Department of Trade

ပို့ကုန်အပေါ် Bank Certificate ဖြေလျော့ပေးရေးအမြန်ဆုံး အကောင်အထည်ဖော်စေလိုတဲ့ ကွမ်းလုံ- ဟိုပန်- ချင်းရွှေဟော်- လောက်ကိုင် နယ်စပ်ကုန်သည်များ

Mon, 01/05/2015 - 12:50 -- dccaadmin
Myanmar

 

    ဒီဇင်ဘာလ ၂၄ ရက်နေ့က ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းမှာ ပြုလုပ်တဲ့ ကုန်သွယ် မှုမြှင့်တင်ရေး  အစည်းအဝေးမှာ ကွမ်းလုံ- ဟိုပန်-ချင်းရွှေဟော်-လောက်ကိုင် နယ်စပ်ကုန် သည်ကြီးများ အသင်းမှ ကုန်သည်များ ကိုယ်စားပို့ကုန် ပစ္စည်းများ အပေါ် Credit ပြရန် မလိုဘဲ တင်ပို့နိုင်လျှင် ကုန်သည်များ အနေနဲ့ Turmover မြန်မြန်ဆန်ဆန်နဲ့ ပိုမိုတင်ပို့/ တင်သွင်းနိုင် မည်ဖြစ်ကြောင်း၊ ကုန်သည် များအနေနဲ့ Credit အတွက် ရင်းနှီးမှုများ ပြုလုပ်နေရသေး ၍ပို့ကုန်တင်ပို့ခြင်း အေ ပါ်Bank Certificate ဖြေလျော့ပေးရေး ကိစ္စအမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တင်ပြဆွေး နွေးခဲ့ပါတယ်။

  တင်ပြဆွေးနွေးချက် အပေါ် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်း OSS အကောက်ခွန် ဦးစီးဌာန တာဝန်ခံက Bank Certificate ဖြေလျော့ပေးရေးနဲ့ စပ်လျဉ်းပြီး အကောက်ခွန် ဦးစီးဌာန၌ ကုန်ပစ္စည်းတင်ပို့ရန် Export Declaration  ED ဖွင့်လှစ်ခွင့် လျှောက်ထား ရာတွင် ပို့ကုန် လိုင်စင်၊ ပါမစ် Invoice Parking List ၊Shipping Instruction ၊Booking Note တို့နဲ့ ငွေရပြီးကြောင်း အထောက် အထားအပြင် Letter Of Credit L/C (သို့မဟုတ်) Telegraphic Transfer TT တို့ကိုပူး တွဲပြစေပြီး ပြည့်စုံမှန်ကန် မှုရှိပါက ပစ္စည်း တင်ပို့ခွင့်ပြု လျက်ရှိကြောင်း၊ ငွေရပြီးကြောင်း အထောက်အထားစာ ရွက်ကို ဦးစွာတင်ပြစေခြင်းမှာ ပြည်ပသို့ တင်ပို့သော ပစ္စည်းများအတွက် ပစ္စည်း တန်ဖိုးရရှိပြီးမှ တင်ပို့ခြင်းအားဖြင့် ကုန်ပို့သူအ တွက် ကုန်ရောင်းငွေ အပြည့်အဝ ရရှိမည်ဖြစ်သည့် အပြင် နိုင်ငံတော် အတွက် ရသင့်သည့် နိုင်ငံခြားငွေများ ဆုံးရှုံးမှုမရှိစေရန် ကြီးကြပ် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊  ကုန်သည်များမှ ကုန်ပစ္စည်းများ မတင်ပို့မီ ငွေရပြီးကြောင်း အထောက်အ ထား Bank Certificate အားဖြေလျော့ ပေးရန် တင်ပြမှုအပေါ် ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီရဲ့ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြသော်လည်း သဘောတူညီမှုမရရှိသေးပါ ကြောင်း ၊ သို့သော် လည်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့တဲ့ ပို့ကုန်ကဏ္ဍတွင် Bank Certificate ဖြေလျော့ရေးနဲ့ ပတ်သက်တဲ့ ညှိနှိုင်းအစည်း အဝေးဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်မည့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲ မှု စည်းမျဉ်းတွင် နိုင်ငံခြားငွေ ဝင်ရောက်မှုရှိ/မရှိ စိစစ်ပြီး (၆)လအတွင်း ငွေဝင်ရောက်ခြင်းမရှိပါကမြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ သတင်းပို့ခြင်းကို ထည့်သွင်းထားပြီးဖြစ်၍ အဆိုပါစည်းမျဉ်းများ ထွက်ပေါ်လာပါက ဖြေလျော့ထားပြီးဖြစ် မည်ဖြစ်ကြောင်း၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု စည်းမျဉ်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် ၇/၂၀၁၄ ဖြင့်  ၃-၉-၂၀၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ် ပါကြောင်း၊ သို့ပါ၍ နိုင်ငံတော်အတွက် နိုင်ငံခြားငွေ ဝင်ရောက်မှုနှင့် Money Laundry ဆိုင်ရာ ကိစ္စများအပေါ် Control ပြုလုပ်နိုင်ရန် မြန်မာ နိုင်ငံတော် ဗဟိုဘဏ်နှင့် နိုင်ငံခြား သုံးငွေများ ရောင်းဝယ် ဖောက်ကားသည် လုပ်ငန်းလိုင်စင် ရရှိသူ တို့မှ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသဖြင့် အကောက်ခွန်ဦးစီးဌာနမှ ဝိုင်းဝန်ကြီးကြပ်ရန်၊ မလိုအပ်ပါ ကငွေလွဲ အထောက် အထား တင်ပြရန် မလိုဘဲ ED ဖွင့်လှစ်၍ ဆောင်ရွက်ပေးနိုင် မည်ဖြစ်ပါကြောင်း၊ လောလောဆယ် အထက်ဌာနမှ ညွှန်ကြားချက် မရရှိသေး ပါကြောင်း၊ ရရှိပါက ထုတ်ပြန် ကြော်ငြာပေးသွား မည်ဖြစ်ပါ ကြောင်း ပြန်လည် ရှင်းပြဖြေကြား ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

