Department of Trade

၂၀၂၃ ခုနှစ် ၊ ဧပြီလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ဂျီအမ်အက်စ်ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖွဲ့ (Task Force on Trade and Investment -TFTI) ၏ ဒုတိယအကြိမ် အစည်းအဝေးနှင့် Workshop on Digital Supply Chain သို့ ပါဝင်တက်ရောက်ခြင

Wed, 04/26/2023 - 09:54 -- regionaldep
Undefined

      တရုတ်နိုင်ငံကကြီးမှူး၍ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ မှ ၂၆ ရက်နေ့အထိ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး TFTI အဖွဲ့ဝင်ဖြစ်သည့် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဂျီအမ်အက်စ်တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါ်ဝင်းမင်းဖြိုးတို့ အွန်လိုင်း (Online) ဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။

       အဆိုပါ အစည်းအဝေးအား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကိုယ်စားလှယ်မှ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊  အာရှဖွံ့ဖြိုးရေးဘဏ် (Asia Development Bank-ADB) မှ ပူးတွဲဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက်ခဲ့ပြီး၊ မြန်မာနိုင်ငံမှအပ ကျန်ဂျီအမ်အက်စ်အဖွဲ့ဝင်နိုင်ငံများက TFTI အဖွဲ့ဝင်များသည် In person + Online ဖြင့် ပါဝင်တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ TFTI အဖွဲ့ဝင်များက Online ဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။

     အဆိုပါ အစည်းအဝေးတွင် TFTI ၏ လုပ်ငန်းအစီအစဉ်များအား ဆက်လက်အတည်ပြုရန်နှင့် “ဒီဂျစ်တယ်ထောက်ပံ့မှုကွင်းဆက် (Digital Supply Chains) နှင့်စပ်လျဉ်းသည့် သဘောထားအမြင်များအား ရှင်းလင်းရန်၊ TOR ၏ မဏ္ဍိုင် (၃) ခုမှတစ်ဆင့် လုပ်ငန်းအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေးရန်၊ ဒီဂျစ်တယ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကဲ့သို့ အခြားဂျီအမ်အက်စ် ဦးဆောင်ဦးရွက်ပြုမှုများနှင့် လုပ်ငန်းအဖွဲ့များအား ပူးပေါင်းဆောင်ရွက်ရေးအတွက် အခွင့်အလမ်းများကို ဆွေးနွေးဖော်ထုတ်ရန်၊ စွမ်းဆောင်ရည် တည်ဆောက်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်းသည့်အကြောင်းအရာများနှင့် လုပ်ငန်းအစီအစဉ်များအား ဆွေးနွေးရန်နှင့် TFTI ၏ စောင့်ကြည့် စစ်ဆေးရေးမူဘောင်တစ်ခု သဘောတူညီရန်စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

      TFTI လုပ်ငန်းအဖွဲ့သည် ၂၀၂၃ - ၂၀၂၄ (၂) နှစ်တာ ကာလအတွင်း ဆောင်ရွက်မည့် Scoping Study နှင့် Digital Strategy ရေးဆွဲခြင်းတို့တွင် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးစင်္ကြံ အသုံးပြုမှုများအပိုင်းတွင် လက်ရှိဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ ဝန်ကြီးဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။

Latest News: 

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၇)သင်တန်းဖွင့်ပွဲကျင်းပခြင်း

Tue, 04/18/2023 - 08:56 -- DotTrading
Undefined

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၇)သင်တန်းဖွင့်ပွဲကျင်းပခြင်း

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုသင်တန်းကျောင်း (ရန်ကုန်) တွင် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ မှစတင်၍ (၄) လကြာ ဖွင့်လှစ်မည့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊တနင်္ဂနွေ) အမှတ်စဉ်-၇ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ပဉ္စမထပ်ညီလာခံခန်းမတွင် ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁) ရက် (စနေနေ့) ၊ နံနက် (၉:၀၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။       အဆိုပါ သင်တန်းဖွင့်ပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှ ဒုတိယဥက္ကဌ ဒေါက်တာမျိုးသက်နှင့် အသင်း အဖွဲ့များမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများ၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်းအမှတ်စဉ်(၁)မှ(၁၂) ထိ သင်တန်းသားအဟောင်းများ၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၇) သင်တန်းနည်းပြများနှင့် သင်တန်းသားကျား (၃၉) ဦး၊ မ (၅၁) ဦး ၊ စုစုပေါင်း (၉၀) ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်း ကာလမှာ (၄) လခန့်ကြာမြင့်မည်ဖြစ်ပါသည်။

