Department of Trade

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၁/၂၀၂၀) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

Wed, 09/16/2020 - 04:55 -- competition
Myanmar

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၁/၂၀၂၀) ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြားသည်။

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယှဉ်ပြိုင်မှုနည်းဥပဒေပါ သတ်မှတ်ချက်များအတိုင်း ကော်မရှင်အစည်းအဝေးများကို ပုံမှန် ကျင်းပလာခဲ့ရာ ပဥ္စမ အကြိမ်ရောက်ရှိလာခဲ့ပြီဖြစ်သကဲ့သို့ ကော်မရှင်၏ သက်တမ်းမှာလည်း တစ်နှစ်ကျော်လာခဲ့ပြီဖြစ်ကြောင်း၊ ယင်းကာလအတွင်း၌ ယှဉ်ပြိုင်မှုကော်မရှင်အနေဖြင့် လေ့လာသင်ယူခဲ့ရမှုများ၊ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများမှရှေ့ဆက်ဆောင်ရွက်ရန်အစီအစဉ်များကို ပိုမိုသိရှိလာကြကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များဘက်ကလည်း ယှဉ်ပြိုင်မှုဥပဒေနှင့် ယှဉ်ပြိုင်မှု ကော်မရှင်အကြောင်းကို ပိုမိုသိရှိလာကြပြီး စုံစမ်းမေးမြန်းမှုများ၊ လာရောက်ဆွေးနွေးတင်ပြမှုများ၊ တိုင်ကြားမှုများကို ယခင်ကထက် ပိုမိုပြုလုပ်လာကြသည်ကို တွေ့ရှိရပါကြောင်း၊ ကော်မရှင်အနေဖြင့် ကဏ္ဍအလိုက် ထိန်းကျောင်းအကောင်အထည်ဖော်နေသည့် အစိုးရအဖွဲ့အစည်းများ (Sector Regulators)နှင့် ညှိနှိုင်းဆောင်ရွက်ဖို့ကိုလဲ အလေးအနက်ထား စီမံဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ကော်မရှင်၏ စီမံရေးရာကိစ္စရပ်များ၊ တိုင်ကြားမှုများအပေါ် ဖြေရှင်းပေးမှုများ၊ အသိပညာပေးမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်ဖို့လိုအပ်သကဲ့သို့ ကော်မရှင်၏ လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်ပြီး မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်ရေးအတွက် အစီအမံများ ကိုလည်း ညှိနှိုင်းချမှတ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ကော်မရှင်ပုံမှန်အစည်းအဝေးကိုကျင်းပရာ စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကော်မရှင်ရုံးက ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး ​လက်ခံရရှိထားသော တိုင်ကြားမှုများ နှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို ကော်မရှင် အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြကာ မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားခဲ့ပါသည်။

Latest News: 

စီးပွားရေးလုပ်ငန်းများပေါင်းစည်းခြင်းဆိုင်ရာယှဉ်ပြိုင်မှုအလုပ်ရုံဆွေးနွေးပွဲ (M & A Workshop : Discussion on Merger Thresholds) ကျင်းပပြုလုပ်

Tue, 09/15/2020 - 09:03 -- competition
Myanmar

စီးပွားရေးလုပ်ငန်းများပေါင်းစည်းခြင်းဆိုင်ရာယှဉ်ပြိုင်မှုအလုပ်ရုံဆွေးနွေးပွဲကို ၂၅-၁၀-၂၀၁၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အနေဖြင့် ယှဉ်ပြိုင်မှုဥပဒေအရ စီးပွားရေးလုပ်ငန်းအချင်းချင်း ပေါင်းစည်းခြင်း သို့မဟုတ် ရယူခြင်း ပြုလုပ်မှုများကြောင့် ဈေးကွက်ထဲရှိ အခြားစီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်ပျက်ပြားမှု မဖြစ်စေရန် ကြပ်မတ်ထိန်းကျောင်းရမည့် တာဝန်လည်းရှိပါသည်။

သို့ဖြစ်၍ စီးပွားလုပ်ငန်းများ ပေါင်းစည်းခြင်း သို့မဟုတ် ရယူခြင်းတို့အတွက် Threshold တစ်ခုသတ်မှတ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပညာရပ်များနှင့်ဆန့်ကျင်မှုမရှိဘဲ လက်တွေ့နယ်ပယ်နှင့်လည်း ကိုက်ညီမှုရှိစေရန်အတွက် စီးပွားရေးပညာရှင်များ၊ဥပဒေပညာရှင်များနှင့် လက်တွေ့လုပ်ငန်းနယ်ပယ်တွင် ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းရှင်များ၊သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို ဖိတ်ကြားပြီး ဆွေးနွေးမှုပြုနိုင်ရန် ရည်ရွယ်၍ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

