Minister's Office

၂၀၂၃ ခုနှစ် စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ မြန်မာကိုယ်စားလှယ် အဖွဲ့တက်ရောက်

Sun, 11/26/2023 - 08:14 -- mocadmin
Undefined

နေပြည်တော်၊ နိုဝင်ဘာ ၂၅  

          တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြူနီစီပယ်အစိုးရ၊ နိုင်ငံခြားရေးရာဌာန၏ ဖိတ်ကြားချက်အရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ချုံချင့်မြို့တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပခဲ့သည့် ၂၀၂၃ ခုနှစ် စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (2023 Sichuan-Chongqing & Mekong Countries Sub-National Cooperation Forum) သို့ တက်ရောက်ခဲ့ပါသည်။

          မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကို အကျိုးဖြစ်ထွန်းစေရန်၊ စီးပွားရေးနှင့် ကုန် သွယ်ရေး ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်နှင့်ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ အကြား ဖွံ့ဖြိုးတိုးတက်စေရေး ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန်ရည်ရွယ်ချက်ဖြင့် ဖိုရမ်ကို ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

          ဖိုရမ်အကြိုအစီအစဉ်အနေဖြင့် စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ၏ ထုတ်ကုန် ပြပွဲကို နိုဝင်ဘာလ ၂၂ ရက်နေ့ ဒေသစံတော်ချိန် နေ့လယ် (၃) နာရီတွင် ချုံချင့်မြို့ရှိ Guanyinqiao အရောင်းစင်တာ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစီအစဉ်သို့ တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ကိုယ်စားလှယ်အဖွဲ့ဝင်များဖြစ်သည့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကျော်ဆန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးတို့နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။ ယင်းနေ့ညနေပိုင်းတွင် ချုံချင့်မြို့တော်ဝန်က တည့်ခင်းဧည့်ခံသည့် ညစာစားပွဲကို ချုံချင့်မြို့ရှိ Wudu ဟိုတယ်၌ ကျင်းပခဲ့ရာဖိတ်ကြားထားသည့် တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသခွဲနိုင်ငံများမှ ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်အတူ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။

          ၂၀၂၃ ခုနှစ် စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၃ ရက်နေ့၊ ဒေသစံတော်ချိန် နံနက် ၁၀  နာရီတွင် ချုံချင့်မြို့ရှိ နိုင်ငံခြားရေးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသခွဲ နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ် ခေါင်းဆောင် များနှင့်အတူ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက အမှာစကား ပြော ကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ချုံချင့်ဒေသနှင့် မဲခေါင်နိုင်ငံများ အကြား ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အတူတကွ ပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူပြုနိုင်ရေး အတွက် ယခုဖိုရမ်ကို ကျင်းပခဲ့ခြင်းဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသခွဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းခိုင်မာစေပြီး စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ဖိုရမ်တွင် ဆွေးနွေး မှုများသည် တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသခွဲနိုင်ငံများအကြား ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုများကို အခြေခံပြီး နောင်အနာဂတ်တွင် ပိုမိုကြီးမားသော စီးပွားရေးပေါင်းစည်း မှုများကို လုပ်ဆောင်နိုင်ရန် မျှော်လင့်ပါကြောင်း၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်နိုင် ရန် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၊ မဲခေါင်ဒေသခွဲနိုင်ငံများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံရှိ ချုံချင့်ဒေသအပါအဝင် မဲခေါင်ဒေသခွဲနိုင်ငံများ အကြား အပြန်အလှန်ကုန်သွယ်မှု ပိုမိုမြှင့်တင်နိုင်ရေးအတွက် အလားအလာရှိသော ကုန်စည်များကို ဖော်ထုတ်တင်ပို့ရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ ပို့ကုန်လုပ်ငန်းရှင်များနှင့် တင်သွင်းသူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှုတည်ဆောက်နိုင်ရေးအတွက် အရေးကြီးပါကြောင်းနှင့် တရုတ်နိုင်ငံ နှင့် မဲခေါင်ဒေသခွဲနိုင်ငံများရှိ စီးပွားရေးလုပ်ငန်းရှင်များအကြား ထိတွေ့ဆက်ဆံမှုကို ပိုမိုအရှိန်မြှင့် တင်ရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

