Department of Trade

Caucus of the 1st ACAFTA WGC Negotiation တက်ရောက်ခြင်း

Wed, 08/24/2022 - 04:10 -- competition
Myanmar

အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-Canada Free Trade Agreement - ACAFTA) ဆွေးနွေးညှိနှိုင်းမှုများအတွက် ပထမအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေး (1st ACAFTA WGC) အတွက် အာဆီယံဒေသတွင်းဆွေးနွေးညှိနှိုင်းမှုကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ‌အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ယှဉ်ပြိုင်မှုဆိုင်ရာ ဘာသာရပ်ကိုယ်စားလှယ်များအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ယှဉ်ပြိုင်မှုဆိုင်ရာ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများနှင့် ကနေဒါဘက်မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ယခုကျင်းပပြုလုပ်သည့် အာဆီယံဒေသတွင်းဆွေးနွေးညှိနှိုင်းမှုကို အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-Canada Free Trade Agreement - ACAFTA) ဆွေးနွေးညှိနှိုင်းမှုများအတွက် ပထမအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေး (1st ACAFTA WGC) မတိုင်မီ ကြိုတင်ဆွေးနွေးကြရန်ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး 1st ACAFTA WGC ဆွေးနွေးညှိနှိုင်းမှုကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

 

Latest News: 

ယှဉ်ပြိုင်မှုဆိုင်ရာ တိုင်ကြားလာသည့်အမှုကိစ္စများနှင့်စပ်လျဉ်းသည့် အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

Tue, 08/16/2022 - 09:20 -- competition
Myanmar

ယှဉ်ပြိုင်မှုဆိုင်ရာ တိုင်ကြားလာသည့်အမှုကိစ္စများနှင့်စပ်လျဉ်းသည့် အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

၁၆-၈-၂၀၂၂ ရက်၊ နံနက် (၁၀:၀၀) နာရီ

 

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်သို့ တိုင်ကြားလာသည့် အမှုကိစ္စများနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့ (အင်္ဂါနေ့) နံနက် (၁၀:၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌဦးဆောင်၍ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

 

အစည်းအဝေးတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်သို့ တိုင်ကြားလာသည့် အမှုကိစ္စများအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကော်မရှင်ရုံးမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များက အဆိုပါအမှုကိစ္စများအပေါ် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။

Latest News: 
Latest New တင္ရန္

"Competition in the Digital Markets" အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခြင်း

Mon, 08/15/2022 - 13:52 -- competition
Myanmar

အာဆီယံ-ယူကေ ပူးပေါင်းမှုအစီအစဉ်အောက်မှ အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက် "Competition in the Digital Markets" အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် (၁၄:၃၀) နာရီမှ (၁၆:၃၀) နာရီအထိ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ အရာထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

 

အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဒစ်ဂျစ်တယ်ဈေးကွက်များတွင် ယှဉ်ပြိုင်မှုမူဝါဒနှင့်ဥပဒေ အာဏာသက်ဝင်မှုရှိရေးဆိုင်ရာ အကြောင်းအရာများအပေါ် ဆွေးနွေးဖလှယ်သွားရန်ဖြစ်ပါသည်။

 

အလုပ်ရုံဆွေးနွေးပွဲကို အပိုင်း(၄)ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့ရာ ပထမပိုင်းတွင် "ယူကေနိုင်ငံ ယှဉ်ပြိုင်မှုနှင့် ဈေးကွက်များထိန်းကျောင်းရေးအာဏာပိုင်အောက်ရှိ ဒစ်ဂျစ်တယ်ဈေးကွက်များဆိုင်ရာဌာန၏ ဆောင်ရွက်ချက်များအား မိတ်ဆက်ခြင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယပိုင်းတွင် "အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာအေဂျင်စီများ၏ ဒစ်ဂျစ်တယ်ဈေးကွက်များထိန်းကျောင်းရေးဌာန" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တတိယပိုင်းတွင် "ယူကေနိုင်ငံ၊ ယှဉ်ပြိုင်မှုနှင့် ဈေးကွက်များထိန်းကျောင်းရေးအာဏာပိုင်၏ အမှုတွဲလေ့လာမှု (Case Study) ဆွေးနွေးခြင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စတုတ္ထပိုင်းတွင် "အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဒစ်ဂျစ်တယ်စီးပွားရေး (Digital Economy)" ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပါသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် ယူကေနိုင်ငံ ယှဉ်ပြိုင်မှုနှင့် ဈေးကွက်များထိန်းကျောင်းရေးအာဏာပိုင်မှ ကိုယ်စားလှယ်များက ဦးဆောင်ဆွေးနွေးခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်စုစုပေါင်း (၅၇)ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Latest News: 

