Department of Trade

ထိုင်း လေကြောင်းလိုင်းများမှ ခရီးသည် ၇၄ သန်းခန့် သယ်ယူ ပို့ဆောင်ခဲ့

Mon, 05/13/2013 - 10:54 -- admin
Undefined

တနင်္လာနေ့ ၂၁ ဇန်နဝါရီလ ၂၀၁၃ 10:41 AM 

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်တွင် ထိုင်း နိုင်ငံ လေကြောင်း ဦးစီဋ္ဌာန Airports of Thailand (AOT) စက်မှု နည်းပညာ ဦးစီး ဋ္ဌာနရဲ့ ဒုတိယ ဥက္ကဋ္ဌ၊ Senior Executive vice President Engineering Construction and Acting President ၊ ဆောက်လုပ်ရေးနှင့် လုပ်ငန်း ဖော်ဆောင်ရေး ဋ္ဌာန ဥက္ကဋ္ဌ Somchai Sawasdeepon မှ ပြီးခဲ့သော နှစ်က ထိုင်းနိုင်ငံ အတွင်းရှိ လေဆိပ် (၆)ခု ဖြစ်သော သုဝဏ္ဏ ဘုမ္မိ (suvarnabhumi)၊ ဒွန်းမောင်း (Dong Meaung)?၊ ချင်းမိုင် (Chiang Mai)၊ ဖူးခက် (Phuket)? ဟရိုင်း (Hatyai) နှင့် ချင်းရိုင်း (Chiang Rai) စသော လေဆိပ် များ၌ အသုံးပြုသူ ခရီးသည် စုစုပေါင်း ၇၄ သန်းကျော် ရှိရာတွင် လေယာဉ်စီး ခရီးသည် ၄၈ သန်း ခန့်မှာ ထိုင်းနိုင်ငံသားများ မဟုတ်ကြောင်း ပြောကြား ခဲ့ပါတယ်။ လေဆိပ် ၆ ခုတွင် ဆင်းသက် ခဲ့သော လေကြောင်း ခရီးစဉ် (၄၉၆၇၄၉) အနက် (၂၇၅၄၂၂) မှာ နိုင်ငံတကာ လေကြောင်း ခရီးစဉ်များ ဖြစ်ပြီး သုဝဏ္ဏဘူမိ လေဆိပ် တစ်ခုတည်း၌ပင် ခရီးသည်ပေါင်း ၅၁ ဒသမ ၄၆၂ သန်း ရှိခဲ့ကာ လေကြောင်း ခရီးစဉ် ပေါင်း ၃၁၂၄၉၃ ပျံသန်း ခဲ့ကြောင်း ထိုင်းနိုင်ငံ လေကြောင်း ဦးစီးဋ္ဌာန (AOT) ထုတ်ပြန် ကြေငြာချက်ကို ကိုးကားပြီး ပြောကြားခဲ့ ပါတယ်။

ဆက်လက်ပြီး လေဆိပ် တိုးချဲ့ရေး စီမံကိန်းများနဲ့ ပတ်သက်ပြီး ၂၀၁၁-၂၀၁၇ ခုနှစ်၊ ဖွံ့ဖြိုးရေး ဘတ်ဂျက် အရ သုဝဏ္ဏဘူမိ လေဆိပ် တိုးချဲ့မှု ဒုတိယ အဆင့် အဖြစ် အဆောက် အဦ ဒီဇိုင်း ပုံကြမ်း ရေးဆွဲခြင်း လုပ်ငန်း အပေါ် လေလံပွဲ တစ်ရပ် ကျင်းပပေးရေး အတွက် လိုအပ်သော လုပ်ထုံး လုပ်နည်း ပိုင်းဆိုင်ရာ အချက် အလက်များအား အသေးစိတ် စိစစ်ပြီး ညွှန်ကြားချက်များ ထုတ်ပြန်ရန် အမြဲတမ်း အတိုင်ပင်ခံ ခန့်အပ်ခြင်း၊ ယာယီ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ ဖွဲ့စည်းခြင်း များအား (ဗဥွှ) မှ လုပ်ဆောင် ခဲ့ပြီး ဖြစ်ကြောင်းနဲ့ အဆိုပါ လေလံပွဲ အနိုင်ရ ကုမ္ပဏီ အနေဖြင့် လာမဲ့ ဧပြီလမှာ အဆောက် အဦ ပုံကြမ်း တင်ပြပေးရန် လိုအပ်တယ်လို့ သိရပါတယ်။