Latest News: 

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် စတုတ္တအကြိမ်ပုံမှန် အစည်းအဝေး ကျင်းပပြုလုပ်

Tue, 09/15/2020 - 08:51 -- competition
Myanmar

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် စတုတ္ထအကြိမ်ပုံမှန်အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် နေပြည်တော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ကို ပြည်သူများ၊ လုပ်ငန်းရှင်များ၊ စားသုံးသူများ၏ အားကိုးအားထားပြုနိုင်သော အဖွဲ့အစည်းတစ်ခုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယခုအခါတွင် ယှဉ်ပြိုင်မှု ကော်မရှင်သို့ ယှဉ်ပြိုင်မှုဥပဒေ ဆိုင်ရာဆွေးနွေးမေးမြန်းမှုများ၊ တိုင်ကြားမှုများ လက်ခံရရှိမှု တိုးတက်လာခြင်းကို ကြည့်ခြင်းအားဖြင့် ကော်မရှင်ကို ပြည်သူများ၏ ယုံကြည်အားထားမှု အထိုက်အလျောက်ရရှိလာပြီဆိုသည်ကို ဖော်ပြနေပါကြောင်း၊ ပြည်သူများအနေဖြင့် ယှဉ်ပြိုင်မှုဥပဒေ အကြောင်းကိုသာမက တိုင်ကြားမှုနည်းလမ်းများကိုလည်း သိရှိနားလည်လာအောင် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း မီဒီယာများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်အောင် ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် မီဒီယာနှင့်ပုံမှန်တွေ့ဆုံကာ ယှဉ်ပြိုင်မှုဆိုင်ရာဆောင်ရွက်မှုအခြေအနေများကို အသိပေးရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်သွားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကော်မရှင်ပုံမှန်အစည်းအဝေးကိုကျင်းပရာ တတိယအကြိမ် ပုံမှန်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လက်ခံရရှိထားသော တိုင်ကြားမှုများနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ယှဉ်ပြိုင်မှုကော်မရှင်ရုံးမှ ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး၊ ကော်မရှင်အဖွဲ့ဝင်များမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြကာ အစည်းအဝေးကို နေ့လယ် ၁၄:၀၀ နာရီချိန်တွင် အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။

Latest News: 

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင်များ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ဖိလစ်ပိုင်ယှဉ်ပြိုင်မှုကော်မရှင်(PCC)သို့ လေ့လာရေးခရီးသွားရောက်ခြင်း

Tue, 09/15/2020 - 08:07 -- competition
Myanmar

     မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင်များသည်  ၂၀၁၉ ခုနှစ်၊ မေလ ၈ ရက်နေ့မှ ၁၀ ရက်နေ့ထိ  ဖိလစ်ပိုင်ယှဉ်ပြိုင်မှုကော်မရှင်(PCC)သို့ သွားရောက်၍ ဖိလစ်ပိုင်ယှဉ်ပြိုင်မှုကော်မရှင်၏ ဖွဲ့စည်းဆောင်ရွက်မှု၊ လုပ်ငန်းဆောင်ရွက်မှု၊ ယှဉ်ပြိုင်မှုဥပဒေ၊ ယှဉ်ပြိုင်မှုမူဝါဒ၊ စီမံကိန်းရေးဆွဲ ဆောင်ရွက်မှု၊ စွမ်းအား အရင်းအမြစ် လှည့်လှည်သုံးစွဲမှု၊ အသိပညာပေးဆောင်ရွက်မှု၊ အမှုများ ကိုင်တွယ် ဖြေရှင်းမှုစသည့် အကောင်အထည်ဖော်ဆောင်ရွက်မှု လုပ်ငန်းစဉ်များနှင့် အခြေ အနေများကို သွားရောက်လေ့လာခဲ့ကြပါသည်။

Latest News: 

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး ကျင်းပပြုလုပ်

Mon, 03/11/2019 - 08:50 -- competition
Myanmar

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးကို ယနေ့ ၁၁-၃-၂၀၁၉ ရက်နေ့ (တနင်္လာနေ့) နံနက် (၁၀း၃၀)နာရီအချိန်တွင် ရုံးအမှတ်(၃)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Latest News: 

“ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ ညွှန်ကြားချက်များနှင့် စည်းမျဉ်းစည်းကမ်းများရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ” ကျင်းပပြုလုပ်ခြင်း