"Economic Analysis" အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခြင်း

Mon, 08/15/2022 - 13:33 -- competition
Myanmar

ASEAN-US တရားရေးဌာန (Department of Justice-DOJ) က ဦးဆောင်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက် "Economic Analysis" အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၀၇:၃၀) နာရီမှ (၁၀:၀၀) နာရီအထိ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ အရာထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

 

အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ လုပ်ငန်းများပေါင်းစည်းခြင်းဆိုင်ရာ အမှုကိစ္စများကို သုံးသပ်ခြင်း (Merger Review) နှင့် ဈေးကွက်လက်ဝါးကြီးအုပ်ခြင်းဆိုင်ရာ အမှုကိစ္စများ (Monopolization Cases) များနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်ရာတွင် စီးပွားရေးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများကို နားလည်သဘောပေါက်မှု တိုးမြင့်လာစေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

 

အလုပ်ရုံဆွေးနွေးပွဲကို အပိုင်း(၂)ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့ရာ ပထမပိုင်းတွင် "လုပ်ငန်းများပေါင်းစည်းခြင်းဆိုင်ရာ အမှုကိစ္စများကို သုံးသပ်ခြင်းလုပ်ငန်းစဉ်များတွင် စီးပွားရေးပညာရှင်များ၏ အခန်းကဏ္ဍနှင့် သုံးသပ်ခြင်းပြုလုပ်သည့်အဖွဲ့ရှိ ဥပဒေပညာရှင်များနှင့် မည်သို့ပူးပေါင်းဆောင်ရွက်မည်" ဟူသည့် ခေါင်းစဉ်အပေါ် အဓိကထားဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲဒုတိယပိုင်းတွင် "စီးပွားရေးပညာရှင်များ၏ လုပ်ငန်းများပေါင်းစည်းခြင်းဆိုင်ရာ အမှုကိစ္စများကို ဖြေရှင်းဆောင်ရွက်ရာတွင် အသုံးပြုသည့်နည်းလမ်းများ" ကို အမှုနမူနာများနှင့်တကွ ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် US တရားရေးဌာနမှ စီးပွားရေးပညာရှင်များနှင့် ဥပဒေပညာရှင်များက ဦးဆောင်ဆွေးနွေးခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်စုစုပေါင်း (၄၅)ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Latest News: 

"Guidelines for sharing Merger Cases" ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခြင်း

Thu, 07/28/2022 - 03:39 -- competition
Myanmar

လုပ်ငန်းများပေါင်းစည်းခြင်းဆိုင်ရာ အမှုကိစ္စများအတွက် သတင်းအချက်အလက်မျှဝေခြင်း လမ်းညွှန်ချက်များ (Guidelines for sharing Merger Cases) ရေးဆွဲရေးနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့၊ နေ့လယ်ပိုင်းတွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ထိုင်းနိုင်ငံတို့က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၃၅)ဦး တက်ရောက်ခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် အဖွဲ့ဝင်တစ်ဦးကဦးဆောင်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဥပဒေစိစစ်အကြံပြုရေးဦးစီးဌာနနှင့် ယှဉ်ပြိုင်မှုကော်မရှင်ရုံးတို့မှ ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

Latest News: 

အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲများ(AHCA) အထူးအစည်းအဝေးသို့ တက်ရောက်ခြင်း

Wed, 07/27/2022 - 04:55 -- competition
Myanmar

အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲများ(AHCA) အထူးအစည်းအဝေးသို့ တက်ရောက်ခြင်း
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်

“အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲများ(AHCA) အထူးအစည်းအဝေး” ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ မြန်မာစံတော်ချိန် (၀၈:၀၀) နာရီမှ (၁၀:၀၀) နာရီအချိန်အထိ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင် ဦးဆောင်၍ ကော်မရှင်ရုံးမှ အရာထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ရေးဆွဲရာတွင် အခြေခံရမည့် လမ်းညွှန်အခြေခံမူများ(မူကြမ်း) ကို အတည်ပြုနိုင်ရေးနှင့် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်ကို တရားဝင်စည်းနှောင်မှုရှိသည့် သဘောတူစာချုပ် (Legally Binding) အဖြစ် ရေးဆွဲနိုင်ရေးတို့အပေါ် သဘောထားအမြင်များအား သုံးသပ်ဆွေးနွေးခဲ့ကြပါသည်။

Latest News: 

"အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်" ရေးဆွဲရေးဆိုင်ရာ ဒဿမအကြိမ် လုပ်ငန်းအဖွဲ့အဆင့်ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်ခြင်း

Thu, 07/07/2022 - 08:40 -- competition
Myanmar

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၇

“အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်” ရေးဆွဲရေးအတွက် ဒဿမအကြိမ် လုပ်ငန်းအဖွဲ့အဆင့် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ (ကြာသပတေးနေ့) မြန်မာစံတော်ချိန် နေ့လယ် (၁၂:၃၀)နာရီ အချိန်မှ (၁၆:၀၀) နာရီအချိန်ထိ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများနှင့် အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံမှ ဘာသာရပ်တာဝန်ခံ ကိုယ်စားလှယ်များ၊ စုစုပေါင်း (၃၃)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဖိလစ်ပိုင်ယှဉ်ပြိုင်မှုကော်မရှင်က အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။

အစည်းအဝေး၌ ယခင်နဝမအကြိမ် လုပ်ငန်းအဖွဲ့အဆင့် ညှိနှိုင်းအစည်းအဝေးမှ ဆွေးနွေးရရှိခဲ့သော လမ်းညွှန်အခြေခံမူများ(မူကြမ်း)အပေါ် ပြင်ဆင်ဖြည့်စွက်လိုသည့် အချက်များ၊ လမ်းညွှန်အခြေခံမူများတွင် နောက်ဆက်တွဲအဖြစ် ပူးတွဲပါဝင်သော အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်တွင် ထည့်သွင်းဆွေးနွေးမည့်အခန်းများ (Outline) တို့ကို ဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုရလဒ်များကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည့် “အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲများအစည်းအဝေး(AHAC)” သို့တင်ပြ၍ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပပြုလုပ်မည့် “(၅၄)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများအစည်းအဝေး (AEM)” သို့ တင်ပြအတည်ပြုချက် ရယူသွားမည်ဖြစ်ပါသည်။

Latest News: 

"အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်" ရေးဆွဲရေးအတွက် နဝမအကြိမ် လုပ်ငန်းအဖွဲ့အဆင့် ညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း

Wed, 06/29/2022 - 05:04 -- competition
Myanmar

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉ ရက်

              အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်” ရေးဆွဲရေးအတွက် လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေးများကို  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှစတင် ကျင်းပဆွေးနွေးခဲ့ကြရာ နဝမအကြိမ် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇွန်လ၂၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့) မြန်မာစံတော်ချိန် နံနက် (၀၇:၃၀)နာရီ အချိန်မှ နေ့လယ် (၁၃:၀၀) နာရီအချိန်ထိ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

