Department of Trade

ယှဉ်ပြိုင်မှုဆိုင်ရာ တိုင်ကြားလာသည့် အမှုကိစ္စများနှင့်စပ်လျဉ်းသည့်အစည်းအဝေးကျင်းပခြင်း

Wed, 06/01/2022 - 14:11 -- competition
Myanmar

            မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ထံ တိုင်ကြားလာသည့် ယှဉ်ပြိုင်မှုဆိုင်ရာအမှုကိစ္စများနှင့်စပ်လျဉ်းသည့် အစည်းအဝေးအား ၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်နေ့ (အင်္ဂါနေ့)၊ နံနက် (၁၀:၀၀) နာရီချိန်တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ကော်မရှင်အဖွဲ့ဝင် (၁၁)ဦးနှင့် ကော်မရှင်ရုံးအဖွဲ့မှ တာဝန်ရှိသူများ၊ စုစုပေါင်း (၁၅)ဦး ပါဝင်တက်ရောက်ခဲ့ပြီး  မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

            အစည်းအဝေးတွင် ကော်မရှင် ဒုတိယဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာ၌ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်သည် ဥပဒေအရဖွဲ့စည်းထားသည့် ကော်မရှင်ဖြစ်သည့်အတွက် ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဥပဒေ၊ နည်းဥပဒေပါပြဌာန်းချက်များနှင့်အညီ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် လုပ်ငန်းနယ်ပယ်အသီးအသီးတွင် လွတ်လပ်မျှတသော ယှဉ်ပြိုင်မှုဖြစ်ထွန်းပေါ်ပေါက်စေရေးနှင့် အများပြည်သူအကျိုးစီးပွား ထိခိုက်နစ်နာစေခြင်းမှ ကာကွယ်နိုင်ရေးတို့အတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိသကဲ့သို့ ယှဉ်ပြိုင်မှုမူဝါဒများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာတွင်လည်း အာဆီယံကဲ့သို့သော ဒေသတွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်ကြားလာသည့်အမှုကိစ္စများအား ကိုင်တွယ်ဖြေရှင်းရာတွင် ကော်မရှင်အဖွဲ့ဝင်များသည် မတူညီသော အတွေ့အကြုံ၊ ကျွမ်းကျင်မှု နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များဖြစ်သည့်အားလျော်စွာ မိမိတို့၏ သက်ဆိုင်ရာ ကျွမ်းကျင်မှုနယ်ပယ်များအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။ 

            အစည်းအဝေးကို ဆက်လက်ကျင်းပရာ တိုင်ကြားလာသောအမှုကိစ္စများအလိုက် တိုင်ကြားလာမှုအခြေအနေများ၊ တိုင်ကြားစာများပါအကြောင်းအရာများ၊ တိုင်ကြားစာများအပေါ် ကော်မရှင်အဖွဲ့ဝင်များ၏ သဘောထားအကြံပြုချက်များ၊ ရုံးအဖွဲ့၏ စိစစ်သုံးသပ်ချက်များနှင့် ကော်မရှင်အနေဖြင့် ဆက်လက်ဆောင်ရွက်သွားသင့်သည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရုံးအဖွဲ့၏ ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။ တိုင်ကြားလာသောအမှုကိစ္စများအလိုက် သုံးသပ်တွေ့ရှိချက်များ၊ သဘောထားအမြင်များ၊ အကြံပြုချက်များကို ကော်မရှင်အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို (၁၂:၁၅) နာရီချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

Latest News: 
Latest New တင္ရန္

ဒုတိယအကြိမ် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာအဖွဲ့အစည်း အကြီးအကဲများအစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ တက်ရောက်ဆွေးနွေး

