Department of Trade

သစ်တောထွက် ပစ္စည်းအုပ်စုဝင် သစ်ခွများ ကုန်သွယ်မှု ပြုမည်ဆိုလျှင်

Tue, 05/14/2013 - 04:39 -- admin
Undefined

သောကြာနေ့ ၁ ဖေဖော်ဝါရီလ ၂၀၁၃ 15:26 PM


နယ်စပ် ကုန်သွယ်ရေး မှတဆင့် တစ်ဖက် နိုင်ငံသို့ သစ်ခွများကို နယ်စပ် ကုန်သွယ်ရေး နည်းလမ်း အရ သွင်းကုန် လိုင်စင်နဲ့ တင်သွင်း မယ်ဆိုလျှင် သစ်တောရေးရာ ဝန်ကြီး ဌာနရဲ့ CITES ပါမစ် ရယူ ဆောင်ရွက်ရန် လို/ မလို နဲ့ လိုအပ်ပါ သစ်ခွ အမျိုးအစား အလိုက် လိုအပ်ချက် သဘောထားများ ပြန်ကြား ပေးရန် နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာနမှ တောင်းဆိုချက် အရ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့သစ်တောရေးရာ ဝန်ကြီး ဌာန၊ သစ်တော ဦးစီး ဌာနမှ CITES ပါမစ် ရယူ ဆောင်ရွက်ရန် လိုအပ်ကြောင်းနဲ့ သစ်ခွ အမျိုး အစား အလိုက် လိုအပ်ချက် များကို သိရှိနိုင်ရန် အတွက် အသိပေး လိုက်ရပါတယ်။

သစ်ခွ (Orchids) များအား ပို့ကုန်၊ သွင်းကုန် ဆောင်ရွက်ခြင်းနဲ့ စပ်လျဉ်းပြီး သစ်ခွ မျိုးစိတ် အားလုံးဟာ CITES စာရင်းဝင် ဖြစ်ပြီး Appendix I နဲ့ II ရယ်လို့ ခွဲခြား ထားတာ ဖြစ်ပါတယ်။ Appendix I မှာ သစ်ခွ မျိုးစိတ် (၈)မျိုး ပါပြီး အဆိုပါ မျိုးစိတ် (၈)မျိုးမှ အပ ကျန်သစ်ခွ မျိုးစိတ် အားလုံးဟာ CITES Appendix II စာရင်းဝင် ဖြစ်ပါတယ်။

CITES Appendix I မှာပါဝင်တဲ့ သစ်ခွ မျိုးစိတ်များမှာ -

(၁) Aerangis Cillisii

(၂) Derdrobium Crucntum

(၃) Laclia Jargheana

(၄) Laclia Lobata

(၅) Paphiopedilum spp

(၆) Peristeria elata

(၇) Phragmipedium spp

(၈) Remanthera imschootiama

အဆိုပါ သစ်ခွ မျိုးစိတ် (၈)မျိုးနဲ့ ပတ်သက်တဲ့ အစိတ် အပိုင်းများ အားလုံး၊ ပျိုးပင်များ၊ တစ်ရှုး မျိုးပွား နည်းနဲ့ မျိုးပွားရန် အစိုင်အခဲ၊ အရည်များနဲ့ မျိုးမပွားနိုင်တဲ့ အစိတ် အပိုင်းများ သယ်ယူခြင်းကို ကန့်သတ် ထားပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာ CITES အဖွဲ့ရဲ့သဘော တူညီချက် ရရှိပါက ဓမ္မတာ နည်းနဲ့ စိုက်ပျိုး ထုတ်လုပ်မှု များကို ချွင်းချက်ဖြင့် ခွင့်ပြု ပေးနိုင်တယ်လို့ သိရပါတယ်။ Appendix II မှာတော့ Appendix I မှာ ဖော်ပြထားတဲ့ သစ်ခွ မျိုးစိတ် (၈)မျိုးမှ လွဲ၍ ကျန်သစ်ခွ မျိုးအားလုံးကို ထည့်သွင်း ထားပြီး ၎င်းသစ်ခွ မျိုးများနဲ့ ပတ်သက်တဲ့ အစိတ် အပိုင်း အားလုံးလည်း ပါဝင်တယ်လို့ သိရ ပါတယ်။

Appendix I စာရင်းဝင် သစ်ခွ မျိုးစိတ် ဖြစ်ပါက တင်ပို့မဲ့ နိုင်ငံက ထုတ်ပေးတဲ့ ပို့ကုန် ပါမစ်နဲ့ တင်သွင်းတဲ့ နိုင်ငံက ထုတ်ပေးတဲ့ သွင်းကုန် ပါမစ် နှစ်မျိုးလုံး လိုအပ်ပြီး Appendix II စာရင်းဝင် သစ်ခွ မျိုးစိတ် အားလုံး အတွက် တင်ပို့မဲ့ နိုင်ငံရဲ့ ပို့ကုန် ပါမစ် လိုအပ်တယ်လို့ သိရှိရ ပါတယ်။ သစ်ခွ မျိုးစိတ် ဆိုရာမှာ သစ်ခွပင်နဲ့ ပတ်သက်တဲ့ အစိတ် အပိုင်း အားလုံးနဲ့ အခြေ အနေ အရပ်ရပ် အားလုံး အကျုံးဝင် တယ်လို့ သိရပါတယ်။

Appendix I နဲ့ Appendix II မှာ ပါဝင်တဲ့ မျိုးစိတ်များအား ရောင်းဝယ် ဖေါက်ကားခြင်း အတွက် CITES Export/ Import Permit ထုတ်ပေးခြင်း နဲ့ ပတ်သက်တဲ့ စည်းမျဉ်း စည်းကမ်းများကို ဆက်လက် ဖော်ပြ ပေးသွား ပါမယ်။

Source: နကသ (ဦး) မူဝါဒ >>> ပန်

အိန္ဒိယနနွင်းဈေးများ ယခုအပတ်အတွင်းကျလျက်ရှိ

Tue, 05/14/2013 - 04:10 -- admin
Undefined

သောကြာနေ့ ၁ ဖေဖော်ဝါရီလ ၂၀၁၃ 15:24 PM

အိန္ဒိယ နနွင်းတက်များ ဒိုင်ဈေး ကျလျက်ရှိရာ ဈေးပြန်တက် နိုင်မယ်လို့ နနွင်း တောင်သူများက မျှော်လင့် နေတဲ့ အတွက် နနွင်းတက် အရောင်း အဝယ် မလုပ်တာ ဇန်နဝါရီလ ၂၈ ရက်နေ့ ကနေ ရေတွက် လျှင် ၄ ရက်ခန့် ရှိနေပြီလို့ သိရပါတယ်။

