Department of Trade

မူဆယ်-မန္တလေး ကုန်သွယ်မှု လမ်းကြောင်းမှ ကျပ် ၇၃၅ သိန်းကျော်တန်ဖိုးရှိ အကောက်ခွန်မဲ့ ပစ္စည်းများ စစ်ဆေးတွေ့ရှိ

Tue, 05/14/2013 - 07:52 -- admin
Undefined

ကြာသပတေးနေ့  ၁၄ မတ်လ  ၂၀၁၃ 01 း 21 PM

ဖေဖော်ဝါရီလ ၂ဝ ရက်နေ့မှ မတ်လ ၁ ရက်နေ့ထိ ကာလ အတွင်း မူဆယ်-မန္တလေး ကုန်သွယ်မှု လမ်းကြောင်း ပေါ်မှ ကျပ် ၇၃၅ ဒသမ ၆၅၄ သိန်း တန်ဖိုးရှိ အကောက်ခွန်မဲ့ ပစ္စည်း များကို ရွေ့လျား ရှာဖွေတားဆီး ရေးအဖွဲ့ Mobile Team- ၁ မှ စစ်ဆေးရှာဖွေ တွေ့ရှိခဲ့ရပြီး အကောက်ခွန် အမှုတွဲ ၁၁ ခု ဖွင့်လှစ်ပြီး အကောက်ခွန်ဌာနသို့ လွဲှပြောင်းပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ သတင်းရရှိပါတယ်။   

.........ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကိုနှိပ်ပါ

 

စစ်ဆေး ရှာဖွေ တွေ့ရှိခဲ့ရတဲ့ အကောက်ခွန်မဲ့ ပစ္စည်းတွေ ကတော့ အေးခဲဘဲသား၊ အေးခဲ ကြက်အသဲ၊ အမဲ သားခြောက်၊ မုန့်မိုျးစုံ၊ နို့၊ ဆော်ဒါ၊ ထောပတ်၊ Cheese၊ ရေခဲမုန့် ကရင်မ်၊ အခိုျရည် အမှုန့်အိတ်၊ ကွဲျရိုင်း အခိုျရည်၊ ဘီယာ၊ ကြက်သွန်ဖြူ၊ ကျား/ မ ၊ ခလေးဝတ် အဝတ်အထည်၊ ပလပ်စတစ် လေမှုတ်အရုပ်များ၊ တမလန်း၊ သစ်ခွ ပန်းရိုးခြောက်၊ ပိတောက် ကျည်းပေါင်း၊ Handset များ၊ ကွန်ပူျတာနဲ့ ဆက်စပ် ပစ္စည်းများ၊ ဖုန်း Charger များ၊ Handphone နဲ့ ဆက်စပ် ပစ္စည်းများနဲ့ ပိုးသတ်ဆေးအမှုန့်၊ အပင်/သီးနံှ အားတိုးဆေး၊ ခြင်ဆေးခွေ၊ Lifan Truck Truck၊ ထရော် လာဂျီ တို့ဖြစ်တယ်လို့ သိရပါတယ်။

Source လရ-၂                                                                                            MTN

အငှားယာဉ် ငယ်များနဲ့ တရားမဝင် အကောက်ခွန်မဲ့ ကုန်စည်များ သယ်ဆောင်မှုရှိလာ

Tue, 05/14/2013 - 07:44 -- admin
Undefined

ကြာသပတေးနေ့  ၁၄ မတ်လ  ၂၀၁၃ 01 း 15 PM

မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းမှာ လှုပ်ရှားရှာဖွေ တားဆီး စစ်ဆေးလျက် ရှိတဲ့ Mobile Team အဖွဲ့ ဟာ တရားမဝင် အကောက်ခွန်မဲ့ သယ်ဆောင်တဲ့ လမ်းကြောင်းနဲ့ အလေ့အထများကို လေ့လာ သုံးသပ်ကြည့်ရာမှာ အငှားယာဉ်ငယ် (Taxi) များ နေ့စဉ် ညစဉ်ဖြတ်သန်း သွားလာမှုများ များပြားနေတာကို တွေ့ရှိနေရတဲ့ အတွက် ထုတ်နှုတ် အင်အားနဲ့ ဘုရားကြီး Toll Gate မှာ စုံစမ်း စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။  .........ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကိုနှိပ်ပါ

