Minister's Office

မြန်မာအစိုးရအသိအမှတ်ပြု Myanmar GDE Consortium တည်ထောင်ရန်အတွက် စိစစ်ရွေးချယ်ရေးကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကျင်းပ

Sat, 12/16/2023 - 10:44 -- mocadmin
Undefined

နေပြည်တော်၊ ဒီဇင်ဘာ ၁၆ ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မြန်မာအစိုးရအသိအမှတ်ပြု Myanmar GDE Consortium တည်ထောင်ရန်အတွက် စိစစ်ရွေးချယ်ရေး ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

             အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အထူးစီးပွားရေးဇုန်များသည် မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် သာမက ဒေသတွင်းနိုင်ငံများအတွက်ပါ အရေးပါကြောင်း၊ အလားတူ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးသည် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအရေးကြီးသည်ကို အားလုံး နားလည် သဘောပေါက်ကြမည်ဟု ယုံကြည်ပါကြောင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည် ဖော်‌ဆောင်ရွက်ရာတွင် ‌ဒေသခံတိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များအပါအဝင် မြန်မာနိုင်ငံမှ လုပ်ငန်းအတွေ့အကြုံများရှိပြီး အမှန်တကယ်လုပ်ကိုင်‌ ဆောင်ရွက်နိုင်မည့် တိုင်းရင်းသား စီးပွား ရေးလုပ်ငန်းရှင်များကိုပါ ဖိတ်ခေါ်၍ စီမံကိန်းကုမ္ပဏီဖြင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

               Myanmar GDE Consortium ဖွဲ့စည်းရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာကို နိုင်ငံပိုင် သတင်းစာများဖြစ်သည့် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ထည့်သွင်းဖော်ပြခဲ့ကြောင်း၊ အစည်းအဝေးတက်ရောက်သူများမှ လျှောက်ထားလာသည့် မြန်မာကုမ္ပဏီများ၏ အဆိုပြု လျှောက်လွှာများ စိစစ်ရွေးချယ်ရေး လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအလိုက် မူဝါဒလုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်သွားမည့် အစီအစဉ် များကို အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးသို့ ဌာနဆိုင်ရာအသီးသီးမှ စိစစ် ရွေးချယ်ရေး ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့၏ (၄/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)၊ ပြည်ထောင်စုဝန်ကြီး တက်ရောက် အမှာစကားပြောကြား

Tue, 12/12/2023 - 03:40 -- mocadmin
Undefined

   မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ (၄/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက် နေ့၊ မွန်းလွဲပိုင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန (၁)၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး အမှာစကားပြောကြားခဲ့သည်။

   ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌက ပြောကြားရာတွင် စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၃) တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အထူးစီးပွားရေးဇုန်များသည် မိမိတို့နိုင်ငံအတွက်သာမက ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူပြုသဖြင့် အမြန်ဆုံးတိုးတက်မှုရရှိရန်နှင့် လုပ်ငန်းများ အောင်မြင်စွာလည်ပတ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းများသည်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူပြုစေနိုင်သည့်အတွက် စီမံကိန်းများအမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့်ပတ်သက်၍ ယခင်အစိုးရ လက်ထက်တွင် လက်မှတ်ရေးထိုးထား ပြီးဖြစ်သော လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်အား ပိုမိုကောင်းမွန်၍ ရှင်းလင်းပြည့်စုံမှုရှိစေရေးအတွက် ရင်းနှီးတည်ဆောက်သူ ဖြစ်သည့် China International Trust Investment Corporation–CITIC နှင့် ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ရာ နှစ်ဦးနှစ်ဖက် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများကြောင့် ညှိနှိုင်းမှုများ ပြီးပြတ်ခဲ့ပြီဖြစ်ပြီး မကြာမီအတွင်းနောက်ဆက်တွဲ ဖြည့်စွက်စာချုပ်ကို လက်မှတ်ရေးထိုးနိုင်တော့မည်ဖြစ်ပါကြောင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ စတင်ချိန်တွင် ဒေသခံရခိုင်တိုင်းရင်းသားများအပါအဝင် နိုင်ငံသားလူငယ်များ  အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးအတွက် တည်ဆောက်ရေး လုပ်ငန်းဆိုင်ရာ အသက်မွေးဝမ်း‌ကျောင်းပညာသင်ကြားရေး အစီအစဉ်များကို စတင်ပြင်ဆင်ထားရန် ဖြစ်ပါကြောင်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် နိုင်ငံသားကုမ္ပဏီများ ပါဝင်ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် အစိုးရအသိအမှတ်ပြု ကုမ္ပဏီစု (Government Designated Entity Consortium) ဖွဲ့စည်းနိုင်ရေး နိုင်ငံပိုင် သတင်းစာများတွင် စိတ်ဝင်စားမှု အဆိုပြုလွှာကြေညာ ဖိတ်ခေါ်ခဲ့ပြီးဖြစ်၍ အဆိုပြုလွှာ တင်သွင်းလာသည့် ကုမ္ပဏီများအား စိစစ်ရွေးချယ်သည့်လုပ်ငန်းစဉ်များ မကြာမီဆက်လက်ဆောင်ရွက်တော့မည် ဖြစ်ပါကြောင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းသည် နိုင်ငံတော်အတွက်သာမက နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်များ၊ တိုင်းရင်းသား လူငယ်များအတွက်လည်း အခွင့်အလမ်းများ ပေါ်ပေါက်စေမည် ဖြစ်ပါကြောင်း၊ သီလဝါအထူး စီးပွားရေးဇုန်အတွင်းရှိ စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်ဆောင်ရွက်နိုင်ရေးအတွက်လည်း လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲရေးကော်မတီအနေဖြင့်လည်း သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သလို စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အထူးစီးပွားရေးဇုန်များအနေဖြင့် ဇုန်အတွင်းရှိ ရင်းနှီးမြှုပ်နှံသူများနှင့် ဇုန်ပြင်ပရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းပြောကြားပါသည်။

   ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့် အဖွဲ့ဝင်များ၊ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီများနှင့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများက အထူးစီးပွားရေးဇုန်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြခဲ့ကြပြီး မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

   အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

Palm Oil Wholesale Reference Price announced that Ks 4,815 per Viss

Mon, 12/11/2023 - 03:41 -- mocadmin
English

Nay Pyi Taw, December 10

   The Supervisory Committee on Import, Storage and Distribution of Edible Oil under the Ministry of Commerce has been closely observing the FOB prices in Malaysia including transportation cost, tariff and banking service charges, and issuing the wholesale market reference rate for edible oil on weekly basis.

   According to market condition and prices in the world's palm oil producing and exporting countries during this week, the reference prices of palm oil in the Yangon market is announced at Ks 4,815 per Viss for the period from 11 December 2023 to 17 December 2023.

   If those retailers and wholesalers are found overcharging, storing inventory intentionally and attempting unscrupulous action to manipulate the market, they will be taken by legal action under the Essential Goods and Services Law.

   The palm oil reference prices can be found on Department of Consumer Affairs’ website: www.doca.gov.mm, its Facebook page and the Facebook page of the Myanmar Edible Oil Dealers’ Association.

Latest News: 

ပြည်ပပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ (၁၀)ဘီလီယံနီးပါး ဆောင်ရွက်နိုင်ပြီးဖြစ်

Sun, 12/10/2023 - 16:07 -- mocadmin
Undefined

နေပြည်တော်၊ ဒီဇင်ဘာ ၁၀  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဒီဇင်ဘာလဆန်းအထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု စာရင်းအရ ပို့ကုန်အမေရိကန်ဒေါ်လာ (၁၀) ဘီလီယံနီးပါးထိ တင်ပို့နိုင်ပြီးဖြစ် ပါသည်။ ယခုနှစ်တွင် မတ်ပဲ၊ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲတီစိမ်း၊ ရော်ဘာ၊ ပဲစဉ်းငုံ၊ နှမ်း၊ မြေပဲနှင့် ကြက်သွန်နီ၊ နနွင်းတက်၊ မန်ကျည်းသီး၊ ဂျင်းခြောက်၊ ဝဥ၊ ကြက်ဆူစေ့၊ ကော်ဖီစေ့၊ သီဟိုစေ့၊ ဝါ၊ ပီလောပီနံ၊ ဖရဲ၊ သခွား၊ သရက်၊ တစ်သျှူးငှက်ပျော လယ်ယာထွက်ကုန်များ စုံလင်စွာ တင်ပို့နိုင် သကဲ့သို့ ရေထွက်ပစ္စည်းကဏ္ဍမှ ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ငါးရှဉ့်၊ ငါးလေးခြောက်၊ ငါးခြောက်များ တင်ပို့လျက်ရှိပါသည်။

