လုပ်ငန်းများပေါင်းစည်းခြင်းဆိုင်ရာ အမှုကိစ္စများအတွက် သတင်းအချက်အလက်မျှဝေခြင်း လမ်းညွှန်ချက်များ (Guidelines for sharing Merger Cases) ရေးဆွဲရေးနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့၊ နေ့လယ်ပိုင်းတွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ထိုင်းနိုင်ငံတို့က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၃၅)ဦး တက်ရောက်ခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် အဖွဲ့ဝင်တစ်ဦးကဦးဆောင်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဥပဒေစိစစ်အကြံပြုရေးဦးစီးဌာနနှင့် ယှဉ်ပြိုင်မှုကော်မရှင်ရုံးတို့မှ ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။