မတ်လ ၃ ရက်နေ့ သန်းခေါင်ကျော် ဝဝး၁၅ နာရီ၊ ဝဝး၄၅ နာရီနဲ့ ၁၂းဝဝ နာရီများမှာ Probox အမိုျး အစား အငှားယာဉ် ၃ စီး ကက/xxxx ဗဗ/xxxx နဲ့ ၁င/xxxx ပေါ်မှ ကျပ် ၂၃ ဒသမ ၉ဝ၄ သိန်း တန်ဖိုးရှိ Beer Chang ၅ဝဝ ml ကတ် ၂၇ဝ ကျော်နဲ့ ၃၃ဝ ml ၄၅ ကတ်ကို စစ်ဆေးတွေ့ရှိရတဲ့အတွက် အကောက်ခွန် လုပ်ထုံး လုပ်နည်းနဲ့ အညီ အမှုတွဲဖွင့် သိမ်းဆည်း ခဲ့ရတယ်လို့ သတင်း ရရှိပါတယ်။ အလားတူပဲ မတ်လ ၁ ရက်နေ့ ဝ၃း၁၅ ချိန်ကလည်း ကိုျက်ထိုဘက်မှ မောင်းနှင်လာတဲ့ ဏမသဘသထ အမိုျးအစား အငှားယာဉ် ဗဗ/xxxx ပေါ်မှ ထိုင်းနိုင်ငံလုပ် အသားတု အစို ၉၇၅ ကီလိုဂရမ်ကိုလည်း စစ်ဆေးတွေ့ရှိ သိမ်းဆည်း ခဲ့ရပါသေးတယ်။

ကုန်တင် ယာဉ်ကြီးများ၊ ခရီးသည်တင် မှန်လုံယာဉ်များ၊ Hilux ယာဉ်များနဲ့ တရားမဝင် အကောက်ခွန်မဲ့ ကုန်စည်များ သယ်ဆောင် နေရာမှ ယခုအခါ အငှားယာဉ် များကိုပါ အသုံးပြု သယ်ဆောင်မှု များကို အရဲတိုး လုပ်ဆောင် နေမှုများ တိုးလာနေပြီ ဖြစ်ပါတယ်။ အရေးယူ ကာလ ဖြစ်တဲ့ အားလျော်စွာ ပြင်းထန် ထိရောက်တဲ့ နမူနာပြ ပြစ်ဒဏ်များ ပေးသင့် နေပြီလို့ အကြံပြု ချင်ပါတယ်။

Source လရ-၂                                                                                        MTN

ဖေဖော် ဝါရီလ ၂၈ ရက်မှ မတ်လ ၅ ရက်ထိ ကာလ အတွင်း တရားမဝင် အကောက်ခွန် ပစ္စည်းမျိုးစုံ ကျပ် ၂၄၈ သိန်း ကျော်ဖိုး မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းမှာ စစ်ဆေး တွေ့ရှိရလျက်ရှိ

Tue, 05/14/2013 - 07:44 -- admin
Undefined

ကြာသပတေးနေ့  ၁၄ မတ်လ  ၂၀၁၃ 12 း 57 PM

မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းမှာ တာဝန်ယူ လျက်ရှိတဲ့ လှုပ်ရှား ရှာဖွေတားဆီးရေး (Mobile Team) အဖွဲ့-၂ မှ တာဝန် ယူလျက် ရှိတဲ့ ကာလအတွင်း ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၅ ရက်ထိ ကာလ အတွင်းမှာ ကျပ် ၂၄၈ ဒသမ ၇၃၈ သိန်း တန်ဖိုးရှိ အကောက်ခွန်မဲ့ ပစ္စည်းများအား စစ်ဆေး တွေ့ရှိခဲ့ရတဲ့ အတွက် အကောက်ခွန် လုပ်ထုံးလုပ်နည်း များနဲ့အညီ အမှုတွဲများ ဖွင့်လှစ် အရေးယူ ခဲ့ရတယ်လို့ သိရှိ ရပါတယ်။.........ဆက်လက်ဖတ်ရှုပါရန် ခေါင်းစဉ်ကိုနှိပ်ပါ

 

စစ်ဆေး တွေ့ရှိရတဲ့ အကောက်ခွန်မဲ့ ပစ္စည်းများမှာ Chang Beer များ၊ Sirgha Beer များ၊ 8.6 Beer များ၊ Lipo၊ M 150၊ Dee Do၊ Sprite၊ Kato၊ Queen၊ Cocoa Cola စတဲ့ အခိုျရည်များ၊ ဘီစကစ်၊ ဝေဖာ၊ Soya Milk၊ Birdy Coffee၊ ကင်းမွန်ငံပြာရည်၊ စားဆီ စတဲ့ စားသောက်ကုန်များ၊ ပေပါခွံများ၊ Rubber Break Tone၊ ရေခဲ သေတ္တာ၊ အဝတ်လျှော်စက် Water Cooler၊ TV (အဟောင်းများ)၊ Dunlop တာယာများနဲ့ ထိုင်းနိုင်ငံ လုပ် အသားတု အစိုများ ဖြစ်ကြပါတယ်။