Fri, 03/01/2019 - 08:33 -- competition
Myanmar

ယှဉ်ပြိုင်မှုဥပဒေနှင့် ပတ်သက်၍ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (CLMV) နိုင်ငံများမှ ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ညွှန်ကြားချက်များ မူကြမ်းပြင်ဆင်ရေးဆွဲခြင်းအပေါ် သိရှိနားလည်သဘောပေါက်စေရန်အတွက် “ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ ညွှန်ကြားချက်များနှင့် စည်းမျဉ်းစည်းကမ်းများရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ”ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ နေပြည်တော်ရှိ သဂ်ဟဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် သြစတြေးလျယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာကော်မရှင် (ACCC) မှ ယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူများနှင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (CLMV) နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး နိုင်ငံအလိုက် ယှဉ်ပြိုင်မှုဥပဒေများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အပံ့ပေးနိုင်ရန်အတွက် လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များ ပြင်ဆင်ရေးဆွဲရာတွင် ကြုံတွေ့ရသည့် ချဉ်းကပ်ဆောင်ရွက်မှုများ၊ အတွေ့အကြုံများနှင့် စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြပါသည်။

Latest News: 
Latest New တင္ရန္

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၏ ကျွဲ၊ နွား၊ သိုး၊ ဆိတ်တင်ပို့မှုနှင့်ပတ်သက်၍ တစ်ဖက်နိုင်ငံ ဈေးကွက်၊ ဈေးနှုန်းအခြေအနေနှင့် မူဆယ်ဒေသဈေးကွက်၊ ဈေးနှုန်းအခြေအနေများ

Fri, 03/23/2018 - 05:31 -- dotadmin
Undefined

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၏ ကျွဲ၊ နွား၊ သိုး၊ ဆိတ်တင်ပို့မှုနှင့်ပတ်သက်၍ တစ်ဖက်နိုင်ငံ ဈေးကွက်၊ ဈေးနှုန်းအခြေအနေနှင့် မူဆယ်ဒေသဈေးကွက်၊ ဈေးနှုန်းအခြေအနေများမှာ အောက်ပါအတိုင်း စုံးစမ်းသိရှိ ရပါသည်။

ကျွဲ၊ နွား (အရှင်) များအား တစ်ဖက်နိုင်ငံဝယ်လက်များမှ တိရစ္ဆာန်ကျန်းမာရေးစစ်ဆေးရေးစခန်း (AQS) နှင့် မူဆယ်၊ ကျိန်စမ်းကျော့ ကိုယ်ပိုင်နွားခြံများသို့ နေ့စဉ်လာရောက်ရောင်းဝယ်ယူလျှက်ရှိပါသည်။

          စဉ်      အမျိုးအစား              မူဆယ်မြို့တစ်ဖက်နိုင်ငံရောင်းဈေး(ယွမ်)       တင်ပို့သည့်မြို့

          (၁)     ကျွဲ (၁) ကောင်                       ၁၀၆၀၀-၁၁၀၂၄                             မန်စီမြို့

          (၂)     နွား (၁) ကောင်                        ၇၇၂၉-၈၈၄၁                                မန်စီမြို့

 

တစ်ဖက်နိုင်ငံသို့ တင်ပို့ရောင်းချရန် ရောက်ရှိလာသော ကျွဲ၊ နွား (အရှင်)များအား တိရိစ္ဆာန် ကျန်းမာရေးစစ်ဆေးရေးစခန်း (AQS) နှင့် ကိုယ်ပိုင်ခြံများတွင် (၁/၂) ရက်ခန့် ယာယီထိန်းသိမ်းထားရှိပြီး တရုတ်ပြည်တွင်း မန်စီမြို့ဝယ်လက်များမှ နေ့စဉ်ဝယ်ယူလျှက်ရှိပါသည်။

 

ဝယ်ယူစုဆောင်းဒေသများဖြစ်သော စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းအပြင် ယခုအပတ်အတွင်း ထူးခြားမှုအနေဖြင့် ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့၊ ရွှေညောင်မြို့များနှင့် ဧရာဝတီ တိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်မှ ကျွဲ၊ နွား(အရှင်)များ တင်ပို့လာမှုကို ကြည့်ခြင်းအားဖြင့် တိုင်းနှင့် ပြည်နယ်အရပ်ရပ်မှ ရောက်ရှိလာပြီး ပြည်တွင်းဈေးကွက်နေရာစုံမှ ဝယ်ယူစုဆောင်းတင်ပို့နေကြောင်း တွေ့ရှိရပါသည်။

 