Latest News: 

အာဆီယံ - တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်၏ ပထမအကြိမ် ယှဉ်ပြိုင်မှုနှင့် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေးတက်ရောက်ခြင်း

Wed, 04/12/2023 - 10:26 -- competition
Myanmar

အာဆီယံ - တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် ( ASEAN – China Free Trade Agreement – ACFTA ) ညှိနှိုင်းဆွေးနွေးမှုများ၏ ပထမအကြိမ်ယှဉ်ပြိုင်မှုနှင့် စားသုံးသူအကာအကွယ် ပေးရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေး ( 1st ACFTA WGCC) ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၂) ရက်၊ နံနက်ပိုင်းတွင်  အွန်လိုင်းမှ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံယှဉ်ပြိုင်မှုကဏ္ဍမှ ကိုယ်စားလှယ်များ၊ စားသုံးသူ အကာအကွယ်ပေးရေးကဏ္ဍမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း ( ၅၀ )ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနမှ ကိုယ်စားလှယ်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေး ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် အာဆီယံ - တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်တွင် ထည့်သွင်းမည့် ယှဉ်ပြိုင်မှုအခန်းနှင့် စားသုံးသူအကာအကွယ်ပေးရေးအခန်းတို့နှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြပါသည်။

Latest News: 

မန္တလေးမြို့တွင် ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

Thu, 04/06/2023 - 07:28 -- competition
Myanmar

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ ၂၀၂၃ ခုနှစ်အား ယှဉ်ပြိုင်မှုဥပဒေနှင့်မူဝါဒဆိုင်ရာ အသိပညာပေးနှစ်အဖြစ် သတ်မှတ်၍ ယှဉ်ပြိုင်မှုဆိုင်ရာအသိပညာပေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးမြို့ကြီးတစ်မြို့ဖြစ်သည့် မန္တလေးမြို့တွင် ၂၀၂၃ ခုနှစ် ဧပြီလ ၆ ရက်၌ ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲကို မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် တွဲဖက်အတွင်းရေးမှူး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဟောပြောပွဲသို့ သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၁၈၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

ဟောပြောပွဲတွင် မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများနှင့် ယှဉ်ပြိုင်မှုကော်မရှင်အကြောင်း၊ ယှဉ်ပြိုင်မှုဆိုင်ရာတိုင်ကြားမှုများကို လက်ခံဆောင်ရွက်မှုအခြေအနေများကို စီးပွားရေးလုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား အသိပညာမျှဝေပေးခဲ့ပါသည်။

 

Latest News: 

ကုန်သွယ်ရေးဦးစီးဌာန ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာသင်တန်း (၄) ခုအတွက် သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည့်သတင်း

Wed, 04/05/2023 - 09:52 -- DotTrading
Undefined

ကုန်သွယ်ရေးဦးစီးဌာန ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာသင်တန်း (၄) ခုအတွက်

သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည့်သတင်း

၁။       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဉီးစီးဌာနသည် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်း (၄) ခုအတွက် သင်တန်းဆင်းပွဲအခမ်းအနားကို၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ နံနက် (၁၀:၃၅) နာရီအချိန်တွင် အောင်မြင်စွာကျင်းပခဲ့ပါသည်။

၂။       အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမြင့်သူရနှင့်အတူစားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဉီးမြင့်ချို၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာက‌ပေါ် အပါအဝင် ကုန်သွယ်ရေးဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ နည်းပြ ဆရာ /ဆရာမများ၊ သင်တန်းသား /သင်တန်းသူများ ၊ စုစုပေါင်း (၁၈၀) တက်ရောက်ခဲ့ပါသည်။

၃။       သင်တန်းဆင်း အဖွင့်အမှာစကားကို ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ မှ ပြောကြားခဲ့ပြီးနောက် ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့မှ သင်တန်းထူးချွန် များနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

