Minister's Office

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ကျင်းပသည့် ဘင်းမ်စတက် စီးပွားရေး ထိပ်သီးအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း တက်ရောက်

Fri, 08/09/2024 - 09:54 -- mocadmin
Undefined

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၆ ရက်မှ ၈ ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့သည့်  ဘင်းမ်စတက်စီးပွားရေး ထိပ်သီးဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါဘင်းမ်စတက်စီးပွားရေးထိပ်သီးဆွေးနွေးပွဲကို ပိုမိုကောင်းမွန်သော ကုန်သွယ်မှုနှင့် စီးပွားရေးအလားအလာများအတွက် မဟာဗျူဟာမြောက် ပေါင်းစည်းနိုင်ရေး ဆွေးနွေးရန်နှင့် စီးပွား ရေးအတွက် လွတ်လပ်ပြီး လွယ်ကူချောမွေ့သော ပတ်ဝန်းကျင်ကို ဖန်တီးရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့ ညနေ ၆ နာရီတွင် နယူး ဒေလီမြို့ရှိ Hotel Taj Palace ၌ ကျင်းပပြုလုပ်ခဲ့ရာ အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးဖြစ်သူ ပါဘီတျာမာဂါရစ်တာ (Pabitra Margherita)က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။

          ဘင်းမ်းစတက် စီးပွားရေးဝန်ကြီးများအဆင့် မျက်နှာစုံညီအစည်းအဝေးကို ဩဂုတ်လ ၇ ရက်နေ့၊ နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ဘင်းမ်းစတက်အဖွဲ့ဝန်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များဖြစ်သည့် အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှု ဝန်ကြီးဌာနဝန်ကြီး မစ္စတာပိုင်ရတ်ရှ်ဂိုရယ်လ်၊ နီပေါ်နိုင်ငံ၊ စက်မှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး မစ္စတာဒါမိုဒါဘန်ဒါရီ၊ ထိုင်းနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာဆူချာ့တ် ချုံကလင်း၊ ဘင်းမ်စတက် အတွင်းရေးမှူးချုပ် မစ္စတာ အင်ဒရာမာနီပန်နေး၊  ဘူတန်နိုင်ငံ၊ စက်မှု၊ကူးသန်းရောင်းဝယ်ရေးနှင့် အလုပ်အကိုင်ဝန်ကြီးဌာန၊ စက်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ မစ္စတာချိုင်းမ်ရှရင်း၊ အိန္ဒိယနိုင်ငံဆိုင်ရာသီရိလင်္ကာနိုင်ငံ သံအမတ်ကြီး မစ္စစ်ရှန်နူကာ ဆန်နာဝါရ်တနာ (Mrs. Kshenuka Senewiratne) နှင့် အိန္ဒိယစက်မှု လုပ်ငန်းအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ၊ မစ္စတာ ဆန်ဂျီးဗ်ပူရီနှင့် ညွှန်ကြား ရေးမှူးချုပ် မစ္စတာချန်ဒွါဂျီဘန်းနားဂျီ တို့နှင့်အတူ ဒုတိယဝန်ကြီး ဦးမင်းမင်းက ဘင်းမ်စတက်ဒေသတွင်း လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်ရေးအတွက် အမှာစကားများအသီးသီး ပြောကြားခဲ့ ပါသည်။

          ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် လက်ရှိကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံရေးရာ မရေရာမှုများကြောင့် အခက်အခဲများကြုံ တွေ့နေရသည့်အချိန်တွင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ များအနေဖြင့် ယင်းစိန်ခေါ်မှုအခက်အခဲများကို အခွင့်အလမ်းများအဖြစ် ရင်ဆိုင်ကျော်ဖြတ်နိုင် ရေးမှာ အရေးကြီးပါကြောင်း၊ ကုန်သွယ်မှုဆိုင်ရာ ကာကွယ်ရေးဝါဒ၊ ရာသီဥတုဆိုင်ရာကိစ္စရပ် များနှင့် စွမ်းအင်လုံခြုံရေးစသောစိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရသည့် ယနေ့ခေတ်ကြီးတွင် ဒေသ တွင်း ပေါင်းစည်းမှုသည် ရွေးချယ်စရာမဟုတ်တော့ဘဲ အမျိုးသားမူဝါဒတစ်ခု၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုအချိန်သည် ဘင်းမ်စတက်ဒေသတွင်း လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်ရေးလိုအပ်နေချိန်ဖြစ်ပြီး ယင်းကိုအပြီး သတ်ဆောင်ရွက်နိုင်ရန်အတွက် အရှိန်မြှင့်လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဘင်းမ်စတက်၏ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကဏ္ဍတွင် ဦးဆောင်နိုင်ငံ အနေဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဘင်းမ်စတက်ဒေသတွင်း လွတ်လပ်သောကုန်သွယ်ရေးသဘော တူစာချုပ်၏ အစောပိုင်းနိုင်ငံတကာအသွင်ကူးပြောင်းရေး၏ အလားအလာရှိသော ရလဒ်အချို့ဖြစ်သည့် စီးပွားရေးကွဲပြားမှု၊ စီးပွားရေးတိုးတက်မှုနှင့် စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို အဓိကထားဆွေးနွေးပြောကြားခဲ့ပါသည်။

          ယခုကျင်းပပြုလုပ်သည့် ဘင်းမ်စတက်စီးပွားရေးထိပ်သီးဆွေးနွေးပွဲသည် ကဏ္ဍကြီး ၅ ခု နှင့် နိုင်ငံအလိုက်ဆွေးနွေးပွဲများဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး တောင်တန်းနှင့်ပင်လယ်ပြင်ဒေသအခြေပြု စီးပွားရေးတွင် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်မှုကဏ္ဍ၌ စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတင်ဇော်မြင့်ကလည်းကောင်း၊ ဘင်းမ်စတက်ဒေသတွင်း ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးကဏ္ဍတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ အလုပ်အမှုဆောင်အရာရှိဖြစ်သူ ဒေါ်လှလှရီ မှလည်းကောင်း၊ အမျိုးသမီးစီးပွားစွမ်းအားမြှင့်တင်ခြင်း အစီအစဉ်တွင်  UMFCCI မှ အထွေထွေ အတွင်းရေးမှူးချုပ်၊ ဒေါ်ခိုင်ခိုင်နွယ်ကလည်းကောင်း၊ ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်တွင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ချောမွေ့သောဂေဟစနစ်ကို ဖန်တီးခြင်းကဏ္ဍတွင် UMFCCI မှ ဗဟိုအလုပ်အမှု ဆောင်အရာရှိဖြစ်သူ ဦးထွန်းထွန်းနိုင်မှ လည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေခြင်းကဏ္ဍတွင်  UMFCCI မှ ဗဟိုအလုပ်အမှုဆောင် အရာရှိဖြစ်သူ ဒေါ်နန်း ကလျာဝင်း ကလည်းကောင်း အသီးသီး ပါဝင်ဆွေးနွေးပြေကြားခဲ့ပါသည်။

          ယခုအစည်းအဝေးသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် အပါ အဝင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ ကုန်သည်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊  စီးပွားရေးလုပ်ငန်းရှင်များ၊ မူဝါဒရေး ရာလေ့လာရေးအဖွဲ့များ၊ သုတေတနအဖွဲ့ အစည်းများနှင့် ကဏ္ဍအလိုက်ကျွမ်းကျင် ပညာရှင်များ စုစုပေါင်း ၅၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင်များအကြား ချိတ်ဆက်ဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရ ပါသည်။

           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့၊ နေ့လယ်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

Latest News: 
Latest New တင္ရန္

ပြည်ပမှ တင်သွင်းသော ကုန်ပစ္စည်းများအား ခွင့်ပြုချက်မရရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ တင်သွင်းရောက်ရှိခြင်း မပြုရန် ထပ်မံအသိပေးကြေညာခြင်း

