Department of Trade

“ဒစ်ဂျစ်တယ်ဈေးကွက်များ” ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခြင်း

Tue, 11/22/2022 - 08:41 -- competition
Myanmar

           ဩစတြေးလျယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာကော်မရှင် (Australia Competition and Consumer Commission - ACCC) က ဆောင်ရွက်လျက်ရှိသည့် ယှဉ်ပြိုင်မှုဥပဒေ အကောင်အထည်ဖော်ရေးအစီအစဉ် (Competition Law Implementation Program-CLIP) အဆင့် ၅ အောက်တွင် ယှဉ်ပြိုင်မှုဥပဒေနှင့် ဒစ်ဂျစ်တယ်ဈေးကွက်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပပြုလုပ်လျက်ရှိပါသည်။

           အဆိုပါ ဒစ်ဂျစ်တယ်ဈေးကွက်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများအနက် “ဒစ်ဂျစ်တယ်စည်းမျဉ်း‌ဟောင်းများကို ဘာ့ကြောင့်လိုအပ်သလဲ၊ ဘယ်လိုမှန်ကန်စွာလုပ်ဆောင်ရမလဲ” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

           အလုပ်ရုံဆွေးနွေးပွဲတွင် ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဥရောပကောလိပ်မှ ဥပဒေနှင့် စီးပွားရေးပါမောက္ခ Mr. Philip Marsden က ဦးဆောင်ဆွေးနွေးခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ယှဉ်ပြိုင်မှုဆိုင်ရာ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့်  ဩစတြေးလျယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာကော်မရှင်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။                                                                   

Latest News: 

2nd ACAFTA WGC အစည်းအဝေး တက်ရောက်ခြင်း

Mon, 11/21/2022 - 09:29 -- competition
Myanmar

အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-Canada Free Trade Agreement-ACAFTA) ညှိနှိုင်းဆွေးနွေးမှုများအတွက် ဒုတိယအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့်အစည်းအဝေး (2nd ACAFTA WGC) အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ရုံးမှ ဘာသာရပ်ဆိုင်ရာ အရာထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင် ACAFTA WGC အာဆီယံဥက္ကဋ္ဌဖြစ်သူ Mr. Arunan Kumaran နှင့် ကနေဒါ ယှဉ်ပြိုင်မှုဗျူရိုမှ ယှဉ်ပြိုင်မှုဥပဒေအရာရှိ Mr. Li Yu တို့က တွဲဖက်သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ကနေဒါနိုင်ငံနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်၏ ယှဉ်ပြိုင်မှုအခန်းအတွက် အာဆီယံကတင်သွင်းထားသည့် အဓိကအချက်များတွင် ကနေဒါနိုင်ငံက ပြင်ဆင်ဖြည့်စွက်ရန် အဆိုပြုလာမှုများအပေါ် အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။

Latest News: 

2nd ACAFTA WGC အတွက် အာဆီယံဒေသတွင်း ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်ခြင်း

Thu, 11/03/2022 - 10:30 -- competition
Myanmar

အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-Canada Free Trade Agreement-ACAFTA) ညှိနှိုင်းဆွေးနွေးမှုများအတွက် ဒုတိယအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့်အစည်းအဝေး (2nd ACAFTA WGC) အာဆီယံဒေသတွင်း ညှိနှိုင်းဆွေးနွေးပွဲ (ASEAN Caucus) ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ရုံးမှ ဘာသာရပ်ဆိုင်ရာ အရာထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းဆွေးနွေးမှုများအတွက် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ (ACAFTA WGC) အာဆီယံဥက္ကဋ္ဌ ဖြစ်သူ Mr. Arunan Kumaran သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ယှဉ်ပြိုင်မှုဆိုင်ရာ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်၏ ယှဉ်ပြိုင်မှုအခန်းအတွက် အာဆီယံကတင်သွင်းထားသည့် အဓိကအချက်များတွင် ကနေဒါနိုင်ငံက ပြင်ဆင်ဖြည့်စွက်ရန် အဆိုပြုလာမှုများအပေါ် အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။

Latest News: 

မြန်မာ-တရုတ်နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်မှုအဆင်ပြေချောမွေ့စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး

Wed, 10/19/2022 - 05:20 -- Dotbilateral
Undefined

   ၂၀၂၂ ခုနှစ်၊  အောက်တိုဘာလ(၁၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ (ယူနန်ပြည်နယ်၊ တက်ဟုန်းပြည်နယ်ခွဲ)တို့အကြား နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုအဆင့်မြှင့်တင်နိုင်ရေးနှင့် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်တွင် ကွန်တိန်နာဖြင့်သယ်ယူ ပို့ဆောင်ရေးစနစ်ကျင့်သုံးရေးကိစ္စရပ်များနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

  အဆိုပါအစည်းအဝေးတွင်  မြန်မာနိုင်ငံဘက်မှ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် ညွှန်ကြားရေးမှူးများ၊ အကောက်ခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ၊ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်၊ မူဆယ်မြို့မှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တရုတ်နိုင်ငံဘက်မှ တက်ဟုန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရ၊ ပြည်နယ်ခွဲအုပ်ချုပ်ရေးမှူး Mr. Wei Gang ၊ တက်ဟုန်းပြည်နယ်ခွဲကုန်သည်ကြီးများအသင်း မှ ညွှန်ကြားရေးမှူး Mr.Li Qi Gui ၊ ရွှေလီမြို့ ပြည်သူ့အစိုးရ မြို့တော်ဝန် Mr.Shang La Bian နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပါသည်။

   ယနေ့ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသည် မူဆယ်-ရွှေလီနယ်စပ်ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် ကွန်တိန်နာဖြင့် ကုန်စည်သယ်ယူပို့ဆောင်နိုင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ကျယ်ဂေါင်ဂိတ်ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကျပ်/ယွမ်ဖြင့် ပေးချေမှုစနစ် ပိုမိုအဆင်ပြေချောမွေ့စေရေး၊ မြန်မာလယ်ယာထွက်ကုန် ထောပတ်သီး၊ နာနတ်သီး၊ ကျွဲကောသီး၊ သံပရာသီး၊ ကန်စွန်းဥတို့ကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့နိုင်ရေးအတွက် တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) မှ အမြန်ဆုံးခွင့်ပြုဆောင်ရွက်ပေးရေး၊ မြန်မာနိုင်ငံဘက်မှ ကြံများ တရုတ်နိုင်ငံဘက်သို့ တင်ပို့သည့် ရာသီရောက်ရှိမည်ဖြစ်၍ ကြံတင်ဆောင်သော ယာဉ်များအား Green Line ပေးကာ တိုက်ရိုက် ဝင်ထွက်စေရေး၊ နယ်စပ်ကုန်သွယ်မှုပြန်လည်တိုးတက်လာစေရေးအတွက် တရုတ်နိုင်ငံဘက်မှ လက်ရှိဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို ဖြေလျှော့ဆောင်ရွက်ပေးသွားရေးကိစ္စများအား နှစ်ဘက်အပြန်အလှန် ညှိနှိုင်းဆွေးနွေး နိုင်ခဲ့ပါသည်။

Latest News: 

(၂၉)ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ခြင်း

Mon, 10/17/2022 - 04:57 -- competition
Myanmar

(၂၉)ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေး (ASEAN Experts Group on Competition-AEGC) နှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးများသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ရုံးမှ ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် ဆောင်ရွက်လျက်ရှိသော ယှဉ်ပြိုင်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲများအပေါ် ဖြေရှင်းနိုင်မည့်နည်းလမ်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများအပေ် ဆွေးနွေးညှိနှိုင်းရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ပါသည်။

(၂၉)ကြိမ်မြောက် AEGC အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ ဂျာမနီ၊ ဩစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ အမေရိကန်၊ ယူကေ၊ ကနေဒါနိုင်ငံတို့နှင့် GIZ ၊ OECD အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြပါသည်။

Latest News: 

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၂/၂၀၂၂) ပုံမှန်အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