Thu, 03/17/2022 - 06:18 -- competition
Myanmar

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်၊ ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်သည်  ၂၀၂၂ ခုနှစ်၊ မတ်လ ၁၅ ရက် (အင်္ဂါနေ့)၊ (၁၃:၀၀) နာရီအချိန်တွင် Virtual စနစ်ဖြင့်  ကျင်းပပြုလုပ်သော ဒုတိယအကြိမ် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲများ အစည်းအဝေးသို့ တက်ရောက်ဆွေးနွေးပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံမှ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း ASEAN Chairmanship Theme နှင့် စီးပွားရေးကဏ္ဍဆိုင်ရာ ဦးစားပေးနယ်ပယ်များ၊ အာဆီယံအကြီးတန်းစီးပွားရေးအရာရှိများ အစည်းအဝေးမှ  ဆွေးနွေးမှုရလဒ်များ၊ အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူညီစာချုပ်ဆိုင်ရာ သဘောတရားစာတမ်း၊ အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူညီစာချုပ်ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် ညှိနှိုင်းအစည်းအဝေးများမှ ဆွေးနွေးမှုရလဒ်များ၊ အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူညီစာချုပ်ရေးဆွဲရာတွင် အခြေခံရမည့် လမ်းညွှန်ချက်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြပါသည်။ ထို့အပြင် ကိုဗစ် ၁၉ ကူးစက်ရောဂါ ကာလအတွင်း စီးပွားရေးပြန်လည်ဦးမော့လာစေရေးအတွက် ယှဉ်ပြိုင်မှုမူဝါဒ၏ အခန်းကဏ္ဍများ ပိုမိုခိုင်မာအားကောင်းလာစေရေးအတွက် ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပူးတွဲထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါသည်။

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ယှဉ်ပြိုင်မှုဆိုင်ရာအဖွဲ့အစည်း အကြီးအကဲများ၊ ဒုတိယအကြီးအကဲများနှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၁၆:၀၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Latest News: 

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၁/၂၀၂၂) ပုံမှန်အစည်းအဝေး ကျင်းပပြုလုပ်

Fri, 02/04/2022 - 02:47 -- competition
Myanmar

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၁/၂၀၂၂) ပုံမှန်အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့ နံနက် (၁၀:၀၀) နာရီချိန်တွင် နေပြည်တော်၊ ရုံးအမှတ် (၃)၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဥက္ကဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  ဒေါက်တာပွင့်ဆန်း တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

            အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌ နိုင်ငံ့စီးပွားရေး ခိုင်မာတောင့်တင်းစေရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဥပဒေများ ခိုင်မာအားကောင်းရန် လိုအပ်ပါကြောင်း၊ ဥပဒေကို စတင်ရေးဆွဲခဲ့သည့်အချိန်နှင့် လက်ရှိအချိန်တို့အကြား ပကတိအခြေအနေနှင့် လိုက်လျောညီထွေဖြစ်စေရေးအတွက် စဉ်းစားဆောင်ရွက်ရမှာဖြစ်ပြီး အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပါက ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမှာဖြစ်ကြောင်း၊ ယခုအခါ အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်းတွင် ယှဉ်ပြိုင်မှုဥပဒေများကိုရေးဆွဲပြဌာန်းပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ယှဉ်ပြိုင်မှုအာဏာပိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏  ယှဉ်ပြိုင်မှုဥပဒေများအကြား မတူကွဲပြားမှုများ၊ တူညီမှုအခြေအနေများကို လေ့လာကြည့်ရှုပြီး မိမိတို့ကော်မရှင်အနေဖြင့်  ကြုံတွေ့ခဲ့သော အတွေ့အကြုံများမှတစ်ဆင့် ရှေ့ဆက် ဆောင်ရွက်သွားသင့်သည့် လုပ်ငန်းအစီအစဉ်များကိုလည်း ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားပါသည်။

            အစည်းအဝေးကို ဆက်လက်ကျင်းပရာ ယခင် (၁/၂၀၂၁) ပုံမှန် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ၂၀၂၁ ခုနှစ်အတွင်း ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ အာဆီယံဒေသတွင်းနိုင်ငံများရှိ ယှဉ်ပြိုင်မှုအာဏာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ ကော်မရှင်က ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ ကော်မရှင်ရုံး တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးကာ အစည်းအဝေးကို (၁၂:၃၀) နာရီချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

            အစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ နှင့် ကော်မရှင်အဖွဲ့ဝင် များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Latest News: 
Latest New တင္ရန္

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၁/၂၀၂၁) အကြိမ် ပုံမှန်အစည်းအဝေးကျင်းပခြင်း