Erode နနွင်းတက်ကုန်သည်အသင်းဥက္ကဋ္ဌ R.K.V Ravishankar က နနွင်းတက် ဒိုင်ကို နနွင်းတက် ဝင်ရောက်မှု ဟာလည်း အိတ် ၄၅၀ဝ ခန့်ပဲ ရှိပြီး ဝင်ရောက ်လာတဲ့ ကုန်ရဲ့ ၆၀ ရာခိုင်နှုန်းသာ ရောင်းနိုင်ခဲ့ တယ်လို့ ပြောပါတယ်။ Mysore အမျိုးအစား နနွင်းတက် အသစ် ၁ ကွမ်တယ်ကို ရူပီး ၅၂၀ဝ ဈေးနဲ့ အိတ် ၁၀ဝ ခန့် ရောင်းချ နိုင်ခဲ့တယ်လို့ Ravishankar က ပြောပါတယ်။ အလားတူ နံပါတ်-၈ အမျိုးအစား နနွင်းတက် အိတ် ၅၀ သာ ဒိုင်ကို အဝင်ရှိပြီး ၁ ကွမ်တယ်ကို ရူပီး ၄၂၀ဝ-၄၅၀ဝ ဈေးနဲ့ ရောင်းချနိုင် ခဲ့ပါတယ်။ လက်ချောင်း အမျိုးအစား နနွင်းတက် များကို ရူပီး ၄၁၅၉ မှ ၆၀၇၄ ကြားနဲ့ Erode နနွင်းတက်ဒိုင်မှ ရောင်းချမှုရှိခဲ့ ပါသေးတယ်။

Erode Cooperative Marketing Society မှာ နနွင်းတက် လက်ချောင်းများ ရူပီး ၅၁၆၉ မှ ၆၁၃၄၊ Regulated Market Committee မှာ ၅၂၈၆-၆၂၁၁ နဲ့ Gobicheltipalayam Agricultural Cooperative Marketing Society မှာ ရူပီး ၅၃၀ဝ-၆၃၀၉ ဈေးပေါက် နေတယ်လို့ သိရပါတယ်။

(၁ ကွမ်တယ်=၁၀ဝ ကီလိုဂရမ်)

Source:Hindubusiness >>>MK

ဝန်ထမ်းများအားလုံး ကွန်ပျူတာ တတ်မြောက်ရေး အတွက် ၂၀၁၃ ခုနှစ်အတွင်း ပထမ ခြေလှမ်း

Tue, 05/14/2013 - 04:08 -- admin
Undefined

ကြာသပတေးနေ့ ၃၁ ဇန်နဝါရီလ ၂၀၁၃ 18:36 PM

ဝန်ထမ်းအားလုံး ကွန်ပျူတာ တတ်မြောက်ရေး အတွက် ၂၀၁၃ ခုနှစ် အတွင်း ပထမ ခြေလှမ်း နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန ရှိ ဝန်ထမ်းများ အားလုံး ကွန်ပျူတာ တတ်မြောက်ရေး ၊ စွမ်းဆောင်ရည် မြင့်မားရေးနှင့် လူစွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး စသည့် ရည်ရွယ်ချက် ကောင်းများအား အခြေခံ၍ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်း (၂၁-၁-၂၀၁၃) ရက်နေ့ မှ (၁၅-၂-၂၀၁၃) ရက်နေ့ထိ (၄)ပတ်ကြာ ကွန်ပျူတာ အခြေခံ သင်တန်း (၁/၂၀၁၃) အား သင်တန်းသား/ သူ (၁၆)ဦး ဖြင့် စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ ရုံးအမှတ်(၅၂) နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန၊ ကွန်ပျူတာ သင်တန်း ခန်းမ တွင် ဌာနရှိ ကွန်ပျူတာ ဘွဲ့ရ အရာထမ်း များမှ နည်းပြများ အဖြစ် တာဝန်ယူပြီး ဖွင့်လှစ် သင်ကြား ပို့ချလျက် ရှိပါသည်။

သင်တန်းတွင် ရုံးလုပ်ငန်းများ အတွက် အဓိက လိုအပ်သည့် Microsoft Office Application များဖြစ်သော Word, Excel, Power Point၊ ဌာန အတွင်း ဆောင်ရွက် ထားရှိသည့် E-Government စနစ်များ ၊ IP Star အကြောင်း သိကောင်း စရာများ ၊ Internet & email အသုံးပြု နည်းပညာများ စသဖြင့် လေ့ကျင့် သင်ကြား ပို့ချ သွားမည် ဖြစ်ကြောင်း သိရှိရ ပါသည်။

itadmin (စရအ)

ထိုင်းနိုင်ငံရဲ့ စီးပွားရေး စီမံကိန်းများ

Tue, 05/14/2013 - 04:03 -- admin
Undefined

ကြာသပတေးနေ့ ၃၁ ဇန်နဝါရီလ ၂၀၁၃ 18:25 PM

၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ထိုင်း ဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ်ထရာမှ အစိုးရရဲ့ အမျိုးသား စီးပွားရေး စီမံကိန်း (၄)ခုဟာ စီးပွားရေး ကျဆင်းမှု မရှိအောင် ဆက်လက် ထိန်းသိမ်း ထားနိုင်ကြောင်း၊ အပတ်စဉ် စနေနေ့တိုင်း လူထုအား ပြောဆိုတဲ့ TV အစီအစဉ်မှ ပြောကြား ခဲ့တယ်လို့ သိရပါတယ်။ အစိုးရ အနေနဲ့ ချမှတ်ထားသော အမျိုးသား မဟာဗျူဟာ (၄)ရပ် အတွက် ထိုင်း ဘတ်ငွေ (၂) ထရီလီယံသန်းဘတ် အသုံးပြု ထားမှုဟာ လုံလောက် သဖြင့် စီးပွားရေး ကျဆင်းမှု မဖြစ်အောင် ကာကွယ် နိုင်မည် ဖြစ်ကြောင်း၊ အမျိုးသား မဟာဗျူဟာ ဟာ နိုင်ငံခြား ရင်းနှီး မြှုပ်နံှမှုအား ပိုမို ဆွဲဆောင် နိုင်မဲ့ အပြင် တိုင်းပြည် အတွက် ဘေးထွက် ဆိုးကျိုးများကိုလည်း ကာကွယ် နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်မှ ပြောကြားခဲ့ ပါတယ်။ ပထမ မဟာဗျူဟာက နိုင်ငံတကာ အဆင့် ယှဉ်ပြိုင် နိုင်စွမ်းရှိသော စီးပွားရေး တိုးမြှင့်ရေး ရေရှည် စီမံကိန်း၊ ဒုတိယ မဟာဗျူဟာက လူမှု နေထိုင် စရိတ် လျှော့ချရေး၊ လူနေမှု စနစ် နိမ့်ကျမှုမှ မြင့်မား လာစေရေး၊ လူမှုရေးနဲ့ နိုင်ငံရေး ညီမျှ လာစေမဲ့ လူထု အခြေပြု စီးပွားရေး အခြေခံနဲ့ တတိယ မဟာဗျူဟာက သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိဘဲ နိုင်ငံသား တစ်ဦးနဲ့ တစ်ဦး ပိုမိုပြီး ဆက်ဆံရေး အပြန် အလှန် ကောင်းမွန်စေမည့် စိမ်းလန်း စိုပြေသည့် စီးပွားရေး တိုးတက်မှု ရရှိစေရေးနဲ့ စတုတ္ထ မဟာဗျုဟာကတော့ ကောင်းမွန်သော အစိုးရ တစ်ရပ် အဖြစ် လူထု အကျိူးပြု စီးပွားရေးအား စီမံ ခန့်ခွဲနိုင်မှု ရှိလာရေး တို့ ဖြစ်ပါတယ်။