              အဆိုပါ အစည်းအဝေးသို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများနှင့် အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံမှ ဘာသာရပ်တာဝန်ခံ ကိုယ်စားလှယ်များ၊ စုစုပေါင်း (၂၈)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အစည်း အဝေးတွင် ဖိလစ်ပိုင်ယှဉ်ပြိုင်မှုကော်မရှင်က အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ညှိနှိုင်းအစည်းအဝေးတွင် “အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင် သဘောတူစာချုပ် ’’ ၌ ထည့်သွင်းရေးဆွဲမည့် Articles များကို လမ်းညွှန်အခြေခံမူများ၏ နောက်ဆက်တွဲအဖြစ် ပူးတွဲနိုင်ရေး ထပ်မံဖြည့်စွက်လိုသည့် အချက်များနှင့် လုပ်ငန်းအစီစဉ်တို့အပေါ် အဓိကထားဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင်ဆွေးနွေး ရရှိလာသည့် ဆွေးနွေးမှုရလဒ်များကို အခြေခံပြီး “အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်” ကို ညှိနှိုင်းဆွေးနွေးရေးဆွဲကြရမည်ဖြစ်ပါသည်။

Latest News: 
Latest New တင္ရန္

အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲများ အထူးအစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ တက်ရောက်ဆွေးနွေး

Wed, 06/15/2022 - 06:43 -- competition
Myanmar

နေပြည်တော်၊ ဇွန်လ ၁၅

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်၊ ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်သည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅ ရက် (ဗုဒ္ဓဟူးနေ့)၊ မြန်မာစံတော်ချိန် နံနက် (၀၈:၃၀) နာရီအချိန်တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သော အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲများ (ASEAN Heads of Competition Agencies – AHCA) အထူး အစည်းအဝေးသို့ တက်ရောက်ဆွေးနွေးပြောကြားခဲ့ပါသည်။

              အစည်းအဝေးတွင် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲများ (AHCA) ၏ ဥက္ကဋ္ဌဖြစ်သူ ဖိလစ်ပိုင်ယှဉ်ပြိုင်မှုကော်မရှင်၊ Commissioner Mr. Johannes R Bernabe က ဦးဆောင်၍ အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ရေးဆွဲရေးအတွက် လမ်းညွှန်အခြေခံမူ (Final Guiding Principle) ရေးဆွဲပြီးစီးမှုအခြေအနေအား တင်ပြခြင်း၊ ဆွေးနွေးခြင်းနှင့် အစည်းအဝေး အတည်ပြုချက်ရယူခြင်း၊ အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်ကို တရားဝင်စည်းနှောင်မှုရှိသည့် သဘောတူစာချုပ် (Legal Bindingness) အဖြစ် ရေးဆွဲနိုင်ရေး ဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။

              ဆက်လက်၍ အစည်းအဝေးတွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ လမ်းညွှန်အခြေခံ မူများ (မူကြမ်း) နှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များ (Work Plan) များကို တင်ပြဆွေးနွေးခဲ့ပါသည်။

Latest News: 
Latest New တင္ရန္

"အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်"ရေးဆွဲရေးအတွက် သတ္တမအကြိမ် လုပ်ငန်းအဖွဲ့အဆင့် ညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း

Tue, 06/14/2022 - 06:45 -- competition
Myanmar

"အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်" ရေးဆွဲရေးအတွက် လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေးများကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကျင်းပဆွေးနွေးခဲ့ကြရာ သတ္တမအကြိမ် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့ (အင်္ဂါနေ့) မြန်မာစံတော်ချိန် နံနက် (၀၈:၃၀) နာရီအချိန်မှ ညနေ (၁၆:၀၀) နာရီအချိန်အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ညှိနှိုင်းအစည်းအဝေးတွင် "အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်" အတွက် လမ်းညွှန်အခြေခံမူများ(မူကြမ်း)၊ ထိုလမ်းညွှန်အခြေခံမူအပေါ်တွင် ထပ်မံဖြည့်စွက်လိုသည့်အချက်များနှင့် လုပ်ငန်းအစီအစဉ်တို့အပေါ် အဓိကထား ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင် ဆွေးနွေးရရှိလာသည့် ဆွေးနွေးမှုရလဒ်များကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲများ အထူးအစည်းအဝေးတွင် တင်ပြအတည်ပြုချက် ရယူသွားမည် ဖြစ်ပါသည်။

Latest News: 
Latest New တင္ရန္

Pages

Subscribe to RSS - Department of Trade