Minister's Office

နိုင်ငံတော်အရန်ဆန်များ စုဆောင်းထားရှိမှုအခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း

Sat, 08/12/2023 - 17:39 -- mocadmin
Myanmar

ရန်ကုန်၊ ၂၀၂၃ ခုနှစ်  ဩဂုတ်လ ၁၂  ရက်

  နိုင်ငံတော်အရန်ဆန်ဝယ်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် ယနေ့ နေ့လယ်ပိုင်းတွင် အရန်ဆန်ဝယ်ယူရေးကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူများ လိုက်ပါ၍ ဒုတိယအကြိမ် ဝယ်ယူစုဆောင်းနေသည့် နိုင်ငံတော်အရန်ဆန်များ စုဆောင်းထားရှိမှုအခြေအနေကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ အစီအစဉ်ဖြင့် အရန်ဆန် အိတ် ၂ သိန်းကို ယခုနှစ် မေလအတွင်း ပထမအကြိမ် ဝယ်ယူစုဆောင်းခဲ့ပြီး သဘာဝဘေး အန္တရာယ်ကျရောက်ခဲ့သည့် ဒေသများသို့ နိုင်ငံတော်မှ  ဖြန့်ခွဲပေးပို့ခဲ့ပြီးဖြစ်ပါသည်။

    ယခုအခါထပ်မံ၍  သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဒေသများသို့ ဆက်လက်ပံ့ပိုးပေးနိုင်ရေးအတွက် နိုင်ငံတော် အရန်ဆန်ဝယ်ယူရေးကြီးကြပ်မှုကော်မတီနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ညှိနှိုင်း၍ ဒုတိယအကြိမ် ဆန်အိတ် ၅ သိန်းကို ထပ်မံဝယ်ယူစုဆောင်းခဲ့ပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အစီအစဉ်ဖြင့် သဘာဝဘေး အန္တရာယ်ကျရောက်သည့်ဒေသများသို့ ဆက်လက်ပို့ဆောင်ပေးရန် စီစဉ်ထားရှိမှုအပေါ် ဝယ်ယူ စုဆောင်းထားသည့် အရန်ဆန်များ သတ်မှတ်အရည်အသွေးနှင့် အလေးချိန်ပြည့်မီခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ သဘာဝဘေးသင့်ဒေသများသို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ပါသည်။

Latest News: 
Latest New တင္ရန္

ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ကျင်းပပြုလုပ်မည့် “Horticultural Expo 2023” တွင် မြန်မာနိုင်ငံကိုယ်စားပြု ပြခန်းဆောင်ပါဝင်ပြသမည့် အစီအစဉ်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက လမ်းညွှန်မှာကြား

Thu, 08/10/2023 - 03:15 -- mocadmin
Undefined

နေပြည်တော်၊ ဩဂုတ် ၉     

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့အထိ (၆) လအကြာ ကျင်းပပြုလုပ်မည့်  “Horticultural Expo 2023” တွင် မြန်မာနိုင်ငံကိုယ်စားပြုပြခန်းဆောင် ပါဝင်ပြသမည့် အစီအစဉ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ ပါဝင်ပြသနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်းပြီး တင်ပြမှုအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

   ထို့နောက် အဆိုပါကုန်စည်ပြပွဲတွင် မြန်မာပြခန်းဆောင်တာဝန်ခံအဖြစ် ဆောင်ရွက်မည့် Treasure Cap Group of Companies မှ တာဝန်ရှိသူများက မြန်မာပြခန်းဆောင် ဒီဇိုင်းရေးဆွဲထားမှုအခြေအနေများ၊ ပြပွဲကာလအတွင်း ထည့်သွင်းကျင်းပမည့် အစီအစဉ်များ နှင့် ပြပွဲတွင် မြန်မာပြခန်းဆောင် အောင်မြင်စွာ ပါဝင်ပြသနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။

