanmar

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ဦးဆောင်မှု၊ ရုံးချုပ်နေပြည်တော်၏ ညွှန်ကြားချက်များနှင့်အညီ တိုင်းဒေသ ကြီးအတွင်းရှိ ကျောင်းများ ဈေးများတွင် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို အပတ်စဉ် ကျင်းပလျက်ရှိရာ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ နံနက်ပိုင်းက မကွေးမြို့ ကန်သာရပ်ကွက် ကန်သာဈေးကြီးတွင် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။

အဆိုပါဟောပြောဆွေးနွေးပွဲသို့ဈေးသူဈေးသား (၅၃)ဦး၊ဈေးကော်မတီဝင် (၈)ဦး၊ မြို့နယ်စည်ပင်သာယာမှ ဝန်ထမ်း(၃)ဦး၊ စားသုံးသူရေးရာဌာနမှ ဝန်ထမ်း (၆)ဦး စုစုပေါင်း (၇၀)ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါ စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ ဆွေးနွေးဟောပြောပွဲတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးဝမ်းမောင်က စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာဌာနဖြစ်ပေါ်လာပုံနှင့် သမိုင်းအကျဉ်း၊ စားသုံးသူအကာ အကွယ်ပေးရေးဆိုင်ရာဌာန၏ လုပ်ငန်းနှင့်တာဝန်များ၊ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာဥပဒေများ စသည့် သိမှတ်ဖွယ်ရာ များ ဆွေးနွေးပြီးနောက် ဓာတုဆေးဝါးအကူအညီများနှင့် ထုတ်လုပ်ရောင်းချ လျက်ရှိသော ပဲဆီအတု၊ နှမ်းဆီအတု၊ နို့မှုန့်၊ ပဲမှုန့်၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်အတုများအကြောင်း၊ အရောင်ဆိုးဆေးများ အသုံးပြုထားသော မျှစ်၊ ငရုပ်သီးမှုန့်၊ ငပိများအကြောင်း၊ ကလေးငယ်များကို ဆွဲဆောင်လျက်ရှိသော မုန့်ပဲသရေစာများနှင့် အချိုရည်များ၏ အန္တရာယ်သိကောင်းစရာများအကြောင်း၊ ဟင်းသီးဟင်းရွက် သစ်သီးဝလ များတွင် အသုံးပြုလျက်ရှိသော ဓာတုဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးတို့၏ အန္တရာယ်ရှိပုံ အကြောင်းနှင့် အဆိုပါအစားအသောက်များရောင်းချခြင်း၊ ဝယ်ယူခြင်း၊စားသောက်ခြင်းတို့ကိုဆောင်ရွက်ရာတွင် အသေအချာစစ်ဆေးပြီးမှ သတိပြုဝယ်ယူစားသုံးရန်တို့ကိုဆွေးနွေးပြီး မကွေးတိုင်းဒေသကြီး အတွင်းတွင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းပြီးဖစ်ကြောင်း၊ ၎င်းအောက်တွင် စားသုံးသူတိုင်ကြားမှုလက်ခံဆောင် ရွက်ရေးကော်မတီနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့များ ဖွဲ့စည်းလျက်ရှိ ကြောင်းတို့ကို ဆွေးနွေးဟောပြောခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့သည် ကန်သာဈေးအတွင်းရှိ ဆိုင်ခန်းပေါင်း (၂၉၄) ခန်း၊ ပျံကျ ဈေးသည် (၁၅၀ဝ)ခန့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဟင်းသီးဟင်းရွက်ရောင်းချလျက်ရှိသော ပျံကျဈေးတန်း၊ သားငါးဈေးတန်း၊ ငါးခြောက်ဆိုင်များ၊ အချိုရည်နှင့် မုန့်များ ရောင်းချလျက်ရှိသော မုန့်ဆိုင်တန်းတို့တွင် အရောင်ဆိုးဆေးများ၊ ယင်သတ်ဆေးများ၊ ပိုးသတ်ဆေးများကို အစားအသောက်များတွင် အသုံးပြုကြသည့်အတွက် ရောဂါများဖြစ်ပွားကြပုံ၊ အန္တရာယ် ကြီးမားပုံတို့ကို ရှင်းပြပြီး လက်ကမ်းစာစောင်များ၊ ပိုစတာများ ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။

                                                                                                                                                                                                                                                                                                                                                                                                                   ဝင်းထွန်း(စားသုံးသူ)မကွေး

 

               

                