          ပြည်ပတင်ပို့မှု၌ စက်မှုကဏ္ဍထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်စေရေးကိုလည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ သစ်ပါးလွှာနှင့် အထပ်သားများ၊ သစ်အချောထည်ထုတ်ကုန်များ၊  ချုပ်ပြီး အထည်၊ သကြားနှင့် အခြားစက်မှုကုန်ချောထုတ်ကုန်များကိုလည်း တင်ပို့လျက်ရှိပါသည်။ ဧပြီလမှ ဒီဇင်ဘာလဆန်းထိတွင် ပြည်ပနိုင်ငံပေါင်း ၁၁၇ နိုင်ငံသို့ ပို့ကုန်အသီးသီး တင်ပို့ခဲ့ပြီး ထိုင်း၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ အမေရိကန်၊ ဂျာမဏီ၊ ပိုလန်၊ တောင်ကိုးရီးယား၊ ဗြိတိန်၊ စပိန်၊ ဘယ်လ်ဂျီယံ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများမှာ ကုန်စည်အလိုက် ဈေးကွက်ဝယ်လိုအား များပြား သည့် နိုင်ငံများဖြစ်ပါသည်။

          ပြည်ပ ပို့ကုန်၊ သွင်းကုန်၊ ကုန်သွယ်မှုအား ကုမ္ပဏီ ၅၉၃၈ ခုမှ အမှန်တင်ပို့၊ တင်သွင်း ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။

          လက်ရှိတွင် ပြည်ပသို့ ပို့ကုန်တင်ပို့မှုအား ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများအပြင် လေကြောင်းလိုင်းများမှတစ်ဆင့် တင်ပို့မှုများ ဆောင်ရွက်လျက်ရှိပါသည်။ ငါးမျိုး စုံ၊ ပုစွန်နှင့် အခြားရေထွက်ပစ္စည်းများတင်ပို့သည့် လုပ်ငန်းရှင်အချို့မှ ရက်သတ္တပတ်လျှင် တန် ချိန် ၃၀၀ ကို တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ ယူနိုက်တက်ကင်းဒမ်းနိုင်ငံများသို့ လေကြောင်းဖြင့် တင်ပို့လျက်ရှိပါသည်။

          ပို့ကုန် တိုးတက်တင်ပို့နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များအား အသိအမှတ်ပြုသည့်အနေဖြင့် ရော်ဘာပို့ကုန်ရငွေဖြင့် လုပ်ငန်းသုံးအတွက်လိုအပ်သည့် ဓာတ်မြေ ဩဇာ တင်သွင်းခွင့်ပြုထားပြီး ဆန်၊ ပဲ၊ ပြောင်းတင်ပို့သည့်လုပ်ငန်းရှင်များအား ပြည်တွင်းဈေးကွက် လိုအပ်ချက်ရှိသည့် စက်သုံးဆီကဲ့သို့သော သွင်းကုန်ပစ္စည်းများ တင်သွင်းခွင့်ပြုမည့် အစီအစဉ် များ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

          သို့ပါ၍ ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ဒေသအလိုက်၊ ကုန်စည်အလိုက် ပိုမိုစိုက်ပျိုး ထုတ်လုပ်ပြီး ထွက်ရှိလာသည့် ရာသီပေါ် သီးနှံများ၊ ငါး၊ ပုစွန် မွေးမြူရေး ရေထွက်ကုန်များအား  ပြည်ပ ဈေးကွက်ဝယ်လိုအား မြင့်မားနေသည့် အချိန်ကိုက် တင်ပို့နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ကြရန် လက်ရှိဘဏ္ဍာနှစ် ပြည်ပတင်ပို့နိုင်မှုစာရင်းများနှင့်အတူ အသိပေးတင်ပြလိုက်ရပါသည်-

