Department of Trade

ကြက်စာ နဲ့ ငါးခြောက် တွေအောက်မှာ ဝှက်သယ်လာတဲ့ ကျပ် ၅၄ သိန်းကျော်တန် စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန် အမယ်စုံ ပစ္စည်းများ

Tue, 05/14/2013 - 08:50 -- admin
Undefined

အဂ်ါနေ့  ၁၉ မတ်လ  ၂၀၁၃ 02 း 25 PM

စားသုံးသူ အကာအကွယ် ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှုများ လျော့နည်း စေရေး အတွက် မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းမှာ တာဝန်ယူ နေတဲ့ Mobile Team အဖွဲ့-၂ ဟာ ယာဉ်များအား စစ်ဆေး ရှာဖွေမှုများ ပြုလုပ်လျက် ရှိပါတယ်။ မတ်လ ၁၂ ရက်နေ့ ဝ၆း၁ဝ ချိန်မှာ စစ်ဆေး တွေ့ရှိခဲ့တဲ့ ၁၂ ဘီးယာဉ် ၈ဃ/xxxx ပေါ်မှာ ကျပ် ၅၄ သိန်းကျော် တန်ဖိုးရှိတဲ့ စားသောက် ကုန် (Ovatine ၊ အုန်းနို့၊ ကျောက်ကျော၊ မြေပဲဗူး)၊ လူသုံးကုန် (ဆပ်ပြာ၊ စာအိတ်၊ ခေါင်းညှပ် ကလစ်၊ ချိုလိမ်)၊ အလှကုန် (ပေါင်ဒါ၊ မိတ်ကပ်၊ မျက်နှာသစ် ကရင်မ်၊ Hair Spray၊ ဆံပင် ဆိုးဆေး၊ ကလေးသုံး ပေါင်ဒါ၊ ရေမွှေး၊ နှုတ်ခမ်းနီ၊ Hair Gel) စတဲ့ အမယ်စုံ ၂၄ မျိုးကို ကြက်စာနဲ့ ငါးခြောက်များ အောက်မှာ ဝှက်သယ်လာတာကို စစ်ဆေး တွေ့ရှိခဲ့ရတယ်လို့ သတင်း ရရှိပါတယ်။ ကြက်စာနဲ့ ငါးခြောက် ဘန်းပြပြီး ကျပ် ၅၄ ဒသမ ၁၁ဝ သိန်း တန်ဖိုးရှိတဲ့ ပစ္စည်းကို သယ်ဆောင် လာတာကို ကြည့်လျှင် တရားမဝင် ကုန်သွယ်မှုကို ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တယ် ဆိုတာ ပေါ်လွင် လျက်ရှိပါတယ်။

သက်ဆိုင်ရာ ဝန်ကြီးဌာန အနေနဲ့ ကုန်သည်များ ကုန်သွယ်မှုပြုရာမှာ အဆင်ပြေ လွယ်ကူ ချောမွေ့ စေရေး အတွက် အခွန်အခများ လျှော့ချပေးခြင်း၊ အရင်းအနှီး များစွာ မရှိပေမယ့် ကုန်သွယ် နိုင်စေရန် Individual Trading များနဲ့ ကုန်သွယ်ခွင့် ပေးထားခြင်း၊ ပို့ကုန် အမယ် ၁၅၂ မျိုးနဲ့ သွင်းကုန် ၁၆၆ မျိုး ကိုလည်း လိုင်စင် လျှောက်ထားရန် မလိုဘဲ ပို့သွင်း ဆောင်ရွက်ခွင့် ပေးခြင်း တို့ကို ဖြေလျှော့ လုပ်ဆောင် ပေးနေပြီ ဖြစ်ပါတယ်။

ယင်လို Mobile Team အဖွဲ့များ နဲ့ စစ်ဆေး အရေးယူမှုကို မစတင်မီ ပညာပေးကာလ ၂ လ ဆောင်ရွက် ခဲ့ပြီး ဖြစ်ပါတယ်။ တရားမဝင် ကုန်သွယ်မှုဆိုတာ လုပ်ရန် မသင့်ကြောင်း၊ မလုပ် သင့်ကြောင်း၊ တစ်ဦးချင်းစီရဲ့ အသိစိတ်ဓါတ်များ ပြုပြင်ပြောင်းလဲ သင့်ပြီ ဖြစ်ပါကြောင်း အသိပေး လိုက်ရပါတယ်။

Source လရ-၂                                                                                                                             MTN

လောင်စာဆီကို လောင်စာဆီ တင်ယာဉ် (Bouser) များ အသုံးပြု၍သာ သယ်ဆောင်သင့်

Tue, 05/14/2013 - 08:50 -- admin
Undefined

အဂ်ါနေ့  ၁၉ မတ်လ  ၂၀၁၃ 12 း 40 PM

ယခုအခါ နွေရာသီ ရောက်ရှိလာပြီ ဖြစ်သလို ရာသီဥတုမှာလည်း ပူပြင်းလာပြီ ဖြစ်ပါတယ်။ မီးဘေး အန္တရာယ် ကလည်း စိုးရိမ်နေရတဲ့ အချိန် ဖြစ်တဲ့ အားလျော်စွာ ပေါ့ဆမီးကြောင့် လူနေအိမ်များ မီးလောင်မှု၊ ဆီတင် သင်္ဘော မီးလောင်မှု၊ ဆီပန့်နဲ့ Bouser ရိုက်ခတ်မိပြီး မီးပွားထွက်ကာ မီးလောင်မှုများ ဖြစ်ပွားနေတဲ့ သတင်းများ လည်း မကြာခဏ ဆိုသလို ဖတ်ရှုနေရ ပါတယ်။

