Department of Trade

မူဆယ်၊ နောင်ချို၊ ညောင်ခါးရှည်တို့မှ နိုဝင်ဘာလအတွင်း ကန့်သတ်ကုန် ပစ္စည်းများနဲ့တရားမဝင် ကုန်ပစ္စည်းကျပ် သိန်းပေါင်း ၆၂၇၀ ကျော်ဖိုးသိမ်းဆည်းရမိ

Mon, 12/22/2014 - 15:15 -- dccaadmin
Myanmar

 

တရားမဝင် တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့ တာဝန်ပေးအပ်ချက်အရ စားသုံးသူအကာအကွယ် ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီးရန် Mobile Team များဖွဲ့စည်း လုပ်ဆောင်လျက် ရှိပါတယ်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်း မူဆယ် ၁၀၅ မိုင်ထုတ်နုတ်အင်အား၊ နောင်ချိုနဲ့ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ညောင်ခါးရှည်တို့မှ Mobile Team  အဖွဲ့များက သစ်တောထွက်ကုန်၊ အေးခဲအသား၊ ပင် လယ်စာ၊ ကြက်သွန်ဖြူ၊  စားသောက်ကုန် ၊Handset ၊ ဘီယာ၊ သတ္တုမှုန့် ဟု ယူဆရသောအမှုန့်၊ အခြားပစ္စည်းများနဲ့ သယ်ဆောင်လာ သောယာဉ်များ (၁၁ စီး) အပါအဝင် ခန့်မှန်းတန်ဖိုး စုစုပေါင်း ကျပ် သိန်း ၆၂၇၀ ဒသမ ၅၄၄ ဖိုးကို သိမ်းဆည်း ရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။

မူဆယ် ၁၀၅ မိုင်ထုတ်နုတ်အင်အား Mobile Team အဖွဲ့အနေနဲ့ သစ်တောထွက်ပစ္စည်း ၄ မှု၊ အေးခဲ အသား/ ပင်လယ်စာ ၃မှု၊ Handset  ၃မှု (၇၇၄ လုံး)၊ ကြက်သွန်ဖြူ ၁ မှု၊ စားသောက်ကုန်  ၅မှု၊ ဆိုင်ကယ် ၁ မှု (၂ စီး)၊ ယာဉ်သိမ်းဆည်း ရမိ မှု  ၆မှု (၆ စီး)၊ သတ္တုအမှုန့်ဟု ယူဆရသောအမှုန့်  ၂မှု၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ် ၃၂၆၉ ဒသမ ၃၆၆ ဖိုးသိမ်းဆည်း ရမိခဲ့ပါတယ်။ သိမ်းဆည်းရမိတဲ့ ယာဉ်အမျိုးအစား တွေကတော့ Nissan UD  ၊ Toyota ၊  Alphard ၊ UD Cander ။Toyota Towace၊ Nissan  Audi Grandee နဲ့ ထရော်လာဂျီ ၂ စီးတို့ဖြစ်ပါတယ်။

နောင်ချို Mobile Team အနေနဲ့ သစ်တောထွက် ၉မှု၊ အေးခဲအသား/ပင်လယ်စာ ၈မှု၊ Beer၂ မှု၊ ကြက်သွန်ဖြူ  ၄မှု၊ စားသောက်ကုန် ၈ မှု၊ ယာဉ်သိမ်းဆည်းရမှု ၅ မှု (၅ စီး)၊ သတ္တုအမှုန့်ဟုယူဆ ရသောအမှုန့် ၁မှုနဲ့ အခြား ၁၈မှု ၊ခန့်မှန်းတန်ဖိုး ကျပ်  ၂၄၂၁ ဒသမ  ၆၄၅  သိန်းဖိုးသိမ်းဆည်း ရမိခဲ့ပါတယ်။ သိမ်းဆည်းရမိယာဉ် ၅ စီးမှာ Nissan Canter ၊ Toyota  ၊Hino Profia နဲ့ ဇုန်ထုတ်ယာဉ်များ ဖြစ်ကြပါတယ်။