Source: MCOT Online News >>> ဇော်ဆိုင်း

ပြည်ပမှ ဝင်ရောက်နေတဲ့ သကြားဈေးကို မယှဉ်နိုင်လို့ ပြည်တွင်း သကြားစက်များ ဈေးချ ရောင်းနေရ

Tue, 05/14/2013 - 04:01 -- admin
Undefined

ကြာသပတေးနေ့ ၃၁ ဇန်နဝါရီလ ၂၀၁၃ 18:15 PM

ဗီယက်နမ်မှာ ပြည်တွင်း သကြား ထုတ်လုပ် သူများဟာ ထိုင်းနိုင်ငံမှ တင်သွင်းလာသော သကြား ဈေးများကို မယှဉ် နိုင်ကြောင်း ဗီယက်နမ် ကြံနဲ့ သကြား အသင်းမှ ပြောကြားခဲ့ ပါတယ်။ ထိုင်းမှ တင်သွင်းလာသော သကြား ဈေးဟာ ပြည်တွင်း ထုတ်လုပ်မှု ဈေးထက် သက်သာနေတဲ့ အတွက် သကြားစက် လုပ်ငန်းရှင်များနဲ့ တောင်သူများ အတွက် အကျိုး အမြတ် မရရှိနိုင်ဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။ နှစ်ပေါင်း အတော်ကြာကပင် နှစ်စဉ် ပျမ်းမျှ သကြား တန် ၄ သိန်း ခန့်ဟာ ပြည်ပမှ တရားမဝင် ဗီယက်နမ် နိုင်ငံအတွင်းသို့ ဝင်ရောက် နေပါတယ်။ ကြံနဲ့ သကြား အသင်းဥက္ကဌ Nguyen Thanh Long က ထိုတရားမဝင် ဝင်ရောက်နေတဲ့ ပမာဏ ၄ သိန်းဟာ ပြည်တွင်း ဈေးကွက် မှာ ရောင်းချတဲ့ ပမာဏနဲ့ ၃ဝ ရာခိုင်နှုန်းခန့် ရှိတယ်လို့ ပြောကြား ပါတယ်။

An Giang ပြည်နယ် အနောက် တောင်းပိုင်းရှိ ဈေးကွက် စီမံခန့်ခွဲရေး (The Market Management Bureau) က An Giang Province ဟာ ထိုင်းမှ သကြားများ မှောင်ခိုဝင်တဲ့ အပေါက်ဖြစ်ပြီး တရားမဝင် ဝင်ရောက်မှုကို ကာကွယ် နိုင်ကြောင်းနဲ့ ပြဿနာ အသေး အဖွဲ့သာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြစ်ဝှမ်း ဒေသရိ Kien Giang နဲ့ Nau Giang ပြည်နယ်များရှိ ကြံစိုက်ပျိုး တောင်သူများဟာ အရှုံးနဲ့ ရင်ဆိုင် နေကြ ရတယ်။ ဒေသရှိ စိုက်ပျိုးရေးနဲ့ နယ်စပ် ဒေသ ဖွံ့ဖြိုးရေး ဌာနက သကြားစက်များကို ကြံများ ရောင်းချပေးရန် တိုက်တွန်း ပြောကြားနေတဲ့ အတွက် ဖြစ်ပါတယ်။ သို့သော်လည်း ကြံရောင်းဈေးကို မမြှင့်ရန်နဲ့ သကြားစက်များ အနေနဲ့ ငွေရေး ကြေးရေးပိုင်းမှာ အရှုံးနဲ့ ရင်ဆိုင်ရဖွယ် ရှိတယ်လို့ ကြံနဲ့ သကြား အသင်းက တောင်သူများကို ပြောကြား ခဲ့ပါတယ်။

Viet Nam Economic Times ကို ကြံနဲ့ သကြား အသင်း ဥက္ကဌ Long က သကြားစက်များ အနေနဲ့ သကြား တစ်တန်ကို ထုတ်လုပ်ရာမှာ ၆၇၁ ဒေါ်လာ ထုတ်လုပ်မှု စရိတ် ကျသင့် သော်လည်း ရောင်းချရာမှာ တစ် တန်ကို ၆၂၃ ဒေါ်လာနဲ့ အရှုံးခံ ရောင်းချ ပေးနေရတာ ဖြစ်ပါတယ်။ ကြံစိုက် တောင်သူများဟာ ကြံဈေး ထပ်မကျမီ ၎င်းတို့ရဲ့ ကြံများကို သကြား စက်များကို အလု အယက် ရောင်းချ နေကြပါတယ်။ လတ်တလောမှာ Long An, Ben Tre, Soc Trang & Tra Vinh ပြည်နယ် များရှိ သကြား စက်များမှာ ကြံများ လိုအပ်တာထက် ပိုမို စုဆောင်း ထားပြီး ဖြစ်ပါတယ်။

Casuco သကြား ကုမ္ပဏီမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Nguyen Hoang Ngoan က သကြား စက်ရုံများ အနေနဲ့ အရှုံးနဲ့ မယှဉ်ဆိုင် ရလေအောင် ကြံများကို တောင်သူများထံမှ ဈေးနှိမ် ဝယ်ယူ နေကြပါတယ်။ ကြံစိုက် တောင်သူများ အနေနဲ့ အမြတ် အစွန်း နည်းတဲ့ အတွက် လာမဲ့ ကြံရာသီမှာ ကြံစိုက်ပျိုးမဲ့ သူများ လျော့နည်း သွားဖွယ်ရှိ ပါတယ်။ ဗီယက်နမ် နှစ်သစ်ကူးပွဲ နီးကပ်လာပြီ ဖြစ်တာနဲ့ အမျှ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယား နယ်စပ်မှလည်း တရားမဝင် သကြားများ ဆက်လက် ဝင်ရောက်မှု ရှိနေ သော်လည်း အာဏာပိုင်များ အပိုင်းသာ ထိန်းချုပ်နိုင်မှု မရှိဘူးလို့ VNS သတင်းမှာ ဖော်ပြထား ပါတယ်။