မြဝတီမှ ရန်ကုန်သို့ လောင်စာဆီသယ်ယူမှုများကို Mobile Team အဖွဲ့-၂ မှ စစ်ဆေးရာမှာ အခိုျ့ ကုမ္ပဏီများ ဟာ Bouser လောင်စာဆီ တင်ယာဉ် အသုံးပြုပြီး သယ်ဆောင်မှုများ ရှိနေသော်လည်း အခိုျ့ ကုမ္ပဏီများ ကတော့ ဆီတိုင်ကီများကို အပေါ်အောက် အထပ် ၃ ထပ်ထပ် သယ်ဆောင်မှုများ ရှိနေတယ်၊ မီးဘေး အန္တရာယ် ကြိုတင် ကာကွယ် နိုင်ရေးနဲ့ စားသုံးသူ အကာအကွယ် ပေးနိုင်ရေး အတွက် လောင်စာဆီ များကို ဆီတင်ယာဉ် Bouser များနဲ့သာ သယ်ဆောင် နိုင်ရေးအတွက် သယ်ယူမှု စနစ် ကန့်သတ် ထည့်သွင်း ခံဝန်ချက်နဲ့ လိုင်စင် ထုတ်ပေးနိုင်ရေး အကြံပြု လိုတယ်လို့ Mobile Team အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးထံက သိရှိရပါတယ်။

Source လရ-၂              MTN

ရော်ဘာဈေးကွက်

Tue, 05/14/2013 - 08:49 -- admin
Undefined

အဂ်ါနေ့  ၁၉ မတ်လ  ၂၀၁၃ 11 း 44 AM

တရုတ်နိုင်ငံမှ မြန်မာ့ ရော်ဘာကို ယခင်က အများဆုံး ဝယ်ယူသုံးစွဲမှု ပြုလုပ်တာနဲ့ အမျှ ဈေး ပိုမို ပေးဝယ် ခဲ့ပါတယ်။ ယခုနှစ် လတ်တလော အခြေအနေမှာ တရုတ် နိုင်ငံမှ မြန်မာ့ ရော်ဘာအား ဝယ်ယူမှု လျော့တဲ့ အပြင် ဈေးနိမ့် ဝယ်ယူခဲ့ခြင်း များရှိလာတယ်လို့ သိရှိရပါတယ်။ မြန်မာ့ ရော်ဘာအား တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် ဈေးကောင်း မရရှိတာကြောင့် ရောင်းအား တန့်နေတဲ့ အတွက် ပြည်တွင်းမှာလည်း အရောင်းအဝယ် ဈေးကွက် ကျဆင်းလျက် ရှိကြောင်း သတင်းရရှိပါတယ်။

အောင်သူရ (လဂ)

အမှုတွဲ (၇၅) ခု ၊ တန်ဖိုး ကျပ် သန်း ၁၁ဝ ကျော်ဖိုး Mobile Team အဖွဲ့ (၂) မှ စစ်ဆေးတွေ့ရှိ

Tue, 05/14/2013 - 08:47 -- admin
Undefined

အဂ်ါနေ့  ၁၉ မတ်လ  ၂၀၁၃ 11 း 15 AM

မြဝတီ- ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းမှာ စားသုံးသူ အကာအကွယ် ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု လျော့နည်း ပပျောက်ရေး တာဝန်ယူ နေတဲ့ Mobile Team အဖွဲ့-၂ မှ မတ်လ ၇ ရက်နေ့ ဝ၆း၂ဝ မှ မတ်လ ၁၃ ရက် ဝ၄း၃ဝ ချိန်ထိ ကာလအတွင်းမှာ ခန့်မှန်း တန်ဖိုး ကျပ် ၁၁၃ ဒသမ ၃၇၄ သန်းတန်ဖိုးရှိ အကောက်ခွန်မဲ့ ပစ္စည်း များကို အကောက်ခွန် လုပ်ထုံးလုပ်နည်းနဲ့ အညီ အမှုတွဲ ၅၂ ခု ဖွင့်လှစ် အရေးယူခဲ့ ရတယ်လို့ Mobile Team အဖွဲ့-၂ မှ တာဝန်ခံ ဦးဆန်းနွယ်ဝင်း ထံမှ သတင်းရရှိပါတယ်။ ယာဉ် ၇၃ စီးကို ရှောင်တခင် စစ်ဆေးရာမှ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

