Minister's Office

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့၏ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Wed, 04/03/2024 - 11:51 -- mocadmin
Undefined

      မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ဒုတိယဥက္ကဋ္ဌ  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့ တက်ရောက် အမှာစကား ပြောကြားသည်။

          အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ ဖြစ်ကြ သည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။

          ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း သီလဝါအထူး စီးပွားရေးဇုန်သို့ (၂) ကြိမ် သွားရောက်၍ ရင်းနှီးတည်ဆောက်သူ၊ ရင်းနှီးမြှုပ်နှံသူများနှင့် One Stop Service Center မှဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်း၊ ယင်းသို့တွေ့ဆုံရာတွင် သီလဝါအထူး စီးပွားရေးဇုန်၏ လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်းရှိ လုပ်ငန်းများမှ ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင် ရေး ကိစ္စရပ်များကိုလည်းကောင်း၊ ဌာနဆိုင်ရာအသီးသီးနှင့် ဆက်စပ်လုပ်ကိုင်ရမည့် လုပ်ငန်းများ ကို ဌာနအလိုက် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုပေးနိုင်ရေး၊ သီလဝါအထူးစီးပွားရေးဇုန်၏ ဂုဏ်သတင်းကို ဆက်လက်ထိန်းထားရန်၊ စီမံခန့်ခွဲမှုကော်မတီက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် များနှင့် ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်မံဝင်ရောက်လာရေးကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်း မှာကြားခဲ့ကြောင်း၊ အလားတူ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျောက်ဖြူနှင့် ထားဝယ် အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီတို့မှ ဝန်ထမ်းများကိုလည်း တွေ့ဆုံခဲ့ကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းများ ဆက်လက် အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာဇုန်အလိုက် တာဝန်ထမ်းဆောင်လျက်ရှိ ကြသည့် ဝန်ထမ်းများက လုပ်ငန်းများအောင်မြင်စေရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ စီမံကိန်းအလိုက် ဆောင်ရွက်ပြီးစီးမှုများ ပြန်လည်သုံးသပ်ရေးနှင့် လိုအပ်သလို ပြင် ဆင်ဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သီလဝါ အထူးစီး ပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီလုပ်ငန်းအချို့သည် ပြည်တွင်း အသေး စား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) မှ ထုတ် ကုန်ပစ္စည်းများကို ဝယ်ယူ၍ ကုန်ကြမ်းအဖြစ် ပိုမိုသုံးစွဲနေကြသည်ကိုတွေ့ရသဖြင့် မှတ်တမ်းတင်ပါကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရေးအတွက် နှစ်ဖက်သဘောတူစာချုပ်၏ နောက်ဆက်တွဲစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာဖက်နှင့် CITIC ဖက်မှ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့် အချက်များအား သတ်မှတ်ချိန်အတွင်း ပြီးမြောက်ရေးအတွက် ဆက်လက်ညှိနှိုင်းဆောင်ရွက် ရန်ဖြစ်ပါကြောင်းနှင့်  ထားဝယ် အထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍  ဆက်လက်ဆောင်ရွက်ရန်ကိစ္စရပ်များကို အရှိန်အဟုန် မပြတ် ဆက်လက်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပါသည်။

          ဆက်လက်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက သီလဝါအထူးစီးပွားရေးဇုန်၏ လုပ်ငန်းမြှင့်တင်ရေးဇုန်ရှိ ကုမ္ပဏီများ နိုင်ငံခြားငွေနှင့် ပေးချေဆောင်ရွက်ရာတွင် လက်ရှိမြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်ရရှိထားသည့် AD ဘဏ်များတွင် ဝယ်ယူပြီးလွှဲပြောင်းမှုအခြေအနေများနှင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ အစည်းအဝေးသို့ အပတ်စဉ်အမှာစာတင်ပြမှုအခြေအနေများကိုလည်းကောင်း၊ သီလဝါဇုန်တွင် ဆောင်ရွက်လျက်ရှိသည့် ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှုအခြေအနေများကိုလည်းကောင်း ရှင်းလင်း ပြောကြားပါသည်။

          ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက ယခင်ကျင်းပခဲ့သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ (၄/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

          ဆက်လက်၍ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့၊ သီလဝါအထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်များမှ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများက မြန်မာအထူးစီးပွားရေးဇုန် ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အစည်းအဝေးသို့တင်ပြသည့်အမှာစာများကို ဖတ်ကြားတင်ပြကြပြီး မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဝင်များမှ အထူးစီးပွားရေးဇုန်များအလိုက် လုပ်ငန်းဆောင်ရွက်နေမှုကိစ္စရပ်များကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးက မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ အစည်းအဝေး (၁/၂၀၂၄) အစည်းအဝေး ဆုံးဖြတ်ချက်မူကြမ်းကို ဖတ်ကြားတင်ပြအတည်ပြုချက်ရယူသည်။

          ဆက်လက်၍ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဆွေးနွေး တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

         

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း တက်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီအတွင်းရေးမှူး မစ္စတာကျန်းစမ်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Tue, 04/02/2024 - 11:07 -- mocadmin
Undefined

နေပြည်တော်၊ ဧပြီ ၂         

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းသည် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂ ရက်၊ ၁၅:၀၀ နာရီအချိန်တွင် တက်ဟုန်ပြည်နယ်ခွဲပါတီ ကော်မတီအတွင်းရေးမှူး မစ္စတာကျန်းစမ်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ရုံးအမှတ်-၃၊ အစည်းအဝေးခန်းမ-၁ ၌ လက်ခံတွေ့ဆုံခဲ့သည်။

   တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ကုန်စည်ပြပွဲများသို့ နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ အပြန်အလှန် ပါဝင်ပြသသွားနိုင်ရေး၊ ကုန်သွယ်မှုလမ်းကြောင်းများ ပိုမိုလျင်မြန်ချောမွေ့စေရေး၊ ကုန်သွယ်မှုဆောင်ရွက်ရာတွင် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများအား ကျော်လွှားပြီး လုပ်ငန်းကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်စေရေး၊ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ထုတ်လုပ်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုပြုရာတွင် ကုန်ပစ္စည်းအမယ်များ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

   တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

ကုန်သွယ်ရေးဦးစီးဌာန၏ ၉ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ နေပြည်တော်၊ ဧပြီလ ၁ ရက်

Tue, 04/02/2024 - 03:18 -- mocadmin
Undefined

   မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း ကဏ္ဍပေါင်းများစွာရှိသည့်အနက်မှ ကုန်သွယ်မှုကဏ္ဍကို အဓိကထားဆောင်ရွက်နေသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနသည် ပို့ကုန်သွင်းကုန် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးတာဝန်ယူပြီး အစိုးရ-ပုဂ္ဂလိက ကဏ္ဍ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နေသော ဦးစီးဌာနတစ်ခုဖြစ်ပါသည်။

   ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ခေတ်အဆက်ဆက် သမိုင်းအဆက်ဆက် ပို့ကုန်သွင်းကုန် ကဏ္ဍကို တာဝန်ယူထမ်းဆောင်လျက်ရှိရာမှာ နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများနှင့် ကုန်သွယ်မှု ဆောင်ရွက်ရာတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း၏ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်များ နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဦးစီးဌာန တစ်ခုဖြစ်ပါသည်။

   ကုန်သွယ်ရေးဦးစီးဌာနသည် ခေတ်နှင့်အညီ ဌာန၏ ဖွဲ့စည်းပုံအား အဆင့်ဆင့် ပြောင်းလဲ ဖွဲ့စည်းခဲ့ရာ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် ကုန်သွယ်ရေးဦးစီးဌာနဟု အမည်ဖြစ်ပေါ်လာသည့် နေ့ဖြစ်ခြင်းကြောင့် ယနေ့သည် ဌာန၏ ၉ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါသည်။