၄။       သင်တန်းဆင်းပွဲ ကျင်းပခဲ့သောသင်တန်း (၄) ခုအနက် သင်တန်း (၂) ခုမှာ ကုန်သွယ်ရေးဦးစီးဌာနရှိ ဌာနတွင်း အရာထမ်းများအတွက် ရည်ရွယ်ဖွင့်လှစ်ပေးသော “အင်္ဂလိပ်ဘာသာစကားကျွမ်း ကျင်မှု အခြေခံသင်တန်း” နှင့်  အမှုထမ်းများအတွက် ဖွင့်လှစ်သော  “အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု အခြေခံသင်တန်း” သင်တန်း တို့ဖြစ်ပါသည်။ ကျန်သင်တန်း (၂) ခုမှာ  ပို့ကုန်သွင်းကုန်လုပ်ထုံး လုပ်နည်းသင်တန်း အမှတ်စဉ် (၂/၂၀၂၂) နှင့်  ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်း သင်တန်းအမှတ်စဉ် (၁/၂၀၂၃) တို့ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

 

Latest News: 

(၃-၄-၂၀၂၃) ရက်နေ့မှ (၅-၄-၂၀၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၂၆) ကြိမ်မြောက် အာဆီယံကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ဆက်စပ်ညှိနှိုင်းမှုကော်မတီအစည်းအဝေးသို့ ပါဝင်တက်ရောက်မှု

Tue, 04/04/2023 - 10:22 -- regionaldep
Undefined

      ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၂၆) ကြိမ် မြောက် အာဆီယံကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ဆက်စပ်ညှိနှိုင်းမှုကော်မတီအစည်း အဝေးသို့ ကုန်သွယ်ရေးဦးစီးဌာနမှ Video Conference စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။

       အဆိုပါ အစည်းအဝေးသို့ Video Conferencing စနစ်ဖြင့်အာဆီယံနိုင်ငံအသီးသီးမှ ATF-JCC အဖွဲ့ဝင်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အဖွဲ့ဝင်စုစုပေါင်း (၄၃) ဦးပါဝင် တက်‌ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်အဖြစ် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ် (၂)ဦး၊ အကောက်ခွန်ဦးစီးဌာနမှ ကိုယ်စားလှယ် (၂) ဦး စုစုပေါင်း (၄) ဦးသည် Online စနစ်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။

     အဆိုပါ အစည်းအဝေးတွင် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများ၏ ဆွေးနွေးမှုရလာဒ်များ၊ အာဆီယံကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး လုပ်ငန်းအစီအစဉ်များ၊ အာဆီယံဒေသတွင်း မရှိမဖြစ်ကုန်စည်များအပေါ် NTMs များ မချမှတ်ရေးဆိုင်ရာ MOU တွင် ကုန်စည်စာရင်းများ ထပ်မံဖြည့်စွက်ရေးကိစ္စရပ်များ၊ အာဆီယံ‌‌ဒေသတွင်း NTMs ဆိုင်ရာ ကတိကဝတ်များ အကောင်အထည်ဖော်ရေး လမ်းညွှန်ချက်များ၊ အဖွဲ့ဝင်နိုင်ငံများအကြား ကာလကြာရှည်စွာဖြစ်ပွားနေသော အငြင်းပွားမှုများကိုဖြေရှင်းရန်ကိစ္စရပ်များ၊ အာဆီယံ ဒေသတွင်း ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးဆိုင်ရာညွှန်းကိန်းများ စစ်တမ်းနှင့် ကုန်သွယ်မှု ကုန်ကျစရိတ်လျော့ချရေးဆိုင်ရာကိစ္စရပ်များ၊ အာဆီယံစီးပွားရေးအသိုက်အဝန်း အကောင် အထည် ဖော်မှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် ဦးစားပေးလုပ်ငန်းအစီအစဉ်များ၊ ပုဂ္ဂလိက ကဏ္ဍ အကြံပြုချက်များနှင့် NTMs များအနေဖြင့် ကုန်သွယ်မှုကိုအတားအဆီးမဖြစ်စေရန် ဘက်စုံထောင့်စုံမှ လေ့လာဆန်းစစ်မည့်အစီအစဉ်ကို မိမိသဘောဆန္ဒအရ အကောင်အထည် ဖော် ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

Latest News: 

