Minister's Office

ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပြု

Fri, 09/16/2011 - 09:32 -- Anonymous (not verified)
Undefined

        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ ပြည်ထောင်စုအစိုးရအဖွဲ့ ရဲ့ 2011ခုနှစ် သြဂုတ်လ(11)ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်(32/2011)ဖြင့် ပြည်ပပို့ကုန်တိုးမြှင့်ရေး ကို အားပေးသည့်အနေဖြင့် ဆန်၊ပဲမျိုးစုံ၊ပြောင်း၊နှမ်း ၊ ရာဘာ ၊ ရေချို ၊ ရေငံထွက် ရေထွက် ပစ္စည်းများ ၊ တိရ စ္ဆာန်နှင့်တရ စ္ဆာန်ထွက်ပစ္စည်းများ (ကန့်သတ်ကုန်ပစ္စည်းများမှအပ)၏ ပြည်ပပို့ ကုန်ရောင်းရငွေအပေါ် စည်းကြပ် ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန်ကို ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၈ ပုဒ်မခွဲ(ဃ)အရ 2011ခုနှစ်သြဂုတ်လ(၁၅)ရက်နေ့မှ 2012ခုနှစ် ဖေဖော်ဝါရီလ(14)ရက်နေ့အထိ ကင်းလွှတ်ခွင့်ပြုခဲ့ကြောင်း သတင်းရရှိပါ သည်။

Export Mg

16-9-2011

တောင်သူများအကျိုးဖြစ်ထွန်းစေဖို့ရည်ရွယ်၍ မြန်မာ့ဆန်ကွဲပြန်လည်တင်ပို့ခွင့်ပြု

Fri, 09/16/2011 - 09:23 -- Anonymous (not verified)
Undefined

      ပြည်တွင်းမွေးမြူရေးတွင် အဓိကတိရ စ္ဆာန်အစာအဖြစ် အသုံးပြုသော ဆန်ကွဲအား မွေးမြူရေးလုပ်ကိုင်သူများ လုပ်သာကိုင်  သာရှိစေရေးအတွက် ပြည်ပတင်ပို့ခွင့်ပိတ်ပင် ထားခဲ့သော ဆန်ကွဲအား နိုင်ငံတော်အနေဖြင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ အကျိုး ဖြစ်ထွန်းစေဖို့အတွက် စပါးမှဆန်ကြိတ်ခွဲချိန်တွင် ရာသီဥတုအခြေအနေအရ စိုထိုင်းဆများ ပြီးဆန်အထွက်နည်း၍ ဆန်ကွဲ ပါဝင်မှုများနေသဖြင့် တောင်သူများအတွက် စပါးဈေးကောင်း ရရှိစေဖို့ ရည်ရွယ်ပြီး ဆန်ကွဲတင်ပို့ခွင့်အား 2011 ခုနှစ် ဇူလိုင်လ(၈)ရက်နေ့မှစတင်၍ ပြည်ပသို့ ပြန်လည်တင်ပို့ခွင့်ပြုခဲ့ရာ 2011 စက်တင်ဘာလ(16)ရက်နေ့အထိ ပင်လယ်ရေ ကြောင်းမှ တင်ပို့ ခွင့်ပြုပြီးဆန်ကွဲလိုင်စင် တန်ချိန်(50335)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (14494650)ဖြစ်ပြီး အမှန်တင်ပို့ပြီး ဆန်ကွဲတန်ချိန်(7725)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ (2200790)ဖြစ်ကြောင်းသတင်းရရှိပါတယ်။

Export Mg

16-9-2011

ထိုင်းနိုင်ငံ Siam Commercial Bank မှ ဦးဆောင်သော ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့လာရောက်ခြင်း

Tue, 09/13/2011 - 05:45 -- Anonymous (not verified)
Undefined

dsc048971dsc049181dsc049122ထိုင်းနိုင်ငံ Siam  Commercial  Bank  မှ ဥက္ကဌ  Madam  Kannikar  Chalitapon  ဦးဆောင်ပြီး စီးပွားရေးလုပ်ငန်းရှင် ၄၀ ဦး ပါဝင်သော လေ့လာရေးကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့နံနက် ၁၁ နာရီက နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ လာရောက် ၍ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အား တွေ့ဆုံဂါရဝပြုခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံ မှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကလည်းကောင်း၊ ပို့ကုန်သွင်းကုန်မူဝါဒနှင့် ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များကို ကုန်သွယ်ရေးညွန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးအောင်စိုးကလည်းကောင်း ရှင်းလင်း ပြောကြားပါသည်။ ထို့နောက် စီးပွားရေးလုပ်ငန်းရှင်များမှ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားဆွေးနွေးခဲ့ပါသည်။ အဆိုပါကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံတွင် လာရောက်၍ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများနှင့် အကျိုးတူလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် စိတ်ပါဝင်စားကြောင်း သိရပါသည်။

