Department of Trade

တရားမဝင်အကောက်ခွန်မဲ့ကုန်ပစ္စည်းများ ကျပ် ၃၈၂ သန်းကျော်ဖိုးဖျက်ဆီးခဲ့

Mon, 01/19/2015 - 12:45 -- dccaadmin
Undefined

 

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလထိ Mobile Team များမှ တရားမဝင်အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ ကျပ်သန်း  ၃၈၂ ဒသမ ၆၅၄ သန်းခန့်၊ အမှုတွဲအားဖြင့် ၁၅၅ မှုကို ဖျက်ဆီး နိုင်ခဲ့ တယ်လို့ သတင်းရရှိပါတယ်။ Mobile Team အလိုက် ဖျက်ဆီးခဲ့မှုတွေကတော့ လရ-၁ ၃၇ မှု ကျပ်  ၁၁၅ သန်းကျော်၊ လရ-၂ ၂၁ မှု ကျပ် ၃၅ ဒသမ ၆၂၅ သန်းကျော်၊ မူဆယ်ထုတ်နုတ်အင်အား ၃၇ မှုကျပ် ၁၉၄သန်းကျော်၊  တာချီလိတ်ထုတ်နုတ်အင်အား ၂၅မှု၊ ကျပ်သန်း၂၀ ကျော်၊ ကျိုင်းတုံထုတ် နုတ်အင်အား ၃၅ မှု ကျပ် ၁၆ သန်းကျော် အသီးသီးဖြစ်ပါတယ်။

Mobile Team အဖွဲ့များဟာ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီရဲ့ ကြီးကြပ်မှုနဲ့ဆောင်ရွက်တဲ့စခန်းလမ်းကြောင်းအလိုက် Mobile Team များအနေနဲ့ ကုန်သွယ်မှုပမာဏတိုး တက်မြင့်မားရေး တရားဝင်လမ်းကြောင်းပေါ် သို့ တရားမဝင်ကုန်သွယ်မှုများ ရောက်ရှိစေရေး အတွက် သတ်မှတ်လုပ်ထုံးလုပ်နည်း များနဲ့အညီ အထက်ဌာနများရဲ့ လမ်းညွှန်ချက်အတိုင်း စနစ်တကျ ဆောင် ရွက်လျက်ရှိ နေကြောင်း သတင်းရရှိပါတယ်။

                                                                                          

      DCCA DCCA

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလထိ တရားမဝင် အကောက်ခွန်မဲ့ကုန်ပစ္စည်းဖမ်းဆီးရမိမှု ကျပ် ၁၂၁၉၈ သန်းကျော်ရှိ

Mon, 01/19/2015 - 12:37 -- dccaadmin
Myanmar

 

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလထိ တရားမဝင်အကောက်ခွန်မဲ့ကုန်ပစ္စည်းများ ဖမ်းဆီး ရမိမှု မှာ ခန့်မှန်းတန်ဖိုး ကျပ် ၁၂၁၉၈ ဒသမ ၆၈၆ သန်းကျော်ရှိတယ်လို့ သတင်းရရှိပါတယ်။ အမှုတွဲ အရေအတွက် ပေါင်း ၂၁၃၈ ခုဖြစ်ပြီး Mobile Team အလိုက် ဖမ်းဆီးရမိမှုအသေးစိတ်ကို ဖော်ပြပေး လိုက်ရပါတယ်-

          စဉ်               Mobile Teamအမှုတွဲအရေအတွက်   ခန့်မှန်းတန်ဖိုး (ကျပ်သန်း)