နယ်စပ်ကုန်သွယ်ရေးစခန်းအလိုက် ဓါတ်မြေဩဇာ တင်သွင်းမှုအခြေအနေ

Fri, 01/09/2015 - 13:27 -- dccaadmin
Myanmar

 

 

 

      စဉ်          စခန်းအမည်        ယခုသီတင်းပတ်       ယခင်သီတင်းပတ်          နှိုင်းယှဉ်ချက်

                                          တင်သွင်းမှုတန်ချိန်     တင်သွင်းမှုတန်ချိန်             (ပို/လို)

                                             ၂၇/၁၂ မှ ၂/၁        ၂၀/၁၂ မှ ၂၆/၁၂               +/- 

 

       ၁။        မူဆယ်                  ၁၃၃၅၁.၉၀           ၁၆၄၉၂.၆၈             (-)၃၁၄၀.၇၈

       ၂။        လွယ်ဂျယ်                            -                         -                             -

       ၃။        ချင်းရွှေဟော်               ၂၉၀.၂၅                 ၈၅.၂၅              (+)၂၀၅.ဝဝ

       ၄။        တာချီလိတ်                           -                         -                             -

       ၅။        မြဝတီ                       ၁၅၃.၅၀               ၁၄၇.၄၈                  (+)၆.ဝ၂

       ၆။        ကော့သောင်း                        -             ၂၃၃၁.၅၀             (-)၂၃၃၁.၅၀

       ၇။        မြိတ်                                   -                         -                             -

       ၈။        ရိဒ်                                     -                         -                             -

                  စုစုပေါင်း                ၁၃၇၉၅.၆၅           ၁၉၀၅၆.၉၁             (-)၅၂၆၁.၂၆

 

                                                                                                                                တင်တင်ထွန်း MIRT (DCCA)

နယ်စပ်ကုန်သွယ်ရေးစခန်းများက ရော်ဘာကို ယခင်လကထက် တန်ချိန် ၄၈၀ဝ ကျော် ပိုမိုတင်ပို့

Fri, 01/09/2015 - 13:08 -- dccaadmin
Myanmar

 

၂၀၁၄ ခုနှစ်ရဲ့ ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ နယ်စပ်ကုန်သွယ်ရေးစခန်းများက ကန်ဒေါ်လာ သုည  ဒသမ ၃၂၀  သန်းဖိုးရှိ ရော်ဘာ  ၂၃၂  တန်တင်ပို့ခဲ့ရာမှာ မူဆယ်  ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်က RSS- 3 ၁၀၂ တန်ကျော်၊ ချင်းရွှေဟော်စခန်းက MSR-50 ၁၅တန်နဲ့ လွယ်ဂျယ်စခန်းက ၁၁၅ တန် ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က  ၁၅၇၁ တန်တင်ပို့နိုင်ခဲ့တာမို့ ယခုသီတင်းပတ်မှာ  ၁၃၃၉  တန် လျော့နည်းခဲ့ပါတယ်။

ဒီဇင်ဘာလ တစ်လလုံးမှာတော့ တရုတ်နယ်စပ်ကနေ  ရော်ဘာ  ၇၅၃၃  တန်ကျော်ကို ကန်ဒေါ်လာ ၉ ဒသမ ၂၀၈ သန်းတန်ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံး နိုဝင်ဘာလထက်  ၄၈၂၁  တန်ပိုမို တင်ပို့နိုင်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အတွင်းရော်ဘာတင်ပို့မှုကိုကြည့်ပါက ဧပြီလ  ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ကန်ဒေါ်လာ ၃၄ ဒသမ ၈၈၂ သန်းဖိုးရှိ ရော်ဘာ ၂၂၁၁၂ တန်ကျော် တင်ပို့ထားခဲ့ပြီး ဒီဇင်ဘာလတွင် အများဆုံးတင်ပို့ခဲ့ပါတယ်။ရော်ဘာဈးများကို ကြည့်မယ်ဆိုပါက မူဆယ် ၁၀၅မိုင်ကုန်သွယ်ရေးဇုန်မှာ ယခုသီတင်းပတ်အတွင်း ဖြစ်ပေါ်နေတဲ့ဈေးမှာ ယခင်သီတင်းပတ်ထက် အနည်းငယ်လျော့ကျနေတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်က RSS- 3 တစ်တန်ကို  ၁၄၉၆၉၀၆ ကျပ်ရှိရာမှ   ယခုသီတင်းပတ်မှာ  ၁၄၉၀၆၇၄ ကျပ်သို့လျော့ကျခဲ့ပါတယ်။                               

ယဉ်ယဉ်အေး MIRT (DCCA)

အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက်ပါ ပို့ကုန်သွင်းကုန် ပိုမိုဆောင်ရွက်နိုင်တဲ့ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေး

Fri, 01/09/2015 - 12:48 -- dccaadmin
Myanmar

 

မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ဒီဇင်ဘာလကုန်သွယ်မှုပမာဏ ဟာ အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက်ပါ ပိုမိုဆောင်ရွက်နိုင်ပါတယ်။

                                                                                  တန်ဖိုး-ဒေါ်လာသန်း

                                           ပို့ကုန်          သွင်းကုန်           ကန်ကွက်မှု

          ၂၀၁၄ - ဒီဇင်ဘာ           ၁.၄၄၂           ၉.၇၂၁            ၁၁.၁၆၄၃

          ၂၀၁၄ - နိုဝင်ဘာ           ဝ.၉၆၇           ၃.၈၃၁                ၄.၇၉၈

          ၂၀၁၃ - ဒီဇင်ဘာ           ဝ.၆၅၉           ၂.၃၉၇                ၃.ဝ၅၆         

 

ပို့ကုန်ပိုင်းများ ယခင်လကထက် တစ်သျှူးငှက်ပျောများ ပိုမိုတင်ပို့လာနိုင်ပြီး သွင်းကုန်ပိုင်းမှာ ယာဉ်ယန္တရားများ၊ ယခင်နှစ်ကထက် ပိုမိုတင်သွင်းလာနိုင်တယ်လို့သိရပါတယ်။ ကန်ပိုက်တီးဒေသမှ တင်သွင်းတဲ့ ယာဉ်ယန္တရားများမှာ ဖားကန့်ဒေသကျောက်ထုတ်လုပ်ငန်းများ အတွက် တင်သွင်းခြင်းဖြစ်ပြီးယခုအချိန်ဟာပွင့်လင်းရာသီဖြစ်ခြင်း၊ ဖားကန့်ဒေသသို့မြစ်ကြီးနားမှနေ့ချင်းရောက်ရှိခြင်း၊မြစ်ကြီးနား ဖားကန့် လမ်းပြုပြင်မှုများ တချို့တဝက်ပြီးစီးခြင်းဒေသတွင်းဖြစ်ပွားသော စစ်ပွဲများပြန်လည်တည်ငြိမ်လာတဲ့အခြေအနေများကြောင့် ယာဉ်ယန္တရား ဖားကန့်ဒေသသို့ အဆင်ပြေစွာတင်ပို့နိုင်ခြင်းကြောင့် ယာဉ်ယန္တရားများတင်သွင်းမှုပိုလာတာလို့သိ ရပါတယ်။ ပို့ကုန်ပိုင်းမှာလည်း အမယ်သစ်များဖြစ်တဲ့ ကြိမ်နဲ့ဆန်တင်ပို့နိုင်ခြင်း၊ ငှက်ပျောနဲ့ပြောင်းများ ပိုမိုတင်ပို့နိုင်ခြင်းတို့ကြောင့် ကန်ကွက်မှုပိုမိုခဲ့ရကြောင်း သတင်း ရရှိပါတယ်။အများဆုံးပို့ကုန်များမှာ တစ်ရူးငှက်ပျော၊ ပြောင်း၊ ဆန် (ဧည်မထ ၂၅ %) ၊ ကြိမ်တို့ဖြစ်ပါတယ်။ အများဆုံးသွင်းကုန်များမှာ ဘိလပ်မြေ၊ Excavator, Hydralic Dumper, Mini Dump Truck Mini Dumper  စသည့်တို့ဖြစ်ကြပါတယ်။ ITC ကတ်နဲ့ ပို့ကုန်ပြောင်း တင်ပို့ခဲ့ပြီး သွင်းကုန်အနေနဲ့ အိမ်ရိုက်သံ၊ မီးသီးပါမီးအိမ်၊ ဆိုင်ကယ်၊ အမိုးရိုက်သံ၊ ပန်းသီး၊ အဝတ်အထည်နဲ့ အိမ်သုံးလူသုံးကုန်များ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

                                                                                                                                                                                                                                                                                          MIRT (DCCA)

မြဝတီကုန်သွယ်ရေးဇုန်မှ တင်ပို့တဲ့ ကြက်သွန်နီ

Fri, 01/09/2015 - 12:30 -- dccaadmin
Myanmar

 