Thu, 06/20/2024 - 10:07 -- mocadmin
Undefined

၁။           ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစတင်၍  သွင်းကုန်လိုင်စင်/ပါမစ် ခွင့်ပြုချက် မရရှိသေးဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ သွင်းကုန်များ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိရပါက ပို့ကုန် သွင်းကုန်ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သော သတင်းလွှာ ( ၃/၂၀၂၄) ဖြင့် ထုတ်ပြန်ထားပါသည်။

၂။            အကောက်ခွန်ကုန်လှောင်ရုံအတွင်း ထည့်သွင်းခွင့်ပြုထားသည့် ကုန်ပစ္စည်းများမှအပ ကျန်ပြည်ပမှ တင်သွင်းသော ကုန်ပစ္စည်းများကို ခွင့်ပြုချက်မရရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ တင်သွင်းရောက်ရှိခြင်းမပြုလုပ်ရန်နှင့် ခွင့်ပြုချက်မရရှိဘဲ ရောက်ရှိပါက အဆိုပါတင်သွင်းသော ကုမ္ပဏီများကို ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်းကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၀) ဖြင့် ထုတ်ပြန်ထားသော်လည်း သတ်မှတ် စည်းကမ်းများကို လိုက်နာဆောင်ရွက်မှုမရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ ခွင့်ပြုချက်မရရှိသေးသော ကုန်ပစ္စည်းများကို ကြိုတင် တင်သွင်းဆောင်ရွက်လျက်ရှိပါသည်။

၃။           ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ကျန်းမာရေးကဏ္ဍတို့အတွက် လိုအပ်သော အရေးကြီးကုန်ပစ္စည်းများကို အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောက်ခွန် ကုန်လှောင်ရုံများတွင် ထည့်သွင်းခွင့်ပြုထားပြီး ဖြစ်ပါသည်။

၄။           သို့ဖြစ်ပါ၍ ထုတ်ပြန်ထားသော ဥပဒေနှင့် စည်းကမ်းများကို အလေးအနက်ထား လိုက်နာ စေရန်ရည်ရွယ်၍ သွင်းကုန်လိုင်စင် /ပါမစ် ခွင့်ပြုချက် တစ်စုံတစ်ရာမရရှိဘဲ ကုန်ပစ္စည်းများ ဆိပ်ကမ်းနှင့် လေဆိပ်များသို့ တင်သွင်းရောက်ရှိမှုမရှိစေရေးအတွက် နှိုးဆော်အသိပေး ကြေညာခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

Mon, 05/13/2024 - 03:58 -- mocadmin
Undefined

   နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေး လုပ် ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မေလ ၁၂ ရက်နေ့ တွင် မင်းထက်မင်းဆိပ်ကမ်း (MHM)မှ ပြောင်းဖူးစေ့ တန်ချိန် ၅,၄၀၀ တန်၊ ​ရွှေမဲဆိပ်ကမ်း(SMJ)မှ ​ပြောင်းဖူး​စေ့တန်ချိန် ၂,၇၀၀ တန်၊ Wilmar (Wilmar International Port Terminal)  ဆိပ်ကမ်းမှ ​​ဆန်တန်ချိန် ၄,၈၅၀ တန် တင်ပို့ခဲ့သည်။

   ထို့အပြင် ၂၀၂၄ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် ဆူးလေဆိပ်ကမ်း(SPW)မှ ပြောင်းဖူးစေ့ တန်ချိန် ၇၁,၉၀၀ နှင့် ဆန်တန်ချိန် ၆,၀၀၀၊  မြန်မာ့စက်မှုဆိပ်ကမ်း (MIP)မှ ပြောင်းဖူးစေ့ တန်ချိန် ၅၃,၅၀၀၊ အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း(AIPT)မှ ပြောင်းဖူးစေ့တန်ချိန် ၅၈,၄၀၀ တန်၊ ဆန် တန်ချိန် ၁၂,၅၀၀ တန်၊ ယခင်‌ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Termal- TMT)မှ ပြောင်းဖူးစေ့ တန်ချိန် ၂၉,၅၀၀ တန်၊ မင်းထက်မင်းဆိပ်ကမ်း(MHM)မှ ပြောင်းဖူးစေ့တန်ချိန်  ၅,၄၀၀ တန်၊ Yangon International Gateway Terminal(YIGT)မှ ​ပြောင်းဖူး​စေ့တန်ချိန် ၁၁,၀၀၀ တန်၊ Myanmar Five Star Line (MFSL) ဆိပ်ကမ်းမှ ​ပြောင်းဖူး​စေ့တန်ချိန် ၂,၇၀၀ တန် ဆက် လက်တင်ပို့သွားမည်ဖြစ်​ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

