Department of Trade

မလုပ်ရမှန်း သိလျက်နဲ့ လုပ်ပြီး ထွက်ပြေး တိမ်းရှောင်သွားသူ

Tue, 05/14/2013 - 07:24 -- admin
Undefined

ဗုဒ္ဓဟူးနေ့  ၁၃ မတ်လ  ၂၀၁၃ 02 း 10 PM

စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းခုျပ်ရေး Mobile Team အဖွဲ့-၁ ဟာ မူဆယ်-မန္တလေး ကုန်သွယ်မှု လမ်းကြောင်းပေါ်မှာ တာဝန် ထမ်းဆောင် နေစဉ် မတ်လ ၄ ရက် နံနက် ဝ၃း၃ဝ ချိန်ခန့်မှာ မူဆယ် (နမ့်အွန်) မှ မန္တလေးသို့ မောင်းနှင်လာတဲ့ ၁၂ ဘီးယာဉ် ၈စ/xxxx ကိုရပ်တန့်စစ်ဆေးရာမှာ ယာဉ်တစ်စီးလုံးမှာ တရားမဝင် အကောက်ခွန်မဲ့ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းမိုျးစုံအပြည့် တင်ဆောင်လာတာတွေ့ရှိရပါတယ်။ ပစ္စည်းများကို စစ်ဆေးဆောင်ရွက်မှုပြုနေစဉ် ၁၂ဘီးယာဉ်မောင်းမှာ ရုတ်တရက် ထွက်ပြေး တိမ်းရှောင် သွားခဲ့တယ်လို့သိရှိရပါတယ်။ ယာဉ်ပေါ်မှာတင်ဆောင်လာတဲ့ အကောက်ခွန်မဲ့ပစ္စည်းတွေကတော့ တစ်ဖက်နိုင်ငံထုတ် ခြင်ဆေးခွေ၊ မှိုခြောက်၊ ကြာညို့(အနောက်၊အကြည်)၊ သစ်သီးအချိုရည်၊ စပျစ်သီးခြောက်၊ Marbel Cake၊ ခေါက်ဆွဲခြောက်တို့ဖြစ်ကြပါတယ်။ တရားမဝင် အကောက်ခွန်မဲ့ စားသောက်ကုန် ပစ္စည်းများနဲ့ ကုန်တင် ၁၂ ဘီးယာဉ်တို့အား ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေး လားရှိုးအကောက်ခွန် ဌာနကိုအပ်နံှထားပြီးဖြစ်တယ်လို့ Mobile Team အဖွဲ့-၁ ခေါင်းဆောင်ထံမှ သတင်းရရှိပါတယ်။

Mobile Team အဖွဲ့-၁ ဟာ မူဆယ်-မန္တလေးကုန်သွယ်မှုလမ်းကြောင်းပေါ်မှာသွားလာနေတဲ့ ကုန်တင် ယာဉ်များ၊ ခရီးသည်တင်မှန်လုံယာဉ်များ၊ ခရီးသည်တင် Light Truck ၊ ယာဉ်ငယ်များ အား IDအထောက်အထား စာရွက်စာတမ်းများစစ်ဆေးခြင်း၊ အကောက်ခွန်မဲ့နဲ့ ကန့်သတ်ကုန်ပစ္စည်း တင်ဆောင်ခြင်းရှိ/မရှိကို နေ့/ညအဖွဲ့ ၂ ဖွဲ့ခွဲကြပ်မတ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Source လရ-၁                                                                                                           MTN

နိုင်ငံတကာ ရော်ဘာ ဈေးကွက် တည်ငြိမ်ရေး အင်ဒိုနီးရှား၊ ထိုင်းနဲ့ မလေးရှားတို့ အလေးထား ဆောင်ရွက်

Tue, 05/14/2013 - 07:24 -- admin
Undefined

ဗုဒ္ဓဟူးနေ့  ၁၃ မတ်လ  ၂၀၁၃ 01 း 58 PM

အင်ဒိုနီးရှား၊ ထိုင်းနဲ့ မလေးရှား အပြည်ပြည်ဆိုင်ရာ သုံးပါတီနဲ့ ဖွဲ့စည်းထားတဲ့ ရော်ဘာ ကောင်စီဟာ ရော်ဘာ ဈေးနှုန်းကို တစ်ကီလို ဂရမ်လျှင် ၃ ဒေါ်လာနှုန်းနဲ့ ဆက်လက် တင်ပို့သွားရန် သတ်မှတ် ထားပြီး ဆက်လက် ကျဆင်းသွား နိုင်တယ်လို့ ထုတ်ပြန်ထား ပါတယ်။ နိုင်ငံတကာ ဈေးကွက်မှာ ဈေးနှုန်း တည်ငြိမ်မှု ရှိစေရေး အတွက် အလေးထား ဆောင်ရွက် သွားရမယ်လို့ ရော်ဘာ ကောင်စီကပြောပါတယ်။ အပြည်ပြည် ဆိုင်ရာ ရော်ဘာ အသင်းရဲ့ အကြီးတန်း အရာရှိခုျပ်ဖြစ်သူ Addis က ရော်ဘာ တစ်ကီလိုဂရမ်လျှင် ၃ မှ ၄ ဒေါ်လာ ဈေးဟာ ရော်ဘာ တောင်သူများနဲ့ ရော်ဘာ ထုတ်လုပ်သူများ အတွက် ဖြစ်သင့်ဖြစ်ထိုက် တဲ့ ဈေးနှုန်းဖြစ်တယ်လို့ သုံးသပ်ပြောကြားပါတယ်။ တရုတ်နဲ့ အမေရိကတို့ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကြောင့် ၂ဝ၁၃ ခုနှစ်မှာ ရော်ဘာဈေးများမြင့်တက် လာနိုင်ကြောင်းနဲ့ ဥရောပကြွေးမြီး အခက်အခဲဟာလည်း ကမ္ဘာ့ရော်ဘာဈေးအပေါ် သက်ရောက် စေနိုင်တယ်လို့ သုံးပါတီ ရော်ဘာ ကောင်စီက ဆိုပါတယ်။