          နိုဝင်ဘာလ ၂၃ ရက်နေ့၊ ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် Bishan ခရိုင်ရှိ New World ဟိုတယ်၌ ကျင်းပသည့် ဖိုရမ်အစီအစဉ်၌ တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်သည့် ကမ္ဘောဒီး ယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြို့တော်ဝန်များနှင့်အတူ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကျော်ဆန်းက တက်ရောက်ဆွေးနွေးခဲ့ပါသည်။ မြို့တော်ဝန် ဦးကျော်ဆန်းက မန္တလေးမြို့တော်၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ ကုန်သွယ်မှုလမ်းကြောင်းနှင့် ကုန်ထုတ်လုပ်မှုအတွက် အရေးပါမှုများ၊ မန္တလေးနှင့် ပုဂံမြို့များအပါအဝင် ဆက်စပ်ဒေသများ၏ ခရီးသွားလုပ်ငန်းများ၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ် နှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့်ပတ်သက်၍ အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါ သည်။

           နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ဖိုရမ်သို့ တက်ရောက်နေသော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ချုံချင့်မြို့ရှိ မော်တော်ယာဉ် ပြခန်းစင်တာ၊ ချုံချင့်မြို့ပြစီမံကိန်းဆိုင်ရာ ပြခန်း၊ ချုံချင့်မြို့ရှိ နိုင်ငံ တကာထောက်ပံ့ပို့ဆောင်ရေး ပြခန်းများသို့ သွားရောက်လေ့လာခဲ့ကြပါသည်။

          ၂၀၂၃ ခုနှစ် စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့်အတူ ချုံချင့် ဒုတိယ မြို့တော်ဝန်၊ စစ်ချွမ်းပြည်နယ်လွှတ်တော် အမြဲတမ်းကော်မတီ၏ ဒုတိယဥက္ကဋ္ဌ၊ အာဆီယံ-တရုတ် ဗဟိုဌာန၏ အထွေထွေအတွင်းရေးမှူးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လာအိုနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ထိုင်းနိုင်ငံ၊ စီးပွားရေးကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဗီယက်နမ်နိုင်ငံ၊ Bang ပြည်နယ် ဒုတိယအတွင်းရေးမှူးတို့နှင့် တရုတ်နိုင်ငံနှင့် မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ဖိတ်ကြားထား သော ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ၊ ကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် စုစုပေါင်း ကိုယ်စားလှယ်ဦးရေ (၃၀၀) ခန့် တက်ရောက်ခဲ့ပါသည်။

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့၊ နေ့လယ်ပိုင်းတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကူမင်းမြို့မှတစ်ဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ပါ သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်အတူ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကျော်ဆန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးတို့နှင့် တာဝန်ရှိသူများ ပြန်လည်လိုက်ပါခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

၂၀၂၃ စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် တက်ရောက်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသို့ ထွက်ခွာ

Tue, 11/21/2023 - 09:13 -- mocadmin
Undefined

နေပြည်တော်၊ နိုဝင်ဘာ ၂၁       တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြူနီစပယ်အစိုးရ၊ နိုင်ငံခြား ရေးရာဌာန၏ ဖိတ်ကြားချက်အရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည်  ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်မှ ၂၄ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့တွင် ကျင်းပမည့် ၂၀၂၃ စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (2023 Sichuan-Chongqing & Mekong Countries Sub-national Cooperation Forum) သို့ တက်ရောက်ရန် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

        မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကို အကျိုးဖြစ်ထွန်းစေရန်၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်နှင့် ချန်ဒူး-ချုံချင့်ဒေသနှင့် မဲခေါင်နိုင်ငံများအကြား ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ရန် ရည်ရွယ်ပြီး အဆိုပါဖိုရမ်ကို ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။

           ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကျော်ဆန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးတို့နှင့်  ကိုယ်စားလှယ် (၃) ဦး လိုက်ပါသွား ကြကြောင်း သိရသည်။

