Department of Trade

မြဝတီကုန်သွယ်ရေးဇုန်က လယ်ယာထွက်ကုန်တင်ပို့မှုပိုမို

Thu, 01/22/2015 - 12:15 -- dccaadmin
Myanmar

 

မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်က ဇန်နဝါရီလ ၁၀ ရက်မှ ၁၆ ရက်တာကာလအတွင်း ကန်ဒေါ်လာ သုညဒသမ ၆၁၁ သန်းတန်ဖိုးရှိ လယ်ယာထွက်ကုန်များဖြစ်သော ကြက်သွန်နီ ၃၆၈တန်ကျော်၊ မြေပဲဆံ ၄၆၃ တန်ကျော်၊ နနွင်းတက် ၆ တန်ကျော်၊ နှမ်း၂၈ တန်ကျော်၊ သီဟိုစေ့ ၃ တန်ကျော်နဲ့ငရုတ်သီး ခြောက်တန် ၆၀ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်တစ်ပတ်ကတင်ပို့နိုင်ခြင်း မရှိသောနနွင်းတက်၊ နှမ်းနဲ့သီဟိုစေ့ကို ယခုတစ်ပတ်မှာတင်ပို့မှုရှိလာခဲ့ တာကြောင့် ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက ကန်ဒေါ်လာ သုညဒသမ ၁၁၀ သန်း ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

 

                                                                                     

ခင်မြနွယ် MIRT (DCCA)

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ မရမ်းကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ စန္ဒိမာခန်းမတွင် စားသုံးသူအကာအကွယ်ပေးရေးအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေး

Thu, 01/22/2015 - 12:00 -- dccaadmin
Myanmar

 

ပြည်သူများ နေ့စဉ် စားသုံးနေသည့် အစား အသောက်များ ဘေးအန္တရာယ် ကင်းရှင်းစေရန် အဟာရ ပြည့်ဝပြီး ကျန်းမာရေးနှင့်ပြည့်စုံသည့် အစားအစာများ ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူ စားသုံးတတ် စေရန်ရည်ရွယ်၍ ကူးသန်းရောင်း ဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန် ရှိသူနှင့်ဝန်ထမ်းများသည် ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံစားသုံးသူ ကြိုတင် ကာကွယ်ရေး အသင်းတို့နှင့် ပူးပေါင်း၍ ၂၀၁၅ခုနှစ်၊ ဇန်နဝါရီလ ၂၀ရက်နေ့တွင် ရန်ကုန် တိုင်းေ ဒသကြီး၊ မရမ်းကုန်းမြို့နယ် အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း၊ စန္ဒိမာခန်းမတွင် စားသုံးသူအ ကာအကွယ်ပေးရေးအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးပွဲကျင်းပခဲ့ပါသည်။