Mon, 05/17/2021 - 05:23 -- competition
Myanmar

၂၀၂၁ ခုနှစ်၊ မေလ (၁၄) ရက်နေ့၊ နေပြည်တော်

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်၏ (၁/၂၀၂၁) အကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ မေလ (၁၄) ရက်နေ့ (၁၄း၀၀) နာရီချိန်တွင် နေပြည်တော်၊ ရုံးအမှတ် (၃)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  ဒေါက်တာပွင့်ဆန်း တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်ရရှိနိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံ၌ စီးပွားရေးလုပ်ငန်းများအပေါ် အကာအကွယ်ပေးနိုင်မည့် ဥပဒေများ အခိုင်အမာ ဖြစ်ထွန်းပေါ်ပေါက်စေရေးအတွက် ယှဉ်ပြိုင်မှုဥပဒေကို ၂၀၁၅ ခုနှစ်တွင် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယှဉ်ပြိုင်မှုဥပဒေကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြင့် ပြည်တွင်း၊ ပြည်ပကုန်သွယ်မှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးတို့အတွက် အထောက်အကူဖြစ်စေနိုင်သကဲ့သို့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်လည်း များစွာအထောက်အကူ ဖြစ်စေနိုင်ပါကြောင်း၊ မိမိတို့ယှဉ်ပြိုင်မှုကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များသည် စီးပွားရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်မည့် ဆောင်ရွက်ချက်များ ဖြစ်စေရေးကိုလည်း အထူးအလေးထားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့ကော်မရှင်တွင် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသာမက အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ပညာရှင်များပါ ပါဝင်သည့်အတွက် သက်ဆိုင်ရာနယ်ပယ်အလိုက် အတွေ့အကြုံများကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ကော်မရှင်ပုံမှန်အစည်းအဝေးကို ကျင်းပရာ (၂/၂၀၂၀) ကြိမ်မြောက် ပုံမှန်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လက်ခံရရှိထားသော တိုင်ကြားမှုများနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများစပ်လျဉ်း၍ ကော်မရှင်ရုံးမှတာဝန်ရှိသူက ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးကာ အစည်းအဝေးကို (၁၆း၄၅) နာရီချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Latest News: 
Latest New တင္ရန္

ဌာနတွင်း ကွန်ပျူတာအခြေခံ(ရုံးလုပ်ငန်း) သင်တန်း သင်ကြားပို့ချခြင်း

Tue, 05/11/2021 - 03:40 -- competition
Myanmar

၁။            ဝန်ထမ်းများအားလုံး မိမိလုပ်ငန်းများနှင့် သက်ဆိုင်သည့်ကိစ္စရပ်များတွင် ကွန်ပျူတာကျွမ်းကျင်စွာအသုံးပြုဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးဌာနမှ ကွန်ပျူတာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသကဲ့သို့ ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲအနေဖြင့်လည်း မိမိတို့ဌာနတွင်းရှိ ဝန်ထမ်းများအားလုံး  ကွန်ပျူတာအခြေခံ ကျွမ်းကျင်စွာအသုံးပြုဆောင်ရွက်နိုင်ရေးအတွက် သင်တန်းပို့ချ သင်ကြားပေးသွားမည်ဖြစ်ပါသည်။

၂။       အဆိုပါ ဌာနတွင်းသင်တန်းတွင် ကွန်ပျူတာအခြေခံ ဘာသာရပ်(၇)ခုအား (၃-၅-၂၀၂၁)ရက်နေ့မှ (၂၂-၇-၂၀၂၁)ရက်နေ့အထိ ရက်သတ္တပတ်(၁၂)ပတ်ကြာ သင်ကြားပို့ချသွားမည် ဖြစ်ပါသည်။

Latest News: 

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ကြားဖြတ်အစည်းအဝေးကျင်းပခြင်း

Thu, 04/29/2021 - 09:37 -- competition
Myanmar

 ၁။     မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ကြားဖြတ်အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။       အဆိုပါအစည်းအဝေးကို မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဒုတိယဥက္ကဋ္ဌက ဦးဆောင်ကျင်းပခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

