Department of Trade

တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိရှိစည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဆောင်ရွက်မှ အောင်မြင်မှုရ

Thu, 01/08/2015 - 09:29 -- dccaadmin
Myanmar

 

ဒီဇင်ဘာ ၃၁ ရက်နေ့က မောင်တောမြို့ ဒေဝါနဒီ အစည်းအဝေး ခန်းမမှာ ကျင်းပပြုလုပ်တဲ့ နယ်စပ်ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ် ရေးမှူးက မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်း ရဲ့၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ကုန်သွယ်မှု ပမာဏလျာထား ချက်အပေါ် အမှန်ဆောင်ရွက်နိုင်မှုကို လေ့လာကြည့် တဲ့အခါ ကုန်သွယ်မှုပမာဏများကို လအလိုက် ကျော်လွန်ပြည့်မီအောင် ဆောင်ရွက်နိုင် တာတွေ့ရကြောင်း၊ကုန်သွယ်မှုတိုး တက်ေ ရး အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ မောင်တောကုန်သည်ကြီးများအသင်းနဲ့ လုပ်ငန်းရှင်များ အမြဲမပြတ် ပေါင်းစပ်ဆောင်ရွက်နေတာ တွေ့ရှိနေရ ကြောင်း၊ တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိရှိ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဆောင် ရွက်လုပ် ကိုင်မှသာ အောင်မြင် မှာဖြစ်ကြောင်း၊ ကုန်သွယ်မှု လုပ်ငန်းများ သာမက အခြားဌာနဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာမှာလည်း အခက်အခဲများရှိပါကအမြဲတန်း ဆက်သွယ်ပြောဆိုတင်ပြနိုင်ပါကြောင်း၊ အဖွင့်အမှာစကားမှာ ထည့်သွ  င်းပြော ကြားခဲ့တယ်လို့ သတင်း ရရှိပါတယ်။ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းရဲ့ ပို့ကုန်များမှာ ငါးခြောက်၊ စက်မှုကုန်ချောပစ္စည်းများ၊ ရေငန်ပုစွန်နဲ့ သစ်တောထွက်ကုန် ဝါးတို့ဖြစ်ပြီး သွင်းကုန်ပိုင်းမှာ လူသုံးကုန်များ အများဆုံး တင် သွင်းနေ တာဖြစ်ပါတယ်။

         

                                                                                     

မြင့်မြင့်မာ MIRT (DCCA)

အနီးစပ်ဆုံးကာလထက်ကုန်သွယ်မှုပမာဏပိုမိုဆောင်ရွက်နိုင်တဲ့ စစ်တွေနယ်စပ်

Thu, 01/08/2015 - 09:20 -- dccaadmin
Myanmar

 

   ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် စစ်တွေနယ်စပ် ကုန်သွယ်ရေး စခန်းမှ ပို့ကုန်ကန်ဒေါ်လာ သုည ဒသမ ၆၄၁ သန်း၊ သွင်းကုန်ကန်ဒေါ်လာ သုည ဒသမ ဝ၀၅ သန်းဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ သုည ဒသမ ၆၄၆ သန်းဆောင်ရွက်နိုင်ခဲ့ပါတယ်။

 အနီးစပ်ဆုံး ကာလဖြစ်တဲ့ ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် ပို့ကုန်ကန်ဒေါ်လာ သုည ဒသမ ၅၅၂ သန်း ဆောင်ရွက်နိုင်ခဲ့ပြီး သွင်းကုန်ဆောင်ရွက်မှု မရှိခဲ့တဲ့အတွက် စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းဟာ အနီးစပ်ဆုံး ကာလဖြစ် တဲ့ နိုဝင်ဘာ လနဲ့ နှိုင်းယှဉ်ပါက ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ သုည ဒသမ ဝ၉၄၃ သန်းဖိုး ပိုမိုဆောင်ရွက်နိုင်ခဲ့တာ ကိုတွေ့ရပါတယ်။     

 ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် အများဆုံး တင်ပို့ခဲ့တဲ့ ပို့ကုန်ပစ္စည်းတွေကတော့ လယ်ယာထွက် ကုန်ပစ္စည်းများ ဖြစ်တဲ့ မန်ကျည်းစေ့၊ ချင်းအစို၊ ဇီးသီးခြောက်၊ မန်ကျည်းဖက်၊ နနွင်းတက်၊ ကြက်သွန်နီ၊ ရေထွက် ကုန်ပစ္စည်းများ ဖြစ်တဲ့ရေချိုငါး (ငါးမြစ်ချင်း)၊ (ငါးခေါင်းပွ)၊ ငါးသေတ္တာခြောက်၊ ငါးနီတူခြောက်နဲ့စက်မှုကုန်ချောပစ္စည်းများဖြစ်တဲ့စောင်နဲ့ကလေးစီးဖိနပ်တို့ဖြစ်ကြပါတယ်။                                                                                                                                                      

 

တင်တင်ထွန်းMIRT (DCCA)

ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေး လစဉ်ကျင်းပနေရခြင်းမှာ ...

Wed, 01/07/2015 - 13:01 -- dccaadmin
Myanmar

 

ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးများကို လစဉ်နယ်စပ် ကုန်သွယ်ရေး စခန်းများမှာ ကျင်းပလျက်ရှိ ပါတယ်။ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေး ကျင်းပရခြင်းမှာ ကုန်သည် လုပ်ငန်းရှင်များ ကုန်သွယ် မှုပြုရာမှာ ကြုံတွေ့ရတဲ့ ကုန်သွယ်မှု ဆိုင်ရာ အခက်အခဲများရှိက ညှိနှိုင်းဖြေရှင်းဆောင် ရွက်ပေးနိုင်ရန် ဖြစ်ကြောင်း၊ ဌာနများရဲ့ ညွှန်ကြားချက်များ၊ လုပ်ထုံး လုပ်နည်းများကို အချိန်နဲ့ တစ်ပြေးညီ သိရှိနားလည်နိုင်ရန် ဖြစ်ပါကြောင်း၊ လုပ်ထုံးလုပ်နည်း မူဝါဒဆိုင်ရာများ ကိုကုန်သည် လုပ်ငန်းရှင်များ၊ ကုမ္ပဏီ ကိုယ်စားလှယ် (Agent)များ သိရှိနားလည် ထားပါက လုပ်ငန်းဆောင်ရွက်ရာမှာ အဆင်ပြေ လွယ်ကူစွာ ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း၊ ကုန်သည် လုပ်ငန်းရှင်များအတွက် ပြုလုပ်တဲ့ အစည်းအဝေးဖြစ် တဲ့အ တွက်ကုန် သည် လုပ်ငန်းရှင်များ အစည်းအဝေးကို မပျက်မကွက် တက်ရောက်သင့်ကြောင်း၊ ဒီဇင်ဘာ လ၂၇ရက်နေ့က မြဝတီနယ်စပ် ကုန်သွယ်ရေးဇုန် အစည်းအဝေး ခန်းမမှာပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့် တင်ရေး အစည်းအဝေးမှာ မြဝတီနယ် စပ်ကုန် သွယ်ရေးဇုန်မှ တာဝန်ခံ ညွှန်ကြားရေးမှူး ဦးမြင့်ကျော် က ပြောကြားခဲ့ တယ်လို့ သတင်းရရှိပါတယ်။

 

                                                                               

     MIRT (DCCA)

ကုန်သွယ်မှုတိုးတက်နေတဲ့ မောတောင်

Wed, 01/07/2015 - 12:53 -- dccaadmin
Myanmar

 

မြန်မာ-ထိုင်းနယ်စပ် မှာရှိတဲ့ မောတောင်စခန်းဟာ ဒီဇင်ဘာလအတွင်း ပို့ကုန်ကန်ဒေါ်လာ သုည ဒသမ ဝ၀၂ သန်း၊ သွင်းကုန်ကန်ဒေါ်လာ သုည ဒသမ ဝ၁၇ သန်းဆောင်ရွက်နိုင်သဖြင့် ကုန်သွယ် မှုပမာဏ ကန်ဒေါ်လာ သုည ဒသမ ဝ၁၉ သန်း ရရှိခဲ့ပါတယ်။အနီးစပ်ဆုံးကာလနဲ့ နှိုင်းယှဉ်ပါက ပို့ကုန်ကန်ဒေါ်လာ သုည ဒသမ ဝ၀၂ သန်း၊ သွင်းကုန်ကန်ဒေါ်လာ သုည ဒသမ ဝ၁၁ သန်း ပိုမိုသဖြင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ သုည ဒသမ ဝ၁၃ သန်း ပိုမိုဆောင် ရွက်နိုင်ခဲ့ ပါတယ်။ မောတောင် နယ်စပ်ကုန်သွယ်ရေးအနေနဲ့ ဒီဇင်ဘာလအတွင်း ရေငန်ငါး၂ တန် တင်ပို့ခဲ့ပြီး သွင်းကုန်အနေနဲ့ ဒီဇယ် ၁၂ တန်၊ ဘိလပ်မြေ တန် ၆၀ ၊ လိမ္မော်သီး ၁ တန်ကျော် တင်သွင်းနိုင်ခဲ့ပါတယ်။