 

 

Latest News: 
Latest New တင္ရန္

၂၀၂၃ ခုနှစ် စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ မြန်မာကိုယ်စားလှယ် အဖွဲ့တက်ရောက်

Sun, 11/26/2023 - 08:14 -- mocadmin
Undefined

နေပြည်တော်၊ နိုဝင်ဘာ ၂၅  

          တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြူနီစီပယ်အစိုးရ၊ နိုင်ငံခြားရေးရာဌာန၏ ဖိတ်ကြားချက်အရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ချုံချင့်မြို့တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပခဲ့သည့် ၂၀၂၃ ခုနှစ် စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (2023 Sichuan-Chongqing & Mekong Countries Sub-National Cooperation Forum) သို့ တက်ရောက်ခဲ့ပါသည်။

          မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကို အကျိုးဖြစ်ထွန်းစေရန်၊ စီးပွားရေးနှင့် ကုန် သွယ်ရေး ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်နှင့်ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ အကြား ဖွံ့ဖြိုးတိုးတက်စေရေး ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန်ရည်ရွယ်ချက်ဖြင့် ဖိုရမ်ကို ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

          ဖိုရမ်အကြိုအစီအစဉ်အနေဖြင့် စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ၏ ထုတ်ကုန် ပြပွဲကို နိုဝင်ဘာလ ၂၂ ရက်နေ့ ဒေသစံတော်ချိန် နေ့လယ် (၃) နာရီတွင် ချုံချင့်မြို့ရှိ Guanyinqiao အရောင်းစင်တာ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစီအစဉ်သို့ တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ကိုယ်စားလှယ်အဖွဲ့ဝင်များဖြစ်သည့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကျော်ဆန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးတို့နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။ ယင်းနေ့ညနေပိုင်းတွင် ချုံချင့်မြို့တော်ဝန်က တည့်ခင်းဧည့်ခံသည့် ညစာစားပွဲကို ချုံချင့်မြို့ရှိ Wudu ဟိုတယ်၌ ကျင်းပခဲ့ရာဖိတ်ကြားထားသည့် တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသခွဲနိုင်ငံများမှ ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်အတူ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။

          ၂၀၂၃ ခုနှစ် စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၃ ရက်နေ့၊ ဒေသစံတော်ချိန် နံနက် ၁၀  နာရီတွင် ချုံချင့်မြို့ရှိ နိုင်ငံခြားရေးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသခွဲ နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ် ခေါင်းဆောင် များနှင့်အတူ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက အမှာစကား ပြော ကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ချုံချင့်ဒေသနှင့် မဲခေါင်နိုင်ငံများ အကြား ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အတူတကွ ပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူပြုနိုင်ရေး အတွက် ယခုဖိုရမ်ကို ကျင်းပခဲ့ခြင်းဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသခွဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းခိုင်မာစေပြီး စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ဖိုရမ်တွင် ဆွေးနွေး မှုများသည် တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသခွဲနိုင်ငံများအကြား ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုများကို အခြေခံပြီး နောင်အနာဂတ်တွင် ပိုမိုကြီးမားသော စီးပွားရေးပေါင်းစည်း မှုများကို လုပ်ဆောင်နိုင်ရန် မျှော်လင့်ပါကြောင်း၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်နိုင် ရန် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၊ မဲခေါင်ဒေသခွဲနိုင်ငံများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံရှိ ချုံချင့်ဒေသအပါအဝင် မဲခေါင်ဒေသခွဲနိုင်ငံများ အကြား အပြန်အလှန်ကုန်သွယ်မှု ပိုမိုမြှင့်တင်နိုင်ရေးအတွက် အလားအလာရှိသော ကုန်စည်များကို ဖော်ထုတ်တင်ပို့ရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ ပို့ကုန်လုပ်ငန်းရှင်များနှင့် တင်သွင်းသူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှုတည်ဆောက်နိုင်ရေးအတွက် အရေးကြီးပါကြောင်းနှင့် တရုတ်နိုင်ငံ နှင့် မဲခေါင်ဒေသခွဲနိုင်ငံများရှိ စီးပွားရေးလုပ်ငန်းရှင်များအကြား ထိတွေ့ဆက်ဆံမှုကို ပိုမိုအရှိန်မြှင့် တင်ရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