Sat, 10/15/2022 - 02:07 -- competition
Myanmar

နေပြည်တော်၊ အောက်တိုဘာ ၁၄   

          မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၂/၂၀၂၂) ပုံမှန်အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ကော်မရှင်ဥက္ကဋ္ဌက ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးဆောင်ရွက်ကြသော နိုင်ငံများတွင် ယှဉ်ပြိုင်မှုဥပဒေသည် အဓိကအရေးပါသော ဥပဒေတစ်ရပ်ဖြစ်၍ ဥပဒေသည် ခေတ်နှင့် လျော်ညီစေရန် ဥပဒေ၏ အားသာချက်၊ အားနည်းချက်များကို အစဉ်တစ်စိုက် လေ့လာသုံးသပ်ရေး၊ အခြား နိုင်ငံအဖွဲ့အစည်းများ၏ ပြောင်းလဲမှုများကိုလည်း မျက်ခြေမပြတ် လေ့လာထားရှိရေး၊ ကော်မရှင်တွင် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် ကျွမ်းကျင်သောပုဂ္ဂိုလ်များဖြင့် ပါဝင်ဖွဲ့စည်းထားသည့်အတွက် မိမိတို့၏ကျွမ်းကျင်မှုများအား အကောင်းဆုံးအသုံးချဆောင်ရွက်သွားရေး၊  ယှဉ်ပြိုင်မှုဥပဒေကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်သွားသင့်သည့် အစီအမံများ၊ နည်းလမ်းများချမှတ်ရေး၊ အာဆီယံဒေသတွင်းနိုင်ငံများအကြား အာဆီယံယှဉ်ပြိုင်မှု မူဘောင်သဘောတူစာချုပ်ရေးဆွဲရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများတွင် ထိရောက်စွာပါဝင်ဆောင်ရွက်ရေး၊ ယှဉ်ပြိုင်မှုဥပဒေ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးပြောကြားပါသည်။

          ဆက်လက်၍ ယခင်(၁/၂၀၂၂) ပုံမှန်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ၂၀၂၂ ခုနှစ်အတွင်း ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ အာဆီယံဒေသတွင်းနိုင်ငံများရှိ ယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ ယှဉ်ပြိုင်မှုဆိုင်ရာတိုင်ကြားလာသည့် အမှုကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်မှုအခြေအနေများနှင့် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်၏ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ကော်မရှင်ရုံး တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Latest News: 

ASEAN Interface Workshop on Competition and Consumer Protection ကျင်းပပြုလုပ်ခြင်း

Thu, 10/06/2022 - 09:19 -- competition
Myanmar

၆-၁၀-၂၀၂၂

အာဆီယံယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေး ပူးပေါင်းဆက်သွယ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ "ASEAN Interface Workshop on Competition and Consumer Protection" ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားရှိ ယှဉ်ပြိုင်မှုဆိုင်ရာအဖွဲ့အစည်းများနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းစေရေးအတွက် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာ ကျွမ်းကျင်ပညာရှင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ စုစုပေါင်း (၅၃) ဦး တက်ရောက်ခဲ့ကြပါသည်။

Latest News: 

မြန်မာနှင့် အိန္ဒိယနိုင်ငံတို့အကြား မတ်ပဲနှင့်ပဲစင်းငုံ ရောင်းဝယ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဆောင်ရွက်လျက်ရှိ

Mon, 09/26/2022 - 09:52 -- Dotbilateral
Undefined

       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယနိုင်ငံအစိုးရတို့အကြား G to G အစီအစဉ်ဖြင့် မတ်ပဲနှင့်ပဲစင်းငုံ ရောင်းဝယ်မှုပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် နှစ်နိုင်ငံ အစိုးရများအကြား လက်မှတ်ရေးထိုးခဲ့ကြသည်။

       အဆိုပါနားလည်မှုစာချွန်လွှာအရ အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံမှ နှစ်စဉ် မတ်ပဲတန်ချိန် (၂.၅) သိန်းနှင့် ပဲစင်းငုံ တန်ချိန် (၁)သိန်းတို့ကို ပုဂ္ဂလိက ကုန်သွယ်မှုမှတစ်ဆင့်  နောင်ဘဏ္ဍာနှစ် ၅ နှစ်၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် (ဧပြီလမှမတ်လ) အတွင်း တင်သွင်းသွားမည်ဖြစ်သည်။ ယခု G to G MoU သည် အိန္ဒိယနိုင်ငံအစိုးရမှ  နှစ်စဉ်ထုတ်ပြန်သည့် နိုင်ငံတကာပဲ Quota အား ထိခိုက်မှုမရှိစေပဲ မြန်မာ့ပဲတင်ပို့သူများအနေဖြင့် နိုင်ငံတကာ Quota တွင်လည်း ပါဝင်အကျိုးခံစားခွင့်ရှိမည် ဖြစ်သည်။

       အဆိုပါနားလည်မှုစာချွန်လွှာအရ မြန်မာနှင့်အိန္ဒိယနိုင်ငံတို့အကြား ပထမအကြိမ် ပူးတွဲကြီးကြပ်ရေး ကော်မတီ (Joint Monitoring Committee – JMC) အစည်းအဝေးအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့တွင် နေပြည်တော်-နယူးဒေလီတို့အကြား Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

