Department of Trade

ကုန်သွယ်မှုပမာဏတိုးတက်နေတဲ့ မြဝတီ

Mon, 01/12/2015 - 13:20 -- dccaadmin
Myanmar

 

 မြန်မာ- ထိုင်း နယ်စပ်ရှိ မြဝတီနယ်စပ် ကုန်သွယ်ရေး စခန်းက ဒီဇင်ဘာလအတွင်း ပို့ကုန်ကန်ဒေါ်လာ ၂ ဒသမ ၉၅၅ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၄၃ ဒသမ ၇၂၇ သန်းဆောင်ရွက်နိုင်သဖြင့် ကုန်သွယ်မ ပမာဏ ကန်ဒေါ်လာ ၄၆ ဒသမ ၆၈၂ သန်းရရှိခဲ့ပါတယ်။ အနီးစပ်ဆုံးကာလဖြစ်တဲ့ နိုဝင်ဘာလနဲ့ နှိုင်း ယှဉ်ပါက နိုဝင်ဘာလတွင် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၃၉ ဒသမ ၁၄၂ သန်း ဆောင်ရွက်နိုင် သ ဖြင့် ကန်ဒေါ်လာ ၇ ဒသမ ၅၄၀  သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ ယမန်နှစ်ကာလတူဖြစ်တဲ့ ဒီဇင် ဘာလနဲ့ နှိုင်းယှဉ်ပါကလည်း ကာလတူတွင် ၃၄ ဒသမ ၅၉၆ သန်း ဆောင်ရွက်နိုင်သဖြင့် ကန် ဒေါ် လာ၁၂ဒသမ ဝ၈၆ သန်းပိုမိုခဲ့ပါတယ်။အနီးစပ်ဆုံးကာလနဲ့ရော ယမန်နှစ်ကာလတူထက်ပါကုန် သွယ်မှုပမာ ဏ တိုးတက်ရခြင်းမှာ ပို့ကုန်တင်ပို့မှုမှာ လျော့နည်းခဲ့ပေမဲ့ သွင်းကုန်အနေနဲ့ မော်တော်ဆိုင် ကယ်၊ ကားနဲ့ ကားအပိုပစ္စည်းများ၊ ဓါတ်ဆီ၊ စက်နှင့်စက်အပိုပစ္စည်းများ ပိုမိုတင် သွင်းခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။

မြဝတီ ကုန်သွယ်ရေး ဇုန်အနေနဲ့ ဒီဇင်ဘာလအတွင်း အများဆုံးတင်ပို့နိုင်သော ပစ္စည်းများမှာ ငါးမျိုးစုံ၊ မြေပဲဆံ၊ ပဲတီစိမ်း၊ ငရုတ်သီးခြောက်၊ ကြက်သွန်နီ၊ ကဏန်း၊ ပုဇွန်၊ နှမ်းနက်၊ မတ်ပဲ ၊ ငါးဖမ်းပိုက်၊ သီဟိုစေ့နဲ့ နနွင်းတက်တို့ဖြစ်ပြီးအများ ဆုံးသွင်းကုန်ပစ္စည်းများမှာ မော်တော်ဆိုင်ကယ်၊ ဒီဇယ်ဆီ၊ ဓါတ်ဆီ၊ စက်နှင့် စက်အပိုပစ္စည်း၊ အလှကုန်ပစ္စည်းအမျိုးမျိုး၊ ကားနှင့်ကားအပိုပစ္စည်း၊ အဝတ်လျှော် ဆပ်ပြာမှုန့်/အရည်၊ ချုပ်ပြီး အဝတ်အထည်အမျိုးမျိုး၊ နို့ဆီ၊ နိုစိမ်း၊ ဘိလပ်မြေ၊ ဖုန်း အမျိုးမျိုးနဲ့အချို ရည်အမျိုးမျိုးတို့ဖြစ်ပါတယ်။

                                                                                                                                    

  DCCA DCCA

တရားမဝင်တင်သွင်းလာသော စိုက်ပျိုးရေးသွင်းအားစုများ ကျပ်သိန်း ၁၂၀ ကျော်ဖိုးMobile Team က သိမ်းဆည်းရမိ

