Minister's Office

လျှပ်စစ်သုံးယာဉ်များအတွက် အားသွင်းစက်များ ရန်ကုန်လေဆိပ်သို့ရောက်ရှိ

Sat, 03/25/2023 - 12:34 -- mocadmin
Undefined

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် Myanmar Construction & Development Infrastructure Co.,Ltd. မှ တင်သွင်းလာသည့် XIANHE AS&T အမျိုးအစား၊ လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger) 60 KW (၅) ခု သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိလာပါသဖြင့် (၂၅-၃-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါ အားသွင်းစက်များတင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၈၆) နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် ထူးချွန် ဝန်ထမ်းများအား ဆုပေးပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြား

Sat, 03/25/2023 - 12:26 -- mocadmin
Undefined

နေပြည်တော်၊ မတ် ၂        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၈၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် ထူးချွန်ဝန်ထမ်းများအား ဆုပေးပွဲအခမ်းအနားကို ၂၀၂၃ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ ညနေပိုင်းက အဆိုပါဝန်ကြီးဌာန၊ ညီလာခံခန်းမတွင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

           ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့သည် ဝန်ကြီးဌာန စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည့်နေ့ဖြစ်ရာ မိမိတို့ဝန်ကြီးဌာနအတွက် ထူးခြားသည့် နေ့ထူးနေ့မြတ်ဖြစ်ပါ ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအား ၁၉၃၇ ခုနှစ်၊ မတ်လ (၂၆) ရက်နေ့၌ စတင်တည်ထောင်ခဲ့ပြီး နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားတိုးတက်စေရေး၊ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုး တက်လာစေရေးအတွက် အ‌ရေးပါသည့် ကုန်သွယ်မှုကဏ္ဍတိုးတက်လာအောင် ခေတ်အဆက်ဆက် ကြိုပမ်းဆောင်ရွက်ခဲ့သည့်အပြင် နိုင်ငံတော်မှပေးအပ်သည့် တာဝန်များကိုလည်း ကျရာကဏ္ဍမှကျေပွန်စွာထမ်းဆောင်လာခဲ့သည်မှာ ယခုနှစ်တွင် (၆၈) နှစ်ပြည့်မြောက် ခဲ့ပြီဖြစ်ပါကြောင်း၊

           ဝန်ကြီးဌာနရှိ အဆင့်မြင့်အရာရှိကြီးများနှင့် ရာထူးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများအနေဖြင့်လည်း အနာဂတ်ကာလတွင် ဝန်ကြီးဌာန၏လုပ်ငန်းများအား ခေတ်စနစ်နှင့်အညီ  မြန်ဆန်သွက်လက်စွာ ဆောင်ရွက်နိုင်ရေး၊ နိုင်ငံတော်၏မူဝါဒများအား ဟန်ချက်ညီစွာဖြင့်လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ဝန်ထမ်းများ၏ကိုယ်စီ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးတို့ကို အလေးထားဆောင်ရွက်သွားရန် တိုက်တွန်းမှာကြား လိုပါကြောင်းပြောကြားခဲ့သည်။

           ထို့နောက် ဝန်ကြီးဌာနမှ စံပြဆုရဝန်ထမ်းများ၊ ထူးချွန်ဝန်ထမ်းများနှင့် သတင်းဆောင်းပါးဆုရရှိသည့် ဝန်ထမ်းများအား ဆုများချီးမြှင့်ခဲ့ရာ ဝန်ထမ်းစံပြထူးချွန်ဆုရရှိသူများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် ထူးချွန်ဆုရရှိသူများ၊ စစ်ရေးပြနှင့်သေနတ်ပစ်ထူးချွန်ဆုရရှိသူများ၊ ဝန်ကြီးဌာန၏ ပညာပေးဆောင်းပါးများရေးသားမှုတွင် ဆုရရှိသူများနှင့် ပြည်ထောင်စုဝန်ကြီးမှပေးအပ်သည့်အထူးဆုရရှိသူများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ပြီး ဝန်ထမ်းစံပြထူးချွန် ဆုရရှိသူတစ်ဦးမှ ကျေးဇူးစကားပြောကြားခဲ့သည်။

           ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Western Park Royal Restaurant ၌ ကျင်းပပြုလုပ်သည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၈၆) နှစ်ပြည့်ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား၍ ဝန်ကြီးဌာနမှအဆင့်မြင့်အရာရှိကြီးများ၊ ဝန်ထမ်းများနှင့်အတူ ဂုဏ်ပြုညစာကို ရင်းနှီးပျော်ရွှင်စွာ အတူတကွ သုံးဆောင်ခဲ့သည်။

          အဆိုပါအခမ်းအနားများသို့စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးဌာနများမှ အရာထမ်း၊အမှုထမ်းများ၊ဆုရရှိသူများနှင့် ဖိတ်ကြားထားသူများ ပါဝင်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။

 

