Minister's Office

လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ ပြည်တွင်းရောက်ရှိ

Fri, 10/20/2023 - 10:12 -- mocadmin
Undefined

    အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Aung Kan Bo Motorcycle Industrial Co., Ltd. မှ တင်သွင်းလာ‌သော Kanbo အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များသည် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်သို့ ရောက်ရှိလာပါသဖြင့် (၁၉-၁၀-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ ပြည်တွင်းရောက်ရှိ

Sun, 10/15/2023 - 13:11 -- mocadmin
Undefined

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Aung Kan Bo Motorcycle Industrial Co., Ltd. မှ တင်သွင်းလာ‌သော Kenbo အမျိုးအစား လျှပ်စစ်သုံးမော်တော် ဆိုင်ကယ်များသည် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်သို့ ရောက်ရှိလာပါသဖြင့် (၁၄-၁၀-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Mongkol Visitstump ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Sun, 10/15/2023 - 13:05 -- mocadmin
Undefined

နေပြည်တော်၊ အောက်တိုဘာလ ၁၅           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Mongkol Visitstump ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါသည်။

          တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်မှုတိုးမြှင့်နိုင်ရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုလု်ပငန်းများ လျင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မဲခေါင်-လန်ချန်း သစ်သီးပွဲတော် (မြန်မာ) (Mekong – Lancang Fruit Festival (Myanmar) တွင် မြန်မာနိုင်ငံမှ ပါဝင်ပြသနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးဦးဆောင်ကျင်းပ

Sun, 10/08/2023 - 11:37 -- mocadmin
Undefined

နေပြည်တော်၊ အောက်တိုဘာ ၆      “မဲခေါင်-လန်ချန်းသစ်သီးပွဲတော် (မြန်မာ)(Mekong – Lancang Fruit Festival-Myanmar)”ကို မြန်မာနိုင်ငံမှ ပါဝင်ပြသနိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမင်းမင်းက ဦးဆောင်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ရုံးအမှတ်(၃)၊ နေပြည်တော်ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၊ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေး၌ ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ မဲခေါင်-လန်ချန်းဒေသခွဲ စီးပွားရေးနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးစင်တာနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံမှ သစ်သီးဝလံများအား တရုတ်နိုင်ငံဈေးကွက်သို့ ပိုမိုတင်ပို့ရောင်းချ နိုင်မည့် အကျိုးကျေးဇူးရရှိမှာဖြစ်ကြောင်း၊ ပြပွဲသို့ မြန်မာနိုင်ငံမှထွက်ရှိသော ထောပတ်၊ နာနတ်၊ မက္ကဒေးမီးယား၊ ကျွဲကော၊ ဖရဲသီး၊ သခွားသီး၊ သရက်သီး၊ မင်းကွတ်သီး၊ ကြက်မောက်သီး၊ ဒူးရင်းသီး၊ ပင်မှည့်သီး၊ သစ်ကြားသီးများအပြင် ဝဥ၊ လက်ဖက်၊ ကော်ဖီနှင့် ရှောက်ကောပါကော များပါ ထည့်သွင်းပြသနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသို့ စျေးကွက် ထိုးဖောက်နိုင်မည့်အခွင့်အလမ်းဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်း သစ်သီးပွဲတော် ပထမနေ့တွင် မြန်မာနိုင်ငံ၏ အလားအလာရှိသည့် သစ်သီးဝလံများနှင့်ပတ်သက်သည့် ဈေးကွက်မြှင့်တင်ရေး ဆွေးနွေးပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပြပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ကုန်သည်/ အသင်းအဖွဲ့များက ပြပွဲသို့ အောင်မြင်စွာသွားရောက်ပြသနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ပြောကြားခဲ့ သည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်အတူ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းနှင့် ညီနောင်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။       

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဂျပန်-မြန်မာချစ်ကြည်ရေး အသင်း၏ ဒုတိယဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ

Wed, 09/20/2023 - 10:58 -- mocadmin
Undefined

နေပြည်တော်၊ စက်တင်ဘာ ၂၀  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. Watanabe Yusuke (မစ္စတာ ဝါတာနာဘဲ ယုဆုကဲ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါသည်။