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ဒီဇင်ဘာနောက်ဆုံးပတ်မှာ ကန်ဒေါ်လာ ၈၇၁၂၀ တန်ဖိုးရှိ ကြက်သွန်နီ ၄၈၄ တန်တင်ပို့ ခဲ့ပါတယ်။ယခင်သီတင်းပတ်က မူဆယ်မှ ၃၆ တန်၊ စစ်တွေမှ ၃ တန်၊မြဝတီမှ ၃၄၄ တန်ခွဲ တင်ပို့ခဲ့ပေမဲ့ ယခုသီတင်းပတ် မှာ မြဝတီစခန်းတစ်ခုတည်းမှဘဲ တင်ပို့ခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာလတစ်လလုံးမှာ စခန်းစုံက တင်ပို့ခဲ့တဲ့ ကြက်သွန်နီတန်ချိန် ၁၆၀၅ တန်ခွဲ ရှိခဲ့ပါတယ်။ ဒီနှစ်မှာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံတွေက ဝယ်လိုအားရှိပေမဲ့ ဈေးနှုန်းကတော့ ကျနေတယ်။ ဒါကြောင့်ပွဲရုံတွေကလည်း ဈေးနှုန်းနဲ့ ဈေးကွက်ကို ချိန်ဆပြီး ဝယ်နေရတယ်။ လက်ရှိထိပ်စတစ်ပိဿာကို ၄၀ဝ ကျပ်ဆိုပေမဲ့ တောင်သူတွေအနေနဲ့ အကျိုးအမြတ်မရှိသေးဘူး၊ တစ်ပိဿာကို ၆၀ဝ ကျပ်လောက်ဆိုရင်တော့ တောင်သူတွေအကျိုးအမြတ် ခံစားရမယ်လို့ မကွေးမြို့မှ ဒေသခံ ကြက်သွန်နီစိုက်တောင်သူတစ်ဦးက ပြောပါတယ်။

                                                                            

                                                                             မော်မော်အောင် MIRT (DCCA)

အနီးစပ်ဆုံးကာလထက် ပိုမိုတင်ပို့နိုင်တဲ့ ငွေချည် ၆ ဝါ

Fri, 01/09/2015 - 12:26 -- dccaadmin
Undefined

 

၂၀၁၄ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်မှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၈၉၈ သန်း တန်ဖိုးရှိ ငွေချည် ၆ ဝါဂွမ်း ၈၆၃ တန်တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၈၀၅ တန်ခွဲ တင်ပို့ခဲ့လို့ ယခုသီတင်းပတ်မှာ ၅၇ တန်ခွဲပိုမိုလာသလို အနီးစပ်ဆုံး နိုဝင်ဘာလကလည်း ၂၀၁၂ တန်ခွဲသာ တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ငွေချည် ၆ ဝါဂွမ်းကို မူဆယ် နယ်စပ်မှ တစ်ဆင့်တရုတ်ပြည်ကို ၂၀၁၄ ခုနှစ် မတ်လဆန်းမှ စတင်တင်ပို့ ခဲ့တာဖြစ်ပါတယ်။

                                                                             မော်မော်အောင် MIRT (DCCA)

နနွင်းတက်တင်ပို့မှု အနည်းငယ်လျော့

Fri, 01/09/2015 - 12:22 -- dccaadmin
Undefined

 

၂၀၁၄ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်မှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ဝ၂၀ သန်း တန်ဖိုးရှိတဲ့ နနွင်းတက် ၃၅ တန်ခွဲတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၄၅ တန်ခွဲတင်ပို့နိုင်ခဲ့လို့ ယခုရက်သတ္တပတ်မှာ ၁၀ တန်လျော့နည်း သွားတာ တွေ့ရပါတယ်။ ဒီဇင်ဘာတစ်လလုံး စခန်းပေါင်းစုံက တင်ပို့ခဲ့တဲ့ နနွင်းတက် တန်ချိန် ၃၀ဝ နီးပါးရှိပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၇၁၀ဝ၀ ကျော် ရှိခဲ့ပါတယ်။

                                                                             မော်မော်အောင် MIRT (DCCA)

ဝဥခြောက်အပြင် ဝဥအစိုပါ တင်ပို့ခဲ့တဲ့ ရွှေမူဆယ်

Fri, 01/09/2015 - 12:16 -- dccaadmin
Myanmar

 