          (က)             မူဆယ်-မန္တလေးလမ်းကြောင်း(လရ-၁) ၅၃၀    ၃၀ဝ၂.၂၃၉

          (ခ)               မြဝတီ-ရန်ကုန်လမ်းကြောင်း(လရ-၂)  ၄၆၉    ၁၀၄၅.၉၂၅

          (ဂ)               မူဆယ်ထုတ်နုတ်အင်အား       ၉၇၀    ၇၃၈၀.၁၅၇

          (ဃ)             တာချီလိတ်ထုတ်နုတ်အင်အား ၁၅၆    ၆၉၃.၁၁၃

          (င)               ကျိုင်းတုံထုတ်နုတ်အင်အား     ၁၁      ၇၀.၂၅၂

          (စ)               တမူးထုတ်နုတ်အင်အား         ၂        ၇.ဝဝဝ

                             စုစုပေါင်း        ၂၁၃၈  ၁၂၁၉၈.၆၈၆

တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့ Mobile Team များမှဖမ်းဆီးရမိသော အကောက် ခွန်မဲ့ကုန်ပစ္စည်းအမျိုးအစားမှာ - ကျောက်စိမ်း၊ ကျောက်မျက်၊ အင်ကြင်းကျောက်၊ သလင်းကျောက်၊ စကျင်ကျောက်၊ သတ္တုကျောက်မှုန့်၊ သစ် မျိုးစုံ (တမလန်း၊ ပိတောက်၊ သင်းဝင်၊ သစ်မာ၊ ကျွန်းခွဲသား) သစ်တောထွက်ပစ္စည်းများ (သစ်ခွ၊ ချိပ်)၊ ဘီယာ၊ အရက်မျိုးစုံ၊ စီးကရက်၊ အချိုရည်ပုလင်း၊ မုန့်မျိုးစုံ၊ စားဆီ၊ ဆေးပစ္စည်းမျိုးစုံ၊ အေးခဲဘဲသား၊ အေးခဲကြက်သား၊ ပင်လယ်စာ၊ အသား တု၊ ကြက်အသည်း အမြစ်၊ ပုစွန်ဖြူ၊ ဝက်အူချောင်း၊ ကြက်အူချောင်း၊ အမဲသားခြောက်၊ မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်၊မော်တော်ယာဉ် အပိုပစ္စည်း၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်း၊ စက်ပစ္စည်းအမျိုးမျိုး၊ Mobile Handsets မျိုးစုံ၊ ဆက် သွယ်ရေး ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ အဝတ်အထည်များ၊ လူသုံး ကုန်ပစ္စည်းများ၊ ကလေးကစားစရာများ၊  ပရိဘောဂများ၊ တိရစ္ဆာန် (ကျွဲ၊ နွား၊ လိပ်၊ ခွေး(အိမ်ခွေး)၊ ကြက်သားပေါက်)၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ အပင်အားဆေး၊ ဓါတ်မြေဩဇာ၊ ရွက်ဖျန်းဆေး၊  ဆန်၊ ကြက်သွန်ဖြူ၊ စားတော်ပဲ၊ သစ်သီးစိုများဖြစ်ကြပါတယ်။

                                                                                         

       DCCA DCCA

ဆူဒိုအဖက်တမင်းဆေးပြား ၁၅ သိန်းဖမ်းဆီးရမိ

Mon, 01/19/2015 - 12:33 -- dccaadmin
Myanmar

 

 

၂၀၁၅ ဇန်နဝါရီလ ၁၃ ရက် ၂၄းဝ၀ ချိန်တွင် နယ်စပ်ဂိတ်အမှတ် ၁ နှင့် နမ့်ဖာလုံဈေးအကြား နယ်စပ်အနီးတွင် လုံခြုံရေးတာဝန်ယူထားသော ရှေ့တန်းစစ်ကြောင်း၊ လုံခြုံရေးတပ်စုအခြေပြုရာ ကင်းစခန်း ရှေ့မှ ဆန်အိတ်များ သယ်ဆောင် လာသည်ဟု ပြောဆိုပြီး ဆူဒိုအဖက်တမင်း ဆေးပြား အိတ်များ သယ်ဆောင် သွားကြောင်း၊ တမူးမြို့နယ်မူးယစ်ရဲတပ်ဖွဲ့မှ သတင်းရရှိခဲ့သဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ တမူးမြို့၊ ဈေးတန်း (၈)ရပ်ကွက်ရှိ  ဦး xxx နေအိမ် အနောက်ဘက်တွင် သိုဝှက်ထားသည့် ဆူဒိုအဖက်တမင်းဆေးပြား (၁၅) သိန်း၊ တန်ဖိုးရူပီးသိန်း ၁၂၀ (ကျပ် ၁၈၉၆ သိန်း) ဖိုးခန့် ဖမ်းဆီး ရမိခဲ့ ကြောင်းနှင့် အဆိုပါဆူဒိုအဖက်တမင်းဆေးပြား သည်စိတ်ြွကဆေးထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် အသုံးပြုခြ င်းဖြ စ်ကြောင်းသိရှိရသည်။ ဖမ်းဆီးရမိမှုအား OSS အစည်းအဝေးတွင် သတင်းချပြဆွေး နွေးခဲ့ပြီး ဖြစ်ကြောင်း ကနဦးသတင်းအရသိရှိရပါသည်။