Palm Oil Wholesale Reference Price announced that Ks 5,220 per Viss

Mon, 05/13/2024 - 03:55 -- mocadmin
English

Nay Pyi Taw, May 12

   The Supervisory Committee on Import, Storage and Distribution of Edible Oil under the Ministry of Commerce has been closely observing the FOB prices in Malaysia including transportation cost, tariff and banking service charges, and issuing the wholesale market reference rate for edible oil on weekly basis.

   According to market condition and prices in the world's palm oil producing and exporting countries during this week, the reference prices of palm oil in the Yangon market is announced at Ks 5,220 per Viss for the period from 13 May 2024 to 19 May 2024.

   If those retailers and wholesalers are found overcharging, storing inventory intentionally and attempting unscrupulous action to manipulate the market, they will be taken by legal action under the Essential Goods and Services Law.

   The palm oil reference prices can be found on Department of Consumer Affairs’ website: www.doca.gov.mm, its Facebook page and the Facebook page of the Myanmar Edible Oil Dealers’ Association.

Latest News: 

ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

Thu, 05/09/2024 - 07:31 -- mocadmin
Undefined

နေပြည်တော်၊ မေ ရက်

   နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်း များကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်း များဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် Wilamar (Wilamar International port Terminal) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၆,၀၀၀၊ Yangon International Gateway Terminal (YIGT) ဆိပ်ကမ်းမှ  ပဲတန်ချိန် ၉,၄၀၀ တင်ပို့ခဲ့သည်။

   ၎င်းအပြင် ၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ‌အေးရှားဝေါဆိပ်ကမ်း (AWPT-3) မှ ကုန်သေတ္တာ သင်္ဘောတစ်စီး ရေထွက်ကုန်၊ ဆန်၊ ပဲ၊ ချုပ်ပြီးအထည် သစ်တောထွက်၊ သကြား၊ နှမ်း၊ အထွေထွေ ကုန်ပစ္စည်းများ၊ ကုန်သေတ္တာအခွံ၊ ပြောင်း၊ ရော်ဘာတို့ တင်ဆောင်ထွက်ခွာသွားကြောင်း သိရှိရသည်။ အလားတူမြန်မာ့စက်မှုဆိပ်ကမ်း (MIP4)၊ အေးရှားဝေါဆိပ်ကမ်း (AWPT3)မှ သင်္ဘောသုံးစီးပေါ်သို့ ပို့ကုန်ရေထွက်ပစ္စည်း၊ ဆန်၊ ပဲများ တင်ဆောင်လျက်ရှိသည်။

   ထို့အပြင် ၂၀၂၄ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် ဆူးလေဆိပ်ကမ်း (SPW) မှ ပြောင်းဖူးစေ့ တန်ချိန် ၇၁,၉၀၀ နှင့် ဆန်တန်ချိန် ၆,၀၀၀၊ သီလဝါ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (MITT-5) မှ ပြောင်းဖူးစေ့တန်ချိန် ၂၇,၅၀၀ တန်၊ မြန်မာ့စက်မှုဆိပ်ကမ်း(MIP-2)မှ ပြောင်းဖူးစေ့တန်ချိန် ၂၇,၅၀၀၊ အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း(AIPT)မှ ပြောင်းဖူးစေ့တန်ချိန် ၅၅,၆၀၀ တန်၊ ယခင်‌ဗိုလ်အောင် ကျော်ဆိပ်ကမ်း (The Myanmar Termal- TMT)မှ ပြောင်းဖူးစေ့တန်ချိန် ၂၉,၅၀၀ တန်၊ မင်းထက် မင်းဆိပ်ကမ်း(MHM)မှ ပြောင်းဖူးစေ့တန်ချိန်  ၅,၄၀၀ ၊  Wilamar  (Wilamar International port Terminal) ဆိပ်ကမ်းမှ ဆန်တန်ချိန် ၄,၈၅၀ ၊ ရွှေမဲဆိပ်ကမ်း(SMJ) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၂,၇၀၀ တို့အား ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

