Department of Trade
မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၊ Quarantine Station ၈-၃-၂၀၁၈ နေ့တွင် ဖြစ်ပေါ်နေသော ကျွဲ၊ နွား၊ ဆိတ် အရှင် ဈေးနှုန်းများ
မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၊ Quarantine Station ၇-၃-၂၀၁၈ နေ့တွင် ဖြစ်ပေါ်နေသော ကျွဲ၊ နွား၊ ဆိတ် အရှင် ဈေးနှုန်းများ
မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၊ Quarantine Station ၆-၃-၂၀၁၈ နေ့တွင် ဖြစ်ပေါ်နေသော ကျွဲ၊ နွား၊ ဆိတ် အရှင် ဈေးနှုန်းများ
မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၊ Quarantine Station ၅-၃-၂၀၁၈ နေ့တွင် ဖြစ်ပေါ်နေသော ကျွဲ၊ နွား၊ ဆိတ် အရှင် ဈေးနှုန်းများ
မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၊ Quarantine Station ၂၈-၂-၂၀၁၈ နေ့တွင် ဖြစ်ပေါ်နေသော ကျွဲ၊ နွား၊ ဆိတ် အရှင် ဈေးနှုန်းများ
လေကြောင်းပို့ဆောင်ရေးကဏ္ဍအတွက် ယှဉ်ပြိုင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား နိုဝင်ဘာလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ (၂)ရက်ကြာကျင်းပပြုလုပ်
လေကြောင်းပို့ဆောင်ရေးကဏ္ဍအတွက် ယှဉ်ပြိုင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပုဂံမြို့၊ ပုဂံဟိုတယ်တွင် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ (၂)ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူများအဖွဲ့ အလှည့်ကျဥက္ကဌဖြစ်သူ စီးပွားရေးနှင့်ကူးသန်းေရာင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မင်းသိုက်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သြစတြေးလျယှဉ်ပြိုင်မှုနှင့်စားသုံးသူရေးရာကော်မရှင်မှ General Manager ဖြစ်သူ Mr. Bruce Cooper မှ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ အာဆီယံဒေသတွင်း လေကြောင်းကဏ္ဍတွင် ကြုံတွေ့နေရသည့် ယှဉ်ပြိုင်မှုဆိုင်ရာအခက်အခဲများကို ဆွေးနွေးဖြေရှင်းနိုင်ရန်နှင့် အာဆီယံနိုင်ငံများမှ ယှဉ်ပြိုင်မှုဆိုင်ရာအာဏာပိုင်များနှင့် လေကြောင်းကဏ္ဍမှ တာဝန်ရှိသူများ၊ အာဆီယံနိုင်ငံလေကြောင်းလိုင်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်းလေကြောင်းလိုင်းများမှ ကိုယ်စားလှယ်များအကြား အတွေ့အကြုံများ ဖလှယ်နိုင်စေရန်ဖြစ်ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် အာဆီယံနိုင်ငံများမှ ယှဉ်ပြိုင်မှုဆိုင်ရာအာဏာပိုင်များနှင့် လေကြောင်းကဏ္ဍမှ တာဝန်ရှိသူများ၊ အာဆီယံနိုင်ငံလေကြောင်းလိုင်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်းလေကြောင်းလိုင်းများမှ ကိုယ်စားလှယ်များ၊ သြစတြေးလျယှဉ်ပြိုင်မှုနှင့်စားသုံးသူရေးရာကော်မရှင်မှ ယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူ များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
(၂၀)ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအား ပုဂံမြို့၊ ပုဂံဟိုတယ်တွင် ကျင်းပပြုလုပ်ခြင်း
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်
(၂၀)ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအား ပုဂံမြို့၊ ပုဂံဟိုတယ်တွင် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့မှ (၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့ နံနက် (၀၉း၀၀)နာရီအချိန်တွင် ပုဂံဟိုတယ်၊ သစ္စာဝတီခန်းမ၌ ပြုလုပ်ခဲ့ပြီး အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူများအဖွဲ့၏ အလှည့်ကျ ဥက္ကဌဖြစ်သူ မြန်မာနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မင်းသိုက်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ဌာနမှူး Ms. Yap Lai Peng မှ မိတ်ဆက် အမှာစကားပြောကြားကာ အစည်းအဝေးကို စတင်ဖွင့်လှစ်ခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံ(၁၀)နိုင်ငံမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ခံများ၊ GIZ မှ တာဝန်ရှိသူများ၊ အာဆီယံ - သြစတြေးလျ - နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှု ဒေသကော်မတီမှ ကျွမ်းကျင်သူများ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။