   ဌာနတွင်း ထူးခြားကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့သော ဌာနခွဲများ၊ ဝန်ထမ်းများနှင့် နိုင်ငံတော်၏ ကုန်သွယ်ရေးဆိုင်ရာ မူဝါဒများအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအား ဂုဏ်ပြုသည့်အနေ ဖြင့် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၀၈း၃၀ နာရီအချိန်တွင် နေပြည်‌တော်၊ ရုံးအမှတ်-၃ တွင်  ကျင်းပခြင်းဖြစ်ပါသည်။

   အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အကောင်းဆုံး ဌာနခွဲဆုများ ချီးမြှင့်ခြင်း၊ တာဝန်ရှိသူအရာရှိကြီးများမှ စံပြဝန်ထမ်းဆုများ ချီးမြှင့်ခြင်း၊ အကောင်းဆုံး တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းဆုများချီးမြှင့်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားတွင် ကုန်သွယ်ရေးဦးစီးဌာန၊ ဝန်ထမ်းများမှ တေးသရုပ်ဖော် အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရှိရပါသည်။

Latest News: 
Latest New တင္ရန္

Palm Oil Wholesale Reference Price announced that Ks 5,250 per Viss

Mon, 04/01/2024 - 03:19 -- mocadmin
English

Nay Pyi Taw, March 31

   The Supervisory Committee on Import, Storage and Distribution of Edible Oil under the Ministry of Commerce has been closely observing the FOB prices in Malaysia including transportation cost, tariff and banking service charges, and issuing the wholesale market reference rate for edible oil on weekly basis.

   According to market condition and prices in the world's palm oil producing and exporting countries during this week, the reference prices of palm oil in the Yangon market is announced at Ks 5,250 per Viss for the period from 1 April  2024 to 7 April 2024.

   If those retailers and wholesalers are found overcharging, storing inventory intentionally and attempting unscrupulous action to manipulate the market, they will be taken by legal action under the Essential Goods and Services Law.

   The palm oil reference prices can be found on Department of Consumer Affairs’ website: www.doca.gov.mm, its Facebook page and the Facebook page of the Myanmar Edible Oil Dealers’ Association.

Latest News: 

လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

Fri, 03/29/2024 - 03:35 -- mocadmin
Undefined

    အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Essential Motor Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BYD ATTO 3 EV အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Myanmar Arr Thit Man Motor Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် CHANGAN DEEPAL S7 အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များနှင့် Qingdao CRRC Sifang Rolling Stock Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် GAC TOYOTA BZ4X အမျိုးအစား လျှပ်စစ်သုံးယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၂၈-၃-၂၀၂၄) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

Palm Oil Wholesale Reference Price announced that Ks 5,250 per Viss

Mon, 03/25/2024 - 05:28 -- mocadmin
English

Nay Pyi Taw, March 24

   The Supervisory Committee on Import, Storage and Distribution of Edible Oil under the Ministry of Commerce has been closely observing the FOB prices in Malaysia including transportation cost, tariff and banking service charges, and issuing the wholesale market reference rate for edible oil on weekly basis.

   According to market condition and prices in the world's palm oil producing and exporting countries during this week, the reference prices of palm oil in the Yangon market is announced at Ks 5,250 per Viss for the period from 25 March 2024 to 31 March 2024.

   If those retailers and wholesalers are found overcharging, storing inventory intentionally and attempting unscrupulous action to manipulate the market, they will be taken by legal action under the Essential Goods and Services Law.

   The palm oil reference prices can be found on Department of Consumer Affairs’ website: www.doca.gov.mm, its Facebook page and the Facebook page of the Myanmar Edible Oil Dealers’ Association.

Latest News: 

Palm Oil Wholesale Reference Price announced that Ks 5,215 per Viss

Mon, 03/11/2024 - 08:58 -- mocadmin
English

Nay Pyi Taw, March 10

   The Supervisory Committee on Import, Storage and Distribution of Edible Oil under the Ministry of Commerce has been closely observing the FOB prices in Malaysia including transportation cost, tariff and banking service charges, and issuing the wholesale market reference rate for edible oil on weekly basis.

   According to market condition and prices in the world's palm oil producing and exporting countries during this week, the reference prices of palm oil in the Yangon market is announced at Ks 5,215 per Viss for the period from 11 March 2024 to 17 March 2024.