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နှစ်ပတ်လည်လုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြား

Fri, 03/24/2023 - 05:49 -- mocadmin
Undefined

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ နှစ်ပတ်လည်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အမှာစကားပြောကြားခဲ့သည်။

   ပြည်ထောင်စုဝန်ကြီးက တစ်နှစ်တာကာလအတွင်း ဝန်ကြီးဌာနအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများအပေါ် ပြန်လည်သုံးသပ်ကာ အားသာချက်/ အားနည်းချက်များကို ဖော်ထုတ်ရေး၊ အဆိုပါအားသာချက်/အားနည်းချက်များကို အခြေခံကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအောင်မြင်စေရေးအတွက် ပြင်ဆင် ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ကြိုတင်သုံးသပ်ပြင်ဆင်ရေး၊  ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးနှင့် MSME များကို အားပေးကူညီ၍ သွင်းကုန်အစားထိုး ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်စွမ်းရှိအောင် ပံ့ပိုးကူညီပေးရေး၊ ကုန်သွယ်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းများအား ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီပြီးရှင်းလင်းလွယ်ကူမှုရှိအောင် ဆောင်ရွက်ရေး၊  ကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်သွယ်ဆက်ဆံမှုများ ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးစားဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် Digital ကုန်သွယ်မှုစနစ်ကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေး မှာကြားခဲ့သည်။

   ဆက်လက်၍ ဒုတိယဝန်ကြီး၊ ဦးညွန့်အောင်က လက်ရှိကုန်သွယ်မှုအခြေအနေများ၊ မိမိတို့ဝန်ကြီးဌာနမှ ပါဝင်ဆောင်ရွက်နေသည့် လုပ်ငန်းကော်မတီများနှင့် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် စည်းမျဉ်း စည်းကမ်းများ လိုက်နာစေရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

   ထို့နောက် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ နယ်စပ်ကုန်သွယ်ရေး စခန်းတာဝန်ခံ ညွှန်ကြားရေးမှူးများက နယ်စပ်ကုန်သွယ်ရေး မျက်နှာစာအလိုက် ကုန်သွယ်မှုအခြေအနေများကိုလည်းကောင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

   အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဦးစီးဌာနများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး နယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၅၇၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

Mon, 03/20/2023 - 03:06 -- mocadmin
Undefined

နေပြည်တော် မတ်လ ၁၉ ရက်

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

              ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ မှ မတ်လ ၂၇ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၄၅၇၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

              ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့်လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

                   အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှု နိုင်ကြောင်းသိရသည်။

Latest News: 
Latest New တင္ရန္

လျှပ်စစ်သုံးယာဉ်များအတွက် အားသွင်းစက်များ ရန်ကုန်လေဆိပ်သို့ရောက်ရှိ

Sun, 03/19/2023 - 04:02 -- mocadmin
Undefined

နေပြည်တော်၊ မတ် ၁၈        အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Essential Motor Co.,Ltd. မှ တင်သွင်းလာသည့် LINCHR အမျိုးအစား၊ လျှပ်စစ်သုံးယာဉ် အားသွင်းစက် (EV Charger) 60 KW (၅)ခုသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာပါသဖြင့် (၁၈-၃-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါ အားသွင်းစက်များတင်သွင်းမှု အတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်း သီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းအလုပ်အမှုဆောင်များနှင့်တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး

Sun, 03/19/2023 - 03:52 -- mocadmin
Undefined

နေပြည်တော်၊ မတ်လ ၁၈ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ ၀၉:၃၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲမှုဌာနစု (Commodity Testing and Quality Management - CTQM) သို့ ရောက်ရှိပြီး အဆိုပါဌာနစုအတွင်း  သီးနှံများအရည်အသွေးစစ်ဆေးခြင်း၊ စားသုံးဆီများ အရည်အသွေး စစ်ဆေးခြင်း  လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများနှင့် ဓာတ်ခွဲခန်းသုံးပစ္စည်းများ၏ အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပိုမို အရည်အ‌သွေးမြင့်မားသည့် ဌာနစုဖြစ်လာရေး၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး နှင့် ကောက်ပဲသီးနှံပြည်ပပို့ကုန် မြှင့်တင်‌ရေးအတွက် အရေးပါသည့်ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးမှု လုပ်ငန်းများ ပိုမိုအဆင့်မြှင့်ဆောင်ရွက်နိုင်‌ရေးဆိုင်ရာကိစ္စများကို မှာကြားပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံသစ်သီးဝလံ၊ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ ညီနောင်အသင်းဖြစ်သော မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ အလုပ်အမှုဆောင်များနှင့်တွေ့ဆုံ၍ မြန်မာ့ထောပတ်သီးများ အရည်အသွေးမီစိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ စျေးကွက်တိုးချဲ့၍ ပြည်ပသို့ပိုမိုတင်ပို့နိုင်ရေးနှင့် ပြည်ပသို့တင်ပို့ရာတွင် ဈေးကွက်နိုင်ငံ၏လိုလားချက်နှင့်အညီ တင်ပို့နိုင်ရေး အတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ တာဝန်ရှိသူ များနှင့် တွေ့ဆုံ၍ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်း ဆန်စပါးဈေးနှုန်း တည်ငြိမ်စေရေး နှင့် ပြည်တွင်းဈေးကွက်ကို ထိခိုက်မှုမရှိစေဘဲ ပြည်ပသို့ ပုံမှန်တိုးမြှင့် တင်ပို့နိုင်‌‌ရေးနှင့် ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲမှုဌာနစု (Commodity Testing and Quality Management - CTQM) နှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စများကို  ဆွေးနွေးညှိနှိုင်း ခဲ့ပါသည်။

          ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် အဆိုပါဌာနစုဝင်းအတွင်း  ဆန်ကြိတ်ခွဲမှုသင်တန်းဖွင့်လှစ်ရန်နှင့် သင်တန်းသား သင်တန်းခန်းမနှင့် အိပ်ဆောင်များအား ကြိုတင်ပြင်ဆင်‌ရေးအတွက်  လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်းသတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ပြည်ပနိုင်ငံများသို့ သွားရောက် တာဝန်ထမ်းဆောင်ကြမည့် စီးပွားရေးသံမှူးများအား တွေ့ဆုံပွဲသို့ တက်ရောက်အမှာစကားပြောကြား

Fri, 03/10/2023 - 14:18 -- mocadmin
Undefined

နေပြည်တော်၊ မတ် ၁၀        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ပြည်ပနိုင်ငံများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် စီးပွားရေးသံမှူးများအား ၂၀၂၃ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ တွေ့ဆုံအမှာစကားပြောကြားခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံမှထွက်ရှိသည့် အဓိကပို့ကုန်များ၊ တန်ဖိုးမြှင့်ထုတ်ကုန်များအား နိုင်ငံတကာဈေးကွက်သို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးနှင့် ဈေးကွက်ဝေစုပိုမိုရရှိနိုင်ရေး၊ သက်ဆိုင်ရာနိုင်ငံများရှိ အဖွဲ့အစည်းများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ အစိုးရများနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီးမြှုပ်နှံရန် ရင်းနှီးမြှုပ်နှံမှုများအား ဖိတ်ခေါ်နိုင်ရေးနှင့် ပြည်ပနိုင်ငံများ၏ ဈေးကွက်အခြေအနေများကို အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးသံမှူးများအနေဖြင့် နိုင်ငံတော်၏စီးပွားရေးနှင့်ကုန်သွယ်မှုကဏ္ဍတိုးတက်မြင့်မားရေးအတွက် မိမိတို့၏ကျရာကဏ္ဍအလိုက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက် သွားရန်ကိစ္စများကို တိုက်တွန်းမှာကြားခဲ့သည်။

          အဆိုပါ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် စီးပွားရေးသံမှူးများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

လျှပ်စစ်သုံးယာဉ်များအတွက် အားသွင်းစက်များတင်သွင်းရောက်ရှိ

Wed, 03/08/2023 - 03:10 -- mocadmin
Undefined

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ ခွင့်ပြုချက်ဖြင့် Asia Pacific Automaker Corporation Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger) 60KW (၁၀) စုံသည် မြန်မာ စက်မှုဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၇-၃-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူ ခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးယာဉ်အားသွင်းစက်များတင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းရောက်ရှိ

Sat, 03/04/2023 - 17:22 -- mocadmin
Undefined

နေပြည်တော်၊ မတ် ၄          ၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် Earth Renewable Energy Co., Ltd. မှ တင်သွင်းလာသော BYD အမျိုးအစား လျှပ်စစ်သုံးယာဉ် (၁၉) စီးသည် ထီးတန်းဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၃.၃.၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးယာဉ်များတင်သွင်းမှုသည် ပြည်တွင်းလျှပ်စစ်သုံး ယာဉ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောက်ခွန်ကင်းလွတ်ခွင့်သက်သာခွင့်ပြုထားကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

လျှပ်စစ်သုံးမော်တော်ယာဉ်များ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှတင်သွင်းရောက်ရှိ

Sat, 03/04/2023 - 17:14 -- mocadmin
Undefined

၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် Asia Pacific Automaker Corporation Co., Ltd. မှ တင်သွင်းလာသော Dongfeng အမျိုးအစား လျှပ်စစ်သုံးယာဉ် (၃၀) စီးသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ (၃.၃.၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံးယာဉ်များ တင်သွင်းမှုသည် ပြည်တွင်းလျှပ်စစ်သုံး ယာဉ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောက်ခွန်ကင်းလွတ်ခွင့် သက်သာခွင့်ပြုထားကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

Pages

Subscribe to RSS - Minister's Office