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ညောင်ခါးရှည် ယာယီအခြေပြု Mobile Team အဖွဲ့ (၂) ကတော့ သစ်တောထွက်ပစ္စည်း ၅ မှု၊ အေးခဲအသား/ပင်လယ်စာ ၁မှု၊ ဘီယာ ၄ မှု၊ စားသောက်ကုန်  ၁၁ မှု၊ စားဆီ၂မှု၊ လူသုံးကုန်ပစ္စည်း ၉ မှု၊ အခြား ကုန်စည် ၁၂ မှု၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ်  ၅၇၉ ဒသမ ၅၃၃ သိန်းဖိုးသိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။

                                                                                     

  DCCA  DCCA

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး ရှောင်ကွင်းလမ်းမှ တရားမဝင်တင်ဆောင်လာသောနွား အရှင်အကောင် ၅၀ နဲ့ နွားတင်ယာဉ် ၁၂ ဘီးယာဉ် ၂ စီးအားဖမ်းဆီးရမိ

Mon, 12/22/2014 - 14:35 -- dccaadmin
Myanmar

 

တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့ ကြီးကြပ်မှု အောက်ရှိ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း မူဆယ် ၁၀၅ မိုင်ကုန် သွယ်ရေးဇုန် နယ်စပ် ကုန်သွယ်ရေး စခန်းအနီး တစ်ဝိုက် တရားမဝင်ရှောင် ကွင်းလမ်း များမှ လည်းကောင်း၊ ပြည်ထောင်စု လမ်းမကြီးပေါ်မှ လည်းကောင်း၊ နိုင်ငံတော်ရဲ့  အဖိုးတန် သယံဇာတများ၊ ကန့်သတ်ကုန်ပစ္စည်းများ၊ အကောက်ခွန်မဲ့ ပစ္စည်းများ၊ ပြည်ပသို့ တရားမဝင် တင်ပို့ခြင်း မရှိစေရေး အတွက် တရားမဝင် ကုန်သွယ် မှုတား ဆီးထိန်းချုပ် ရေးဗဟိုကော်မတီဟာ စခန်းများရှိ ထုတ်နုတ်  Mobile Team အဖွဲ့များနဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှစ၍ တာဝန်ပေးအပ်ကာ တားဆီးစစ်ဆေးဆောင်ရွက်လျက် ရှိပါတယ်။

ထိုသို့ ဆောင်ရွက်နေစဉ် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် Mobile Team ထုတ်နုတ် အင်အားအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးစီးပူးပေါင်း အဖွဲ့ဟာ မြေပြင်သတင်းအရ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ၂ ရက် ၁၅ း၂၀ ချိန်ခိုခေး-နမ့်တောင် ရွာ ရှောင်ကွင်းလမ်းမှာ စောင့်ဆိုင်းနေစဉ် တစ်ဘက်နိုင်ငံသို့ တင်ပို့ရန် တရားမဝင် သယ်ဆောင်လာတဲ့ နွားအရှင်အကောင် ၅၀နဲ့ နွားများတင်ဆောင်လာတဲ့ ၁၂ ဘီး ကုန်တင်ယာဉ်(၂) စီးအား စစ်ဆေးတွေ့ရှိ တားဆီးနိုင်ခဲ့ပါတယ်။ တရားမဝင် သယ်ဆောင်လာတဲ့ ဖမ်းဆီးရမိနွား များအား မူဆယ်ခရိုင်အုပ်ချုပ်ရေး အဖွဲ့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေး ဦးစီးဌာန၊ အထွေအထွေ အုပ်ချုပ်ရေး ဦးစီးဌာန ပူးပေါင်းအဖွဲ့ထံသို့ Mobile Team မှ စနစ်တကျ လွှဲပြောင်းပေး အပ်ခဲ့ပြီး နွားများတင်ဆောင်လာတဲ့ ၁၂ ဘီး ကုန်တင်ယာဉ်၂ စီးအားအ ကောက်ခွန် ဦးစီးဌာနသို့ လုပ်ထုံးလုပ်နည်းနဲ့အညီ အပ်နှံခဲ့ပြီး ဖြစ်တယ်လို့ သတင်းရရှိပါတယ်။ သိမ်း ဆည်းရမိနွားတင်ယာဉ် ၂ စီးရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်း ၇၅၀ ခန့် ရှိပြီ နွားများရဲ့ ခန့်မှန်းတန်ဖိုးအား တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပါတယ်၊

                                                              

DCCA  DCCA

မဏိပူရ် ပြည်နယ်သည် ကုန်သွယ်မှုအတွက် အရေးပါ

Mon, 12/22/2014 - 14:24 -- dccaadmin
Myanmar

 