                                                                                     

ခင်မြနွယ် MIRT (DCCA)

တရားမဝင်သယ်ဆောင်လာတဲ့ သစ်အယ်နဲ့သစ်ယာများ

Wed, 01/07/2015 - 12:50 -- dccaadmin
Myanmar

 

တာချီလိတ် Mobile Team အဖွဲ့ဟာ ဇန်နဝါရီလ (၄)ရက်နေ့ ဝ၃၃၀ ချိန်မှာ လွယ်စတုံရှောင်ကွင်း လမ်းမှာသတင်းအရ ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ် ဝ၄း၃၀ ချိန်ခန့်မှာ မိုင်းဟဲကျေးရွာဘက်မှ တာချီလိတ်ဘက်သို့ ယာဉ်မောင်း အိုက်ဟုန်မောင်းနှင် လာတဲ့ အီတန်ယာဉ် (1ဌ|xxxx) ကိုတားဆီးစစ် ဆေးရာမှာ တရားမဝင် သယ်ဆောင်လာတဲ့ သစ်အယ်နဲ့သစ်ယာများကို စစ်ဆေးတွေ့ရှိတဲ့ အတွက် နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရန် လုပ်ထုံးလုပ်နည်းနဲ့ အညီသိမ်း ဆည်းရမိသစ်များနဲ့ သယ်ဆောင် လာသူများကိုလည်း တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံခဲ့တယ်လို့ သတင်းရရှိပါတယ်။ စစ်ဆေးတွေ့ရှိရတဲ့ သစ်များကတော့ သစ်အယ် ၅ချောင်း သုညဒသမ၃၂၈၆ တန်နဲ့သစ်ယာ ၈၁ ချောင်း၃ ဒသမ ၈၈၇ တန်လို့သိရပါတယ်။

                                                                     

        တင်တင်ထွန်း MIRT (DCCA)

ပြန်လှည့်မောင်းနှင်ထွက်ပြေးယာဉ်ပေါ်မှ ကျောက်စိမ်းဟုယုူဆရသောကျောက်တုံးအရွယ်စုံ ၁၀ဝ၂ ကီလိုဂရမ်ကျော် သိမ်းဆည်းရမိ

Wed, 01/07/2015 - 12:45 -- dccaadmin
Myanmar

 

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်စခန်းထုတ်နုတ် Mobile Team အဖွဲ့ဟာ မန္တလေး-မူဆယ် ပြည် ထောင်စု လမ်းမကြီးပေါ်မှာ မော်တော်ယာဉ်များကို စစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် ဇန်နဝါရီလ ၄ ရက် ၁၆းဝ၀ ချိန်မှာ လားရှိုးဘက် မှ မောင်းနှင်လာတဲ့ Toyota Ipsum ယာဉ်အမှတ်1G/xxxxဟာပို့ကုန် Mobile Team အဖွဲ့စစ်ဆေးမှုပြုလုပ်တဲ့ နေရာမရောက်မီမှာ ပြန်လှည့်မောင်းနှင် ထွက်ပြေးမှု ပြုခဲ့ပါတယ်။ ထိုယာဉ် နောက်သို့ ယာဉ်များဖြင့် လိုက်လံပိတ် ဆို့တား ဆီးမှုပြုခဲ့ရာ ယာဉ်ပေါ်မှ ကျောက်စိမ်းလို့ ယူဆရတဲ့ ကျောက်တုံး အရွယ်စုံ ၁၈ တုံး၊ အလေးချိန်အားဖြင့် ၁၀ဝ၂ ဒသမ ၇၈ ကီလိုဂရမ်၊ ခန့်မှန်းတန်ဖိုးအားဖြင့် ကျပ်သိန်း ၁၀ဝ၀ ခန့်အား စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါ တယ်။ဒါ့အပြင် ကျောက်စိမ်းလို့ ယူဆရတဲ့ ကျောက်များကို တရားမဝင် သယ်ဆောင်လာ တဲ့ယာဉ်ဟာလည်း တရားမဝင်သယ်ဆောင်လာကြောင်း စိစစ်တွေ့ရှိရတဲ့အတွက် လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမယ်လို့ သတင်းရရှိပါတယ် ။              