Thu, 04/11/2024 - 04:55 -- mocadmin
Undefined

နေပြည်တော်၊ ဧပြီ ၁၀

   နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်း များကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) တို့ပူးပေါင်းစီစဉ်၍ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက် နေ့တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများဖြစ်သော ဆူးလေဆိပ်ကမ်း၊ ယခင်ဗိုလ်အောင်ကျော် ဆိပ်ကမ်း (The Myanmar Terminal - TMT)၊ မြန်မာစက်မှုဆိပ်ကမ်း- ၂ (MIP2)၊ မင်းထက်မင်း (MHM) ဆိပ်ကမ်းနှင့် အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း- ၃ (AIPT3) တို့မှ သင်္ဘော ၅ စီးဖြင့် ပြောင်းဖူးစေ့တန်ချိန် ၇၄,၅၀၀ တန်အား တင်ပို့ခဲ့ပါသည်။

   အလားတူ အေးရှားဝေါလ်ဆိပ်ကမ်းမှ ၁၀-၄-၂၀၂၄ ရက်နေ့တွင် ရေထွက်ကုန်ပစ္စည်းများ၊ ဆန်၊ ပဲ၊ ချုပ်ပြီးအဝတ်အထည်၊ သစ်‌တောထွက်ပစ္စည်း၊ သကြား၊ နှမ်း၊ ပြောင်း၊ ရော်ဘာနှင့် အထွေထွေကုန်ပစ္စည်းများကို တင်ပို့သွားမည်ဖြစ်ပါသည်။

   ၎င်းအပြင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် မင်းထက်မင်းဆိပ်ကမ်း (MHM) မှ သင်္ဘော ၂ စီးဖြင့် ပြောင်းဖူးစေ့ တန်ချိန် ၅,၄၀၀ တန်နှင့် ဧပြီလ ၁၅ ရက်နေ့တွင်လည်း Yangon International Gateway Terminal - YIGT ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၁၄,၅၀၀ တန်တို့ကို ဆက်လက် တင်ပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန-၂၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး အမျိုးသားပို့ကုန်မဟာဗျူဟာအစိုးရ-ပုဂ္ဂလိကပို့ကုန်မြှင့်တင်ရေးကော်မတီ၂/ ၂၀၂၄ကြိမ်မြောက်အစည်းအဝေးသို့တက်ရောက်

Thu, 04/11/2024 - 04:51 -- mocadmin
Undefined

   အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိကပို့ကုန်မြှင့်တင်ရေးကော်မတီ၏ ၂/၂၀၂၄ ကြိမ် မြောက်အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ရုံးအမှတ်-၃၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ-၂ ၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန-၂၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