Mon, 01/12/2015 - 13:12 -- dccaadmin
Myanmar

 

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်ထုတ်နုတ်အင်အား Mobile Team  မှ ၂၀၁၄ ခုနှစ် ဧပြီလမှ ဒီဇင် ဘာလထိသိမ်းဆည်းရမိတဲ့အပင် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ရွက်ဖြန်းဆေးနဲ့ အပင်အားဆေး များမှာ အမှုတွဲအားဖြင့် (၁၀) ခု တန်ဖိုး အားဖြင့် ခန့်မှန်း ကျပ် ၁၂၆ ဒသမ ၄၈၀သိန်းဖိုးသိမ်းဆည်းရ မိ ထားပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။ သိမ်းဆည်းရမိမှု အသေးစိတ်ကတော့ ပိုးသတ်ဆေး  အမှုတွဲ (၃) ခု၊ အရေအတွက် ၆၉၀ ကီလိုဂရမ်၊ ခန့်မှန်း တန်ဖိုးကျပ် ၃၄ ဒသမ ၅၀၀ သိန်း၊ ပေါင်းသတ်ဆေး အမှုတွဲ(၂) ခု၊ အရေအတွက် ၁၀၂၀ လီတာ၊ ခန့်မှန်းတန်ဖိုး ကျပ်၂၃ ဒသမ ၉၀၀ သိန်း၊ ရွက်ဖြန်း ဆေး အမှုတွဲ (၄) ခု ၁၅၉၄ ဘူူး၊ ခန့်မှန်းတန်ဖိုး ကျပ် ၅၁ ဒသမ ၉၅၀ သိန်း၊ အပင်အားဆေး ၆၂၁ ဘူူး၊ ခန့်မှန်းတန်ဖိုး ကျပ် ၁၆ ဒသမ ၁၃၀ သိန်း အသီးသီးဖြစ်ပါတယ်။ အဆိုပါ သိမ်းဆည်းရမိပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနဲ့ အညီ ဖျက်ဆီးပြီးဖြစ်တယ်လို့ သိရပါတယ်။

Mobile Team အဖွဲ့မှ တားဆီးအရေးယူပြီး ဖျက်ဆီးဆောင်ရွက်နိုင်ခဲ့ခြင်းဖြင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အခြေခံကျသော စိုက်ပျိုးထုတ်လုပ်သူတောင်သူများရဲ့ အရည်အသွေး စံချိန်စံညွှန်းမမီသောတစ်ဖက်နိုင်ငံ မှ ဈေးနှုန်း ချိုသာစွာ မှာယူ၍ တရားမဝင် တင်သွင်းလာတဲ့အပင်ဆေးဝါး (သွင်းအားစု) များအားလွဲမှားစွာ ဝယ်ယူအသုံးပြုခြင်းကြောင့် စိုက်ပျိုးထွက်ရှိ ပမာဏ၏ ကျဆင်းပြီးလူမှုစီးပွားဘဝကိုပါ ထိခိုက်ပျက် ဆီးစေခြင်းမှကြိုတင်တားဆီးအကာအ ကွယ် ပေးနိုင်ခဲ့ပါတယ်။

၎င်းအပင်ဆေးဝါးများကို အသုံးပြုမှုကြောင့် ဘေးထွက်ဆိုးကျိုးများကို စားသုံးသူပြည်သူများ ဝယ်ယူစားသုံးရာမှ ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်ပျက်စီးစေနိုင်တဲ့ဘေး အန္တရာယ်မှလည်း ကာကွယ်တားဆီးရာ ရောက်ပြီး စိုက်ပျိုးထွက်ရှိလာတဲ့ သီးနှံ များကို တင်ပို့ရောင်းချရာမှာလည်း ဆေးဝါးအာနိသင်များ ကျန်ရှိနေမှုကြောင့် မိမိတို့ ကုန်ပစ္စည်းများကို ဝယ်ယူတဲ့ (Buyer)နိုင်ငံများကလည်း စိစစ်ကန့်ကွက်ခြင်းကြောင့် ပို့ကုန်ဈေးကွက်ပျက်စေမှာဖြစ်ပါတယ်။ Mobile Team အဖွဲ့များ အနေ နဲ့နိုင်ငံတော် မှ ချမှတ်ထားတဲ့ စီးပွားရေး ရည်မှန်းချက်များ အောင်မြင်စေရေး အထောက် အကူပြုကာ ကွယ်တားဆီးအရေးယူ ဆောင်ရွက်နေကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။                                             