                                                    

                                                                                                                                 

     MIRT (DCCA)

ITCကတ်နဲ့ ကုန်သွယ်မှုပမာဏ ဆောင်ရွက်မှု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဒီဇင်ဘာလ ၂၆ ရက်ထိ ကျပ်သန်း ၆၃၃၀ ကျော်ရှိ

Mon, 01/05/2015 - 12:26 -- dccaadmin
Myanmar

 

   တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး၊ စားသုံးသူအကာအကွယ်ပေးနိုင်ရေး၊ ရသင့်ရ ထိုက်သော အခွန်အခများရရှိရေး၊ တရားဝင်လမ်းကြောင်းတွင် ကုန်သွယ်သူများအား အကာအကွယ် ပေးနိုင်ရေး၊ နယ်စပ်ဒေသနေ အသေးစား၊ အ လတ်စား ကုန်သည်ငယ်များ တရားဝင်လမ်း ကြောင်းပေါ်မှ ကုန်သွယ်မှုပြုနိုင်ရေး အတွက် တစ်ဦးချင်း ကုန်သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် (Individual Trading Carcd -ITC )ထုတ်ပေးပြီး ဆောင်ရွက်ခွင့်ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ စတင်ခဲ့ တာဖြစ်ပါတယ်။

  ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ထိ နယ်စပ်ကုန်သွယ်ရေးစခန်းများမ ITCကတ် ၃၀၁ စောင်ထုတ်ပေးထားပြီး ပို့ကုန် ကျပ်၂၂၂၁ သန်းကျော်နဲ့ သွင်းကုန်ကျပ် ၄၁၀၉ သန်းaဆာင်ရွက်  နိုင်ပြီး ကုန်သွယ်မှုပမာဏ ကျပ် သန်း  ၆၃၃၀ ကျော်ဆောင်ရွက်နိုင်ခဲ့ပါတယ်။

 နယ်စပ်စခန်းအလိုက် ITC ကတ်နဲ့၂၀၁၂ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ခဲ့တာတွေ ကတော့  တမူး၊ မူဆယ် ၁၀၅ မိုင်၊ မြဝတီကုန်သွယ်ရေးဇုန်၊ ၂၀၁၃ ခုနှစ်အတွင်းမှာ တာချီလိတ်၊ လွယ် ဂျယ်နဲ့ စစ်တွေ၊ မောင်တော နယ်စပ် ကုန် သွယ်ရေး စခန်းများ၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ လွယ်ဂျယ်၊ ရိဒ်၊ မြိတ်၊ ကော့သောင်း၊ ထန်တလန် နယ်စပ်ကုန်သွယ်ရေးစခန်း၊ မောတောင်၊ ထီးခီးနယ်စပ် ကုန်သွယ် ရေးစခန်းများတွင်လည်းကောင်း၊၂၀၁၄ ခုနှစ် အတွင်းမှာမန္တလေး တိုင်းဦးစီးမှူးရုံး၊ ကျိုင်းတုံရုံးခွဲ၊ မြစ်ကြီးနားစခန်းများတွင်လည်းကောင်း အသီးသီးထုတ် ပေးခဲ့ပြီးဖြစ်ပါတယ်။ နှစ်အလိုက် ITC ကတ် ထုတ်ပေးမှုနဲ့ ကုန်သွယ်မှုပမာဏများကို ဖော်ပြပေး လိုက်ရပါတယ်-