ဂျပန်ကိုယ်စားလှယ်အဖွဲ့လာရောက်တွေ့ဆုံခြင်း

Tue, 09/13/2011 - 05:36 -- Anonymous (not verified)
Undefined

ဂျပန်နိုင်ငံ၊ NEWJEC Inc နှင့် KANSO နည်းပညာကုမ္ပဏီတို့မှ ကိုယ်စားလှယ်အဖွဲ့အား ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဦးစိုးဝင်း၊ အထွေထွေမန်နေဂျာ၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးနှင့် ဦးအောင်စိုး၊ ညွှန်ကြားရေးမှူး၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဌာနခွဲတို့မှ စက်တင်ဘာလ ၅ ရက်နေ့ (တနင်္လာနေ့) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

NEWJEC Inc သည် ဂျပန်နိုင်ငံရှိ Semi-government အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းဆိုင်ရာ အကြံပေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် ကျေးရွာမီးထွန်းလင်းရေး ဆောင်ရွက်ပေးရန်  ကွင်းဆင်းလေ့လာခြင်းဖြစ်ကြောင်း၊အမှတ်(၂)စက်မှုဝန်ကြီးဌာနကြီးကြပ်မှုဖြင့် ဆောင်ရွက်နေသော ကျေးရွာမီးထွန်းလင်းရေး ကော်မတီဝင်များကိုလည်း သွားရောက် တွေ့ဆုံခဲ့ကြောင်း၊ ကြက်ဆူစေ့မှ ထုတ်ယူရရှိသည့် ဇီဝလောင်စာဆီဖြင့် စွမ်းအင်ထုတ်လုပ်ခြင်း၊ စပါးခွံမှစွမ်းအင်ထုတ် လုပ်ခြင်း၊ စပါးခွံမှစွမ်းအင်ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာများကို မြန်မာနိုင်ငံတွင် ဖြန့်ဝေရန်ရည်ရွယ်ကြောင်း၊    ချောင်းသ ကျေးရွာတွင် ဂျပန်အစိုးရ၏ အကူအညီဖြင့် ဆိုလာ စွမ်းအင်သုံး၍ တစ်ရွာလုံးမီးထွန်းလင်းရေးကို ၂၀၀၅ ခုနှစ် တွင် ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရှိရပါသည်။

DOT 2

Mon, 08/15/2011 - 07:06 -- Anonymous (not verified)
Undefined

This is DOT2 This is DOT2 This is DOT2 This is DOT2 This is DOT2 This is DOT2 This is DOT2This is DOT2This is DOT2This is DOT2This is DOT2This is DOT2This is DOT2This is DOT2This is DOT2This is DOT2This is DOT2This is DOT2This is DOT2This is DOT2This is DOT2This is DOT2

DOT1

Mon, 08/15/2011 - 07:05 -- Anonymous (not verified)
Undefined

This is DOT1 This is DOT1This is DOT1This is DOT1 This is DOT1This is DOT1This is DOT1 This is DOT1This is DOT1This is DOT1 This is DOT1This is DOT1This is DOT1 This is DOT1This is DOT1This is DOT1 This is DOT1This is DOT1This is DOT1 This is DOT1This is DOT1This is DOT1 This is DOT1This is DOT1This is DOT1 This is DOT1This is DOT1This is DOT1 This is DOT1This is DOT1This is DOT1 This is DOT1This is DOT1This is DOT1 This is DOT1This is DOT1This is DOT1 This is DOT1This is DOT1This is DOT1 This is DOT1This is DOT1This is DOT1 This is DOT1This is DOT1

DOT

Tue, 09/13/2011 - 06:01 -- Anonymous (not verified)
Undefined

 Directorate of Trade Directorate of TradeDirectorate of TradeDirectorate of TradeDirectorate of TradeDirectorate of TradeDirectorate of TradeDirectorate of TradeDirectorate of TradeDirectorate of TradeDirectorate of TradeDirectorate of TradeDirectorate of TradeDirectorate of TradeDirectorate of TradeDirectorate of TradeDirectorate of

Pages

Subscribe to RSS - Minister's Office