နိုင်ငံတော်ပိုင်းမှ ပို့ကုန်သွင်းကုန် ဆိုင်ရာ ဖြေလျော့မှုများ လုပ်ပေး နေပါလျက် တရားမဝင် အကောက်ခွန်မဲ့ ကုန်သွယ်မှု များကို လုပ်ဆောင် နေမှုများမှာ သိသိသာသာ လျော့နည်း သွားခြင်း မရှိဘဲ ဥပဒေကို မသိကိုျး ကံျွပြုပြီး ဆက်လက် ကူျးလွန် နေဆဲပင် ဖြစ်ပါတယ်။ ပစ္စည်း သိမ်းရုံတင် မဟုတ်ဘဲ ထိရောက် ပြင်းထန်တဲ့ အပြစ်ဒဏ် ပေးစနစ် ကိုကျင့်သုံး အရေးယူ သင့်နေပြီလို့ ယူဆမိပါတယ်။

Source လရ-၂                                                                                                 MIRT

 
 

ကွင်းလမ်း ပတ်လမ်းများမှ သယ်ယူသလို ထုံးအိတ်များ အောက်က ဝှက်သယ်နေတဲ့ အိမ်သုံးလျှပ်စစ် ပစ္စည်းများ

Tue, 05/14/2013 - 07:43 -- admin
Undefined

 ကြာသပတေးနေ့  ၁၄ မတ်လ  ၂၀၁၃ 12 း 15 PM

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ဝေါကွင်း ပတ်လမ်းမှာ ကားတစ်စီးပေါ်မှ ကုန်ပစ္စည်း ထည့်ထားတဲ့ စက္ကူဂျပ် ပုံးများချနေတာ ကိုတွေ့ရှိ နေရတယ်လို့ သတင်းပေးလာတဲ့ အတွက် စစ်တောင်း တံတားဟောင်းနဲ့ အသစ်ဆုံရာ   လမ်းဆုံမှာ အခြေပြုနေတဲ့ ရွေ့ရှားလှုပ်ရှား စစ်ဆေးရေး အဖွဲ့မှ ထုတ်နုတ်အင်အားနဲ့ သွားရောက် စစ်ဆေးခဲ့ ပါတယ်။ ပိုင်ရှင်မဲ့ စုပုံထားတဲ့ အသုံးပြုပြီး (used) ရေခဲသေတ္တာ (တံခါး ၂ ပေါက်) ၂၇ လုံးနဲ့ အဝတ်လျှော်စက် (၂) လုံး ခန့်မှန်းတန်ဖိုး ကျပ် ၁၄ ဒသမ ၅ဝ သိန်းအား တွေ့ရှိခဲ့တဲ့ အတွက် အကောက်ခွန် လုပ်ထုံး လုပ်နည်းနဲ့ အညီ အမှုတွဲ ဖွင့်လှစ် သိမ်းဆည်းမှု ပြုလုပ်ရတယ်လို့ သိရှိရပါတယ်။  .........ဆက်လက်ဖတ်ရှုပါရန် ခေါင်းစဉ်ကိုနှိပ်ပါ

 

မတ်လ ၅ ရက်နေ့မှာလည်း ထုံးအိတ်များ သယ်ဆောင် လာတဲ့ယာဉ်၊ ယာဉ်အမှတ် ၉က/xxxxx ကို ရှာဖွေ စစ်ဆေးရာမှာ ကျပ် ၂ သိန်း တန်ဖိုးရှိ ရေခဲသေတ္တာ တံခါး နှစ်ပေါက် (used) (၁) လုံး၊ Water Cooler (used) (၂) လုံးနဲ့ 14” TV (used) (၃) လုံးကို ထုံးအိတ်များ အောက်မှာ ဝှက်သယ်ဆောင် လာတာကိုလည်း စစ်ဆေး တွေ့ ရှိခဲ့ရတဲ့ အတွက် အမှုတွဲဖွင့် အရေး ယူထား ခဲ့ရတယ်လို့ သတင်းရရှိပါတယ်။

Source: လရ-၂                                                                                  MTN