 

                                                                                  

    နေထက်မင်း (တမူး)

ပိုမိုတင်ပို့နိုင်တဲ့ ဝဥခြောက်

Mon, 01/19/2015 - 12:30 -- dccaadmin
Myanmar

 

ဝဥ ကိုဇွန်လမှာ စိုက်ပျိုးပြီး နိုဝင်ဘာလနဲ့ ဒီဇင်ဘာလမှာဖော်ကြပါတယ်။ ယောနယ်မှာ ဝဥပင်ကို နှစ်နှစ်သားအထိရှိပြီးမှ တူးဖော်ယူကြပါတယ်။ ယောဒေသအခေါ် ဖျံဥလို့လည်း ခေါ်ကြပါတယ်။ အလေ့ကျပေါက်တဲ့ ဝဥပင်များဟာ နတ်တော် ၊ ပြာသိုလမှာ ဖြိုင်ဖြိုင်ပေါ်ပြီး တစ်ဥလျှင် အနိမ့်ဆုံး ၁ ပိဿာမှ ၂ ပိဿာကျော်ထိရှိတယ်လို့သိရပါတယ်။ ဒီလိုရာသီပေါ်ချိန်ဖြစ်လို့လည်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်ဈေးကွက်မှာ ဝဥခြောက်တင်ပို့မှုဟာ အပတ်စဉ်ပုံမှန် တင်ပို့နေ တာတွေ့ ရပါတယ်။ ဇန်နဝါရီ ၃ ရက်မှ ၉ ရက်သတ္တပတ်မှာတော့ ကန်ဒေါ်လာ သုည ဒသမ ၁၀၁ သန်းတန်ဖိုးရှိ ဝဥခြောက် ၅၅ တန်ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ဝဥခြောက် တန် ၅၀သာ တင်ပို့ခဲ့တာမို့ ယခုတစ်ပတ်မှာ ဝဥခြောက်တင်ပို့မှု ပိုမိုလာပါတယ်။ ယခုအခါ ဝဥခြောက်လုပ်ငန်းတွေ တွင်ကျယ်လာ လို့ တောထဲမှာ အလေ့ကျ ပေါက်ရောက်နေတာကို စိုက်ခင်းတွေနဲ့ စိုက်ပျိုးလာကြကာ မြောင်းပေါင် တင်ပြီးလည်း စိုက်ပျိုးလာကြတယ်လို့ သိရပါတယ်။

 

                                                                          

   မော်မော်အောင် MIRT   (DCCA)

ဖရဲ၊ လိမ္မော်စုံလင်စွာ တင်ပို့နိုင်တဲ့ ဒို့မြန်မာ

Mon, 01/19/2015 - 12:28 -- dccaadmin
Myanmar

 

 