                                                                                                                                               

DCCA DCCA

တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးကော်မတီရဲ့ ကြီးကြပ်မှုဖြင့် Mobile Team အဖွဲ့များမှ အရက်နဲ့ဝိုင် ကျပ် ၁၂၁၄၂ သိန်းဖိုး ဖမ်းဆီးရမိ

Mon, 01/12/2015 - 12:45 -- dccaadmin
Myanmar

 

စားသုံးသူ/သုံးစွဲသူကို ထိခိုက်စေတဲ့ ကိစ္စရပ်များကို ကာကွယ်ရန်နဲ့ နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အရပ်ရပ်ကောက်ခံ ရရှိမှု၊ အခြားကိစ္စရပ်များ နစ်နာမှု မရှိစေရေးအတွက် တစ်နိုင်ငံလုံး ဟန်ချက် ညီစွာဖြင့်  တရားမဝင် ကုန်သွယ်မှုတား ဆီးထိန်းချုပ်ရေးလုပ်ငန်းများကို Mobile Team အဖွဲ့များဖွဲ့ စည်း၍ လမ်းကြောင်းများ၊ နယ်စပ် ကုန်သွယ်ရေးစခန်းများ၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ လေဆိပ် ရေဆိပ်များမှာ ဖြန့်ခွဲဆောင်ရွက်လျက် ရှိပါတယ်။၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၄ ခုနှစ် နိုဝင်ဘာ လထိ(၂) နှစ်တာကာလအတွင်း တရားမဝင် အကောက်ခွန်မဲ့ အရက်၊ ဘီယာ၊ ဝိုင်ဖမ်းဆီး ရမိအမှုတွဲ ပေါင်း ၃၃၆ မှု၊ ပုလင်း ၁၃၀၉၅၈၄ နဲ့ ခန့်မှန်းတန်ဖိုး ကျပ် ၁၂၁၄၂ သိန်းခန့်ရှိတယ်လို့ သတင်းရရှိ ပါတယ်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာမှာ တားမြစ်ကန့်သတ် ကုန်ပစ္စည်းများဖြစ်တဲ့ အရက်၊ ဘီယာ၊ ဝိုင်များနဲ့  ပတ်သက်ပြီး နိုင်ငံတော်ရဲ့ လမ်းညွှန်ချက်နဲ့အညီ တားဆီးဆောင်ရွက် လျက်ရှိရာ  Mobile Team အလိုက်တားဆီး အရေး ယူဆောင် ရွက်နိုင် မှုများကို ဖော်ပြပေးလိုက်ပါတယ်-

                                                အမှုတွဲ           အမျိုးအစား       ခန့်မှန်းတန်ဖိုး (ကျပ်-သိန်း)

          မူဆယ်(ထုတ်နုတ်) လရ-၁     ၁၇               ဘီယာ             ၅၀၃

                                                ၂                 အရက်             ၆

                                                                   ဘီယာ             ၇၇၇

          လရ-၂                              ၁                 အရက်             ၁၀

                                                ၂၆၇             ဘီယာ             ၃၁၇၇

                                                ၁၄               ဝိုင်                  ၁၃၅

          တာချီလိတ် (ထုတ်နုတ်)         ၁၀               အရက်             ၃၀၅

                                                ၁၃               ဘီယာ             ၂၇၄

                                                ၇                 ဝိုင်                  ၁၀

          ကျိုင်းတုံ (ထုတ်နုတ်)            ၁                 ဘီယာ             ၂

          ရန်ကုန်ဆိပ်ကမ်းနယ်မြေ        ၃                 အရက်             ၇၉၂

                                                                   င်္ဘီယာ             ၁၀၄

                                                ၁                 ဝိုင်                  ၆၀၄၇

DCCA DCCA

တစ်ဘက်နိုင်ငံထုတ်စားသောက်ကုန် (၃) မျိုးအား လရ (၁) အဖွဲ့စုံများရှေ့တွင် မီးရှို့ဖျက်ဆီး