     တွေ့ဆုံစဉ် ဂျပန်-မြန်မာချစ်ကြည်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များအားအသေးစိတ်ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

(၂၀) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ဆက်လက်ပါဝင်ပြသ

Mon, 09/18/2023 - 16:16 -- mocadmin
Undefined

တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့မှစတင်၍ ကျင်းပလျက် ရှိရာ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ထုတ်ကုန်ပစ္စည်းများကို ပါဝင်ပြသလျက်ရှိပါသည်။ အဆိုပါကုန်စည်ပြပွဲ တတိယနေ့အဖြစ် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင်လည်း မြန်မာနိုင်ငံမှ ပြခန်းပေါင်း ၈၀ ဖြင့်ဆက်လက် ပါဝင်ပြသလျက်ရှိပါသည်။

မြန်မာကုန်စည်ပြခန်းများတွင် လယ်ယာထွက်ကုန်များဖြစ်သည့် ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ထောပတ်သီး၊ ရေထွက်ကုန်များ၊ မြန်မာ့လက်မှုအနုပညာပစ္စည်းများ၊ အဝတ်အထည်၊ စားသောက်ကုန်များ၊ မြန်မာ့ကျောက်မျက်လက်ဝတ် ရတနာပစ္စည်းများကို စုံလင်စွာခင်းကျင်းပြသ ရောင်းချလျက် ရှိပါသည်။

အဆိုပါကုန်စည်ပြပွဲ တတိယနေ့တွင်လည်း ယခင်နေ့များနည်းတူ မြန်မာ့ထုတ်ကုန်ပစ္စည်းများကို စိတ်ပါဝင်စား၍ လာရောက် လေ့လာကြည့်ရှုသူများ၊ ​ကြိုက်နှစ်သက်၍ ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိပါသည်။ နှစ်လိုဖွယ်ရာမြို့ ပြခန်းဆောင် ၌လည်း မြန်မာ့ရိုးရာယဉ်ကျေးမှုအကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ကပြလျက်ရှိပါကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့များ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

Mon, 09/18/2023 - 16:13 -- mocadmin
Undefined

နေပြည်တော်၊ စက်တင်ဘာ ၁၈                ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့မှ ၁၉ ရက် နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် (၂၀) ကြိမ်မြောက် တရုတ် - အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး၊ (၇) ကြိမ်မြောက် တရုတ် -အာဆီယံ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်နှင့် သွင်းကုန်/ပို့ကုန် အစားအသောက်ဘေး ကင်းရေး ပူးပေါင်းဆောင်ရွက်မှု ညီလာခံများသို့ တက်ရောက်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် (၇) ကြိမ်မြောက် တရုတ် - အာဆီယံတိုင်းရင်းဆေးနှင့် ဆေးဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးနှင့် ကျန်စုပြည်နယ် ရောဂါကာကွယ်ထိမ်းချုပ်ရေးဌာနသို့ လေ့လာရေးခရီးသွားရောက်ခဲ့သည့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းတို့သည် ယနေ့နေ့လည်ပိုင်းတွင် ကူမင်းမြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ (၁၅:၁၀) နာရီအချိန်၌ ပြန်လည်ရောက်ရှိခဲ့ပါသည်။

              အဆိုပါ ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံရုံးဒုတိယအကြီးအကဲ (Minister-Counselor) ဖြစ်သူ Mr. Jia Junjie နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

အကြိမ် (၂၀) မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့်အကြိမ် (၂၀) မြောက် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီး အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်

Sun, 09/17/2023 - 16:38 -- mocadmin
Undefined

အကြိမ် ၂၀ မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် အကြိမ်၂၀ မြောက် တရုတ် - အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

              ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီကျန်း၊ ကမ္ဘော ဒီးယားနိုင်ငံ ဝန်ကြီးချုပ်၊ လာအိုနိုင်ငံ ဝန်ကြီးချုပ်၊  မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် ၊ အင်ဒိုနီးရှားနိုင်ငံ ဒုတိယသမ္မတ၊  စင်ကာပူနိုင်ငံ ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး၊  ဘရူနိုင်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီး၊ ဖိလစ်ပိုင်နိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနဝန်ကြီး ၊ တီမောလက်စ်တီနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး ဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြပါသည်။