၃။      အစည်းအဝေးတွင် ကော်မရှင်က ဆောင်ရွက်လျက်ရှိသော ယှဉ်ပြိုင်မှုဆိုင်ရာအမှုကိစ္စများအပေါ် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ပြင်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ သည့် ကိစ္စရပ်များအပေါ် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် လမ်းညွှန်ချက်များ ပြင်ဆင်ထုတ်ပြန်ရန် ဆောင်ရွက်ထားရှိမှုများအပေါ် ဆွေးနွေးခဲ့ကြပါသည်။

Latest News: 

မြန်မာနိုင်ငံ စားသုံးသူရေးရာကော်မရှင်နှင့် ယှဉ်ပြိုင်မှုကော်မရှင်တို့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ရှင်းလင်းတင်ပြသည့်အခမ်းအနားကျင်းပ

Tue, 03/23/2021 - 07:29 -- competition
Myanmar

           စားသုံးသူကာကွယ်ရေးဥပဒေနှင့် ယှဉ်ပြိုင်မှုဥပဒေများအရ ဖွဲ့စည်းထားရှိသော မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်နှင့် ယှဉ်ပြိုင်မှုကော်မရှင်တို့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ရှင်းလင်းတင်ပြသည့် အခမ်းအနားကို (၁၉-၃-၂၀၂၁) ရက်နေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့ပါသည်။

          အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက လုပ်ငန်းများဆောင်ရွက်ရာ၌ ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် စားသုံးသူရေးရာကော်မတီများကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းရန်၊ တိုင်းဒေသကြီး/ပြည်နယ် ကောင်စီများထံသို့ သွားရောက်၍ စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးရန်၊ စားအုန်းဆီတင်သွင်းမှုကို လျှော့ချနိုင်ရေးအတွက် ပြည်တွင်းစားသုံးမှုပုံစံများကို အဓိကထားပြောင်းလဲရန်၊ ဆီစားသုံးမှုလျှော့ချရေးအတွက် နေ့စဉ်ထုတ်သတင်းစာများ၊ သတင်း မီဒီယာများမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်နှင့် ယှဉ်ပြိုင်မှုကော်မရှင်အနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားရေး ကြိုးပမ်းသွားရန်တို့ကို မှာကြားခဲ့ပါသည်။

          ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဥပဒေရေးဆွဲပြဌာန်းမှု၊ စားသုံးသူရေးရာကော်မရှင်နှင့် ကော်မတီများဖွဲ့စည်းထားရှိမှု၊ စားသုံးသူရေးရာဆိုင်ရာကိစ္စများ ကိုင်တွယ်ဖြေရှင်းမှုများနှင့် မြန်မာနိုင်ငံတွင် စားအုန်းဆီတင်သွင်းမှုလျှော့ချရေး ဆောင်ရွက်ထားရှိမည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ပါသည်။

          ဆက်လက်၍ ကုန်သွယ်ရေးဦးစီးဌာန၊ ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ ယှဉ်ပြိုင်မှုဥပဒေ ရေးဆွဲပြဌာန်းမှု၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဖွဲ့စည်းထားရှိမှု၊ ကော်မရှင်၏လုပ်ငန်းဆောင်ရွက်နေမှု၊ ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ယှဉ်ပြိုင်မှုဆိုင်ရာအမှုကိစ္စများ ကိုင်တွယ်ဖြေရှင်းမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

          အဆိုပါအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။

Latest News: 

JFTC နှင့်ပူးပေါင်း၍ “Market Study for Policy Recommendation” Online Seminar ကျင်းပ ပြုလုပ်ခြင်း

Wed, 02/24/2021 - 09:52 -- competition
Myanmar

၁။             မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်နှင့် Japan Fair Trade Commission (JFTC) တို့ပူးပေါင်း၍ “Market Study for Policy Recommendation” ခေါင်းစဉ်ဖြင့် Online Seminar ကို (၅-၂-၂၀၂၁) ရက်နေ့ နေ့လည် (၁၄:၀၀)နာရီမှ ညနေ (၁၆:၀၀)နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။             အဆိုပါ Webinar တွင် Facilitator အဖြစ် Japan Fair Trade Commission (JFTC) မှ Mr. Tsubota Hiroshi နှင့် Mr.Nakai Susumu တို့က ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်မှ ကော်မရှင်ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။