မဏိပူရ် ပြည်နယ်သည် အိန္ဒိယနိုင်ငံနှင့် အရှေ့တောင် အာရှနိုင်ငံများကို ကုန်သွယ်ရာမှာ အရေးပါလှတဲ့ ပြည်နယ်တစ်ခုဖြစ်ကြောင်း မဏိပူရ်ပြည်နယ်ထုတ် ဒီဇင်ဘာလ ၁၇ ရက်The Sangai Express သတင်း စာကသတင်း တစ်ပုဒ်မှာ ဖော်ပြ ထားပါတယ်။ လက်ရှိအချိန်မှာ အိန္ဒိယနိုင်ငံနဲ့ အရှေ့တောင် အာရှနိုင်ငံများရဲ့ ကုန်သွယ်မှုပမာဏမှာ ကန်ဒေါ်လာ ၈၀ ဘီလီယံရှိနေပြီး ၂၀၁၅ မှာ ကန်ဒေါ်လာ ဘီလီယံ ၁၀ဝ ထိရရှိရန် အစိုးရမှ စီစဉ်ထားတယ်လို့ သတင်းအရ သိရပါတယ်။ ယခုလို ကုန်သွယ်မှုမှာ အရေးပါလှတဲ့ မဏိပူရ် ပြည်နယ်အေးချမ်းပြီး အကြမ်းဖက်မှုများမရှိရန် လိုအပ်ကြောင်းနဲ့ အိန္ဒိယ-မြန်မာ-ဗီယက်နမ်-လာအို- ကမ္ဘောဒီးယား တို့ရဲ့ကုန်သွယ်မှု အားနည်းနေတာကြောင့် ကုန်သွယ်ရေး ပိုမိုအားကောင်း လာစေရန် အိန္ဒိယ အစိုးရက စီမံခန့်ခွဲ နေတယ်လို့ သိရပါတယ်။ 

                                                                                     

နေထက်မင်း (တမူး)

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလ ၁၂ ရက်ထိ တာချီလိတ် နယ်စပ်ကုန်သွယ်ရေး စခန်းမှ ITC ဖြင့်ဆောင်ရွက်မှု ထိပ်ဆုံးမှာရှိနေ

Fri, 12/19/2014 - 10:51 -- dccaadmin
Myanmar

 

အသေးစား ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ဒေသခံတိုင်းရင်းသားများ ရိုးရှင်းလွယ်ကူစွာနဲ့ ကုန်သွယ်မှု ဆောင်ရွက်နိုင်ရန်၊ တရားမဝင် ကုန်သွယ်မှုများ တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ်သို့ ရောက်ရှိပြီး ကုန်သွယ်မှု ပမာဏတိုးမြင့် လာစေရန် ၊နိုင်ငံတော်အတွက် အခွန်ငွေများ တိုးတက်ရရှိစေရန် အတွက် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနက တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် (Individual  Trading Card ITC) များ ထုတ်ပေးလျက်ရှိပါ တယ်။  

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလ ၁၂ ရက်ထိ နယ်စပ် ကုန်သွယ်ရေးစခန်းများမ ITCနဲ့ လုပ်ငန်း ဆောင်ရွက်မှုတွင် တာချီလိတ် နယ်စပ်ကုန်သွယ်ရေး စခန်းသည် ပို့ကုန် ကျပ် ၃၂ သန်းနီးပါး၊ သွင်းကုန်ကျပ် ၁၆၀၆ သန်းကျော်၊ ကုန်သွယ် မှုပမာဏ ကျပ် ၁၆၃၈ သန်းကျော်နဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။

တာချီလိတ် နယ်စပ်ပြီးနောက် ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ တမူးနဲ့ မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်း များက ထိပ်ဆုံး ၅ နေရာမှာ နေရာယူထားကြ တာတွေ့ရပါတယ်။