(၁၉)ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပပြုလုပ်ခြင်း (19th ASEAN Experts Group on Competition(AEGC)Meeting and related Meetings)
၂၀၁၇ ခုနှစ်၊ ဧပြီလ ၃ ရက်
အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီး၏ နိုင်ငံ့ခေါင်းဆောင်များက အတည်ပြုလက်မှတ် ရေးထိုးခဲ့ကြ သည့် အာဆီယံစီးပွားရေးအသိုက်အဝန်းပုံစံ [ASEAN Economic Community (AEC) Blueprint] တွင် ၂၀၁၅ ခုနှစ်၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အားလုံး၌ ယှဉ်ပြိုင်မှု မူဝါဒနှင့် ဥပဒေကို ပြဌာန်းနိုင်ရေးကြိုးပမ်းအားထုတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ရန် သဘော တူညီခဲ့ကြပါသည်။ ယင်းအချက်ကို လိုက်နာဆောင်ရွက်နိုင်ရန်အတွက် အာဆီယံစီးပွားရေး ဝန်ကြီးများသည် ယှဉ်ပြိုင်မှုဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်းခြင်းနှင့် ပူးပေါင်းဆောင် ရွက်ခြင်းများ ပြုလုပ်ရန် ဒေသဆိုင်ရာဖိုရမ်တစ်ခုအဖြစ် အာဆီယံယှဉ်ပြိုင်မှု ဆိုင်ရာကျွမ်း ကျင်သူများအဖွဲ့ (ASEAN Experts Group on Competition-AEGC) ကို ၂၀၀၇ ခုနှစ် သြဂုတ်လတွင် ထူထောင်ခဲ့ကြ ပါသည်။
AEGC အစည်းအဝေးများကို တစ်နှစ်လျှင် (၂)ကြိမ်ကျင်းပလေ့ရှိပြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ များမှ အလှည့်ကျဥက္ကဌအဖြစ် ဆောင်ရွက်၍ အစည်းအဝေးများကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပကြပါသည်။ အဆိုပါ အစည်းအဝေးများကျင်းပရာတွင် အာဆီယံနိုင်ငံ ၁၀ နိုင်ငံသာပါဝင်သည့် AEGC အစည်းအဝေးသာမက အာဆီယံ၏ မိတ်ဖက်နိုင်ငံများဖြစ်သည့် GIZ(ဂျာမနီ)၊ AANZFTA(အာဆီယံ-သြစတြေးလျ-နယူးဇီလန်)၊ EU တို့နှင့် အာဆီယံနိုင်ငံများ ဆွေးနွေးသည့် ဆက်စပ်အစည်းအဝေးများကိုလည်း ကျင်းပပြုလုပ်ကြပါသည်။ အစည်းအဝေး များတွင် ယှဉ်ပြိုင်မှုမူဝါဒနှင့် ဥပဒေတို့နှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ရင်ဆိုင်နေရသော အခက်အခဲများကို အဓိကထား ဆွေးနွေးကြပြီး အဆိုပါကိစ္စရပ်များအပေါ် ဖြေရှင်းနိုင်မည့် နည်းလမ်း၊ လိုအပ်သော ကူညီထောက်ပံ့မှုများအတွက် ညှိနှိုင်းဆွေးနွေးကြကာ မိတ်ဖက်နိုင်ငံများမှ ၎င်းတို့ကူညီဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များ၊ အသိပညာပေးလုပ်ငန်းများအတွက် ဆောင်ရွက်မည့် အစီအစဉ်များ စသည့်ကိစ္စရပ်တို့ကို ညှိနှိုင်းဆောင်ရွက်ကြပါသည်။
၂၀၁၇ ခုနှစ်အတွင်း ကျင်းပမည့် ၁၉ ကြိမ်မြောက်နှင့် ၂၀ ကြိမ်မြောက် အာဆီယံ ယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မြန်မာနိုင်ငံက အလှည့်ကျဥက္ကဌနှင့် အိမ်ရှင်နိုင်ငံအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ယခုအခါတွင် ၁၉ ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၁၇ ခုနှစ် ဧပြီလ ၃ ရက်မှ ၆ ရက်နေ့အထိ ရန်ကုန်မြို့၊ ချက်ထရီယံ ဟိုတယ်တွင် ကျင်းပခဲ့ပြီး ဖြစ်ပါသည်။
ဆက်လက်၍ ၂၀ ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအတွင်း နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်ပါသည်။ ယှဉ်ပြိုင်မှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့၏ ဦးဆောင်လမ်းညွှန်မှုများနှင့်အညီ မြန်မာနိုင်ငံ၏ တာဝန်ခံဌာန ဖြစ်သော ကုန်သွယ်ရေးဦးစီးဌာန၊ ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ အာဆီယံ လုပ်ထုံးလုပ်နည်းများအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
AEGC အဖွဲ့ဝင်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုပေါင်းဓာတ်ပုံရိုက်ကူးခြင်း
AEGC အလှည့်ကျဥက္ကဌတာဝန်အား လာအိုနိုင်ငံထံမှ လွှဲပြောင်းလက်ခံခြင်း
၁၉ ကြိမ်မြောက် AEGC အစည်းအဝေးစတင်ကျင်းပခြင်း
မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