Source: VNS                                                                                                             CMK

ထိုင်းနိုင်ငံလုပ် အသားတု အစိုများအား မီးရှို့ ဖျက်ဆီးခဲ့ ရပြန်

Tue, 05/14/2013 - 07:21 -- admin
Undefined

ဗုဒ္ဓဟူးနေ့  ၁၃ မတ်လ  ၂၀၁၃ 01 း 45 PM

မတ်လ ၁ ရက်နေ့နံနက် ဝ၃း၁၅ ချိန်မှာ ကျိုက်ထိုဘက်မှ မောင်းနှင်လာတဲ့ Probox ယာဉ် AA/ xxxx အငှား ယာဉ်ငယ်အား မသင်္ကာသဖြင့် ရပ်တန့် စစ်ဆေးခဲ့ရာမှာ ကျပ် ၁ ဒသမ ၅၆ သန်းတန်ဖိုးရှိ အကောက်ခွန်မဲ့ ထိုင်းနိုင်ငံလုပ် အသားတု အစို ၆၅ ကီလို ဂရမ်ပါ ၁၅ အိတ်အား ရှာဖွေတွေ့ရှိ ခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ အဆိုပါ ဖမ်းဆီးရမိ အသားတုများကို Mobile Team အဖွဲ့ဝင်များနဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ပြီး FDA ထောက်ခံချက် မရသဖြင့် လိုင်စင်ထုတ်ပေး နိုင်ခြင်း မရှိသလို ပုတ်သိုး ပျက်စီးလွယ် ပစ္စည်းများ ဖြစ်တဲ့ အတွက် အဖွဲ့စုံနဲ့ ဖျက်ဆီးရန် ဆုံးဖြတ်ခဲ့ ကြတယ်လို့ သိရပါတယ်။ မတ် ၁ ရက်နေ့ ၁ရးဝဝ ချိန်မှာတော့ Mobile Team အဖွဲ့ဝင် ဌာန ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့နဲ့ စစ်တောင်း တံတား အဟောင်း/ အသစ်အနီးမှ ကျင်းတူးပြီး ဒီဇယ်လောင်းမီးရှို့ထုံးဖြူးဖျက်ဆီးခဲ့တယ်လို့ သတင်းရရှိပါတယ်။

Source Mobile Team -2                                                                                                          CMK

တရုတ်၊ စင်္ကာပူနဲ့ မလေးရှား တို့မှ မြန်မာ့ရော်ဘာ အများဆုံး ဝယ်ယူလျက်ရှိ

Tue, 05/14/2013 - 07:21 -- admin
Undefined

ဗုဒ္ဓဟူးနေ့  ၁၃ မတ်လ  ၂၀၁၃  12 း 49 PM

တရုတ်၊ စင်္ကာပူနဲ့ မလေးရှား နိုင်ငံတို့ဟာ မြန်မာ့ ရော်ဘာ အများဆုံး ဝယ်ယူ လျက်ရှိကြောင်း ဖေဖော် ဝါရီလ ၁ဝ ရက်မှ ၁၆ ရက်အတွင်းမှာ စင်္ကာပူနဲ့ မလေးရှား နိုင်ငံ တို့သို့ တန် ၅ဝဝ အပို့ ရှိပြီး နယ်စပ်မှ တရုတ်နဲ့ ထိုင်း နိုင်ငံသို့ တန် ၁၁၄ဝ ကျော် အပို့ရှိ ခဲ့တယ် လို့ ၂၇-၂-၂ဝ၁၃ နေ့ထုတ် European Rubber Journal မှာ ဖော်ပြ ထားပါတယ်။ မြန်မာ နိုင်ငံ ရော်ဘာ စိုက်ပျိုး ထုတ်လုပ် သူများ အသင်း အတွင်းရေးမှူး ဦးခိုင်မြင့်ရဲ့ ပြောကြား ချက် အရ မြန်မာ့ ရော်ဘာ များကို အင်ဒိုနီးရှား၊ ကိုရီးယား၊ ဗီယက်နမ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံ တို့သို့လည်း တင်ပို့ ရလျက် ရှိတယ်လို့ သတင်းမှာ ဖော်ပြထား ပါတယ်။ ဖေဖော်ဝါရီလ နောက်ဆုံးပတ် ရော်ဘာဈေးများကတော့-.......... (ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကို နှိပ်ပါ)

    ကန်ဒေါ်လာ
RSS ၁ တန်လျှင် ၃၀၀၀-၃၁၀၀
RSS-3 ၂၉၀၀-၃၀၀၀
RSS-5 ၂၈၀၀-၂၉၀၀
MSR-10 ၂၉၅၀-၃၀၅၀
MSR-20 ၂၉၀၀-၃၀၀၀
MSR-50 ၂၈၀၀-၂၉၀၀
Crepe Rubber ၂၇၀၀-၂၈၀၀

 