နယ်စပ် ကုန်သွယ်ရေးစခန်း ၁၈ ခုအနက် စစ်တွေ၊ မောင်တော၊ ထန်တလန်၊ မန္တလေးနဲ့ မြစ်ကြီးနား နယ်စပ် ကုန်သွယ်ရေး စခန်းများမှာတော့ ITC နဲ့ ဆောင်ရွက်မှု မရှိသေးပါဘူး။ ကျန်စခန်းများအနေနဲ့ ပို့ကုန် ကျပ်၂၁၆ သန်းကျော်၊ သွင်းကုန် ကျပ်  ၃၈၇ သန်းကျော်၊ စုစုပေါင်း ကုန်သွယ်မှု ပမာဏ ကျပ်  ၆၀၃ သန်းကျော်  ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ၁၂ ရက်ထိ ဆောင်ရွက်ထား ပြီးဖြစ် ပါတယ်။ ITCနဲ့ ကုန်သွယ်ရာမှာ ထိပ်ဆုံး ၅ နေရာမှာရှိနေတဲ့ စခန်း (၅) ခုနဲ့ ၎င်းတို့ ရဲ့ကုန်သွယ်မှု အခြေအနေကတော့ -                                                                                                                               ကျပ်-သန်း

                               ITC    ပို့ကုန်            သွင်းကုန်        ကုန်သွယ်မှုပမာဏ

တာချီလိတ်                 ၁၆၆    ၃၁.၈၈၂        ၁၆၀၆.၇၇၅    ၁၆၃၈.၆၅၇

ချင်းရွှေဟော်               ၂        ၆၈၄.၁၃၉      ၃၅၇.၂၉၁      ၁၀၄၁.၄၃၀

ကန်ပိုက်တီး                ၉        ၂၂၃.၈၇၃      ၆၉၇.၁၅၃      ၉၂၁.ဝ၂၆

          တမူး                       ၁၉      ၃၈၂.၁၄၈      ၃၄၂.၇၁၆      ၇၂၄.၈၆၄     

          မြဝတီ                      ၄        -                  ၂၅၆.၆၄၂      ၂၅၆.၆၄၂

          အသီးသီးဖြစ်ပါတယ်။

ထိပ်ဆုံး စာရင်းဝင် စခန်းများရဲ့ ITC နဲ့အများ ဆုံးဆောင်ရွက်တဲ့ ပို့ကုန်များကတော့ ဆံပင်၊ ဒရင် ကောက်မြစ်၊  ပြောင်း၊ တစ်သျှူးငှက်ပျော၊ ဆီးသီးခြောက်၊ မန်ကျည်းသီး၊ လက်ဖက်ခြောက်၊ လိမ္မော် သီး၊ အုန်းသီး၊ ကွမ်းသီး၊ သရက်သီး၊ ပန်းသီး (ချင်းတောင်)၊ ဘီယာတို့ ဖြစ်ပြီး အများဆုံး သွင်းကုန် များမှာ ဆပ်ပြာမှုန့်၊ တာယာ၊ ပန်းသီး၊ အဝတ်အထည်၊ သရက်သီး၊ သမင်မျက်လုံးသီး (Longams) ၊ ကျွဲကောသီး၊ ေြွကပွတ်လုံးတိုင်နဲ့ ပလတ်စတစ် ပစ္စည်းများ၊ စောင်ပါး၊ ချည်ခင်၊ နိုင်လွန် ချည်၊ Speaker ၊ဖိနပ်မျိုးစုံ၊ စက်ဘီးအပိုပစ္စည်းများတို့ဖြစ်ကြပါတယ်။

                                                                                                                                                                                                            MIRT(DCCA)

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့၊ စည်ပင်သာယာမြို့မဈေးကြီးတွင် စားသုံးသူအကာအကွယ် ပေးရေးဆိုင်ရာ အသိပညာပေးဟောပြော ဆွေးနွေးပွဲကျင်းပပြုလုပ်

Thu, 12/18/2014 - 15:20 -- dccaadmin
Myanmar

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဦးဆောင်၍ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက် နံနက် ၁၀ း ၃၀ ချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့၊ စည်ပင်သာယာ မြို့မဈေးကြီး၌ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့နှင့် ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းရှင်များ၊ ဈေးသူ/သားများ၂၀ဝခန့်အား စားသုံးသူ အကာအကွယ်ပေးရေး သိကောင်းစရာများေ ခါင်းစဉ်ဖြင့် အသိပညာ ပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဟောပြောဆွေးနွေးပွဲတွင် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး  ဦးစီးမှူးရုံး၊ ဦးစီးမှူး ဦးဇော်မင်းမှ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပြဌာန်း ချက်များအား ရှင်းလင်းခြင်း၊  အစားအစာများတွင်ပါ ဝင်သောဆိုးဆေးအန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခြင်း နှင့် ITC ကတ် ထုတ်ပေးနေမှု အကြောင်းများကို စီးပွားရေးလုပ်ငန်းရှင်များ၊ ဈေးသူ/သား များအား ဟောပြောဆွေးနွေးခဲ့ ပါသည်။