                                                                                                တန်ဖိုး-ကျပ်သန်း

     ကာလ                                                                                   ITC အရေအတွက်    

ITC ကတ်နဲ့ ဆောင်ရွက်မှု

     ၂၀၁၂-၂၀၁၃                               ပို့ကုန်                 သွင်းကုန်        ကုန်သွယ်မှုပမာဏ

     ၂၁-၁၁-၂၀၁၂ မှ            ၂၉၂        ၅၉.၅၄၀             ၆၇၈.ဝ၄၂      ၇၃၇.၅၈၁

     ၃၁-၃-၂၀၁၃ ထိ

     ၂၀၁၃-၂၀၁၄                ၂၆၁        ၈၄၃.၁၉၄           ၅၈၁၃.၃၂၄    ၆၆၅၆.၅၁၈

     ၂၀၁၄-၂၀၁၅

     ၁-၄-၂၀၁၄ မှ                ၃၀၁        ၂၂၂၁.ဝ၅၂         ၄၁၀၉.၄၂၀    ၆၃၃၀.၄၇၂

     ၂၆-၁၂-၂၀၁၄ ထိ          

     စုစုပေါင်း                      ၈၅၄        ၃၁၂၃.၇၈၆         ၁၀၆၀ဝ.၇၈၆  ၁၃၇၂၄.၅၇၁ 

                                                                                               

MIRT (DCCA)

တမူးနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးကျင်းပ

Mon, 01/05/2015 - 12:12 -- dccaadmin
Myanmar

 

     တမူးနယ်စပ် ကုန်သွယ်ရေး စခန်းရဲ့ ဒီဇင်ဘာလအတွက် ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးကို တမူးနယ်စပ် ကုန်သွယ်ရေးစခန်း အစည်းအဝေး ခန်းမတွင်  ဒီဇင်ဘာလ ၃၀ ရက် ၁၀ း ဝ၀ ချိန်မှာ ကျင်းပခဲ့ပါ တယ်။ အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ OSSဌာန တာဝန်ခံများ၊FDA ရုံးခွဲ၊ အပင်နှင့် ပိုးမွှားကာကွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကလေး-တမူး-ကလေးဝနယ်စပ် ကုန်သွယ်ရေး ကုန်သည်အသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ကုမ္ပဏီ လုပ်ငန်းရှင်များ၊ ITC လုပ်ငန်းရှင်များ၊ သယ်ယူပို့ဆောင်ရေးမော်တော် ယာဉ်လိုင်း ဂိတ်တာဝန်ခံများ စုစုပေါင်း ၄၀ ဦး တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါတယ်။

