Department of Trade

(၂၆)ကြိမ်မြောက် အာဆီယံ-ဩစ​တြေးလျ-နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှု ဒေသပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာဆပ်ကော်မတီအစည်းအဝေးသို့ပါဝင်တက်ရောက်ခဲ့မှု

Mon, 07/31/2023 - 15:13 -- regionaldep
Myanmar

    (၂၆) ကြိမ်မြောက် အာဆီယံ-သြစတြေးလျ-နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာဆပ်ကော်မတီအစည်း အဝေးကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်နေ့မှ (၂၆) ရက်နေ့အထိ Video Conference စနစ်ဖြင့် ကျင်းပခဲ့ပါသည်။ အစည်းအဝေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်များ၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ကုန်သွယ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ် (၂) ဦး နှင့် အကောက်ခွန်ဦးစီးဌာနမှ ကိုယ်စားလှယ် (၂)ဦးတို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

   အစည်းအဝေးတွင် သီးသန့်စည်းမျဉ်း PSR HS 2022 ကူးပြောင်းချိတ်ဆက်ခြင်း အပေါ် ပူးတွဲကော်မတီ၏အတည်ပြုချက်ကို မှတ်တမ်းတင်ခြင်း၊ သီးသန့်စည်းမျဉ်း PSR HS 2022 ကူးပြောင်းချိတ်ဆက်ရာတွင် လိုအပ်သည့် လုပ်ထုံးလုပ်နည်းများ၊ သီးသန့်စည်းမျဉ်း PSR HS 2017 မှ HS 2022 သို့ကူးပြောင်းချိတ်ဆက်နိုင်ရန်အတွက် ဆောင်ရွက်ခဲ့သော အာဆီယံ-သြစတြေးလျ-နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှုဒေသစီမံကိန်း ၏ စီမံကိန်း ပြီးစီးမှုအစီရင်ခံစာ၊ ကိုဗစ်-၁၉ ရောဂါကာလအတွင်း အကောက်ခွန်ဌာနများ (Receiving Authorities) က ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (CO Form AANZ) ကိုလက်ခံနိုင်မှုဆိုင် ရာဖြေလျော့မှုများကို ဆက်လက်ထားရှိခြင်း ရှိ-မရှိ၊ အာဆီယံ-သြစတြေးလျ-နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှုဒေသအောက်ရှိ ပင်ရင်းနိုင်ငံဆိုင်ရာဆပ်ကော်မတီအစည်းအဝေးများ၏ ဆုံးဖြတ်ချက်များ၊ နားလည်မှုများနှင့် ရှင်လင်းချက်များကိုစုပေါင်း၍ ဝက်ဘ်ဆိုက်တွင် တင်ဆောင်ခြင်း၊ လက်မှတ်နမူနာများကိုဝက်ဘ်ဆိုက်တွင် ထည့်သွင်းနိုင်ရေးနှင့် ဆက်သွယ်ဆောင်ရွက်ရမည့် ကိုယ်စားလှယ်အမည်စာရင်းများအား ပေးပို့နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။

Latest News: 

ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

Thu, 07/27/2023 - 12:02 -- competition
Myanmar

ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးဆောင်ရွက်ကြသော နိုင်ငံများတွင် ယှဉ်ပြိုင်မှုဥပဒေသည် အဓိကအရေးပါသော ဥပဒေတစ်ရပ်ဖြစ်ပါသည်။ သို့ပါ၍ ဥပဒေသည် ခေတ်နှင့်လျော်ညီ‌စေရန် ဥပဒေ၏ အားသာချက်၊ အားနည်းချက်များအား အစဉ်တစိုက် လေ့လာသုံးသပ်ရေးနှင့် ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲနိုင်ရေးအတွက် “ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ လေ့လာစိစစ်သုံးသပ်ရေးအဖွဲ့”ကို ဖွဲ့စည်းခဲ့ပါသည်။

အဆိုပါ “ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ လေ့လာစိစစ်သုံးသပ်ရေးအဖွဲ့”က ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးကို အဖွဲ့ခေါင်းဆောင်ဖြစ်သူ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌက ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပြီး ကော်မရှင် တွဲဖက်အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများက လူကိုယ်တိုင်နှင့် Virtual စနစ်တို့ဖြင့် Hybrid ပုံစံဖြင့် တက်ရောက်ခဲ့ကြပါသည်။

Latest News: 

မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ၊ တဲဟုန်ပြည်နယ်ခွဲတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး

