Minister's Office

ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် နှင့် တာဝန်ရှိသူများသည် အိန္ဒိယနိုင်ငံသံအမတ်ကြီးဖြစ်သူ H.E. Mr.Gautam Mukhopadhaya အား လက်ခံတွေ့ဆုံ

Fri, 11/20/2015 - 12:00 -- dotadmin
Undefined

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် နှင့် တာဝန်ရှိသူများသည် အိန္ဒိယနိုင်ငံသံအမတ်ကြီးဖြစ်သူ H.E. Mr.Gautam Mukhopadhaya အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့ ၁၂း၀၀ နာရီအချိန်တွင် လက်ခံတွေ့ဆုံ

Latest News: 

ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ဝန်ကြီးဌာန၏ ဒသမအကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်

Fri, 11/20/2015 - 11:01 -- dotadmin
Undefined

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ဝန်ကြီးဌာန၏ ဒသမအကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်၍ ကထိန်လျာ ဉတ်သင်္ကန်းနှင့် နေ့ဆွမ်းတို့အားဆက်ကပ်လှူဒါန်းခဲ့ပါသည်

Latest News: 

ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ကုန်သွယ်ရေးဦးစီးဌာန နှင့်ဖရက်ဒရစ်နော်မန်ဖောင်ဒေးရှင်းတို့အကြား နားလည်မှုစာချွန်လွှာ (Memorandum of Understanding – MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

Thu, 11/19/2015 - 10:01 -- dotadmin
Undefined

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ကုန်သွယ်ရေးဦးစီးဌာန နှင့်ဖရက်ဒရစ်နော်မန်ဖောင်ဒေးရှင်းတို့အကြား နားလည်မှုစာချွန်လွှာ (Memorandum of Understanding – MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

Latest News: 

အမြဲတမ်းအတွင်းဝန်ဦးတိုးအောင်မြင့်သည် အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်း (IFC) ဌာနေရုံးမှတာဝန်ရှိသူ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ

Thu, 11/19/2015 - 00:00 -- dotadmin
Undefined

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးတိုးအောင်မြင့်သည် အပြည် ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်း (IFC) ဌာနေရုံးမှတာဝန်ရှိသူ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ ပြီးမြန်မာနိုင်ငံ ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ နှင့်စပ်လျဉ်း၍ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ ဆက်လက်ဆောင် ရွက်သွားရန်အတွက် ညှိနှိုင်းဆွေးနွေး

Latest News: 

အမြဲတမ်းအတွင်းဝန်ဦးတိုးအောင်မြင့်အား မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တွေ့ဆုံမေးမြန်းခြင်းနှင့် မေးမြန်းချက်များ အပေါ် ပြန်လည်ဖြေကြား

Tue, 11/17/2015 - 00:00 -- dotadmin
Undefined

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ နေပြည်တော်တွင် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ (၁၂း ၀၀) နာရီအချိန်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု အခြေအနေနှင့်စပ်လျဉ်း၍ သတင်းမီဒီယာ များ နှင့် တွေ့ဆုံရှင်း လင်းပွဲကျင်း ပပြုလုပ်အပြီးတွင် အမြဲတမ်းအတွင်းဝန်ဦးတိုးအောင်မြင့်အား မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တွေ့ဆုံမေးမြန်းခြင်းနှင့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြား

Latest News: 

အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်သည် ဂျပန်နိုင်ငံ Marubeni Corporation မှ Assistant General Manager ဖြစ်သူ Mr. Hideaki Wakabayashi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Mon, 10/26/2015 - 00:00 -- dotadmin
Undefined

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်သည် ဂျပန်နိုင်ငံ Marubeni Corporation မှ Assistant General Manager ဖြစ်သူ Mr. Hideaki Wakabayashi ဦးဆောင်သည့် ကိုယ် စား လှယ်အဖွဲ့အား ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ ၁၀း၀၀ နာရီအချိန်တွင် ဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ

Latest News: 

ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် နီပေါဖယ်ဒရယ်ဒီမိုကရက် တစ်သမ္မတနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သံအမတ်ကြီး ဦးလွင်ဦးအား ဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ

Thu, 10/22/2015 - 15:07 -- dotadmin
Undefined

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်သည် နီပေါဖယ်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံအမတ်ကြီး ဦးလွင်ဦးအား ၂၀၁၅ ခုနှစ်၊ အောက် တိုဘာလ ၂၂ ရက်နေ့ ၁၂း၃၀ နာရီအချိန်တွင် ဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံ

Latest News: 

အမြဲတမ်းအတွင်းဝန်ဦးတိုးအောင်မြင့်သည် အပြည်ပြည် ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ 2015 IMF Rapid Credit Facility (RCF) and Rapid Finance Instrument (RFI) Mission မှ အဖွဲ့ဝင် (၁၀) ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Wed, 08/12/2015 - 15:07 -- adminDep
Undefined