   Horticultural Expo 2023 တွင် မြန်မာနိုင်ငံပါဝင်ပြသနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက် များအပေါ် ပြည်ထောင်စုဝန်ကြီးမှ ပေါင်းစပ်ညှိနှိုင်းပေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

   အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

Mon, 08/07/2023 - 03:05 -- mocadmin
Undefined

   အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Earth Renewable Energy Co., Ltd. မှ တင်သွင်းလာသော BYD Dolphin အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၁၀) စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့်     (၄-၈-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

လျှပ်စစ်သုံးယာဉ်အတွက် အားသွင်းစက်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

Thu, 08/03/2023 - 03:51 -- mocadmin
Undefined

    အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Super Seven Stars Motors Industry Co., Ltd. မှ တင်သွင်းလာ‌သော လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger, 7 KW) (၂၃) ခုနှင့် (EV Charger, 11 KW) (၂၈) ခု၊ စုစုပေါင်း လျှပ်စစ်သုံးယာဉ်အားသွင်းစက် (၅၁) ခုသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့်      (၂-၈-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံးယာဉ်အားသွင်းစက်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

၂၀၂၃ ခုနှစ် အာဆီယံ-တရုတ် မဟာပင်လယ်အော်ဒေသ (ကျူးဟိုင်) စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

Mon, 07/31/2023 - 10:53 -- mocadmin
Myanmar

နေပြည်တော်၊ ဇူလိုင် ၃၁      တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ အခြေစိုက်သည့် အာဆီယံ-တရုတ်ဗဟိုဌာန (ASEAN-China Centre-ACC) ၏ ဖိတ်ကြားချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက် မှ ၃၀ ရက်အထိ တရုတ်နိုင်ငံ၊ ကွမ်းတုန်းပြည်နယ်၊ ရှန်းကျန်း မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၃ ခုနှစ် အာဆီယံ-တရုတ် မဟာပင်လယ်အော်ဒေသ (ကျူးဟိုင်) စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် (2023 ASEAN-China Greater Bay Area (Qianhai) Economic Cooperation Forum) သို့ တက်ရောက်ခဲ့ပါသည်။

          တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရန်နှင့် သိပ္ပံ၊ နည်းပညာ၊ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်စီးပွားရေးစသည့် နယ်ပယ်များ၌ အာဆီယံတရုတ် ပူးပေါင်းဆောင်ရွက်ပြီး မဟာပင်လယ်အော်ဒေသ၏ အခန်းကဏ္ဍကို  အလေးပေး ထည့်သွင်းဆွေးနွေးရန်ရည်ရွယ်ချက်ဖြင့် အာဆီယံ-တရုတ် ဗဟိုဌာနက ဖိုရမ်ကိုဦးဆောင်ကျင်းပခြင်း ဖြစ်ပါသည်။

          အဆိုပါဖိုရမ်၏ ဖွင့်ပွဲအခမ်းအနားကို ၂၉ ရက်နေ့၊ ဒေသစံတော်ချိန် နံနက် (၀၈:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါပြီး အာဆီယံ-တရုတ် စီးပွားရေး၊ စက်မှု၊ သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအစီအစဉ်၌ တရုတ်နှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်ခေါင်းဆောင်များနှင့်အတူ ဒုတိယဝန်ကြီးက အမှာစကားပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ကိုမြှင့်တင်ရန်နှင့် သိပ္ပံ၊ နည်းပညာ၊ ဆန်းသစ်တီထွင်မှုနှင့် ီဂျစ်တယ်စီးပွားရေးစသည့် နယ်ပယ်များ၌ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ယခုဖိုရမ်ကို ကျင်းပခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုဖိုရမ်တွင်ဆွေးနွေးမည့် တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သက်ဆိုင်ရာကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရှင်များ၏ ဆွေးနွေးချက်များသည် သိပ္ပံ၊ နည်းပညာ၊ ဆန်းသစ်တီထွင်မှုနှင့် ီဂျစ်တယ်စီးပွားရေးနယ်ပယ်များတွင်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့် တင်ပေးမည်ဟု ယုံကြည်ပါကြောင်း၊ မဟာပင်လယ်အော် ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသည် တရုတ်နိုင်ငံတွင်သာမက အာဆီယံနိုင်ငံများတွင်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အာဆီယံနိုင်ငံများသည် ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု၊ ချိတ်ဆက်မှုနှင့် ရေရှည်တည်တံ့သောစိုက်ပျိုးရေးစသည့် ကဏ္ဍများတွင် အထူးအလေးပေး ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်မှုဒေသ အဆင့်မြှင့်တင်ရေးနှင့် Guangdong - HongKong-Macao မဟာပင်လယ်အော်ဒေသ တည်ဆောက် ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖိုရမ်တွင် ဆွေးနွေးမှုများသည် အာဆီယံ-တရုတ် ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး ပိုမို ကောင်းမွန်တိုးတက်ရေးနှင့် အာဆီယံနှင့် မဟာပင်လယ်အော်ဒေသတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရာတွင် အခွင့်အလမ်းများဖော်ဆောင်ပေးနိုင်မည့် ရလဒ်ကောင်းများရရှိနိုင်မည်ဟု မျှော်လင့်ပါကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။

          မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များဖြစ်သော မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက အာဆီယံနှင့် မဟာပင်လယ်အော်ဒေသတို့အကြား စီးပွား ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ၌ အဓိကဆွေးနွေးသူအဖြစ် လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးအောင်ဇေယျာလွင်က စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အကြီးအမှူးများဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးခဲ့ကြသည်။

          ဖိုရမ်သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်နှင့် အတူ အာဆီယံ-တရုတ်ဗဟိုဌာန၊ အထွေထွေအတွင်းရေးမှူးချုပ် Mr. Shi Zhongjun၊ တရုတ်နိုင်ငံ၊ ရှန်ကျန်းပြည်နယ်အစိုးရ၏ ဒုတိယမြို့တော်ဝန် Mr. Wang Shourui တို့က တက်ရောက်ခဲ့ကြပါ သည်။ ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ မလေးရှားနိုင်ငံ၏ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဝန်ကြီးဌာနမှ ဝန်ကြီး၊ အင်ဒိုနီးရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တရုတ်နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် ဘရူးနိုင်းနိုင်ငံသံအမတ်ကြီး၊ ဖိလစ်ပိုင်နိုင်ငံ၏ စက်မှုနှင့်ကုန် သွယ်ရေးဌာန၏ ဒုတိယအကြီးအကဲတို့က ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များအဖြစ် ဦးဆောင် ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါဖိုရမ်သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စုစုပေါင်း ကိုယ်စားလှယ်ဦးရေ (၅၀၀) ခန့်တက်ရောက်ခဲ့ပါသည်။

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ (၁၇) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

Sun, 07/30/2023 - 05:02 -- mocadmin
Myanmar

နေပြည်တော်၊ ဇူလိုင် ၂၉      ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့၊ (၀၉:၃၀)နာရီအချိန်တွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်သည့် (၁၇) ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ကိုယ်စား အမြဲတမ်းအတွင်းဝန်မှ နေပြည်တော်၊ ပျဉ်းမနားမြို့ မြို့သစ်ကျောင်း ဆရာတော် ဘဒ္ဒန္တ ခေမာ စာရနှင့် သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဘွယ်ပစ္စည်းများအား ဆက်ကပ် လှူဒါန်းသည်။

          ထို့နောက် တက်ရောက်လာကြသော အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသူများက ဆရာတော် အရှင်သူတော်မြတ်များထံမှ  ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကာ ဝါဆိုသင်္ကန်းများ အသီးသီးဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီး သံဃာတော်အရှင်သူတော်မြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Tue, 07/25/2023 - 05:03 -- mocadmin
Undefined