Mon, 01/12/2015 - 12:29 -- dccaadmin
Myanmar

 

မန္တလေး-မူဆယ် လမ်းကြောင်း တစ်လျှောက်ရှိ Mobile Team လရ (၁) အဖွဲ့သည် စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိစဉ် ဇန်နဝါရီလ ၃ ရက်နေ့တွင်လမ်းေ ကြာင်းအတိုင်း ဝင်ရောက်စစ်ဆေးခံသော ခရီးသည် တင်မှန်လုံ ယာဉ်နှင့် ယာဉ်ငယ်များအား ရပ်တန့်စစ်ဆေးရာယာဉ်ပေါ်၌ သိုဝှက်သယ်ဆောင်လာတဲ့ အများပြည် သူများ စားသုံးရန် မသင့်လျော်တဲ့ တရုတ်နိုင်ငံထုတ် စားသောက် ကုန်များဖြစ် တဲ့ အေးခဲဘဲသား၊ အေး ခဲကြက်သားနဲ့ ဝက်အူချောင်းများကို စစ်ဆေးတွေ့ရှိသိမ်းဆည်းခဲ့တယ်လို့ သတင်းရရှိပါတယ်။ အဆိုပါ သိမ်းဆည်းရမိ အေးခဲအသားများရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ် ၂ ဒသမ ၂၀၅ သန်းဖြစ်တယ်လို့ သိရပါတယ်။  ဖမ်းဆီးရမိပြည်ပနိုင်ငံထုတ် စားသောက် ကုန်များကို အကောက်ခွန် အမှုတွဲ ဖွင့်လှစ်ပြီး လရ-၁ ဌာနစုံတာဝန်ခံများ ရှေ့မှောက်တွင် မီးရှို့ဖျက် ဆီးပြီးဖြစ် တယ်လို့ သိရပါတယ်။

                  

                                                                                                                                                                  

DCCA DCCA

အကောက်ခွန်မဲ့ကားတာယာဆိုဒ်စုံ နှင့် စားသောက်ကုန်ပစ္စည်းများ ကျိုင်းတုံ Mobile Team မှ ဖမ်း ဆီးရမိ

Mon, 01/12/2015 - 11:03 -- dccaadmin
Myanmar

 

တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ ကြီးကြပ်မှုဖြင့် လှုပ်ရှား Mobile Team အဖွဲ့ များ ဖွဲ့စည်းပြီး တရားမဝင် ကုန်သွယ်မှု တားဆီးရေးနှင့် စားသုံးသူ အကာအကွယ်ပေးရေး အတွက် စီမံ ချက် များချမှတ်ပြီး ထိရောက်စွာ ဟန့်တား အရေးယူဆောင်ရွက်လျက်ရှိရာ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်၀၇ း ၀၀ နာရီအချိန်မှာ  ကျိုင်းတုံနယ်စပ် ကုန်သွယ်ရေးစခန်း တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးဝင်းမောင် ဦးစီးအဖွဲ့ဟာ ကျိုင်းတုံ-မိုင်းလား လမ်းကြောင်းပေါ်ရှိ Mobile Team (နောင်ငင်း) စစ်ဆေးရေးဂိတ်မှာ အခြေပြုပြီး ယာဉ်များအား စစ်ဆေးဆောင်ရွက် ခဲ့ပါတယ်။ထိုသို့ ဆောင်ရွက်နေစဉ် မိုင်းလားမှ ကျိုင်းတုံဘက်သို့ မောင်းနှင်လာတဲ့ သွင်းကုန်ပစ္စည်းများ တင်ဆောင် လာသော အီတန် ယာဉ်တစ်စီး အား အဖွဲ့စုံဖြင့် ပစ္စည်းများဖွင့်ဖောက်၍ သွင်းကုန်လိုင်စင်ID တို့ဖြင့် တိုက်ဆိုင်စစ် ဆေးခဲ့ရာ လိုင်စင်နှင့်ID တွင်မပါရှိတဲ့ တရုတ်နိုင်ငံလုပ် ကားတာယာ ဆိုဒ်စုံံ (၆) မျိုး၊ အရေအတွက် (၄၇) လုံး၊ ခန့်မှန်းတန်ဖိုး ၂၅၆၅၀၀၀ ကျပ်အား စစ်ဆေးတွေ့ရှိသဖြင့် အကောက်ခွန် အမှုတွဲ ဖွင့်လှစ် သိမ်းဆည်းခဲ့တယ်လို့ သတင်းရရှိပါတယ်။အလားတူ ၀၉ း ၀၀ နာရီခန့်တွင် မိုင်းလားမှ ကျိုင်းတုံသို့ ထွက်ခွာလာတဲ့ သွင်းကုန် (၆) ဘီးယာဉ်အား အဖွဲ့စုံဖြင့် ဖွင့်ဖောက်စစ်ဆေးခဲ့ရာ သွင်းကုန်လိုင်စင်ID တွင် မပါရှိတဲ့ Chewing Gum(၂၉) ဖာ၊ ငါးမှုန့်  (၂၀) ဖာ၊ ချောကလက် (၂) ဖာ၊Rove Light Up Loli Pop   (၄)ဖာ၊ သကြားလုံး (၁၀) ဖာ၊ ရေညှိမုန့် (၅) ဖာ စုစုပေါင်း (၆) မျိုး ခန့်မှန်းတန်ဖိုး ၂၇၁၂၀၀၀ ကျပ်အား စစ်ဆေးတွေ့ရှိသဖြင့် အေ ကာက်ခွန်အမှုတွဲ ဖွင့်လှစ် သိမ်းဆည်းခဲ့ပြီး အဆိုပါ သိမ်းဆည်း ခဲ့သည့် ကားတာယာများနဲ့ စားသောက်ကုန်ပစ္စည်းများ စုစုပေါင်းခန့်မှန်း တန်ဖိုး (၅၂၇၇၀၀၀) ကျပ် အား ကျိုင်းတုံမြို့နယ် အကောက်ခွန်ဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်းအပ်နှံ ခဲ့ပြီးဖြစ် တယ်လို့သိရပါ တယ်။

                  

 

                                                                                                                                                                 

  DCCA DCCA

တရားမဝင်သယ်ဆောင်လာသော ကြက်သွန်ဖြူအိတ်များ ပိုင်ရှင်မဲ့အဖြစ်သိမ်းဆည်းရမိ

Mon, 01/12/2015 - 10:54 -- dccaadmin
Myanmar

 

နောင်ချို Asia World Toll Gate အနီး ယာယီအခြေပြု၍ မန္တလေး-မူဆယ်လမ်းကြောင်း တစ်လျှောက်မှာ စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး လုပ်ငန်း များ ဆောင်ရွက်စဉ် ဇန်နဝါရီလ ၂ ရက်နဲ့ ၄ ရက် ၀၃ း၀၀ ချိန်များမှာ မူဆယ်မှ မန္တလေးလမ်းကြောင်း အတိုင်း ဝင်ရောက်စစ်ဆေးခံသော ခရီးသည်တင်မှန်လုံယာဉ်နဲ့ ယာဉ်ငယ်များအား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှ သိုဝှက်သယ်ဆောင်လာတဲ့ ကြက်သွန်ဖြူအိတ်၂၀၀ (၅၀၀၀ ကီလိုဂရမ်) ခန့်မှန်း တန်ဖိုး၂၀၀၀၀၀၀ ကျပ်အား သိမ်းဆည်း ရမိခဲ့တယ်လို့ သတင်း ရရှိပါတယ်။ ဇန်နဝါရီလ  ၅ ရက်နေ့  ၁၀ း ၀၀ နာရီအချိန်မှာ အဖွဲ့စုံဖြင့် လေလံတင်ရောင်းချ ပြီးဖြစ်တယ်လို့ သိရပါတယ်။

DCCA DCCA

တရားမဝင်အကောက်ခွန်မဲ့ကုန်ပစ္စည်းများ ကျပ် ၃၈၂ သန်းကျော်ဖိုး ဖျက်ဆီးခဲ့

Mon, 01/12/2015 - 10:12 -- dccaadmin
Myanmar

 