Thu, 07/27/2023 - 10:06 -- Dotbilateral
Undefined

     မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ တဲဟုန်ပြည်နယ်ခွဲတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတစ်ရပ်အား ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးမြင့်သူရနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ တဲဟုန်ပြည်နယ်ခွဲ၊ ပြည်သူ့အစိုးရ အုပ်ချုပ်ရေးမှူး၊ Mr. Wei Gang တို့မှ ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၇)ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရုံးအမှတ်(၃) နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အစည်းအဝေးအား မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ တဲဟုန်ပြည်နယ်ခွဲတို့အကြား နှစ်နိုင်ငံကုန်သွယ်ရေးကိစ္စရပ်များအား ပိုမိုမြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်၍ကျင်းပခြင်းဖြစ်ပါသည်။    

     အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ ဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်သော ဦးသိန်းထွန်းဦး၊ ဦးဝင်းလွင်နှင့်တကွ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးများ၊ ဘာသာရပ်တာဝန်ခံများ တက်ရောက်ပြီး  တရုတ်နိုင်ငံဘက်မှ ယူနန်ပြည်နယ်၊ တဲဟုန်ပြည်နယ်ခွဲ၊ ပြည်သူ့အစိုးရ အုပ်ချုပ်ရေးမှူး Mr. Wei Gang ဦးဆောင်၍ ကိုယ်စားလှယ် (၇)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

     အစည်းအဝေးတွင် နှစ်နိုင်ငံကြား နယ်စပ်ဂိတ်များတိုးမြှင့်ဖွင့်လှစ်နိုင်ရေးကိစ္စ၊ မူဝါဒပိုင်းဆိုင်ရာကိစ္စရပ်များ၊ ကုန်စည်စီးဆင်းမှုလျင်မြန်ချောမွေ့စေရေးကိစ္စများ၊ ဘဏ္ဍာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိစ္စများ၊ လယ်ယာစိုက်ပျိုးရေးဆိုင်ရာကဏ္ဍများတွင် နှစ်နိုင်ငံ ပိုမိုပူးပေါင်းဆောင်ရွက် ရေးကိစ္စနှင့် နှစ်နိုင်ငံကြား ပို့ကုန်တိုးမြှင့်နိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား  နေ့လည် ( ၁၃ : ၂၀ ) နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

Latest News: 

အာဆီယံ - ဗြိတိန်(ယှဉ်ပြိုင်မှုနှင့်ဈေးကွက်အာဏာပိုင်အဖွဲ့) တို့အကြားယှဉ်ပြိုင်မှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခြင်း

Fri, 07/21/2023 - 09:08 -- dotadmin
Myanmar

          အာဆီယံ-ဗြိတိန် (ယှဉ်ပြိုင်မှုနှင့်ဈေးကွက်အာဏာပိုင်အဖွဲ့)တို့အကြား ယှဉ်ပြိုင်မှုနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်တွင် Virtual စနစ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါ သည်။

          အလုပ်ရုံဆွေးနွေးပွဲတွင် အောက်ဖော်ပြပါ ခေါင်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည် -

(၁)     ဗြိတိန်ယှဉ်ပြိုင်မှုနှင့်ဈေးကွက်အာဏာပိုင်အဖွဲ့၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ချက်များ၊

(၂)      ဗြိတိန်ယှဉ်ပြိုင်မှုနှင့် ဈေးကွက်အာဏာပိုင်အဖွဲ့၏ အကြုံပြုချက်များ၊

(၃)     ဥပဒေစိုးမိုးမှုရှိစေရေး ဆောင်ရွက်ချက်များ၊

(၄)     ဩစတေးလျယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာကော်မရှင်၏ အတွေ့အကြုံများ၊

(၅)     စင်္ကာပူယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာကော်မရှင်၏ အတွေ့အကြုံများ။

အလုပ်ရုံဆွေးနွေးပွဲတွင် အာဆီယံ-ဗြိတိန်မှ ယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ် နိုင်ငံတို့မှ ကိုယ်စားလှယ်များက Speaker များအဖြစ် ဆွေးနွေးခဲ့ကြပါသည်။

Latest News: 

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် ကျင်းပပြုခဲ့သည့် ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်၏ ဒုတိယ အကြိမ်မြောက် ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာ ဆပ်ကော်မတီအစည်းအဝေး

Thu, 07/20/2023 - 10:37 -- regionaldep
Myanmar

   ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်၏ ဒုတိယအကြိမ်မြောက် ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာ ဆပ်ကော်မတီအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘယားမြို၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့တွင်ကျင်းပခဲ့ပါသည်။ အစည်းအဝေးကို မြန်မာနိုင်ငံမှ ဘာသာရပ်တာဝန်ခံကိုယ်စားလှယ်အဖြစ် ကုန်သွယ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ် (၁) ဦးနှင့် အကောက်ခွန်ဦးစီးဌာနမှ ကိုယ်စားလှယ် (၂) ဦး တို့ Online ဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေးတွင် ဒုတိယအကြိမ်နှင့် တတိယအကြိမ် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မတီအစည်းအဝေးရလာဒ်များကို မှတ်တမ်းတင်ခဲ့ကြသည်။ ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အောက်ရှိ သီးသန့် စည်းမျဉ်း HS 2022 နှင့် ပြန်လည်ပြင်ဆင်ထားသော Form RCEP ၏ နောက်ကျော ဘက်တွင်ဖော်ပြထားသည့် ရှင်းလင်းချက်များကို အကောင်အထည်ဖော်မှုလမ်းညွှန်ချက် များနှင့်အညီ ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးခဲ့ကြပါသည်။