စားသုံးသူ အကာအကွယ်ပေးရေး ဓာတ်ဆီဒီဇယ် ဆီ ပေပါဟောင်းများကို စစ်ဆေး သိမ်းဆည်းခဲ့ရ

Tue, 05/14/2013 - 07:40 -- admin
Undefined

ကြာသပတေးနေ့  ၁၄ မတ်လ  ၂၀၁၃ 11 း 31 AM

ဖေဖော်ဝါရီလ ၂၆ ရက်မှ မတ်လ ၂ ရက်ထိ ကာလ အတွင်း မြဝတီ ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်း ပေါ်တွင် စားသုံးသူ အကာအကွယ် ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု လျော့နည်း ကျဆင်းရေး လှုပ်ရှား ရှာဖွေတားဆီး စစ်ဆေးလျက်ရှိတဲ့ Mobile Team အဖွဲ့-၂ ဟာ ကာလ တန်ဖိုး (ခန့်မှန်း) ကျပ် ၁၄ သိန်းတန်ဖိုးရှိ ပေပါခွံ အလုံး ၁၄ဝ ကို အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ သိမ်းဆည်း ခဲ့တယ်လို့ သတင်းရရှိပါတယ်။အဆိုပါ ပေပါခွံများမှာ မြဝတီမှ မော်လမြိုင်သို့ စက်သုံးဆီ (ဓာတ်ဆီနဲ့ ဒီဇယ်ဆီ) များ သယ်ဆောင် ထားသော အသုံးပြုပြီး (used) ပေပါများ ဖြစ်ကြောင်းနဲ့ ရန်ကုန်တွင် စားသုံးဆီ ထည့်သွင်း အသုံးပြုရန် အတွက် ရောင်းချရန် အလို့ငှာ သယ်ဆောင်လာခြင်း ဖြစ်တယ်လို့ စိစစ်သိရှိ ရတဲ့ အတွက် စားသုံးသူ အကာအကွယ် ပေးရေး ရှု့ထောင့် အရ Mobile Team အဖွဲ့စုံဟာ သိမ်းဆည်းခဲ့ရခြင်း ဖြစ်တယ်လို့ စုံစမ်းသိရှိ ရပါတယ်။ ပေပါခွံ များကို ၁ဝ ဘီးယာဉ် ၁ စီး၊ ၆ ဘီးယာဉ် ၂ စီးနဲ့ ယာဉ်အမှတ် ဓ/xxxxxx ယာဉ် (၄) စီးနဲ့ တင်ဆောင် လာကြ တာလို့ သိရပါတယ်။

Source လရ-၂                                                                                                  MTN

နယ်စပ်မှ ဓါတ်မြေ သြဇာ တန်ချိန် ၁ဝဝဝဝ ကျော် တင်သွင်း

Tue, 05/14/2013 - 07:37 -- admin
Undefined

ကြာသပတေးနေ့  ၁၄ မတ်လ  ၂၀၁၃ 11 း 11 AM

ဖေဖော် ဝါရီလ ၂၇ ရက် မှ မတ်လ ၅ ရက်ထိ ကာလ တွင်း နယ်စပ် ကုန်သွယ် ရေးစခန်း များမှ ကန်ဒေါ်လာ ၂ ဒသမ ၃၅၁ သန်း တန်ဖိုး ရှိတဲ့ ဓါတ်မြေ သြဇာ ၁၁၉၉၈ တန်ကျော် အသွင်း ရှိခဲ့ပါတယ်။ စခန်းအလိုက်တင်သွင်းမှု အနေနဲ့ မူဆယ်မှ ၁၁၇၃၈ တန်ကျော်၊ ကော့သောင်းမှ တန် ၁၁ဝ နဲ့မြိတ်မှတန် ၁၅ဝ အသီးသီးဖြစ်ပါတယ်။ တင်သွင်းခဲ့သော ဓါတ်မြေသြဇာအမိုျးအစားများကတော့ မူဆယ်မှ ယူရီးယားတီစူ ပါဖော့စဖိတ်၊ စင်ဂဲလ် စူပါဖော့စဖိတ်၊ ကွန်ပေါင်း ၁ဝး၁ဝး၅ နဲ့ကွန်ပေါင်း ၁၅ ပတ်လည် တို့ အများဆုံး တင်သွင်းခဲ့ပြီး ဒေသပေါက်ဈေးအရ ယူရီးယား ၁ အိတ်လျှင် ၁၈၅ဝဝ ကျပ်၊ ကွန်ပေါင်း ၁ဝး၁ဝး၅ ၁ အိတ်လျှင် ၁၂၂ဝဝ ကျပ်နဲ့ ၁၅ ပတ်လည် ၁ အိတ် လျှင် ၃၅ဝဝဝ ကျပ်ဈေးပေါက် လျက်ရှိပါတယ်။

