Department of Trade

ဧရာဟင်္သာ ဆန်စက်ရုံတွင် ရှင်းလင်းပြောကြားခြင်း

Tue, 01/10/2023 - 08:07 -- DotTrading
Myanmar

ဧရာဟင်္သာ ဆန်စက်ရုံတွင် ရှင်းလင်းပြောကြားခြင်း

၁။      ကုန်သွယ်မှုသင်တန်းကျောင်း(ရန်ကုန်)တွင်ဖွင့်လှစ်သင်ကြားလျက်ရှိသော အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ်-၆ မှ သင်တန်းသား/သူ (၃၈)ဦး၊ ကုန်သွယ် မှုသင်တန်းကျောင်းမှ အုပ်ချုပ်သူ(၂)ဦး၊ စုစုပေါင်း (၄၀) ဦးတို့သည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက် (ကြာသပတေး) နေ့တွင် ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)၊ ဘုရင့်နောင်ကုန်စည်ဒိုင်၊ အာကာဦးပဲခွဲစက် ၊ ဧရာဟင်္သာ ဆန်စက်ရုံ တို့သို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြပါသည်။

၂။        နေ့လည် (၂:၃၀) အချိန်တွင် လိင်သာယာမြို့နယ်ရှိ ဧရာဟင်္သာဆန်စက်သို့ သွားရောက်လေ့လာ ခဲ့ရာ ဧရာဟင်္သာဆန်စက်သည် အဓိက ပြည်ပဆန်တင်ပို့မှုပြုလုပ်ပြီး ပိုလျှံသောဆန်များကို ပြည်တွင်း ဈေးကွက်သို့ တင်ပို့ကြောင်း၊ အဓိက တင်ပို့ဆန်များမှာ ဧည့်မထ၊ ကရင်မ၊ ဆန်ကွဲ (Sortex 1 2) တို့ ဖြစ်ပြီး အိမ်နီးချင်း တရုတ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊ ဆန်အရည်အသွေး နှင့် ပတ်သက်၍ ဝယ်ယူသူ စိတ်ကြိုက်အမှာစာအတိုင်း ဓါတ်ခွဲအဖြေများနှင့်အတူ တင်ပို့ ရောင်းချပါ ကြောင်း၊ စက်ရုံတွင် အရည်အသွေးထိန်းချုပ်မှုဌာန၊ စည်းကမ်းထိန်းသိမ်းရေးဌာန၊ ငွေကြေး စီမံခန့်ခွဲရေး ဌာန၊ သင်္ဘောတင်ပို့သောဌာန၊ စက်ရုံလည်ပတ်ရေးဌာနဟူ၍ ဌာနအလိုက် ဆောင်ရွက်လျက်ရှိပြီး ဂိုဒေါင် သုံးလုံးဖြင့် လည်ပတ်လျက်ရှိပါကြောင်း၊ အဓိက contract farming ဖြင့် ဧရာဝတီတိုင်း ဒေသကြီးမှ ဆန်များကို ကြိတ်ခွဲတင်ပို့လျက်ရှိပါကြောင်း၊ ကုန်ကြမ်းများ စက်ရုံဝင်းသို့ ရောက်ရှိချိန်မှ စ၍ ပစည်းအလေးချိန်ချိန်ကာ အရည်အသွေးထိန်းချုပ်မှုဌာနမှ အရည်အသွေးစစ်ဆေးမများ ပြုလုပ်ကာ ပစည်းအရည်အသွေးမှန်ကန်၍ လက်ခံနိုင်မှသာ ဂိုဒါင်ထဲသို့ ပို့ဆောင်ပေးပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

 

Latest News: 

အာကာဦး ပဲခွဲစက်ရုံတွင် ရှင်းလင်းပြောကြားခြင်း

Tue, 01/10/2023 - 07:58 -- DotTrading
Undefined

အာကာဦး ပဲခွဲစက်ရုံတွင်  ရှင်းလင်းပြောကြားခြင်း

၁။      ကုန်သွယ်မှုသင်တန်းကျောင်း(ရန်ကုန်)တွင်ဖွင့်လှစ်သင်ကြားလျက်ရှိသော အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ်-၆ မှ သင်တန်းသား/သူ (၃၈)ဦး၊ ကုန်သွယ် မှုသင်တန်းကျောင်းမှ အုပ်ချုပ်သူ(၂)ဦး၊ စုစုပေါင်း (၄၀) ဦးတို့သည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက် (ကြာသပတေး) နေ့တွင် ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)၊ ဘုရင့်နောင်ကုန်စည်ဒိုင်၊ အာကာဦးပဲခွဲစက် ၊ ဧရာဟင်္သာ ဆန်စက်ရုံ တို့သို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြပါသည်။

