Minister's Office

ကော့သောင်းကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Mon, 06/12/2023 - 10:55 -- mocadmin
Undefined

ကော့သောင်းကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသော ပစ္စည်းများ မှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ် စေ့၊ ဆီအုန်းတို့ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၁၅၄၅)၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၁.၇၅၅) သန်း၊ သွင်းကုန် တန်ချိန် (၁၅၂)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၃၆၁) သန်း၊ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၁၆ သန်းဖြစ်သည်။ အများဆုံး တင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းများမှာ ပုစွန်၊ တာဝမ်၊ ကုလားကုတ်၊ ငါးပါကင်၊ ဇလွယ်၊ ဇယော၊ ပလာတူး၊ စစ်ဟောက်၊ သဲကဏန်း၊ ပလာလန်း၊ ဆီအုန်းတို့ဖြစ်ပြီး၊ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ဒီဇယ်၊ ဓာတ်မြေသြဇာ၊ ထုံးမှုန့်၊ စားဆော်ဒါ၊ ပီလောပီနံမှုန့်၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်၊ မီးသွေးမှုန့်တို့ဖြစ်သည်။

          ၂၀၂၃ ခုနှစ်၊ ဇွန် ၁၂ ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် (၁၁၇၉) ဘတ်၊ (၁) ဘတ်လျှင် မြန်မာငွေ (၈၄.၈) ကျပ်ခန့်ဖြစ်သည်။ စက်သုံးဆီဈေးနှုန်းများ အနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၀၈၀၀) ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၀၃၅၀) ကျပ်ခန့်ဖြင့် တည်ငြိမ်လျက်ရှိကြောင်း သိရှိရသည်။

Latest News: 
Latest New တင္ရန္

FACETS Sri Lanka, International Gem & Jewellery Show 2024 သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသရန်ဖိတ်ကြား

Mon, 06/12/2023 - 10:46 -- mocadmin
Undefined

FACETS Sri Lanka, International Gem & Jewellery Show 2024 ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်မှ ၈ ရက်အထိ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ Cinnamon Grand ၌ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ကြောင်း ဖိတ်ကြားလာပါသည်။

          အဆိုပါပြပွဲတွင် ကမ္ဘာတစ်ဝှမ်းရှိ ကျောက်မျက်ရတနာဝယ်ယူသူများအဖွဲ့၊ တစ်ဦးချင်းဝယ်ယူ သူများနှင့် ကျောက်မျက်ရတနာ ဝယ်ယူသည့် အဖွဲ့အစည်းများအားလုံးကိုလည်း သီရိလင်္ကာနိုင်ငံ ကျောက်မျက်ရတနာအသင်းမှ ဖိတ်ကြားထားသည်။         

          အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ဆက်သွယ်၍ ချိတ်ဆက် ပြသနိုင်ကြောင်း သိရှိရပါသည်။

Latest News: 
Latest New တင္ရန္

(၇) ကြိမ်မြောက် တရုတ် - တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) သွင်းကုန်-ပို့ကုန် ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသရန်ဖိတ်ကြား

Mon, 06/12/2023 - 10:44 -- mocadmin
Undefined

(၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) သွင်းကုန်-ပို့ကုန် ကုန်စည်ပြပွဲ (7th China – South Asia Exposition and 27th China (Kunming) Import & Export Fair ) ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်မှ ၁၈ ရက်အထိ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Dianchi International Convention and Exhibition Center ၌ Online နှင့် Offline ပုံစံနှစ်မျိုးဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင် ပြသနိုင်ကြောင်း ဖိတ်ကြားလာပါသည်။

          အဆိုပါပြပွဲ ကျင်းပနေစဉ်ကာလအတွင်း ပြပွဲပြသသူများနှင့် ရင်းနှီးမြှုပ်နှံသူများအကြား စီးပွားရေးတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်မည်ဖြစ်ရာ ပြပွဲသို့ ပါဝင်ပြသခြင်းဖြင့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ပြပွဲပြသသူများနှင့် ဝယ်ယူသူများကိုလည်း ပြပွဲသို့ပါဝင်တက် ရောက်ရန် ဖိတ်ကြားထားပါသည်။       

          အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ဆက်သွယ်၍ ချိတ်ဆက် ပြသနိုင်ကြောင်း သိရှိရပါသည်။