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလထိ Mobile Team များမှ တရားမဝင်အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ ကျပ်သန်း  ၃၈၂ ဒသမ ၆၅၄ သန်းခန့်၊ အမှုတွဲအားဖြင့် ၁၅၅ မှုကို ဖျက်ဆီးနိုင်ခဲ့ တယ်လို့ သတင်းရရှိပါတယ်။ Mobile Teamအလိုက် ဖျက်ဆီးခဲ့မှုတွေကတော့ လရ-၁ ၃၇ မှု ကျပ် ၁၁၅ သန်းကျော်၊ လရ-၂ ၂၁ မှု ကျပ် ၃၅ ဒသမ ၆၂၅ သန်းကျော်၊ မူဆယ်ထုတ်နုတ်အင်အား ၃၇ မှု ကျပ် ၁၉၄ သန်းကျော်၊  တာချီလိတ်ထုတ်နုတ်အင်အား ၂၅ မှု၊ ကျပ်သန်း  ၂၀ ကျော်၊ ကျိုင်းတုံ ထုတ် နုတ်အင်အား ၃၅ မှု ကျပ် ၁၆ သန်းကျော် အသီးသီးဖြစ်ပါတယ်။Mobile Teamအဖွဲ့များဟာ တရား မဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီရဲ့ ကြီးကြပ်မှုနဲ့ဆောင်ရွက်တဲ့စခန်းလမ်း ကြေ ာင်းအလိုက် Mobile Team များအနေနဲ့  ကုန်သွယ်မှုပမာဏတိုးတက်မြင့်မားရေး တရားဝင်လမ်း ကြောင်းပေါ်သို့ တရားမဝင်ကုန်သွယ်မှုများရောက်ရှိစေရေးအတွက် သတ်မှတ်လုပ်ထုံးလုပ်နည်း များ နဲ့အညီ အထက်ဌာနများရဲ့ လမ်းညွှန်ချက်အတိုင်း စနစ် တကျဆောင်ရွက်လျက်ရှိ နေကြောင်း သတင်းရရှိပါတယ်။

                                                                                                                                                                  

DCCA DCCA

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလထိ တရားမဝင် အကောက်ခွန်မဲ့ကုန်ပစ္စည်းဖမ်းဆီးရမိမှု ကျပ် ၁၂၁၉၈ သန်းကျော်ရ

Mon, 01/12/2015 - 10:09 -- dccaadmin
Myanmar

 

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလထိ တရားမဝင် အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ ဖမ်းဆီး ရမိမှုမှာ ခန့်မှန်းတန်ဖိုးကျပ် ၁၂၁၉၈ ဒသမ ၆၈၆ သန်းကျော်ရှိတယ်လို့ သတင်းရရှိပါတယ်။ အမှုတွဲ အရေအတွက် ပေါင်း၂၁၃၈ ခုဖြစ်ပြီး Mobile Team အလိုက် ဖမ်းဆီးရမိမှု အသေးစိတ် ကိုဖော်ပြပေး လိုက်ရပါတယ်-

       စဉ်   Mobile Team                               အမှုတွဲအရေအတွက်  ခန့်မှန်းတန်ဖိုး (ကျပ်သန်း)