Source: VNS >>> CMK

မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး ကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နံှမှု အပိုင်းကို ရှင်းရှင်း လင်းလင်း သိရှိနိုင်ရေး စောင့်ကြည့်နေတဲ့ ထိုင်း ဆန် ကုမ္ပဏီများ ရှိနေ

Tue, 05/14/2013 - 03:59 -- admin
Undefined

ကြာသပတေးနေ့ ၃၁ ဇန်နဝါရီလ ၂၀၁၃ 17:51 PM

ထိုင်းနိုင်ငံမှ တတိယ အများဆုံး ပြည်ပသို့ ဆန် တင်ပို့နေသော ]]Capital Rice Ltd.}} အပါအဝင် အခြား ဆန် တင်ပို့သော ကုမ္ပဏီများဟာ အရှေ့တောင် အာရှနိုင်ငံများမှာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရန် အခြေအနေကို လေ့လာ နေကြပါတယ်။ မြန်မာ နိုင်ငံထိကို လည်းခဲျ့ထွင်ရန် စိတ်ဝင်စားကြောင်းနဲ့ စိုက်ပျိုးရေး ကဏ္ဍနဲ့ စပ်လျဉ်းပြီး မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နံှမှု ဥပဒေကို ရှင်းရှင်း လင်းလင်း သိရှိ နိုင်သည်ထိ စောင့်ဆိုင်း သွားမယ်လို့ ]]Capital Rice Ltd.}} မှ ဒုတိယ မန်နေဂျင်း ဒါရိုက်တာ Wanlop Pichpongsa က ပြောကြားခဲ့ ပါတယ်။

]]Capital Rice Ltd.}} ဟာ ၎င်းရဲ့ စီးပွားရေး လုပ်ငန်း အချို့ကို ကမ္ဘော ဒီးယား ဘက်သို့ ရွှေ့ပြောင်းနေပြီ ဖြစ်ပါတယ်။ အစိုးရရဲ့ ဝင်ရောက် စွက်ဖက်မှုများ၊ ကြားခံ ဝင်ရောက်မှုများ နိုင်ငံပိုင် ဆန်အဖြစ် ခွဲဝေပေးရမှုနဲ့ သင်္ဘော တင်ရန် စရိတ် စက ဈေးကြီး မြင့်မှုများကြောင့် ထိုင်းဈေးကွက် ကံျု့လာတဲ့ အတွက် ဖြစ်ပါတယ်။

]]Capital Rice Ltd.}} မှ ဒုတိယ မန်နေဂျင်း ဒါရိုက်တာ Wanlop Pichpongsa က ၎င်းတို့ ကုမ္ပဏီ အနေနဲ့ ကမ္ဘောဒီးယားမှာ အလတ် တန်းစား ဆန်စက်တစ်လုံး တည်ထားပြီ ဖြစ်ကြောင်းနဲ့ ယခုနှစ် ပထမ လေးလပတ် ကာလ အတွင်းမှာ ကြိတ်ခွဲ ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့မှု စတင် နိုင်တော့မယ်လို့ ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့ ပါတယ်။

လတ်တလောမှာ ကမ္ဘောဒီးယား နိုင်ငံဟာ အရှေ့တောင် အာရှမှာ အသင့်တော်ဆုံး နိုင်ငံ ဖြစ်တယ်လို့ ]]Capital Rice Ltd.}} က ပြောဆို လျက်ရှိပါတယ်။ ယခုနှစ်မှ ဆန်တန်ချိန် ၃ဝဝဝဝ ခန့် ကမ္ဘောဒီးယားမှ တဆင့် တင်ပို့ နိုင်လိမ့်မယ်လို့ ခန့်မှန်း ထားကြောင်းလည်း ပြောကြားခဲ့ ပါတယ်။ ဒီပမာဏဟာ ထိုင်းမှ ပုံမှန် တင်ပို့တဲ့ ဆန် တန်ချိန်ရဲ့ ၂ဝ ရာခိုင်နှုန်း မျှသာ ရှိပြီး ထိုင်းနိုင်ငံဟာ နှစ်စဉ် ဆန်တန်ချိန် ၂ သန်းခန့် တင်ပို့ လျက်ရှိသော်လည်း ၂ဝ၁၂ ခုနှစ်မှာတော့ တန်ချိန် ၁ သန်းခန့်သာ တင်ပို့နိုင် ခဲ့ပါတယ်။ စာရင်း ဇယားများအရ ယခင်နှစ်က ထိုင်းမှ ဆန်တင်ပို့မှု သိသိသာသာ လျော့ကျ ခဲ့တယ်လို့ သိရပါတယ်။

ဒုတိယ ဆန်အများဆုံး တင်ပို့တဲ့ ထိုင်းနိုင်ငံမှ Asia Golden Rice Co., ဟာလည်း မနှစ်က အစောပိုင်း ကပင် ကမ္ဘောဒီးယားမှာ ဆန်ဆိုင် ဖွင့်လှစ် ထားပြီးဖြစ် ပါတယ်။ ဗီယက်နမ်နဲ့ ပါကစ္စတန် နိုင်ငံတို့ကလည်း ဆန်ဆိုင်များ လာရောက် ဖွင့်လှစ် ထားပြီး ပြည်ပမှ ဆန်ဝယ်ယူ သူများထံ ကမ္ဘောဒီးယားမှ သင်္ဘော တိုက်ရိုက်တင် ပေးနေတာဖြစ် ပါတယ်။ အစိုးရရဲ့ အစီအမံ များဟာ မိမိတို့အား ကမ္ဘောဒီးယားသို့ ရွှေ့ပြောင်းရန် တွန်းအား ပေးရာရောက် လျက်ရှိတယ်လို့ ]]Capital Rice Ltd.}} က ပြောဆိုပါတယ်။ ထိုင်း နိုင်ငံမှာတော့ ပရီမီယံဆန် - ဆန်မွှေးကိုမူ ]]Capital Rice Ltd.}} မှ ဆက်လက် ရောင်းချ နေဆဲဖြစ် ပါတယ်။ ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ရွေးကောက်ပွဲမှာ အနိုင်ရ အစိုးရဟာ စပါး တစ်တန်ကို အနိမ့်ဆုံး ၁၅ဝဝဝ ဘတ်နဲ့ ဝယ်ယူမယ်လို့ ကတိ ပေးထားတဲ့ အတွက် ထိုင်း ဆန်ဈေးများမြင့် တက်လာရခြင်း ဖြစ်ပါတယ်။