             

Latest News: 
Latest New တင္ရန္

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၃၇၅၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

Mon, 06/12/2023 - 04:58 -- mocadmin
Undefined

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

   ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ မှ ဇွန်လ ၁၈ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၃၇၅၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

   ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

   အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးသည် နယူးဒေလီရှိ တောင် အာရှနိုင်ငံခြားသတင်းထောက်များအသင်း၏ ဥက္ကဋ္ဌဖြစ်သူ Mr. Shirumalla Venkat Narayan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Wed, 06/07/2023 - 09:48 -- mocadmin
Undefined

နေပြည်တော်၊ ဇွန် ၇    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၇ ရက်၊ (၁၁:၃၀) နာရီအချိန်တွင် နယူးဒေလီရှိ တောင်အာရှ နိုင်ငံခြားသတင်းထောက်များအသင်း ( The Foreign Correspondents’ Club of South Asia – FCC ) ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Shirumalla Venkat Narayan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

          တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအခြေအနေနှင့် ဝန်ကြီး ဌာနက လုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းစဉ်မျာအား ဆွေးနွေးပြောကြားခဲ့ပြီး  မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးမြှင့်နိုင်ရေး၊ မြန်မာနှင့် ယခင်ဗြိတိသျှ အိန္ဒိယဒေသ၌ ပါဝင်ခဲ့သော နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှုမြှင့်တင်နိုင်မည့် အလားအလာများ၊ မြန်မာနှင့် အိန္ဒိယအရှေ့မြောက်ဒေသပြည်နယ်များအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ ဒေသခံပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုများမြှင့်တင်ရေးတို့နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ ထို့နောက် Mr. Shirumalla Venkat Narayan ကသိရှိလို၍ မေးမြန်းသည့်အချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

          တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

မြန်မာ့ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်

Tue, 06/06/2023 - 03:10 -- mocadmin
Undefined

   မြန်မာ့ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်မြှင့်တင်ရေးညှိနှိုင်းအစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ -၂ ၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့၊ နေ့လည်ပိုင်းတွင် ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးအောင်နိုင်ဦးတက်ရောက် အမှာစကားပြောကြားခဲ့သည်။

   ပြည်ထောင်စု၀န်ကြီးက ပြည်ပသို့ ကော်ဖီပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးဆောင်ရွက်ရန် နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ထားကြောင်း၊ မြန်မာနိုင်ငံမှထွက်ရှိသော နိုင်ငံတကာအဆင့်မီ ကော်ဖီများကို အလားအလာရှိသည့် နိုင်ငံတကာဈေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်ရေး နှင့် ဈေးကွက်ချဲ့ထွင် နိုင်ရန်အတွက် လိုအပ်ချက်များကိုအစိုးရဌာနများ၊ အသင်းအဖွဲ့နှင့် စိုက်ပျိုးထုတ်လုပ်သူများအကြား ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဈေးကွက်ရရှိရေးနှင့် ဈေးကွက်ဝင် နိုင်ငံ၏ စံချိန်စံညွှန်းဆိုင်ရာနှင့် အရည်အသွေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ တင်ပို့နိုင်ရေးကိုလည်း ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် မြန်မာ့ ကော်ဖီကို အမေရိက၊ ဥရောပနှင့် အာရှဒေသတို့မှ နိုင်ငံပေါင်း (၁၄) နိုင်ငံသို့ တင်ပို့လျက်ရှိပါကြောင်းနှင့် ဈေးကွက်အလားအလာရှိသည့် နိုင်ငံများသို့ ဆက်လက်တိုးမြှင့်တင်ပို့နိုင်ရေးစိုက်ပျိုးထုတ်လုပ်သူများ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပါသည်။

   ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးနှင့်  ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများနှင့် ကော်ဖီအသင်းမှ တာဝန်ရှိသူများက မြန်မာ့ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ကော်ဖီပို့ကုန်မြှင့်တင်ရေးနှင့် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

   အဆိုပါ အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာမှ တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံကော်ဖီအသင်းဥက္ကဋ္ဌနှင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့်ဒေသများမှ စိုက်ပျိုးထုတ်လုပ်သူအစုအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