                                                                                                          ဆွေဆွေဝင်း MIRT(DOBT)

ငွေများများ ရရှိနိုင်တဲ့ စီးပွားဖြစ်သီးနံှ Cashcrops များပြောင်းလဲစိုက်ပိုျးကြရန် ကျွမ်းကျင်သူများ အကြံပေးလျက်ရှိ

Tue, 05/14/2013 - 07:37 -- admin
Undefined

ဗုဒ္ဓဟူးနေ့  ၁၃ မတ်လ  ၂၀၁၃ 04 း 21 PM

ဗီယက်နမ် နိုင်ငံဟာ ဆန်တင်ပို့သော ဦးဆောင် နိုင်ငံနေရာကို ရောက်ရှိလာ သည်မှာ ရာစုနှစ် နှစ်ခု နီးပါးရှိနေ ပြီ ဖြစ်ပါတယ်။ ဗီယက်နမ် စပါးစိုက် တောင်သူများ ဝင်ငွေများစွာ ရရှိလာပြီး ကောင်းမွန်သော ဘဝများကိုလည်း ပိုင်ဆိုင် နေကြရပြီ ဖြစ်ပါတယ်။ သို့သော် ငြားလည်း ကျွမ်းကျင်သူ များက အမြတ်အစွန်း ပိုမိုရရှိ နိုင်မဲ့ စီးပွားဖြစ် သီးနံှ Cashcrops များ ဈေးကွက် လိုအပ်ချက် မြင့်မားနေတဲ့ တိရိစ္ဆာန် အစားအစာ ကောက်ပဲသီးနံှများကို ပြောင်းလဲ စိုက်ပျိုး ကြရန် တောင်သူများကို အကြံပြုလျက် ရှိနေပါတယ်။ ဆက်လက်ဖတ်ရှုပါရန်..

၂ဝ၁၂ ခုနှစ်မှာ ဗီယက်နမ် နိုင်ငံဟာ ဆန်တန်ချိန် ၇ ဒသမ ၇၂ သန်း တင်ပို့ နိုင်ခဲ့ပြီး ၂ဝ၁၁ ခုနှစ် တင်ပို့မှုထက် ၈ ရာခိုင်နှုန်း ကျော် ပိုမိုခဲ့ပါတယ်။ သို့သော်လည်း ဆန်တင်ပို့မှုမှ ရငွေကတော့ ကန်ဒေါ်လာ ၃ ဒသမ ၄၅ ဘီလီယံ သာရှိပြီး ယခင်နှစ် ကထက် ၂ ရာခိုင်နှုန်း နီးပါး လျော့နည်း ခဲ့ပါတယ်။ တရားဝင် ထုတ်ပြန်တဲ့ ကိန်းကဏန်း များအရ ဆန်တင်ပို့မှုမှ ရရှိငွေများဟာ တင်ပို့တဲ့ ပမာဏနဲ့ နှိုင်းယှဉ်လျှင် သိသာတဲ့ အကိုျးအမြတ် မရှိတာတွေ့ နေရပါတယ်။ နိုင်ငံရဲ့ စပါးအိုးကြီးဖြစ်တဲ့ မဲခေါင်မြစ်ဝှမ်း ဒေသရှိ တောင်သူ ၄ သန်းဟာ နိုင်ငံရဲ့ ဆင်းရဲ မွဲတေမှု ပပျောက်ရေး အစီအစဉ်ရဲ့ လေ့လာချက်အရ တစ်လတစ်ဦး ဝင်ငွေ ၁၉ ဒေါ်လာ သာရှိတယ်လို့ ထုတ်ပြန် ထားပါတယ်။ ကျွမ်းကျင် သူများကတော့ ဗီယက်နမ် တောင်သူများ အနေနဲ့ အခြား ကောက်ပဲ သီးနံှများ ပြောင်းလဲ စိုက်ပိုျးခြင်းအားဖြင့် ဝင်ငွေ ပိုမိုရရှိ စေနိုင်မယ်လို့ ပြောဆိုလျက် ရှိကြပါတယ်။ ဗီယက်နမ် နိုင်ငံ မှာ တောင်သူများအား ဆန်ထက် ဝင်ငွေ ပိုမိုရရှိ စေနိုင်တဲ့ အရင်းအမြစ များစွာ ရှိနေကြောင်း၊ ဟတ်တာ ၄ သန်းခန့်မှာ ဗီယက်နမ် တောင်သူများဟာ စပါး စိုက်ပိုျးလျက်ရှိပြီး နှစ်စဉ်ဝင်ငွေ ၃ ဘီလီယံ ကျော် ရရှိနေကြောင်း ထိုအချိန်ကပြင်သစ်မှာ ဟတ်တာ ၁ သန်းမှာ ဂုံျစိုက်ပျိုးပြီး နှစ်စဉ်ဝင်ငွေ ၁၁ ဘီလီယံ ကျော်ရရှိ နေတယ်လို့ ဇီဝဗေဒနဲ့ စိုက်ပိုျးရေး ပရော်ဖက်ဆာ Nguyen Lan Hung က ထောက်ပြ ပြောဆိုခဲ့ပါတယ်။ စားနပ် ရိက္ခာ ဖူလုံရေးဟာ အရေးကြီးပါကြောင်း၊ သို့သော် တောင်သူများ အနေနဲ့ အခြား စီးပွားဖြစ် ကောက်ပဲ သီးနံှများ စိုက်ပိုျးခြင်း ဖြင့်ချမ်းသာ ကြွယ်ဝမှု ကိုရရှိစေရေး ဟာလည်း အရေးကြီးပါကြောင်း၊ Hung က ပြောကြားခဲ့ ပါသေးတယ်။ ဗီယက်နမ် နိုင်ငံအနေနဲ့ နှစ်စဉ် တိရိစ္ဆာန် အစားအစာ အဖြစ် အသုံးပြုရန် ဂုံျ၊ ပြောင်း နဲ့ ပဲပုပ်စေ့များကို ပြည်ပ နိုင်ငံများမှ နှစ်စဉ် ကန်ဒေါ်လာ ၂ ဘီလီယံ ဝန်းကျင်ဖိုး တင်သွင်း နေရတဲ့ အတွက် ဗီယက်နမ် တောင်သူများအား စပါးအပြင် ဝင်ကောင်းတဲ့ တိရစ္ဆာန်အစား အစာအဖြစ် အသုံးပြုရမဲ့ အခြားသီးနံှ များကို ပြောင်းလဲ စိုက်ပိုျးစေရန် အကြံပြု နေကြခြင်း ဖြစ်ပါတယ်။