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးတိုးအောင်မြင့်သည် အပြည်ပြည် ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ 2015 IMF Rapid Credit Facility (RCF) and Rapid Finance Instrument (RFI) Mission မှ အဖွဲ့ဝင် (၁၀) ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ ၁၅း၀၀ နာရီအချိန်တွင် ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ

Latest News: 
Latest New တင္ရန္

အိန္ဒိယနနွင်းလှောင်လက်များ သိုလှောင်မှုအတွက် ဝယ်ယူ

Thu, 05/09/2013 - 11:12 -- admin
Undefined

အိန္ဒိယနနွင်းလှောင်လက်သမားတွေက နနွင်းအသစ်ဝင် မလာမီ ဈေးအနိမ့်နဲ့ သိုလှောင်ဖို့အတွက် ဝယ်ယူမှု များနေ တယ်လို့သိရပါတယ်။ ဒါကြောင့် ကြိုပွိုင့်ဈေးတွေ မြင့်လာ တယ်လို့ သိရပါတယ်။ အိန္ဒိယမြောက်ပိုင်းမှ အရည်အသွေး ကောင်းနနွင်းအော်ဒါများရှိနေခြင်းနဲ့အတူ လှောင်လက်သမား တွေက နနွင်းလက်ကျန်တွေ စုဝယ်နေ ကြတယ်လို့ သိရပါ တယ်။ကုန်သည်တွေက အရည်အသွေးကောင်း နနွင်းကို ပိုမို ဝယ်ယူကြတာကြောင့် စပ်မျိုးနနွင်းကို ဈေးမြင့်ပေးဝယ်ကြ တယ်လို့ အီရော့နနွင်း ကုန်သည်များအသင်း ဥက္ကဋ္ဌ မစ္စတာ အာကေ ဗွီရာဗီရှန်ကာမှ ဆိုပါတယ်။  နနွင်းအ သစ် များက ဇန်နဝါရီလမှာ ဝင်ရောက်တော့မှာ ဖြစ်ပြီး အစိုဓာတ်ပါဝင်မှုများမှာဖြစ်လို့ ပြည်ပတင်ပို့ ဖို့ အဆင်မပြေသေးဘူးလို့ သိရပါတယ်။ ၂၀၁၂-၁၃ (ဇူလိုင် -ဇန်နဝါရီ)အတွက် နနွင်းအထွက် ခန့်မှန်းလျော့ကျခြင်း က ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ နိုင်ငံရဲ့ နနွင်း အများဆုံး ထုတ်လုပ်ရာ အင်ဒရာပရာဒေ့ရှ်ရဲ့ နနွင်း အထွက် က ပြီးခဲ့တဲ့နှစ်မှာ အိတ် ၈ သန်း - ၉ သန်းရှိရာမှ အိတ် ၄ ဒသမ ၅ - ၅ သန်းခန့်ကို ကျဆင်းနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။ စပ်မျိုးနနွင်းဈေးမှာ ယခင်ရက်ထက် ရူပီး ၃၀၀၀ (ကန် ဒေါ်လာ ၅၅)ပိုမိုပြီး၊ ဒီဇင်ဘာလ ၂၇ ရက်မှာ ရူပီး ၆၅၅၉၀ (ကန်ဒေါ်လာ ၁၁၉၆)ရှိ တယ်လို့သိရပါတယ်။ နနွင်းဈေးက ဇန်နဝါရီလလယ်တိုင်အောင် လက်ရှိဈေးနှုန်းအတိုင်းသွား နိုင် ပြီး၊ နနွင်းအသစ်ဝင်လာတဲ့အချိန်မှာတော့ ဈေးကျ ဆင်းနိုင်တယ်လို့ ဆိုပါတယ်။ အီရော့နနွင်းကုန်သည်များ အသင်းမှာ နနွင်းလက်ချောင်း တစ်တန် ရူပီး ၄၁၉၉၀-၅၉၈၉၀ (ကန် ဒေါ်လာ ၇၆၅-၁၀၉၂)ရှိပြီး၊ နနွင်းဥဈေးက ရူပီး ၄၁၉၉၀-၅၅၆၉၀ (ကန်ဒေါ်လာ ၇၆၅ - ၁၀၁၅)ရှိကြောင်း၊ businessline  သတင်းအရ သိရပါတယ်။

Ref :Posted on 03 January, 2013
Latest News: 

၂၀၁၂-၁၃ မှာ ကမ္ဘောဒီးယား စပါးအထွက်ကျဆင်းပေမယ့် တရုတ်နိုင်ငံအနေနဲ့ စံချိန်တင်ထွက်ရှိမယ်လို့ FAO ကဆို