၂။       နေ့လည် (၁၃:၀၀) အချိန်တွင် လိင်သာယာမြို့နယ်ရှိ အာကာဦး ပဲခွဲစက်သို့ သွားရောက်လေ့လာ ခဲ့ရာ အာကာဦးပဲခွဲစက်သည် (၁၉၉၀) တွင်စတင်လုပ်ကိုင်ပြီး (၁၉၉၇) တွင်ယခု လက်ရှိ အဆင့်မြင့်ပဲခွဲ စက်ရုံကို တည်ထောင် လုပ်ကိုင်လျက်ရှိကြောင်း၊ ရင်းနှီးမြုပ်နှံမှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ခုနှစ် သန်းခန့် ရှိပါသည်။ စက်ရုံ စတင်ချိန်သည်အချိန် အခြေအနေကောင်း ကြုံခဲ့သည်ဟု သုံးသပ်ရပါကြောင်း၊ အကြောင်းမှာ အိမ်နီးချင်း အိန္ဒိယနိုင်ငံ၏ ပဲတင်ပို့မှု ရပ်ဆိုင်းလိုက်ခြင်းမူဝါဒ အပြောင်းအလဲနှင့်အတူ မြန်မာနိုင်ငံ ဈေးကွက် စီးပွားရေးမူဝါဒ အပြောင်းအလဲ အခြေအနေများသည် စက်ရုံဖွံ့ဖြိုး အဆင့်မြှင့် တင်ရာတွင် အခွင့်အလမ်းကောင်းများ၊ ပဲဈေးကွက် ပိုမိုရရှိလာမှုတို့နှင့် ဆုံတွေ့ခဲ့ရပါကြောင်း၊ စက်ရုံ သည် လက်ရှိတွင် ဝယ်ယူသူ၏ စိတ်ကြိုက်မှာယူမအလိုက် ပဲအမျိုးအစား အမျိုးမျိုးကို အရည်အသွေး အမျိုးမျိုး အဆင့်ဆင့်သန့်စင်ခြင်း ၊ ထုတ်ပိုးမပုံစံအမျိုးမျိုးများ ပြုလုပ်ဆောင်ရွက်ကာ ပြည်ပ နိုင်ငံများသို့ တင်ပို့လျက်ရှိပါကြောင်း၊ အဓိက ဈေးကွက်မှာ အိမ်နီးချင်း အိန္ဒိယနိုင်ငံအပြင် အမေရိကန်နိုင်ငံ အပါအဝင် ဥရောပနိုင်ငံများကို ပါတင်ပို့နေပြီး အဓိကပို့ကုန်မှာ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ မတ်ပဲ အမျိုးအစားများ ဖြစ်ကြောင်း၊ စက်ရုံ ဘေးထွက်ပစ္စည်းဖြစ်သော ပဲခွံများကို ပြည်တွင်း တိရိစ္ဆာန် အစာအဖြစ် ပြန်လည် အသုံးပြုခြင်းဖြင့် နိုင်ငံခြားငွေကုန်ကျမှု အထိုက်အလျောက် နိုင်ငံတော်အတွက် သက်သာစေပါကြောင်း၊ စက်ရုံများ၏ အဓိက အခက်အခဲမှာ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှု ၊ လောင်စာဆီ ဈေးကြီးမြင့်မှု၊ ငွေကြေး လဲလှယ်မှု ဈေးကွာဟချက်များဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။

Latest News: 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ရှင်းလင်းပြောကြားခြင်း

Tue, 01/10/2023 - 07:48 -- DotTrading
Myanmar

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ရှင်းလင်းပြောကြားခြင်း

၁။      ကုန်သွယ်မှုသင်တန်းကျောင်း(ရန်ကုန်)တွင်ဖွင့်လှစ်သင်ကြားလျက်ရှိသော အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ်-၆ မှ သင်တန်းသား/သူ (၃၈)ဦး၊ ကုန်သွယ် မှုသင်တန်းကျောင်းမှ အုပ်ချုပ်သူ(၂)ဦး၊ စုစုပေါင်း (၄၀) ဦးတို့သည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက် (ကြာသပတေး) နေ့တွင် ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)၊ ဘုရင့်နောင်ကုန်စည်ဒိုင်၊ အာကာဦးပဲခွဲစက် ၊ ဧရာဟင်္သာ ဆန်စက်ရုံ တို့သို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြပါသည်။

၂။         ထို့နောက် နံနက် ၁၀:၃၀ အချိန်ခန့်တွင် ရန်ကုန်မြို့၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်း ၊ ဘုရင့်နောင်ကုန်စည်ဒိုင် သို့ သွားရောက်လေ့လာခဲ့ရာ ဘုရင့်နောင်ကုန်စည်ဒိုင်သည် (၁၉၉၂) ခုနှစ်တွင် ယခုလက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်၌ဖွင့်လှစ်ခဲ့ပါကြောင်း၊ ယခင် (၁၉၉၁) က လသာ ဗိုလ်ရွဲလမ်း၌ စတင်ခဲ့သော်လည်း နေရာအခက်အခဲနှင့် ကုန်စည်များ ပိုမို‌သိုလှောင်ရောင်းချရန် အလို့ငှာ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း၊ အဓိက ပို့ကုန်များမှာ ပဲမျိုးစုံ၊ ငါးပိ၊ငါးခြောက်၊ ရေထွက်ပစ္စည်းများ ဖြစ်ပြီး ကုန်အများစုသည် ပြင်တွင်းပို့ကုန်ထက် ပြည်ပပို့ကုန်ပိုမိုများပြားပါကြောင်း၊ကုန်စည်ဒိုင်အသင်းအနေဖြင့် ကုန်စည်များရောင်းချရာတွင် ဈေးနှုန်း၊ အရည်အသွေး၊ အာမခံချက်များ ရှိစေရန် ကြားခံဆောင်ရွက်ပြီး ကုန်သည်များ ရောင်းမှားဝယ်မှား အန္တရာယ်နည်းပါးစေရန်၊ အသင်းဝင်ကုန်သည်များ၏ လိုအပ်ချက်များ အစိုးရသို့ တင်ပြတောင်းဆိုရာတွင် အင်အားတစ်ရပ်ဖြစ်ရန်၊ အခြားသော အသင်းအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ရန်၊ ဒေသအစုံမှ ကုန်သည်များစုစည်းမိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် လုပ်ဆောင် လျက်ရှိပါကြောင်း၊ အသင်းဝင်တစ်ဦးဖြစ်ရန် ‌‌အသင်းဝင်သုံးဦး၏ ထောက်ခံချက်၊ လုပ်ငန်းလိုင်စင်၊ company extract၊ သန်းခေါင်စာရင်း၊ မှတ်ပုံတင်၊ ပိုင်ဆိုင်မှု မှတ်တမ်း၊ စသည်တို့ဖြင့် အချက်အလက် ပြည့်စုံသူများကိုသာ အသင်းဝင်အဖြစ် လက်ခံခြင်းအားဖြင့် ယုံကြည်ရသော အရောင်းအဝယ်သမားများ ကို စုစည်းထားပါကြောင်း၊ ရုံးအသိပေး သင်ပုန်းတွင် (၇) ရက် ကြေငြာ ပေးပြီး ကန့်ကွက်သူမရှိမှသာ အသင်းဝင် အဖြစ် လက်ခံ၍ အသင်းဝင်လိုပါက အသင်းသို့ အလှူငွေအဖြစ် ကျပ်ဆယ်သိန်း၊ အသင်းဝင် ကြေးက ကျပ်တစ်သိန်း ၊ နှစ်စဉ်ကြေးအဖြစ် ကျပ် သုံးသောင်း၊ စာရွက်စာတမ်းကြေး ကျပ်ငွေ ၂၅၀၀ ဖြင့်ပြီး စုစုပေါင်းကုန် ကျပ်ငွေ (၁၁,၃၂,၅၀၀) ဖြင့် အသင်းဝင်နိုင်ပါကြောင်း ရှင်းလင်းပြောကြားပါသည်။