အဆောက် အဦ ပုံကြမ်း ရေးဆွဲမှုမှာ ခရီးသည် နားနေဆောင်၊ အများသုံး ဝန်ဆောင်မှု စနစ်နဲ့ လူထု ဆက်သွယ်ရေး စနစ် စတဲ့ စီမံကိန်း (၃)ရပ် ပါဝင်ရမဲ့ အပြင် ကန်ထရိုက်များနဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင် စစ်ဆေးရေး အဖွဲ့ များကိုလည်း လာမဲ့ ဩဂုတ်လ အတွင်း ငှားရမ်း ခန့်အပ် သွားရန် စီစဉ် ထားတယ်လို့ သိရပါ တယ်။ လေဆိပ်ရဲ့ ဝန်ဆောင်မ ပေးနိုင်စွမ်းနဲ့ စပ်လျဉ်းပြီး လေဆိပ် တိုးချဲ့ရေး ၄ နှစ် စီမံကိန်း အပြီး ၂၀၁၄ ခုနှစ် အရောက်မှာ ဖူးခက် လေဆိပ်ဟာ ၁၂ ဒသမ ၅၀ သန်း အထိ ဝန်ဆောင်မှု ပေးနိုင်စွမ်း ရှိလာမယ်လို့ မျှော်မှန်း ထားပါတယ်။ လက်ရှိ အချိန်မှာ ခရီးသည် ၆ ဒသမ ၅၀ သန်းကို ဝန်ဆောင်မှု ပေးလျက် ရှိကြောင်း၊ ဒွန်မောင်း လေဆိပ် ဖွံ့ဖြိုးရေး အစီအစဉ်တွင် ခရီးသည် နားနေဆောင် ၂ ခုမှ နားနေဆောင် ၅ ခု၊ အထပ် ၅ ထပ်ပါ ယာဉ်ရပ်နား အဆောက်အဦနဲ့ လူထု ဆက်သွယ်ရေး စနစ်များ ပါဝင်ကြောင်း၊ ၂၀၂၆ ခုနှစ်အထိ နိုင်ငံတကာ စံချိန်စံညွှန်း ပြည့်မီသော တစ်နည်း အားဖြင့် ခရီးသည် ၂၇ ဒသမ ၅၀ သန်းထိ ဝန်ဆောင်မှု ပေးနိုင်စွမ်း ရှိသော လေဆိပ် အဖြစ်သို့ အဆင့်မြှင့်တင် ပေးသွားမယ်လို့ Somchai Sawasdeepon က ပြောကြားခဲ့ကြောင်း M.O.C.T Online News မှာ ဖော်ပြ ထားပါတယ်။

Source: M.O.C.T Online News မြင့်ရှိန် (မြဝတီ)

ထိုင်းနိုင်ငံတွင် အနိမ့်ဆုံး လစာ တိုးမြှင့် ပြီးနောက် စက်ရုံ အချို့ ပိတ်ခဲ့ရ

Mon, 05/13/2013 - 10:52 -- admin
Undefined

စနေနေ့ ၁၉ ဇန်နဝါရီလ ၂၀၁၃ 12:39 PM

ထိုင်း နိုင်ငံတွင် ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မ စပြီး အနိမ့်ဆုံး လစာ တစ်နေ့ ဘတ် ၃၀ဝ နှုန်း တပြေးညီ သတ်မှတ် လိုက်တဲ့ အတွက် ဘန်ကောက်၊ တာချ်၊ ဆလာပူရီ၊ ဘီဆနဲ့ ဘူရီလန် စတဲ့ ခရိုင်များမှာ အလုပ်သမား ငှားရမ်းခ မတတ်နိုင်၍ စက်ရုံ အချို့ ပိတ်ခဲ့ ရသလို အလုပ်သမား ထောင်ချီ လျော့ချ ခဲ့ရပါတယ်။ တာ့ခ်ခရိုင်မှာ အထည်ချုပ်၊ လျှပ်စစ် ပစ္စည်းနဲ့ ကြွေထည် မြေထည် စတဲ့ စက်ရုံ (၈) ရုံပိတ် လိုက်ရပြီး အလုပ်သမား (၁၀ဝဝ) ကျော် အလုပ် ဖြုတ်ခဲ့ ရတယ်လို့ ထိုင်းနိုင်ငံ သတင်းမှာ ဖော်ပြထား ပါတယ်။

အနိမ့်ဆုံး လစာ တိုးပေးရတဲ့ အတွက် အလုပ်ရှင်များ နစ်နာမှု မရှိအောင် အစိုးရ အနေနဲ့ အလုပ်သမားများ အတွက် အလုပ်ရှင်မှ ပေးသွင်းရသော လူမှု အာမခံကြေး ၅ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းသို့ လျော့ချ ပေးခြင်း၊ ရင်းနှီး မတည်ငွေ အတိုးနှုန်း လျော့ချ ပေးခြင်းများ ပြုလုပ် ပေးခဲ့ သော်လည်း အလုပ်ရှင်များ အတွက် ချေမကိုက်ဘဲ ဖြစ်နေကြောင်း၊ ဒီပြဿနာ ဖြေရှင်း ပေးနိုင်ရေး အတွက် အစိုးရမှ ပြဌာန်းချက် တစ်ခုခု ထုတ်ပေးရန် လိုကြောင်း၊ အိမ်နီးချင်း မြန်မာ နိုင်ငံမှာ စက်ရုံ၊ အလုပ်ရုံ ဖွင့်ရန် အခြေခံ အဆောက် အဦ ခိုင်ခိုင် မာမာ မရှိသေးကြောင်း၊ နိုင်ငံခြား ကုမ္ပဏီများ အနေဖြင့် လုပ်သား ဈေး သက်သာသော နေရာသို့ ပြောင်းရွှေ့ကောင်း ပြောင်းရွှေ့ နိုင်ကြောင်း၊ အလုပ်သမား ရွှေ့ပြောင်းမှု ပို၍ များလာ နိုင်ကြောင်း၊ တရားမဝင် အလုပ်သမားများကို ငှားရမ်း သုံးစွဲ လာနိုင်ပြီး သုံးစွဲသော အခါ မတရား ဖိနှိပ်မှုများ ထပ်မံ ပေါ်လာ နိုင်တယ်လို့ သတင်းမှာ ရေးသားထား ပါတယ်။