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ၂၀၁၅ ဇန်နဝါရီလ ၁ ရက်မှ ၁၀ ရက် တာကာလအတွင်း ကန်ဒေါ်လာ ၅ ဒသမ ၅၂၀ သန်းတန်ဖိုးရှိ ဖရဲသီး ၄၃၅၄၁ တန်၊ ကန်ဒေါ်လာ ၁ ဒသမ၂၀၁ သန်းတန်ဖိုးရှိ သခွားမွှေး ၅၈၈၉ တန်ခွဲ ကန်ဒေါ်လာ သုည ဒသမ ၂၀၅ သန်းတန်ဖိုးရှိ ဆီးသီး တန် ၁၅၀ဝ နဲ့ ကန်ဒေါ်လာ ၅၂၅ တန်ဖိုးရှိ အုန်းသီး ၃ တန်ခွဲကိုလည်းကောင်း၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၂၃၃၅ တန်ဖိုးရှိ ဖရဲသီး ၁၈တန်ကို လည်းကောင်း၊ မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ၂၄၃၂၇ တန်ဖိုးရှိ လိမ္မော်သီး ၁၃၂ တန်ကိုလည်းကောင်း အသီးသီးတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။

 

                                                                           

  မော်မော်အောင် MIRT   (DCCA)

 

ပဲမျိုးစုံ တင်ပို့တဲ့ တရုတ်နယ်စပ်

Mon, 01/19/2015 - 10:22 -- dccaadmin
Myanmar

 

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်စခန်းမှ ဇန်နဝါရီလ ၃ ရက်မှ ၉ ရက်တာကာလ အတွင်း ကန်ဒေါ်လာ သုည ဒသမ ၉၉၁ သန်းတန်ဖိုးရှိ ပဲတီစိမ်း (လုံးပြည့်) ၃၁၆ တန်၊ (လုံးခြမ်း) ၁၆ တန်၊ ပဲလွန်းဖြူ ၁၀၂ တန်ခွဲ၊ ပဲကြီး  ၄၂ တန်၊ ပဲယင်း ၃၆ တန်ခွဲ၊ ပဲပုတ်စေ့ ၁၁၉ တန်၊ ကုလားပဲ ၄၇ တန်ခွဲ၊ ဘိုကိတ်ပဲ ၁၂ တန်ခွဲ၊ မြေပဲဆန် ၂၇၈ တန်နဲ့ ထောပတ်ပဲ ၆၇ တန်တို့ကို တင်ပို့နိုင်ခဲ့ပါတယ်။

မူဆယ်ကုန်စည်ဒိုင်ရဲ့ ယခင်အပတ်နဲ့ ယခုအပတ်ပဲဈေးနှုန်းများကို မိမိဘက်ပေါက်ဈေးနဲ့ တစ်ဘက် နိုင်ငံဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်-

                                  မိမိဘက်ပေါက်ဈေး                             တစ်ဖက်နိုင်ငံဈေး

                                  ယခုတစ်ပတ်             ယခင်တစ်ပတ်      ယခုတစ်ပတ်   ယခင်တစ်ပတ်

                                                              (တန်/ကျပ်)         (တန်/ဒေါ်လာ)

       ပဲတီစိမ်း                ၁၂၇၉၄၀၂               ၁၂၈၂၅၁၅          ၁၂၃၃           ၁၂၃၃ 

       ပဲယင်း                  ၆၆၉၆၈၄                 ၆၇၁၃၅၇            ၆၄၅             ၆၄၆

       ပဲပုတ်စေ့               ၆၄၄၇၆၇                 ၆၄၆၃၇၈            ၆၂၁             ၆၂၂

       ပဲလွန်းဖြူ               ၆၆၉၉၈၄                 ၆၇၁၃၅၇            ၆၄၅             ၆၄၆

       မြေထောက်ပဲ          ၁၀၅၁၇၄၄               ၁၀၅၄၃၇၁          ၁၀၁၃           ၁၀၁၄

       ပဲကြီး                    ၉၁၈၈၅၄                 ၉၂၁၁၄၉            ၈၈၅             ၈၈၆

       ထောပတ်ပဲ            ၇၆၁၀၄၇                 ၇၆၂၉၄၈            ၇၃၃             ၇၃၄   

 

                                                                       

မော်မော်အောင်MIRT (DCCA)

မြဝတီကုန်သွယ်ရေးဇုန်က ဒီဇင်ဘာလအတွင်း လယ်ယာထွက်ကုန် ၂၇၀ဝ တန်ကျော် တင်ပို့နိုင်

Thu, 01/15/2015 - 10:00 -- dccaadmin
Myanmar

 

 မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ် ကုန်သွယ်ရေးဇုန်က ဒီဇင်ဘာလအတွင်း အဓိကပို့ကုန်ဖြစ်သော လယ်ယာထွက်ကုန်ကို ကန်ဒေါ်လာ ၁ ဒသမ ၇၆၀ သန်း၊ တန်ချိန်၂၇၀၇ တန်နီးပါးတင်ပို့ နိုင်ခဲ့ပါ တယ်။ ဒီဇင်ဘာလအတွင်း တင်ပို  ့နိုင်သော လယ်ယာထွက်ကုန်များမှာ မြေပဲဆံ  ၅၅၀ တန်ကျော်၊ ပဲတီစိမ်း  ၃၅၁ တန်၊ ငရုတ်သီးခြောက် ၁၈၄ တန်ကျော်၊ ကြက်သွန်နီ ၁၂၉၈ တန်ကျော်၊ နှမ်းနက်  ၆၈ တန်ကျော်၊ မတ်ပဲတန်၂၁၀ ကျော်၊ သီဟိုစေ့ ၈ တန်ကျော်၊ ချင်းခြောက်  ၇တန်ကျော်၊ နနွင်း တက်၂၁ တန်နဲ့ နွယ်ချို၇ တန်ကျော် ဖြစ်ပါတယ်။

မြဝတီကုန်သွယ်ရေးဇုန်က ယခုတစ်ပတ်တွင်းမှာလည်း ကန်ဒေါ်လာ သုည  ဒသမ ၅၀၅ သန်းတန်ဖိုးရှိ ကြက်သွန်နီတန်၈၇၀ ကျော်၊ မြေပဲဆံ တန်၃၄၀ နီးပါးနဲ့ ငရုတ်သီးခြောက်၂၉ တန်ကျော်တင်ပို့နိုင်ခဲ့ပါ တယ်။

                                                                        

    ခင်မြနွယ်MIRT (DCCA)

၂၀၁၅ ခုနှစ်အဖွင့်မှာ ဆန်တင်ပို့မှုအားရဖွယ်ကောင်း

Thu, 01/15/2015 - 09:31 -- dccaadmin
Myanmar

 

 

၂၀၁၅ ခုနှစ်ရဲ့ နှစ်စပိုင်း ဇန်နဝါရီလ ပထမပတ်မှာ မြန်မာ-တရုတ်နယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေးစ ခန်းများမှ ဆန်တင်ပို့မှုဟာ အားကောင်းလျက်ရှိပါတယ်။ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန် ဒေါ်လာ ၁၂ ဒသမ ၆၅၀ သန်းဖိုးရှိတဲ့ ငစိန် ဆန် ၂၀၅၅၀ တန်နဲ့ ဧည့်မထဆန် ၁၃၂၄၂ တန် တင်ပို့ခဲ့ပြီး ယခင်သီတင်းပတ်ထက် တန်ချိန် ၁၈၀ဝ ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ လွယ်ဂျယ်စခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၄၂၇ သန်းဖိုးရှိ ဧည့်မထ ၄၀၅၆ တန်ကို တင်ပို့ခဲ့ပြီး၊ ယခုတစ်ပတ်မှာ ၁၂၃၃ တန်ကို ပိုမိုတင်ပို့ နိုင်ခဲ့သလို၊ ချင်းရွှေဟော်စခန်းမှလည်း ကန်ဒေါ်လာ သုည ဒသမ၄၃၆ သန်းဖိုးရှိ ဧည့်မထဆန် ၁၁၆၄ တန်ကို တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်သီတင်းပတ်ထက် ၉၁၄ တန်အသီးသီးပိုမို တင်ပို့နိုင်တာတွေ့ရ ပါတယ်။ စခန်း ၃ ခုစလုံးရဲ့ စုစုပေါင်းတင်ပို့မှုဟာ ကန်ဒေါ်လာ ၁၄ ဒသမ ၅၁၃ သန်းဖိုးရှိပြီး တန်ချိန် အားဖြင့် ၃၉၀၁၂ တန်ရှိ တယ်လို့ စာရင်းများအရသိရှိရပါတယ်။