အသီးသီး ပေါက်ခဲ့ပြီး မတ်လ ပထမပတ် မှာလည်း ဈေးပြောင်းလဲမှု မရှိပါဘူး။ မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုး ထုတ်လုပ်သူများ အသင်းက ထုတ်ပြန်တဲ့ International Rubber ပေါက်ဈေးအရ သိရှိရပါတယ်လို့ သတင်း မှာ ဖော်ပြထားပါတယ်။

Source: European Rubber Journal 27-2-2013                                                                               CMK

ဗီယက်နမ်နိုင်ငံမှ အာဖရိကနဲ့မြန်မာသို့ တင်ပို့မှုများမြင့်တက်လျက်ရှိ

Tue, 05/14/2013 - 07:20 -- admin
Undefined

အင်္ဂါနေ့  ၁၂ မတ်လ  ၂၀၁၃  11 း 45 AM

ဗီယက်နမ် နိုင်ငံမှ ယခုနှစ်မှာ အာဖရိက တင်ပို့မှုဟာ ၂ဝ ရာခိုင်နှုန်းထိ မြင့်တက်နိုင်ပြီး ကန်ဒေါ်လာ   ၃ ဒသမ ၁၂ ဘီလီယံ ရှိနိုင်တယ်လို့ စီးပွားရေး ပညာရှင် များက ခန့်မှန်း ပြောကြား လျက်ရှိပါတယ်။ 

ဇန်နဝါရီလမှာ အာဖရိကသို့ ကန်ဒေါ်လာ ၆၂ ဒသမ ၉ သန်း တင်ပို့ နိုင်ခဲ့ပြီး တယ်လီ ဖုန်းနဲ့ ဆက်စပ် ပစ္စည်းများ၊ ဖိနပ်၊ သီဟိုဠ် စေ့နဲ့ ကော်ဖီတို့ ဖြစ်ကြ ပါတယ်။ ဆီနီ ဂေါ နိုင်ငံ ကတော့ ဗီယက်နမ် နိုင်ငံမှ ဆန်၊ အထည် အလိပ်နဲ့ အဝတ် အထည်၊ သယ်ယူ ပို့ဆောင် ရေးနဲ့ ဆက်စပ် ပစ္စည်း များ ကန်ဒေါ်လာ ၂ ဒသမ ၉၃ သန်းဖိုး တင်သွင်းခဲ့ရပြီး အယ်ဂျီးရီးယား ကတော့ ဆန်နဲ့ ကော်ဖီ အပါအဝင် ကန်ဒေါ်လာ ၁၉ သန်း နီးပါးဖိုး ဗီယက်နမ်မှ တင်သွင်း ခဲ့ရပါတယ်။

ဗီယက်နမ်ရဲ့ ပို့ကုန် ဈေးကွက် အလားအလာ ကောင်းဟာ အာဖရိက ဖြစ်ပြီး ဗီယက်နမ်နဲ့ အာဖရိက တို့ဟာ နှစ်နိုင်ငံ အပြန် အလှန် ကုန်သွယ်မှု တိုးတက်ရန် ကြိုးပမ်း လုပ်ဆောင် လျက်ရှိကြ ပါတယ်။ ဗီယက် နမ်မှ အာဖရိကသို့ တင်ပို့မှုဟာ နှစ်စဉ် ၂ဝ ရာခိုင်နှုန်း မြင့်တက် လျက်ရှိပြီး ယမန်နှစ်က ကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံ ဝန်းကျင်ထိ ဆောင်ရွက် နိုင်ခဲ့ပါတယ်။ အဓိက ဈေးကွက် များမှာ အယ်ဂျီးရီးယား၊ အင်န်ဂိုလာ၊ မိုဇမ်ဘစ်၊ ဂါနာ၊ အီဂျစ်၊ နိုက်ဂျီး ရီးယားနဲ့ မော်ရို ကိုတို့ ဘဲဖြစ်ကြ ပါတယ်။ ဆန်၊ ကော်ဖီ၊ ငရုတ် ကောင်း၊ ပင်လယ်စာ၊ ကွန်ပူျတာ၊ လျှပ်စစ် ပစ္စည်းနဲ့ ဆက်စပ် ပစ္စည်းများ၊ တယ်လီ ဖုန်းများ၊ စက်နဲ့ စက်ပစ္စည်းများ၊ သယ်ယူ ပို့ဆောင်ရေးနဲ့ ဆက်စပ် ပစ္စည်းများ၊ အထည်အလိပ်၊ အဝတ် အထည်များနဲ့ ဖိနပ်များကို ဗီယက် နမ် နိုင်ငံမှ အဓိက တင်ပို့လျက် ရှိပါတယ်။ ဗီယက်နမ် ဆန်ကို အာဖရိကမှ အများဆုံး စားသုံး ကြလျက်ရှိပါတယ်။ နှစ်စဉ် ဆန် တန်ချိန် ၂၄ မှ ၂၄ ဒသမ ၅ သန်း ခန့်ထိ ပြည်ပ နိုင်ငံများမှ ဝယ်ယူ တင်သွင်း လျက်ရှိရာ တွင် ဗီယက် နမ်ဆန် တန် ၁ဝ သန်း ပါဝင်လျက် ရှိကြ ပါတယ်။ ယခင်နှစ်က ဗီယက်နမ်မှ အာဖရိ ကသို့ ဆန် တင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၉ဝဝ ရရှိခဲ့ပြီး ယခင်နှစ် ကထက် ၂၂ ရာခိုင်နှုန်း မြင့်တက် ခဲ့တယ်လို့ သိရပါတယ်။