ထိုင်းနိုင်ငံ အလယ်ပိုင်း ဆရပူရီခရိုင် ဂီဟန်ဒိုင် မြို့နယ်ရှိ ဂီနာကာမေလ် အတွင်းခံ အင်္ကျီချုပ် စက်ရုံကို ကြိုတင် အကြောင်း မကြားဘဲ ပိတ်လိုက်တဲ့ အတွက် အလုပ်သမား နစ်နာကြေး ရရှိရန် အလုပ်သမား (၂၀ဝ) ကျော်ခန့် ဇန်နဝါရီလ ၂ ရက်နေ့က အလုပ်သမား ကာကွယ်ရေး ရုံးမှာ ဆန္ဒပြ ခဲ့ပြီး အလားတူ နခွန်းရာ့ချ်ဆီမား ခရိုင်မှာ စက်ရုံ၊ အလုပ်ရုံ (၄)ခု ပိတ်လိုက် သောကြောင့် အလုပ်သမား (၈၀ဝ)ကျော် အလုပ်ပြုတ် သွားခဲ့ရ ပါတယ်။ ဆူရင်း ခရိုင်မှာလည်း ဖိနပ်ချုပ် စက်ရုံ (၁) ရုံနဲ့ အထည်ချုပ် စက်ရုံ (၁)ရုံ ပိတ်လိုက် သောကြောင့် အလုပ်သမား (၄၀ဝ)ကျော် အလုပ် လက်မဲ့ဖြစ် ခဲ့ပြီး ပူရီရမ် ခရိုင်မှာလည်း အလုပ်လက်မဲ့ (၁၂၀)ဦး ရှိကြောင်း၊ မြန်မာ ပြောင်းရွှေ့ အလုပ် သမား အများအပြား လုပ်ကိုင် နေသည့် ချင်းမိုင် ခရိုင်တွင် အလုပ်သမား တစ်ချို့သာ တစ်နေ့ ဘတ်(၃၀ဝ) ရရှိပြီး အများစုမှာ မရရှိ သေးကြောင်း သတင်းတွင် ဖော်ပြထား ပါတယ်။

Source:Online manager (မြင့်ရှိန်၊ မြဝတီ)

တရုတ်နိုင်ငံမှ တင်သွင်းသော သံမဏိ ပစ္စည်း အချို့အပေါ် သွင်းကုန်ခွန် ၂ဝ ရာခိုင်နှုန်း ကောက်ခံ သွားမည်ဟု အိန္ဒိယ အစိုးရမှ ထုတ်ပြန်

Mon, 05/13/2013 - 10:51 -- admin
Undefined

သောကြာနေ့ ၁၈ ဇန်နဝါရီလ ၂၀၁၃ 15:10 PM

အိန္ဒိယ အစိုးရသည် ပြည်တွင်း စက်မှု လုပ်ငန်းများကို အကာ အကွယ်ပေးရန် တရုတ်နိုင်ငံမှ တင်သွင်းသော သံမဏိ ပစ္စည်း အချို့ အပေါ် သွင်းကုန်ခွန် ၂ဝ ရာခိုင်နှုန်း စတင် ကောက်ခံ သွားမည်ဟု ဇန်နဝါရီလ လဆန်းပိုင်းမှာ ထုတ်ပြန်ခဲ့ ပါသည်။

သံမဏိ အဆင့် ၃ဝ၄ မှ ထုတ်လုပ်သော သံပြား အလိပ်များ၊ ခရိုနီယမ် သို့မဟုတ် နီကယ် ၆ ရာခိုင်နှုန်း နှင့် အထက် ပါရှိသော သံမဏိ အဆင့် အားလုံး အပေါ် ပြည်တွင်း ထုတ်လုပ်မှု များအား အကာ အကွယ် ပြုသော ဂျူတီ (Safeguard duty)ကို စည်းကြပ် သွားမည်ဟု သိရသည်။

Motilal Oswal Securities မှ ဝါရင့် ဒုတိယ ဥက္ကဌ၊ Sanjay Jain က အိန္ဒိယတွင် အဆင့် ၂ဝဝ အမျိုး အစား သံမဏိ ပစ္စည်းတွင် ယှဉ်ပြိုင်မှု များစွာ ရှိပြီး အဆင့် ၃ဝဝ အမျိုးအစား နှင့်မူ ယှဉ်ပြိုင် ထုတ်လုပ်မှု မရှိကြောင်း၊ အဆင့် ၃ဝ၄ အမျိုးအစား သတ္ထုသည် အရည် အသွေး ကောင်းမွန်ပြီး ဈေးလည်း ကြီးမြင့်ကြောင်း ပြောကြားခဲ့သည်။