၃။         ထို့နောက် အသင်း၏ဆောင်ရွက်ချက်များအနေဖြင့် အသင်းသည် အလုပ်အမှုဆောင်အဖွဲ့ ၄ ဖွဲ့ ခွဲ၍ ဒုဥက္ကဌ (၁) ဦးစီ ဦးဆောင်ကာ စည်းကမ်းထိန်းသိမ်းရေး၊ ဈေးနှုန်းညှိုနှိုင်းသတ်မှတ်ရေး (FOB Rate)၊ ပြန်ကြားရေး၊ ရောင်းဝယ်မှု မှတ်တမ်းထိန်းသိမ်းရေးစသည်ဖြင့် ဖွဲ့စည်းထားပါကြောင်း၊ ရောင်းဝယ်မှု အပိုင်းတွင် လက်ငင်းငွေချေစနစ်  (physical trade) နှင့် စရံပေးငွေချေစနစ် (forward trade) ဟူ၍ ရှိရာတွင် ကုန်စည်ဒိုင်အသင်းအနေဖြင့် အရောင်းအဝယ်မှတ်တမ်း ပြုစုခြင်း၊ ကြားခံ အာမခံ အနေဖြင့် ဆောင်ရွက်ခြင်းများပြုလုပ်ပေးပါကြောင်း၊ အထူးသဖြင့် forward trade ပြုလုပ်ရာတွင် ရောင်းသူဘက် မှ ၁၀ ရာခိုင်နှုန်း ဝယ်ယူသူထံမှ ၁၀ ရာခိုင်နှုန်း စပေါ်ငွေ အဖြစ်လက်ခံဆောင်ရွက်ပြီး ရက် ၃၀ ငွေချေ စနစ် ရက်၆၀ ငွေချေစနစ် စသည်ဖြင့် အရောင်းအဝယ်စနစ်တကျ စိတ်ချယုံကြည်စွာ ဆောင်ရွက်နိုင်ရန် ကြားခံ ဆောင်ရွက်ပေးလျက်ရှိပြီး အသင်းအနေဖြင့် ဈေးကွက်ပေါက်ဈေး သတင်းအချက်အလက်များ ကို တစ်ပတ်လျှင်နှစ်ကြိမ် ထုတ်ပြန်ပေးပို့လျက်ရှိကြောင်းရှင်းလင်းပြောကြားပါသည်။

Latest News: 

ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း) တွင်သွားရောက်လေ့လာခဲ့ခြင်း

Tue, 01/10/2023 - 07:46 -- DotTrading
Myanmar

ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း) တွင်သွားရောက်လေ့လာခဲ့ခြင်း

၁။      ကုန်သွယ်မှုသင်တန်းကျောင်း(ရန်ကုန်)တွင်ဖွင့်လှစ်သင်ကြားလျက်ရှိသော အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ်-၆ မှ သင်တန်းသား/သူ (၃၈)ဦး၊ ကုန်သွယ် မှုသင်တန်းကျောင်းမှ အုပ်ချုပ်သူ(၂)ဦး၊ စုစုပေါင်း (၄၀) ဦးတို့သည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက် (ကြာသပတေး) နေ့တွင် ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)၊ ဘုရင့်နောင်ကုန်စည်ဒိုင်၊ အာကာဦးပဲခွဲစက် ၊ ဧရာဟင်္သာ ဆန်စက်ရုံ တို့သို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြပါသည်။