၂၀၁၄ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်မှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်မှ တစ်ဆင့် ကန်ဒေါ်လာ သုည ဒသမ ဝ၉၂ သန်း တန်ဖိုးရှိ ဝဥခြောက် တန် ၅၀ အပြင် ကန်ဒေါ်လာ သုည ဒသမ ဝ၀၅ သန်းဖိုးရှိတဲ့ ဝဥအစို ၁၅ တန်ကိုလည်း တင်ပို့ခဲ့ပါတယ်။ ယခင် သီတင်းပတ်က ဝဥခြောက် ၇၉ တန် တစ်မျိုးတည်း တင်ပို့ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း မူဆယ်မှ တရုတ်ပြည်ကို ဝဥခြောက် ၅၆၈ တန်ခွဲနဲ့ ဝဥအစို ၁၅ တန် တင်ပို့နိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံကထွက်ရှိတဲ့ ဝဥမှာ အင်ဒိုနီးရှားနိုင်ငံမှ ဝဥထက် အရည်အသွေးကောင်းလို့ ဂျပန်နိုင်ငံကလည်း ယနေ့တိုင် ရသလောက် ဝယ်ယူလျက်ရှိတယ်လို့ သိရပါတယ်။ တရုတ်၊ ဂျပန်နဲ့ အနောက်ဥရောပနိုင်ငံတွေမှာ ဝဥကို သရေစာအဖြစ် လည်းကောင်း၊ စားသောက်ကုန် အဖြစ်လည်းကာင်း၊ ဆေးဝါးအဖြစ်လည်းကောင်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြတယ်လို့ သိရပါတယ်။

                                                                             မော်မော်အောင် MIRT (DCCA)

ဒေါ်လာရတဲ့ ပြောင်းကြိတ်ဖတ်

Fri, 01/09/2015 - 12:10 -- dccaadmin
Myanmar

 

၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ကန်ဒေါ်လာ ၂၇၂၈၄ တန်ဖိုးရှိ ပြောင်းကြိတ်ဖတ် ၂၇၈ တန်ခွဲကို မြန်မာ- တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့နိုင်ခဲ့ပါတယ်။ နိုဝင်ဘာလအတွင်းမှာတော့ ၆၈ တန်ခွဲသာ တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံမှာ တိရစ္ဆာန်အစာဖြစ် အသုံးပြုကြတာ ဖြစ်ပါတယ်။

                                                                             မော်မော်အောင် MIRT (DCCA)

ဒီဇင်ဘာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများက ဆန်တန်ချိန် ၁၆၉၀ဝ၀ ကျော်တင်ပို့

Thu, 01/08/2015 - 09:55 -- dccaadmin
Myanmar

 

 

၂၀၁၄ ခုနှစ်ရဲ့ ဒီဇင်ဘာလနောက်ဆုံး ပတ်ဖြစ်တဲ့၂၇ ရက်မှဇန်နဝါရီလ၂ ရက်နေ့ထိ ကာလအ တွင်းမှာ မြန်မာ-တရုတ်နယ်စပ်မှ  ကန်ဒေါ်လာ ၁၂ ဒသမ ၉၈၉ သန်းတန်ဖိုးရှိ   ဆန်တန်ချိန် ၃၅၀၆၆  တန်တင်ပို့ခဲ့ပြီး စခန်းများရဲ့ တင်ပို့ခဲ့တဲ့ဆန် အမျိုးအစားနဲ့ ပမာဏကို ဖော်ပြပေးလိုက် ပါတယ်။ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က ငစိန်ဆန်  ၁၉၆၀၅ တန်၊ ဧည့်မထ ၁၂၃၈၇ တန်ကျော်၊ လွယ်ဂျယ်စခန်းက ဧည့်မထိ ၂၈၂၃ တန်ကျော်၊ ချင်းရွှေဟော်စခန်းက ဧည့်မထတန် ၂၅၀ အသီး သီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်သီတင်းပတ်ထက်  ၁၂၂၀ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ တစ်လလုံးမှာတော့ ကန်ဒေါ်လာ ၆၂ ဒသမ ၃၂၀ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၆၉၁၃၄ တန်ကို တင်ပို့နိုင်ခဲ့ပြီး အနီးစပ်ဆုံးနိုဝင်ဘာလထက် ၈၇၀၅၇ တန်ပိုမိုခဲ့တဲ့ အတွက် ဆန်တန်ချိန် ထက်ဝက်ခန့်  ပိုမိုတင်ပို့နိုင်ခဲ့ တယ်လို့ ဆိုရပါမယ်။ ယခုနှစ်စပိုင်း၂၀၁၅ ခုနှစ်ဇန်နဝါရီ လအတွင်းမှာ ဆန်တန်ချိန် နှစ်သိန်းတင်ပို့နိုင်ရေး မြန်မာနဲ့ တရုတ်နှစ်နိုင်ငံဆွေးနွေး ထားပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရှိရပါတယ်။

                                                                                   

  ယဉ်ယဉ်အေး MIRT (DCCA)

Pages

Subscribe to RSS - Department of Trade