ဇန်နဝါရီလ ၇ ရက်နေ့တွင် ဝန်ကြီး ဌာန ဝက်ဘ်ဆိုဒ်၌ အဆင့် ၃ဝ၄ အမျိုးအစား၊ ခရိုနီယမ် သို့မဟုတ် နီကယ် ၆ ရာခိုင်နှုန်းကျော် ပါဝင်သော သံမဏိ ပစ္စည်းများ အပေါ် အခွန်စည်းကြပ် တော့မည် ဆိုသည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ထိုနေ့တွင် အိန္ဒိယ သံမဏိ လုပ်ပိုင်ခွင့် ရှိသူများ အကြားရှယ်ယာ ၄ ဒသမ ၅ ရာခိုင်နှုန်းထိ မြင့်တက် ခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာမူ ၁ ဒသမ ၈ ရာခိုင်နှုန်းထိ လျော့ကျ သွားခဲ့ပါသည်။

ထုတ်ပြန်ချက်တွင် သွင်းကုန်ခွန် စည်းကြပ်ခြင်းသည် ပြည်တွင်း သံမဏိ လုပ်ငန်းများအား အကာအကွယ် ပေးရန် ရည်ရွယ် စည်းကြပ်ခြင်း ဖြစ်ကြောင်း၊ ပြည်တွင်း သံမဏိ လုပ်ငန်းများသည် အိန္ဒိယ၏ GDP တွင် ၂ ရာခိုင်နှုန်း နီးပါး ပါဝင်ပြီး လူ ၅ဝဝဝဝ ကျော်ကို အလုပ် အကိုင် ပေးလျက် ရှိကြောင်း ဖော်ပြထား ပါသည်။

ယခု ကဲ့သို့ စည်းကြပ်ခွန် ပြဌာန်းခြင်းသည် ပြည်တွင်း ထုတ်လုပ်မှုများ အတွက် အိန္ဒိယ အစိုးရ၏ ထူးထူး ခြားခြား အကာ အကွယ် ပေးခြင်း ဖြစ်ကြောင်း၊ သံမဏိ လုပ်ငန်းများ၏ အခက်အခဲကို နားလည်မှုရှိစွာ ထည့်သွင်း စဉ်းစား ဆောင်ရွက်ခြင်း ဖြစ်ကြောင်း Jain က ပြောကြား ပါသည်။

အိန္ဒိယ နိုင်ငံသည် ကမ္ဘာ့ သံမဏိ စတုတ္တမြောက် အများဆုံး ထုတ်လုပ်သော နိုင်ငံ ဖြစ်သော် ငြားလည်း ယခု လတ်တလောတွင် အများဆုံး တင်သွင်းသော နိုင်ငံ ဖြစ်လာ နေခြင်းကြောင့် သွင်းကုန်ခွန် အသစ် စည်းကြပ် ရခြင်း ဖြစ်ပါသည်။ ၂ဝဝ၅- ၂ဝဝ၆ ခုနှစ်များတွင် အိန္ဒိယ နိုင်ငံသည် သံမဏိ ပစ္စည်းများကို နှစ်စဉ်ပျမ်းမျှ ၇ ရာခိုင်နှုန်းခန့် တိုးတက် ထုတ်လုပ် ခဲ့သော်လည်း ၂ဝဝ၅- ၂ဝဝ၆ နောက်ပိုင်း (၆) နှစ်ကျော်တွင် သံမဏိ သုံးစွဲမှုသည် ၉ ဒသမ ၆ ရာခိုင်နှုန်းကျော် တိုးတက် လာနေသည်ဟု သိရသည်။

အိန္ဒိယသို့ သံမဏိ တင်သွင်းသော နိုင်ငံများတွင် တရုတ် နိုင်ငံသည် တတိယ နေရာတွင် ရှိနေပြီး သွင်းကုန် ခွန် ၂ဝ ရာခိုင်နှုန်း စည်းကြပ်ရန် ထုတ်ပြန်ခြင်းသည် တရုတ် သံမဏိ သွင်းကုန်များ တိုးမြင့်လာ ခြင်းကြောင့် ပြည်တွင်း ထုတ်လုပ်သူများအား အကာ အကွယ် ပေးရန်မှ အခြား မရှိနိုင်ဟု သုံးသပ်လျက်ရှိ ပါသည်။