ဗီယက်နမ် စိုက်ပိုျးရေးနဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ၂ဝ၂ဝ ပြည့်နှစ်မှာ ဗီယက်နမ် နိုင်ငံရဲ့ တိရိစ္ဆာန် အစားအစာ လိုအပ်ချက်မှာ တန်ချိန် ၂၇ ဒသမ ၄ သန်း၊ ရာခိုင်နှုန်း အားဖြင့် ၁ ဒသမ ၃ ဆကျော်ထိ တင်သွင်း ရမယ်လို့ ခန့်မှန်းထားပါတယ်။ ဗီယက်နမ်တိရိစ္ဆာန်မွေးမြူရေးအသင်းဥက္ကဌ Nguyen Dang Yang ကတော့ ကမ္ဘာမှာဆန်အများဆုံး တင်ပို့တဲ့ နိုင်ငံအဖြစ်ဂုဏ်ယူမနေသင့်ကြောင်း၊ နှစ်စဉ်ဆန်တင်ပို့မှုမှာ ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံရှိသော် လည်း တိရစ္ဆာန်အစားအစာတင်သွင်းမှုက ကန်ဒေါ်လာ ၄ ဘီလီယံရှိနေတဲ့ အတွက် စပါးအစား စီးပွားဖြစ် အခြားသီးနံှ (Cashcrops) များပြောင်းလဲစိုက်ပျိုးကြဖို့နဲ့ စပါးစိုက်ပိုျးခြင်းဟာ အခြားသီးနံှ စိုက်ပိုျးခြင်းထက် ရေလည်း ပိုမိုလိုအပ်တယ် လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။

Source:                                                                                          CMK

ကမ္ဘာ့ ပို့ကုန်အများဆုံး တင်ပို့တဲ့ ထိပ်တန်းစာရင်းဝင် တရုတ်နိုင်ငံက ဈေးကွက်သစ်ဝေစု ရရှိရေး စီမံလျက်ရှိ