ဆိတ်(အရှင်)တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံအတွင်း တရုတ်နိုင်ငံသား ဝယ်လက်များ ဖမ်းဆီးခံခဲ့ သည့် ဖြစ်စဉ်နောက်ပိုင်း ယနေ့အချိန်အထိ တရုတ်ပြည်တွင်း ဝယ်လက်ကြီးများ လာရောက်ဝယ်ယူမှု မရှိ သေးသော်လည်း အချို့ဆိတ်ပိုင်ရှင်များထံသို့ တရုတ်ပြည်တွင်းဝယ်လက်ကြီးများ လာရောက် ဆက်သွယ်မှု ရှိပြီး အရောင်းအဝယ် မဖြစ်သေးကြောင်း သိရှိရသည်။

 

မူဆယ်မြို့တွင်းယာယီထိန်းသိမ်းထားရှိသည့် ဆိတ်ခြံ (၅) ခုတွင် ဆိတ်ကောင်ရေ (၃၉၂၅) ကောင် ရှိပြီး ၁၈ မတ် ၂၁ ရက်နေ့တွင် တိုးရွှေဝါကုမ္ပဏီမှ ထပ်မံရောက်ရှိလာသော ဆိတ်ကောင်ရေ (၄၄၀)ကောင်၊ စုစုပေါင်းဆိတ်ကောင်ရေ (၄၃၆၅) ကောင်ရှိ နေ့စဉ် ကျယ်ဂေါင်-ရွှေလီ ဒေသသုံးအနီးဝယ်လက်ငယ်များမှ ဆိတ်ကောင်ရေ (၅၀) မှ (၁၀၀)ကောင်ဝန်းကျင် ဝယ်ယူမှုရှိနေပြီး ၁၈ မတ် ၂၁ ရက်နေ့အထိ အနီးဝယ်လက်မှ ဝယ်ယူမှုအနေဖြင့် ဆိတ်ကောင်ရေ (၂၃၇၀) ကောင်ရောင်းချမှုရှိပြီး လက်ကျန် ဆိတ်ကောင်ရေ (၁၉၉၅) ကောင်ကျန်ရှိ၊ မူဆယ်မြို့တွင်း ဆိတ်ခြံ(၅)ခု၏ ရောင်းချမှု၊ လက်ကျန်ကောင်ရေ စာရင်းအား ပူးတွဲပါဇယားအတိုင်းဖြစ်ပါသည်။

 

မူဆယ်မြို့ဆိတ်ခြံနေရာ ရောင်းချဈေးနှုန်းမှာ (၁) ကီလိုလျှင် အနိမ့်ဈေး (၂၁) ယွမ်မှ အမြင့်ဈေး (၂၂) ယွမ်ရရှိကြောင်းသိရှိရသည်။

 

Shan Shwe Myint War Co., Ltd. မှ မူဆယ်မြို့၊ ပန်ခမ်းရွာ ကိုယ်ပိုင်ခြံတွင် ယာယီ ထိန်းသိမ်း ထားရှိသော သိုး(အရှင်)(၁၆၇၇) ကောင်အား ၁၈ မတ် ၂၀ ရက်နေ့တွင် ရှန်တုံးပြည်နယ်မှ နှစ်ဦး သဘောတူ အရောင်းအဝယ်စာချုပ်ချုပ်ဆိုထားရှိသည့် အဝေးဝယ်လက် (၂) ဦးရှိပြီး ရောက်ရှိ သိုး (အရှင်) ကောင်ရေ (၁၅၇၇) ကောင်အား တရုတ်ယာဉ်(၁)စီးလျှင် သိုးကောင်ရေ (၄၅၀) ဆံ့ယာဉ်(၄)စီးဖြင့် သိုးခြံသို့ လာရောက်ဝယ်ယူတင်ဆောင်ပြီး ပန်ခမ်းကူးတို့ဆိပ်မှတစ်ဆင့် တစ်ဖက်နိုင်ငံ ရှန်တုံးပြည်နယ်သို့ သယ်ဆောင်သွားခဲ့ကြောင်းသိရှိရပါသည်။

 

မူဆယ်၊ ပန်ခမ်းရွာ သိုးခြံနေရာ ရောင်းချဈေးနှုန်းမှာ (၁) ကီလိုလျှင် (၁၆)ယွမ်ရရှိပြီး မန္တလေး တိုင်းဒေသကြီး၊ မိတ္ထီလာမြို့နှင့် ပျော်ဘွယ်မြို့တို့မှ ဝယ်ယူခဲ့ခြင်းဖြစ်ပါသည်။ ဝယ်ယူစုဆောင်းနားကပ်တပ် (၃) လနီးပါးအချိန်ကြာမြင့်သောကြောင့် ယခုအခေါက် စတင်ရောင်းဝယ်မှုသည် အမြတ်အစွန်းမရှိကြောင်း သိရှိရပါသည်။