   If those retailers and wholesalers are found overcharging, storing inventory intentionally and attempting unscrupulous action to manipulate the market, they will be taken by legal action under the Essential Goods and Services Law.

   The palm oil reference prices can be found on Department of Consumer Affairs’ website: www.doca.gov.mm, its Facebook page and the Facebook page of the Myanmar Edible Oil Dealers’ Association.

Latest News: 

စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း စိုက်ပျိုးရေးထွက်ကုန်များအပေါ် ဂျပန်နိုင်ငံ၏ ပိုးသတ်ဆေးဓာတ်ကြွင်း အမြင့်ဆုံးကန့်သတ်ချက်များဆိုင်ရာ အသိပညာမြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်

Mon, 03/04/2024 - 09:14 -- mocadmin
Undefined

 နေပြည်တော်၊ မတ်လ ၄ ရက်

အာဆီယံ-ဂျပန်စင်တာ၏ ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ စွမ်းဆောင်ရည်မြှင့်တင်ရေး ရန်ပုံငွေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်ကျင်းပပြုလုပ်သည့် စိုက်ပျိုးရေးထွက်ကုန်များအပေါ်  ဂျပန်နိုင်ငံ၏ ပိုးသတ်ဆေးဓာတ်ကြွင်း အမြင့်ဆုံးကန့် သတ်ချက်များဆိုင်ရာ အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

  အဆိုပါ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ သက်ဆိုင်ရာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဂျပန်ပဲအသင်းမှ ဒါရိုက်တာ Mr. Yamamoto Shinya နှင့် စီမံကိန်းညှိနှိုင်းရေးမှူး Dr. Nguyen Tuan Anh၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း ကုန်သည်များအသင်းမှ တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံသို့ ပဲမျိုးစုံတင်ပို့သည့်ကုမ္ပဏီများ၊ အဝယ်ဒိုင်များ နှင့် တောင်သူများ တက်ရောက်ခဲ့ကြပြီး ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက Online မှတစ်ဆင့် တက်ရောက်အားပေး ချီးမြှင့်ခဲ့ပါသည်။

            အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးထွက်ရှိသည့် ပဲမျိုးစုံကို နည်းပညာဆိုင်ရာစံသတ်မှတ်ချက်များ မြင့်မား သည့် ဈေးကွက်များဖြစ်သော ဂျပန်နိုင်ငံနှင့် အီးယူနိုင်ငံများအပါအဝင်  အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့ပါ အဓိကထားတင်ပို့လျက်ရှိရာ စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမှသာ ဈေးကွက်တည်မြဲရေးကို ထိန်းသိမ်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံသို့ ထောပတ်ပဲနှင့် ပဲတီစိမ်းတင်ပို့သည့် အချို့ဖြစ်စဉ်များတွင် Thiamethoxam နှင့် Cyanide စသည့် ပိုးသတ်ဆေးဓာတ်ကြွင်းပမာဏသည် ဂျပန်နိုင်ငံ၏ သတ်မှတ်ချက်ထက် အနည်းငယ်ကျော်လွန်နေ သည့်အတွက် စွန့်ပစ်ခြင်း (သို့မဟုတ်) ပြန်လည်တင်ပို့ခံရခြင်းများ တစ်ခါတစ်ရံ ကြုံတွေ့ရလျက်ရှိပါကြောင်း၊ ထိုသို့သောဖြစ်ပေါ်မှုများကို လျှော့ချဖြေရှင်းနိုင်ရန်အတွက် စိုက်ပျိုးရေးထွက်ကုန်သီးနှံများ၏ ထောက်ပံ့မှုကွင်းဆက်တစ်လျှောက် ပါဝင်ပတ်သက်သည့်တောင်သူများ၊ တစ်ဆင့်ခံအဝယ်တော်များ၊ ပြုပြင်ထုပ်ပိုးသူများ (Processors)၊ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ဂျပန်နိုင်ငံ၏ သွင်းကုန်ဆိုင်ရာ အခြေအနေများ၊ စျေးကွက်လိုအပ်ချက်များ၊ ပိုးသတ်ဆေးဓာတ်ကြွင်းဆိုင်ရာ ကန့်သတ်ချက်များ၊ စံချိန်စံညွှန်းများနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေနှင့် သတ်မှတ်ချက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးအတွက် ဝယ်လက်နိုင်ငံမှ ပညာရှင်များကို ဖိတ်ခေါ်ပြီး ယခုကဲ့သို့ အသိပညာမြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ပိုးသတ်‌ဆေးဓာတ်ကြွင်းဆိုင်ရာ အမြင့်ဆုံးကန့်သတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းဖြင့် ဂျပန်နိုင်ငံကဲ့သို့ နည်းပညာစံသတ်မှတ်ချက်များမြင့်မားသည့် ဈေးကွက်များအပြင် အခြားသော ဈေးကွက်အခွင့်အလမ်းများ၊ ဈေးနှုန်းများ ပိုမိုရရှိလာမည်သာမက ပြည်တွင်းစားသုံးသူများ အတွက်လည်း အစားအစာ ပိုမိုဘေးကင်း လုံခြုံစိတ် ချရမှုရှိစေမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်တင်ပို့မှုလုပ်ငန်းစဉ်တစ်လျှောက် ပိုးသတ်ဆေးကို စနစ်တကျသုံးစွဲရေးနှင့် ဝယ်ယူသည့်နိုင်ငံ၏ သွင်းကုန်ဆိုင်ရာအရည်အသွေး သတ်မှတ်ချက်များနှင့်အညီ တင်ပို့နိုင်ရေးတို့အတွက် ယခုကဲ့သို့ အသိပညာမြှင့်တင်ရေးလုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများ၊ သီးနှံစိုက်ပျိုး ထုတ်လုပ်သည့်တောင်သူများ၊ ကုန်သည်များ နှင့် ပို့ကုန်တင်ပို့သူများပါ ဟန်ချက်ညီစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားခဲ့သည်။

            ထို့နောက် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်က Online မှတစ်ဆင့်  ဝမ်းမြောက်ကြောင်း အမှာစကားပြောကြားခြင်း၊ အာဆီယံ-ဂျပန်စင်တာမှ စီမံကိန်းညှိနှိုင်းရေးမှူး Dr. Nguyen Tuan Anh က နှုတ်ခွန်းဆက် စကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ခေတ္တ ညွှန်ကြားရေးမှူးချုပ်က မြန်မာ့ပဲမျိုးစုံထုတ်လုပ်မှုနှင့် ဂျပန်နိုင်ငံသို့ တင်ပို့စဉ်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ ဂျပန်ပဲအသင်း၊ စိုက်ပျိုးရေးနှင့် သုတေသနဌာနမှ ဒါရိုက်တာ Mr. Yamamoto Shinya က “Stories from Japan: Japan Market for Beans” နှင့် “Exploring the potential: Sharing from Mung Bean Importer from Japan” ခေါင်းစဉ်များဖြင့် ရှင်းလင်းတင်ပြခဲ့ပြီးနောက် တက်ရောက်လာသည့် ပို့ကုန်တင်ပို့သူများ၊ အဝယ်ဒိုင်များနှင့် တောင်သူ များက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

            နေ့လယ်ပိုင်း အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် ဂျပန်နိုင်ငံပဲအသင်း၊ စိုက်ပျိုးရေးနှင့် သုတေသန ဌာနမှ ဒါရိုက်တာ Mr. Yamamoto Shinya က ပဲတင်ပို့သူများ၊ အဝယ်ဒိုင်များ၊ တောင်သူများအား ဂျပန်နိုင်ငံသို့ ပဲတင်ပို့ခြင်းလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းခြင်းနှင့် ဂျပန်နိုင်ငံသို့ ပဲတင်ပို့လျက်ရှိသည့် အသင်းဝင်ပို့ကုန် ကုမ္ပဏီများအနက်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဂျပန်နိုင်ငံသို့ ပဲတီစိမ်း၊ မတ်ပဲ၊ ထောပတ်ပဲနှင့် နှမ်းတန်ချိန်အများဆုံးတင်ပို့ခဲ့သည့် New Golden Gate (1991) Co., Ltd. ၏ စက်ရုံသို့ သွားရောက်လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ အစည်းအဝေးကျင်းပ