                                                                                               

DCCA  DCCA

လာမဲ့နှစ်မှာ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှု ၁၅၀ ရာခိုင်နှုန်းကျော်ထိမြှင့်တင်သွားမည်

Wed, 01/07/2015 - 12:41 -- dccaadmin
Myanmar

 

မြန်မာ-ထိုင်း နယ်စပ်ရှိ မဲဆောက်နဲ့မြဝတီ နယ်စပ်မြို့များရဲ့ ကုန်သွယ်မှုများ ၂၀၁၅ ခုနှစ်မှာ တိုးမြှင့်လာရေး ပူးပေါင်းဆောင်ရွက် သွားကြမယ်- ၁၅၀ ရာခိုင်နှုန်းကျော်ထိ မြှင့်တင်သွားမယ်လို့ Thai News Agency (TNA) သတင်းမှာဖော်ပြထား ပါတယ်။ နိုင်ငံခြားကုန်သွယ်မှုဌာန Duangporn Rodphaya ညွှန်ကြားရေးမှူးချုပ်က ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံ တာဝန်ရှိသူများ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ နှောင်းပိုင်းမှ တွေ့ဆုံပြီး မဲဆောက်-မြဝတီညီအမမြို့တော်များ ကုန်သွယ်မှု တိုးမြှင့်ရေး လုပ်ေ ဆာင် သွားမယ်လို့ TNA သတင်းဌာနကိုပြောကြား လိုက်တာဖြစ်ပါတယ်။ နှစ်နိုင်ငံမှတာဝန် ရှိသူများဟာ နှစ်နိုင်ငံကုန် သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုများ လွယ်ကူချောမွေ့စေရေးအတွက် လမ်းကြောင်း/ အချိတ် အဆက်များဖော် ဆောင်လုပ်ကိုင် သွား ကြမှာဖြစ်ပါတယ်။

Duangporn ကတာ့ခ်ခရိုင်မဲဆောက်ဒေသကို Phop Phrai eJY Mae Ramat ဒေသများကဲ့သို့ ဖွံ့ဖြိုး တိုးတက်အောင်ဆောင် ရွက်သွားမယ်၊ မြဝတီမှာ အထုူးစီးပွားရေးဇုန် ထူထောင်သလို မဲဆောက်မှာ လည်း စီးပွားရေးဇုန် ထူထောင်နိုင်ရေး ေ ဆာင်ရွက်သွားမယ်၊ ထိုင်းအစိုးရဟာ မြဝတီနဲ့ ကော့ကရိတ် လမ်းပိုင်း ကောင်းမွန်ရေးအတွက် အထောက်အကူပြုရန် အသင့်ရှိနေပြီး ဇူလိုင်လမှာ လမ်းပိုင်းပြု ပင် ရေး ပြီးစီးမယ်လို့ ခန့်မှန်းကြောင်း ပြောကြားလိုက် ပါတယ်။ Duangporn ရဲပြောကြားချက်အရ မဲဆောက်ဒေသရဲ့ျ နှစ်စဉ်ကုန်သွယ်မှုပမာဏဟာ ဘတ်၆၀ဘီလီယံရှိနေပြီး လာမဲ့နှစ်၂၀၁၅ ခုနှစ်မှာဘတ်၁၅၀ဘီလီယံထိ တိုးမြှင့်ဆောင်ရွက်နိုင်မယ်လို့ ခန့်မှန်းထားတယ်လို့သိရပါတယ်။                                                     

                                                                                              

  MIRT (DCCA)

တစ်ဖက်နိုင်ငံ Retail Market များမှ ဝယ်ယူသောစားသောက်ကုန်များအား FDA ရုံးချုပ်သို့ နမူနာ ပို့စစ်ဆေးခံ၍တင်သွင်းလို

Wed, 01/07/2015 - 12:02 -- dccaadmin
Myanmar

 

