တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုရဲ့ စီမံကြီးကြပ်မှုဖြင့် တရားမဝင် ကုန်သွယ်မှု တားဆီးရေး ဆောင်ရွက်နေသော Mobile Team အဖွဲ့များက ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်ထိ (၁၁) လတာကာလအတွင်း ကျောက်စိမ်းဟု ယူဆရသော ကျောက်နဲ့ ကျောက်မျက်ပစ္စည်းများ၊ ကွာဇိုက်၊ ပလွမ်စတဲ့ အခြားတွင်းထွက် ပစ္စည်းများမှာ ၃၇၄၀ဝ ကီလို၊ တန်ဖိုးအားဖြင့် ကျပ်သန်း ၃၅၃၇ ဒသမ ၄၁၈ ဖိုးသိမ်းဆည်းရမိမှု ရှိခဲ့တယ်လို့ တရားမဝင် တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ သတင်းရရှိပါတယ်။ စခန်းအလိုက် ဖမ်းဆီးရမိမှုများ ကတော့ လရ-၁ နောင်ချိုမှ ၁၆၃၃၅ ကီလို၊ မူဆယ်မှ ၂၀၈၈၁ ကီလိုနဲ့ တာချီလိတ်မှ ၁၈၄ ကီလို အသီးသီးဖြစ်ပါတယ်။
DCCA DCCA