၂ဝဝ၇ ခုနှစ် စားနပ် ရိက္ခာ ရှားပါးမှု ကာလက စပြီး အိန္ဒိယဟာ ကမ္ဘာ့ ဆန်တင်ပို့ သူများမှာ ပါဝင်နိုင်ခြင်း မရှိခဲ့ဘဲ ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ မှာတော့ ကမ္ဘာ့ဆန် အများဆုံး တင်ပို့မှု သရဖူကို ထိုင်းနိုင်ငံထံမှ လွဲှပြောင်း ရယူ သွားခဲ့ပါတယ်။

ဆန်ဈေးနှုန်း အပိုင်းကို ကြည့်မယ်ဆိုလျှင် ယခုအပတ်မှာ ထိုင်းဆန် တစ်တန်လျှင် ၅၆၅ ဒေါ်လာ ပေါက်ပြီး အခြား အာရှ နိုင်ငံများက ဆန်တစ်တန် ဈေးဟာ ဒေါ်လာ ၃၉ဝ မှ ၄၂၅ ပေါက်လျက် ရှိပါတယ်။ ကမ္ဘောဒီးယား စပါး တစ်တန်ကို ဘတ် ၆ဝဝဝ ဝန်းကျင်နဲ့ အရောင်း အဝယ်ဖြစ် နေပြီး ဆန်တစ်တန်ကို ဒေါ်လာ ၃၉ဝ နဲ့ တင်ပို့တဲ့ အတွက် အိန္ဒိယ၊ ဗီယက်နမ်၊ ပါကစ္စတန်တို့နဲ့ ဈေးကွက်မှာ ယှဉ်ပြိုင် နိုင်စွမ်း ရှိနေပါတယ်။ မိမိတို့ရဲ့ အဓိက ရည်ရွယ်ချက် ကတော့ EBA အထူး အခွင့်အရေးကို ခံစားပြီး ဥရောပ သမဂ္ဂ နိုင်ငံများသို့ တင်ပို့လိုခြင်း ဖြစ်တယ်လို့ Wanlop က ပြောပါတယ်။ EBA ဆိုတာ ကတော့ Everything But Arms ဖြစ်ပြီး ဆင်းရဲသော နိုင်ငံများမှ ပစ္စည်းများ တင်သွင်းခြင်း အပေါ် အကောက်ခွန် သုည ရာခိုင်နှုန်းနဲ့ စည်းကြပ်တဲ့ အခွန် အထူး သက်သာခွင့် ဖြစ်ပါတယ်။

ကမ္ဘောဒီးယား နိုင်ငံဟာ လာမဲ့ နှစ်အနည်းငယ် အကြာမှာ ဆန် တင်ပို့တဲ့ ဦးဆောင်နိုင်ငံ နေရာကို ရောက်ရှိ လိုတဲ့ ဆန္ဒရှိနေ ပါတယ်။ ၂ဝ၁၆ ခုနှစ်မှာ ဆန်တန်ချိန် ၁ သန်း တင်ပို့ရန် မျှော်မှန်းထားပြီး ၂ဝ၁၂ ခုနှစ်မှာ တန်ချိန် ၈ဝဝဝဝဝ တင်ပို့ နိုင်ခဲ့တယ်လို့ USDA ရဲ့ စာရင်း ဇယားများ အရ သိရှိရ ပါတယ်။

ကမ္ဘောဒီးယား နိုင်ငံမှာ ဆန်စက်နဲ့ သင်္ဘော ဆိပ်ကမ်းများ အလုံ အလောက် မရှိသေးတဲ့ အတွက် ကမ္ဘောဒီးယားမှ ဆန် ပြည်ပ တင်ပို့သူများဟာ ၂ဝ၁၆ ခုနှစ်မှာ ၎င်းးတို့ရဲ့ ဆန်တင်ပို့မှု ဦးဆောင် နိုင်ငံ ဖြစ်ရမယ် ဆိုတဲ့ ရည်မှန်းချက်ကို အကောင် အထည် ဖော်ရန် မမျှော်မှန်းရဲဘဲ ဖြစ်နေပါတယ်။ သို့သော်လည်း ထိုင်းနိုင်ငံမှ ရင်းနှီး မြှုပ်နံှသူ များနဲ့ ကျွမ်းကျင် သူများကို ဖိတ်ခေါ်ပြီး မျှော်မှန်းချက်ကို အကောင် အထည် ဖော်နိုင်ရေး တာဝန်ရှိ သူများက ဆောင်ရွက်ပေး လျက်ရှိပါတယ်။ မဟာမိတ် နိုင်ငံကြီး ဖြစ်တဲ့ တရုတ် နိုင်ငံဟာ ကမ္ဘောဒီးယား နိုင်ငံရဲ့ ရေပေး ဝေရေး စနစ်များ ဖွံ့ဖြိုး တိုးတက်ရေး ပံ့ပိုး ကူညီသလို ဆန်စက်များ တည်ဆောက်ရန် အတွက်လည်း ကူညီ ဆောင်ရွက်ပေး နေပါတယ်။

Source: Reuters >>> CMK

ဒီဇင်ဘာလမှာ အိန္ဒိယ ရော်ဘာ သုံးစွဲမှု လျော့ကျခဲ့

Tue, 05/14/2013 - 03:57 -- admin
Undefined

ဗုဒ္ဓဟူးနေ့ ၃၀ ဇန်နဝါရီလ ၂၀၁၃ 15:04 PM

၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလမှ အိန္ဒိယ နိုင်ငံမှာ ရော်ဘာ သုံးစွဲမှုဟာ ၇၈ဝဝဝ တန် ရှိခဲ့ပြီး ယမန်နှစ် ကာလတူ သုံးစွဲမှုထက် ၁ ဒသမ ၃ ရာခိုင်နှုန်း လျော့ကျ ခဲ့ပါတယ်။ တာယာ ထုတ်လုပ်မှုများ လျော့ကျ ခဲ့တဲ့ အတွက် ရော်ဘာ လိုအပ်ချက် လျော့နည်း သွားခြင်းကြောင့်လို့ သိရပါတယ်။ ရော်ဘာ ထုတ်လုပ်မှု ကတော့ ၁၁ဝဝဝဝ တန်ရှိပြီး ယမန်နှစ် ကာလတူ ထက် ၃ ရာခိုင်နှုန်း ပိုမို တိုးမြင့် လာတယ်လို့ သိရပါတယ်။ ပြည်တွင်း ပေါက်ဈေးနဲ့ နှိုင်းယှဉ်လျှင် နိုင်ငံ တကာ ပေါက်ဈေး သိသိသာသာ မြင့်တက်နေတဲ့ အတွက် ဒီဇင်ဘာလမှာ ပြည်ပမှ ရော်ဘာ တင်သွင်းမှုများလည်း လျော့နည်း ခဲ့ပါတယ်။ နိုဝင်ဘာလ နောက်ဆုံးပတ် ကစပြီး ဈေးကျ နေတာဖြစ်ပါတယ်။ ကမ္ဘာ့ပေါက်ဈေး ထက်လည်း ၁ ကီလိုကို ၂ဝ မှ ၂၅ ရူပီးဈေး နိမ့်လျက် ရှိပါတယ်။ ဈေးနှုန်း ကျနေပြီး အိန္ဒိယ ဈေးကွက်မှာ အရောင်း အဝယ်များ ထိုင်းမှိုင်း နေပါတယ်။ အဓိက တာယာ ထုတ်လုပ်သူများ ပြည်ပမှ ရော်ဘာ တင်သွင်းခြင်း ဟာလည်း ဒီဇင်ဘာလမှာ သိသိ သာသာ လျော့နည်း ကျဆင်း ခဲ့ပါတယ်။