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသံအမတ်ကြီး H.E. Dr. Md. Monwar Hossain နှင့် Japan Myanmar Association ၏ Vice Chairman ဖြစ်သူ Mr. Watanabe Yusuke တို့အားလက်ခံတွေ့ဆုံ

Mon, 11/13/2023 - 03:29 -- mocadmin
Undefined

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့၊ (၀၉:၃၀) နာရီအချိန်တွင်  မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Md. Monwar Hossain ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

   တွေ့ဆုံစဉ် နယ်စပ်ဂိတ်များမှ တစ်ဆင့် ကုန်သွယ်မှုများ အဆင်ပြေချောမွေ့စေရေးနှင့် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်သာမက အခြားထုတ်ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးတို့အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

   ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် နံနက် (၁၁:၀၀) နာရီအချိန်တွင် Japan Myanmar Association ၏  Vice Chairman ဖြစ်သူ  Mr. Watanabe Yusuke ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

   တွေ့ဆုံစဉ် သီလဝါအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ် များအား ဆွေးနွေးခဲ့ကြသည်။

   အဆိုပါ တွေ့ဆုံပွဲများသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိ သည်။

Latest News: 
Latest New တင္ရန္

မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အထွေထွေ အစည်းအဝေး

Sat, 10/28/2023 - 03:27 -- mocadmin
Undefined

ရန်ကုန်၊ (၂၈-၁၀-၂၀၂၃)

            စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ရာနှုန်းပြည့်ပိုင်ဆိုင်သည့် မြန်မာကုန် ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်(Myanmar Inspection and Testing Services Ltd. – MITS) ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အထွေထွေ အစည်း အဝေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့၊ နံနက် ၉:၃၀ နာရီတွင် ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ(ပဉ္စမထပ်) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

  အဆိုပါ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ MITS ဒါရိုက်တာအဖွဲ့ဝင်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း ကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံပြောင်း လုပ်ငန်းအသင်းနှင့် ဘုရင့်နောင် ကုန်စည်ဒိုင်တို့မှ  ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

            အဆိုပါအခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် (MITS) သည် ကုန်သွယ် မှုဆိုင်ရာလုပ်ငန်းများဖြစ်သော တင်ပို့ခြင်း၊ တင်သွင်းခြင်းဆိုင်ရာများနှင့်ပတ်သက်သည့် စမ်းသပ်စစ် ဆေးမှုလုပ်ငန်းများအား ဆောင်ရွက်ပေးနိုင်ရန် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ပါကြောင်း၊ ပြည်ပ သို့တင်ပို့သည့်ပို့ကုန်များ၏ အရည်အသွေးသတ်မှတ်ချက်များနှင့်အညီ စျေးကွက်ဝင်ရောက်ခွင့် ရရှိ ရန်နှင့် နိုင်ငံအတွင်းသို့ တင်သွင်းသည့် ကုန်စည်များကိုလည်း ကုန်သွယ်မှုဆိုင်ရာ စီမံဆောင်ရွက်ခြင်း (Non-Tariff Measure) အရ အရည်အသွေးဆိုင်ရာ ကန့်သတ်ထိန်းချုပ်မှုအတွက် စစ်ဆေးခြင်းဖြစ် ပါကြောင်း၊ MITS အနေဖြင့် နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေး စံချိန်စံညွှန်းများကို လိုက်နာ လက်ခံကျင့်သုံးလျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ အရည်အသွေးသတ်မှတ်သောအဖွဲ့ (International Standard Organization) ၏ ISO 9001:2015 Certificate ကို ရရှိထားပြီး ကုန်ပစ္စည်း စစ်ဆေးခြင်းဆိုင်ရာ ISO/ IEC 17020 နှင့် ဓာတ်ခွဲစမ်းသပ်ခြင်းဆိုင်ရာ ISO/IEC 17025 တို့ရရှိရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ ဝန်ကြီးဌာန၏ တာဝန်ပေးအပ် ချက်အရ ပြည်တွင်းရှိ ဆန်စပါး အရည်အသွေး ကောင်းမွန်မှန်ကန်စေရေး စမ်းသပ်စစ်ဆေးပေးနိုင် ရန်အတွက် ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ပို့ကုန်လိုင်စင်လျှောက်ထားရာတွင် မြေပြင်လက်ကျန် စစ်ဆေးခြင်း၊ သင်္ဘော မတင်မီ စစ်ဆေးခြင်း (Pre-Shipment Inspection)၊ အလေးချိန်နှင့် အရည် အသွေးစစ်ဆေးခြင်း၊ ဆန်များ၏ အရည်အသွေး စစ်ဆေးခြင်းနှင့် အရန်ရိက္ခာဆန် အရည်အသွေး စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အတွက်လည်း အသိအမှတ်ပြုပါကြောင်း၊ MITS အနေဖြင့် စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်သည်လုပ်ငန်းရှင်များ၏ ယုံကြည်မှု၊ အားကိုးမှု ရှိစေရန် ရိုးသားမှု၊ ဘက်မလိုက်မှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန် သိမှုစသည့် အချက်များနှင့်ညီအောင် ဆောင်ရွက်ပေးရမှာဖြစ်သည့်အပြင် လုပ်ငန်းနယ်ပယ်တွင် Professional ဆန်ဆန် ယှဉ်ပြိုင် ဆောင်ရွက်နိုင်သည့် အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