   ဆက်လက်၍ ပင်ရင်းမှတ်ကျောက်သတ်မှတ်ချက်၊ ပင်ရင်းကြေညာချက်နမူနာပုံစံနှင့် ပတ်သက်၍ ကိုရီးယားနိုင်ငံကတင်ပြသော အီလက်ထရောနစ်စာတမ်း၊ တရုတ်နိုင်ငံ၏ တောင်းဆိုမှုအရ ဆက်သွယ်ဆောင်ရွက်ရမည့် ကိုယ်စာလှယ်စာရင်း၊ အစည်းအဝေး မှတ်တမ်းအတည်ပြုခြင်းနှင့် လာမည့်အစည်းအဝေးအတွက် အချိန်နှင့် နေ့ရက်တို့ကို အတည်ပြုသတ်မှတ်ခြင်းတို့ကို ဆွေးနွေးခဲ့ကြပါသည်။

Latest News: 

ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

Fri, 07/14/2023 - 10:43 -- competition
Myanmar

ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးဆောင်ရွက်ကြသော နိုင်ငံများတွင် ယှဉ်ပြိုင်မှုဥပဒေသည် အဓိကအရေးပါသော ဥပဒေတစ်ရပ်ဖြစ်ပါသည်။ သို့ပါ၍ ဥပဒေသည် ခေတ်နှင့်လျော်ညီ‌စေရန် ဥပဒေ၏ အားသာချက်၊ အားနည်းချက်များအား အစဉ်တစိုက် လေ့လာသုံးသပ်ရေးနှင့် ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲနိုင်ရေးအတွက် "ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ လေ့လာစိစစ်သုံးသပ်ရေးအဖွဲ့"ကို ဖွဲ့စည်းခဲ့ပါသည်။

အဆိုပါအဖွဲ့သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်၍ ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးကို "ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ လေ့လာစိစစ်သုံးသပ်ရေးအဖွဲ့" အဖွဲ့ခေါင်းဆောင်ဖြစ်သူ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးဆောင်၍ လူကိုယ်တိုင်နှင့် Virtual စနစ်တို့ဖြင့် Hybrid ပုံစံ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

 

Latest News: 

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်အရ ကုန်သွယ်ရေးဦးစီးဌာန၊ ဌာနခွဲများအားလုံးရှိ ဝန်ထမ်းများအား သင်တန်းများ ဖွင့်လှစ်ပို့ချခဲ့မှုသတင်း

Fri, 07/14/2023 - 05:42 -- DotTrading
Undefined

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂။         ကုန်သွယ်ရေးဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအား မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်ပြီး တစ်စိတ်တစ်ပိုင်းအနေဖြင့် သိရှိစေရန် ရည်ရွယ်၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အကြောင်းမိတ်ဆက်သင်တန်း၊ ကုန်သွယ်မှုနှင့်အဓိကဆက်စပ်နေသော ဥပဒေ များသင်တန်းနှင့် Training on Current Implementations of WTO’sTFA Agreement in Myanmar သင်တန်းတို့ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။

၃။         ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အကြောင်းမိတ်ဆက်သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်မှ (၁၁) ရက်ထိ (တနင်္လာ၊ အင်္ဂါ) နေ့ နံနက် (၀၉:၄၅) နာရီ မှ (၁၂:၂၀) နာရီထိ (၂) ရက်ကြာ သင်တန်း ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ ကုန်သွယ်ရေးဦးစီးဌာနမှ နည်းပြဆရာ (၃) ဦး သင်ကြားပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၂၉) ဦးတို့ တက်ရောက်ခဲ့ပါသည်။

၄။         ကုန်သွယ်မှုနှင့်အဓိကဆက်စပ်နေသော ဥပဒေများသင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်မှ (၁၂) ရက်ထိ (အင်္ဂါ၊ ဗုဒ္ဓဟူး)နေ့ နေ့လယ် (၁၃:၃၀) နာရီမှ (၁၆:၀၅) နာရီထိ (၂) ရက်ကြာ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ကုန်သွယ်ရေးဦးစီးဌာနမှ နည်းပြ ဆရာ (၁) ဦး သင်ကြားပေး ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၂၈) ဦးတို့ တက်ရောက်ခဲ့ပါသည်။