၎င်းနောက် ပူးပေါင်း အဖွဲ့သည် မတ္တရာမြို့ မဈေးကြီးအတွင်း ရောင်းချနေသော အစား အသောက်များတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေးဦးစီးဌာနမှ စားသုံးရန်မသင့် ကြေညာထားသော စားသောက်ကုန်ပစ္စည်း (၁၀) မျိးရောင်းချခြင်း ရှိ/မရှိ လှည့်လည် ကြည့်ရှု၍ ဈေးသူ /သားများအား ကျန်းမာရေးအတွက် အထောက်အကူပြုပြီး အာဟာရဖြစ်စေသော အစားအသောက်များ ကိုရွေးချယ်ရောင်းချ ရန်၊ ဓါတုဆိုးဆေး မပါဝင်သော အစားအသောက်နှင့် မုန့်များကို စိစစ်ရောင်းချရေး ပညာ ပေးဆွေး နွေးမှုများပြုလုပ် ခဲ့ပြီး  အစားအသောက်များ ဓါတ်ခွဲ စမ်းသပ် စစ်ဆေးရန် စားသောက်ကုန် နမူနာ ပစ္စည်းများ ဝယ်ယူခဲ့ကြောင်း သိရှိရပါသည်။

                                                                             တင်ချစ်ကောင်း(စားသုံးသူ၊ မန္တလေး)

ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူးရုံးအစည်း အဝေးခန်းမတွင် စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပ

Thu, 12/18/2014 - 14:18 -- dccaadmin
Myanmar

 

လူသားတို့ဘဝတစ်လျှောက်လုံးကျန်းမာစွာဖြင့် အသက်ရှည်ရှည်နေနိုင်ရန် နေ့စဉ်စားသောက် နေသော အစားအစာများမှာ သန့်ရှင်းလတ်ဆတ်ပြီး ဘေးဥပဒ်အန္တရာယ်ကင်းရန် အထူးပင်လိုအပ် လှပါသည်။ ကျန်းမာရေးနှင့် ညီညွတ် ပြီး ဘေး ဥပဒ်အန္တရာယ်ကင်းသော အစားအစာများ ရွေးချယ် ဝယ်ယူစားသုံးတတ်စေရန် နိုင်ငံတော်မှ ချမှတ်ပေး ထားသည့် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေနှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ကူးသန်းရောင်း ဝယ် ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူနှင့် ဝန်ထမ်းများ သည် မြန်မာနိုင်ငံစားသုံးသူကြိုတင်ကာကွယ်ရေး အသင်းနှင့်ပူးပေါင်း၍၂၀၁၄ခုနှစ်၊ဒီဇင်ဘာလ ၁၅ ရက် နေ့နံနက် ၁၁း၃၀နာရီ အချိန် မှ နေ့လည်၁၃းဝဝနာရီအထိ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက် တန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူးရုံး အစည်းအဝေးခန်းမတွင် စားသုံးသူအကာ အကွယ်ပေးရေး အကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။

ဟောပြောဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိန်းမှ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပြဌာန်းခဲ့ပြီးဖြစ်၍ ဥပဒေအား အကောင်အထည် ဖေါ်ဆောင်ရွက်နိုင်ရန် စားသုံးသူအငြင်းပွား မှုဖြေရှင်းရေးအဖွဲ့နှင့်ကော်မတီများဖွဲ့စည်းလုပ်ဆောင်မှု အခြေအနေ၊ စားသုံးသူများမှလည်း မိမိတို့၏အခွင့်အရေးကိုသိရှိပြီး ရယူတတ်ရန်၊ လိုက်နာရန်တာဝန် များကိုလည်း တိတိကျကျလိုက်နာရန်၊ လုံခြုံစိတ်ချရမှုရှိသော ထုတ်ကုန်များ ကို ရွေးချယ်ဝယ်ယူသုံးစွဲ တတ်ရန်၊ ပြည်တွင်း၌ထုတ်လုပ်သော ကုန်စည်များအတွက် စီးပွားရေး လုပ်ငန်းရှင်များမှလည်း ဥပဒေပါတားမြစ်ချက်များကို လိုက်နာရန်လိုအပ်မှုများ၊ ဥပဒေပါအကြောင်းအရာများနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း အသေးစိတ်ရှင်းလင်းပြောကြားပြီး ပြည်သူအားလုံးမှလည်း အမျိုးသား ရေးတာဝန် တစ်ရပ်အနေဖြင့် စားသုံးသူကာကွယ်ရေးကို ဝိုင်းဝန်းပူးပေါင်း လုပ်ဆောင်ကြ စေလိုကြောင်းတိုက် တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍မြန်မာနိုင်ငံစားသုံးသူကြိုတင်ကာကွယ်ရေးအသင်း အတွင်းရေးမှူးဒေါ်ခင်စန္ဒာမှပွင့်လင်းမင်သာလာသော အခြေအနေတွင် လူမှုဘဝပုံစံများ၊ တွေးခေါ်နေထိုင်မှု၊ စားသောက်သုံးစွဲ မှုပုံစံများပြောင်းလဲမှ သက်တမ်းရှည် ရှည် နေ ထိုင်နိုင်မှာဖြစ်ကြောင်း၊ ခန္ဓာကိုယ်ပျိုးထောင်ရန် စားသောက်မှု သာမကဝယ်ယူ သုံးစွဲမှုများလည်း ရွေးချယ်တတ်ရန်လိုကြောင်း၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း များဘေးထွက် ဆိုးကျိုးများကို ရှင်းလင်းပြောကြားခဲ့ပါ သည် ။ ဟောပြော ေ ဆွးနွေးပွဲသို့တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း/ အမှုထမ်းများ၊ မြိူ့နယ်အထွေထွေအုပ်ချုပ် ရေးမှူးနှင့်အမှုထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှ ဥက္ကဌများနှင့် အမှုထမ်းများ၊ မြို့နယ်ကျန်းမာရေးတာဝန်ခံ၊ မြို့နယ် စည် ပင် သာ ယာေ ရးအ ဖွဲ့တာဝန်ခံ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ တာဝန်ခံ ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ စုစုပေါင်း (၁၄၀) ဦးတက်ရောက် ခဲ့ပါကြောင်း သိရှိရပါသည်။

                                                                             ချောဥမ္မာနိုင်(စားသုံးသူ)ရန်ကုန်

ဒေါ်လာဈေး တည်ငြိမ်သည်အထိစောင်ကြည့်နေသဖြင့် တမူးနယ်စပ်ကုန်သွယ်မှု လျော့နည်း ကျဆင်း နေ

Thu, 12/18/2014 - 13:25 -- dccaadmin
Myanmar

 

ဒေါ်လာဈေးမြင့် တက်မှုကြောင့် AV တန်ဖိုးအား လက်ရှိငွေ လဲနှုန်းပေါက်ဈေးဖြင့် ပြောင်းလဲ တွက်ချက်ပြီး Duty ပေးဆောင်ကြရသဖြင့်  ပေးဆောင်ရတဲ့ တန်ဖိုးမြင့်မား လာခြင်းကြောင့် ဒေါ်လာဈေး တည်ငြိမ်သည်အထိ စောင့်ကြည့်နေ ရခြင်း ၊ဒေါ်လာဈေးမြင့် တက်လာသဖြင့် သွင်းကုန်ပစ္စည်းများ ဝယ်ယူရာမှာ အရှုံးပေါ်မှုများ ဖြစ်ပေါ်ခြင်း၊ တစ်ဖက်နိုင်ငံရဲ့နိုင်ငံရေးတည်ငြိမ်မှု မရှိခြင်းနဲ့မြေပေါ်မြေအောက်အဖွဲ့အစည်းများက အင်ဖာ-မိုရေးဆက်သွယ်သည့် အမျိုးသားလမ်းမကြီးအား မကြာခဏ ပိတ်ဆို့ ဆန္ဒပြမှုများကြောင့် ကုန်စည်စီးဆင်းမှု အဟန့်အတားဖြစ်ပေါ်နေ သဖြင့် တမူးနယ်စပ်မှာ ပို့ကုန် သွင်းကုန် ကုန်သွယ်မှု လျော့ကျရလျက် ရှိနေပါတယ်။