Wed, 02/28/2024 - 03:54 -- mocadmin
Undefined

   ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ ၁၄:၀၀ နာရီအချိန်တွင် ရုံးအမှတ် (၃)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ-၂ ၌ အမျိုးသားပို့ကုန် မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ၏ ၁/၂၀၂၄ ကြိမ်မြောက်အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

   အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသားပို့ကုန် မဟာဗျူဟာကို ၂၀၁၃ ခုနှစ်မှ စတင်ရေး ဆွဲခဲ့ပြီး ၂၀၁၅-၂၀၁၉ (၅) နှစ်တာကာလအတွက် ကဏ္ဍ (၁၁) ခုကို ရွေးချယ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ဒုတိယအဆင့်အဖြစ် ၂၀၂၀-၂၀၂၅ ကာလအတွက် ကဏ္ဍ (၁၈)ခုကို ရွေးချယ်အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် ကဏ္ဍအလိုက် အသေးစိတ်လုပ်ငန်းစီမံချက်များနှင့် ပင်မလုပ်ငန်းစီမံချက်ကို ရေးဆွဲပြီးဖြစ်၍ စီးပွားရေးရာကော်မတီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတို့ကလည်း အတည်ပြုပြီးဖြစ်ပါကြောင်း၊ မဟာဗျူဟာ အကောင်အထည်ဖော်နိုင်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီနှင့် အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဖွဲ့စည်းပေးပြီးဖြစ်ပါကြောင်း၊ ကဏ္ဍအလိုက် လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီကချမှတ်ထားသည့် စီးပွားရေးဦးတည်ချက်များကိုအခြေခံကာ ကာလ တိုအတွင်း ရလဒ်ထွက်ပေါ်နိုင်စေမည့် လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ကဏ္ဍ အလိုက် တာဝန်ယူဆောင်ရွက်မည့်အဖွဲ့များအနေဖြင့် သက်ဆိုင်ရာဌာနချင်း နီးကပ်စွာပူးပေါင်း ဆောင် ရွက်သွားရန်ဖြစ်ကြောင်း ပြောကြားသည်။

   ဆက်လက်၍ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အမျိုးသားပို့ကုန်မဟာဗျူဟာ ပထမအဆင့် ၂၀၁၅-၂၀၁၉ တွင် ကဏ္ဍ (၁၁)ခု အတွက် ၆၉ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း၊ ယခုဒုတိယအဆင့် ၂၀၂၀-၂၀၂၅ တွင် ကဏ္ဍ (၁၈)ခု ရွေးချယ်ထားရှိပြီး  ရာနှုန်းပြည့် အကောင်အထည်ဖော်နိုင်ရေး ရည်မှန်းချက်ထား ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ရည်မှန်းချက်အောင်မြင်ရေးအတွက် ပိုမိုကြိုးစားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးပတ်ဝန်းကျင်ကောင်းများ ဖြစ်လာစေရန်အတွက် ပိုမိုလုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊ ကော်မတီ၏ လုပ်ငန်းတာဝန်များအတိုင်း အဖွဲ့ဝင်များမှ ဝိုင်းဝန်ပူး ‌ပေါင်းဆောင်ရွက်သွားစေလိုကြောင်း၊ ဌာနများက လက်ရှိအကောင်အထည်ဖော်နေသည့် ဦးစားပေးလုပ်ငန်းများနှင့်ချိတ်ဆက်ပြီး ရေတိုအကျိုးရလဒ်ဖြစ်ထွန်းမည့် လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးဖော် ထုတ်သွားစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

  ဆက်လက်၍ ကော်မတီတွဲဘက်အတွင်းရေးမှူး-၁ ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက အမျိုးသားပို့ကုန်မဟာဗျူဟာ ဖွဲ့စည်းဆောင်ရွက်မှုနှင့်ကဏ္ဍအလိုက်အကောင်အထည်ဖော်မှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။