   အစည်းအဝေးတွင် အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေး ကော် မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသားပို့ကုန်မဟာဗျူဟာ ဒုတိယအဆင့်ဖြစ် သော ၂၀၂၀-၂၀၂၅ ကာလအတွက် ကဏ္ဍ (၁၈)ခုကို ထိရောက်စွာအကောင်အထည်ဖော်ရန် အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီက ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ကဏ္ဍ အလိုက်ဖွဲ့စည်းထားသည့် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီများ ကျစ်လစ်စွာပြန်လည်ဖွဲ့စည်းရေး၊ ကဏ္ဍအလိုက်လုပ်ငန်းစီမံချက်များအနက် လက်တွေ့လျင်မြန်စွာ အကျိုးဖြစ်ထွန်းနိုင်မည့် လုပ်ငန်း စဉ်များ (Quick Win)ရွေးချယ် ဆောင်ရွက်နိုင်ရေးတို့ကို ဦးစွာဆောင်ရွက်ထားရှိပြီး အကောင် အထည်ဖော်ကြရမှာဖြစ်ကြောင်း၊ ဦးစားပေးရွေးချယ်ဆောင်ရွက်မည့်လုပ်ငန်းများက ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးကို အချိန်တိုအတွင်း အထောက်အကူပြုနိုင်မည့် လုပ်ငန်းများဖြစ်ရန်လည်း လိုအပ်ပါ ကြောင်း၊ အထောက်အကူပြုကဏ္ဍများ၏ ပံ့ပိုးပေးနိုင်မှုများကလည်း ပို့ကုန်တင်ပို့မှု လွယ်ကူချော မွေ့စေရေးအတွက် လွန်စွာအရေးပါသည့် လုပ်ငန်းစဉ်များဖြစ်သဖြင့် ဟန်ချက်ညီစွာ ဆောင်ရွက်ကြ ရန်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

   ဆက်လက်၍ ကော်မတီတွဲဖက်အတွင်းရေးမှူး-၁ ဖြစ်သူ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က အမျိုးသားပို့ကုန်မဟာဗျူဟာ ကဏ္ဍအလိုက်ကော်မတီများ ပြန်လည် ဖွဲ့စည်းမှုပိုင်းနှင့် လုပ်ငန်းစီမံချက်များ ပြင်ဆင်ရေးဆွဲမှုများကို အကျဉ်းချုပ်ရှင်းလင်းတင်ပြပါသည်။

   ထို့နောက် ကဏ္ဍအလိုက်ကော်မတီဥက္ကဌများက သက်ဆိုင်ရာကဏ္ဍများအလိုက် ကော်မတီ များ ပြန်လည်ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းစီမံချက်များ ပြင်ဆင်ရေးဆွဲဆောင်ရွက်ထားမှုများ၊ ဦးစား ပေးဆောင်ရွက်မည့်လုပ်ငန်းများ ရွေးချယ်ထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ အမျိုးသားပို့ကုန် မဟာဗျူဟာ အစိုးရ - ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေး ကော်မတီအဖွဲ့ဝင်များက ပြန်လည်သုံးသပ် ဆွေးနွေးကြပြီး ဆွေးနွေးတင်ပြမှုများအပေါ် ပို့ကုန်မြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေး နွေးပြီ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားကာ အစည်း အဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။  

Latest News: 
Latest New တင္ရန္

ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

Wed, 04/10/2024 - 10:05 -- mocadmin
Undefined

   နိုင်ငံတော်အနေဖြင့်  နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)တို့ ပူးပေါင်းစီစဉ် ၍  ၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ တွင် MHM ဆိပ်ကမ်းမှ MV.MCL- 8 သင်္ဘောဖြင့် ပြောင်းဖူးစေ့ တန်ချိန် ၂,၇၀၀ အား ထိုင်းနိုင်ငံသို့ လည်းကောင်း၊ MHM ဆိပ်ကမ်းမှ MV. MCL- 7 သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၂,၇၀၀ အား ထိုင်းနိုင်ငံသို့လည်းကောင်း အသီးသီးတင်ပို့သွားမည် ဖြစ်ပါသည်။

   ၎င်းအပြင် AWPT 1 ဆိပ်ကမ်းမှ MV. CONTRIVIA သင်္ဘောသည် ၉-၄-၂၀၂၄ ရက်နေ့တွင် ရေထွက်ကုန်ပစ္စည်းများ၊ ဆန်၊ ပဲ၊ အဝတ်အထည်၊ သစ်‌တောထွက်ပစ္စည်း၊ သကြား၊ နှမ်း၊ ပြောင်း၊ ရော်ဘာနှင့် အထွေထွေကုန်ပစ္စည်းများကို စင်္ကာပူနိုင်ငံသို့လည်းကောင်း၊ AWPT 3 ဆိပ်ကမ်းမှ MV. ISEACO FORUTNE သင်္ဘောသည် ၉-၄-၂၀၂၄ ရက်နေ့တွင် ရေထွက်ကုန်ပစ္စည်းများ၊ ဆန်၊ ပဲ၊ ချုပ်ပြီး အဝတ်အထည်၊ သစ်တောထွက်ပစ္စည်း၊ သကြား၊ ပြောင်း၊ နှမ်း၊ ရော်ဘာနှင့် အထွေထွေကုန်ပစ္စည်း များကို မလေးရှားနိုင်ငံသို့လည်းကောင်း တင်ဆောင်ပြီး ထွက်ခွာမည် ဖြစ်ပါသည်။