          နိုဝင်ဘာလ ၂၃ ရက်နေ့၊ ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် Bishan ခရိုင်ရှိ New World ဟိုတယ်၌ ကျင်းပသည့် ဖိုရမ်အစီအစဉ်၌ တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်သည့် ကမ္ဘောဒီး ယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြို့တော်ဝန်များနှင့်အတူ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကျော်ဆန်းက တက်ရောက်ဆွေးနွေးခဲ့ပါသည်။ မြို့တော်ဝန် ဦးကျော်ဆန်းက မန္တလေးမြို့တော်၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ ကုန်သွယ်မှုလမ်းကြောင်းနှင့် ကုန်ထုတ်လုပ်မှုအတွက် အရေးပါမှုများ၊ မန္တလေးနှင့် ပုဂံမြို့များအပါအဝင် ဆက်စပ်ဒေသများ၏ ခရီးသွားလုပ်ငန်းများ၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ် နှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့်ပတ်သက်၍ အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါ သည်။

           နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ဖိုရမ်သို့ တက်ရောက်နေသော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ချုံချင့်မြို့ရှိ မော်တော်ယာဉ် ပြခန်းစင်တာ၊ ချုံချင့်မြို့ပြစီမံကိန်းဆိုင်ရာ ပြခန်း၊ ချုံချင့်မြို့ရှိ နိုင်ငံ တကာထောက်ပံ့ပို့ဆောင်ရေး ပြခန်းများသို့ သွားရောက်လေ့လာခဲ့ကြပါသည်။

          ၂၀၂၃ ခုနှစ် စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့်အတူ ချုံချင့် ဒုတိယ မြို့တော်ဝန်၊ စစ်ချွမ်းပြည်နယ်လွှတ်တော် အမြဲတမ်းကော်မတီ၏ ဒုတိယဥက္ကဋ္ဌ၊ အာဆီယံ-တရုတ် ဗဟိုဌာန၏ အထွေထွေအတွင်းရေးမှူးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လာအိုနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ထိုင်းနိုင်ငံ၊ စီးပွားရေးကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဗီယက်နမ်နိုင်ငံ၊ Bang ပြည်နယ် ဒုတိယအတွင်းရေးမှူးတို့နှင့် တရုတ်နိုင်ငံနှင့် မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ဖိတ်ကြားထား သော ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ၊ ကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် စုစုပေါင်း ကိုယ်စားလှယ်ဦးရေ (၃၀၀) ခန့် တက်ရောက်ခဲ့ပါသည်။

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့၊ နေ့လယ်ပိုင်းတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကူမင်းမြို့မှတစ်ဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ပါ သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်အတူ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကျော်ဆန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးတို့နှင့် တာဝန်ရှိသူများ ပြန်လည်လိုက်ပါခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

၂၀၂၃ စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် တက်ရောက်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသို့ ထွက်ခွာ

Tue, 11/21/2023 - 09:13 -- mocadmin
Undefined

နေပြည်တော်၊ နိုဝင်ဘာ ၂၁       တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြူနီစပယ်အစိုးရ၊ နိုင်ငံခြား ရေးရာဌာန၏ ဖိတ်ကြားချက်အရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည်  ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်မှ ၂၄ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့တွင် ကျင်းပမည့် ၂၀၂၃ စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (2023 Sichuan-Chongqing & Mekong Countries Sub-national Cooperation Forum) သို့ တက်ရောက်ရန် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

        မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကို အကျိုးဖြစ်ထွန်းစေရန်၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်နှင့် ချန်ဒူး-ချုံချင့်ဒေသနှင့် မဲခေါင်နိုင်ငံများအကြား ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ရန် ရည်ရွယ်ပြီး အဆိုပါဖိုရမ်ကို ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။

           ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကျော်ဆန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးတို့နှင့်  ကိုယ်စားလှယ် (၃) ဦး လိုက်ပါသွား ကြကြောင်း သိရသည်။

Latest News: 
Latest New တင္ရန္

Palm Oil Wholesale Reference Price announced that Ks 4,990 per Viss

Mon, 11/20/2023 - 03:40 -- mocadmin
English

   The Supervisory Committee on Import, Storage and Distribution of Edible Oil under the Ministry of Commerce has been closely observing the FOB prices in Malaysia including transportation cost, tariff and banking service charges, and issuing the wholesale market reference rate for edible oil on weekly basis.