Source: blogs.ft.com ---CMK

Mobile Team ပညာပေး ကာလ ကျော်လွန်လျှင် ဥပဒေအရ အရေးယူခြင်းခံရမည်

Mon, 05/13/2013 - 10:49 -- admin
Undefined

သောကြာနေ့၊ ၁၈ ဇန်နဝါရီလ ၂၀၁၃ 14:50 PM

မြဝတီ နယ်စပ် ကုန်သွယ်ရေး စခန်းတွင် စက်သုံး ဆီပြီလျှင် ဒုတိယ အများဆုံး ဝင်နေသည့် ကုန်ပစ္စည်း ဖြစ်သော ဘီယာသည် မိမိတို့ ဘက်သို့ တရားမဝင် တင်သွင်း နေခြင်း ဖြစ်ကြောင်း၊ အဆင့်ဆင့် စိစစ် တားဆီး ရာတွင် Mobile Team မှ အများဆုံး ဖမ်းဆီး ရမိနေကြောင်း၊ ကုန်သည် လုပ်ငန်းရှင်များကို အဓိက ပြောကြား လိုသည်မှာ တရားဝင် လမ်းကြောင်းပေါ်မှ ဆောင်ရွက်မှု များသည် အန္တရာယ် ကင်းကင်းနှင့် ဆောင်ရွက်နိုင်ပြီး တရားမဝင် သွားသည့် ပစ္စည်း များသည် Mobile Team မှ တားဆီး ထိန်းသိမ်းသည့် အနေအထားမှ ဥပဒေ အရ အရေးယူခြင်း ခံရသည့် အခြေအနေထိ ရောက်ရှိ သွားမည် ဖြစ်ကြောင်း မြဝတီ နယ်စပ် ကုန်သွယ်ရေး စခန်း တာဝန်ခံ ဦးရန်နိုင်ထွန်းက ကုန်သည် လုပ်ငန်းရှင် များကို အသိပေး ပြောကြားခဲ့ သည်ဟု သတင်း ရရှိသည်။

စားသုံးသူ အကာ အကွယ် ပေးရေးနှင့် တရားမဝင် ကုန်သွယ်မှု တားဆီးရေး Mobile Team အဖွဲ့၏ ထိန်းသိမ်း ပေးမှုကြောင့် မြဝတီ နယ်စပ် ကုန်သွယ်ရေး ဇုန်၏ ဒီဇင်ဘာလ ကုန်သွယ်မှု ပမာဏသည် ယမန်နှစ် ကာလတူ ထက် ကန်ဒေါ်လာ ၃၇ သန်းကျော် ပိုမို ဆောင်ရွက် လာနိုင်မှုသည် ထင်ရှား သိသာသော အချက်ပင်ဖြစ် ပါသည်။ အားလုံး ဘက်ပေါင်းစုံ တက်ညီ လက်ညီ ဆောင်ရွက် ခဲ့ကြ၍ ဖြစ်ပြီး နိုင်ငံတော်ပိုင်း မှလည်း ဆောင်ရွက်နိုင်သည့် ကုန်သွယ်မှု ပမာဏသန်း ၄ဝ နှင့် ညီမျှသော အခွန် ရရှိ သွားမည်ဖြစ် ပါသည်။

ပညာပေး ကာလ အတွင်းတွင် Mobile Team အဖွဲ့သည် နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာန/ စခန်းတို့မှ ခွင့်ပြု ထုတ်ပေးသည့် လိုင်စင်နှင့် အခွန်ပေး ဆောင်ပြီး အချိန်နှင့် တပြေးညီ စစ်ဆေးခံ သယ်ဆောင်၍ ရနိုင် သော်လည်း လိုင်စင်/ ဂျူတီမဲ့၊ အပို/ အလွဲများ၊ ကန့်သတ် ကုန်များကို ထိန်းသိမ်း ထားမည်ဖြစ်ပြီး လိုင်စင်၊ ID လုပ်ပေးပြီး မှသာ ပြန်လည် သယ်ယူခွင့် ရရှိမည် ဖြစ်ကြောင်း၊ ပညာပေး ကာလ ကျော်လျှင်မူ ဥပဒေ အရ အရေးယူမှုအား ဆောင်ရွက် သွားမည် ဖြစ်သည့် အတွက် ကုန်သည် လုပ်ငန်းရှင်များ အပိုင်းမှ နစ်နာမှု မရှိစေရေး တရားဝင် လမ်းကြောင်းမှသာ ကုန်သွယ်မှု ပြုကြရန် နှင့် လိုအပ်သည့် ကိစ္စများ ရှိလျှင် (OSS) အဖွဲ့၊ ဒေသ အုပ်ချုပ်ရေးအဖွဲ့၊ ကုန်သည်ကြီးများ အသင်းတို့ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးသွားမည်ဟု မြဝတီ စခန်း တာဝန်ခံ ဦးရန်နိုင်ထွန်းကအသိပေး ပြောကြား ခဲ့သည်ဟု သတင်း ရရှိပါသည်။

Mobile Team အဖွဲ့ (၂) အနေနဲ့ အများဆုံး စစ်ဆေး တွေ့ရှိရတဲ့ ကန့်သတ် ကုန်ပစ္စည်း များမှာ ဘီယာ၊ (Leo, Heinken, Singha, Folsom, Diablo) ဝိုင် (Spy)တို့ အများဆုံး ဖြစ်နေ ပါတယ်။