ပြည်ပပို့ကုန်ကဏ္ဍ တိုးမြှင့်တင်ပို့နိုင်ရေးအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးညွန့်အောင် တက်ရောက်

Mon, 06/05/2023 - 03:22 -- mocadmin
Undefined

   ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ပပို့ကုန်ကဏ္ဍတိုးမြှင့်တင်ပို့နိုင်ရေးအစည်းအဝေးသို့ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘဏ်များ အသင်း ဥက္ကဋ္ဌနှင့် ပို့ကုန်လုပ်ငန်းရှင်အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ကြခဲ့ကြသည်။

   အစည်းအဝေးတွင် ပို့ကုန်လုပ်ငန်းများ တိုးတက်တင်ပို့နိုင်ရေး မြေပြင်အခြေအနေများ၊ ကုန်စည်များ စိုက်ပျိုးမွေးမြူထွက်ရှိမှု၊ ပြည်တွင်းသုံးစွဲမှု ပိုလျှံမှုအပေါ်တွင် ပြည်ပသို့ တင်ပို့နိုင်ရေး တရားမဝင်တင်ပို့မှုမရှိစေရေး၊ ကဏ္ဍအလိုက်ဆောင်ရွက်နိုင်မည့် အစီအမံ များကို အသေးစိတ်ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။

Latest News: 
Latest New တင္ရန္

လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ

Thu, 06/01/2023 - 11:04 -- mocadmin
Undefined

နေပြည်တော်၊ ဇွန် ၁ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Chin Dwin Shan Construction Co., Ltd. မှ တင်သွင်းလာ‌သော BYD Dolphin အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၉) စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ် ခွင့်ပြုထားကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Wed, 05/31/2023 - 10:45 -- mocadmin
Undefined

မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် ၂၇-၅-၂၀၂၃ ရက်နေ့မှ ၂၉-၅-၂၀၂၃ ရက်နေ့အထိ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့ခဲ့သည်။

          လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့မှုမှာ ဒန့်ဒလွန်စေ့ခြောက်၊ မိဿလင်ခြောက်၊ ငရုတ်၊ ကြက်သွန်နီ၊ ပြောင်း၊ ဂျင်းနွယ်ဝင်တစ်မျိုး၊ ခွေးလျားစေ့(အနက်)၊ ကန့်ချုပ်နီ၊ မန်ကျည်းသီး၊ လင်းနေမြစ်နှင့် ဂေါ်ဖီထုပ်တို့ ဖြစ်ပါသည်။ ရေထွက်ကုန်ပစ္စည်းများမှာ ဂုံး၊ ခရု၊ ပုဇွန်၊ ငါးမွှေတိုး၊ ငါးခွေးလျှာ၊ ဝသုံးလုံး ကဏန်း၊ ငါးမြစ်ချင်းစီဖောင်း၊ ကျောက်ငါး၊ ကုလားကုတ်၊ ငါးပါးနီ၊ မီးတံသွယ်ငါးခြောက်၊ ပုဇွန်ခြောက်၊ ငါးတီး၊ ငါးသလောက်၊ ကကူယံ၊ ငါးကွင်းရှပ်ငါးဆယ်နယ်နှင့် သဲကဏန်းတို့ဖြစ်ပြီး CMP တင်ပို့မှုမှာ အမျိုးသား/ အမျိုးသမီးဝတ် အထည်အလိပ်များ တင်ပို့လျက်ရှိသည်။ ယခုအခါ ထိုင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ခြင်းကြောင့် စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်လာခြင်းနှင့် စားသောက် ဆိုင်များတွင် အသုံးပြုရန် လိုအပ်ချက်ကြောင့် ဝယ်လိုအားမြင့်တက်နေ၍ ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ ခြင်းဖြစ်သည်။ ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ဂေါ်ဖီထုပ်နှင့်ငရုတ်များကို အမြန်တင်ပို့နိုင်ရေးအတွက် ကုန်သွယ်ရေးဇုန်မှ အချိန်နှင့်တစ်ပြေးညီဆောင်ရွက် ပေးလျက်ရှိသည်။