၂။         နံနက် ၈:၀၀ နာရီအချိန်တွင် ရန်ကုန်မြို့ ၊ လသာမြို့နယ်ရှိ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း) သို့ သွားရောက်လေ့လာရာတွင် ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း) အသင်းကို (၁၉၉၀) ခုနှစ် မှစတင်ဖွဲ့စည်းခဲ့ ကြောင်း၊  အသင်း၏ အဓိကရည်ရွယ်ချက်မှာ ပြည်တွင်းစားသုံးသူ များအတွက်ဆန်ဈေးနှုန်း တည်ငြိမ်မှု ရှိစေရေး၊ ဈေးနှုန်းမှန်ကန်မှုရှိစေရေး၊ ဆန်ကုန်သည်များအချင်းချင်း စိတ်ချယုံကြည်စွာဖြင့် ရောင်းမှား ဝယ်မှားမဖြစ်စေရေး၊ ကြားခံဆောင်ရွက် ဖြေရှင်းပေးခြင်းတို့ကို တပတ် (၅) ရက် တနင်္လာနေ့မှ သောကြာနေ့အထိ  အဓိကဆောင်ရွက်ပေးကြောင်း၊  ကုန်စည်ဒိုင်သည် အဓိကပြည်တွင်းဈေးကွက်ကို ဦးတည်သည်ဖြစ်သည့်အလျောက် အဆင့်တန်းမြင့်ဆန်များဖြစ်သည့် ဧရာဝတီပေါ်ဆန်း၊ ရွှေဘို ပေါ်ဆန်း စသည့် ဆန်များကိုအဓိကရောင်းဝယ်ရာ‌နေရာဖြစ်ပြီး လိုင်းပေါင်း (၁၀)လိုင်းခန့် ရောင်းဝယ် ကြပါသည်။ ဆန်အဝင်အထွက်မှာ နေ့ရက်ပေါ်မူတည်၍ အပြောင်းအလဲရှိပါသည်။ အထူးသဖြင့် တနင်္လာနေ့တွင် အဝင်များပြီး ၊ တရက်ကို ဆန်အိတ် ငါးသောင်း (၅၀,၀၀၀) ခန့် ဝင်ရောက်ကာ အရောင်းအဝယ် ဖြစ်လေ့ရှိပြီး ဈေးစဖွင့်သည့်နေ့ဟုအကြမ်းဖျင်း မှတ်ယူဆောင်ရွက်ကြလေ့ရှိပါ ကြောင်း၊ တိုင်းနှင့်ပြည်နယ်အားလုံးမှာ ဆန်စပါးအသင်းဖွဲ့စည်းထားသောကြောင့် ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)မြို့နယ်အသင်းတွင် အသင်းဝင်တစ်ဦးဖြစ်လိုပါက(‌မိမိဒေသရှိ)သက်ဆိုင်ရာမြို့နယ်ရှိဆန်စပါး အသင်းဖွဲ့မှ ထောက်ခံပေးရမည့်အပြင် ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)မြို့နယ်အသင်းဝင်နှစ်ဦး၏ ထောက်ခံချက်၊ လုပ်ငန်းလိုင်စင်၊ သန်းခေါင်စာရင်း၊ မှတ်ပုံတင်စသည်တို့ဖြင့် အချက်အလက်ပြည့်စုံ သူများကိုသာ အသင်းဝင်အဖြစ် လက်ခံခြင်းအားဖြင့် ယုံကြည်ရသော အရောင်းအဝယ်သမားများကို စုစည်းထားပါကြောင်း၊ လက်ရှိ အချိန်အထိ အသင်းဝင် (၃၀၀၀) ခန့်ရှိပြီး နှစ်စဉ်ကြေး၊ အသင်းဝင်ကြေး၊ ဧည့်ဝင်ကြေးများဖြင့် ရပ်တည်လျက်ရှိကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။

၃။         ထို့ပြင် အသင်းဝင်များသည် အများအားဖြင့် ပွဲရုံပိုင်ရှင်၊ စက်ပိုင်ရှင်၊ လက်လီအရောင်း ကုန်သည်၊ အကျိုးတော်ဆောင်များဖြစ်ကြကြောင်း၊ ကုန်စည်ဒိုင်သည် အသင်းဝင်များနှင့် လေ့လာသူ များကိုသာ အဝင်အထွက် ပြုလုပ်ခွင့်ပေးထားပြီး ကန့်သတ်ထားခြင်းဖြင့် အမှန်တကယ်ရောင်းဝယ် သောသူများနှင့်သာ ယုံကြည်စိတ်ချစွာ တွေ့ဆုံနိုင်ရန် ဖန်တီးထားကြောင်း၊ ထို့ပြင် အရည်အချင်း ပျက်ယွင်းသော အသင်းဝင်များကိုလည်း အမည်ပျက်စာရင်းသွင်း၍ ၄င်းအား အသင်းဝင်အဖြစ်မှ ပယ်ထုတ်ကာ လိုအပ်သည့် စစ်ဆေးအရေးယူမများဖြင့် စိစစ်ဆောင်ရွက်ပါကြောင်း ၊ အမည်ပျက်စာရင်းသွင်းခံရသူ ရုံးအသိပေးသင်ပုန်းတွင် ကြေငြာပေးခြင်းဖြင့် အသင်းဝင်များအား အသိပေးထားကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