တစ်ဖက်နိုင်ငံမှ ထုတ်လုပ်တဲ့ စားသောက်ကုန် များဖြစ်တဲ့ ပါပလာ၊ အချိုရည်၊ ဘီစကစ်မျိုးစုံနဲ့ စွန်ပလွန်ယို တွေကို မြန်မာ-အိန္ဒိယ နယ်စပ်ဒေသအတွင်း သုံးစွဲလျက်ရှိကြပါတယ်။ အဆိုပါစား သောက်ကုန်များကို မိုရေးနဲ့ အင်ဖာမြို့များရှိ Retail Market အတွင်းမှ မှာယူနေကြသဖြင့် တစ်ဖက် နိုင်ငံ FDA ထောက်ခံချက်ရရှိရန် ခက်ခဲပါကြောင်း၊ တစ်ဖက်နိုင်ငံလုပ် စားသောက်ကုန်များနဲ့ ပတ် သက်ပြီး အစားအသောက်နမူနာများအား မြန်မာနိုင်ငံ FDA သို့ နမူနာပေးပို့ အစစ်ဆေးခံပြီး စားသုံးရန် သင့်တော်ပါက (Fit For human consumphion) FDA ထောက်ခံချက် ထုတ်ပေးနိုင်ရေး နေပြည်တော် အစည်းအဝေးတစ်ခုမှာ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ တွေ့ဆုံစဉ် တင်ပြဆွေးနွေး ခဲ့ပါကြောင်း၊ သို့ပါ၍ FDAရုံးချုပ်သို့ အစားအသောက် နမူနာပေးပို့ အစစ ဆေးခံပြီး စားသုံးရန် သင့်တော်ပါက FDA ထောက်ခံချက် ထုတ်ပေးနိုင်ရေး တင်ပြပေးရန် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က တမူးနယ်စပ် ကုန်သွယ်ရေး အစည်း အဝေး ခန်းမမှာ ကျင်းပပြုလုပ်တဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ ကလေး-တမူး-ကလေးဝ နယ်စပ်ကုန်သွယ်ရေး ကုန်သည်များ ဥက္ကဋ္ဌ ဦးလှမောင်က ဆွေးနွေးတင်ပြခဲ့တာဖြစ်ပါတယ်။ တမူးနယ်စပ် ကုန်သွယ်ရေး စခန်းတာဝန် ခံက သက်ဆိုင်ရာ FDA ဌာနနဲ့ပေါင်းစပ်ညှိနှိုင်း တင်ပြဆောင်ရွက်ပေးသွား မယ်လို့ ဖြေကြားခဲ့ကြောင့်း သတင်းရရှိပါတယ်။

                                                                                     

MIRT (DCCA)

 

Mobile Team မှသိမ်းဆည်းရမိအေးခဲပင်လယ်စာများအားမြေမြှုပ်ဖျက်ဆီးပြီးဖြစ်

Wed, 01/07/2015 - 09:15 -- dccaadmin
Myanmar

 

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ထုတ်နုတ်အင်အား Mobile Team အဖွဲ့မှ ဒီဇင်ဘာလ ၂၅ ရက်နေ့က ရှောင်ကွင်းလမ်းမှာ စုပုံထားသော စားသုံးရန် မသင့်တဲ့ အေးခဲပင်လယ်စာများအား သိမ်းဆည်းရ မိခဲ့ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ မူ ဆယ်မြို့နယ် အကောက်ခွန် ဦးစီးဌာနသို့ အပ်နှံထားခဲ့ပါတယ်။ အဆိုပါ အေးခဲ ပင်လယ်စာများမှာ အလေးချိန်အားဖြင့် ၂၄၂၇ ကီလိုဂရမ် ခန့်မှန်းတန်ဖိုးအားဖြင့် ကျပ် ၁၂ ဒသမ ၁၃၅ သန်း ရှိတယ်လို့ သိရပါတယ်။ သိမ်းဆည်းရမိတဲ့နေ့ ညနေ ၁၅းဝ၀ ချိန်မှာ မူဆယ်မြို့ နယ်အကောက်ခွန်မှူး ဦးစီးတဲ့ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ ပါဝင်တဲ့ အဖွဲ့စုံနဲ့ မူဆယ်မြို့နယ်အ ကောက်ခွန်ရုံးဝင်း အတွင်းမှာ မြေမြုပ်ဖျက်ဆီး ခဲ့တယ်လို့ သတင်းရရှိ ပါတယ်။