ဆွေးနွေးပွဲတွင် မရမ်းကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ကျောင်း အုပ်ဆရာကြီး ဦးခင်မောင်အေးမှ မိမိတို့စားဝတ်နေရေးအတွက် လူတိုင်းကိုယ်တိုင် ထုတ်လုပ် နိုင်မှု မရှိသဖြင့် အရင်းအနှီးရှိသူများမှ ထုတ်လုပ်ခြင်း၊ တစ်ဆင့်ပြန်လည်ရောင်းချခြင်းတို့မှ ဝယ်ယူစားသုံး ရပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များမှ ကုန်ပစ္စည်းများကို မှန်မှန်ကန်ကန် ထုတ်လုပ် ရောင်းချ ခြင်းမရှိကြ၍ဝယ်ယူ အသုံးပြုသူများ ရောဂါများဖြစ်ပွားနေကြောင်း ၊ယခုဟောပြောဆွေးနွေး ပွဲ၌ ပြော ကြား သည့်အချက်များ ကို ကျောင်းသား/ ကျောင်းသူများအနေဖြင့် သေချာစွာ နားစိုက်ထောင်ပြီး ကိုယ်တိုင်လိုက်နာကျင့်သုံးကြရန်နှင့် မိမိပတ်ဝန်းကျင်သို့လည်း ပြန်လည်ပြောကြားပေးကြရန် အဖွင့် အမှာ စကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၊ လက်ထောက် ညွှန်ကြား ရေးမှူး ဦးမင်းသိန်းမှ ယခုဟောပြောဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ကျောင်းသား ကျောင်း သူများအပါအဝင် စားသုံးသူများကို အကာ ကွယ်ပေးရန် စားသုံးသူအကာ အကွယ်ပေးရေးဥပဒေကို  ပြဌာန်းပေးခဲ့ပြီးဖြစ်သလို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူများ၏ အမှန်တကယ်ဆုံးရှုံးနစ်နာမှု၊ မကျေနပ်မှုများကိုတိုင်ကြား နိုင်ရန် စားသုံးသူတိုင်ကြားမှု လက်ခံဆောင် ရွက် ရေး လုပ်ငန်း ကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးကွက်များ၌ လုံခြုံစိတ်ချမှုမရှိသော ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် ကွင်းဆင်းလေ့လာ စစ်ဆေးခြင်းများဆောင်ရွက်ရန်၊ ထုတ်ကုန်များလုံခြုံ စိတ်ချမှုဆိုင်ရာ လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းခဲ့ပြီး ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် ကျောင်းသား ကျောင်းသူများအပါအဝင် စားသုံးသူများ ဘေးဥပဒ်အန္တရာယ် ကင်းရှင်းသည့် စားသောက်ကုန်များကို ဝယ်ယူစားသုံးနိုင်ရန် ကုန်ပစ္စည်းထုတ်လုပ်သည့် စက်မှုဇုန်များသို့ လည်းသွားရောက်၍ စီးပွားရေး လုပ်ငန်းရှင်များအား စားသုံးသူအကာ အကွယ်ပေးရေးဥပဒေနှင့် ပတ်သက် သည့် အသိပညာပေး ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝယ်ယူစားသုံးသည့် စားသောက်ကုန်၊ ဆေးဝါးများ တွင်ပါရှိ သည့် ညွှန်ကြားချက်များကို သေချာစွာဖတ်ရှု၍ လိုက်နာရန်လိုအပ်ကြောင်း၊  ဥပဒေ တွင်ပါရှိသည့်စား သုံးသူ၏အခွင့်အရေး၊ တာဝန်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

မရမ်းကုန်းမြို့နယ် ကျန်းမာရေးဆရာဝန် ဒေါက်တာဒေါ်အေးအေးမျိုးမှ အကင်၊ ဆိုးဆေး ပါအစား အသောက်များ၊ ဓါတုပစ္စည်းများအသုံးပြုထားသောအချိုရည်များ၊ယင်နားစာများ၏အန္တရာယ်၊ ဖော့ဘူး၊ ပလတ်စတစ်ဘူးများကို ပူသည့်ပစ္စည်း များထည့်သုံးခြင်းဖြင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများ အကြောင်းနှင့်အန္တရာယ် ကင်းသည့်အစားအသောက်များ ကိုကျန်းမာရေးသတိဖြင့် ရွေးချယ်၍ဆင် ခြင်စားသုံးဖို့လိုအပ်ကြောင် ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကြိုတင်ကာ ကွယ်ရေးအသင်း အတွင်းရေးမှူးဦးကိုကိုနိုင်မှလည်း အသင်းအနေဖြင့် စားသုံးသူအကာအကွယ် ပေးရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ တတ်နိုင်သလောက် ပါဝင်ဆောင်ရွက်နေကြောင်း၊ ကြာရှည်ခံအောင်ပြု လုပ်ထားသော အသင့် စားအစား အသောက်များမှာရေရှည်တွင် ဆိုးကျိုးဖြစ်နိုင်သဖြင့် ငါးနှစ်အောက် ကလေးငယ်များ လုံးဝမစားသင့်ကြောင်း၊ အစားအသောက် များကိုဂရုတစိုက် ရွေးချယ်ဝယ်ယူစား သုံးခြင်းမရှိလျှင်အဆိပ်ဝယ်စားသကဲ့သို့ဖြစ်နိုင်ကြောင်း၊ အစား အသောက်နှင့်ပတ်သက်သည့် ဗဟုသုတများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ဟောပြောဆွေးနွေးပွဲသို့ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေး ဆရာဝန်၊ မြန်မာနိုင်ငံစားသုံးသူ ကြိုတင်ကာကွယ်ရေး အသင်းအတွင်းရေးမှူး၊ အထက(၁) ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာ မများ၊ ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်း (၆၃၀)ဦး တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။