       (က) မူဆယ်-မန္တလေးလမ်းကြောင်း(လရ-၁)  ၅၃၀                      ၃၀၀၂.၂၃၉

       (ခ)   မြဝတီ-ရန်ကုန်လမ်းကြောင်း(လရ-၂)   ၄၆၉                      ၁၀၄၅.၉၂၅

       (ဂ)   မူဆယ်ထုတ်နုတ်အင်အား                 ၉၇၀                      ၇၃၈၀.၁၅၇

       (ဃ) တာချီလိတ်ထုတ်နုတ်အင်အား            ၁၅၆                      ၆၉၃.၁၁၃

       (င)   ကျိုင်းတုံထုတ်နုတ်အင်အား                ၁၁                        ၇၀.၂၅၂

       (စ)   တမူးထုတ်နုတ်အင်အား                    ၂                          ၇.၀၀၀

              စုစုပေါင်း                               ၂၁၃၈                ၁၂၁၉၈.၆၈၆

တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့ Mobile Team များမှ ဖမ်းဆီးရမိသော အကောက် ခွန်မဲ့ကုန်ပစ္စည်းအမျိုးအစားမှာ - ကျောက်စိမ်း၊ ကျောက်မျက်၊ အင်ကြင်းကျောက်၊ သလင်းကျောက်၊ စကျင်ကျောက်၊ သတ္တုကျောက်မှုန့်၊ သစ်မျိုးစုံ (တမလန်း၊ ပိတောက်၊ သင်းဝင်၊ သစ်မာ၊ ကျွန်းခွဲသား) သစ်တောထွက်ပစ္စည်းများ (သစ်ခွ၊ ချိပ်)၊ ဘီယာ၊ အရက်မျိုးစုံ၊ စီးကရက်၊ အချိုရည်ပုလင်း၊ မုန့်မျိုးစုံ၊ စားဆီ၊ ဆေးပစ္စည်းမျိုးစုံ၊ အေးခဲဘဲသား၊ အေးခဲကြက်သား၊ ပင်လယ်စာ၊ အသားတု၊ ကြက်အသည်း အမြစ်၊ ပုစွန်ဖြူ၊  ဝက်အူချောင်း၊ ကြက်အူချောင်း၊ အမဲသားခြောက်၊ မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်၊ မော်တော်ယာဉ် အပိုပစ္စည်း၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်း၊ စက်ပစ္စည်းအမျိုးမျိုး၊ Mobile Handsets မျိုးစုံ၊ ဆက် သွယ်ရေး ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ အဝတ်အထည်များ၊ လူသုံးကုန် ပစ္စည်းများ၊ ကလေးကစားစရာများ၊  ပရိဘောဂများ၊ တိရစ္ဆာန် (ကျွဲ၊ နွား၊ လိပ်၊ ခွေး(အိမ်ခွေး)၊ ကြက် သားပေါက်)၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ အပင် အားဆေး၊ ဓါတ်မြေသြဇာ၊ ရွက်ဖျန်းဆေး၊  ဆန်၊ ကြက်သွန်ဖြူ၊ စားတော်ပဲ၊ သစ်သီးစိုများဖြစ်ကြပါတယ်။

                                                                                                                                                                  

DCCA DCCA

အများပြည်သူစားသုံးရန်မသင့်သောဘေးအန္တရာယ်ဖြစ်စေမည့် စားသောက်ကုန်များနဲ့ အများပြည်သူ သုံးစွဲရန် မသင့်သော ကုန်ပစ္စည်းကျပ် ၃၉၁ သန်းကျော်ဖိုး ဖျက်ဆီးခဲ့

Mon, 01/12/2015 - 09:59 -- dccaadmin
Myanmar

 

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလထိ Mobile Team များမှ အများပြည်သူ စား သုံးရန် မသင့်သော ဘေးအန္တရာယ်ဖြစ်စေတဲ့ စားသောက်ကုန် ပစ္စည်းများနဲ့ အများပြည်သူသုံးစွဲရန် မသင့်သော ကုန်ပစ္စည်းများကို အမှုတွဲအားဖြင့်  ၁၂၇ ခု၊ တန်ဖိုးအားဖြင့် ကျပ်  ၃၉၁ ဒသမ ၈၅၅ သန်း (ခန့်မှန်း) အားဖျက်ဆီးနိုင်ခဲ့ ပါတယ်။ Mobile Team အလိုက် ဖျက်ဆီးဆောင်ရွက်နိုင်မှုများကို  ၂၀၁၂-၂၀၁၃  ဘဏ္ဍာနှစ် ကာလတူနဲ့ နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်-

                             တန်ဖိုး- ကျပ်သန်း

  စဉ်             Mobile Team                     ၂၀၁၃-၂၀၁၄                     ၂၀၁၂-၂၀၁၃

                                                          အမှုတွဲ      ခန့်မှန်းတန်ဖိုး  အမှုတွဲ      ခန့်မှန်းတန်ဖိုး

  (က)           မူဆယ်-မန္တလေးလမ်းကြောင်း  ၄၆          ၂၄၄.၆၆၈      ၇၃          ၁၅၄.၆၅၂