၂၀၂၃ ခုနှစ်၊ ဧပြီလ (၃) ရက်မှ (၅) ရက်အထိကျင်းပပြုလုပ်လျက်ရှိသည့် ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ အာဆီယံဝန်ဆောင်မှုလွယ်ကူချောမွေ့စေရေး မူဘောင်ဆိုင်ရာ ပထမအကြိမ် အထူးအစည်းအဝေး (First Special CCS Meeting on ASFF) သို့ ပါဝင်တက်ရောက်ခဲ့မှု

Tue, 04/04/2023 - 07:26 -- regionaldep
Undefined

       ၂၀၂၃ ခုနှစ်၊ ဧပြီလ (၃) ရက်မှ (၅) ရက်အထိ Virtual စနစ်ဖြင့်ကျင်းပပြုလုပ်လျက်ရှိသည့် ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ အာဆီယံဝန်ဆောင်မှုလွယ်ကူချောမွေ့စေရေး မူဘောင်ဆိုင်ရာ ပထမအကြိမ် အထူးအစည်းအဝေး (First Special CCS Meeting on ASFF) သို့ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ် (၁) ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။

       ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ အာဆီယံဝန်ဆောင်မှုလွယ်ကူချောမွေ့စေရေး မူဘောင်ဆိုင်ရာ ပထမအကြိမ် အထူးအစည်းအဝေး (First Special CCS Meeting on ASFF) ကို Virtual စနစ်ဖြင့် ၂၀၂၃ ခုနှစ်၊ ဧပြီလ (၃) ရက်မှ (၅) ရက်အထိ ကျင်းပပြုလုပ်လျက်ရှိရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များနှင့်အတူ မြန်မာ နိုင်ငံမှ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်အဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ် (၁) ဦး ပါဝင်တက်ရောက် ဆွေးနွေးခဲ့ပါသည်။

     အဆိုပါအစည်းအဝေး၌ အာဆီယံဝန်ဆောင်မှုလွယ်ကူချောမွေ့စေရေး မူဘောင် ပြဋ္ဌာန်းချက် (Text) အပေါ်တွင် အဖွဲ့ဝင်နိုင်ငံများ၏ သဘောထားရပ်တည်ချက်များကို လည်းကောင်း၊ အာဆီယံဝန်ဆောင်မှုလွယ်ကူချောမွေ့စေရေးမူဘောင်၏ လုပ်ငန်းအစီအစဉ်များကိုလည်းကောင်း ဆွေးနွေးလျက်ရှိပါသည်။

Latest News: 

အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်၏ ပထမအကြိမ် ယှဉ်ပြိုင်မှုနှင့်စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေးအတွက် အာဆီယံတွင်း ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်ခြင်း

Mon, 04/03/2023 - 08:19 -- competition
Myanmar

အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-China Free Trade Agreement-ACFTA) ညှိနှိုင်းဆွေးနွေးမှုများ၏ ပထမအကြိမ် ယှဉ်ပြိုင်မှုနှင့်စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေး(1st ACFTA WGCC) အတွက် အာဆီယံတွင်း ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်တွင် အွန်လိုင်းမှ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အာဆီယံတွင်း ညှိနှိုင်းဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ယှဉ်ပြိုင်မှုကဏ္ဍမှ ကိုယ်စားလှယ်များ၊ စားသုံးသူအကာအကွယ်‌ပေးရေးကဏ္ဍမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း(၅၁)ဦး တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှကိုယ်စားလှယ်များအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်၏ ယှဉ်ပြိုင်မှုနှင့် စားသုံးသူအကာအကွယ်ပေးရေးအခန်းတွင် ထည့်သွင်းမည့် အပိုင်းများနှင့် အကျုံးဝင်မည့်နယ်ပယ်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

Latest News: 

ကုန်သွယ်ရေးဦးစီးဌာနရှိ ဌာနခွဲများ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုသင်တန်း ဖွင့်လှစ်ခဲ့မှုသတင်း

Wed, 03/29/2023 - 03:27 -- DotTrading
Undefined

ကုန်သွယ်ရေးဦးစီးဌာနရှိ ဌာနခွဲများ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုသင်တန်း

ဖွင့်လှစ်ခဲ့မှုသတင်း

 

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကုန်သွယ်မှုနှင့်ဆက်စပ် ဆောင်ရွက်နေသည့် ဌာနခွဲများ၏ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ကုန်သွယ်ရေးဦးစီးဌာန ၊ အရာထမ်း ၊ အမှုထမ်းများ အနေဖြင့် အကျွမ်းတဝင် သိရှိစေရန် ရည်ရွယ်၍ ရက်တို သင်တန်းအား ၂၀၂၃ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