ဗီယက်နမ် အကောက် ခွန်ဌာနရဲ့ ထုတ်ပြန်ချက် အရ ဗီယက် နမ်နဲ့ မြန်မာရဲ့ ၂ဝ၁၂ ခုနှစ် ကုန်သွယ်မှု ပမာဏဟာ ကန်ဒေါ်လာ ၂၂၇ သန်း ထိရှိခဲ့ပြီး နှစ်စဉ် ပျမ်းမျှ ၃၆ ရာခိုင်နှုန်းခန့် မြင့်တက်လျက် ရှိတယ်လို့ သိရ ပါတယ်။ ၂ဝ၁၂ ခုနှစ်တွင် မြန်မာ ပို့ကုန်အပေါ် ကန်ဒေါ်လာ ၈ သန်းကျော် ဗီယက်နမ်နိုင်ငံမှ ပထမဆုံး အကြိမ် ၁ဝ စုနှစ် တစ်ခုအတွင်း အသာစီး ရရှိခဲ့ ကြောင်း၊ ဗီယက်နမ် နိုင်ငံသို့ ပြည်ပမှ တင်ပို့တဲ့ နိုင်ငံ ၂၃ဝ ထဲမှာ မြန်မာနိုင်ငံဟာ အမှတ်စဉ် ၅၅ မှာ ရှိနေကြောင်း၊ ကန်ဒေါ်လာ ၁၁၇ ဒသမ ၈ သန်း ကျော်ဖိုး တင်ပို့ခဲ့ပြီး ၂ဝ၁၁ ခုနှစ် ကထက် ၄၃ ရာခိုင်နှုန်း ကျော် မြင့်တက် ခဲ့တယ်လို့ သိရပါတယ်။

ASEAN နိုင်ငံများ အတွင်း ဗီယက်နမ်နဲ့ မြန်မာ နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ် ဟာ မြင့််မားလျက် ရှိပြီး ဗီယက်နမ်မှ မြန်မာ သို့ ပို့ကုန် တင်ပို့မှု ဟာ အာဆီယံ နိုင်ငံများသို့ စုစုပေါင်း တင်ပို့မှု ရဲ့ သုည ဒသမ ၇ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလမှာ ဗီယက်နမ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တင်ပို့မှုဟာ ကန်ဒေါ်လာ ၁၃ ဒသမ ၇ သန်းရှိခဲ့ပြီး အဓိက တင်ပို့ သော ကုန်ပစ္စည်းများမှာ စတီးပစ္စည်းများ၊ စက်နဲ့ စက်ပစ္စည်းများ၊ အဝတ် အထည်များနဲ့ ပလပ်စတစ် ပစ္စည်းများ ဖြစ်ကြ ပါတယ်။

Source:SGGP CMK

တန်ဖိုးမြှင့်သီးနံှတင်ပို့မှု တိုးတက်လျက်ရှိတဲ့ ဗီယက်နမ်နိုင်ငံ

Tue, 05/14/2013 - 07:08 -- admin
Undefined

အင်္ဂါနေ့  ၁၂ မတ်လ  ၂၀၁၃  11 း 35 AM

ဗီယက်နမ် သစ်သီးဝလံနဲ့ ဟင်းသီး ဟင်းရွက် လုပ်ငန်းအနေနဲ့ ယခုနှစ် ပြည်ပတင်ပို့မှုမှ ကန်ဒေါ်လာ ၁ ဘီလီယံထိ ရရှိနိုင် မယ်လို့ ရည်မှန်းထား တယ်လို့ သိရပါတယ်။ ဒီရည်မှန်း ချက်ဟာ ယခင်နှစ်က ထက် ၃ဝ ရာခိုင်နှုန်း တိုးမြှင့် မျှော်မှန်း ထားခြင်း ဖြစ်တယ်လို့ ဗီယက်နမ် ဟင်းသီး ဟင်းရွက်နဲ့ သစ်သီးဝလံ အသင်း (Vina Fruit- Vietnam Vegetables & Fruit Association) ရဲ့ အထွေထွေ အတွင်းရေးမှူး Nguyen Van Ky က ပြောကြား ခဲ့တာ ဖြစ်ပါတယ်။ .......... (ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကို နှိပ်ပါ)

ရည်မှန်းချက် ပြည့်မီ စေရေး အတွက် စိုက်ပျိုး မြေများ တိုးခဲျ့ စိုက်ပျိုး စေခြင်း၊ စပါး စိုက်ပျိုးရန် လုံလောက်မှု မရှိတဲ့ Cuu Long မြစ်ဝ ကျွန်းပေါ် ဒေသ၊ Song Hong (Red River) မြစ်ဝကျွန်းပေါ်ဒေသနဲ့ Tay Nguyen များမှာ တန်ဖိုးမြင့် သီးနံှများ ပြောင်းလဲ စိုက်ပျိုး စေခြင်း များကို Vinafruit က ဇောင်းပေးလုပ်ကိုင်လျက်ရှိပါတယ်။