                   လရ-၁

  (ခ)            မြဝတီ-ရန်ကုန်လမ်းကြောင်း    ၁၁          ၁၁.၀၁၄        ၂၈           ၅၁.၀၈၆

                   လရ-၂

  (ဂ)            မူဆယ်ထုတ်နုတ်အင်အား       ၆၇          ၁၁၆.၄၇၃      ၅၂           ၄၅.၀၃၁

  (ဃ)           တာချီလိတ်ထုတ်နုတ်အင်အား ၁            ၁.၂၀၀          ၄             ဝ.၈၆၈

  (င)            တမူးထုတ်နုတ်အင်အား         -             -                  ၁၀           ၂၂.၃၆၉

  (စ)            ကန်ပိုက်တီးထုတ်နုတ်အင်အား ၂            ၁၈.၅၀၀        -              -                                     

                   စုစုပေါင်း                      ၁၂၇       ၃၉၁.၈၅၅    ၁၆၇       ၂၇၄.၀၀၆                        

                                                                                               

DCCA DCCA

ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၂ ဆကျော် ပိုမိုတင်ပို့

Fri, 01/09/2015 - 14:35 -- dccaadmin
Myanmar

 

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒီဇင်ဘာ ၂၈ ရက်မှ ဇန်နဝါရီလ ၃ ရက်နေ့ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၁၀၉ သန်း တန်ဖိုးရှိ ရော်ဘာ ၈၈၆ တန်တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၄၁၄ တန်သာ တင်ပို့နိုင်ခဲ့တာမို့ ယခု သီတင်းပတ်မှာ ၄၇၂ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နိုင်ငံအလိုက် တင်ပို့မှုများကတော့ မလေးရှားနိုင်ငံကို RSS-3 ၆၇၅ တန်၊ MSR  50 ၂၅ တန်နဲ့ စင်ကာပူနိုင်ငံကို   MSR 20  ၁၈၆ တန်ကျော် ဖြစ်ပါတယ်။

ဒီဇင်ဘာလတစ်လလုံးမှာတော့ ကန်ဒေါ်လာ ၃ ဒသမ ၈၇၀ သန်းတန်ဖိုးရှိ ရော်ဘာ ၃၀၁၅ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံး နိုဝင်ဘာလထက် ၆၇၃ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုသီတင်းပတ်မှာနိုင်ငံတကာရော်ဘာဈေးများ အပြောင်းအလဲ သိပ်မရှိတဲ့ အတွက် ပြည်ပပို့မဲ့ မြန်မာ့ရော်ဘာများလည်း ဈေးနှုန်းအတက်အကျ မရှိဘဲယခင်တစ်ပတ်ဈေးအတိုင်းဘဲရှိနေတယ်လို့ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းက ထုတ်ပြန်ထားပါတယ်။ အသင်းက ထုတ်ပြန်ထားတဲ့ ဈေးများကို ဖော်ပြလိုက်ပါတယ်-

 

              RSS 1                 တစ်တန်လျှင် ဒေါ်လာ                     ၁၄၅၀-၁၅၅၀

              RSS 2                 တစ်တန်လျှင် ဒေါ်လာ                      ၁၄၀ဝ-၁၅၀ဝ

              RSS 3                 တစ်တန်လျှင် ဒေါ်လာ                      ၁၃၅၀-၁၄၅၀

              RSS 4                 တစ်တန်လျှင် ဒေါ်လာ                      ၁၃၀ဝ-၁၄၀ဝ

              RSS 5                 တစ်တန်လျှင် ဒေါ်လာ                      ၁၂၅၀-၁၃၅၀

             RSS 10                တစ်တန်လျှင် ဒေါ်လာ                      ၁၃၅၀-၁၄၅၀

             RSS 20                 တစ်တန်လျှင် ဒေါ်လာ                      ၁၃၀ဝ-၁၄၀ဝ

             RSS 50                 တစ်တန်လျှင် ဒေါ်လာ                      ၁၂၀ဝ-၁၃၀ဝ

            Crepe Rubber       တစ်တန်လျှင် ဒေါ်လာ                      ၁၁၅၀-၁၂၅၀

 

                                                                                                                                      ယဉ်ယဉ်အေး MIRT (DCCA)

                                                                                     

 

Pages

Subscribe to RSS - Department of Trade