Tue, 05/14/2013 - 07:32 -- admin
Undefined

ဗုဒ္ဓဟူးနေ့  ၁၃ မတ်လ  ၂၀၁၃ 04 း 05PM

တရုတ် နိုင်ငံဟာ ဖွံ့ဖြိုးပြီး ၎င်းတို့ရဲ့ စီးပွားရေး ပိုမိုတိုးတက် အောင်မြင်မှု ရရှိရေးအပြင် ပေါ်ထွက်လာတဲ့ ကမ္ဘာ့ ဈေးကွက် အသစ်များမှာ ၎င်းတို့ ပို့ကုန်ပစ္စည်းများ ဝေစုရရှိရေး ကိုလည်း တရုတ် စီးပွားရေးကဏ္ဍမှာ ဦးဆောင်သူများက စီမံခန့်ခွဲ နေကြပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ လုပ်အားခ သက်သာပြီး စီးပွားရေး အခွင့်အလမ်း ကောင်းများ ရရှိနိုင်တဲ့ ဗီယက်နမ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှာ တန်ဖိုးမြင့် တန်ဖိုးကြီး ထုတ်ကုန်များ ထုတ်လုပ်မှုကို ပြောင်းရွှေ့ လုပ်ကိုင်ရန် အလေးထားစဉ်းစား နေကြတယ်လို့ သိရပါတယ်။ တရုတ် နိုင်ငံအနေနဲ့ ၂ဝ၁၃ မှ ၂ဝ၂ဝ ပြည့်နှစ်ထိ ကာလအတွင်းမှာ အိန္ဒိယ၊ ဗီယက်နမ် နိုင်ငံတို့နဲ့ အတူ ကမ္ဘာ့ ပို့ကုန် အများဆုံး တင်ပို့တဲ့ ထိပ်တန်းနိုင်ငံများ စာရင်းဝင်လာ နိုင်တယ်လို့ Global Connections အစီရင်ခံ စာမှာ ဖော်ပြထား တယ်လို့ VOV Online သတင်းမှာ ဖတ်ရှု့လိုက် ရပါတယ်။

Source:VOV Online /VNA                                                                          CMK

ထိုင်းစီးပွားရေး လုပ်ငန်းရှင်များ ဗီယက်နမ်တွင် ရင်းနှီးမြှုပ်နံှရန် စိတ်အား ထက်သန်လျက်ရှိ

Tue, 05/14/2013 - 07:31 -- admin
Undefined

ဗုဒ္ဓဟူးနေ့  ၁၃ မတ်လ  ၂၀၁၃ 03 း 57 PM

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျင်းပလျက်ရှိသော Business Forum တွင် ထိုင်း စီးပွားရေး လုပ်ငန်းရှင်များ သည် ဗီယက်နမ်တွင် ရင်းနှီးမြှုပ်နံှရန် စိတ်အား ထက်သန်လျက် ရှိတာကို တွေ့ရကြောင်း Forum နဲ့ ပူးတွဲ ကျင်းပ လျက်ရှိတဲ့ ရင်းနှီးမြှုပ်နံှမှု အလားအလာ ဆိုင်ရာ ကုန်စည်ပြပွဲရှိ ဗီယက်နမ်ရုံး အဖွဲ့က ပြောဆိုခြင်း ဖြစ်ပါတယ်။ လက်ရှိမှာ ထိုင်းနိုင်ငံ ဟာ အာဆီယံ နိုင်ငံများ အတွင်း ဗီယက်နမ် နိုင်ငံရဲ့ တတိယ ကုန်သွယ်ဖက် နိုင်ငံနေရာ မှာ ရှိနေပါတယ်။ အထူးသဖြင့် ပေါကြွယ်ဝ လျက်ရှိတဲ့ သဘာဝ သယံဇာတများနဲ့ လူသား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက် ရေးအပိုင်းမှာ ရင်းနှီးမြှုပ်နံှနေတယ်လို့သိရပါတယ်။ နှစ်နိုင်ငံ အကြား ကုန်သွယ်မှု ပူးပေါင်း ဆောင်ရွက်မှု အပိုင်းတွင် လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက် လျက်ရှိပြီး အပြန် အလှန် ကုန်သွယ်မှု များကြောင့် သိသိသာသာ တိုးတက်လျက် ရှိပါတယ်။ ၂ဝဝ၆ ခုနှစ်က နှစ်နိုင်ငံ အပြန် အလှန် ကုန်သွယ်မှုဟာ ကန်ဒေါ်လာ၃ ဒသမ ၆ ဘီလီယံရှိရာမှ ၆ နှစ်အကြာ ၂ဝ၁၂ ခုနှစ်တွင် ကန်ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံထိ နှစ်ဆခွဲကျော်တိုးတက်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံသည် ဗီယက်နမ် နိုင်ငံတွင် တိုက်ရိုက် ရင်းနှီးမြှုပ်နံှမှု ၆ ဒသမ ၇ ဘီလီယံ ရင်းနှီးမြှုပ်နံှ ထားပြီး ဗီယက်နမ် အလုပ်သမား ၁၂ဝဝဝ အတွက် အလုပ်အကိုင်များ ဖန်တီးပေးလျက် ရှိပါတယ်။ ထိုင်းနိုင်ငံမှ စီးပွားရေး လုပ်ငန်းကြီးများဖြစ်တဲ့ Bangkok Bank, Charoen Pokphan နဲ့ Siam Cement Group တို့ဟာ ဗီယက်နမ် နိုင်ငံမှာ တိုးခဲျ့ လုပ်ဆောင် သွားရန် ဆုံးဖြတ်ချက်ချထားပြီးဖြစ်တယ်လို့သိရပါတယ်။