ဒါ့အပြင် လယ်ယာထွက်ကုန် ကုန်သွယ်မှုအတွက် လက်ကားကုန်စည်ဒိုင်နဲ့ ဈေးကွက်ချိတ်ဆက်မှု (Networks) များကို ထူထောင်သွားရန် Vinafruit အသင်းက စီမံကိန်း ချမှတ် ဆောင်ရွက် နေပြီဖြစ်ပါတယ်။ Vinafruit အသင်းရဲ့ အထွေထွေ အတွင်း ရေးမှူး Ky က ရည်မှန်းချက် ပြည့်မီရန် အတွက် အခက်အခဲ မရှိနိုင်ကြောင်း၊ ၂ဝ၁၂ ခုနှစ်က ဗီယက်နမ် နိုင်ငံရဲ့ အကြီးဆုံးသော ယှဉ်ပြိုင်ဖက် ထိုင်းနိုင်ငံဟာ ယခုအခါ ဗီယက်နမ် နိုင်ငံမှ ဟင်းသီး ဟင်းရွက် တင်သွင်းတဲ့ ထိပ်တန်း (၁ဝ) နိုင်ငံမှာ ပါဝင်လာနေတဲ့ အတွက် ဖြစ်ပါတယ်။ အကျိုး အမြတ် ပိုမိုရရှိစေမဲ့ သစ်ခွပန်း စိုက်ပျိုး ကြရန်လည်း ဗီယက်နမ် တောင်သူများ ကို အသိပညာ ပေးလျက် ရှိကြောင်း သိရပါတယ်။

ဗီယက်နမ် နိုင်ငံရဲ့ သစ်သီး ဝလံများကို အဓိက တင်သွင်းတဲ့ နိုင်ငံကတော့ တရုတ်နိုင်ငံ ဖြစ်သော်လည်း သစ်သီး ဝလံနဲ့ ဟင်းသီး ဟင်းရွက် တင်ပို့သူများဟာ Supermarkets များထက် ပြည်ပမှ တင်သွင်းမဲ့ ကုန်တင်သွင်းသူ များကို တိုက်ရိုက် ရောင်းချ သွားရန် စီစဉ်လျက် ရှိနေကြပါတယ်။

ဗီယက်နမ်ရဲ့ နဂါးမောက်သီး၊ မှို၊ ပြောင်း၊ ကစွန်းဥ၊ ကြက်သွန်နီနဲ့ ဂျင်း အများဆုံး တင်သွင်းတဲ့ နိုင်ငံများမှာ အမေရိကန်နဲ့ ဂျပန်နိုင်ငံ တို့ဖြစ်ကြ ပါတယ်။ ယခင်နှစ်က ဂျပန်နိုင်ငံမှ အများဆုံး တင်သွင်းခဲ့တဲ့ အတွက် ယခုနှစ်မှာ လည်း ဂျပန်နိုင်ငံ သို့ဘဲ အများဆုံး တင်ပို့ ရလိမ့် မယ်လို့ Ky က ပြောပါတယ်။ ယခင်နှစ်က ဗီယက်နမ် နိုင်ငံမှ သစ်သီး ဝလံနဲ့ ဟင်းသီး ဟင်းရွက် တင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၇၇ဝ ရရှိခဲ့ပါတယ်။ ယခုနှစ်မှာတော့ ဗီယက်နမ် နိုင်ငံဟာ ကမ္ဘာ့ သစ်သီး ဝလံနဲ့ ဟင်းသီး ဟင်းရွက် တင်ပို့တဲ့ ထိပ်တန်း ၅ နိုင်ငံ စာရင်းဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်လာပြီလို့ VNS သတင်းမှာ ဖော်ပြ ထားပါတယ်။

 

Source: VNS >> CMK

ထိုင်းစီးပွားရေးလုပ်ငန်းရှင်များ ဗီယက်နမ်တွင်ရင်းနှီးမြှုပ်နံှရန် စိတ်အားထက်သန်လျက်ရှိ

Tue, 05/14/2013 - 07:08 -- admin
Undefined

တနင်္လာနေ့  ၁၁ မတ်လ  ၂၀၁၃  01 း 50 PM

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျင်းပ လျက်ရှိသော ASEAN Business Forum တွင် ထိုင်း စီးပွားရေး လုပ်ငန်း ရှင်များ သည် ဗီယက် နမ်တွင် ရင်းနှီး မြှုပ်နံှရန် စိတ်အား ထက်သန် လျက်ရှိ တာကို တွေ့ရကြောင်း Forum နဲ့ ပူးတွဲ ကျင်းပ လျက်ရှိတဲ့ ရင်းနှီး မြှုပ်နံှမှု အလား အလာ ဆိုင်ရာ ကုန်စည် ပြပွဲရှိ ဗီယက်နမ် ရုံးအဖွဲ့ ကပြောဆိုခြင်း ဖြစ်ပါတယ်။ ........ (ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကို နှိပ်ပါ)
 

 

လက်ရှိမှာ ထိုင်းနိုင်ငံဟာ အာဆီယံ နိုင်ငံများ အတွင်း ဗီယက်နမ် နိုင်ငံရဲ့ တတိယ ကုန်သွယ်ဖက် နိုင်ငံ နေရာမှာ ရှိနေ ပါတယ်။ အထူး သဖြင့် ပေါကြွယ်ဝ လျက်ရှိတဲ့ သဘာဝ သယံ ဇာတ များနဲ့ လူသား အရင်း အမြစ် ဖွံ့ဖြိုး တိုးတက်ရေး အပိုင်းမှာ ရင်းနှီး မြှုပ်နံှ နေတယ်လို့ သိရပါတယ်။

နှစ်နိုင်ငံ အကြား ကုန်သွယ်မှု ပူးပေါင်း ဆောင်ရွက်မှု အပိုင်းတွင် လျှင်မြန်စွာ ဖွံ့ဖြိုး တိုးတက် လျက်ရှိပြီး အပြန် အလှန် ကုန်သွယ်မှု များကြောင့် သိသိ သာသာ တိုးတက် လျက်ရှိပါတယ်။ ၂ဝဝ၆ ခုနှစ်က နှစ်နိုင်ငံ အပြန် အလှန် ကုန်သွယ်မှု ဟာ ကန်ဒေါ်လာ၃ ဒသမ ၆ ဘီလီယံ ရှိရာမှ ၆ နှစ် အကြာ ၂ဝ၁၂ ခုနှစ်တွင် ကန်ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံထိ နှစ်ဆခွဲ ကျော် တိုးတက် လာခဲ့ပါတယ်။