.........ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကိုနှိပ်ပါ

ရှာဖွေတွေ့ရှိရတဲ့ အကောက်ခွန်မဲ့ ပစ္စည်းတွေ ကတော့ စားသောက်ကုန် အခိုျမှုန့်၊ လ္ဘက်ခြောက်၊ ပဲနို့၊ Queen၊ Dee Do အချိုရည်၊ ကွဲျရိုင်း၊ Chang Beer၊ Singha Beer၊ စားဆီ၊ ကိတ်မုန့်၊ UFC ပဲပုလင်း၊ ကော်ဖီ၊ ချောကလက်၊ ကြက်သွန်ဖြူဗူး၊ ကိတ်မုန့်၊ အရောင်တင်မှုန့်၊ ဝေဖာ၊ သာကူအိတ်၊ ခရုဆီ၊ Coffee Mix၊ ဆိုဂူျးအရက်၊ Jam ဗူး၊ ဂျယ်လီ၊ ရေခဲသေတ္တာ (၁ Door) ၊ (၂ Door)၊ Chain Saw၊ ကားအလှဆင်ပစ္စည်း၊ ကားအပို ပစ္စည်း၊ စားပွဲတင်ပန်းကန်၊ Used Air Corn Window Type၊ Power Pump၊ အလှကုန်၊ ဆပ်ပြာမှုှုန့်၊ ဇွန်းခရင်း၊ DVD၊ Note Book (စာအုပ်)၊ prinic cooler (ရေခဲဗူး)၊ ကြက်သွန် မြိတ်ခြောက်၊ လက်ဆောင်ထီး၊ အုန်းခြစ်၊ ကော်ကလပ်၊ မီးခြစ်၊ ဂျင်းအဝတ်အထည်များ၊ ဘေထုပ်၊ စကူ၊ ကွန်နာချောင်း၊ PVC Roll ၊ တံခါး လက်ကိုင်၊ ဆေးဝါးမျိုးစုံနဲ့ ball pen တို့ဖြစ်ကြပါတယ်။

ယခင်က ကန့်သတ်ထားတဲ့ အခိုျမှုန့်များ ကို ယခုအခါ တရားဝင် တင်သွင်းခွင့် ပြုထားပြီး ဖြစ်သော်လည်း FDA ထောက်ခံချက် အခက်အခဲကြောင့် မြေကြီးနဲ့ ကတ္တူဟောင်း၊ သတ္တုကုလားပဲ၊ မြေကြီး ထုံးအိတ်များ အောက်မှာ ဝှက်ပြီး သိုလှောင်မှုများ ရှိနေတယ် ဆိုတာ ယနေ့ ထက်တိုင် စစ်ဆေး တွေ့ရှိနေရဆဲ ဖြစ်ပါတယ်။

ပညာပေး ကာလ ၂ လ၊ အရေးယူ ကာလ ၁ လခွဲကျော် ကာလရှိလာပြီ ဖြစ်ပါတယ်။ တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းများ သယ်ဆောင်နေတဲ့ ခရီးသည်တင် မှန်လုံယာဉ်များ၊ Hilux ကားများ အားလုံး လိုလို ဟာ ဒီ မြဝတီ-ရန်ကုန် လမ်းကြောင်းမှာ ပုံမှန် အစုန်အဆန် သွားလာနေသော ယာဉ်များ ဖြစ်ပေရာ ပညာပေး ကာလ ကျော်လွန်ပြီး အရေးယူ ကာလ ရောက်နေတဲ့တိုင် တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းများကို သယ်ယူ နေဆဲဖြစ် နေတာ တွေ့ရပါတယ်။ တားမြစ်ကုန်၊ အကောက်ခွန်မဲ့ ကုန်များသယ်ဆောင်လျှင် Mobile Team အဖွဲ့က စစ်ဆေးခြင်း၊ ပစ္စည်းများအား သိမ်းဆည်းခြင်းများ လုပ်ဆောင်နေတာကို သိပါလျက်နှင့် ထပ်ခါတလဲလဲ ကုန်သယ်ယူမှု ကူျးလွန် နေသော ယာဉ်များ၊ ယာဉ်လိုင်းများကို ကူျးလွန်တဲ့ အကြိမ် အရေအတွက် မည်မျှထိ ခွင့်ပြု ပေးနေမှာလဲ၊ ပြင်းထန်စွာ အရေးယူ အပြစ်ပေးမှုများ ကျင့်သုံးမှ သာလျှင် တရားမဝင် ကုန်သွယ်မှု ကျူးလွန် နေမှုများ ရပ်တန့်သွားမှာ ဖြစ်သလို ကုန်သယ်နေသော ယာဉ်တန်း များလည်း ဆင်ခြင် လာကြမှာ ဖြစ်ပါတယ်။ ကုန်သည်များ အကြားမှာ ညီမျှတဲ့ ကုန်သွယ်မှု နည်းလမ်းကို ကျင့်သုံးမှသာ အခွန်ဆောင်သူနဲ့ အခွန်ရှောင်သူ အကြား ကွာဟနေမှုကို ကျဉ်းမြောင်း သွားစေနိုင်မယ်လို့ သုံးသပ်မိပါတယ်။

Source လရ-၂                                                                                                   MTN