၄။         လက်ရှိတွင် အသင်း၏ ဆောင်ရွက်ချက်များအနေဖြင့်     ၂၀၂၂ ဩဂုတ်လ မှ အောက်တိုဘာလ အတွင်း အကြောင်းအမျိုးမျိုးကြောင့် ကြီးမြင့်လာသော ဆန်ဈေးနှုန်း တည်ငြိမ်စေရန် အသင်းဝင်များ၏ အင်အားဖြင့် ကျပ်ငွေသိန်း‌‌ (၅၀၀၀) ခန့် အရှုံးခံရောင်းချပေးခဲ့ပါကြောင်း၊ နှစ်စဉ် ဝါဆိုကထိန် အလှူ များပြုလုပ်ခြင်းများကိုလည်း ကျပ်ငွေသိန်း‌‌ (၂၀၀၀)ခန့် လှူဒန်းခဲ့ပါကြောင်း၊ အသင်းမှ ဌာနပေါင်း (၂၀) ကျော်ကို‌နေ့စဉ် ဆန်ဈေးနှုန်းများ ပေးပို့လျက်ရှိပါကြောင်း၊ World Food Program (WFP) နှင့် ပူးပေါင်း ၍ လစာ ကျပ်ငွေ ၂ သိန်း‌‌ (၂၀၀,၀၀၀) အောက် ဝင်ငွေနည်းမိသားစုများကို အထူး သက်သာသောနှုန်း ဖြင့်ရောင်းချနိုင်ရန် (Good Rice Good Price) ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားပါ သည်။

Latest News: 

ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းဆိုင်ရာ အနီးကပ်ပညာပေး ရက်တိုသင်တန်း သင်တန်းအမှတ်စဉ် (၂/၂၀၂၂)

Fri, 12/16/2022 - 07:44 -- DotTrading
Myanmar

(သတင်းအပြည့်စုံ)

     ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ ကုန်သွယ်ရေးစခန်းများတွင် သွားရောက်တာဝန်ထမ်း ဆောင်မည့် ကုန်သွယ်ရေးဉီးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအတွက် ကုန်သွယ်မှုလုပ်ထုံး လုပ်နည်းဆိုင်ရာအနီးကပ် ပညာပေးရက်တိုသင်တန်းအမှတ်စဉ် (၂/၂၀၂၂) ကို ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ပါသည်။

     အဆိုပါသင်တန်းကို နယ်စပ်ကုန်သွယ်ရေးစခန်းများ၌ တာဝန်ထမ်းဆောင်မည့် ဝန်ထမ်း များအနေဖြင့် ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းများအား ကောင်းမွန်စွာသိရှိနားလည်ပြီး နေ့စဉ်လုပ်ငန်း များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့် ကုန်သည်လုပ်ငန်းရှင်များအပေါ် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။

    ယခုဖွင့်လှစ်သည့် ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းဆိုင်ရာ အနီးကပ် ပညာပေး ရက်တိုသင်တန်း အမှတ်စဉ် (၂/၂၀၂၂) ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့မှ (၂၃) ရက်နေ့အထိ (ရုံးပိတ်ရက်မပါ) နေ့လည်(၁၃း၃၀)နာရီမှ (၁၆း၀၅)နာရီထိ (၈)ရက်ကြာ ဖွင့်လှစ် သင်ကြားသွားရန် ရှိပြီး သင်တန်းသား(၃၄) ဦး တက်ရောက်သင်ကြား လျက်ရှိပါသည်။

 

ကုန်သွယ်မှုပညာပေးရေးဌာနခွဲ

Latest News: 

Yangon Stock Exchange (YSX) တွင်သွားရောက်လေ့လာခဲ့သည့်သတင်း

Wed, 12/14/2022 - 07:21 -- ictadmin
Myanmar

Yangon Stock Exchange (YSX) တွင်သွားရောက်လေ့လာခဲ့သည့်သတင်း

 

      ကုန်သွယ်မှုသင်တန်းကျောင်း(ရန်ကုန်)တွင်ဖွင့်လှစ်သင်ကြားလျက်ရှိသော အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ်-၆ မှ သင်တန်းသား/သူ (၃၅)ဦး၊ ကုန်သွယ် မှုသင်တန်းကျောင်းမှ အုပ်ချုပ်သူ(၂)ဦး၊ စုစုပေါင်း (၃၇)ဦးတို့သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက် (ဗုဒ္ဓဟူးနေ့) တွင် ရန်ကုန် စတော့အိတ်ချိန်း (Yangon Stock Exchange – YSX) သို့ လေ့လာရေးခရီး (Touring Program) သွားရောက်ခဲ့ကြပါသည်။

         Yangon Stock Exchange (YSX) သို့ နံနက် (၀၉:၃၀) နာရီအချိန်တွင် စတင်ရောက်ရှိ ခဲ့ရာ YSX ရှင်းလင်းဆောင်၌ Touring Program ကို စတင်ကျင်းပရာ အကြီးတန်း အမှုဆောင် မန်နေဂျာ ဦးသက်ထွန်းဦးက ယခုလို လာရောက်သည့်အတွက် သင်တန်းကျောင်းမှ တာဝန်ရှိ သူများနှင့် သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုကြောင်း၊ စီစဉ်သူများအား ကျေးဇူးတင် ကြောင်း၊ International Trade သင်တန်းသည် နိုင်ငံ၏ စီးပွားရေးနှင့်ကုန်သွယ်ရေးအတွက် မရှိမဖြစ် သင်တန်းတစ်ခုဖြစ်ကြောင်း၊ သင်တန်းကျောင်းသည် သင်တန်းအပတ်စဉ်တိုင်း လေ့လာရေးလာရောက်လေ့ရှိသောကြောင့် YSX ၏ Partner ဖြစ်ကြောင်း မိတ်ဆက် ပြောကြားသည်။