၅။         Training on Current Implementations of WTO’sTFA Agreement in Myanmar သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်မှ (၁၃) ရက်ထိ (ဗုဒ္ဓဟူး၊ ကြာသပတေး) နေ့ နံနက် (၀၉:၄၅) နာရီမှ (၁၂:၂၀) နာရီထိ (၂) ရက်ကြာ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ကုန်သွယ်ရေး ဦးစီးဌာနမှ နည်းပြဆရာ (၂) ဦး သင်ကြားပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၂၂) ဦးတို့ တက်ရောက် ခဲ့ပါသည်။

 

Latest News: 

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၅ ရက်မှ ၇ ရက်အထိ ကျင်းပပြုလုပ်လျက်ရှိသည့် ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏အာဆီယံဝန်ဆောင်မှုလွယ်ကူချောမွေ့စေရေးမူဘောင်ဆိုင်ရာဒုတိယအကြိမ်အထူးအစည်းအဝေး (First Special CCS Meeting on ASFF) သို့ ပါဝင်တက်ရောက်ခဲ့မှု

Wed, 07/05/2023 - 07:14 -- regionaldep
Myanmar

      ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ အာဆီယံဝန်ဆောင်မှုလွယ်ကူချောမွေ့စေရေးမူဘောင်ဆိုင်ရာ ဒုတိယအကြိမ် အထူးအစည်းအဝေး (Second Special CCS Meeting on ASFF) ကို စင်ကာပူနိုင်ငံ၌  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၅ ရက်မှ ၇ ရက်အထိကျင်းပပြုလုပ်လျက်ရှိရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံမှ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်အဖြစ် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ်(၁) ဦးနှင့် ထိုင်းနိုင်ငံမှ အရာထမ်းကိုယ်စားလှယ်များအနေဖြင့် Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။

     အဆိုပါအစည်းအဝေး၌ အာဆီယံဝန်ဆောင်မှုလွယ်ကူချောမွေ့စေရေးမူဘောင်ပြဋ္ဌာန်းချက် (Text) အပေါ်တွင် အဖွဲ့ဝင်နိုင်ငံများ၏ သဘောထားရပ်တည်ချက်များကိုလည်းကောင်း၊ အာဆီယံဝန်ဆောင်မှုလွယ်ကူချောမွေ့စေရေးမူဘောင်၏ လုပ်ငန်းအစီအစဉ်များကိုလည်းကောင်းဆွေးနွေးလျက်ရှိပါသည်။

Latest News: 

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့်အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုဒေသ ထူထောင်ရေးညှိနှိုင်းဆွေးနွေးမှုများတွင် မြန်မာနိုင်ငံနှင့်ကနေဒါတို့အကြား ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာ ဈေးကွက်ဝင်ရောက်ခွင့် အပြန်အလှန်ညှိနှိုင်းသည့်အစည်းအဝေး

Wed, 07/05/2023 - 07:08 -- regionaldep
Myanmar

    မြန်မာနိုင်ငံနှင့် ကနေဒါနိုင်ငံတို့အကြားနှစ်နိုင်ငံဆွေးနွေးမှု (bilateral discussion) ကို Virtual စနစ်ဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်အဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ်(၁) ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။ 

    အာဆီယံနှင့် ကနေဒါနိုင်ငံတို့အကြား ညှိနှိုင်းဆွေးနွေးလျက်ရှိသော လွတ်လပ်သောကုန်သွယ်မှုဒေသထူထောင်ရေးညှိနှိုင်းဆွေးနွေးမှုများတွင် ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာ ဈေးကွက်ဝင်ရောက်ခွင့်များ အကျိုးရှိစွာ အကောင်အထည်ဖော် ဖလှယ်နိုင်ရေးအတွက် ပထမဆုံးအကြိမ် မြန်မာ နှင့် ကနေဒါ နှစ်နိုင်ငံအကြား ညှိနှိုင်းဆွေးနွေးမှုများကို စတင်ခဲ့ပါသည်။ ကနေဒါနိုင်ငံဘက်မှ မြန်မာနိုင်ငံ၏ ကွန်ပျူတာဝန်ဆောင်မှု၊ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် ဖြန့်ဖြူးရေးဝန်ဆောင်မှုကဏ္ဍများကို စိတ်ဝင်စားကြောင်း ဆွေးနွေးခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ကနေဒါနိုင်ငံ၏ ခရီးသွားဝန်ဆောင်မှုနှင့် ဖြန့်ဖြူးရေးဝန်ဆောင်မှုကဏ္ဍများကို စိတ်ပါဝင်စားကြောင်း ဆွေးနွေးခဲ့ပါသည်။

Latest News: 

Pages

Subscribe to RSS - Department of Trade