ထိုင်းနိုင်ငံသည် ဗီယက်နမ် နိုင်ငံတွင် တိုက်ရိုက် ရင်းနှီး မြှုပ်နံှမှု ၆ ဒသမ ၇ ဘီလီယံ ရင်းနှီးမြှုပ်နံှ ထားပြီး ဗီယက်နမ် အလုပ် သမား ၁၂ဝဝဝ အတွက် အလုပ်အကိုင် များဖန်တီး ပေးလျက် ရှိပါတယ်။ ထိုင်းနိုင်ငံမှ စီးပွားရေး လုပ်ငန်းကြီး များဖြစ်တဲ့ Bangkok Bank, Charoen Pokphan နဲ့ Siam Cement Group တို့ဟာ ဗီယက်နမ် နိုင်ငံမှာ တိုးခဲျ့ လုပ်ဆောင် သွားရန် ဆုံးဖြတ် ချက်ချထား ပြီးဖြစ် တယ်လို့ သိရပါတယ်။

Source:The Nation                                                                                                                                                                                                          CMK

သားစဉ် မြေးဆက် အနာဂတ် ဘဝ သာယာ လှပ နိုင်အောင် အသိ တရားနှင့် သတိထား ဆောင်ရွက် နိုင်ဖို့

Tue, 05/14/2013 - 07:01 -- admin
Undefined

တနင်္လာနေ့  ၁၁ မတ်လ  ၂၀၁၃  10 း 42 AM

စားသုံးသူ အကာ အကွယ် ပေးရေးနဲ့ တရား မဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ် ရေး အဖွဲ့ (Mobile Team) အဖွဲ့(၁) ဟာ မူဆယ်-မန္တလေး ကုန်သွယ်မှု လမ်းကြောင်း ပေါ်မှာ လှုပ်ရှား ရှာဖွေ တားဆီး ဆောင်ရွက် လျက် ရှိရာ ပြည်သူများ နေ့စဉ် စားသုံး လျက်ရှိတဲ့ အစား အသောက် ဆေးဝါးများ အပါ အဝင် တစ်ဖက် နိုင်ငံမှ တင်သွင်း လျက် ရှိတဲ့ ကုန်ပစ္စည်းများ တရားဝင် ကုန်သွယ်မှု လမ်းကြောင်း ပေါ်မှ တင်သွင်း လာနိုင် အောင်၊ တရား မဝင် ကုန်သွယ် မှု ပြုနေ သူများ အား ဖော်ထုတ် တားဆီး နိုင်ရေးနဲ့ တရားဝင် ကုန်သွယ်မှု ပြုနေ သူများ ထိခိုက် နစ်နာမှု မရှိ အောင် နေ့မ အား၊ ညမနား ဘဲ ပေးအပ် ထားတဲ့ တာဝန် ကို ကျေပွန်အောင် ထမ်းဆောင် နေကြ လျက် ရှိပါ တယ်။ မိမိ ကိုယ်ကျိုး စီးပွား တစ်ခု တည်း ကိုသာ ကြည့်ပြီး စားသုံးသူ ပြည်သူ များရဲ့ မျက်နှာကို မကြည့်တဲ့ တရား မဝင် မှောင်ခို ကုန်သွယ် နေသူ (အတ္တ) စီးပွားရေး သမား များမှာ ယာဉ်ငယ် များ၊ တရားဝင် ကုန်တင် ယာဉ်များနဲ့ ခရီးသည် တင် မှန်လုံ ယာဉ်များ ဖြင့် တရား မဝင် ကုန်ပစ္စည်းများကို ပြည်တွင်း သို့ အမြင် မကျယ်တဲ့ နည်းလမ်း အသွယ် သွယ်ဖြင့် သယ်ဆောင် လျက် ရှိပါ တယ်။ ............ (ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကို နှိပ်ပါ)

(Mobile Team ) အဖွဲ့ အနေ ဖြင့် သတင်း စုံစမ်း၊ တည်ဆောက်၊ စိစစ် ဖော်ထုတ် ခြင်းများ ဟန်ချက် ညီညီ ဆောင်ရွက် နေရာ တရား မဝင် ပစ္စည်း သယ်ဆောင်မှု လမ်းကြောင်း သတင်း ဖော်ထုတ် ရရှိမှု အရ(၂၅-၂-၂ဝ၁၃) ရက် ဝ၉ဝဝ နာရီမှာ ကျောက်မဲ- ဟိုခိုး- ပြင်ဦးလွင် အပိုင်းအား သွားရောက် စစ်ဆေးစဉ် (Canter Box Truck) ယာဉ် တစ်စီး ပေါ်မှ အလှကုန် (၁ဝ၈) ဖာ၊ မုန့် ( ၆၆ ) ဖာ နဲ့ မုန့်ထုတ် အလွတ် များ စစ်ဆေး တွေ့ရှိ ခဲ့ပြီး (Light Truck) ယာဉ် တစ်စီး ပေါ်မှ လည်း Dali ဘီယာ (၁ဝဝ) ဖာ၊ ကွဲျရိုင်း အခိုျ ရည် (၅) ဖာနဲ့ မုန့်ထုတ်များ သိမ်းဆည်း နိုင်ခဲ့ တဲ့ အပြင် ၂၆-၂-၂ဝ၁၃ ရက် နေ့ ဝ၉၄၅ နာရီ မှာ လားရှိုး မှ မန္တလေး ခရီး သည်တင် မှန်လုံ ယာဉ် တစ်စီး ပေါ်မှ Lcj ဘီယာ (၈၉)ဖာ တို့အား စစ်ဆေး တွေ့ရှိပြီး သိမ်းဆည်း ခဲ့ပါတယ်။ ပစ္စည်း များကို သက်ဆိုင် ရာ အကောက်ခွန် ဦးစီး ဌာန သို့ အကောက်ခွန် အမှုတွဲ ဖွင့်လှစ် ပြီး လုပ်ထုံး လုပ်နည်း နှင့်အညီ ဆက်လက် ဆောင်ရွက် နိုင်ဖို့ လွဲှပြောင်း ပေးအပ် သွားမယ် လို့ သိရှိ ရပါ တယ်၊