နေပြည်တော်၊ ဇူလိုင် ၂၄

   ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ညီနောင်အသင်းများ တွေ့ဆုံပွဲတွင် ကဏ္ဍအသီးသီးရှိ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များမှ တင်ပြချက်များအပေါ် ဆက်လက်အကောင်အထည်ဖော်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်နှင့် စပ်လျဉ်းသည့်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့၊ (၁၄:၀၀)နာရီ၊ နေ့လည်ပိုင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့်ညီနောင်အသင်းအဖွဲ့(၁၈)ခုမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး (၃၈) ဦးနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

   ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ယခုအစည်းအဝေးသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မှ ညီနောင်အသင်းအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တွေ့ဆုံပွဲ၌ လုပ်ငန်းရှင်များမှ တင်ပြဆွေးနွေးချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်‌ရေးအတွက် ယခုကဲ့သို့ လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေး ကျင်းပရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေး ပြန်လည်မြှင့်တင်နိုင်ရေး ဘက်ပေါင်းစုံမှနေ၍ အစိုးရနှင့်ပုဂ္ဂလိက လက်တွဲကြိုးပမ်းဆောင်ရွက်ရာတွင် ဆက်လက်ဆောင်ရွက်ရန် ကိစ္စများအပေါ် ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးရန်ဖြစ်ပါကြောင်း၊ လက်တွေ့ထိရောက်သည့် နည်းလမ်းများဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်‌အောင်ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုများကို ပိုမိုဆောင်ရွက်နိုင်ပြီး ထွက်ရှိလာသည့် ကုန်ကြမ်းပစ္စည်းများအပေါ် မူတည်၍ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်များ တိုးတက်ရရှိလာမည်ဖြစ်ပါက လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီးများ တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲနှင့် နှမ်းများကို ပိုမိုစိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်း၌ ဆီထုတ်လုပ်ခြင်းလုပ်ငန်းများ၌ အသုံးပြုဆောင်ရွက်မည်ဆိုပါက ဆီစက်များလည်ပတ်ရခြင်း၊ တိရစ္ဆာန်အစာအတွက် လိုအပ်သည့် နှမ်းဖတ်၊ ပဲဖတ်များရရှိခြင်း၊ အလုပ်အကိုင်များ ရရှိခြင်းများ ဖြစ်ပေါ်ပြီး ပြည်တွင်းဆီဖူလုံမှုများကို များစွာအထောက်အကူပြုစေမည် ဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ကဏ္ဍအလိုက် ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ ဦးတည်ချက် (၁၂) ချက်တွင် ပါရှိသည့် အချက်များကို အလေးထားဆောင်ရွက်ရန် လိုပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရန်အတွက် အားပေးဆောင်ရွက်ရန် လိုအပ်သဖြင့် ပေါင်းစပ်ညှိနှိုင်း ကြရမည်ဖြစ်ကြောင်းနှင့် ပို့ကုန်မြှင့်တင်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ပုဂ္ဂလိကစီးပွားရေးအသင်းအဖွဲ့များ တွေ့ဆုံပွဲတွင် ပုဂ္ဂလိကကဏ္ဍမှ တင်ပြချက်များအပေါ် အသေးစိတ်ထပ်မံတင်ပြခြင်းနှင့် ထပ်မံဖြည့်စွက်တင်ပြလိုသည်များကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့် ပတ်သက်၍ ကြုံတွေ့နေရသည့်  အခြေအနေများကိုလည်းကောင်း တင်ပြခဲ့ရာ ကဏ္ဍအလိုက် ပြည်ထောင်စုဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပါသည်။ ထို့နောက်ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်