          အစည်းအဝေးတွင် အကောင်အထည်ဖော်ဆောင်ရွက် ရမဲ့အချက်များ အနေနဲ့ ယခုဘဏ္ဍာနှစ် ဒီဇင်ဘာလရဲ့ ကုန်သွယ်မှုလျာထားချက်မှာ  ၄ ဒသမ ၁၁၈ ဒေါ်လာသန်းဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက် နေ့မှ  ၂၅ ရက်နေ့ထိ လုပ်ငန်းဆောင် ရွက်မှုမှာ  ၃ ဒသမ ၇၈၇  ဒေါ်လာသန်းဖြစ်၍ လျာ ထားချက်အ ပေါ်၉၁ ဒသမ ၉၆ ရာခိုင်နှုန်းသာ ဆောင်ရွက်နိုင်သေးတဲ့အတွက် လျာထားချက်ပြည့်မီအောင် ဆောင်ရွက်ကြိုး ပမ်းကြရန်၊ တိရစ္ဆာန်နှင့် တိရစ္ဆာ ထွက်ပစ္စည်း များတင်သွင်းရာ တွင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနတွင် ထောက်ခံချက် လက်မှတ်လျှောက် ထားရယူ စစ်ဆေးမှုခံယူပြီးမှ တင်သွင်း နိုင်ရေး ဆက်လက်ဆောင်ရွက်ရန်၊ တစ်ဖက်နိုင်ငံ မဏိပူရပြည်နယ် အတွင်း၌ ကြက်ငှက် တုတ်ေ ကွးရောဂါဖြစ်ပေါ်ေ နကြောင်း၊ တမူးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သတင်းရရှိထားသဖြင့် ကြက်ဥ၊ ကြက်သားပေါက်များအား တရားမဝင် တင်သွင်းခြင်းမပြုလုပ်ရန်၊ ပြည်ပမှ ကြက်ဥ၊ ကြက် သားများတင် သွင်းသူ သည်  မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန၌ စစ်ဆေးမှုခံယူရန် လျှောက်ထား ရ မည်ဖြစ်ပြီး ထောက်ခံချက်လက်မှတ်ရရှိပြီးမှာသာ တင်သွင်းနိုင်ရေး သက်ဆိုင်ရာဌာနများတွင် ဆက်လက်ဆောင်ရွက်ရန်၊ တစ်ဖက်အိန္ဒိယနိုင်ငံထွက် စားသောက် ကုန်များဖြစ်သော (ပါပလာ၊ ချိုချဉ်၊ ဘီစကစ်မျိုးစုံ) အစရှိသည်တို့သည် မိုရေးနှင့် အင်ဖာမြို့တို့၏ Retail Market အတွင်းမှ မှာယူနေကြရသဖြင့်  တစ်ဖက်နိုင်ငံ FDA ထောက်ခံချက်ရရှိရန် ခက်ခဲသောကြောင့်  FDAရုံးချုပ်သို့ အစား အသောက်န မူနာပေးပို့ အစစ်ဆေးခံပြီး စားသုံး ရန်သင့်တော်ပါက FDA ထောက်ခံချက်ထုတ်ပေးနိုင်ရေး တင်ပြဆောင်ရွက်သွားရန်၊ စိုက်ပျိုးရေးအပင်နှင့် အပင်ထွက်ပစ္စည်းများ တင်သွင်းရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ တရားဝင်ထုတ်ပြန်ထားသောလုပ်ထုံးလုပ်နည်းအတိုင်းတင် သွင်း ဆောင် ရွက်ရန်နှင့်ကုန်သည်လုပ်ငန်းရှင်များက တရားဝင်လမ်းကြောင်းမှသာ ကုန်သွယ်မှုဆောင်ရွက်ကြရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

                                                                                              

    MIRT (DCCA)

တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချူပ်ရေး၊ Mobile Team အဖွဲ့မှပြည်သူလူထုစားသုံးရန်မသင့်သည့် FDA ထောက်ခံချက်မပါရှိသည့်စားသုံးရန်မသင့်သော ခေါက်ဆွဲခြောက်၊ ဝေဖာ၊ ငါးသေတ္တာ၊ ပဲနို့ရည်၊ ခနောကြက်သားမှုန့်၊ Zhulianအမှတ်တံဆိပ်ပါကော်ဖီမစ်များကို အဖွဲ့စုံဖြင့်ဖျက်ဆီးခြ

Mon, 01/05/2015 - 09:39 -- dccaadmin
Myanmar

 

စဉ်                         အမှုတွဲအမှတ်                                        ခန့်မှန်းတန်ဖိုး (ကျပ်)

(က)                       ၁၁-တခတ /MT/၂၀၁၄ (၉၃) က                ၁၆၂၀ဝဝ

(ခ)                        ၁၁-တခတ /MT/၂၀၁၄ (၉၈)                     ၆၇၀ဝဝဝ

(ဂ)                        ၁၁-တခတ /MT/၂၀၁၄ (၉၈) က                ၇၈၁၀ဝဝ

(ဃ)                       ၁၁-တခတ /MT/၂၀၁၄ (၉၉)                     ၅၂၀၈၈၀ဝ

                             စုစုပေါင်းတန်ဖိုး                                     ၆၈၂၁၈၀ဝ

တရားမဝင်ကုန်သွယ်မ ှုတားဆီးထိန်းချူပ်ရေး၊ Mobile Team အဖွဲ့မှ မီးဘေးအန္တရာယ်ရှိသည့် Gas Lighter များအား လေလံတင ်ထုခွဲရောင်းချခြင်း

Mon, 01/05/2015 - 09:16 -- dccaadmin
Myanmar

 

စဉ်                         အမှုတွဲအမှတ်                                        အရေအတွက်