ယခုလို တရား မဝင် ကုန်သွယ် မှုများ ကြောင့် ပြည်တွင်း ဈေးကွက်သို့ ရောက်ရှိ သွားတဲ့ စနစ် တကျ စစ်ဆေး ခွင့်ပြု ထောက်ခံ ထားခြင်း မရှိတဲ့ စားသောက် ကုန် ဆေးဝါး များနဲ့ အရည် အသွေး စံချိန်၊ စံညွှန်း မမီတဲ့ ပစ္စည်း များကြောင့် စားသုံးသူ ပြည်သူ များအား ကျန်းမာရေး နဲ့ လူမှု စီးပွား ဘဝ ကိုပါ ထိခိုက် ပျက်ဆီး ဆုံးရံှုး မှုများ ဖြစ်လာ နိုင်တဲ့ အတွက် စားသုံးသူ အကာ အကွယ် ပေးရေး နဲ့ တရား မဝင် ကုန်သွယ်မှု တားဆီး ရေးကို ပြည်သူ တစ်ရပ် လုံး က တာဝန် ရှိတဲ့ ဌာန ဆိုင်ရာ များနဲ့ ပူးပေါင်း လိုက် ပါပြီး တက်ညီ လက်ညီ ဆောင်ရွက် ကြမှသာ သားစဉ် မြေးဆက် အနာဂတ် ဘဝ သာယာ လှပ နိုင်မှာ ဖြစ်ရာ အသိ တရားနဲ့ သတိထား ဆောင်ရွက် နိုင်အောင် အသိပေး နှိုးဆော် လိုက်ရ ပါတယ်။

ရွှေမြိုင်သား

တစ်ဦးချင်း ဆန် တင်ပို့ သူများ ပြည်ပ သို့ ဆန် လက်ကား ရောင်းဝယ် မှုတွင် ပူးပေါင်း ပါဝင်ရေး ဆောင်ရွက် လျက်ရှိ

Tue, 05/14/2013 - 07:00 -- admin
Undefined

တနင်္လာနေ့  ၁၁ မတ်လ  ၂၀၁၃  10 း 35 AM

ဗီယက်နမ် နိုင်ငံမှ ပြည်ပ သို့ ဆန် တင်ပို့မှု မြင့်တက် စေရေး အတွက် တစ်ဦးချင်း ဆန် တင်ပို့ နေသူ များအား လက်ကား ရောင်းဝယ် မှုများမှာ ပူးပေါင်း ပါဝင် ဆောင်ရွက် ကြရန် တွန်းအား ပေးလျက် ရှိပါ တယ်။

ဗီယက်နမ် နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီး ဌာနက ထုတ်ပြန် ချက်အရ ဗီယက်နမ် နိုင်ငံမှ ဇန်န ဝါရီလ ပို့ကုန် တင်ပို့မှု ဟာ အသာစီး ရရှိ နေတယ် လို့ သိရ ပါတယ်။ သို့သော် စက်မှုနဲ့ ကုန်သွယ်ရေး ဝန်ကြီး ဌာန၊ ပို့ကုန် သွင်းကုန် ဌာနမှူး Phan Thi Dieu Ha က ဗီယက်နမ် နိုင်ငံ ဟာ ကမ္ဘာ့ စီးပွားရေး အတက် အကျ ကြမ်းမှု ကြောင့် စိန်ခေါ် မှုများ နဲ့ ရင်ဆိုင် ရဖွယ် ရှိတယ် လို့ ဆိုပါ တယ်။ ၂ဝ၁၃ ခုနှစ် လျာထား ချက်ကို ပြည့်မီ ရန် အတွက် လွယ်ကူ မှု မရှိဘူး လို့ ဆိုပါ တယ်။ ဆက်စပ် ဝန်ကြီး ဌာနများ ထံမှ အကြံ ဉာဏ်များ ရယူပြီး ဗီယက်နမ်မှ ပြည်ပ သို့ ဆန် တင်ပို့မှု တိုးတက် ရန် တစ်ဦးချင်း ဆန်တင်ပို့ နေသော ကုန်သည်များ ပါဝင် ပူးပေါင်း ဆောင်ရွက်ရေး အဆိုပြုချက် မူကြမ်းကို ဝန်ကြီးချုပ် ထံ တင်ပြ အတည်ပြုချက် ရယူ ဆောင်ရွက် သွားမယ်လို့ Phan Thi Dieu Ha က ပြောကြား ခဲ့ပါ တယ်။