နိုဝင်ဘာလ အစောပိုင်း ထိမှာတော့ ပြည်ပမှ ရော်ဘာ တင်သွင်းမှုဟာ ပုံမှန် ရှိနေပြီး ဒီဇင်ဘာလ မှာတော့ ယမန်နှစ် ကာလတူ နဲ့ နှိုင်းယှဉ်လျှင် ၃၅ ရာခိုင်နှုန်းထိ သိသိ သာသာ လျော့နည်း သွားခဲ့ပါတယ်။ လျော့ကျ လာမှုကို ကြည့်ခြင်း အားဖြင့် ၂ဝ၁၂-၂ဝ၁၃ တစ်နှစ်လုံး တင်သွင်းမှုဟာ တန်ချိန် နှစ်သိန်း အောက်ထိသာ ခွင့်ပြုသွားတယ် လို့သိရပါတယ်။ ရော်ဘာ လုပ်ငန်း ဘုတ် အဖွဲ့ရဲ့ အစောပိုင်း ထုတ်ပြန်ချက် အရ ၂ဝ၁၂-၂ဝ၁၃ မှာ ရော်ဘာတန် ၂ ဒသမ ၅ သိန်းခန့်သာ တင်သွင်းရန် ခန့်မှန်း ခဲ့တာ ဖြစ်ပါတယ်။ ယမန်နှစ် ကတော့ ၂ဝ၅ဝ၅ဝ တန်သာ တင်သွင်း ဖြစ်ပါတယ်။

Source: Business.std. com >>> CMK

ဇန်နဝါရီလတွင် မဲခေါင်မြစ်ဝှမ်း ဒေသမှ ဆန်တန်ချိန် ၈၈ဝဝဝ ကျော် ပြည်ပသို့ တင်ပို့နိုင်

Tue, 05/14/2013 - 03:55 -- admin
Undefined

ဗုဒ္ဓဟူးနေ့ ၃၀ ဇန်နဝါရီလ ၂၀၁၃ 13:34 PM

၂ဝ၁၃ ခုနှစ် ဇန်နဝါရီလတွင် မဲခေါင်မြစ်ဝှမ်း ဒေသမှ ကန်ဒေါ်လာ ၄၁ ဒသမ ၄ သန်းကျော် တန်ဖိုးရှိ ဆန်တန်ချိန် ၈၈၆ဝဝ ကို ပြည်ပ နိုင်ငံများရှိ ဝယ်လက်များထံ တင်ပို့ နိုင်ခဲ့ပါတယ်။ စပါးဈေးဟာ တည်ငြိမ်နေပြီး စပါး တစ်ကီလိုဂရမ်ကို ဗီယက်နမ် ဒေါင် ၅၃၅ဝ မှ ၅၇ဝဝ နဲ့ ၅ မှတ် ဆန်တစ်ကီလို ဂရမ်ကို ဗီယက်နမ်ဒေါင် ၇၂၅ဝ- ၇၄ဝဝ ဈေးပေါက်လျက် ရှိတယ်လို့ သိရပါတယ်။ ယခုနှစ် အတွက် မဲခေါင်မြစ်ဝှမ်း ဒေသမှ ဆန်တန်ချိန် ၆ ဒသမ ၃ မှ ၆ ဒသမ ၈ သန်း သင်္ဘော တင်ရန် လျာထားတာ ဖြစ်ပါတယ်။

လျာထားချက် ပြည့်မီစေရန် အတွက် တောင်သူများ အချိန်မီ ရောင်းချရန် အရည် အသွေး ကောင်းသော ဆန်များ ကြိတ်ခွဲ ထုတ်လုပ်ရန်နဲ့ ဈေးကွက်မှာ အခြေအနေ ကောင်းမွန်ရေး ဆောင်ရွက် နေကြပါတယ်။ ဈေးကွက် ရှုဒေါင့်မှ နေ၍ ဈေးနှုန်းကို ချင့်ချိန်တွက်ဆ သတ်မှတ်ခြင်း၊ အရည်အသွေးမြင့် ဆန်များ ထုတ်လုပ်နိုင်ရန်နဲ့ စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးရန် အတွက် တောင်သူများနဲ့ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက် လုပ်ကိုင် လျက်ရှိတယ်လို့ သိရပါတယ်။

ဒေသ တာဝန်ရှိ သူများဟာ တောင်သူများအတွက် အမြတ် ၃ဝ ရာခိုင်နှုန်းနဲ့ အထက်ရရှိနိုင်စေရေး ကုန်သည်၊ စီးပွားရေး လုပ်ငန်းရှင်များနဲ့ တောင်သူများ အကြား အနီးကပ် တွေ့ဆုံဆွေးနွေးပြီး ပြန်လည် သုံးသပ်မှုများ လုပ်ဆောင် နေကြပါတယ်။ ယခင်နှစ်က ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းတန်ဖိုးရှိ ဆန် ၆ ဒသမ ၈ သန်းကျော်ကို မဲခေါင် မြစ်ဝှမ်း ဒေသမှ တင်ပို့ နိုင်ခဲ့ပါတယ်။

Source: VOV >>> CMK

မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်တွင် ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပွားခြင်း