   အလားတူ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် SPW 6  ဆိပ်ကမ်းမှ MV. MANTA HATICE သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၂၅,၀၀၀ အား ဖိလစ်ပိုင်နိုင်ငံသို့လည်းကောင်း၊ TMT ဆိပ်ကမ်းမှ MV. TAY SON 4 သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၁၂,၇၀၀ အား ထိုင်းနိုင်ငံသို့လည်းကောင်း၊ MIP 2 ဆိပ်ကမ်းမှ MV. SEIYO HARMONY သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၂၇,၅၀၀ အား အိန္ဒိယနိုင်ငံ သို့လည်းကောင်း၊ MHM ဆိပ်ကမ်းမှ MV. MCL 20 သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၂,၇၀၀ အား ထိုင်းနိုင်ငံသို့လည်းကောင်း၊ ဧပြီလ ၁၅ ရက်နေ့တွင်လည်း YIGT ဆိပ်ကမ်းမှ MV. DDS MARINA သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၁၄,၅၀၀ အား ထိုင်းနိုင်ငံသို့လည်းကောင်း ဆက်လက်တင်ပို့သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

Tue, 04/09/2024 - 03:40 -- mocadmin
Undefined

နေပြည်တော်၊ ဧပြီလ        နိုင်ငံတော်အနေဖြင့်  နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ တွင် ဆူးလေဆိပ်ခံတံတားအမှတ် ၆ (SPW-6) မှ MV. MANTA HATICE သင်္ဘောဖြင့် ပြောင်းဖူးစေ့ တန်ချိန် ၂၅,၀၀၀ အား ဖိလစ်ပိုင်နိုင်ငံသို့ လည်းကောင်း၊ TMT ဆိပ်ကမ်းမှ MV. TAY SON-4 သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၁၂,၇၀၀ အား ထိုင်းနိုင်ငံသို့ လည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း (MIP-2) MV. SEIYO HARMONY သင်္ဘောဖြင့် ပြောင်းဖူးစေ့ တန်ချိန် ၂၇,၅၀၀ အား အိန္ဒိယနိုင်ငံ သို့လည်းကောင်း၊ MHM ဆိပ်ကမ်းမှ MV. MCL – 20 သင်္ဘောဖြင့် ပြောင်းဖူးစေ့ တန်ချိန် ၂,၇၀၀ အား ထိုင်းနိုင်ငံသို့လည်းကောင်း အသီးသီးတင်ပို့သွားမည် ဖြစ်ပါသည်။

           ၎င်းအပြင် MITT-1 ဆိပ်ကမ်းမှ MV. MAERSU DAVAO သင်္ဘောသည် ၈-၄-၂၀၂၄ ရက်နေ့ တွင် ရေထွက်ကုန်ပစ္စည်းများ၊ ဆန်၊ ပဲ၊ အဝတ်အထည်၊ သစ်‌တောထွက်ပစ္စည်း၊ သကြား၊ နှမ်း၊ ပြောင်း၊ ရော်ဘာနှင့် အထွေထွေကုန်များကို ကုန်သေတ္တာ ၆၂၁ လုံးဖြင့် မလေးရှားနိုင်ငံသို့လည်း ကောင်း၊ AWPT ဆိပ်ကမ်းမှ MV. SITC CHENMING သင်္ဘောသည် ၈-၄-၂၀၂၄ ရက်နေ့တွင် ရေထွက် ကုန်ပစ္စည်းများ၊ ဆန်၊ ပဲ၊ ချုပ်ပြီးအဝတ်အထည်၊ သစ်တောထွက်ပစ္စည်း၊ သကြား၊ ပြောင်းနှင့် ရော်ဘာများကို ကုန်သေတ္တာ ၅၃၃ လုံးဖြင့် ဗီယက်နမ်နိုင်ငံသို့လည်းကောင်း တင်ဆောင်ပြီး ထွက်ခွာမည် ဖြစ်ပါသည်။