Source: နကသ (မြဝတီ); MTN

စက်သုံးဆီများ တရားဝင် လမ်းကြောင်း ပေါ်သို့ သိသိသာသာ ရောက်ရှိလာ

Mon, 05/13/2013 - 10:48 -- admin
Undefined

ကြာသပတေးနေ့၊ ၁၇ ဇန်နဝါရီလ ၂၀၁၃ 15:10 PM

မြဝတီနယ်စပ်တွင် တစ်ဖက်နိုင်ငံမှ အများဆုံး တင်သွင်းသည့် ကုန်ပစ္စည်းများမှာ ဘီယာနှင့် စက်သုံး ဆီတို့ ဖြစ်ပြီး စက်သုံးဆီသည် တရားဝင် လမ်းကြောင်းပေါ်သို့ စတင်သွားနေပြီ ဖြစ်ကြောင်း မြဝတီနယ်စပ် ကုန်သွယ်ရေး စခန်း တာဝန်ခံ ဦးရန်နိုင်ထွန်းက ဒီဇင်ဘာလ နှောင်းပိုင်းကပြုလုပ်သည့် ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ ပြောကြားခဲ့ခြင်း ဖြစ်သည်။

စက်သုံးဆီ တင်သွင်း ခွင့်ကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ တရားဝင် တင်သွင်းခွင့် ပြုထားပြီး ဖြစ်ကြောင်း၊ ဒေသတွင်း သုံးစွဲရန် ဒေသသုံး ငွေကြေးဖြင့် ခွင့်ပြု ပေးထားပြီး နိုင်ငံ အတွင်း မည်သည့် နေရာသို့ မဆို သယ်ယူ နိုင်ရေးကို Normal LC/TT စနစ်ဖြင့် ခွင့်ပြုထားပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် စက်သုံးဆီ တင်သွင်းမှုသည် တရားဝင် လမ်းကြောင်း ပေါ်သို့ သိသိ သာသာ ရောက်ရှိလာသည့် အနေ အထား ရှိနေခြင်း ဖြစ်သည်ဟု ဦးရန်နိုင်ထွန်းက ကုန်သည် လုပ်ငန်းရှင်များကို အသိပေး ပြောကြားခဲ့ သည်ဟု သိရသည်။

အောင်နန်းသာ ကုမ္ပဏီ မန်နေဂျာ ကိုနေလင်းထွဋ်မှ စက်သုံးဆီကို ကျပ် လိုင်စင်ဖြင့် လျှောက်ထား လိုပြီး ကျပ် လိုင်စင်ဖြင့် တင်သွင်းသော စက်သုံးဆီကို မည်သည့် ဒေသထိ သယ်ဆောင် ခွင့်ပြုသည်ကို ညွှန်ကြား ထားချက်နဲ့ မည်သည့် အတွက်ကြောင့် ပြည်တွင်းသို့ သယ်ဆောင်၍ မရသည်ကို သိလိုကြောင်း၊ အခွန်အခ ပေးဆောင် ထားတာချင်း အတူတူ တစ်နိုင်ငံလုံး သွားလို့ ရမည့် ကိစ္စအား Mobile Team မှ မည်သည့် အတွက် တားဆီး ထားသည်၊ ဒေသ ကန့်သတ်ချက် မည်သည့် အတွက် ထားရသည်ကို သိလိုကြောင်း မေးမြန်းခဲ့ ပါသည်။ စခန်း တာဝန်ခံ ဦးရန်နိုင်ထွန်းမှ မူလက စက်သုံးဆီ တင်သွင်းမှုကို ပုံမှန် ကုန်သွယ်မှု လမ်းကြောင်း ပေါ်သို့ ရောက်ရှိရန် စီမံခဲ့ကြောင်း၊ ၂ဝဝ၅ ခုနှစ်တွင် EISC ဝန်ကြီး ၄ ပါး မူဆယ်သို့ သွားပြီး (Border Trade rS Normal Trade) နယ်စပ် ကုန်သွယ်ရေးမှ နယ်စပ် ဖြတ်ကျော် ပုံမှန် ကုန်သွယ်ရေးသို့ ပြောင်းလဲရန် ဆောင်ရွက် ခဲ့ကြောင်း၊ အလားတူ ကျန်နယ်စပ် စခန်း များတွင်လည်း နယ်စပ် ဖြတ်ကျော် ပုံမှန် ကုန်သွယ်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ ယခု အစိုးရသစ် လက်ထက်မှာ ကုန်သွယ်မှု ကဏ္ဍတွင် ဖြေလျော့မှု များစွာ လုပ်ဆောင် ပေးခဲ့ပြီး ဖြစ်ကြောင်း၊ Auto နဲ့ ြ Non-Automatic လိုင်စင် စနစ် ခွင့်ပြု ပေးထားကြောင်း ရှင်းလင်း ပြောကြား ပါသည်။

