Department of Trade

ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်း ဖွင့်လှစ်ခဲ့မှုသတင်း

Fri, 02/17/2023 - 05:17 -- DotTrading
Undefined

ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်း

ဖွင့်လှစ်ခဲ့မှုသတင်း

(အပြည့်အစုံ)

 

၁။     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအတွက် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက် နံနက် (၀၉း၃၀) နာရီ အချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

၂။       ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းသင်တန်းနှင့် ပတ်သက်၍ ဝန်ထမ်းများ သိရှိစေရန်နှင့် အရည် အချင်းများတိုးတက်စေရန်အတွက် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ဖေ‌ဖော်ဝါရီလ (၁၆) ရက်မှ (၁၇) ရက် ထိ (ကြာသပတေးနေ့မှသောကြာနေ့ထိ) (၂) ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပါသည်။

၃။           ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းသင်တန်းတွင် ရသုံးမှန်းခြေငွေစာရင်းနှင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း(၃၅/၂၀၁၇)၊ ဌာနဆိုင်ရာ ရငွေများစာရင်း၊ အသုံးစရိတ်များ ကြိုတင်စစ်ဆေးခြင်း၊ ငွေစာရင်းထိန်းသိမ်းရေးနည်းလမ်းညွှန်ကြားချက်များ၊ စာရင်းစစ်ကန့်ကွက်ချက် ဖြစ်ပေါ်နိုင်သည့်အချက်များ ဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချမည်ဖြစ်ပါသည်။

၄။         အဆိုပါ သင်တန်းကို Covid-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ စည်းကမ်းချက် များနှင့်အညီ သင်တန်းဖွင့်လှစ်လျက်ရှိပြီး ကုန်သွယ်ရေးဦးစီးဌာနရှိ ဌာနတွင်း အရာထမ်း၊ အမှုထမ်း စုစုပေါင်း(၂၂) ဦိးတို့ တက်ရောက်လျက်ရှိပါသည်။

Latest News: 

ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း

Wed, 02/15/2023 - 11:00 -- ictadmin
Undefined

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃

            စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မြန်မာနိုင်ငံယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများနှင့် ယှဉ်ပြိုင်မှုကော်မရှင်အကြောင်း၊ ယှဉ်ပြိုင်မှုဆိုင်ရာ ကျင့်သုံးဆောင်ရွက်နေမှုများနှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်ပါဆောင်ရွက်ရမည့်အခြေအနေများကို လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲကို ရန်ကုန်မြို့၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၊ မင်္ဂလာခန်းမ၌ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ရက်၊ နံနက်(၁၀:၀၀)အချိန်တွင်   ကျင်းပပြုလုပ်ခဲ့သည်။

            မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်၊ ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်က “ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများနှင့် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာ နိုင်ငံယှဉ်ပြိုင်မှုကော်မရှင်၊ တွဲဖက်အတွင်းရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းထွန်းဦးက “ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာတိုင်ကြားမှုများကို လက်ခံဆောင်ရွက်မှုအဆင့်ဆင့်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ယှဉ်ပြိုင်မှုကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူး ဦးအောင်မင်းသိုက်က “အာဆီယံ ဒေသတွင်း ယှဉ်ပြိုင်မှုဆိုင်ရာ ကျင့်သုံးဆောင်ရွက်နေမှုများ” ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ၊ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) နှင့် ညီနောင်အသင်းအဖွဲ့များမှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

Latest News: 
Latest New တင္ရန္

မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်တို့အကြား စီးပွားရေးနှင့်ကုန်သွယ်ရေးကိစ္စရပ်များအား ပိုမိုမြှင့်တင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးအောင်မြင်စွာကျင်းပပြီးစီး

Tue, 02/14/2023 - 10:05 -- Dotbilateral
Undefined

     မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တို့အကြား စီးပွားရေးနှင့်ကုန်သွယ်ရေးကိစ္စ ရပ်များအားပိုမိုမြှင့်တင်နိုင်ရေးညှိနှိုင်းအစည်းအဝေးတစ်ရပ်အားကုန်သွယ်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် နှင့် ယူနန်ပြည်နယ်ကူးသန်းရောင်းဝယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ်တို့မှ ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ရုံးအမှတ်(၃) နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အစည်းအဝေးအား မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များအား ပိုမိုမြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်၍ကျင်းပခြင်းဖြစ်ပါသည်။     

    အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှကုန်သွယ်ရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ဦးဆောင် ၍ သက်ဆိုင်ရာညွှန်ကြားရေးမှူးများနှင့်ဘာသာရပ်တာဝန်ခံများ တက်ရောက်ပြီး  တရုတ်နိုင်ငံဘက် မှ ယူနန်ပြည်နယ်၊ ကူးသန်းရောင်းဝယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ်  Mr.Li Chenyang ဦးဆောင်၍ ကိုယ်စားလှယ် (၁၉)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

     အစည်းအဝေးတွင် နှစ်နိုင်ငံအကြား နယ်စပ်ဂိတ်များဖွင့်လှစ်နိုင်ရေး နှင့် မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ကုန်စည်စီးဆင်းမှုလျင်မြန်ချောမွေ့စေရေးကိစ္စများ၊ ဘဏ္ဍာရေးဆိုင်ရာပူးပေါင်းဆောင် ရွက်မှုကိစ္စများ နှင့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာကဏ္ဍများတွင် နှစ်နိုင်ငံ ပိုမိုပူးပေါင်းဆောင်ရွက်ရေး ကိစ္စတို့အား ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား နေ့လည် ( ၁၂ : ၀၀ ) နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။   

Latest News: 

မြန်မာစာဘာသာရပ် ရုံးလုပ်ငန်းဆိုင်ရာ အနှစ်ချုပ်သင်တန်း သတင်း

Thu, 02/02/2023 - 03:06 -- DotTrading
Undefined

မြန်မာစာဘာသာရပ် ရုံးလုပ်ငန်းဆိုင်ရာ အနှစ်ချုပ်သင်တန်း

သတင်း

(အပြည့်အစုံ)

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနရှိ အရာထမ်းများ အတွက် မြန်မာစာဘာသာရပ် ရုံးလုပ်ငန်းဆိုင်ရာ အနှစ်ချုပ်သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့ နံနက် (၀၉း၀၀)နာရီအချိန်နှင့် နေ့လည် (၁၃း၀၀) နာရီ အချိန်တို့တွင် သင်တန်းကို စတင်ဖွင့်လှစ်သင်ကြားခဲ့ပါသည်။

၂။       ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ ရုံးစာများရေးသားရာတွင် သတ်မှတ်ပုံစံ အလိုက် ကျစ်လစ်ခိုင်မာတိကျပြီး ရှင်းလင်းပြတ်သားသည့် ရုံးစာတစ်‌စောင်ကို ကျွမ်းကျင်ပိုင်နိုင် စွာဖြင့် ရေးသားနိုင်ရန်အတွက် ရည်ရွယ်၍သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ပါသည်။

၃။      အဆိုပါသင်တန်းကို ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ပညာ) ဒေါက်တာသန့်စင်အေး နှင့်အဖွဲ့မှ သင်တန်းသို့လာရောက် သင်ကြားပို့ချခြင်းဖြစ်ပါသည်။

၄။      သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၃၀) ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဖေ‌ဖော်ဝါရီလ(၁) ရက်နေ့ အထိ(တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့ထိ) (၃) ရက်ကြာ နံနက် (၀၉း၀၀)နာရီမှ နံနက် (၁၁း၃၅)  နာရီထိ လည်းကောင်း၊ နေ့လည် (၁၃း၀၀) နာရီ မှ နေ့လည်(၁၅း၃၅) နာရီထိ လည်းကောင်း တစ်နေ့လျှင် (၂) ကြိမ် သင်တန်းကိုသင်ကြားလျက်ရှိပါသည်။

၅။      အဆိုပါသင်တန်းအား ရုံးချုပ်ရှိ လက်ထောက်ညွှန်ကြားရေးမှူး အဆင့်မှ ညွှန်ကြားရေးမှူးချုပ် အထိ သင်တန်းသား(၈၄)ဦးဖြင့် လည်းကောင်း၊ ပို့ကုန်သွင်းကုန်ရုံးများနှင့် ကုန်သွယ်ရေးစခန်းများရှိ လက်ထောက်ညွှန်ကြားရေးမှူး အဆင့်မှ ညွှန်ကြားရေးမှူး အထိ သင်တန်းသား (၄၈)ဦး စုစုပေါင်း သင်တန်းသားဦးရေ (၁၃၂) ဦး တက်ရောက်သင်ကြားလျက်ရှိပါသည်။

၆။      အဆိုပါသင်တန်းကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ စည်းကမ်း ချက်များနှင့်အညီ သင်တန်းဖွင့်လှစ်လျက်ရှိပြီး ကုန်သွယ်ရေးဦးစီးဌာနရှိ အရာထမ်းစုစုပေါင်း (၁၃၂) ဦး တက်‌ရောက်သင်ကြားခဲ့ပါသည်။