   ဆက်လက်၍ အစိုးရ-ပုဂ္ဂလိကပို့ကုန်မြှင့်တင်ရေးကော်မတီ ကော်မတီအဖွဲ့ဝင်များနှင့် အမျိုးသားပို့ကုန်မဟာဗျူဟာကဏ္ဍအလိုက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌများက ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြရာ တင်ပြမှုများအပေါ် ပို့ကုန်မြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ကဖြည့်စွက်ဆွေးနွေးပြီးလမ်းညွှန်မှာကြားခဲ့သည်။  

   အစည်းအဝေးသို့ အမျိုးသားပို့ကုန်မဟာဗျူဟာကဏ္ဍအလိုက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌများ၊ အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာချီလိတ်မြို့ရှိ ကုန်သွယ်မှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

Sun, 02/25/2024 - 13:05 -- mocadmin
Undefined

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅        

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁) နှင့် (၂) သို့ ရောက်ရှိကြည့်ရှုစစ်ဆေးပြီး ပို့ကုန်ကြေညာ လွှာ (Export Declaration- ED) နှင့် သွင်းကုန်ကြေညာလွှာ (Import Declaration- ID) များ မှန်ကန်မှု ရှိစေရေး ဌာနဆိုင်ရာ One-Stop-Service (OSS) အဖွဲ့များက စနစ်တကျ စိစစ်စစ်ဆေး ရန်၊ သတ်မှတ်နယ်စပ်မြို့ကို ဖြတ်ကျော်၍ ပြည်တွင်းသို့ တင်သွင်းမည်ဆိုပါက သွင်းကုန်လုပ်ထုံး လုပ်နည်းများအတိုင်း သွင်းကုန်လိုင်စင်ရယူခြင်း၊ အခွန်အရပ်ရပ်ပေးဆောင်ခြင်းများ ဆောင်ရွက် ရေးတို့ကို စိစစ်ကြပ်မတ်ရန်နှင့် တရားမဝင် တင်ပို့တင်သွင်းခြင်းများမရှိစေရေး အလေးထား ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မဲ‌ခေါင်အပြည်ပြည် ဆိုင်ရာမြစ်တွင်းဆိပ်ကမ်း (ဝမ်ပုံ) သို့ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် ဌာနဆိုင်ရာ One-Stop-Service (OSS) အဖွဲ့များ၏ ရှင်းလင်းတင်ပြမှုအပေါ် မဲခေါင်မြစ်မှ သယ်ဆောင်လာသည့် ကုန်ပစ္စည်းကို စစ်ဆေးရာ၌ ကြန့်ကြာမှုမရှိစေရေးနှင့် မှန်ကန်သည့် ကုန်သွယ်မှုဖြစ်စေရေး အလေးထားဆောင်ရွက်ရန်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်တို့ကို မှာကြားပြီး ကုန်သွယ်မှု လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။      

ထို့နောက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းလပ်ကုန်သွယ်ရေး စခန်းနှင့် မြန်မာ-လာအို ချစ်ကြည်ရေးတံတားရှိ Border Control Facility (BCF) ဂိတ်တွင် တာဝန်ထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာမှ တာဝန်ရှိဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်နေမှု များအား ကြည့်ရှုစစ်ဆေးပြီး ကျိုင်းလပ်(မြန်မာ)-ကျိုင်းခုတ်(လာအို) ချစ်ကြည်ရေးတံတားကို အသုံးပြု၍ မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်ဆင့်ခံ ဖြတ်သန်းကုန်သွယ်မှု (Transit Trade) တိုးတက်ဖြစ်ထွန်းရေးတို့အတွက် ဌာနဆိုင်ရာဝန်ထမ်း များသာမက ဒေသရှိ တိုင်းရင်းသား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ဆောင်ရွက်ကြ စေရေးမှာကြားပြီး  ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

Pages

Subscribe to RSS - Minister's Office