ဆန်သာမက မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ၂ ဒသမ ၈၇၁ သန်းဖိုးရှိ ဆန်ကွဲ ၈၈၂၆ တန်၊ လွယ်ဂျယ်မှ ကန်ဒေါ်လာ သုည ဒသမ ၈၀ဝ သန်းဖိုးရှိ ဆန်ကွဲတန် ၂၅၀ဝ၊ ချင်းရွှေဟော်စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၁၆၉ သန်းဖိုးရှိ ဆန်ကွဲ ၅၂၃ တန်ကိုလည်းတင်ပို့ခဲ့ရာ စုစုပေါင်း တန်ချိန် ၁၁၈၄၉ တန် တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၉၆၁၉ တန် ပိုမို တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါတယ်။

                                                                          

   ယဉ်ယဉ်အေးMIRT (DCCA)

ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံးတွင် စားသုံးသူအကာအကွယ်ပေးရေး အကြောင်းသိကောင်း စရာများဟောပြော ဆွေးနွေးပွဲ

Wed, 01/14/2015 - 13:34 -- dccaadmin
Myanmar

 

စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ ထုတ်လုပ်ရောင်းချသူ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်၊ တားမြစ်ချက်များ၊ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေပါ အကြောင်း အရာများနှင့် ပြစ်မှုပြစ် ဒဏ်များကို စားသုံးသူပြည်သူ အားလုံး သိရှိစေရန် ရည်ရွယ်ချက်ဖြင့် စားသုံးသူ ကာကွယ်ပေးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ ဝန်ထမ်းများသည် အစားအသောက် င့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာန ၊မြန်မာနိုင်ငံ စားသုံးသူ ကြိုတင်ကာ ကွယ်ရေး အသင်းတို့နှင့် ပူးပေါင်း၍ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၁၀း၃၀မှ ၁၂း၃၀နာရီ အထိ ရန်ကုန် တို င်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဋ္ဌာန၊အုပ်ချုပ်ရေး မှူးရုံး အစည်းအဝေး ခန်းမတွင် စားသုံးသူ အကာအကွယ်ပေးရေး အကြောင်းသိကောင်း စရာများ ဟောပြောဆွေးနွေး ပွဲကျင်းပ ခဲ့ပါသည်။

ဟောပြောေ ဆွးနွေးပွဲတွင် ရန်ကုန်တိုင်းဒေ သကြီးဦးစီးမှူးရုံး၊ လက်ထောက် ညွှန်ကြားရေးမှူး၊ ဦးမင်းသိန်းမှ နိုင်ငံတော်က ၂၀၁၄ ခုနှစ်၊ မတ်လ၁၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၀)ဖြင့် စားသုံးသူအကာအကွယ်ေ ပးရေး ဥပဒေကို ပြဌာန်းပြီးဖြစ်ကြောင်း၊ ဥပဒေ၏ ရည်ရွယ်ချက် အောင်မြင်စေရန် ၂၀၁၄ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် စားသုံးသူ အကာ အကွယ်ပေးရေး ဗဟိုကော် မတီကို ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ  စားသုံးသူ များ၏ နစ်နာမှုကို ဖြေရှင်း ဆောင်ရွက်ပေးရန် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ အဆိုပါအဖွဲ့ကို အထောက်အကူပြုရန် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေး လုပ်ငန်းကော်မတီ၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှု ဆိုင်ရာ လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းပေးခဲ့ပါသည်။