              အဆိုပါအကြိမ်၂၀မြောက်တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့်အကြိမ်၂၀ မြောက် တရုတ် - အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးတို့အား “ရပ်ဝန်းနှင့် ပိုးလမ်းမ အရည်အသွေးမြင့်စွာဖွံ့ဖြိုးလာစေရေးမြှင့်တင်ခြင်းနှင့် ကြီးထွားမှု ဗဟိုချက်အသစ်ကို ပြုစုပျိုးထောင်ပေးခြင်းတို့ဖြင့် အတူမျှဝေခံစားသည့် အနာဂတ်နှင့်ဟန်ချက်ညီမျှသည့် နေရာတစ်ခုဖြစ်လာစေရေးအတွက် အတူတကွကြိုးပမ်းဆောင်ရွက်ကြပါစို့”ဟူသော ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေနှင့် အရာရှိကြီးများလည်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။

              ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဟွမ်ကျွမ့်ဟွာနှင့်အတူ အကြိမ် (၂၀) မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် ခင်းကျင်းပြသလျက်ရှိသည့် မြန်မာလုပ်ငန်းရှင်များ၏ ပြခန်း များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။ ပြပွဲ၌  မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် လယ်ယာ ထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းထွက်ကုန်ပစ္စည်းများ၊ ကျောက်မျက်ရတနာနှင့် လက်ဝတ်လက်စားများကိုပါဝင်ခင်းကျင်း ပြသလျက် ရှိပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ မန္တလေးမြို့တော်ဝန်၊ မန္တလေးတိုင်းဒေသ ကြီးအစိုးရ စီးပွားရေးဝန်ကြီး၊ မြန်မာသံအမတ်ကြီးနှင့် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဟွမ်ကျွမ့်ဟွာတို့သည် မြန်မာအမျိုးသားပြခန်းဆောင်သို့ ဆက်လက်သွားရောက်၍ ပြခန်း ဆောင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ၊ ရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်မှုကို အားပေးကြည့်ရှု ပါသည်။ ထို့နောက် မြန်မာပြခန်းဆောင်တွင် နှစ်လိုဖွယ်ရာမြို့အဖြစ်ရွေးချယ်ထားသော မန္တလေး မြို့ပတ်ဝန်းကျင်ဒေသ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စက်မှုဇုန်၊ ခရီးသွားဇုန်၊ အိမ်ရာတည်ဆောက်ရေးစီမံကိန်းများအား အထူးပြုပြသထားမှုကို အားပေးကြည့်ရှုပါသည်။

              ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် Liyuan Resort ၊ International Conference Center  တွင် ကျင်းပပြုလုပ်သည့်  အကြိမ် (၂၀) မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် ဆက်စပ်ကျင်းပသည့် အဓိကအစီအစဉ်ဖြစ်သော Institutional Opening-up for New Economic Growth အစည်းအဝေးသို့  တရုတ်ကွန်မြူနစ်ပါတီ ကွမ်ရှီးကော်မတီ အတွင်းရေးမှူး ၊ ကွမ်ရှီးပြည်နယ်အုပ်ရေးမှူး၊ တရုတ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်၊ စင်ကာပူကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာနဝန်ကြီးတို့နှင့်အတူ တက်ရောက်ခဲ့ပါသည်။

              အဆိုပါအစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ အကြီးအကဲများ၊  သုတေသီများနှင့် ပညာရှင်များ၊ စီးပွားရေးဦးဆောင်သူများက ဒေသတွင်းစီးပွားရေး အရှိန်အဟုန် သစ်ဖြင့် ဖွံ့ဖြိုးလာစေရန် ဥပဒေနှင့်     စည်းမျဉ်းစည်းကမ်းများ၊  စီမံခန့်ခွဲမှုများ၊  စံချိန်စံညွှန်းများ၊