၃။            Webinar တွင် ရှေးဦးစွာ Mr. Tsubota Hiroshi က JFTC မှ လက်ရှိတွင် ဆောင်ရွက်လျှက်ရှိသည့် ဈေးကွက်လေ့လာစောင့်ကြည့်ခြင်းလုပ်ငန်းများ၊ ဈေးကွက်လေ့လာ စောင့်ကြည့်ရသည့် ရည်ရွယ်ချက်များ၊ Fact-Finding Survey ဆောင်ရွက်သင့်သည့် ဈေးကွက်အခြေအနေများ၊ ဆောင်ရွက်ပုံနည်းလမ်း (Method)များ၊ Fact-Finding Survey ကောက်ယူခြင်းနှင့် စုံစမ်းစစ်ဆေးခြင်း (Investigation) တို့၏ ကွာခြားချက်များ၊ Suvey ကောက်ယူရန် မေးခွန်းလွှာများပြင်ဆင်ခြင်း၊ သက်ဆိုင်သည့် Stakeholder များကို မေးခွန်းများဖြေကြားနိုင်ရန် ပေးပို့ခြင်းနှင့် ပြန်လည်ဖြေကြားထားသောမေးခွန်းလွှာများအပေါ် သုံးသပ်ကာအစီရင်ခံစာပြုစုရေးသားခြင်းတို့ကိုရှင်းလင်းပြောကြားခဲ့ပါသည်။

၄။            ထို့နောက် Mr.Nakai Susumu က မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများက မေးမြန်းလာသော Market Study နှင့်ပတ်သက်သည့် မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပြီး မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်နှင့် Japan Fair Trade Commission (JFTC) တို့အကြား မိမိတို့ကော်မရှင်မှ လက်ရှိဆောင်ရွက်ချက်များနှင့် အခက်အခဲများကို နှစ်ဦးနှစ်ဖက် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို ညနေ (၁၆:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

Latest News: 

ယှဉ်ပြိုင်မှုဥပဒေပြဌာန်းချက်များအပေါ် သုံးသပ်ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

Wed, 02/24/2021 - 09:46 -- competition
Myanmar

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်

၁။         မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများအကြား ယှဉ်ပြိုင်မှု ဥပဒေပြဌာန်းချက်များအပေါ် သုံးသပ်ညှိနှိုင်းသည့် အစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲတွင် (၄-၂-၂၀၂၁) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ  Zoom Application အသုံးပြု၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။          အစည်းအဝေးကို မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌက ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပြီး ယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ယှဉ်ပြိုင်မှု ဥပဒေပြဌာန်းချက်များအပေါ် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကြုံတွေ့ နေရသည့်အခက်အခဲများကိုဖော်ထုတ်၍ ပြင်ဆင်ဖြည့်စွက်လိုသည့်အချက်များအား ဥပဒေပုဒ်မ တစ်ခုချင်းအလိုက် သုံးသပ်ဆွေးနွေးရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

၃။          အစည်းအဝေးတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုဥပဒေနှင့်အညီ လက်ရှိဆောင်ရွက်နေသည့် အမှုကိစ္စများနှင့်စပ်လျဉ်း၍ ကြုံတွေ့နေရသည့်အခက်အခဲများနှင့် ကြုံတွေ့လာနိုင်မည့် အခက်အခဲ များကို   နိုင်ငံတကာယှဉ်ပြိုင်မှုကော်မရှင်များ၏ ပြဌာန်းချက်၊ ဆောင်ရွက်ချက်တို့နှင့် နှိုင်းယှဉ် သုံးသပ်ဆွေးနွေးခဲ့ပါသည်။

Latest News: 

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ရုံးသစ် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်

Wed, 09/16/2020 - 05:54 -- competition
Myanmar

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၃ ရက်

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၃ ရက်နေ့ နံနက် ၈:၄၅ အချိန်တွင် နေပြည်တော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်းအတွင်း မြန်မာနိုင်ငံယှဥ်ပြိုင်မှုကော်မရှင်ရုံး အဆောက်အဦဆောက်လုပ်ရန်အတွက် ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

Latest News: 

Pages

Subscribe to RSS - Department of Trade