Tue, 05/14/2013 - 03:53 -- admin
Undefined

ဗုဒ္ဓဟူးနေ့ ၃၀ ဇန်နဝါရီလ ၂၀၁၃ 12:29 PM

၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့ ဝ၈းဝဝ နာရီမှ စတင်ပြီး မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေး ဇုန်မှာ ယာဉ်စစ်ကွင်း အဝင် ဂိတ်ပေါက်မှ လေးမိုင်ခန့် အကွာရှိ အောက်တုံခမ် ကျေးရွာ မြကန်သာ စက္ကူ စက်ရုံအထိ ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပွားခဲ့ရာ နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး၊ ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မြို့နယ် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ ပါဝင်တဲ့ အဖွဲ့မှ စုပေါင်း ဖြေရှင်း ဆောင်ရွက်ခဲ့မှုကြောင့် ၁ရး၃ဝ နာရီခန့်တွင် ယာဉ်ကြော ပိတ်ဆို့မှုကို ခေတ္တ ဖြေရှင်းနိုင် ခဲ့သော်လည်း ၁၈း၃ဝ နာရီခန့်မှာ ပြန်လည် ပိတ်ဆို့ သွားခဲ့ပါတယ်။

ယာဉ်ကြော ပြန်လည် ပိတ်ဆို့ သွားခဲ့တဲ့ အတွက် ပို့ကုန်၊ သွင်းကုန် ယာဉ်များ၊ ခရီးသည် တင်ယာဉ်ကြီးများ၊ ယာဉ်ငယ်များဟာ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေး ဇုန်နဲ့ တုန်ခမ် ကျေးရွာတို့မှာ ညအိပ် ရပ်နားခဲ့ရတဲ့ အခြေအနေတွင် ရှိပါတယ်။ ယာဉ်ကြော ပိတ်ဆို့မှု အခြေအနေအား ဖြေရှင်းနိုင်ရန် အတွက် ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့ ၂၁း၃ဝ နာရီ အချိန်မှာ ညတွင်းချင်း ရှင်းလင်း နိုင်ရေး အတွက် အကောက်ခွန် ပြည်နယ် ဦးစီးမှူးမှ နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးအား ဇုန်ရုံးခန်းတွင် လာရောက် တွေ့ဆုံ ဆွေးနွေးရာ ဂျူတီပါရှိပြီး တစ်မယ်ချင်း တင်ထားတဲ့ ယာဉ်များ (ဥပမာ-သစ်သီး၊ ဓါတ်မြေသြဇာ) ယာဉ်တို့ကို ယာဉ်စစ်ကွင်း အတွင်းသို့ ပို့ကုန်ဝင်ပေါက်မှ ဝင်ရောက်စေခြင်း၊ ကုန်စုံကားများအား ဇုန်အတွင်း ပွဲရုံတန်းများရဲ့ လမ်းကြားနေရာမှာ ရပ်စေခြင်း၊ နောက်တစ်နေ့ နံနက်ပိုင်းမှာ စာရွက်စာတမ်း၊ ဂျူတီ ပြည့်စုံသော ယာဉ်များ စစ်ဆေးခံ နိုင်ရန် ယာဉ်စစ်ကွင်း အတွင်းသို့ ဝင်ရောက် နိုင်စေရေး စီစဉ် ဆောင်ရွက်ပေးရန်နဲ့ အကောက်ခွန် ဝန်ထမ်းများ ထုတ်နှုတ် ပူးပေါင်း ဆောင်ရွက် စေရန် ညှိနှိုင်း သဘော တူညီခဲ့ကြောင်း သိရပါတယ်။

၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ ဝ၈းဝဝ နာရီ အချိန်က စတင်ပြီး ယာဉ်ကြော ပိတ်ဆို့မှုကို နယ်စပ်၊ အကောက်ခွန်၊ ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲ၊ ယာဉ်ထိန်းရဲများ လမ်းကြောင်း တစ်လျှောက်နဲ့ ယာဉ်စစ်ကွင်း အတွင်းသို့ ဝင်ရောက်ကာ ဝိုင်းဝန်း ဖြေရှင်း ဆောင်ရွက်ရာတွင် ၁၂းဝဝ နာရီ အချိန်ခန့်မှာ ယာဉ်ကြော ပိတ်ဆို့မှု အခြေအနေကို လတ်တလော အဆင်ပြေစေရန် ဖြေရှင်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ယာဉ်စစ်ကွင်း အတွင်း ယာဉ်များ စနစ်တကျ ရပ်တန့် စစ်ဆေးမှု မရှိခြင်းကြောင့် ပိတ်ဆို့ ကြပ်ပိတ် နေသဖြင့် မမျှော်လင့်သော မီးဘေး အန္တရာယ် ဖြစ်ပေါ်လာပါက ယာဉ်များ အလွယ်တကူ ဝင်/ထွက် မောင်းနှင် ရှောင်တိမ်းနိုင်မှု မရှိတဲ့ အတွက် မလိုလားအပ်တဲ့ ဆုံးရှုံး ပျက်စီးမှုများနဲ့ မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ ရမှာဖြစ်တဲ့ အပြင် စနစ်တကျ စီမံခန့်ခွဲရန် ပျက်ကွက်ခြင်းကြောင့် သက်ဆိုင်ရာ ဌာနများ အပေါ်မှာ တာဝန်ရှိကြောင်း စွပ်စွဲပြစ်တင်မှု ပြုခြင်းကို ခံရမှာဖြစ်ပါတယ်။

လမ်းကြောင်းပေါ်မှာ ယာဉ်ကြော ပိတ်ဆို့မှု ထပ်မံ မဖြစ်ပွားစေရေး အတွက် ခရိုင် အုပ်ချုပ်ရေး အဖွဲ့ အကူအညီနဲ့ ယာဉ်ထိန်းရဲများ နေ့စဉ် တာဝန် ချထားခြင်း၊ ယာဉ်စစ်ကွင်း အတွင်းရှိ ယာဉ်များ မီးဘေး ကာကွယ်ရေး အတွက် စီမံချက် စနစ်တကျ ရေးဆွဲကာ မီးသတ်ဘူး၊ မီးချိတ်၊ မီးကတ်၊ သဲအိတ်၊ ရေပုံး၊ အရန်ရေများ အသင့် စုဆောင်း ပြင်ဆင် ထားရှိခြင်းနဲ့ မီးသတ် တပ်ဖွဲ့ရဲ့ အကူအညီ ရယူပြီး ဇာတ်တိုက် လေ့ကျင့်မှုများကို ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

ယာဉ်စစ်ကွင်း အတွင်း ယာဉ်များ စနစ်တကျ ရှင်းလင်းစွာ အစစ်ဆေး ခံနိုင်ရေး အတွက် အကောက်ခွန် အဖွဲ့ကို ထိန်းကျောင်း ကြပ်မတ်မည့် စနစ် (သို့မဟုတ်) အဖွဲ့ တစ်ခုလိုအပ်မှာ ဖြစ်ကြောင်း၊ မန်ဝိန်း ဂိတ်မရှိတော့တဲ့ အတွက် မိမိ နိုင်ငံဘက်မှာ ဝင်ရောက် ညအိပ်တဲ့ သွင်းကုန်ကားများကို ယခင် ကျယ်ဂေါင် ညအိပ်ကွင်းကဲ့သို့ ကုန်တင် ယာဉ်ကြီး အစီးရေ ၃ဝဝ မှ ၅ဝဝ ခန့် အထိ ရပ်နားနိုင်တဲ့ သွင်းကုန် ညအိပ်ကွင်း တစ်ကွင်း (သို့မဟုတ်) အစီးရေ ၂၅ဝ ခန့် ရပ်နားနိုင်တဲ့ သွင်းကုန် ယာဉ် ညအိပ်ကွင်း နှစ်ကွင်းကို မြေသားကွင်း အဖြစ် အမြန် စီစဉ် ဆောင်ရွက် ပေးရန် လိုအပ်လျက် ရှိပါတယ်။