ကူးသန်းရောင်းဝယ်ရေးကိစ္စများနှင့်စပ်လျဉ်း၍ ရင်းနှီးစွာဆွေးနွေး၍ အမြင်ချင်းဖလှယ်ခဲ့ကြ ပါသည်။ ထို့နောက်  တရုတ်-အာဆီယံ စံချိန်စံညွှန်းဗဟိုဌာနထူထောင်ဖွင့်လှစ်ခြင်း အစီအစဉ်ကို လည်း ကြေညာဆောင်ရွက်ခဲ့ပါသည်။

              ထို့နောက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လိယွမ်နိုင်ငံတော်ဧည့်ဂေဟာ၌ တရုတ်သတင်းဌာနများဖြစ်သည့် People’s Daily ၊ CGTN  ၊ China Media Group   ၊  China News Service   ၊  Guangxi Daily  ၊ Guangxi Radio and Television ၊  Nanning Daily နှင့် Nanning Radio and Television ရုပ်သံဌာနတို့အား လက်ခံတွေ့ဆုံခဲ့ပါသည်။               တွေ့ဆုံစဉ်ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ကိစ္စရပ်များ၊ တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ်မျှော်မှန်းချက်များနှင့် ပတ်သက်၍ သတင်းမီဒီယာများ၏ မေးမြန်းချက်များကိုပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။

              ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ ညနေပိုင်းက တရုတ် နိုင်ငံတော်ဝန်ကြီးချုပ် မစ္စတာလီကျန်းက တည်ခင်းဧည့်ခံခဲ့သော တရုတ်-အာဆီယံ ကုန်စည်ပြပွဲအကြို ဂုဏ်ပြုညစာ စားပွဲသို့ အခြားအာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့်အတူ တက်ရောက်ခဲ့ ပါသည်။       

              တရုတ် - အာဆီယံ ကုန်စည်ပြပွဲများနှင့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်း အဝေးများကို ၂၀၀၄ ခုနှစ်မှစ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ နန်နင်းမြို့တွင် နှစ်စဉ်ကျင်းပလာခဲ့သည်မှာ အကြိမ် ၂၀ မြောက်ပြီဖြစ်ကာ၊ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အခွင့်အလမ်းကောင်း များ တိုးတက်ထွန်းကားလာလျက်ရှိကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

(၂၀) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ပါဝင်ပြသ

Sun, 09/17/2023 - 16:34 -- mocadmin
Undefined

နေပြည်တော်၊ စက်တင်ဘာ ၁၇      တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်း မြို့တွင် (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို ကျင်းပလျက်ရှိရာ အဆိုပါကုန်စည် ပြပွဲဖွင့်ပွဲနေ့အဖြစ် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကုန်ပစ္စည်းများကို ပါဝင်ပြသလျက်ရှိရာ အဆိုပါကုန်စည်ပြပွဲ၏ မြန်မာကုန်စည်ပြခန်း ဆောင်တွင် မြန်မာနိုင်ငံမှ ပြခန်းပေါင်း ၈၀ ဖြင့် ပါဝင်ပြသလျက်ရှိပါသည်။

မြန်မာကုန်စည်ပြခန်းများတွင် ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ရေထွက်ကုန်၊ ထောပတ်သီး၊ လက်မှုအနုပညာပစ္စည်းများ၊ အဝတ်အထည်၊ စားသောက်ကုန်၊ မြန်မာ့ကျောက်မျက်လက်ဝတ် ရတနာပစ္စည်းများကို ခင်းကျင်းပြသ ရောင်းချလျက်ရှိပါသည်။

ကုန်စည်ပြပွဲဖွင့်ပွဲနေ့တွင် မြန်မာကုန်စည်ပြခန်းများ၌ မြန်မာ့ထုတ်ကုန်ပစ္စည်းများကို စိတ်ပါဝင်စား၍ လာရောက်လေ့လာ ကြည့်ရှုသူများ၊ ​ကြိုက်နှစ်သက်၍ ဝယ်ယူသူများဖြင့် စည်ကား လျက်ရှိပါသည်။ ထို့ပြင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျင်းပခဲ့သည့် မန္တလေးတိုင်းဒေသကြီး ကုန်သွယ်မှု၊ ရင်နှီးမြှုပ်နှံမှုနှင့်ခရီးသွားမြှင့်တင်ရေးဖိုရမ်တွင် မြန်မာနှင့် တရုတ်ကုန်သည် လုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက် ၆ ခုကို လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