                                                                     

        ချောဥမ္မာနိုင်(စားသုံးသူ) ရန်ကုန်

မြဝတီနဲ့ မြိတ်နယ်စပ်မှ ရေထွက်ကုန်ပိုမိုတင်ပို့နိုင်

Thu, 01/22/2015 - 09:36 -- dccaadmin
Myanmar

 

မြန်မာ-ထိုင်းနယ်စပ်ဖြစ်သော မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်းနယ်စပ်ကုန်သွယ်ရေး စခန်းနဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းတို့မှ  ဇန်နဝါရီလ၁၀ ရက်မှ ၁၆ ရက်တာကာလအတွင်းကန် ဒေါ်လာ ၄ ဒသမ ၃၈၈ သန်းတန်ဖိုးရှိ ရေထွက် ကုန် ၃၄၈၈ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။  ယခင်သီ တင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၁၁၇၉ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

နယ်စပ်စခန်းများအလိုက် ဆောင်ရွက်နိုင်မှုများမှာ မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာသုည ဒသမ ၁၆၅ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ  ၉၁ တန်နီးပါး၊ ကဏန်း ၁၁ တန်ကျော်၊ ပုစွန် ၃ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၅ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၆၄၁ သန်း တန်ဖိုးရှိ ရေထွက်ကုန်များ ဖြစ်သော ငါးမျိုးစုံ ၆၇၉ တန်ကျော်၊ ပုစွန် ၅ တန်ကျော်၊ ပင်လယ် ငါးမှုန့် ၇ တန်ကျော်၊ ရေဘဝဲ၄ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက တန်  ၅၇၀ ကျော်လျော့နည်းတင်ပို့ခဲ့ပါတယ်။ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၃ ဒသမ ၅၈၂ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၁၄၀၉ တန်ကျော်၊ ရေငန်ပုစွန် ၉၄ တန်ကျော်၊ ကင်းမွန် ၃၉ တန်ကျော်၊ ငါးအ သားလွှာ ၂၄ တန်၊ ငါးမှုန့် တန် ၉၆၀၊ ပုစွန်ခြောက်၂ တန်ကျော်၊ ငါးခြောက် ၉ တန်ကျော်၊ ကဏန်း နီ၈၉ တန်ကျော်၊ ကဏန်းပျော့ ၅၅ တန်ကျော်၊ ခရုအသား၁ တန်ကျော်နဲ့ သဲကဏန်း အနည်းငယ် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၁၇၄၅ တန်နီးပါး ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။

 

                                                                                    

  ခင်မြနွယ် MIRT (DCCA)

နယ်စပ်ကုန်သွယ်ရေးစခန်းအလိုက် ဓါတ်မြေဩဇာ တင်သွင်းမှုအခြေအနေ

Thu, 01/22/2015 - 09:25 -- dccaadmin
Myanmar

 

စဉ်          စခန်းအမည်           ယခုသီတင်းပတ်        ယခင်သီတင်းပတ်    နှိုင်းယှဉ်ချက်

                                         တင်သွင်းမှုတန်ချိန်     တင်သွင်းမှုတန်ချိန်   (ပို/လို)

                                         ၁၀/၁ မှ ၁၆/၁          ၃/၁ မှ ၉/၁            +/- 

၁။           မူဆယ်                  ၁၄၂၈၆.၈၃၀            ၁၉၁၄၅.၂၅           (-)      ၄၈၅၈.၄၂၀