            ထို့နောက် MITS ဒါရိုက်တာအဖွဲ့၊ ဒုတိယဥက္ကဋ္ဌက လုပ်ငန်းအခြေအနေများ တင်ပြခြင်း၊ ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာကို ဖတ်ကြားတင်သွင်း အတည်ပြုခြင်း၊ MITS မှ ထူးချွန်ဝန်ထမ်းများ အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်းစသည်တို့ကို ဆောင်ရွက်ခဲ့ကြပြီး နေ့လယ်ပိုင်းတွင် စီးပွားရေး နှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်သည့်အဖွဲ့သည် ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ ဆီသိုလှောင်ကန်များ၌ စားအုန်းဆီ သိုလှောင်ထားရှိမှု အခြေအနေများ၊ ဖြန့်ဖြူးမှု အခြေအနေများနှင့် စားသုံးသူ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး စီမံဆောင်ရွက် ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

Latest News: 
Latest New တင္ရန္

လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ ပြည်တွင်းရောက်ရှိ

Fri, 10/20/2023 - 10:12 -- mocadmin
Undefined

    အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Aung Kan Bo Motorcycle Industrial Co., Ltd. မှ တင်သွင်းလာ‌သော Kanbo အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များသည် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်သို့ ရောက်ရှိလာပါသဖြင့် (၁၉-၁၀-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ ပြည်တွင်းရောက်ရှိ

Sun, 10/15/2023 - 13:11 -- mocadmin
Undefined

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Aung Kan Bo Motorcycle Industrial Co., Ltd. မှ တင်သွင်းလာ‌သော Kenbo အမျိုးအစား လျှပ်စစ်သုံးမော်တော် ဆိုင်ကယ်များသည် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်သို့ ရောက်ရှိလာပါသဖြင့် (၁၄-၁၀-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Mongkol Visitstump ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Sun, 10/15/2023 - 13:05 -- mocadmin
Undefined

နေပြည်တော်၊ အောက်တိုဘာလ ၁၅           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Mongkol Visitstump ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါသည်။

          တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်မှုတိုးမြှင့်နိုင်ရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုလု်ပငန်းများ လျင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မဲခေါင်-လန်ချန်း သစ်သီးပွဲတော် (မြန်မာ) (Mekong – Lancang Fruit Festival (Myanmar) တွင် မြန်မာနိုင်ငံမှ ပါဝင်ပြသနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးဦးဆောင်ကျင်းပ