ပြည်ပ ရင်းနှီး မြှုပ်နံှမှု များကို ဆွဲဆောင် စေလျက်ရှိတဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နံှမှု ဥပဒေ

Tue, 05/14/2013 - 08:47 -- admin
Undefined

အဂ်ါနေ့  ၁၉ မတ်လ  ၂၀၁၃ 11 း 15 AM

အစိုးရသစ် လက်ထက်မှာ ပြည်ပရင်းနှီး မြှုပ်နံှမှု ဥပဒေကို ယမန်နှစ်က ပြင်ဆင် ရေးဆွဲထားပြီး ဖြစ်ရာ ပြည်ပမှ ရင်းနှီး မြှုပ်နံှမဲ့ သူများကို များစွာ ဆွဲဆောင် စေလျက် ရှိပါတယ်။ ဇွန်လ ၅ ရက်မှ ၇ ရက် အတွင်း နေပြည်တော် မှာ ကမ္ဘာ့ စီးပွားရေး ဖိုရမ် (World Economic Forum) ကို မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ သွားမှာဖြစ်ပါတယ်။ အဆိုပါ ဖိုရမ်မှ တဆင့် ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နံှမဲ့ အခွင့်အလန်း များစွာ ရရှိနိုင်ရေး ဆွေးနွေး နိုင်မယ်လို့ မျှော်လင့် လျက်ရှိပါတယ်။

.........ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကိုနှိပ်ပါ

မြန်မာ နိုင်ငံရဲ့ စီးပွားရေး အလျင်အမြန် တိုးတက်နေခြင်းဟာ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံတကာမှ ကြော်ငြာ လုပ်ငန်း များအား မြန်မာနိုင်ငံသို့ဖြန့်ကျက်ရန် စေ့ဆော်လျက် ရှိတယ်လို့ သိရပါတယ်။ အမေရိကားနဲ့ ဥရောပ သမဂ္ဂ နိုင်ငံများက မြန်မာနိုင်ငံ အပေါ် တားမြစ် ထားချက်များ (Sanction) ကို ယမန်နှစ်က ဖယ်ရှား ပေးလိုက်ပြီး နောက်ပိုင်း ထိုင်းနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ လူဦးရေ သန်း ၆ဝ ကျော်ရှိတဲ့ မြန်မာ နိုင်ငံသို့ အပြည်ပြည် ဆိုင်ရာမှ ရင်းနှီးမြှုပ် နံှလိုသူများ အတွက် မြန်မာ့စီးပွားရေး တံခါးများကို ဖွင့်ပေး ထားပြီး ဖြစ်ပါတယ်။

နိုင်ငံ တကာနဲ့ ဈေးကွက် အချိတ်အဆက် ရှိတဲ့ Ogilvy ရ Mather ကုမ္ပဏီဟာ ပထမဦးဆုံးသော အပြည်ပြည် ဆိုင်ရာ စီးပွားရေး ကိုယ်စားလှယ် အဖွဲ့တစ်ခု ထူထောင်ရန် ရန်ကုန် အခြေစိုက် Today ကြော်ငြာလုပ်ငန်း နဲ့ ယမန်နှစ် မေလကစပြီး ပူးတွဲပြီး လေ့လာမှု ပြုနေခဲ့ပါတယ်။ ပူးတွဲပြီး လေ့လာချက် အရ Ogilvy ဟာ ပြည်သူ့ ဆက်ဆံရေး၊ ဈေးကွက် အခြေအနေ၊ ထုတ်ကုန်များ ချိတ်ဆက်မှု၊ ထုတ်ကုန် တိုးမြှင့်ရေး၊ တီထွင်ချက်၊ မီဒီယာ အစီအစဉ်၊ မီဒီယာ ဝယ်ယူမှုနဲ့ ထုတ်လုပ်မှု စတဲ့ ဝန်ဆောင်မှု ပိုင်းဆိုင်ရာများကို လေ့လာထားပြီး ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ အခြေစိုက် Chuo Senko (ထိုင်း) ရဲ့ CEO Shuji Okawa က လွန်ခဲ့တဲ့ အပတ်က Chuo Senko မြန်မာနဲ့ AD-Asia ကြော်ငြာ လုပ်ငန်း (၂) ခုကို မြန်မာ နိုင်ငံနဲ့ စင်္ကာပူတို့မှာ တိုးခဲျ့ ဖွင့်လှစ်လိုက်ပြီလို့ ပြောကြား ပါတယ်။ အစိုးရ သစ်ပြောင်းလဲ ပြီးနောက် တစ်နှစ် ကျော်ကြာ ဈေးကွက်ကို လေ့လာပြီးတဲ့ အခါမှာ မြန်မာ နိုင်ငံမှာ အလားအလာ များစွာ ရှိတာကို သိရှိလာကြတဲ့ အပြင် အမေရိကန်၊ ဥရောပနဲ့ ဂျပန်ကုမ္ပဏီ အတော် များများဟာ မြန်မာ့ ဈေးကွက် အတွင်းသို့ ဝင်ရောက် လာကြတယ်လို့ လွန်ခဲ့တဲ့နှစ် စက်တင်ဘာလက ထိုင်း ကြော်ငြာ လုပ်ငန်းအဖွဲ့ ခေါင်းဆောင် အဖြစ် တာဝန် ပေးအပ်ထားသူ Okawa က ပြောကြားပါတယ်။ ရန်ကုန် အခြေစိုက်အဖွဲ့ အနေနဲ့ လာမဲ့နှစ်မှာ အကိုျးအမြတ် များတောင် ရရှိတော့မယ်လို့ ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံဟာ Chuo Senko မှ ကွန်ယက်ဖြန့်ကျက်တဲ့ နိုင်ငံများထဲမှာ နောက်ဆုံး ချိတ်ဆက်တဲ့ နိုင်ငံဖြစ်ပြီး ဗီယက်နမ်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတို့နဲ့ ချိတ်ဆက်ထားပြီးဖြစ်ပါတယ်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံတကာ ကြော်ငြာ လုပ်ငန်း အတော်များများဟာ မြန်မာနိုင်ငံအတွင်း လာရောက် လုပ်ကိုင်နိုင်ရန် ရှေ့ပြေး လေ့လာမှု များပြုလုပ်နေကြပြီး ချီကာဂို အခြေစိုက် Leo Burnett Group ကလည်း ဖက်စပ် လုပ်ငန်းများ လုပ်ရန်၊ တိုက်ရိုက် ရင်းနှီးမြှုပ်နံှရန်၊ အကိုျးတူ လုပ်ဆောင်ရန် အတွက် စိတ်ဝင်စား နေပါတယ်။ Leo Burnett Group ဟာ အာဆီယံ နိုင်ငံများ အတွင်းမှာလည်း ကွန်ယက်ဖြန့်ကျက် ထားပြီး ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှ ဒုတိယအကြီးဆုံး မီဒီယာလုပ်ငန်း Aegis Media ဟာ မြန်မာနိုင်ငံမှာ ဖက်စပ် လုပ်ငန်းကို လာမဲ့လမှာ လာရောက် ထူထောင်ရန် စီစဉ်နေပြီဖြစ်ပါတယ်။