   According to market condition and prices in the world's palm oil producing and exporting countries during this week, the reference prices of palm oil in the Yangon market is announced at Ks 4,990 per Viss for the period from 20 November 2023 to 27 November 2023.

   If those retailers and wholesalers are found overcharging, storing inventory intentionally and attempting unscrupulous action to manipulate the market, they will be taken by legal action under the Essential Goods and Services Law.

   The palm oil reference prices can be found on Department of Consumer Affairs’ website: www.doca.gov.mm, its Facebook page and the Facebook page of the Myanmar Edible Oil Dealers’ Association.

Latest News: 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသံအမတ်ကြီး H.E. Dr. Md. Monwar Hossain နှင့် Japan Myanmar Association ၏ Vice Chairman ဖြစ်သူ Mr. Watanabe Yusuke တို့အားလက်ခံတွေ့ဆုံ

Mon, 11/13/2023 - 03:29 -- mocadmin
Undefined

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့၊ (၀၉:၃၀) နာရီအချိန်တွင်  မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Md. Monwar Hossain ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

   တွေ့ဆုံစဉ် နယ်စပ်ဂိတ်များမှ တစ်ဆင့် ကုန်သွယ်မှုများ အဆင်ပြေချောမွေ့စေရေးနှင့် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်သာမက အခြားထုတ်ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးတို့အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

   ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် နံနက် (၁၁:၀၀) နာရီအချိန်တွင် Japan Myanmar Association ၏  Vice Chairman ဖြစ်သူ  Mr. Watanabe Yusuke ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

   တွေ့ဆုံစဉ် သီလဝါအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ် များအား ဆွေးနွေးခဲ့ကြသည်။

   အဆိုပါ တွေ့ဆုံပွဲများသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိ သည်။

Latest News: 
Latest New တင္ရန္

မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အထွေထွေ အစည်းအဝေး

Sat, 10/28/2023 - 03:27 -- mocadmin
Undefined

ရန်ကုန်၊ (၂၈-၁၀-၂၀၂၃)

            စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ရာနှုန်းပြည့်ပိုင်ဆိုင်သည့် မြန်မာကုန် ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်(Myanmar Inspection and Testing Services Ltd. – MITS) ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အထွေထွေ အစည်း အဝေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့၊ နံနက် ၉:၃၀ နာရီတွင် ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ(ပဉ္စမထပ်) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

  အဆိုပါ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ MITS ဒါရိုက်တာအဖွဲ့ဝင်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း ကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံပြောင်း လုပ်ငန်းအသင်းနှင့် ဘုရင့်နောင် ကုန်စည်ဒိုင်တို့မှ  ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

            အဆိုပါအခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် (MITS) သည် ကုန်သွယ် မှုဆိုင်ရာလုပ်ငန်းများဖြစ်သော တင်ပို့ခြင်း၊ တင်သွင်းခြင်းဆိုင်ရာများနှင့်ပတ်သက်သည့် စမ်းသပ်စစ် ဆေးမှုလုပ်ငန်းများအား ဆောင်ရွက်ပေးနိုင်ရန် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ပါကြောင်း၊ ပြည်ပ သို့တင်ပို့သည့်ပို့ကုန်များ၏ အရည်အသွေးသတ်မှတ်ချက်များနှင့်အညီ စျေးကွက်ဝင်ရောက်ခွင့် ရရှိ ရန်နှင့် နိုင်ငံအတွင်းသို့ တင်သွင်းသည့် ကုန်စည်များကိုလည်း ကုန်သွယ်မှုဆိုင်ရာ စီမံဆောင်ရွက်ခြင်း (Non-Tariff Measure) အရ အရည်အသွေးဆိုင်ရာ ကန့်သတ်ထိန်းချုပ်မှုအတွက် စစ်ဆေးခြင်းဖြစ် ပါကြောင်း၊ MITS အနေဖြင့် နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေး စံချိန်စံညွှန်းများကို လိုက်နာ လက်ခံကျင့်သုံးလျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ အရည်အသွေးသတ်မှတ်သောအဖွဲ့ (International Standard Organization) ၏ ISO 9001:2015 Certificate ကို ရရှိထားပြီး ကုန်ပစ္စည်း စစ်ဆေးခြင်းဆိုင်ရာ ISO/ IEC 17020 နှင့် ဓာတ်ခွဲစမ်းသပ်ခြင်းဆိုင်ရာ ISO/IEC 17025 တို့ရရှိရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ ဝန်ကြီးဌာန၏ တာဝန်ပေးအပ် ချက်အရ ပြည်တွင်းရှိ ဆန်စပါး အရည်အသွေး ကောင်းမွန်မှန်ကန်စေရေး စမ်းသပ်စစ်ဆေးပေးနိုင် ရန်အတွက် ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ပို့ကုန်လိုင်စင်လျှောက်ထားရာတွင် မြေပြင်လက်ကျန် စစ်ဆေးခြင်း၊ သင်္ဘော မတင်မီ စစ်ဆေးခြင်း (Pre-Shipment Inspection)၊ အလေးချိန်နှင့် အရည် အသွေးစစ်ဆေးခြင်း၊ ဆန်များ၏ အရည်အသွေး စစ်ဆေးခြင်းနှင့် အရန်ရိက္ခာဆန် အရည်အသွေး စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အတွက်လည်း အသိအမှတ်ပြုပါကြောင်း၊ MITS အနေဖြင့် စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်သည်လုပ်ငန်းရှင်များ၏ ယုံကြည်မှု၊ အားကိုးမှု ရှိစေရန် ရိုးသားမှု၊ ဘက်မလိုက်မှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန် သိမှုစသည့် အချက်များနှင့်ညီအောင် ဆောင်ရွက်ပေးရမှာဖြစ်သည့်အပြင် လုပ်ငန်းနယ်ပယ်တွင် Professional ဆန်ဆန် ယှဉ်ပြိုင် ဆောင်ရွက်နိုင်သည့် အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

            ထို့နောက် MITS ဒါရိုက်တာအဖွဲ့၊ ဒုတိယဥက္ကဋ္ဌက လုပ်ငန်းအခြေအနေများ တင်ပြခြင်း၊ ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာကို ဖတ်ကြားတင်သွင်း အတည်ပြုခြင်း၊ MITS မှ ထူးချွန်ဝန်ထမ်းများ အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်းစသည်တို့ကို ဆောင်ရွက်ခဲ့ကြပြီး နေ့လယ်ပိုင်းတွင် စီးပွားရေး နှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်သည့်အဖွဲ့သည် ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ ဆီသိုလှောင်ကန်များ၌ စားအုန်းဆီ သိုလှောင်ထားရှိမှု အခြေအနေများ၊ ဖြန့်ဖြူးမှု အခြေအနေများနှင့် စားသုံးသူ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး စီမံဆောင်ရွက် ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

Latest News: 
Latest New တင္ရန္

Palm Oil Wholesale Reference Price announced that Ks 4,395 per Viss

Mon, 10/23/2023 - 07:57 -- mocadmin
English

Nay Pyi Taw, October 22

    The Supervisory Committee on Import, Storage and Distribution of Edible Oil under the Ministry of Commerce has been closely observing the FOB prices in Malaysia including transportation cost, tariff and banking service charges, and issuing the wholesale market reference rate for edible oil on weekly basis.

    According to market condition and prices in the world's palm oil producing and exporting countries during this week, the reference prices of palm oil in the Yangon market is announced at Ks 4,395 per Viss for the period from 23 October 2023 to 30 October 2023.

    If those retailers and wholesalers are found overcharging, storing inventory intentionally and attempting unscrupulous action to manipulate the market, they will be taken by legal action under the Essential Goods and Services Law.

    The palm oil reference prices can be found on Department of Consumer Affairs’ website: www.doca.gov.mm,its Facebook page and the Facebook page of the Myanmar Edible Oil Dealers’ Association.

Latest News: 

Pages

Subscribe to RSS - Minister's Office