၂။           အဆိုပါသင်တန်းကို ဒေသတွင်းသဘောတူညီချက်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုသင်တန်း၊အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC)ဆိုင်ရာ အသိပေးသင်တန်း၊ ကုန်သွယ်ရေးဆိုင်ရာကုစားမှုအစီအမံများအကြောင်း သိကောင်းစရာ ၊ ကုန်သွယ်မှုဉပဒေများ သင်တန်း၊ နိုင်ငံ့ဝန်ထမ်းဉပဒေ၊ နည်းဉပဒေသင်တန်း တို့ကို သင်ကြားပေးခဲ့ပါသည်။

၃။           ၂၀၂၃ ခုနှစ်၊ မတ်လ (၁၄) ရက်မှ (၂၁) ရက်ထိ နေ့စဉ် နံနက် (၀၉း၄၅) မှ နေ့လည် (၁၅း၅၀) ထိ ဘာသာရပ်ဆိုင်ရာ သင်တန်းနည်းပြ ဆရာ၊ ဆရာမ (၈) ဦးတို့ဖြင့် သင်ကြားပို့ချ ခဲ့ပြီး နေ့စဉ် သင်တန်းသား (၂၃) ဦး စီတို့ဖြင့် တက်ရောက်လျက် Covid-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သင် ကြားပို့ချခဲ့ပါသည်။

 

Latest News: 

မြန်မာနိုင်ငံ၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် တရုတ်နိုင်ငံ၊ လင်ချမ်းမြို့ မြို့တော်ဝန်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များ ပိုမိုမြှင့်တင်နိုင်ရေး ညှိနှိုင်းအစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

Tue, 03/21/2023 - 11:17 -- Dotbilateral
Undefined

     မြန်မာနိုင်ငံ၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် တရုတ်နိုင်ငံ၊ လင်ချမ်းမြို့၊ မြို့တော်ဝန်ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့တို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များ ပိုမိုမြှင့်တင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတစ်ရပ်အား ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် တရုတ်နိုင်ငံ၊ လင်ချမ်းမြို့၊ မြို့တော်ဝန် Mr. Du Jianhui တို့ ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီ အချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃) နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အစည်းအဝေးအား မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များအား ပိုမိုမြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။      

     အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့်အတူ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ဘာသာရပ်တာဝန်ခံများ တက်ရောက်ပြီး  တရုတ်နိုင်ငံဘက်မှ လင်ချမ်းမြို့၊ မြို့တော်ဝန် Mr. Du Jianhui ဦးဆောင်သည့် ကိုယ်စားလှယ် (၈) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

              အစည်းအဝေးတွင် (၄) ကြိမ်မြောက် မြန်မာ (လားရှိုး) - တရုတ် (လင်ချမ်း) နယ်စပ်စီးပွား ကုန်စည်ပြပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးကိစ္စရပ်များ၊ တရုတ် - မြန်မာ နှစ်နိုင်ငံအကြား တစ်ဆင့်ဖြတ်သန်းကုန်သွယ်မှုဆိုင်ရာသဘောတူညီချက်ရေးထိုးနိုင်ရေး နှစ်ဦးနှစ်ဘက်မှတွန်းအားပေးဆောင် ရွက်နိုင်ရေးကိစ္စရပ်များ၊ တရုတ် - မြန်မာ နယ်စပ် ချင်းရွှေဟော်ဂိတ်မှ ဖြတ်ကျော်သည့် တတိယနိုင်ငံ၏ ကုန်ပစ္စည်းကုန်သွယ်မှုဆိုင်ရာ အဆင်ပြေချောမွေ့ရေး ဆောင်ရွက်ရန်ကိစ္စရပ်များ၊ မိန့်တိန်-ချင်းရွှေ ဟော် နယ်စပ်ဂိတ်ကုန်သွယ်မှုမြှင့်တင်နိုင်ရေးကိစ္စရပ်များအပြင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့်ကုန်သွယ်ရေးကိစ္စရပ်များ ပိုမိုမြှင့်တင်နိုင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး အစည်း အဝေးကို ၁၆ : ၀၀  နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။   

Latest News: 

Pages

Subscribe to RSS - Department of Trade