          သွင်းကုန်တင်သွင်းမှု အနေဖြင့် တိရစ္ဆာန်အစာ၊ တိရစ္ဆာန်ဆေးဝါး၊ စက်ဘီး၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ အဝတ်အထည်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ အလှကုန်ပစ္စည်း၊ ဆိုင်ကယ်အပို ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဓာတ်မြေဩဇာ၊ ငါးဖမ်းကိရိယာ၊ စားသောက်ကုန်၊ ဖိနပ်နှင့် ဖိနပ်ကုန်ကြမ်းပစ္စည်း၊ သစ်သီး၊ အထည်ချုပ်၊ အိမ်သုံးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ LPG (ဓာတ်ငွေ့ရည်)၊ စက်နှင့် စက်ပစ္စည်း ကိရိယာ၊ လူသုံးကုန်ပစ္စည်း၊ ကုန်ကြမ်းပစ္စည်း၊ ယန္တရားအပိုပစ္စည်း၊ အားကစားပစ္စည်း၊ စက်ဆီ/ချောဆီ၊ ဆေးပစ္စည်းနှင့် အိမ်သုတ်ဆေးတို့ တင်သွင်းလျက်ရှိသည်။  

          ငွေစျေးနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၈၅.၁) ကျပ်သာရှိခဲ့ပြီး ယခုအပတ်တွင် လည်း (၈၅.၁) ကျပ်သာရှိ၍ ဘတ်စျေးတည်ငြိမ်လျက်ရှိပြီး ကုန်ပစ္စည်းများကို ပိုမိုတင်သွင်းလျက်ရှိ ကြောင်းသိရှိရသည်။

          မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလ(၁)ရက်နေ့မှ မေလ(၂၉)ရက် နေ့ထိ) ပို့ကုန်(၈၆.၂၉၃) ကန်ဒေါ်လာသန်း၊ သွင်းကုန်(၁၉၃.၀၃၅)ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၂၇၉.၃၂၈)ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Latest News: 
Latest New တင္ရန္

တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Wed, 05/31/2023 - 10:44 -- mocadmin
Undefined

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် အများဆုံးပို့ကုန်ပစ္စည်းများမှာ ပြောင်း၊ ကြက် သွန်ဖြူ၊ ကြေးနီ၊ ကတ္ထူစက္ကူ၊ ရော်ဘာ၊ ဇီးသီးစေ့၊ သစ်ခေါက်ဖြစ်ပြီး ယင်းပစ္စည်းများအနက် ပြောင်းနှင့် ပုဇွန်ဖွဲများ ပိုမိုတင်ပို့လျက်ရှိသည်။ ပြောင်းသီးနှံအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ သယ်ယူတင်ပို့လျက်ရှိရာ ယခုသီတင်းပတ်တွင် ပြောင်းဈေးမှာ တစ်တန်လျှင် (၉၇၃,၂၅၀) ကျပ် ဖြင့် တန်ချိန် (၇၀၀၀.၀၄၂) တန်နှင့် ကြက်သွန်ဖြူ တစ်တန်လျှင် ဈေးနှုန်းမှာ (၄,၂၅၀,၀၀၀) ကျပ်ဖြင့် တန်ချိန် (၉၉.၅) တန် တင်ပို့နိုင်ခဲ့သည်။ သွင်းကုန်ပစ္စည်းများမှာ စက်သုံးဆီ၊ ဘိလပ်မြေ၊ စက်သုံးဆီ၊ အုတ်၊ သံနှင့်သံမဏိ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ ကာဗွန်ပုံဆောင်ခဲ၊ ကွန်ကရစ် အမိုး၊ ကြွေပြား၊ ကွန်ကရစ်အပြား၊ သွပ်ပြားတို့ဖြစ်ပြီး ယင်းပစ္စည်းများအနက် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ တင်သွင်းလျက်ရှိသည်။ဘိလပ်မြေကို ယခုသီတင်းပတ် တွင် တစ်တန်ဈေးနှုန်း (၂၂၀,၀၀၀) ကျပ်ဖြင့် (၅,၈၇၃) တန်ချိန် တင်သွင်းခဲ့သည်။ ငွေလဲနှုန်း အနေဖြင့် ငွေကျပ် (၁) သိန်းလျှင် (၁၁၇၀) ဘတ် ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

Latest News: 
Latest New တင္ရန္

Pages

Subscribe to RSS - Minister's Office