Latest News: 

“အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်” ပထမအကြိမ် ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်ခြင်း

Tue, 01/31/2023 - 18:51 -- competition
Myanmar

“အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာမူဘောင်သဘောတူစာချုပ်” ပထမအကြိမ်ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ယှဉ်ပြိုင်မှုကော်မရှင်ရုံးမှ ဘာသာရပ်တာဝန်ခံအရာထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ 

ညှိနှိုင်းဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ညှိနှိုင်းဆွေးနွေးပွးတွင် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ညှိနှိုင်းဆွေးနွေးမှုအတွက် ဥက္ကဋ္ဌတာဝန်ယူထားသော Mr. Benjamin E. Radoc Jr. က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့်လာမည့်နှစ်များတွင်ကြုံတွေ့လာနိုင်မည့် ယှဉ်ပြိုင်မှုဆိုင်ရာ စိန်ခေါ်မှုများကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန်နှင့် ဒေသတွင်း စျေးကွက်ယှဉ်ပြိုင်မှုကိုမြှင့်တင်နိုင်ရန်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု ကတိကဝတ်အဖြစ် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်ကို ရေးဆွဲရခြင်းဖြစ်ပါသည်။

အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်ကို ၂၀၂၄ ခုနှစ်မကုန်မီ အပြီးသတ်ရေးဆွဲ အတည်ပြု၍ အကောင်အထည်ဖော်နိုင်ရန်အတွက် ‌ညှိနှိုင်းဆွေးနွေးမှုများကို ဆောင်ရွက်လျက်ရှိပါသည်။

 

 

 

Latest News: 

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အကြောင်း မိတ်ဆက်သင်တန်း (Beginner) သင်တန်း ဖွင့်လှစ်မှု သတင်း

Fri, 01/27/2023 - 08:21 -- DotTrading
Undefined

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အကြောင်း မိတ်ဆက်သင်တန်း (Beginner) သင်တန်း ဖွင့်လှစ်မှု

သတင်း

(အပြည့်အစုံ)

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အကြောင်း မိတ်ဆက်သင်တန်း (Beginner) သင်တန်းအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် သင်တန်းကို စတင်ဖွင့်လှစ်ခဲ့ပါသည်။

၂။       အဆိုပါသင်တန်း မစတင်ခင်အချိန်တွင် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် တို့သည် သင်တန်းတက်ရောက်လာသည့် သင်တန်းသားများကို တွေ့ဆုံအားပေးခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

၃။      အဆိုပါသင်တန်းကို ဝန်ထမ်းများ အရည်အချင်း တိုးတက်စေရန်အတွက် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၂၅)ရက်နေ့မှ (၂၇) ရက်နေ့အထိ (ဗုဒ္ဓဟူးနေ့မှ ကြာသပတေးနေ့ထိ) (၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

၄။      အဆိုပါ သင်တန်းကို Covid-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ စည်းကမ်းချက်များနှင့်အညီ သင်တန်းဖွင့်လှစ်လျက်ရှိပြီး တက်‌ရောက်သည့် ကုန်သွယ်ရေးဦးစီး ဌာနရှိ ဌာနတွင်း အရာထမ်း၊ အမှုထမ်း စုစုပေါင်း(၂၅) ဦိးတို့ တက်ရောက် သင်ကြားလျက်ရှိပါ သည်။

Latest News: 

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်၏ နောက်ဆက်တွဲ အစည်းအဝေးကျင်းပ

Fri, 01/27/2023 - 04:25 -- wtodep
Undefined

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်၏ နောက်ဆက်တွဲအစည်းအဝေး (2nd TPR Follow Up Meeting) ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့ နံနက် ၉:၃၀ နာရီ၌ နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၂) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်မှဦးဆောင်၍ ကုန်သွယ်မှုဆိုင်ရာ ဆက်စပ်ဌာန/ အဖွဲ့အစည်း (၂၇) ခုမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများအပါအဝင် ကိုယ်စားလှယ် (၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။

၂၀၂၁ ခုနစ်၊ ပထမသုံးလပတ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သည့် ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒလေ့လာဆန်းစစ်ခြင်းလုပ်ငန်းစဉ်ပြီး နောက် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ အကြံပြုချက်များအပေါ် လိုက်ပါဆောင်ရွက်ထားရှိမှု အခြေအနေများအား ဆန်းစစ် နိုင်ရန် ရည်ရွယ်၍ အစည်းအဝေးကို ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