အဓိက ပို့ကုန်ဖြစ်သော ကွမ်းသီးအသစ် ထွက်ရှိချိန်ဖြစ်သော်လည်း အစိုဓါတ်များသဖြင့် ဈေးနှိမ် မခံရစေရန် နေလှမ်းခြင်း၊ သန့်ခြင်း၊ ပြန်လည်ထုတ်ပိုးခြင်းများ ပြုလုပ်နေရသဖြင့် ပို့ကုန်ပိုင်းလည်းလျော့ နည်းရလျက်ရှိပါတယ်။

 

                                                                                                          CMK

မြဝတီနယ်စပ်နဲ့ ကော့သောင်းနယ်စပ်မှ ကုန်သွယ်မှုပို

Thu, 12/18/2014 - 11:46 -- dccaadmin
Myanmar

 

မြန်မာ-ထိုင်း နယ်စပ်ရှိ နယ်စပ်စခန်း များဖြစ်သော မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်းနယ်စပ် ကုန်သွယ်ရးစခန်းနဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေး စခန်းများက ဒီဇင်ဘာလ ၆ ရက်မှ ၁၂ ရက်တာ ကာလအတွင်း ကန်ဒေါ်လာ ၃ ဒသမ ၃၄၃ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၃၁၉၇ တန်ကျော် တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၁၀၃၇ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

နယ်စပ် စခန်းများအလိုက် လုပ်ငန်းဆောင်ရွက်မှုများမှာ မြဝတီကုန်သွယ်ရေးဇုန်အနေနဲ့ ကန်ဒေါ်လာ ၁၄၁ ဒသမ ၉၂၅ သန်း တန်ဖိုးရှိ ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ ၁၁၆ တန်နီးပါး၊ ကဏန်း၂၂တန်ကျော်၊ပုစွန် ၃တန်ကျော်တင် ပို့နိုင်ခဲ့ပြီး ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၃၂ တန်ကျော် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။

ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းက ကန်ဒေါ်လာ၁ဒသမ၂၉၅ သန်းတန်ဖိုးရှိ ရေထွက်ကုန် များဖြစ်သော ငါးမျိုးစုံ ၁၅၃၂ တန်ကျော်၊ ကင်းမွန်၁၂ တန်ကျော်၊ ပုစွန်၂ တန်ကျော်၊ ကဏန်း၂တန်ကျော်၊ ပင်လယ်ငါးရှဉ့်၂ တန်ကျော် နဲ့ ရေဘဝဲ ၁ တန်နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်း ပတ်နဲ့  နှိုင်းယှဉ်ပါက ၁၀၇၃ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

မြိတ် နယ်စပ်ကုန်သွယ်ရေး စခန်းက ကန်ဒေါ်လာ ၁ ဒသမ ၈၃၁ သန်းတန်ဖိုးရှိ ရေထွက်ကုန် များဖြစ် သောငါးမျိုးစုံ ၁၂၁၆ တန်ကျော်၊ ရေငန်ပုစွန် ၁၆ တန်ကျော်၊ ကင်းမွန် ၂ တန်ကျော်၊ ငါးမှုန့်  ၁၆၅ တန်ကျော်၊ ပုစွန်ခြောက် ၂ တန်ကျော်၊ ကဏန်းပျော့ ၂၁ တန်ကျော်၊ ကဏန်းနီ  ၅၄ တန်၊ ငါးခြောက် ၆ တန်၊ ပုစွန်  ၁၇ တန်ကျော်၊ သဲကဏန်းနဲ့ ကင်းမွန်ခြောက် အနည်းငယ်တင်ပို့နိုင်ခဲ့ပြီး ယခင် သီတင်း ပတ်နဲ့ နှိုင်းယှဉ်ပါကတန် ၇၀ နီးပါးလျော့နည်းတင်ပို့ခဲ့ပါတယ်။

 

                                                                                      ခင်မြနွယ် MIRT (DCCA)

နယ်စပ်ကုန်သွယ်ရေး စခန်းများမှယခုသီတင်းပတ် အတွင်းဆန်တင်ပို့မှုလျော့နည်း သော်လည်း ဆန်ကွဲတင်ပို့မှုပိုမို

Wed, 12/17/2014 - 14:47 -- dccaadmin
Myanmar

 