Source The Nation                                                                                                                      CMK

အိန္ဒိယသို့ သဘာဝ ရော်ဘာ တင်သွင်းခွန် တိုးမြှင့် စည်းကြပ် နိုင်ဖွယ်ရှိ

Tue, 05/14/2013 - 08:44 -- admin
Undefined

အဂ်ါနေ့  ၁၉ မတ်လ  ၂၀၁၃ 10 း 57 AM

ကမ္ဘာ့ ရော်ဘာ ထုတ်လုပ်မှု စတုတ္ထနေရာမှာ ရှိနေတဲ့ အိန္ဒိယနိုင်ငံဟာ ရော်ဘာဈေးကျဆင်းနေမှုအား ကျားကန်နိုင်ရန် အတွက် အိန္ဒိယသို့ တင်သွင်းလာမဲ့ သဘာဝ ရော်ဘာများ အပေါ် သွင်းကုန်ခွန် ၇ဝ ရာခိုင်နှုန်း ကို မြန်နိုင် သမျှ မြန်မြန်ပင် စည်းကြပ် ကောက်ခံ သွားမယ်လို့ အစိုးရဌာန တစ်ခုနဲ့ ရော်ဘာ လုပ်ငန်း ၂ ခုတို့မှ Reuters သတင်း ဌာနကို ပြောကြား ခဲ့ပါတယ်။

.........ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကိုနှိပ်ပါ

အစိုးရ အနေနဲ့ သွင်းကုန်ခွန်ကို အနိမ့်ဆုံး ၂ဝ ရာခိုင်နှုန်း ပုံသေ သတ်မှတ်ပြီး စည်းကြပ် လိုကြောင်း၊ လက်ရှိမှာ သွင်းကုန်ခွန် ၂ဝ ရာခိုင်နှုန်း စည်းကြပ် နေတယ်လို့ အစိုးရမှ ကိုင်တွယ် လုပ်ကိုင် နေတဲ့ ရော်ဘာဘုတ် အဖွဲ့မှ အမည် မဖော်လိုသူ အရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။

အရောင်းအဝယ် ပါးနေတဲ့ လွန်ခဲ့တဲ့ ၅ လခန့်ကစပြီး ရော်ဘာဈေးဟာ၂ဝ ရာခိုင်နှုန်း နီးပါး ကျဆင်းနေ ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ သဘာဝ ရော်ဘာများကို မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှ တင်သွင်း လျက်ရှိတာ ဖြစ်ပါတယ်။

ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက Kerala ပါလီမန် အဖွဲ့ဝင် အမတ်များရဲ့ သွင်းကုန်ခွန် တိုးမြှင့် စည်းကြပ်မဲ့ ကိစ္စနဲ့ စပ်လျဉ်းပြီး ကြေငြာချက် ထုတ်ပြန် နိုင်ရေး စီစဉ်လျက် ရှိနေတယ်လို့ ဦးဆောင် တာယာကုမ္ပဏီ တစ်ခုမှ အမည်မဖော်လိုသူ အကြီးတန်း အရာရှိတစ်ဦးက ဆိုပါတယ်။ အိန္ဒိယ တောင်ပိုင်းရှိ Kerala ပြည်နယ်မှ သဘာဝ ရော်ဘာထွက် ရှိမှုဟာ အိန္ဒိယ နိုင်ငံတစ်နိုင်ငံလုံး သဘာဝ ရော်ဘာ ထုတ်လုပ်မှုရဲ့ ၉ဝ ရာခိုင်နှုန်း နီးပါးရှိနေ ပါတယ်။ အများဆုံး ကုန်သွယ်မှု ပြု RSS-4 (Ribbed, Smoked Sheet) ရဲ့ ု Kottayam ကုန်စည်ဒိုင် ပေါက်ဈေး ကတော့ ၁ တန်ကို ၁၅၆၅ဝဝ ရူပီး၊ ဒေါ်လာအားဖြင့် ၂၉၂၅ ပေါက်လျက် ရှိပါတယ်။

အိန္ဒိယကားတာယာလုပ်ငန်းအကြိုက်ဖြစ်တဲ့ မလေးရှားရော်ဘာ SMR-20 ၁ တန်ကို ၁၅၈၁၈ဝ ရူပီး (၂၉၅၆ ဒေါ်လာ) ဈေးနဲ့ တင်သွင်း ရလျက် ရှိပါတယ်။ အိန္ဒိယနိုင်ငံမှ SMR-20 မလေးရှား နိုင်ငံမှ တင်သွင်း ရာမှာ သွင်းကုန်ခွန် ၂ဝ ရာခိုင်နှုန်း စည်းကြပ် နေခြင်း ဖြစ်ပါတယ်။ ၂ဝ၁၂ ခုနှစ် ဘဏ္ဍာနှစ် စဖြစ်တဲ့ ဧပြီလ ၁ ရက်နေ့မှ ၁ဝ လ တာကာလ အတွင်းမှာ သဘာဝ ရော်ဘာ ၁၉၇၁၁၃ တန် ပြည်ပမှ တင်သွင်းခဲ့ရပြီး ယခင်နှစ် ကာလတူ ထက် ၁၉ ရာခိုင်နှုန်း ပိုမိုခဲ့ပါတယ်။

တိုကျိုကြိုပွိုင့် ဈေးများ လွန်ခဲ့တဲ့ ၁ဝ လကထက် ကျဆင်း လာပြီးတဲ့နောက် ထိုင်းရော်ဘာ အဆင့် -၃ (RSS-3) ရဲ့ မတ်လမှ မေလအတွင်း ဈေးဟာ ၁ တန်ကို ဒေါ်လာ ၂၉၇ဝ မှ ၃ဝဝဝ ကြား ပေါက်လျက်ရှိပြီး နိုဝင်ဘာလက စကြည့် မယ်ဆိုလျှင် အနိမ့်ဆုံး ဈေးဖြစ်ပါတယ်။ အင်ဒိုနီးရှား ရော်ဘာ (RSS-3) ကတော့ ဒေါ်လာ ၂၉၁၇ မှ ၃ဝဝဝ ကြား ဈေးပေါက် နေတယ်လို့ သိရပါတယ်။

Source: The Economic Times                                                                     CMK

 
 

မဲခေါင် မြစ်ဝှမ်း ဒေသမှ ဆန်တင်ပို့မှု ၁၈ ရာခိုင်နှုန်း မြင့်တက်

Tue, 05/14/2013 - 08:44 -- admin
Undefined

အဂ်ါနေ့  ၁၉ မတ်လ  ၂၀၁၃ 10 း 33 AM

၂ဝ၁၃ ခုနှစ် ပထမ နှစ်လ ဖြစ်တဲ့ ဇန်နဝါရီလနဲ့ ဖေဖော် ဝါရီလများမှာ မဲခေါင် မြစ်ဝှမ်း ဒေသမှ ပြည်ပသို့ ဆန် တန်ချိန် ၆၇ဝဝဝဝ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၃ဝ၄ သန်းဖိုး တင်ပို့ နိုင်ခဲ့ပြီး ယမန် နှစ်ကာလ တူထက် ၁၈ ရာခိုင်နှုန်း မြင့်တက် ခဲ့တယ်လို့ သိရပါတယ်။

အာရှသည် ဆန်ဈေးကွက် အကြီးမားဆုံး ဒေသဖြစ်ပြီး စားသုံးမှု ပမာဏဟာ စုစုပေါင်း ကမ္ဘာ့ဆန် စားသုံးမှု ပမာဏရဲ့ ၆၅ ရာခိုင်နှုန်း ရှိပြီး အမေရိက၊ အာဖရိကနဲ့ ဥရောပ နိုင်ငံတို့ဟာ အာရှနောက်မှာ စားသုံးမှု အဆင့် အလိုက် စဉ်လျက် ရှိနေပါတယ်။