(က)                       ၁၁-တခတ/MT/၂၀၁၄ (၃၉)                      ၁၆၉ဖာ

(ခ)                        ၁၁-တခတ/MT/၂၀၁၄ (၄၁)                      ၂ဖာ

(ဂ)                        ၁၁-တခတ/MT/၂၀၁၄ (၁၁၂)                    ၂၀ဖာ

                             စုစုပေါင်း                                              ၁၉၁ဖာ

လေလံတင် ထုခွဲရောင်းချရငွေ ကျပ်(၁၂၀ဝဝဝ၀ဝ)၊ လေလံတင်ပုံစံရောင်းချရငွေ (၂၅၀ဝဝ) ၊ စုစုပေါင်းရငွေ ကျပ်(၁၂၀၂၅၀ဝဝ)

တန်ချိန် ၃ သောင်းခွဲနီးပါးသာ တင်ပို့နိုင်တဲ့ပြောင်း

Thu, 01/01/2015 - 14:27 -- dccaadmin
Myanmar

 

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နယ်စပ်စခန်းများမှ ဒီဇင်ဘာလ ၂၀ ရက်မှ၂၆ ရက်အတွင်း ကန်ဒေါ်လာ ၉ ဒသမ ၇၅၁ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၃၄၈၀၆ တန်ကိုတင်ပို့ ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့ခဲ့ တဲ့ ပြောင်းတန်ချိန်တွေကတော့ မူဆယ်မှ ၃၀ဝ၁၅တန်၊ ချင်းရွှေ ဟော်မှ ၄၂၉၆ တန်နဲ့ လွယ်ဂျယ်မှ ၄၉၅ တန်ဖြစ်ပါတယ်။ ယခင်ရက်သတ္တပတ်က မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး စခန်းစုံကနေ ပြောင်းဖူးစေ့ ၃၈၂၃၁ တန်ကျော် တင်ပို့ခဲ့တာမို့ ယခုရက် သတ္တပတ်မှာ ၃၄၂၅ တန်ခန့် တင်ပို့မှုတွေလျော့နည်းသွားခဲ့ပါတယ်။ ကန်ပိုက်တီးစခန်းက ဒီတစ်ပတ်မှာ ပြောင်းတင်ပို့မှုမရှိခဲ့ပါဘူး။ မူဆယ်ကုန်စည်ဒိုင်မှာ ယခင် ရက်သတ္တပတ်ကပြောင်းတစ်တန်ကို မိမိ ဘက်ဈေး ၂၈၆၂၀၄ ကျပ်ရှိခဲ့ပြီး ယခုရက်သတ္တပတ်မှာ၂၇၆၁၇၁ ကျပ်သို့ ဈေးထပ်မံ ကျဆင်း ခဲ့တာတွေ့ရပါတယ်။ တရုတ်ဝယ်လက်ပုံမှန် ရှိပေမဲ့ ဈေးကောင်းမရဘဲ အောက်ဈေးနဲ့သာ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ မူဆယ်ကုန်စည်ဒိုင်မှ သိရပါတယ်။ မန္တလေး-မူဆယ် ကုန်စည် သယ်ယူခမှာ ယခင်ရက်သတ္တပတ်က ပြောင်း၁ ပိဿာ   ကို (၈၇-၈၄) ကျပ်ရှိပြီး ယခုရက်သတ္တပတ်မှာ (၉၃-၈၇) ကျပ်သို့ သယ်ပို့ကားခများ အနည်းငယ်မြင့် တက်သွားကြောင်း သတင်းရရှိပါတယ်။

                                                                          

   မော်မော်အောင် MIRT (DCCA)

ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းသည် ဒီဇင်ဘာလအတွက်ကုန်သွယ်မှုပမာဏ လျာထားချက် ကို တတိယပတ်အတွင်းမှာပင်ပြည့်မီကျော်လွန်အောင်ဆောင်ရွက်နိုင်ခဲ့

Thu, 01/01/2015 - 14:17 -- dccaadmin
Myanmar

 

ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်းရဲ့ ဒီဇင်ဘာလအတွက် ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအ ဝေးကို ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေး စခန်းအစည်းအဝေး ခန်းမမှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ အစည်းအဝေးကို ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ စခန်းတာဝန်ခံ၊ နယ်ခြားစောင့်တပ်မှ တာဝန်ရှိသူတစ်ဦး၊ OSS အဖွဲ့ဝင်ဌာနများနဲ့ ကုန်သည်များ စုစုပေါင်း (၂၁) ဦးခန့် တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ စခန်းတာဝန်ခံ ဦးဇော်ဝမ်း (လက်ထောက်ညွှန်ကြားရေးမှူး) မှကန်ပိုက်တီး စခန်းအနေဖြင့်  ယခု ဒီဇင်ဘာလတွင် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများအား ယခင်လများ ထက်သာလွန် အောင်ဆောင်ရွက်နိုင်ခဲ့ပြီး  ကုန်သွယ်မှုလျာ ထားချက်များ အပေါ်တွင်လည်း ဒီဇင်ဘာလ၂၅ ရက်နေ့ထိမှာ ပြည့်မီ ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူထက်ရော အနီးစပ် ဆုံးကာလထက်ပါ ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကျန်ရှိနေသေးတဲ့ ရက်များကို လည်းလျာထားချက် ကျော်လွန်နေပြီလို့ သဘောမထား ဘဲရနိုင်သရွေ့ကုန်သွယ်မှုတိုးတက်အောင် ဆက်လက်ဝိုင်းဝန်း ကြိုးပမ်းသွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆောင်ရွက်နိုင်မှု အခြေအနေများကတော့-

ကုန်သွယ်မှုပမာဏဆောင်ရွက်နိုင်မှု

                                                                                      တန်ဖိုး-ကန်ဒေါ်လာသန်း

                                                          ပို့ကုန်        သွင်းကုန်          ကုန်သွယ်မှုပမာဏ

ယခုဘဏ္ဍာနှစ် ဒီဇင်ဘာလ  ၂၅ ရက်နေ့ထိ    ၁.၄၂၀        ၆.၄၆၁             ၇.၈၈၁

ယမန်နှစ်ကာလတူဒီဇင်ဘာလ  ၂၅ ရက်နေ့ထိ ဝ.၅၃၁        ၁.၉၃၃             ၂.၄၆၄

အနီးစပ်ဆုံးနိုဝင်ဘာလ ၂၅ ရက်နေ့ထိ          ဝ.၃၀၅        ၃.၄၉၀             ၃.၇၉၅

လျာထားချက်အပေါ်ဆောင်ရွက်နိုင်မှု

                                                         လျာထားချက်                        ဆောင်ရွက်နိုင်မှု

                                                         ဒေါ်လာသန်း                        ရာခိုင်နှုန်း

ဒီဇင်ဘာလ  ၂၅ ရက်နေ့ထိ                       

ပို့ကုန်                                                  ဝ.၇၃၉                             ၁၉၂.၁၅

သွင်းကုန်                                              ၄.၄၅၃                             ၁၄၅.ဝ၉

ကုန်သွယ်မှုပမာဏ                                  ၅.၁၉၂                             ၁၅၁.၇၉