        ဆက်လက်၍ ဦးသက်ထွန်းဦးက ၁၉၉၆ ခုနှစ်တွင် Yangon Security Exchange Centre ကို တည်ထောင်ခဲ့ကြောင်း၊ ၁၉၉၇ ခုနှစ် အာရှငွေကြေးအကျပ်အတည်း (Asian Financial Crisis) နှင့် ၂၀၀၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း (Global Financial Crisis) တို့က စတော့ရှယ်ယာ ဈေးကွက်အပေါ် ဆိုးကျိုးသက်ရောက်ခဲ့ကြောင်း၊ ထို့ကြောင့် ၂၀၁၃ ခုနှစ် တွင် Security Exchange Law ကို ပြဌာန်းပြီး Yangon Stock Exchange ကို တည်ထောင် လည်ပတ်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်ကတည်းက ကြိုးစားခဲ့ သောကြောင့် ယခုအချိန်တွင် ဂျပန်စတော့ရှယ်ယာဈေးကွက်သည် ထိပ်တန်းရောက်ရှိနေခြင်း ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

       ထို့နောက် ဂျပန်နိုင်ငံ၏ တိုကျိုစတော့အိတ်ချိန်း (Tokyo Stock Exchange) ဖြစ်ပေါ် တိုးတက်လာပုံ အဆင့်ဆင့်ကို ဗီဒီယိုဖြင့် ရှင်းလင်းပြသသည်။ တစ်ဖန် ဦးသက်ထွန်းဦး က ကမ္ဘာပေါ်၌ စတော့ရှယ်ယာလုပ်ငန်းကို စတင်တည်ထောင်ခဲ့သည့် နိုင်ငံမှာ နယ်သာလန်နိုင်ငံ ဖြစ်ကြောင်း၊ ထိုမှ တစ်ဆင့် ယူကေ (ဗြိတိန်)၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့သို့ ပျံ့နှံ့ရောက်ရှိခဲ့ ကြောင်း၊ အစုရှယ်ယာ ရောင်းဝယ်ခြင်းလုပ်ငန်းသည် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် တစ်စိတ်တစ်ပိုင်း အထောက်အကူပြုကြောင်း၊ ကုမ္ပဏီများအနေဖြင့် Stock Exchange ၌ စာရင်း ဝင်ကုမ္ပဏီ (Listed Company) အဖြစ် မှတ်ပုံတင်လိုပါက သတ်မှတ်ထားသည့် စံချိန်စံညွှန်းများ ပြည့်မီရန် လိုအပ်ကြောင်း ရှင်းလင်း ပြောကြားသည်။

      အစုရှယ်ယာဝယ်ယူရင်းနှီးမြှုပ်နှံသူအတွက် အရင်းတန်ဖိုးတိုးခြင်း (Capital gain) နှင့် အမြတ်ဝေစုရရှိခြင်း (Dividend or Income gain) ဟူသော ကောင်းကျိုးနှစ်မျိုးကိုခံစားနိုင် ကြောင်း၊ စတော့ရှယ်ယာဈေးကွက်ဆိုသည်မှာ အရင်းအနှီးဈေးကွက် (Capital market) ဖြစ်ကြောင်း၊  ငွေကြေး  စာချုပ် သို့မဟုတ်  ချေးငွေ သက်သေလက်မှတ်နှင့်   စတော့ရှယ်ယာ များကို ကာလရှည်ငွေကြေး လိုအပ်ချက်အတွက်ထုတ်ဝေရောင်းချခြင်းဖြစ်ကြောင်း၊ အစိုးရသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သို့မဟုတ် တိုင်းပြည်၏ လိုအပ်သောနေရာများ၌သုံးစွဲ ရန်အတွက် ငွေတိုက်စာချုပ်များ ထုတ်ဝေရောင်းချနိုင်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းက ပြည်သူများအတွက် အလုပ်အကိုင် အခွင့် အလမ်းတိုးပွားခြင်း၊ ဝင်ငွေပိုမိုရရှိခြင်း၊ ပိုမိုဝယ်ယူ စားသုံး နိုင်ခြင်းနှင့် ပိုမိုထုတ်လုပ်ခြင်းတို့ကို ဖြစ်စေနိုင်ကြောင်း၊ ထိုမှတစ်ဆင့် စီးပွားရေး တိုးတက်မှုကို ဖြစ်စေနိုင်ကြောင်း ၎င်းကဆက်လက် ဆွေးနွေးသည်။

      ထို့နောက် ကုမ္ပဏီများသည် ကာလရှည်‌ငွေကြေး အရင်းအနှီး ရရှိရန် Capital market ကို အသုံးချသင့်ကြောင်း၊ စတော့ရှယ်ယာ အရောင်းအဝယ်ပြုလုပ်မည်ဆိုပါက အထက်ဖော်ပြပါ ကောင်းကျိုးများ ရရှိနိုင်သကဲ့သို့ ဆုံးရှုံးနိုင်ချေများလည်းရှိသည်ကို ကြိုတင်စဉ်းစားရမည်ဖြစ် ကြောင်း၊ စတော့ရှယ်ယာ ဝယ်ယူရင်းနှီးမြှုပ်နှံခြင်းသည် အခြားပစ္စည်းများ ဝယ်ယူရင်းနှီး မြှုပ်နှံခြင်းထက် ပြန်ရချက် ပိုမိုများပြားလေ့ရှိကြောင်း၊သေချာစွာလေ့လာ၍ စတော့အိပ်ချိန်း၌ ရင်းနှီးမြှုပ်နှံသောကြောင့် စီးပွားရေးတိုးတက်ပြီး လုပ်ငန်းအောင်မြင်သော သာဓကများရှိ ကြောင်း၊ စတော့ ရှယ်ယာ အရောင်းအဝယ် ပြုလုပ်မည်ဆိုပါက Security Company များ၌ Account ဖွင့်လှစ်ရန် လိုအပ်ကြောင်း ဦးသက်ထွန်းဦးက ပြောကြားသည်။

      ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများ သိရှိလိုသည့် မေးခွန်းများကို Yangon Stock Exchange မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး Yangon Stock Exchange အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြပြီး နေ့လည် (၁၂:၀၀)အချိန်တွင် ရုံးချုပ်သို့ ပြန်လည်ရောက်ရှိခဲ့ ပါသည်။

 

ကုန်သွယ်မှုသင်တန်းကျောင်း(ရန်ကုန်)

Latest News: 

ကုန်သွယ်မှုနှင့်ဆက်စပ်သည့် စနစ်များအတွက် ကွန်ပျူတာအသုံးပြုမှု အဆင့်မြင့်သင်တန်း သင်တန်းအမှတ်စဉ် (၂/၂၀၂၂) ဖွင့်လှစ်ခဲ့သည့် သတင်း

Wed, 12/14/2022 - 07:15 -- ictadmin
Myanmar

ကုန်သွယ်မှုနှင့်ဆက်စပ်သည့် စနစ်များအတွက် ကွန်ပျူတာအသုံးပြုမှု

အဆင့်မြင့်သင်တန်း သင်တန်းအမှတ်စဉ် (၂/၂၀၂၂)

(သတင်း)

      ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ကုန်သွယ်ရေးစခန်းများတွင် တာဝန်ထမ်းဆောင် မည့် ကွန်ပျူတာဝန်ထမ်းများကို ကုန်သွယ်မှုနှင့်ဆက်စပ်သည့် စနစ်များအသုံးပြု၍ ကုန်သွယ်မှု စာရင်းဇယားများ ဆောင်ရွက်ရာတွင် လျင်မြန်ချောမွေ့စေရေး၊ BTOS စနစ်အပါအဝင် ကုန်သွယ်မှုနှင့် ဆက်စပ်သည့်စနစ်များအား ကျွမ်းကျင်စွာအသုံးပြုနိုင်ရေးတို့အတွက် ရည်ရွယ်၍ သင်တန်းပို့ချခြင်းဖြစ်ပါသည်။

      ကုန်သွယ်မှုနှင့်ဆက်စပ်သည့် စနစ်များအတွက် ကွန်ပျူတာအသုံးပြုမှု အဆင့်မြင့် သင်တန်းအမှတ်စဉ် (၂/၂၀၂၂)ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်နေ့မှ (၂၁) ရက်နေ့ထိ (ရုံးပိတ်ရက်မပါ) နံနက်(၁၀း၀၀) နာရီမှ နေ့လည် (၁၂း၃၅) နာရီထိ သင်တန်း ကာလ (၈) ရက် ကြာသင်တန်းသား ဦးရေ  (၃၃) ဦးတို့ဖြင့် ဖွင့်လှစ်လျက်ရှိပါသည်။

 

 

ကုန်သွယ်မှုပညာပေးရေးဌာနခွဲ

Latest News: 

ဌာနတွင်း အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) အရာထမ်း၊ အမှုထမ်းတို့၏ သင်တန်းဆင်း အရည်အချင်းစစ် စာမေးပွဲကျင်းပခဲ့သည့် သတင်း

Wed, 12/14/2022 - 07:12 -- ictadmin
Myanmar

ဌာနတွင်း  အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု အခြေခံသင်တန်း

အမှတ်စဉ် (၁/၂၀၂၂) အရာထမ်း၊ အမှုထမ်းတို့၏

သင်တန်းဆင်း အရည်အချင်းစစ် စာမေးပွဲကျင်းပခဲ့သည့် သတင်း

(အပြည့်အစုံ)

      ကုန်သွယ်ရေးဦးစီးဌာနရှိ၊ ဌာနတွင်း အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂)  အရာထမ်းများအတွက် ၂၀၂၂ ခုနှစ် ၊ အောက်တိုဘာလ (၃) ရက်နေ့ နေ့လယ် (၁၄း၀၀) နာရီ အချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

     အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) အမှုထမ်းများ အတွက်၂၀၂၂ ခုနှစ်၊အောက်တိုဘာလ (၅) ရက်နေ့ နေ့လယ်(၁၄း၀၀) နာရီအချိန်တွင်စတင် ဖွင့်လှစ်ခဲ့ပါသည်။

     အဆိုပါ သင်တန်းတွင် ညွှန်ကြား‌ရေးမှူး ဦးအောင်မင်းသိုက် မှ ကြီးကြပ်သင်ကြားပေးခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရှင်စောသု၊  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန္ဒာဝင်း နှင့် လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မေဖြိုးသူတို့မှ လိုက်ပါပူးပေါင်း  သင်ကြားဆောင်ရွက်ခဲ့ပါသည်။

      အရာထမ်း ၊ အမှုထမ်းများ၏ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု အရည်အချင်းစစ် စာမေးပွဲမကျင်းပမီ ညွှန်ကြား‌ရေးမှူး ဦးအောင်မင်းသိုက် မှ အဆိုပါစာမေးပွဲကိစ္စနှင့်ပတ်သက်၍ သင်တန်းသားများအား စည်းကမ်းချက်များ ကြိုတင်ရှင်းလင်း ပြောကြားခဲ့ပါသည်။

   ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ (၇) ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်မှ (၁၅: ဝ၀)နာရီ အချိန်ထိ အမှုထမ်းများ နှင့်၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ (၈) ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီ အချိန်မှ (၁၅:ဝ၀)နာရီ အချိန်ထိ အရာထမ်းတို့ကို အရည်အချင်းစစ်စာမေးပွဲနှင့် အရည်အချင်းစစ် စာမေးပွဲ တို့ကိုကျင်းပပြုလုပ်ခဲ့ပါသည်။