ကုန်သွယ်မှု မြင့်မား တိုးတက်လာခြင်း၊ ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းရဲ့ တန်ချိန် ကန့်သတ်ချက်ကြောင့် ယာဉ်စီးရေ တိုးတက် များပြား လာခြင်းတို့ကြောင့် လက်ရှိမူဆယ် ၁ဝ၅ မိုင် ကုန်စစ်ကွင်းမှာ သွင်းကုန် (သို့မဟုတ်) ပို့ကုန် တစ်မျိုးတည်း အသုံးပြုရန် အတွက်သာ သင့်တော်ပြီး လက်ရှိ နေရာ အနီးဝန်းကျင်မှာ ဧက(၃ဝ) (၄ဝ)ခန့် အကျယ်အဝန်း ရှိတဲ့ မြေနေရာ ရှာဖွေပြီး ပို့ကုန် (သို့မဟုတ်) သွင်းကုန် ယာဉ်စစ်ကွင်း တစ်ခု ထပ်မံ တည်ဆောက်ရန် လိုအပ်လျက် ရှိနေပါကြောင်း ရေးသား တင်ပြ လိုက်ရပါတယ်...

မြင့်ဦး (ကမရ)

ကုန်ကြမ်းဈေး မြင့်တက်နေပါက Butadiene ရော်ဘာ ထုတ်လုပ်မှု လျှော့ချသွားရန် ကိုရီယား၊ တရုတ်တို့ စဉ်းစားနေကြပြီ

Tue, 05/14/2013 - 03:50 -- admin
Undefined

ဗုဒ္ဓဟူးနေ့ ၃၀ ဇန်နဝါရီလ ၂၀၁၃ 12:25 PM

ကုန်ကြမ်း ပစ္စည်းများ ဆက်လက် ဈေးမြင့်တက် နေမယ်ဆိုလျှင် ထုတ်လုပ်မှု လုပ်ငန်းများ အတွက် အမြတ် အစွန်း နည်းစေ လျက်ရှိနေ ပါတယ်။ အာရှရှိ ဘူတာဒင်းန် (Butadiene) ထုတ်လုပ် သူများဟာ ထုတ်လုပ်မှုကို လျှော့ချ သွားတော့မယ်လို့ ဈေးကွက် အတွင်း ဇန်နဝါရီလ စတုတ္ထပတ်မှာ ပြောကြား နေကြပါတယ်။ ကိုရီးယားနဲ့ တရုတ်မှ (Butadiene) ရော်ဘာ ထုတ်လုပ်သူ များဟာ ဈေးကွက် လိုအပ်ချက် လျော့နည်း လာတဲ့ အတွက် ၎င်းတို့ရဲ့ ထုတ်လုပ်မ ှုပမာဏကို ၅ဝ မှ ၇ဝ ရာခိုင် နှုန်းထိ လျှော့ချ ထုတ်လုပ် သွားမယ်လို့ သိရပါတယ်။ သို့မှသာ (Butadiene) လက်ကျန်များရဲ့ ဈေးလည်း မြင့်တက် လာမယ်လို့ မှန်းဆ ထားကြပါတယ်။

ဖေဖော်ဝါရီ လလယ် သင်္ဘော တင်မဲ့ (Butadiene) ရဲ့ ပေါက်ဈေးကတော့ ၁ တန်ကို ဒေါ်လာ ၁၉ဝဝ-၁၉၅ဝ ရှိနေပါတယ်။ ဝယ်လိုအား ကတော့ နှစ်သစ်ကူး (Lunar New Year) ကာလ အလွန်မှသာ တက်လာ နိုင်တယ်လို့ ခန့်မှန်း နေကြပါတယ်။ အချို့ (Butadiene) ထုတ်လုပ်သူ များဟာ ၎င်းတို့ရဲ့ဈေးကို ၁ တန် ဒေါ်လာ ၂ဝဝဝ နှုန်းသို့ မြှင့်တင်ရန် စဉ်းစား နေကြပါတယ်။ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ လတုန်းက (Butadiene) ပျမ်းမျှ ၁၈၂ဝ ဒေါ်လာ ဈေးပေါက်ခဲ့တာ ဖြစ်ပါတယ်။ Butadiene) လက်ကျန်ဈေး ဆက်လက် မြင့်တက် နေမယ်ဆိုလျှင် မိမိတို့ရဲ့ ထုတ်လုပ်သော ကုန်ချော ရောင်းရဈေးမှာ ကုန်ကြမ်း ဈေးမြင့်မှုနဲ့ ဟန်ချက် မညီတဲ့ အတွက် ထုတ်လုပ်မှု လျှော့ချရန်ကိုသာ အလေးထား စဉ်းစားနေ ကြတယ်လို့ ကိုရီးယားမှ (Butadiene) ရော်ဘာ ကုန်ချော ထုတ်လုပ်သူ တစ်ဦးက ပြောဆိုနေ ပါတယ်။ တရုတ်နိုင်ငံမှ Butadiene) ထုတ်လုပ်တဲ့ အသိုင်း အဝိုင်းကတော့ အချို့က ထုတ်လုပ်မှုကို လျှော့ချ သွားမှာဖြစ်သလို အချို့ကတော့ ထုတ်လုပ်မှုကို ရပ်နားထားရန် စဉ်းစားနေကြ တယ်လို့ သိရပါတယ်။ တရုတ ်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Shandong Huamao က နှစ်စဉ် (Butadiene) ၁ဝဝဝဝဝ တန် ထုတ်လုပ် နေရာမှ ယခုနှစ်မှာ ၅ဝ ရာခိုင်နှုန်း လျှော့ချ ထုတ်လုပ်သွားမှာ ဖြစ်ပြီး Nantong TSRC-UBE ကုမ္ပဏီ ကတော့ ၇၂ဝဝဝ တန်သာ ထုတ်လုပ် သွားမယ်လို့ ပြောဆိုလျက် ရှိကြပါတယ်။

Source: cria.org.cn >>>CMK

Pages

Subscribe to RSS - Department of Trade