Thu, 07/06/2023 - 09:32 -- regionaldep
Myanmar

နေပြည်တော်၊ ဇူလိုင် ၆

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ယနေ့ နံနက် (၀၇:၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ မူပိုင်ခွင့်ဦးစီးဌာနရုံးဝင်းအနီး၌ ကျင်းပပြုလုပ်ခဲ့သည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးခဲ့ပြီး ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင် ကျွန်းပင်နှင့် ပျဉ်းကတိုးပင်များကို ပါဝင်စိုက်ပျိုးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဝန်ထမ်းများသစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို နှစ်စဉ်ကျင်းပဆောင်ရွက်လျက်ရှိရာ ယခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ရတနာတန်းဝင် ကျွန်းပင် (၁၀၀) ပင်၊ ပျဉ်းကတိုးပင် (၁၀၀)ပင်၊ ဒန့်သလွန်ပင်(၂၀၀)ပင် စိုက်ပျိုးသွားမည်ဖြစ်ပြီး၊ ရုံးအမှတ် (၃) နှင့် ရုံးအမှတ် (၅၂) တို့တွင် ယခင်စိုက်ပျိုးပြီးသော စိန်တလုံးသရက်ပင် (၁၁၀၀၀)ပင်၊ ပတ္တမြားငမောက်သရက်ပင် (၇၀၀) ပင်၊ ရတနာတန်းဝင်ကျွန်းပင် (၂၀၀၀) ပင်၊ ပျဉ်းကတိုးပင် (၃၀၀) ပင်၊ မဟော်ဂနီပင် (၁၅၀) ပင်၊ မန်ဂျန်ရှား (၁၅၀) ပင်၊ ဝါးပိုးဝါး (၁၀၀၀) ပင်နှင့် ပန်းအလှပင်များ၊ အရိပ်ရ လေကာနေကာပင်များ၊ စားသုံးသီးနှံပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၀၃၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

Mon, 07/03/2023 - 06:14 -- mocadmin
Myanmar

နေပြည်တော် ဇူလိုင်လ ၃

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

              ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ မှ ဇူလိုင်လ ၉ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၀၃၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

              ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

              အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

Latest News: 
Latest New တင္ရန္

ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌက ပြည်တွင်းစားသုံးဆီဈေးနှုန်း ကျဆင်းရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

Sat, 07/01/2023 - 17:24 -- mocadmin
Myanmar

ရန်ကုန်၊ ဇူလိုင် ၁ ရက်

              ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့ နေ့လည်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌  မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စားသုံးဆီ တင်သွင်းဖြန့်ဖြူးနေသည့် ကုမ္ပဏီများနှင့်တွေ့ဆုံ၍ စားသုံးဆီတင်သွင်းခြင်း၊  သိုလှောင်ခြင်း၊ ဈေးကွက်ဖြန့်ဖြူးခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များစနစ်တကျရှိစေရေးနှင့်  ပြည်တွင်း စားသုံးဆီဈေးနှုန်း တည်ငြိမ်ကျဆင်းစေရေး အစီအစဉ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

              အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  ဦးအောင်နိုင်ဦးက ယမန်နေ့က ကျင်းပခဲ့သော နိုင်ငံ့စီးပွားမြှင့်တင်ရေးအစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ခဲ့သည်များအား ရှင်းလင်းပြောကြား ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက စားသုံးဆီများ ပြည်ပမှတင်သွင်းရာတွင် စနစ်တကျရှိစေရေးနှင့် ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချရာတွင်လည်း သင့်တင့်မျှတသည့်ဈေးနှုန်း ဖြစ်ရေးအတွက် စားသုံးဆီ တင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် ချမှတ်ထားသည့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချရေးတို့နှင့်ပတ်သက်၍ အသေးစိတ် ဆွေးနွေးပြောကြားပါသည်။

       ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့် စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများက စားသုံးဆီတင်သွင်းရောက်ရှိမည့် အခြေအနေ များနှင့် ဈေးကွက်လိုအပ်ချက်ကို ပြည့်မီအောင်ဖြည့်ဆည်းပေးနိုင်ရေးနှင့် သတ်မှတ်ဈေးနှုန်းအတိုင်း ဈေးကွက်သို့ဖြန့်ဖြူးရောင်းချရေး စီမံဆောင်ရွက်သွားမည့်အခြေအနေများကို ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်ချက်များကို လမ်းညွှန်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

Pages

Subscribe to RSS - Minister's Office