Source The Nation                                                                                                           CMK

သာမန်ထိန်းခုျပ် ပစ္စည်းအဆင့်အတန်းဝင် တရုတ်နိုင်ငံလုပ် ထိုးဆေးများနဲ့ အကောက်ခွန်မဲ့ အထည်ထုပ်များ စစ်ဆေးတွေ့ရှိ

Tue, 05/14/2013 - 07:29 -- admin
Undefined

ဗုဒ္ဓဟူးနေ့  ၁၃ မတ်လ  ၂၀၁၃ 03 း 42 PM

မူဆယ်-မန္တလေးကုန်သွယ်မှု လမ်းကြောင်းပေါ်တွင် စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှုများ တားဆီးရန် အဖွဲ့စုံပါဝင်သော Mobile Team အဖွဲ့ (၁) ဟာ ယာဉ်များအား ရှောင်တခင် စစ်ဆေး အရေးယူမှုများ လုပ်ဆောင်လျက်ရှိနေတာဖြစ်ပါတယ်။ မတ်လ ၄ ရက် ဝ၉း၃ဝ ချိန်မှာ မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းအတိုင်း မောင်းနှင်လာတဲ့ Toyota Hiace ၃ဂ/xxxx အား နောင်ချိုအေးရှားဝေါလ် တိုးဂိတ်အနီးမှာ အခြေပြု စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးရန် ရပ်တန့်စေခဲ့သော်လည်း ဆက်လက် မောင်းနှင်သွားတဲ့ အတွက် စစ်ဆေးရေးအဖွဲ့သို့ ပြန်လည်ခေါ်ယူ စစ်ဆေးမှုပြုခဲ့ ရာမှာတော့ ဒိုင်ယာဇီပင် ထိုးဆေးများ၊ အထည်အလိပ် အထုပ်များကို ယာဉ်ပေါ်မှ စစ်ဆေးတွေ့ရှိ ခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ ဒိုင်ယာဇီပင် ထိုးဆေးများဟာ သာမန်ထိန်းချုပ် ပစ္စည်း အဆင့် အတန်း ဝင် ဆေးဝါးများ ဖြစ်ပါတယ်။  Injection ၉၉၄၇ လုံးနဲ့ အထည်အထုပ်ကြီး ၆ ထုပ်၊ အထုပ်သေး ၁၄ ထုပ်ကိုလည်း စစ်ဆေးတွေ့ရှိခဲ့ ရတာဖြစ်ပါတယ်။ အဆိုပါ ပစ္စည်းများအား ယာဉ်ပေါ်မှာသိုဝှက် ဖုံးအုပ် သယ်ဆောင် လာတာကို ရှာဖွေ တွေ့ရှိခဲ့ တာလို့ သိရပါတယ်။ ယာဉ်မောင်း၊ ယာဉ်၊ သာမန်ထိန်းခုျပ်ပစ္စည်း၊ ဒိုင်ယာဇီပင် ထိုးဆေးများအား နောင်ခိုျ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့သို့ ဥပဒေအရ အရေးယူနိုင်ရေး အပ်နံှထားပြီး တရားမဝင် အကောက်ခွန်မဲ့ အထည်ထုပ် များအား အကောက်ခွန်ဦးစီးဌာန လားရှိုးသို့ လုပ်ထုံးလုပ်နည်းနဲ့အညီ စနစ်တကျ လွဲှပြောင်းအပ်နံှ ထားပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Source လရ (၁)                                                                                        MTN

Pages

Subscribe to RSS - Department of Trade