 

ကုန်သွယ်မှုပညာပေးရေးဌာနခွဲ

 

Latest News: 

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၃/၂၀၂၂) ပုံမှန်အစည်းအဝေး ကျင်းပပြုလုပ်

Mon, 12/12/2022 - 10:38 -- competition
Myanmar

          မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၃/၂၀၂၂) ပုံမှန်အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁)၌ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ယှဉ်ပြိုင်မှုဥပဒေသည် နိုင်ငံ့စီးပွား‌ရေးအတွက် အရေးပါသည့် ဥပဒေတစ်ရပ်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၃၆ (ခ) ပါပြဌာန်းချက်ဖြစ်သည့် စီးပွားရေးလုပ်ငန်းများတွင် လက်ဝါးကြီးအုပ်မှု၊ ဈေးကစားမှုပြုခြင်းကြောင့် အများပြည်သူတို့၏ အကျိုးစီးပွားများ ထိခိုက်နစ်နာစေခြင်းကို ကာကွယ်ပေးမည့် ဥပဒေတစ်ရပ်ဖြစ်ပါကြောင်း၊ ယှဉ်ပြိုင်မှုဥပဒေပါ ယှဉ်ပြိုင်မှုအခြေခံမူများ၊ ကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များအရ ယှဉ်ပြိုင်မှုဥပဒေကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်သင့်သည့် နည်းလမ်းများချမှတ်ရေးနှင့် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်နိုင်ရေးကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယှဉ်ပြိုင်မှုဥပဒေကို ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများသာမက အစိုးရဌာနအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များပါ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရေးအတွက် ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေးလုပ်ငန်း အစီအစဉ်များကို ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ၂၀၂၃ ခုနှစ်ကို ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေးလုပ်ငန်း ဆောင်ရွက်မည့်နှစ်အဖြစ် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ယခင် (၂/၂၀၂၂) ပုံမှန်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ယှဉ်ပြိုင်မှုဆိုင်ရာ တိုင်ကြားလာသည့် အမှုကိစ္စများနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်မှုအခြေအနေများ၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ကော်မရှင်ရုံးတာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် ကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Latest News: 

မြန်မာ(မူဆယ်)-တရုတ် (‌ရွှေလီ) နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ နှစ်နိုင်ငံဒေသအဆင့်လုပ်ငန်းအဖွဲ့၏ တတိယအကြိမ်အစည်းအဝေး အောင်မြင်စွာကျင်းပ

Fri, 11/25/2022 - 05:31 -- Dotbilateral
Undefined

မြန်မာ(မူဆယ်)-တရုတ်(‌ရွှေလီ) နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာနှစ်နိုင်ငံဒေသအဆင့်လုပ်ငန်းအဖွဲ့၏ တတိယအကြိမ်အစည်း အဝေးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်နေ့တွင်  နေပြည်တော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ကုန်သွယ်ရေးဦးစီးဌာန နှင့် တရုတ်နိုင်ငံဘက်မှ ယူနန်ပြည်နယ်၊ ကူးသန်းရောင်းဝယ်ရေး ဌာနတို့အကြား ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အောင်မြင်စွာကျင်းပခဲ့ပါသည်။

            အဆိုပါအစည်းအဝေးကိုမြန်မာနိုင်ငံဘက်မှကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် တရုတ်နိုင်ငံဘက်မှ ယူနန်ပြည်နယ်၊ ကူးသန်းရောင်းဝယ်ရေးဌာန၊ ညွှန်ကြားရေး မှူးချုပ် Mr.Li Chenyang  တို့မှဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ကြပါသည်။ အစည်းအဝေးသို့ ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းလွင် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းထွန်းဦး၊  နှစ်နိုင်ငံ ဒေသအဆင့် လုပ်ငန်းအဖွဲ့ဝင် အဆင့်မြင့်အရာရှိကြီးများ ၊ ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်၊မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်၊ ညွှန်ကြားရေးမှူး နှင့် ကူမင်းမြို့ရှိ မြန်မာစီးပွားရေးသံမှူး တို့ပါဝင်တက်ရောက်ခဲ့ပါသည်။ ထို့အပြင် အစည်းအဝေးသို့ ရန်ကုန်မြို့ အခြေစိုက် ၊ တရုတ်သံရုံး မှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်စီးပွားရေးသံမှူး Mr.Tan Shufu မှလည်း ပါဝင်တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင်မြန်မာ-တရုတ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့်အစီအမံများ၊ အကြံပြုချက်များ၊ ဒေသအဆင့် လုပ်ငန်းအဖွဲ့ အစည်း အဝေးများအား ပုံမှန်ကျင်းပနိုင်ရေး ကိစ္စရပ်များကို အသေးစိတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ဒေသအဆင့်လုပ်ငန်းအဖွဲ့၏စတုတ္ထအကြိမ်အစည်းအဝေး ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကျင်းပနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားရန် နှစ်ဘက်စလုံးမှ သဘောတူညီ ခဲ့ကြကြောင်းနှင့် အစည်းအဝေးသည် မြန်မာ-တရုတ် နှစ်နိုင်ငံ၏ အစဉ်အလာကောင်းခဲ့သော ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေပြီး နယ်စပ်ဒေသနှင့် နယ်စပ်နေပြည်သူများ အကျိုးစီးပွားပိုမို တိုးတက်လာစေရန်အတွက် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် များစွာအထောက်အကူပြုသည့်အစည်းအဝေးဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ပါသည်။

Latest News: 

Pages

Subscribe to RSS - Department of Trade