Sun, 10/08/2023 - 11:37 -- mocadmin
Undefined

နေပြည်တော်၊ အောက်တိုဘာ ၆      “မဲခေါင်-လန်ချန်းသစ်သီးပွဲတော် (မြန်မာ)(Mekong – Lancang Fruit Festival-Myanmar)”ကို မြန်မာနိုင်ငံမှ ပါဝင်ပြသနိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမင်းမင်းက ဦးဆောင်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ရုံးအမှတ်(၃)၊ နေပြည်တော်ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၊ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေး၌ ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ မဲခေါင်-လန်ချန်းဒေသခွဲ စီးပွားရေးနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးစင်တာနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံမှ သစ်သီးဝလံများအား တရုတ်နိုင်ငံဈေးကွက်သို့ ပိုမိုတင်ပို့ရောင်းချ နိုင်မည့် အကျိုးကျေးဇူးရရှိမှာဖြစ်ကြောင်း၊ ပြပွဲသို့ မြန်မာနိုင်ငံမှထွက်ရှိသော ထောပတ်၊ နာနတ်၊ မက္ကဒေးမီးယား၊ ကျွဲကော၊ ဖရဲသီး၊ သခွားသီး၊ သရက်သီး၊ မင်းကွတ်သီး၊ ကြက်မောက်သီး၊ ဒူးရင်းသီး၊ ပင်မှည့်သီး၊ သစ်ကြားသီးများအပြင် ဝဥ၊ လက်ဖက်၊ ကော်ဖီနှင့် ရှောက်ကောပါကော များပါ ထည့်သွင်းပြသနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသို့ စျေးကွက် ထိုးဖောက်နိုင်မည့်အခွင့်အလမ်းဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်း သစ်သီးပွဲတော် ပထမနေ့တွင် မြန်မာနိုင်ငံ၏ အလားအလာရှိသည့် သစ်သီးဝလံများနှင့်ပတ်သက်သည့် ဈေးကွက်မြှင့်တင်ရေး ဆွေးနွေးပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပြပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ကုန်သည်/ အသင်းအဖွဲ့များက ပြပွဲသို့ အောင်မြင်စွာသွားရောက်ပြသနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ပြောကြားခဲ့ သည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်အတူ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းနှင့် ညီနောင်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။       

Latest News: 
Latest New တင္ရန္

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ပုံမှန်အစည်းအဝေး(၃/၂၀၂၃)သို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြား

Mon, 09/25/2023 - 10:59 -- mocadmin
Myanmar

နေပြည်တော်၊ စက်တင်ဘာ ၂၅    

   မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ပုံမှန်အစည်းအဝေး (၃/၂၀၂၃) ကို ယနေ့ နေ့လယ်ပိုင်းတွင် စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

   အစည်းအဝေးတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ယှဉ်ပြိုင်မှုဆိုင်ရာ တိုင်ကြားလာသည့်အမှုကိစ္စများ၊ တိုင်ကြားမှုများနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဝက်ဘ်ဆိုက်ရေးဆွဲဆောင်ရွက်မှု အခြေအနေများ၊ ယှဉ်ပြိုင်မှုဥပဒေ၊ နည်း ဥပဒေများကို ခေတ်နှင့်လျော်ညီစေရန် ပြင်ဆင်ရေးဆွဲနိုင်ရေးအတွက် လေ့လာသုံးသပ်ဆောင်ရွက်နေမှု အခြေအနေများ၊ ယှဉ်ပြိုင်မှု ဥပဒေကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ပြည်တွင်း လုပ်ငန်းစဉ်များအပြင် ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များအပေါ် အသေးစိတ်ညှိနှိုင်း ဆွေးနွေးကြသည်။

   အစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဂျပန်-မြန်မာချစ်ကြည်ရေး အသင်း၏ ဒုတိယဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ

Wed, 09/20/2023 - 10:58 -- mocadmin
Undefined

နေပြည်တော်၊ စက်တင်ဘာ ၂၀  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. Watanabe Yusuke (မစ္စတာ ဝါတာနာဘဲ ယုဆုကဲ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါသည်။

     တွေ့ဆုံစဉ် ဂျပန်-မြန်မာချစ်ကြည်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များအားအသေးစိတ်ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

Pages

Subscribe to RSS - Minister's Office