Thu, 05/09/2013 - 11:11 -- admin
Undefined

ယခုနှစ် ရာသီဥတုဟာ ပုံမှန်မရှိတာကြောင့်  ကမ္ဘောဒီးယားနိုင်ငံရဲ့ ၂၀၁၂-၁၃ စပါးထွက်ရှိမှုဟာပြီးခဲ့တဲ့နှစ် ထွက်ရှိမှု တန်ချိန် ၈ ဒသမ ၇၈ သန်းမှ ၁ ရာခိုင်နှုန်းခန့်လျော့ ကျပြီး၊ တန်ချိန် ၈ ဒသမ ၇ သန်း(ဆန်တန်ချိန် ၅ ဒသမ ၆ သန်း)ခန့်သာ ထွက်မယ်လို့ FAO   က ခန့်မှန်းထားပါတယ်။ လက်ရှိ ၂၀၁၂ အဓိကမိုးစပါးထွက်ရှိမှုဟာ ပြီးခဲ့တဲ့နှစ်ထက် ၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းပြီး၊ စပါးတန်ချိန် ၆ ဒသမ ၆ သန်းထွက်မယ်လို့ ဆိုပါတယ်။ စက်တင်ဘာလလယ်မှာ မိုးသည်းထန်ခြင်းကြောင့် စပါးစိုက်မြေ ဟက်တာ ၄၅၅၈၇ ခန့်ပျက်စီးခဲ့တာကြောင့် လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီနှစ်စပိုင်းမှာ လယ်မြေဟက်တာ ၁၄၀၆၄၇ ခန့် မိုးခေါင်ခြောက်သွေ့မှုကို ကြာရှည်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံရဲ့ ၂၀၁၂ စပါးထုတ်လုပ်မှု ကတော့ တန်ချိန် ၂၀၅ သန်း(ဆန်တန်ချိန် ၁၄၃ ဒသမ ၅ သန်း)ခန့်ကို ၂၀၁၁ ထွက်ရှိတဲ့ စပါးတန်ချိန် ၂၀၁ သန်း(ဆန်တန်ချိန် ၁၄၀ သန်း)ခန့်ထက် ၂ ရာခိုင်နှုန်းခန့် မြင့်တက်မယ်လို့ FAO က ခန့်မှန်းထားပါတယ်။ အဲဒီပမာဏဟာUSDA က ခန့်မှန်းတဲ့ စပါးတန်ချိန် ၂၀၄ ဒသမ ၃ သန်းခန့်ထက်အနည်း ငယ် ပိုမိုနေပါတယ်။ တရုတ်နိုင်ငံရဲ့ အချို့ဒေသတွေမှာ ပိုးကျရောက်မှုတွေ ရှိနေပေမဲ့ ၂၀၁၂ အတွင်း ဆန်နဲ့ စုစုပေါင်း နှံစား သီးနှံထုတ်လုပ်မှု တိုးတက်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဈေးနှုန်းမြင့်တက်တာကြောင့် စပါးစိုက်ပျိုးမြေတိုးတက်ခြင်းဟာ ယခုနှစ် ဆန်အထွက်တိုးဖို့ ဖြစ်လာပါတယ်။ တရုတ်နိုင်ငံရဲ့ ၂၀၁၂ စုစုပေါင်း နှံစားသီးနှံ ပျမ်းမျှထုတ်လုပ်မှုဟာ ပြီးခဲ့တဲ့ နှစ်ထက် ၄ ဒသမ ၄ ရာခိုင်နှုန်းတိုးပြီး၊ တန်ချိန် ၅၄၂ ဒသမ ၅ သန်းရှိမယ်လို့ ဆိုပါတယ်။  ပြောင်းထုတ်လုပ်မှုမှာ ၈ ရာခိုင်နှုန်း ခန့်နဲ့ ဂျုံထုတ်လုပ်မှုမှာ ၃ ရာခိုင်နှုန်းဝန်းကျင်ခန့် တိုးတက်လာတာကြောင့်ပဲဖြစ်ပါတယ်။ အကျိုးဆက် အနေနဲ့ နှံစားသီးနှံတင်သွင်းမှုကလည်း ၂၀၁၂-၁၃ ဈေးကွက်ရာသီအတွင်း တန်ချိန် ၈ သန်းခန့် ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က ဆန်တန်ချိန် ၂ သန်းအပါအဝင် စုစုပေါင်းသီးနှံတန်ချိန် ၁၂ ဒသမ ၆ သန်း တင်သွင်းခဲ့ရာမှ ၃၇ ရာခိုင်နှုန်းခန့် ကျဆင်းမယ်လို့ ဆိုပါတယ်။ ယခုနှစ် သီးနှံ အထွက်ကောင်းပေမယ့် ပြည်တွင်းဈေးနှုန်းမြင့်တက်မှုကြောင့် တရုတ်နိုင်ငံဟာ ဆန်ပမာဏ များများ တင်သွင်း ခဲ့ရပါတယ်။ ဒါပေမယ့်  ၂၀၁၂ နှောင်းပိုင်း မှာ ဈေးကွက်အတွင်း ဆန် ၂ ဆခန့် ဝင်ရောက်တာကြောင့် ၂၀၁၂ စက်တင်ဘာလနောက်ပိုင်း ဈေးနှုန်းတည်ငြိမ်ခဲ့တယ်လို့ သမပဖေ သတင်းအရ သိရ ပါတယ်။

Ref :Posted on 03 January, 2013

Pages

Subscribe to RSS - Minister's Office