၂။           လွယ်ဂျယ်              -                            -                                   -

၃။           ချင်းရွှေဟော်          ၄၃၇.၇၅၀                ၇၉၇.ဝဝ               (-)      ၃၅၉.၂၅၀

၄။           တာချီလိတ်            -                            -                                   -

၅။           မြဝတီ                   ၂၉၀.၆၅၀                ၁၄၄.ဝဝ               (+)     ၁၄၆.၆၅၀

၆။           ကော့သောင်း          ၁၃၆.၈၆၈                ၁၆၅.ဝဝ               (-)      ၂၈.၁၃၂

၇။           မြိတ်                     -                            -                                   -

၈။           ရိဒ်                       ၄၃.၄၀ဝ                  -                         (+)     ၄၃.၄၀ဝ

              စုစုပေါင်း            ၁၅၁၉၅.၄၉၈        ၂၀၂၅၁.၂၅      (-)     ၅၀၅၅.၇၅၂

 

                                                          

တင်တင်ထွန်း MIRT (DCCA)

နယ်စပ်ကုန်သွယ်ရေးစခန်းအလိုက်ဘိလပ်မြေတင်သွင်းမှုအခြေအနေ

Thu, 01/22/2015 - 09:20 -- dccaadmin
Myanmar

 

စဉ်          စခန်းအမည်         ယခုသီတင်းပတ်        ယခင်သီတင်းပတ်      နှိုင်းယှဉ်ချက်

                                      တင်သွင်းမှုတန်ချိန်     တင်သွင်းမှုတန်ချိန်     (ပို/လို)

                                      ၁၀/၁ မှ ၁၆/၁          ၃/၁ မှ ၉/၁               +/- 

၁။           မူဆယ်               ၁၆၂၆.၅၀                ၁၅၂၈.၅၀                (+)     ၉၈.ဝဝ

၂။           လွယ်ဂျယ်           ၅၅၀                       ၄၇၈.၇၅                   (+)     ၇၁.၂၅

၃။           ချင်းရွှေဟော်        ၁၀ဝ.၅၀                  -                            (+)     ၁၀ဝ.၅၀

၄။           ကန်ပိုက်တီး         ၄၀၆၂.ဝဝ                ၃၂၀၁.ဝဝ                (+)     ၈၆၁.ဝဝ

၅။           တာချီလိတ်          ၇၀ဝ.ဝဝ                  ၃၀ဝဝ.ဝဝ                 (-)      ၂၃၀ဝ.ဝဝ

၆။           မြဝတီ                ၁၆၂၉.ဝဝ                ၄၂၁.၅၀                   (+)     ၁၂၀၇.၅၀

၇။           ကော့သောင်း       ၉၀၅၄.၅၀                ၆၂၆၅.ဝဝ                 (+)     ၂၇၈၉.၅၀

၈။           မြိတ်                  ၁၂၅.ဝဝ                  ၃၂၅.ဝဝ                   (-)      ၂၀ဝ.ဝဝ

              စုစုပေါင်း             ၁၇၈၄၇.၅၀              ၁၅၂၁၉.၇၅              (+)     ၂၆၂၇.၇၅

                                     

                                                        

   မြင့်မြင့်မာ MIRT (DCCA)

မြဝတီ-ရန်ကုန်လမ်းကြောင်းပေါ်ရှိ လှုပ်ရှား-၂ (Mobile Team) ညောင်ခါးရှည်မှ အကောက်ခွန် မဲ့တင်သွင်းလာသော (လိုင်စင်မဲ့) ယာဉ် ၃ စီးတားဆီးအရေးယူခဲ့

Wed, 01/21/2015 - 14:39 -- dccaadmin
Myanmar

 

တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးဗဟိုကော်မတီမှ  ဖွဲ့စည်းပေးထားသော  မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်း ပေါ်ရှိ Mobile Team (လရ-၂) အဖွဲ့သည် စစ်တောင်းတံတားဟောင်း/သစ် လမ်းဆုံရှိ ညောင်ခါးရှည်တွင် အခြေပြု လျက် စားသုံးသူအကာအကွယ်ပေးရေးနှင့် တရား မဝင်ကုန် သွယ်မှုတားဆီးထိန်း ချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

ဤသို့ဆောင်ရွက်လျက်ရှိစဉ် မြဝတီမှ ရန်ကုန်သို့ ဝင်ရောက်လာသော ကုန်တင်ယာဉ်၊ ခရီးသည်တင် ယာဉ်နှင့် လူစီးယာဉ်များအား တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရန်အတွက် စစ်ဆေးနေစဉ် ၂၀၁၅ ခုနှစ် ဇန်နဝါရီ  ၁၈ ရက်နေ့ ဝ၄ း ဝ၀ ချိန်ခန့်တွင် သထုံမှ ရန်ကုန်လမ်းကြောင်းအတိုင်း မောင်း နှင်လာသော ယာဉ်အမှတ် 3G/xxxx (Honda CRV) ယာဉ်အားလည်းကောင်း၊၂၀၁၅ ခုနှစ် ဇန်န ဝါရီလ  ၁၉ ရက်နေ့ဝ၄ း ၁၅ ချိန်ခန့်တွင် သထုံမှ ရန်ကုန်လမ်းကြောင်း အတိုင်း မောင်းနှင်လာ သော ယာဉ်အမှတ်7C/ xxxx (Air Wave) ခဲရောင်ယာဉ်နှင့် ဝ၄ း ၃၀ ချိန်ခန့်တွင် ယာဉ်အမှတ်  6E/ xxxx (Mark II) ရွှေငါးအဖြူရောင် ယာဉ်တို့အား Mobile Team ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့ဖြင့် စစ်ဆေးရာ လိုင်စင်၊ ဝှီးတက်နှင့် ပိုင်ဆိုင်မှု အထောက်အထားစာရွက်စာတမ်းများ တင်ပြနိုင်ခြင်းမရှိဘဲ တရားမ ဝင်တင်သွင်းလာသော လိုင်စင်မဲ့ယာဉ်များ ဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ပါသည်။ ထိုသို့ စစ်ဆေးနေစဉ် ယာဉ်မောင်းများမှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် အဆိုပါလိုင်စင်မဲ့မော်တော်ယာဉ်များအားပိုင် ရှင်မဲ့အဖြစ် တားဆီးထိန်းသိမ်းခဲ့ရကြောင်း  သတင်းရရှိသည်။

တားဆီးထိန်းသိမ်းခဲ့သော တစ်ဖက်နိုင်ငံမှ တရားမဝင်တင်သွင်းသယ်ဆောင်လာသည့် အကောက် ခွန်မဲ့ (လိုင်စင်မဲ့) မော်တော်ယာဉ် ၃ စီးတို့အား လုပ်ထုံးလုပ်နည်းနှင့်အညီ အကောက်ခွန် အမှုတွဲ ဖွင့်လှစ်၍  ပြည်သူ့ ဘဏ္ဍာအဖြစ်သိမ်း ဆည်းပြီး အကောက်ခွန်ဦးစီးဌာနသို့ အပ်နှံခဲ့ပြီးဖြစ် သည်ဟုသိ ရသည်။

         

                                                                                            

    Mobile Team

ချင်းရွှေဟော်စခန်းက နှမ်းပိုမိုတင်ပို့နိုင်

Wed, 01/21/2015 - 09:21 -- dccaadmin
Myanmar

 