        အစည်းအဝေး၌ နားလည်မှုစာချွန်လွှာအရ လာမည့် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ နှစ်အထိအတွက် မတ်ပဲနှင့်ပဲစင်းငုံများကို ကုန်သွယ်မှုပြုရာတွင် မြန်မာနိုင်ငံမှ ပဲတင်ပို့သူများ၊ အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းသူများနှင့် နှစ်ဘက်သက်ဆိုင်ရာ အစိုးရဌာနများ လိုက်နာဆောင်ရွက်ရမည့် စံလုပ်ထုံးလုပ်နည်း များကို နှစ်ဘက်သဘောတူသတ်မှတ်ခဲ့ကြပါသည်။ ထို့အပြင် နှစ်ဖက် Focal Person များသတ်မှတ်၍ G to G MoU အရ မတ်ပဲနှင့်ပဲစင်းငုံကုန်သွယ်မှုတွင် ပေါ်ပေါက်လာနိုင်သည့်ကိစ္စရပ်များကို နှစ်နိုင်ငံအကြား နီးကပ်စွာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။

       ထို့အပြင် အိန္ဒိယနိုင်ငံအစိုးရသည် မတ်ပဲနှင့် ပဲစင်းငုံတို့အား လွတ်လပ်စွာတင်သွင်းခွင့်အား ၃၁-၃-၂၀၂၃ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်သဖြင့် မြန်မာနိုင်ငံမှ  မတ်ပဲနှင့် ပဲစင်းငုံတို့အား အိန္ဒိယနိုင်ငံသို့ လွတ်လပ်စွာတင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

Latest News: 

"Mergers and the case for clear economic advice" ဆွေးနွေးပွဲ တက်ရောက်ခြင်း

Mon, 09/05/2022 - 06:40 -- competition
Myanmar

ဩစတြေးလျ ယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာကော်မရှင် (Australia Competition and Consumer Commission-ACCC) ၏ ယှဉ်ပြိုင်မှုဥပဒေ အကောင်အထည်ဖော်ရေးအစီအစဉ် (Competition Law Implementation Program-CLIP) အောက်တွင် “လုပ်ငန်းများပေါင်းစည်းခြင်းနှင့် ရှင်းလင်းပြတ်သားသော စီးပွားရေး ဆိုင်ရာ အထောက်အထားများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၈:၃၀) နာရီအချိန်၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကိုယ်စားလှယ်ရုံးမှ အရာထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် ACCC ၊ ဩစတြေးလျ အမျိုးသားတက္ကသိုလ်နှင့် ဖိလစ်ပိုင်တက္ကသိုလ်တို့မှ ယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက အဓိကဆွေးနွေးခဲ့ကြပြီး အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၄၄)ဦး တက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် လုပ်ငန်းများပေါင်းစည်းခြင်းဆိုင်ရာ အမှုကိစ္စများကို စိစစ်လေ့လာရာတွင် စီးပွားရေးအကြံဉာဏ်များ၏ အရေးကြီးသောအခန်းကဏ္ဍနှင့် စီးပွားရေးပညာရှင်များနှင့် စီးပွားရေးပညာရှင်မဟုတ်သူများသည် ထိုအကြံဉာဏ်များကို ၎င်းတို့၏အဖွဲ့အစည်းများသို့ မည်သို့ရှင်းလင်းပြောဆိုချိတ်ဆက်သွားမည် အစရှိသည်တို့ကို အဓိကထား၍ ဆွေးနွေးခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးပညာရှင်များနှင့် ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာပညာရှင်များက အဆိုပါကိစ္စရပ်များအပေါ် သဘောထားအမြင်များနှင့် အတွေ့အကြုံများကို ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

 

Latest News: 

The 1st ACAFTA WGC တက်ရောက်ခြင်း

Tue, 08/30/2022 - 06:05 -- competition
Myanmar

အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-Canada Free Trade Agreement - ACAFTA) ဆွေးနွေးညှိနှိုင်းမှုများအတွက် ပထမအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေး (1st ACAFTA WGC) ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့ (အင်္ဂါနေ့) တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ယှဉ်ပြိုင်မှုဆိုင်ရာ ဘာသာရပ်ကိုယ်စားလှယ်များအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ယှဉ်ပြိုင်မှုဆိုင်ရာ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများနှင့် ကနေဒါဘက်မှ တာဝန်ရှိသူများ စုစုပေါင်း (၃၄)ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

 

 

Latest News: 

Pages

Subscribe to RSS - Department of Trade