Source: VOV … CMK

ကမ္ဘော ဒီးယား မှာ ကြက်ငှက် တုတ်ကွေး ရောဂါကြောင့် သေဆုံး သူ ၈ ဦး ရှိနေပြီ ဖြစ်

Tue, 05/14/2013 - 06:59 -- admin
Undefined

 တနင်္လာနေ့  ၁၁ မတ်လ  ၂၀၁၃  10 း 25 AM

ကမ္ဘော ဒီးယား နိုင်ငံမှာ ရှစ်ယောက် မြောက် ကြက်ငှက် တုပ်ကွေး ရောဂါနဲ့ သေဆုံး သူမှာ အသက် ၃၅ နှစ်အရွယ် အမိုျးသား တစ်ဦး ဖြစ်ပြီး နိုင်ငံ အတွင်း ရောဂါပိုး ပံျ့နံှ့ နေမှု အတွက် အလျင် အမြန် စဉ်းစား သင့်ပြီလို့ ကျန်းမာရေး အရာရှိ တစ်ဦးက ဖေဖော် ဝါရီလ ၂၆ ရက် နေ့က ပြောကြား ခဲ့ပါတယ်။.... (ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကို နှိပ်ပါ)

သေဆုံး သူဟာ Kampong Cham ပြည်နယ် အရှေ့မြောက်ပိုင်းမှာ နေထိုင်သူ ဖြစ်ပြီး တနင်္လာ နေ့ည က သေဆုံး ခဲ့တာလို့ ကျန်းမာရေး ဝန်ကြီး ဌာန ရောဂါ ရှာဖွေရေး ဗူျရိုမှ ဒုတိယဌာနမှူး Ly Sovann က ဆိုပါ တယ်။ Ly Sovann က အဆိုပါ အသက် ၃၅ နှစ် အရွယ် ပုဂ္ဂိုလ်ဟာ နေမကောင်းမဖြစ်မီ ဘဲ ၂ ကောင်ကို စားသုံး ခဲ့တယ်လို့ ဆိုပါ တယ်။ နှစ်လတာ အတွင်းမှာ ကြက်ငှက် တုပ်ကွေး ရောဂါ သည် ၉ ဦး ရှိနေတဲ့ အတွက် စိုးရိမ် ရတဲ့ အနေ အထား မှာ ရှိတယ် လို့ AFP သတင်းဌာနကို Ly Sovann က ပြောပါတယ်။

ငှက်သောင်းနဲ့ ချီပြီး ကြက်ငှက် တုပ်ကွေး ရောဂါ ဝေဒနာ သည်များရဲ့ ကျေးရွာမှာ ရှိနေတာ ဖြစ်ပါ တယ်။ ကြက်ခြံ များမှာ ကြက် အသေ အပျောက် များစွာ လနဲ့ ချီ ကြာနေပြီ ဖြစ်သော်လည်း တာဝန် ရှိသူ များကို သတင်း ပေးပို့ ထားခြင်း မရှိဘူး လို့ သိရ ပါတယ်။ ဒီအတွက် ကြောင့်လည်း ကြက်ငှက် တုပ်ကွေး ဝေဒနာ သည်များ ကို တွေ့ရှိ ရတဲ့ အခါ လူ အချင်း ချင်း ရောဂါ ကူးစက်မှု ဖြစ်ပွား နေတယ် လို့ စိုးရိမ် ပူပန် ခဲ့ရ ကြောင်း၊ ကြက် အများ အပြား သေဆုံး တာကို သိရှိ လာရ တာကြောင့် လူ အချင်း ချင်းသို့ ရောဂါ ကူးစက်ခြင်း မဟုတ် ကြောင်း သိရှိ လာရ ကြောင်း Ly Savann က ပြောပါ တယ်။ ရွာသား များအား ကြက်များ သေဆုံးမှု ကို ချက်ချင်း သတင်း မပျက် မကွက် ပို့ရန်၊ ကြက်သေ များကို မကိုင် ရန် နဲ့ ငှက်သေ များကို စားသုံးခြင်း မပြုရန် အသိပေး ပြောကြား ခဲ့တယ် လို့ သိရ ပါတယ်။ ကမ္ဘောဒီးယား WHO မှ ဆက်သွယ်ရေး အရာရှိ Sonny Krishnan က အနီးကပ် စောင့်ကြည့် ရမည့် အခြေ အနေ ဖြစ်ကြောင်းနဲ့ ကြက်ငှက် များမှ လူသို့ ကူးစက် နိုင်သည့် အနေ အထား တွင် ရှိနေ သေးကြောင်း၊ ၂ဝဝ၃ ခုနှစ်က ကမ္ဘော ဒီးယား တွင် H5N1နှင့် လူ ၃ဝ ဦး ဖြစ်ပွား ခဲ့ပြီး ၃ ဦး သေဆုံး ခဲ့ကြောင်း၊ ကမ္ဘာနဲ့ အဝှမ်း ၂ဝဝ၃ ခုနှစ်က ကြက်ငှက် တုပ်ကွေး ရောဂါနဲ့ သေဆုံး သူ ၃၆၅ ဦး ရှိခဲ့ တယ်လို့ သိရ ပါတယ်။

ငှက်မှ လူသို့ တိုက်ရိုက် ကူးစက် နိုင်သော်လည်း လူများ အချင်းချင်း အလွယ် တကူ ကူးစက် မှုများ ဖြစ်ပေါ် သွားမည် ကို ကျွမ်းကျင် သူများက စိုးရိမ်လျက် ရှိတယ် လို့ သိရှိ ရပါ တယ်။

Source: Asia Online News ….CMK

Pages

Subscribe to RSS - Department of Trade