စခန်းတာဝန်ခံက ဆက်လက်၍ ကုန်သွယ်မှု တိုးတက်လာခြင်း အားသုံးသပ်ရပါက ကုန်သည် လုပ်ငန်းရှင်များ  ကုန်သွယ်မှု လမ်းကြောင်းပေါ်သို့ တက်လာပြီး နိုင်ငံတော်အား အခွန်အခပေးဆောင်၍ သွားလိုမှုရှိလာခြင်း၊ ဌာနဆိုင်ရာများမှလည်း လုပ်ငန်းရှင်များရဲ့ ကုန်သွယ်မှု အခက်အခဲများအား မိမိတို့ဌာနများရဲ့ လုပ်ထုံးလုပ်နည်း မူဘောင်အတွင်းမှ ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခြင်း၊ ပို့ကုန်သွင်း ကုန်လိုင်စင်များကိုလည်း မြစ်ကြီးနားရုံးခွဲမှ လွယ်ကူ လျှင်မြန်အောင်ဆောင် ရွက်ပေးေ နခြင်း၊ ပို့ကုန် ပိုင်းတွင် တစ်သျှူးငှက်ပျောများအား တရုတ်ကုန်သည်များ နှင့်ချိတ်ဆက်၍ ထွက်သမျှ တင်ပို့နိုင်ခဲ့ ခြင်း၊ သွင်းကုန်ပိုင်းတွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် လုပ်ငန်းသုံးယာဉ် ယန္တရား များရဲ့ ဆောက်လုပ်ရေးသုံးပစ္စည်းများ ပိုမိုတင်သွင်း လာခဲ့ခြင်းတို့ကြောင့် ဖြစ်ကြောင်း  ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဆက်လက်ပြောကြားရာမှာ  လက်ရှိ ကချင်ပြည်နယ် အတွင်း ဒေသမငြိမ် မသက်မှုများကြောင့် အချို့ကုန်သည်လုပ်ငန်းရှင်များ ကုန်သွယ်မှုပြုရာမှာ  စိုးရိမ်စိတ်များ ရှိနေတာကို သိရှိရကြောင်း၊ လုံခြုံ ရေးတာဝန် ယူရသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေ နဲ့လည်း လုံခြုံရေး သတိရှိစွာဖြင့် မိမိစခန်းအတွင်း အဖျက်အမှောက်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လက်နက်၊ ခဲယမ်းများ သယ်ဆောင်ခြင်းတို့ မရှိစေရေး သတိရှိရှိရှာဖွေ စစ်ဆေး ရန်လိုကြောင်း ၊ သောင်းကျန်းသူများမှ မိမိတို့ စခန်း အား နိုင်ငံရေးအမြတ် ထုတ် လိုမှုဖြင့် အဖျက်အမှောက်တစ်ခုခု လုပ်ဆောင်သွား ပါက နိုင်ငံရေးသိက္ခာကျဆုံးရမည့်အပြင် ကုန် သွယ်မှုအပေါ်တွင်လည်း ထိခိုက်လာနိုင်ကြောင်း၊ နယ်မြေအေးချမ်း တည်ငြိမ်ပြီး ကုန်သည် လုပ်ငန်း ရှင်များက ယုံကြည်မှုရှိမှသာ ကုန်သွယ်မှုဘက်တွင် ယုံယုံကြည်ကြည်လုပ်ကိုင်နိုင် မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ လုံခြုံရေးကို အထူဂရုပြုရန်နဲ့ နယ်မြေခံများထံမှလည်း သတင်းလက်ဦးမှု ရရှိရေးဆောင် ရွက်ထားစေလိုကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုး သားမှတ်ပုံတင်ရေးဦးစီးဌာနမှလည်း တရားမ ဝင် လူဝင်/လူထွက်မရှိစေရေး စနစ်တကျစိစစ်ဝင်ထွက်ခွင့်ပြုရန် လိုကြောင်း ပြောကြား သွားခဲ့တယ် လို့ သိရှိရပါတယ်။

အစည်းအဝေးတက်ရောက်သူများရဲ့ ဆွေးနွေးတင်ပြချက်အပေါ် စခန်းတာဝန်ခံမှ ပြန်လည် ပြောကြား ရာတွင် ဆောင်းပြောင်းများတင်ပို့သည့်အခါ အရည်အသွေးကောင်းမွန်မှုရှိစေရေး ဆောင် ရွက်စေလိုကြောင်း၊ သို့မှသာ ဈေးကောင်းရပြီး ဝယ်လက်များမှလိုချင်လာမည်ဖြစ်ကြောင်း၊ တစ်ဖက် နိုင်ငံမှ သွင်းကုန်များ နဲ့အတူ တရားမဝင်ကန့်သတ်ကုန်များမပါရှိရေး၊ ပို့ကုန်ပစ္စည်း များတွင်လည်း သစ်နဲ့ကျောက်မျက်ရတနာများမပါရှိရေး စိစစ်ဆောင်ရွက်သွားရန်၊ ကျန်ရှိသည့် ရက်များ တွင်လည်း ကုန်သွယ်မှု လျာထားချက်ပြည့်မီနေသည်ကို အားရကျေနပ်မနေဘဲ ဆက်လက်၍ တတ်နိုင်သမျှ အားသွန်ခွန်စိုက်ကြိုးပမ်းကြစေလိုကြောင်း၊ နောင်လာမဲ့လများမှာလည်း ယခုကဲ့သို့ ကုန်သွယ်မှုပမာဏ တိုးတက်စေရေးကြိုး ပမ်းဆောင်ရွက်  ကြစေလိုကြောင်း ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။

                                                                                 

ယဉ်ယဉ်အေးMIRT (DCCA)

အသီးစုံစွာတင်ပို့တာ မူဆယ်နယ်စပ်ပါ

Thu, 01/01/2015 - 11:17 -- dccaadmin
Myanmar

 

  မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက် မှ ၂၀ ရက်အတွင်း ကန်ဒေါ်လာ၅ ဒသမ ၇၁၃ သန်းတန်ဖိုးရှိ ဖရဲသီး ၄၃၄၂၆ တန်ခွဲနဲ့ ကန် ကန် ဒေါ်လာ ၂ ဒသမ ၄၅၆သန်း တန်ဖိုးရှိ သခွှားမွှေး ၁၂၀၃၉ တန်ခွဲကို တင်ပို့ခဲ့ ပါတယ်။ လွယ်ဂျယ် စခန်း ကတော့ ကန်ဒေါ်လာ သုညဒသမ ဝ၃၅ သန်းဖိုးရှိ ဖရဲသီး တန် ၂၇၀ကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဖရဲ၊သခွားအပြင် မူဆယ်မှ တစ်ဆင့် တရုတ်ပြည်ကို ကန်ဒေါ်လာ ၁၄၅၅ တန်ဖိုးရှိ အုန်းသီး ၉ တန်ခွဲနှင့် ကန်ဒေါ်လာ ၄၀၈ တန်ဖိုးရှိ ဆီးသီး  ၃ တန်ကိုလည်း တင်ပို့နိုင်ခဲ့တာတွေ့ ရပါတယ်။

  ဖရဲသီးကို တရုတ်နိုင်ငံက တစ်နှစ်ထက် တစ်နှစ်ပိုပြီး အဝယ်လိုက်လာရာက တောင်သူတွေ ကလည်း ဖရဲကို ပိုစိုက် လာကြကြောင်း၊ မြန်မာနိုင်ငံက စိုက်တဲ့ ဖရဲများကို မုူဆယ်မှ တစ်ဆင့် တရုတ်နိုင်ငံကို အဓိက တင်ပို့ကြောင်း၊ ထိုသို့ တင်ပို့ရန် အနည်းဆုံး အရှည် တစ်ပေနဲ့ လုံးပတ်နှစ်ပေ အရွယ်ရှိတဲ့ ဖရဲသီးများကိုသာ ဝယ်ယူလေ့ရှိကြောင်း၊ သခွားမွှေးဈေးကွက် အခြေအနေ ကတော့ စိုက်ခင်းထဲမှ အသီးများကို လူငှားနဲ့ ဆွတ်ပြီး အညှာဖြတ်ကာ သတင်းစာ စက္ကူနဲ့ထုတ်ပြီး ဆယ်ဘီး ကားများနဲ့ မူဆယ် အရောက် ပွဲစားတွေ ကိုချိတ်ပြီး တရုတ် ကုန်သည်နဲ့ရောင်း ချရကြောင်း၊ နိုင်ငံခြား ဈေးကွက်မီရန် အလုံးလှရန်နဲ့ သတ်မှတ် ထားတဲ့ အရည် အသွေး ရောက်အောင် ဂရုတစိုက် စိုက်ပျိုး နိုင်မှသာ ဈေးကွက်ကောင်း ရရှိနိုင် လိမ့် မည်ဖြစ်ကြောင်း သိရ ပါတယ်။

                                                                            

    မော်မော်အောင်MIRT (DCCA)

တရားမဝင် ကုန်သွယ်မှုတားဆီး ထိန်းချူပ်ရေး၊ Mobile Team အဖွဲ့၏ အများပြည်သူ စားသုံးရန်မသင့် လျော်သည့် တရုတ်နိုင်ငံထုတ် စားသောက်ကုန်များအား ဖျက်ဆီးခြင်း

Thu, 01/01/2015 - 09:06 -- dccaadmin
Myanmar

 

အကောက်ခွန် အမှုတွဲအမှတ် ၁၁/ လရ-၁/နောင်ချို /၂၀၁၄-၂၀၁၅ (၄၈၂)

 

တရုတ်နိုင်ငံထုတ် ဘီယာ                           ၁၄၈ ဖာ

ပျက်ဆီးမှုတန်ဖိုး စုစုပေါင်း                  ၇၄၀ဝဝဝ ( ကျပ်)

တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး၊ Mobile Team အဖွဲ့၏ အများပြည်သူစာသုံးရန် မသင့်လျော်သည့် စားသောက်ကုန်ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်း

Wed, 12/31/2014 - 16:36 -- dccaadmin
Myanmar

မီးရှို့ဖျက်ဆီးခြင်း အမှုတွဲအမှတ်  ၁၁/လရ-၁/နောင်ချို / ၂၀၁၄-၂၀၁၅ (၄၅၇)(ခ)

 

(၁)      ကြက်အူချောင်း (1x30kg)              ၂၀ဖာ

(၂)      အသားတု (1x30kg)                     ၁ဖာ

(၃)      ပင်လယ်စာ (1x70kg)                   ၁ဖာ

ပျက်ဆီးမှုတန်ဖိုးစုစုပေါင်း                ၃၅၀ဝဝဝ၀(ကျပ်)

Pages

Subscribe to RSS - Department of Trade