ဒီဇင်ဘာလ ၆ ရက်မှ  ၁၂ ရက်တာ ကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်နဲ့ လွယ်ဂျယ်စခန်းများမှ ဆန်တင်ပို့မှုမှာ ၃၁၇၀၉ တန်ကျော်ရှိပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၁ ဒသမ  ၆၇၃ သန်းဖိုးရရှိပါတယ်။ စခန်းအလိုက် တင်ပို့မှုများမှာ မူဆယ် ၁၀၅ မိုင်မှ ငစိန်ဆန် ၁၆၅၂၉ တန်ကျော်နဲ့ ဧည့်မထဆန် ၉၁၉၁ တန်ကျော်၊ ချင်းရွှေဟော်စခန်းမှ ဧည့်မထဆန် တန်၁၀ဝ၀ နဲ့ လွယ်ဂျယ်စခန်းမှ ဧည့်မထဆန် ၄၉၈၉ တန်ဖြစ်ပါတယ်။ ယခင်သီတင်း ပတ်နဲ့ နှိုင်းယှဉ်ပါက ယခုသီတင်းပတ်မှာ ၅၄၉၇  တန်ခန့်လျော့နည်း တင်ပို့ခဲ့ပါ တယ်။ ဆန်တင် ပို့မှုလျော့ကျခဲ့သော်လည်း ဆန်ကွဲတင်ပို့မှုမှာ ယခုသီတင်းပတ်တွင် ၁၁၇၅တန် ပိုမိုတင်ပို့နိုင်ခဲ့ ကြောင်းသိရှိရပါတယ်။ မူဆယ်  ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ၅၄၈၅ တန်ကျော်နဲ့ ချင်းရွှေဟော်စ ခန်းမှ တန်၇၀ဝတင်ပို့ခဲ့တဲ့အတွက် တန်ချိန်စုစုပေါင်း ၆၁၈၅ တန်ကျော်တင်ပို့ခဲ့တာဖြစ်ပါတယ်။ တန်ဖိုးအားဖြင့်တော့  ကန်ဒေါ်လာ၂ ဒသမ ဝ၂ သန်းဖိုးဖြစ်ပါတယ်။

                                                                                                     

 

                                                                   ယဉ်ယဉ်အေး MIRT (DCCA)

လွယ်ဂျယ်ကပါ ပို့တဲ့ဖရဲ

Wed, 12/17/2014 - 14:35 -- dccaadmin
Myanmar

 

မြန်မာ-တရုတ် နယ်စပ်ရှိ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလ ၆ ရက်မှ ၁၂ ရက်အ တွင်း ကန်ဒေါ်လာ ၃၅၁၇၁ တန်ဖိုးရှိ ဖရဲသီး ၂၇၀ တန် တင်ပို့နိုင်ခဲ့ပါတယ်။  မူဆယ် (၁၀၅) မိုင်ကုန် သွယ်ရေးဇုန်ကတော့  ကန်ဒေါ်လာ ၁ ဒသမ ၈၁၆ သန်း တန်ဖိုးရှိ ဖရဲသီး ၁၄၃၀ဝ တန်နဲ့ ကန်ဒေါ် လာ သုည ဒသမ ၈၈၅ သန်း တန်ဖိုးရှိ သခွားမွှေး ၄၃၄၀ တန် တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က လွယ်ဂျယ်မှ ဖရဲ အပို့မရှိဘဲ မူဆယ်မှ တန်ချိန် ၁၈၀ဝ၀ တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ လှည်းကူး မြို့နယ်မှာ စိုက်ပျိုးတဲ့ ဖရဲကို တစ်ချို့က အသီးကို ကြည့်ပြီး အခင်းလိုက်အဝယ်ရှိပြီး  သခွားမွှေးကတော့ကျောက်ဆည်၊ စဉ့်ကိုင်၊ ဘုတလင်နဲ့ ရွှေဘိုဘက်က အထွက်များတယ်လို့ သိရပါတယ်။ မူဆယ်ကို ဖရဲကား အစီး ၂၀ဝ ဝန်းကျင်နဲ့ သခွားမွှေးကား ၉၀ မှ ၁၁၀ စီး ကြားနေ့စဉ်ပုံမှန်တက် တယ်လို့ မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်မှ သတင်းရရှိပါတယ်။                                                                                                                                                                                                                        

  မော်မော်အောင် MIRT (DCCA)

Pages

Subscribe to RSS - Department of Trade