အစည်းအဝေးတွင် တက်ရောက်လာသည့် ကိုယ်စားလှယ်များက သက်ဆိုင်ရာနယ်ပယ်အလိုက် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ လေ့လာဆန်းစစ်၍ အပြီးသတ်အစီရင်ခံပြီးနောက် ကုန်သွယ်မှုဆိုင်ရာ ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြ ပါသည်။ ထို့ပြင် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပေါ် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရက ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်းစဉ် ပြီးနောက်ပိုင်း ကုန်သွယ်မှုနှင့်ဆက်စပ်သည့် နယ်ပယ်၊ ကဏ္ဍအသီးသီးမှာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို တက်ကြွစွာ ရှင်းလင်းဆွေးနွေးပေးသည့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များကို ကျေးဇူးတင်ရှိပါကြောင်း၊ ယခုဆွေးနွေးပြောကြားချက်များသည် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ် များစွာအထောက်အကူပြုကြောင်း၊ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်၏ နောက်ဆက်တွဲလုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်၍ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် တိုက်တွန်းပါ ကြောင်းဖြင့် နိဂုံးချုပ် ဆွေးနွေးပြောကြား၍ အစည်းအဝေးကို ညနေ ၁၇:၃၀ တွင် ရုပ်သိမ်းခဲ့ပါသည်။

Latest News: 

ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0 သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သတင်း

Fri, 01/27/2023 - 03:57 -- DotTrading
Undefined

ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0 သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သတင်း

(အပြည့်အစုံ)

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၁)ရက်နေ့မှ (၂၂)ရက်နေ့အထိ နံနက် (၁၀း၀၀)နာရီမှ (၁၅း၃၀)နာရီအထိ Virtual Online စနစ်အသုံးပြု၍ “ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0  သင်တန်းအမှတ်စဉ် (၁/၂၀၂၃)သင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။

၂။       အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၃၈)ဦး တက်ရောက်ခဲ့ပါသည်။

Latest News: 

"အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် ဆွေးနွေးညှိနှိုင်းမှုများအတွက် တတိယအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ အာဆီယံဒေသတွင်း ညှိနှိုင်းအစည်းအဝေး" တက်ရောက်ခြင်း

Thu, 01/19/2023 - 08:48 -- competition
Myanmar

"အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-Canada Free Trade Agreement-ACAFTA) ဆွေးနွေးညှိနှိုင်းမှုများအတွက် တတိယအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ အာဆီယံဒေသတွင်း ညှိနှိုင်းစည်းအဝေး" ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ACAFTA လုပ်ငန်းကော်မတီဆိုင်ရာ အာဆီယံဥက္ကဋ္ဌ Mr. Arunan Kumaran က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ယှဉ်ပြိုင်မှုဆိုင်ရာကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ACAFTA ၏ ယှဉ်ပြိုင်မှုအခန်းတွင် အဓိကပါဝင်မည့်အချက်များကို  ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်မည့် ACAFTA ဆွေးနွေးညှိနှိုင်းမှုများအတွက် တတိယအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေးတွင် အပြီးသတ်နိုင်ရန်ရည်ရွယ်၍ ကြိုတင်ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

ထို့နောက် ACAFTA လုပ်ငန်းအဖွဲ့အဆင့် ညှိနှိုင်းဆွေးနွေးမှုများအတွက် လုပ်ငန်းအစီအစဉ်ကိုလည်း ညှိနှိုင်းခဲ့ကြပါသည်။

Latest News: 

ယှဉ်ပြိုင်မှုဆိုင်ရာ အမှုကိစ္စနှင့်စပ်လျဉ်း၍ အယူခံရှင်းလင်းမှုအစီအစဉ် ကျင်းပပြုလုပ်ခြင်း

Tue, 01/10/2023 - 08:40 -- competition
Undefined

ယှဉ်ပြိုင်မှုဆိုင်ရာ အမှုကိစ္စနှင့်စပ်လျဉ်း၍ အယူခံဝင်ရောက်သည့်ကုမ္ပဏီက ရှင်းလင်းတင်ပြသည့်အစီအစဉ်အား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ ရုံးအမှတ်(၃)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစီအစဉ်တွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် အဖွဲ့ဝင်၊ ဥပဒေရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်းက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

အစီအစဉ်တွင် အယူခံဝင်ရောက်သည့်ကုမ္ပဏီက အယူခံမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များက အယူခံမှုကို ကြားနာခဲ့ကြပါသည်။

Latest News: 

Pages

Subscribe to RSS - Department of Trade