ဆက်လက်၍ ၂ဝ၁၂ ခုနှစ် မတ်လ အတွင်းက ဌာန ဆိုင်ရာ အကြီး အကဲများ မြဝတီသို့ လာရောက် ခဲ့တဲ့ ခရီးစဉ်မှာ ဒေသခံ ကုန်သည်များရဲ့ တင်ပြချက် အရ လမ်းကြောင်း ပေါ်မှ တရားဝင် သွားလို ကြတဲ့ အတွက် လိုင်စင် လျှောက်ထားမှု အပိုင်းမှာလည်း ကျပ်/ ဒေါ်လာ စသဖြင့် လျှောက်ထားခွင့် ဖြေလျှော့ ပေးခဲ့ပြီး ကျပ်/ ဒေါ်လာ စသည်ဖြင့် ကြိုက်နှစ်သက်ရာ ဆောင်ရွက် နိုင်ရန် ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း၊ ဤဒေသ၏ လိုအပ်ချက် အရ ပြည်နယ် အစိုးရမှ အထက်ဌာနသို့ တင်ပြချက် အရ မိမိတို့ ဝန်ကြီး ဌာနနှင့် ညှိနှိုင်းပြီး ကရင်နှင့် မွန်ပြည်နယ် ဒေသတွင်း သုံးရန် ကျပ် လိုင်စင်ဖြင့် ၂ဝ၁၂ ခုနှစ် မတ်လ ကပင် စတင် ခွင့်ပြုထားခြင်း ဖြစ်ကြောင်း၊ အသေးစိတ် ပြန်လည် ရှင်းလင်း ပြောကြားခဲ့ သည်ဟု သတင်း ရရှိပါသည်။

Source: မြဝတီနယ်စပ် း MTN

လာမဲ့အပတ်များမှာ မလေးရှား ရော်ဘာဈေးများ ဆက်လက် မြင့်တက်ဖွယ်ရှိ

Mon, 05/13/2013 - 10:45 -- admin
Undefined

ကြာသပတေးနေ့။ ၁၇  ဇန်နဝါရီလ ၂၀၁၃ 08:10 AM

ထုတ်လုပ်မှု ပိုင်းမှာ ကန့်သတ်ချက် ရှိနေတဲ့ အတွက် လာမဲ့ အပတ်များမှာ မလေးရှား ရော်ဘာ ဈေးများ ဆက်လက် မြင့်တက်ဖွယ် ရှိတယ်လို့ မျှော်မှန်း နေကြပါတယ်။ မိုးရာသီကြောင့် ရော်ဘာ ထုတ်လုပ်မှု ကျဆင်း လာခြင်းဟာ ရော်ဘာ ဈေးများကို ဆွဲတင်ရာ ရောက်နေတယ်လို့ အရောင်း သမား တစ်ဦးက ဆိုပါတယ်။ တရုတ်နိုင်ငံမှ ရော်ဘာ လက်အိတ် ထုတ်လုပ်မှု လုပ်ငန်းများရဲ့ လိုအပ်ချက် အရ ရော်ဘာ ဝယ်လိုအား မြင့်တက် လာခြင်းကြောင့် မလေးရှား ရော်ဘာ ဈေးကို မြင့်တက် စေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ နှစ်ဆန်း ၁ ရက်နေ့ မှာတော့ နှစ်သစ်ကူး အားလပ် ရက်ကြောင့် ဈေးပိတ် ခဲ့ပါတယ်။ အပတ်စဉ် သောကြာနေ့ အခြေခံတဲ့ မလေးရှား ရော်ဘာ ဘုတ် အဖွဲ့ဟာ တာယာ ထုတ်လုပ်မဲ့ SMR-20 ဈေးဟာ ၁ ကီလိုကို ၉၂၃ ဆင်န်သို့ လည်းကောင်း၊ Latex ဝမ်ပုံဈေးဟာ ၁ ကီလိုကို ၆၁၄ ဆင်န်သို့လည်းကောင်း တက်သွားပါတယ်။ ယခင်ဈေးများက SMR-20 ၁-ကီလိုကို ၉၀၃ ဆင်န်နဲ့ Latex ဝမ်ပုံ ဈေးဟာ ၆၀ဝ ဆင်န်ဝန်းကျင် ဖြစ်ပါတယ်။

Source: Bernama, Renton Campoy-CMK

စားအုန်းဆီကြမ်း တင်ပို့မှုအပေါ် အခွန်ဖယ်ရှားရန်အင်ဒိုနီးရှားမှချိန်ဆနေ

Mon, 05/13/2013 - 10:44 -- admin
Undefined

ကြာသပတေးနေ့။ ၁၇  ဇန်နဝါရီလ ၂၀၁၃ 08:05 AM

ကမ္ဘာ့ စားအုန်းဆီ အများဆုံး ထုတ်လုပ်သော အင်ဒိုနီးရှား နိုင်ငံဟာ စားအုန်းဆီ ကုန်ကြမ်း (Crude Palm Oil- CPO) တင်ပို့မှု အပေါ် အခွန် စည်းကြပ် နေခြင်းအား ဖယ်ရှားရန် စဉ်းစား နေတယ်လို့ သိရ ပါတယ်။ ၎င်းရဲ့ ယှဉ်ပြိုင်ဘက် မလေးရှား နိုင်ငံ ကတော့ လောလောဆယ် (CPO) စားအုန်းဆီ ကုန်ကြမ်း တင်ပို့မှု အပေါ် အခွန် ကောက်ခံခြင်း မရှိပါဘူး။