 စားသုံးသူ တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး လုပ်ငန်းကော်မတီမှ စားသုံးသူများ၏ တိုင်ကြားမှုအပေါ် လက်ခံ ဆောင်ရွက်ခြင်းနှင့် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုများသည် စားသုံးသူအပေါ် အမှန်တကယ် ထိခိုက် နစ်နာမှုရှိ။မရှိကို စုံစမ်း စ စ်ဆေးပေး မည်ဖြစ်ကြောင်း၊ ထုတ်ကုန်များ လုံခြုံစိတ် ချရမှု ဆိုင်ရာလုပ်ငန်း ကော်မတီသည် ပြည်တွင်း။ပြည်ပမှ ဝင်ရောက် လာသော ကုန်စည်များ လုံခြုံစိတ်ချရမှု ရှိစေရန် စစ်ဆေးခြင်းနှင့် ပြည်တွင်း တွင်လည်း လုံခြုံစိတ်ချ ရမှုမရှိသော ကုန် စည် (သို့မဟုတ်)ဝန် ဆောင်မှုများအား ဖြန့်ဖြူးရောင်းချခြင်း မရှိစေရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၊ စားသုံးသူများအ နေဖြင့် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေတွင်ပါရှိသည့် အခွင့်အရေး၊ ရပိုင်ခွင့်များကို ရယူနိုင် သကဲ့သို့ တာဝန် များကိုလည်း လိုက်နာရန်လိုအပ်ကြောင်း ၊ ထုတ်လုပ် ရောင်းချသူ စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့်လည်း မိမိတို့၏ တာဝန်၊ တားမြစ်ချက်များကို လိုက်နာရန် လိုအပ်ကြောင်းအသေး စိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ဆက်လက်၍ အစား အသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (ရန် ကုန်ရုံးခွဲ)မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာစိုးဝင်းက အစားအစာများသည် စိုက်ပျိုးသည်မှ စားသုံးရန် စားပွဲသို့ ရောက်သည်အထိ (From Farm to Table) ထုတ်လုပ်မှု လုပ် ငန်းစဉ် အဆင့်ဆင့်မှာ အရေးကြီးကြောင်း၊ အစားအစာများပြုလုပ်ရာတွင်  ရုပ်ဝတ္တုပစ္စည်းများဖြစ်သည့် ဖန်ကွဲစ၊ ဆံပင်ချည်၊ ကလစ်၊ ကြက်ဥခွံများ ပါဝင်ခြင်းကြောင့် Physical Health ကိုထိခိုက်စေခြင်း ၊ဓါတု ပစ္စည်းများပါဝင်သည့် ပတ်ဝန်း ကျင်ညစ်ညမ်းမှု၊ ရေမသန့်ရှင်းခြင်းတို့ကြောင့်Chemical Health ကို ထိခိုက်စေခြင်း ၊ဇီဝပစ္စည်းများပါဝင်သည့် ကုန်ကြမ်းပစ္စည်းများ၊ ကုန်ပစ္စည်းထုတ် လုပ်သည့် စက်ရုံများရှိ ဝန်ထမ်းများ၏ သန့်ရှင်းမှုမရှိခြင်းကြောင့် Biology Health ကိုထိ ခိုက်စေခြင်းစသည်တို့ဖြစ် ပေါ်လျှင် စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်နိုင်ပါကြောင်းနှင့် အစားအသောက်များ ဘေးအန္တ ရာယ်ကင်းရှင်းစေရန်အတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ ကိုအကျယ်တဝင့်ရှင်း လင်းဆွေး နွေးခဲ့ပါသည်။