ယာယီ ဝယ်ယူ သိုလှောင်ပြီးမှ ရောင်းချတဲ့ စနစ်အရ စပါးဈေးဟာ ၁ ကီလိုဂရမ်ကို ဗီယက်နမ် ဒေါင်   ၅၂ဝဝ-၅၃ဝဝ ဝန်းကျင် ထိ တိုးလာပါတယ်။ ၂ဝ၁၃ ခုနှစ် တွင် မဲခေါင် ဒေသမှ ဆန် တန်ချိန် ၆ ဒသမ ၅ သန်းမှ ၆ ဒသမ ၈ သန်းထိ တင်ပို့ နိုင်မယ်လို့ မျှော်မှန်းထာ းပါတယ်။ ရည်မှန်းချက် ပြည့်မီ စေရေး အတွက် ခေတ်မီ ဇီဝ နည်းပညာ သုံးစိုက်ပိုျးခြင်း၊ စပ်မိုျးများ ရွေးချယ် စိုက်ပိုျး စေခြင်းစတဲ့ စိုက်ပိုျး ရေးပိုင်း ဆိုင်ရာ ဝန်ဆောင်မှု များကို တိုးမြှင့် ပံ့ပိုးပေး နေတယ်လို့ သိရပါတယ်။

Source: VNA                                                           CMK

ရော်ဘာ ဈေးနှုန်း တည်ငြိမ်စေရေး အတွက် ထိုင်းအစိုးရမှ ရော်ဘာ စိုက်တောင်သူ များအား ထောက်ပံ့ ပေးရန် တိုက်တွန်း လျက်ရှိ

Tue, 05/14/2013 - 08:43 -- admin
Undefined

အဂ်ါနေ့  ၁၉ မတ်လ  ၂၀၁၃ 10 း 25 AM

ထိုင်းစိုက်ပိုျးရေး ဝန်ကြီးဌာနဟာ ထိုင်းရော်ဘာဈေးများ တည်ငြိမ်စေရေး အတွက် ရော်ဘာစိုက် တောင်သူများအား ထောက်ပံ့ ပေးရန် အစိုးရ အမတော်ကြေး အဖွဲ့မှာ ပါဝင်တဲ့ သူများအား တိုက်တွန်း လျက်ရှိတယ်လို့ Paltaya Mail မှာ ဖော်ပြထားပါတယ်။ စိုက်ပျိုးရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက Yuttapong Charasathein က ရော်ဘာ တောင်သူများ အတွက် ရော်ဘာဈေး တည်ငြိမ် စေရန် ထောက်ပံ့ ကြေးငွေ ဆက်လက် ရရှိရေး အတွက် အစိုးရမ ှေ ဆာင်ရွက်ပေး  နေတယ်လို့ ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရော်ဘာစိုက် တောင်သူ ဖြစ်ကြောင်း ထောက်ခံစာ အလိမ်/အတု များနဲ့ ထောက်ပံ့ငွေ ထုတ်ယူမှု များကို စုံစမ်း စစ်ဆေးမှုပြုနေစဉ် အရှေ့ မြောက်ပိုင်း မှာလည်း အလားတူ ထောက်ခံစာ အတု ပြဿနာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် စုံစမ်းဆဲ ကာလမှာလည်း ရော်ဘာ ဈေးနှုန်း တည်ငြိမ်မှု ရှိစေရေး ဆက်လက် ထောက်ပံ့ ပေးထားရန် ထိုင်းစိုက်ပိုျးရေး ဝန်ကြီး ဌာနက စီစဉ် ရခြင်း ဖြစ်ပါတယ်။

Source: European Rubber Journal                                                                               CMK

ပဲအိတ်များအောက်ကသိုဝှက်သယ်ဆောင်လာတဲ့ စားဆီပုံးအဝါများ

Tue, 05/14/2013 - 08:41 -- admin
Undefined

အဂ်ါနေ့  ၁၉ မတ်လ  ၂၀၁၃ 09 း 52 AM

မတ်လ ၁၁ ရက်နေ့က မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းမှာ စားသုံးသူ အကာအကွယ် ပေးရေးနဲ့ တရားမဝင် ကုန်စည်စီးဆင်းမှု တားဆီးရေး ရွေ့လျားအဖွဲ့-၂ က တာဝန် ထမ်းဆောင် နေစဉ် ပဲအိတ်များ တင်ဆောင်ထားတဲ့ Canter ယာဉ်အမှတ် ၃ခ/ထထထထ ကို စစ်ဆေးရာမှာ ပဲအိတ်များ အောက်မှာ သိုဝှက် သယ်ဆောင် လာတဲ့ အကောက်ခွန်မဲ့ ပစ္စည်းများကို တွေ့ရှိရတယ်လို့ သတင်း ရရှိပါတယ်။ ပဲအိတ်များ အောက်မှာ သိုဝှက်သယ်ဆောင် လာတဲ့ ပစ္စည်း တွေထဲမှာ ကျပ် ၇၅၂ဝဝဝ တန်ဖိုးရှိ စားဆီပုံး အဝါ ၄၇ ပုံးကို စစ်ဆေး တွေ့ရှိရတယ်လို့ သိရပါတယ်။ စားဆီပုံးများ အပြင် ကျပ် ၁၂ဝဝဝ တန်ဖိုးရှိ Birdy Coffeemix နဲ့ ကျပ် ၁၅ဝဝဝဝ တန်ဖိုးရှိ အချိုမှုန့် ၅ဝ ကီလိုဂရမ်ပါ အိတ် ၃ အိတ်ကို လည်း တွေ့ရှိရတယ် လို့ သိရ ပါတယ်။ အဆိုပါ ယာဉ်က ပဲအိတ်များ အောက်မှာ သိုဝှက်သယ်လာတဲ့ ပစ္စည်း (၃) မိုျး တန်ဖိုး စုစုပေါင်း ၉၁၄ဝဝဝိ/- ရှိတယ်လို့ Mobile Team အဖွဲ့-၂ ထံမှ သတင်းရရှိပါတယ်။