Mobile Team အဖွဲ့များဟာ တရားမဝင် ကုန်သွယ်မှု တားဆီးရေးလုပ်ငန်း များအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးသာမက ကုန်သွယ်မှု မြှင့်တင်ရေး နဲ့စားသုံးသူ အကာအကွယ်ပေးရေး တာဝန်များကိုပါ အထောက် အကူပြုဆောင်ရွက်နေ တယ်လို့သ တင်းရရှိပါတယ်။  

                                                                                            

    DCCA  DCCA

လူစီးရထားနဲ့တင်ဆောင်လာသောတရားမဝင်ကန့်သတ်ကုန်ပစ္စည်းများရဲ့ခန့်မှန်းတန်ဖိုးမှာ ကျပ် ၁၄၅ သန်းကျော်ဖိုးဖြစ်

Mon, 01/05/2015 - 13:20 -- dccaadmin
Myanmar

 

ဒီဇင်ဘာလ၂၁ ရက်နေ့ ၁၈း၂၀ ချိန်တွင် မော်လမြိုင်-ရန်ကုန် အမှတ်(၉၀)အစုန် အမြန် ရထားပေါ်မှာ ကန့်သတ်ကုန် ဘီယာ၊ ကွမ်းစားဆေးနဲ့ အကောက်ခွန်မဲ့လုပ်ငန်းသုံးနဲ့ အိမ်သုံးပစ္စည်း များတင်ဆောင်လာကြောင်း သတင်းရရှိသဖြင့် ရန်ကုန် ဘူတာကြီးသို့ ရထားဆိုက်ရောက်စဉ် Mobile Team အဖွဲ့မှ ရှာဖွေရာ တရားမဝင်ကန့်သတ်ကုန်များကို တွေ့ရှိခဲ့ကြောင်း ဒီဇင်ဘာလ ၂၉ ရက်နေ့ ထုတ် Commerce Journal အတွဲ ၁၄၊ အမှတ် ၅၀ တွင်ဖော်ပြထားခဲ့ပြီး ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ရန်ကုန်ဘူတာကြီးကုန်သိုလှောင်ရုံမှ ဆူးလေဆိပ်ကမ်းအတွင်းရှိ မြေပြင် ချစစ် သိုလှောင်ရုံသို့ ပို့ဆောင်ပြီး အသေးစိတ်စစ်ဆေးရာ ထိုင်းနိုင်ငံထုတ် Chang Beer ဘူးကြီး (၁ x၂၄ ဘူး) ပါကင်အကောင်း ၁၁၈ ဖာ၊ ထိုင်းနိုင်ငံထုတ် Leo Beer (၁ x၂၄ ဘူး)ပါ ပါကင်အကောင်း ၆၀၄ ဖာ၊ အိန္ဒိယနိုင်ငံထုတ် Saga Sakdi Tobacco  ဆေးရွက်ကြီးပေါင်း ကွမ်းစားဆေး (၁ x ၁၀ x၄၀ ဘူး) ၁၈၆ ပါကင် (၇၄၄၀၀ ဘူး)၊ အိန္ဒိယနိုင်ငံထုတ် ဆေးရွက်ကြီးပေါင်း ကွမ်းစားဆေး (၁ x ၁၀ x  ၃၀ ဘူး) ၃၉ပါကင် (၁၁၇၀၀ ဘူး) နဲ့ ပါကင်အပျက်များမှ Leo Beer (330 ml)(၃၃ဘူးူ)  ၄၄၈ဘူး စုစု ပေါင်းခန့်မှန်းတန်ဖိုး ၁၄၅၅၂၈၀၀၀ ကျပ်အား သိမ်းဆည်းရမိခဲ့သဖြင့် အကောက်ခွန်အမှုတွဲ ဖွင့် လှစ်ပြီးကြောင်းနဲ့ လိုင်စင် ID နှင့် တိုက်ဆိုင်စိစစ်ချက်အရ မှန်ကန်မှုရှိသော ပစ္စည်းများအား ပြန်လည် ထုတ်ပေးမည်ဖြစ်ကြောင်း နောက်ဆက်တွဲသတင်းအရ သိရှိရပါတယ်။

                                                                                                                                                                           

DCCA  DCCA

Pages

Subscribe to RSS - Department of Trade