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်စခန်းမှ ဇန်နဝါရီလ ၁၀ ရက်မှ ၁၆ ရက်တာကာလအတွင်း ကန်ဒေါ်လာ ၅ ဒသမ ၆၀၂ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၈၂၂ တန်ခွဲကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်က ချင်းရွှေဟော်စခန်းမှ တန်ချိန် ၈၃၀တင်ပို့ခဲ့ပြီး ယခုရက်သတ္တပတ်မှာတော့၂၆၈၁ တန်ထိတင်ပို့နိုင်ခဲ့လို့ ချင်းရွှေဟော်ရဲ့နှမ်းတင်ပို့မှု ပိုမိုလာ တာတွေ့ရပါတယ်။ မူဆယ် ကုန်စည်ဒိုင်မှာ ယခင်ရက်သတ္တပတ် က နှမ်းဖြူ တစ်တန်ကို မိမိဘက် ပေါက် ဈေး ၂၂၄၇၇၅၇ ကျပ်မှ ယခု ၂၁၃၉၈၁၉ ကျပ်သို့လည်းကောင်း၊ နှမ်းနက်တစ်တန်ကို၂၂၉၇၅၉၁ ကျပ်မှ၂၂၂၁၉၂၁ ကျပ်သို့လည်းကောင်း နှမ်းဈေးတွေလည်း ထပ်မံကျဆင်းနေပါတယ်။ မြန်မာပြည် အထက်ပိုင်းရှိ ပဲ၊ နှမ်း အမျိုးမျိုးကို အဓိကရောင်းဝယ် ဖောက်ကားနေတဲ့ မန္တလေး ကုန်စည်ဒိုင်ဈေး ကွက်ကို တရုတ်လူမျိုးတွေက အဓိကဈေးကွက်ထိန်းချုပ်နေတယ်လို့ မန္တလေးကုန်စည်ဒိုင် အဖွဲ့ဝင်အချို့ထံမှ သိရပါတယ်။ ယခုတစ်ပတ်ရဲ့စခန်းအလိုက် တင်ပို့ တဲ့ နှမ်းရောင်စုံတွေကို  ဖော်ပြပေးလိုက်ပါတယ်-

                                                                                                တန်ချိန်-ကိန်းပြည့်

          နှမ်းအမျိုးအစား          မူဆယ်          ချင်းရွှေဟော်  

          နှမ်းဖြူ                     -                  ၅၀၃

          နှမ်းနက်                   ၈၃.၅            ၂၁၇၈ 

          နှမ်းဖြူ (အခွံချွတ်)      ၅၈.ဝ            -                           

                                                                            

မော်မော်အောင် MIRT (DCCA)

တည်ငြိမ်မှုမရှိက ကုန်သွယ်မှုများကို ထိခိုက်စေနိုင်

Wed, 01/21/2015 - 09:06 -- dccaadmin
Myanmar

 

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ ချဉ်ဒယ်ခရိုင်၊ မိုးရေးမြို့ရှိ ဒေသခံလူမှုအဖွဲ့အစည်းများ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့၌ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ၎င်းတွေ့ဆုံပွဲတွင် လူမျိုးစုများကြား ပဋိပက္ခ ဖြစ်ပွားမှု မရှိစေရန်နှင့်  ငြိမ်းချမ်းစွာ လက်တွဲနေထိုင်ကြရန်၊ တည်ငြိမ်အေးချမ်းမှုမရှိပါက အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးနှင့် အိန္ဒိယအရှေ့တောင်အာရှနိုင်ငံတို့၏ ကုန်သွယ်မှုမှုများကို ထိခိုက် စေနိုင်ကြောင်း၊ လူမျိုးစုများ အနေဖြင့် ငြိမ်းချမ်းစွာ အတူတကွ လက်တွဲပြီး မိုးရေး မြို့၏ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းများကိုလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် လိုအပ်ကြောင်းပြောကြားခဲ့ တယ်လို့သ တင်းရရှိပါတယ်။

 

                                                                                               

နေထက်မင်း (တမူး)

တရားမဝင်တင်သွင်းလာသော စိုက်ပျိုးရေးသွင်းအားစုများ ကျပ်သိန်း ၁၂၀ ကျော်ဖိုး Mobile Team က သိမ်းဆည်းရမိ

Mon, 01/19/2015 - 13:01 -- dccaadmin
Myanmar

 