မြန်မာနိုင်ငံစားသုံးသူ ကြိုတင်ကာကွယ်ရေး အသင်း ဘဏ္ဍာရေးမှူး ဒေါ်အမာချိုမှ အသင်းသူ/ အသင်း သားများအနေဖြင့် မသေမချင်း မနေတတ်၍ ဒီအလုပ်လုပ်နေရ စကားအတိုင်း စားသုံးသူကာကွယ် ရေး လုပ်ငန်းများကို ဝိုင်းဝန်း ပူးပေါင်း လုပ် ကိုင်နေခြင်းဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်အတွက် ပလတ်စတစ်များ အသုံးပြုခြင်းမှ လျှော့ချရန်လိုကြောင်း၊ ဆရာ။ဆရာမများ အနေဖြင့် ကျောင်းမုန့်ဈေးတန်းတွင် ဘေးဥပဒ်အန္တရာယ် ကင်းသည့်မုန့် များ ကို ရောင်း ချနိုင်ရန်ဈေးသည်များကို အသိပညာနှင့် ဗဟုသုတပေးရန် လိုအပ်ကြောင်း၊ စားသုံးသူပြည်သူများ အနေဖြင့် အစားအသောက် များ စားသုံးရာ တွင် ရွေးချယ် စားသုံးကြ ရန်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှရန်ကုန်တိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၊  စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေးကော်မတီ၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းပေးခြင်း အားဖြင့် စားသုံးသူများ၏ အငြင်းပွားမှုများကို စေ့စပ်ညှိနှိုင်းဖြေရှင်း ပေးခြင်း၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုများသည် စားသုံးသူအပေါ် အမှန်တကယ် ထိခိုက်နစ်နာ မှုရှိ၊မရှိ စုံစမ်းစစ်ဆေးခြင်းများနှင့် ပြည်တွင်း။ပြည်ပမှ ဝင်ရောက်လာသော ကုန်စည်များ လုံခြုံစိတ်ချ ရမှုရှိစေရန် စစ်ဆေး ခြင်းများကို ဆောင်ရွက်ခြင်းစသည့် အကျိုးကျေးဇူးများကို စားသုံးသူပြည်သူများ ရရှိကြမှာဖြစ်ပါသည်။

ဟောပြောဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူနှင့်ဝန်ထမ်းများ၊ အစားအ သောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်ရုံးခွဲ)မှတာဝန်ရှိသူ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊မြို့နယ် ကျန်းမာရေးဦးစီးမှူး ၊ မြန်မာနိုင်ငံ စားသုံးသူကြိုတင် ကာကွယ်ရေးအသင်း ဘဏ္ဍာရေးမှူး နှင့်တစ်ဦး၊ မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ အထက်တန်းကျောင်း(၅)ကျောင်း၊ အလယ်တန်းကျောင်း(၁)ကျောင်း၊ မူလတန်းကျောင်း (၁၉)ကျောင်းတို့မှ ဆရာ/ ဆရာ မများ ၊ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ဈေးရောင်း ချသူများ စုစုပေါင်း (၇၈)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါ သည်။

                                                                                                                                                                                                           

မိုးမိုးကြည်(စားသုံးသူ) ရန်ကုန်

ဧပြီလမှဒီဇင်ဘာလအထိ Mobile Team အဖွဲ့များမှ ကျပ်သန်း ၃၄၀၀ ကျော်ဖိုးသိမ်းဆည်းနိုင်

Mon, 01/12/2015 - 14:34 -- dccaadmin
Myanmar

 

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလ အထိကျောက်စိမ်းနဲ့ သတ္တုတွင်းထွက် ပစ္စည်းများကို ခန့်မှန်းတန်ဖိုး ကျပ်သန်းပေါင်း ၃၄၀၀ ကျော်ကို Mobile Team အဖွဲ့များမှ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ အမှုတွဲများ ကတော့ ကျောက်စိမ်း ၇၁ မှု အင်ကြင်းကျောက် ၅ မှု၊ သလင်း ကျောက် ၈ မှု၊ စကျင်ကျောက် ၇ မှု၊ သတ္တုကျောက်မှုန့် ၁၉ မှု ၊ စုစုပေါင်းအမှုတွဲ ၁၁၀ ခန့် ရှိတယ်လို့ သိရပါတယ်။ ယခင် ဌာနဆိုင်ရာများပူူးပေါင်းအဖွဲ့ (one stop services) ဦးဆောင်သည့် ၂၀၁၄-၂၀၁၅ မှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ထိ ဖမ်းဆီးရမိကျောက်စိမ်းနဲ့ တွင်းထွက်ပစ္စည်းများကို အမှုတွဲ ၃၂၂ မှုနဲ့ ခန့်မှန်းတန်ဖိုး ကျပ်သန်း သုည ဒသမ ၀၆၈ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။         

                                                                                                                                              

  DCCA DCCA

Pages

Subscribe to RSS - Department of Trade