၂၀၂၃ တရုတ်-အာဆီယံ ပိုးလမ်းမ အီးကောမတ်စ်ဖိုရမ်သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက် အမှာစကားပြောကြား

Sat, 09/16/2023 - 11:53 -- mocadmin
Undefined

နေပြည်တော်၊ စက်တင်ဘာ ၁၆      

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ရောက်ရှိနေ သော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နေ့လယ်ပိုင်းက Crowne Plaza ဟိုတယ်တွင် ကျင်းပပြုလုပ်သည့်  ၂၀၂၃ တရုတ်-အာဆီယံ ပိုးလမ်းမ အီးကောမတ်စ်ဖိုရမ်သို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြားရာ၌ပိုးလမ်းမတစ်လျှောက် ဒေသများတွင် အီလက် ထရောနစ်စနစ်ဖြင့် ကူးသန်းရောင်းဝယ်မှုများ တိုးမြှင့်ဆောင်ရွက်ခြင်းမှာ အလွန်အဓိပ္ပါယ်ရှိပါ ကြောင်း၊  ယနေ့ခေတ်တွင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ အားကောင်းခိုင်မာစေ ရန် ဆောင်ရွက်ရာတွင် e-Commerce မှာ အလွန်အရေးပါလှပါကြောင်း၊ ဒစ်ဂျစ်တယ်ခေတ်၌ ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ်မှုများအပေါ် အလေးထားဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံ၌ မကြာသေးမီနှစ်များအတွင်း ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုများ သိသာ ထင်ရှားစွာ တိုးတက်ဖြစ်ထွန်းလာကြောင်း၊  ဒစ်ဂျစ်တယ်ဂေဟစနစ် ခိုင်မာအားကောင်းစေရန် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများကို ခေတ်နှင့်လျော်ညီစေရန် ဘက်စုံဒစ်ဂျစ်တယ်လမ်းပြ မြေပုံအား ချမှတ်ဆောင်ရွက်နေကြောင်း၊ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ (Digital Economy Development Committee - DEDC) ကို ဖွဲ့စည်းထားပြီးဖြစ်ကာ၊ မိမိကဥက္ကဋ္ဌ အဖြစ် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးမှုလုပ်ငန်းများကို  ဆောင်ရွက်နေကြောင်း၊ မြန်မာအစိုးရက နည်းပညာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန်နှင့် ဒစ်ဂျစ်တယ်ကုန်သွယ်ရေး မြှင့်တင်ရန် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နေကြောင်း၊  အားလုံးပါဝင်သည့် စီးပွားရေး ဖွံ့ဖြိုးမှုကိုမောင်းနှင်ရန် ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဘဏ်လုပ်ငန်း၊ ပညာရေးကဏ္ဍများတွင် ဒစ်ဂျစ်တယ်နည်းပညာဖွံ့ဖြိုးလာစေရန် အရှိန်မြှင့်တင်ကာ ဆောင်ရွက်နေ ပါကြောင်း၊  ပိုးလမ်းမတွင် အီလက်ထရောနစ်စနစ်ဖြင့် ကူးသန်းရောင်းဝယ်မှုများ ပိုမိုထွန်းကား လာစေရန် ပါဝင်သည့် နိုင်ငံများက ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံခြင်း၊ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုများပြုခြင်းနှင့် ဆန်းသစ်တီထွင်မှုများနှင့် စွန့်ဦးတီထွင် ဆောင်ရွက်မှုများပြုခြင်းတို့အပေါ် အတူတကွ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်ဖြစ် ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

          အဆိုပါဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  မစ္စတာလီဖေ့၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယဥက္ကဋ္ဌ မစ္စတာ  မြောင်ကျင်းဝမ်နှင့် တရုတ်နှင့် အာဆီယံနိုင်ငံများမှ အီလက်ထရောနစ် စီးပွားရေးလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်နေသူများ၊ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

Pages

Subscribe to RSS - Minister's Office