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ထုတ်နုတ်အင်အား Mobile Team မှ၂၀၁၄ ခုနှစ် ဧပြီလမှ ဒီဇင် ဘာလထိသိမ်းဆည်းရမိတဲ့အပင် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ရွက်ဖြန်းဆေးနဲ့ အပင်အား ဆေး များမှာ အမှုတွဲအားဖြင့် (၁၀) ခုတန်ဖိုး အားဖြင့် ခန့်မှန်း ကျပ် ၁၂၆ ဒသမ ၄၈၀သိန်းဖိုး သိမ်းဆည်း ရမိထားပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။ သိမ်းဆည်းရမိမှု အသေးစိတ်ကတော့ ပိုးသတ်ဆေး အမှု တွဲ (၃) ခု၊ အရေအတွက် ၆၉၀ ကီလိုဂရမ်၊ ခန့်မှန်း တန်ဖိုးကျပ် ၃၄ ဒသမ ၅၀၀ သိန်း၊ ပေါင်းသတ် ဆေး အမှုတွဲ (၂) ခု၊ အရေအတွက် ၁၀၂၀ လီတာ၊ ခန့်မှန်းတန်ဖိုး ကျပ်၂၃ ဒသမ ၉၀၀ သိန်း၊ ရွက် ဖြန်းဆေး အမှုတွဲ (၄) ခု ၁၅၉၄ ဘူူး၊ ခန့်မှန်းတန်ဖိုး ကျပ် ၅၁ ဒသမ ၉၅၀ သိန်း၊ အပင်အားဆေး ၆၂၁ ဘူူး၊ ခန့်မှန်းတန်ဖိုး ကျပ် ၁၆ ဒသမ ၁၃၀ သိန်း အသီးသီးဖြစ်ပါတယ်။ အဆိုပါ သိမ်းဆည်းရမိပစ္စည်း များကို လုပ်ထုံးလုပ်နည်းများနဲ့ အညီ ဖျက်ဆီးပြီးဖြစ်တယ်လို့ သိရပါတယ်။

Mobile Team အဖွဲ့မှ တားဆီးအရေးယူပြီး ဖျက်ဆီးဆောင်ရွက်နိုင်ခဲ့ခြင်းဖြင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက်အခြေခံကျသော စိုက်ပျိုးထုတ်လုပ်သူ တောင်သူများရဲ့အရည်အသွေးစံ ချိန်စံညွှန်းမမီသော တစ်ဖက်နိုင်ငံ မှဈေးနှုန်း ချိုသာစွာမှာယူ၍ တရားမဝင်တင်သွင်းလာတဲ့အပင် ဆေးဝါး(သွင်းအားစု) များအားလွဲမှားစွာ ဝယ်ယူအသုံးပြုခြင်းကြောင့် စိုက်ပျိုးထွက်ရှိပမာဏ ကျဆင်းပြီး လူမှုစီးပွားဘဝကိုပါ ထိခိုက်ပျက်ဆီးစေ ခြင်းမှ ကြိုတင်တားဆီးအကာအကွယ် ပေးနိုင် ခဲ့ပါတယ်။

၎င်းအပင်ဆေးဝါးများကို အသုံးပြုမှုကြောင့် ဘေးထွက်ဆိုးကျိုးများကို စားသုံးသူပြည်သူများ ဝယ်ယူ စားသုံးရာမှ ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်ပျက်စီးစေနိုင်တဲ့ဘေးအန္တရာယ်မှလည်း ကာကွယ် တား ဆီးရာ ရောက်ပြီး စိုက်ပျိုးထွက်ရှိလာတဲ့ သီးနှံများကို တင်ပို့ရောင်းချရာမှာလည်း ဆေးဝါး အာနိသင် များ ကျန်ရှိနေမှုကြောင့် မိမိတို့ ကုန်ပစ္စည်းများကို ဝယ်ယူတဲ့ (Buyer) နိုင်ငံများကလည်း စိစစ် ကန့်ကွက်ခြင်းကြောင့် ပို့ကုန်ဈေးကွက်ပျက်စေမှာဖြစ်ပါတယ်။ Mobile Team အဖွဲ့များ အနေနဲ့နိုင်ငံ တော်မှ ချမှတ်ထားတဲ့ စီးပွားရေး ရည်မှန်းချက်များ အောင်မြင်စေရေး အထောက် အကူပြု ကာကွယ် တားဆီးအရေးယူ ဆောင်ရွက်နေကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။              