           အလားတူ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် MHM ဆိပ်ကမ်းမှ MV.MCL- 8 သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၂,၇၀၀ အား ထိုင်းနိုင်ငံသို့လည်းကောင်း၊ MHM ဆိပ်ကမ်းမှ MV. MCL- 7 သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၂,၇၀၀ အား ထိုင်းနိုင်ငံသို့လည်းကောင်း၊ ဧပြီလ ၁၀ ရက်နေ့တွင် AIPT-3 ဆိပ်ကမ်းမှ MV. RAINBOW SYMPHONY သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၆,၆၀၀ အား ဖိလစ်ပိုင်နိုင်ငံသို့လည်းကောင်း ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ကလည်း SPW-3 ဆိပ်ကမ်းမှ MT. TURAN C သင်္ဘောဖြင့် ဆန် တန်ချိန် ၁၂,၀၀၀ အား စပိန်နှင့် ကင်မရွန်းနိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း၏ ဘူမိဗေဒနှင့် မြေမျက်နှာ သွင်ပြင်ဆိုင်ရာ ပဏာမဆန်းစစ်ချက်နှင့် ပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ အကဲဖြတ်မှု လုပ်ငန်းအစီရင်ခံစာ ရှင်းလင်းဆွေးနွေးခြင်း

Fri, 04/05/2024 - 09:54 -- mocadmin
Undefined

   ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းဆိုင်ရာ ဘူမိဗေဒနှင့် မြေမျက်နှာ သွင်ပြင်ဆိုင်ရာ ပဏာမဆန်းစစ်ချက်နှင့် ပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ အကဲဖြတ်မှု  Preliminary Geographical and Topographical  Survey (PGTS) &  Environmental Impact Assessment (EIA) များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည့်အစီအစဉ်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့သည်။

   ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအကောင်အထည်ဖော်ရေး အတွက် ဘူမိဗေဒနှင့် မြေမျက်နှာသွင်ပြင်ဆိုင်ရာ ပဏာမဆန်းစစ်ချက် လုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ အဆိုပါလုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများက လိုအပ်သည်များ ဆန်းစစ်အကြံပြုရေးနှင့် ပတ်သက်၍လည်းကောင်း၊ အထူးစီးပွား ရေးဇုန် ဆက်လက်အကောင်အထည်ဖော်ရာတွင်   ဘူမိဗေဒနှင့် မြေမျက်နှာသွင်ပြင်ဆိုင်ရာ ပဏာမ ဆန်းစစ်ချက်များအပေါ် အခြေခံ၍စီမံကိန်း ဒီဇိုင်းရေးဆွဲခြင်းအပါအဝင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ဆွေးနွေးမှာကြားပါ သည်။

   ထို့နောက် ဆန်းစစ်ချက်များ ဆောင်ရွက်ခဲ့သည့် CCCC-FHDI Engineering Company နှင့် Myanmar Survey Research (MSR) ကုမဏီတို့က လုပ်ငန်းဆောင်ရွက်မှု အခြေနေများကို ရှင်းလင်း တင်ပြကြပြီး တက်ရောက်သူများက အပြန်အလှန် ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

   အစည်းအဝေးသို့ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဋ္ဌ ဦးကျော်ရွှေ ထွန်းနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် CITIC ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အစည်းအဝေးကို  မွန်းတည့် ၁၂ နာရီအချိန် တွင် ရုပ်သိမ်းခဲ့သည်။

Latest News: 
Latest New တင္ရန္

Pages

Subscribe to RSS - Minister's Office