မတ်လ ၁၁ ရက် ဝ၉း၄၅ ချိန်မှ မတ်လ ၁၁ ရက် ၂၃း၁ဝ ချိန်အတွင်းမှာ စားဆီပုံး အဝါ စစ်ဆေးတွေ့ရှိ သိမ်းဆည်းရမှုမှာ ၈၇ ပုံး၊ တန်ဖိုးအားဖြင့် ကျပ် ၁ ဒသမ ၃၉၂ သန်းဖိုးကို Mobile Team အဖွဲ့-၂ က စစ်ဆေးတွေ့ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ၂ လီတာဆန့် ဆီဗူး ၆ ဗူးပါ ၂ဝ ဖာနဲ့ ၄ ဗူးပါ ၁၅ ဖာ၊ တန်ဖိုးအား ဖြင့် ကျပ် သုညဒသမ ၅၄ဝ သန်းဖိုးကိုလည်း (၁) ရက်တည်းမှာပင် စစ်ဆေး တွေ့ရှိခဲ့ သေးတဲ့ အတွက် မတ်လ ၁၁ ရက်တစ်ရက် တည်းမှာ ဆီစစ်ဆေး တွေ့ရှိမှုမှာ ကျပ် ၂ သန်း နီးပါး တန်ဖိုး ရှိတယ်လို့ သိရှိရပါတယ်။ မတ်လ ၇ ရက်မှ ၁၃ ရက်ထိ တစ်ပတ်တာ ကာလအတွင်း မှာတော့ ကျပ် ၄ သန်းကျော် တန်ဖိုးရှိ စားဆီပုံးဝါများ၊ ၁ လီတာ၊ ၂ လီတာ၊ ၅ လီတာနဲ့ ၁၈ လီတာဆန့်ဆီဗူးများကို စစ်ဆေး တွေ့ရှိ ခဲ့တယ်လို့ သိရပါတယ်။

Source Mobile Team -၂                                                                                                        MTN

သြင်္ကန်စာ ကောက်ညှင်းမှုန့်၊ သာကူနဲ့ အုန်းနို့ဗူးများ အကောက်ခွန်မဲ့ တင်သွင်းမှုများနေ

Tue, 05/14/2013 - 08:40 -- admin
Undefined

အဂ်ါနေ့  ၁၉ မတ်လ  ၂၀၁၃ 09 း 52 AM

ယခုအခါ မတ်လလယ်ကို ရောက်ရှိပြီး အတာ သြင်္ကန် အခါ ကာလနဲ့ နီးလာပြီ ဖြစ်ပါတယ်။ မြန်မာ့ဓလေ့ ထုံးစံအရ သြင်္ကန်ကာလ သြင်္ကန် မဏ္ဍာပ်များမှာ စတုဒီသာ ကျွေးမွေး ဧည့်ခံမှုတွေ ရှိသလို ရပ်ကွက် အတွင်း၊ လမ်းအတွင်း အိမ်နီးချင်းများကိုလည်း သြင်္ကန်မုန့်များ လုပ်ဝေငှကုသိုလ်ပြုမှု များရှိပါတယ်။ မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းမှာ စားသုံးသူ အကာအကွယ် ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှုများ တားဆီးရေး ရွေ့လျား အဖွဲ့-၂ ဟာ မတ်လ ၇ ရက်မှ ၁၃ ရက်ထိ ကာလ အတွင်း သြင်္ကန်စာ-ကောက်ညှင်းမှုန့်များကို အများအပြား စစ်ဆေး တွေ့ရှိနေတယ်လို့ သတင်း ရရှိပါတယ်။ ကောက်ညှင်းမှုန့် ၁၇၂၅ဝဝ ကျပ်ဖိုး သိမ်းဆည်း ရမိခဲ့ကြောင်းနဲ့ အုန်းနို့ဗူး ၄၅ ဖာ တန်ဖိုးအားဖြင့် ကျပ် ၃၃၇၅ဝဝ ဖိုးနဲ့ ကျပ် ၈ သိန်း တန်ဖိုးရှိ သာကူ အိတ်များကိုလည်း မှန်လုံ ခရီးသည် တင်ယာဉ်များ ပေါ်က ရှာဖွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

Source Mobile Team-၂                                                                                                                         MTN

Pages

Subscribe to RSS - Department of Trade