                                                                                            

    DCCA DCCA

တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးကော်မတီရဲ့ ကြီးကြပ်မှုဖြင့် Mobile Team အဖွဲ့များမှ အရက်နဲ့ဝိုင် ကျပ် ၁၂၁၄၂ သိန်းဖိုး ဖမ်းဆီးရမိ

Mon, 01/19/2015 - 12:53 -- dccaadmin
Myanmar

 

စားသုံးသူ/သုံးစွဲသူကို ထိခိုက်စေတဲ့ကိစ္စရပ်များကို ကာကွယ်ရန်နဲ့ နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အရပ်ရပ်ကောက်ခံရရှိမှု၊ အခြားကိစ္စရပ်များ နစ်နာမှုမရှိစေရေးအတွက် တစ်နိုင်ငံလုံး ဟန်ချက ညီစွာဖြင့် တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးလုပ်ငန်းများကို Mobile Team အဖွဲ့များ ဖွဲ့စည်း ၍ လမ်းကြောင်းများ၊ နယ်စပ်ကုန်သွယ်ရေးစခန်းများ၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ၊ လေဆိပ်ရေ ဆိပ်များမှာ ဖြန့်ခွဲဆောင်ရွက်လျက် ရှိပါတယ်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ထိ(၂) နှစ်တာကာလအတွင်း တရားမဝင် အကောက်ခွန်မဲ့ အရက်၊ ဘီယာ၊ ဝိုင်ဖမ်းဆီး ရမိမှုအမှုတွဲ ပေါင်း၃၃၆မှု၊ ပုလင်း ၁၃၀၉၅၈၄နဲ့ခန့်မှန်းတန်ဖိုး ကျပ်၁၂၁၄၂ သိန်းခန့်ရှိတယ်လို့ သတင်းရရှိပါ တယ်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာမှာ တားမြစ်ကန့်သတ်ကုန်ပစ္စည်းများဖြစ်တဲ့ အရက်၊ဘီယာ၊ ဝိုင်များနဲ့ပတ်သက်ပြီး နိုင်ငံတော်ရဲ့ လမ်းညွှန်ချက်နဲ့အညီ တားဆီးဆောင်ရွက်လျက်ရှိရာ Mobile Team အလိုက်တားဆီး အရေးယူဆောင်ရွက်နိုင်မှု များကို ဖော်ပြပေးလိုက်ပါတယ်-

                                              အမှုတွဲ             အမျိုးအစား     ခန့်မှန်းတန်ဖိုး (ကျပ်-သိန်း)

        မူဆယ်(ထုတ်နုတ်) လရ-၁    ၁၇                  ဘီယာ           ၅၀၃

                                              ၂                    အရက်           ၆

                                                                   ဘီယာ           ၇၇၇

        လရ-၂                             ၁                    အရက်           ၁၀

                                              ၂၆၇                ဘီယာ           ၃၁၇၇

                                              ၁၄                  ဝိုင်                ၁၃၅

        တာချီလိတ် (ထုတ်နုတ်)       ၁၀                  အရက်           ၃၀၅

                                              ၁၃                  ဘီယာ           ၂၇၄   

                                              ၇                    ဝိုင်                ၁၀

        ကျိုင်းတုံ (ထုတ်နုတ်)           ၁                    ဘီယာ           ၂

        ရန်ကုန်ဆိပ်ကမ်းနယ်မြေ      ၃                    အရက်           ၇၉၂

                                                                   င်္ဘီယာ           ၁၀၄

                                              ၁                    ဝိုင်                ၆၀၄၇

                                                                                             

   DCCA DCCA

Pages

Subscribe to RSS - Department of Trade