 

ဝယ်ယူသယ်ဆောင်သည့် ရှန်တုံးပြည်နယ်သည် ကွမ်ကျိုးပြည်နယ်သည် ကွမ်းကျိုးပြည်နယ်နှင့် ဆက်စပ်လျှက်ရှိပြီး ပီကင်းပြည်နယ်နှင့် ရှန်ဟိုင်းပြည်နယ်ကြား နေရာတွင်ရှိပြီး ရွှေလီမှ (၂) ရက်ကြာ ခရီး မောင်းနှင်သွားလာရကြောင်း စုံစမ်းသိရှိရပါသည်။

(၂၁-၂-၂၀၁၈) ရက်နေ့မှ (၂၁-၃-၂၀၁၈)ရက်နေ့အထိ မူဆယ်မြို့တွင်းရှိ ကုမ္ပဏီအလိုက် သိုး/ဆိတ်ခြံများလက်ကျန်စာရင်း
စဉ် ကုမ္ပဏီအမည် ပိုင်ရှင်အမည် ၂၁-၂-၂၀၁၈ နေ့
စာရင်းကောက်ယူသည့်
ကောင်ရေ
၂၁-၃-၂၀၁၈ နေ့အထိ
ထပ်မံရောက်ရှိ
ကောင်ရေ

စုစုပေါင်

ကာင်ရေ

၂၁-၃-၂၀၁၈ နေ့အထိ
ရောင်းချပြီး
ကောင်ရေ
လက်ကျန်
ကောင်ရေ
မှတ်ချက်
ဆိတ် သိုး ဆိတ် သိုး ဆိတ် သိုး ဆိတ် သိုး ဆိတ် သိုး
တိုးရွှေဝါ၊ ဟိန်းစံ ဦးဌေးဝင်း
ဦးသောင်းဌေး
၁၇၀၀   ၈၈၀   ၂၅၈၀   ၁၅၄၀   ၁၀၄၀    
နန်းရွှေလီဝင်း ဒေါ်အေးခမ်း ၃၅၅       ၃၅၅   ၃၅၅      

မန္တလေးမြို့သို့

ပြန်လည်
သယ်ဆောင်ပြီးဖြစ်

မင်းချမ်းသာပင်မြင့်စံ ဦးဝင်းဗိုလ် ၂၀၆       ၂၀၆   ၂၁   ၁၈၅    
ချယ်ရီစတိုး ဒေါ်အေးအေးမြင့် ၅၂၀       ၅၂၀   ၁၃၀   ၃၉၀    
ဝေယံထွန်း ဦးလောက်စံ ၄၈၄   ၂၂၀   ၇၀၄   ၃၂၄   ၃၈၀    
စံရွှေမြင့်ဝါ ဦးကျော်ဝင်းထွန်း       ၁၅၇၇   ၁၅၇၇   ၁၅၇၇      
  စုစုပေါင်း   ၃၂၆၅   ၁၁၀၀ ၁၅၇၇ ၄၃၆၅ ၁၅၇၇ ၂၃၇၀ ၁၅၇၇ ၁၉၉၅    

 

Source : မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်

Latest News: 

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၊ QUARANTINE STATION ၂၂-၃-၂၀၁၈ နေ့တွင် ဖြစ်ပေါ်နေသော ကျွဲ၊ နွား၊ ဆိတ် အရှင် ဈေးနှုန်းများ

Fri, 03/23/2018 - 03:36 -- dotadmin
Undefined

Source : မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်

Latest News: 

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၊ QUARANTINE STATION ၂၁-၃-၂၀၁၈ နေ့တွင် ဖြစ်ပေါ်နေသော ကျွဲ၊ နွား၊ ဆိတ် အရှင် ဈေးနှုန်းများ

Thu, 03/22/2018 - 03:34 -- dotadmin
Undefined

Source : မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်

Latest News: 

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၊ QUARANTINE STATION ၂၀-၃-၂၀၁၈ နေ့တွင် ဖြစ်ပေါ်နေသော ကျွဲ၊ နွား၊ ဆိတ် အရှင် ဈေးနှုန်းများ

Wed, 03/21/2018 - 03:32 -- dotadmin
Undefined

Source : မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်

Latest News: 

Pages

Subscribe to RSS - Department of Trade