အင်ဒိုနီးရှား ကုန်သွယ်ရေး ဝန်ကြီး Gita Wirjawan က ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်ရန် အတွက် အခွန် စည်းကြပ် မှုကို လျှော့ချရန် လိုအပ် သော်လည်း အကျဘက်ကို ဦးတည် နေတဲ့ စက်မှု လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက်တော့ အခွန်က အထောက် အကူပြု နေတယ်လို့ ဂျကာတာရှိ ၎င်း၏ ရုံးခန်းတွင် သတင်းထောက် များနဲ့ တွေ့ဆုံရာမှာ ပြောကြား ခဲ့တာ ဖြစ်ပါတယ်။ Gita က ၎င်းအနေနဲ့ စက်မှု ဝန်ကြီးနှင့်လည်း တွေ့ဆုံဆွေးနွေး အကြံဉာဏ် တောင်းခံ ထားကြောင်း ဖြည့်စွက် ပြောကြား ခဲ့တယ်လို့ သတင်း သမားများက ဆိုပါတယ်။

ယခု အပတ် အစောပိုင်းက အင်ဒိုနီးရှား စားအုန်းဆီ အသင်း (Gapki )ဟာ အစိုးရအား စားအုန်းဆီ ကုန်ကြမ်း တင်ပို့မှု အပေါ် အခွန် စည်းကြပ် နေခြင်းအား ယာယီ အားဖြင့် လျှော့ချ ပေးရန် တင်ပြ ထားကြောင်း၊ ထိုသို့ တင်ပြရခြင်းမှာ စားအုန်းဆီ ကုန်ကြမ်း တင်ပို့မှု အပေါ် ယခု လတွင် အခွန် သုညသို့ လျှော့ချမဲ့ မလေးရှားအား လျင်မြန်စွာ တုန့်ပြန့်ရာ ရောက်မယ်လို့ ဆိုပါတယ်။ ယခုကဲ့သို့ ပြုလုပ်ခြင်း အားဖြင့် ပြည်တွင်း ထုတ်လုပ်သူများ၊ စားအုန်းဆီ အများ အပြား ထုတ်လုပ်မှု များကို မတ်လ မတိုင်မီ ထိန်းကျောင်း ထုတ်လုပ် သွားရန် ရည်ရွယ်တယ်လို့ ွ Gapki ရဲ့ ထုတ်ပြန်ချက် အရ သိရ ပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် အောက်တိုဘာ လမှာ မလေးရှား နိုင်ငံက စားအုန်းဆီ တင်ပို့မှု အပေါ် လက်ရှိ အခွန် ကောက်ခံ နေတဲ့ ၂၃ ရာခိုင်နှုန်း အစား ၄ ဒသမ ၅ မှ ၈ ဒသမ ၅ ရာခိုင်နှုန်း ကြားသို့ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ လမှ စလျှော့ချ ပေးမယ်လို့ ကြေညာ ထားပြီးဖြစ် ပါတယ်။

အင်ဒိုနီးရှား နိုင်ငံက ၂ဝ၁၁ ခုနှစ်မှာ စားအုန်းဆီ တင်ပို့မှု အပေါ် ၂၅ ရာခိုင်နှုန်း အခွန် စည်းကြပ် နေခြင်းအား ၁ဝ ရာခိုင်နှုန်း သို့ လျှော့ချခြင်းကို တုန့်ပြန်သော အားဖြင့် မလေးရှား နိုင်ငံ ကလည်း ယခုနှစ် ဇန်နဝါရီ လမှာ အခွန် စည်းကြပ်မှုကို သုညထိ လျှော့ချ လိုက်ခြင်း ဖြစ်ပါတယ်။

မကြာမီ မှာတော့ အင်ဒိုနီးရှား ကုန်သွယ်ရေး ဝန်ကြီး ဌာန အနေနဲ့ သက်ဆိုင်ရာ အစု ရှယ်ယာဝင် များကို ခေါ်ယူပြီ ကျဆင်းနေသော စက်မှု လုပ်ငန်းများနဲ့ ပြည်ပ ဈေးကွက်မှာ ယှဉ်ပြိုင် ထိုးဖောက် တိုးမြှင့် ရောင်းချ နိုင်ရေး အစည်း အဝေး တစ်ရပ် ကျင်းပ သွားရန် စီစဉ် နေပြီလို့ သတင်းမှာ ဖော်ပြ ထားပါကြောင်း စာဖတ်သူ ပရိတ်သတ် အပေါင်း သိရှိနိုင်ပါရန် တင်ပြ လိုက်ရ ပါတယ်…

Source: Asia News Network   - CMK

တရုတ်နိုင်ငံမှ အိန္ဒိယတွင် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နံှမှု အလားအလာများ လေ့လာ

Mon, 05/13/2013 - 10:41 -- admin
Undefined

ကြာသပတေးနေ့။ ၁၇  ဇန်နဝါရီလ ၂၀၁၃ 08:00 AM

အိန္ဒိယ- တရုတ် စီးပွားရေးနဲ့ ယဉ်ကျေးမှု ကောင်စီ (ICEC) ရဲ့ ဦးဆောင်မှုနဲ့ အဆင့်မြင့် စီးပွားရေး လုပ်ငန်း ရှင်များ ပါရှိတဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ အိန္ဒိယမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီး မြှုပ်နံှမှု အလား အလာများကို လေ့လာရန် ရောက်ရှိနေ ပါတယ်။

ယခု ကဲ့သို့ တွေ့ဆုံခြင်းဟာ တရုတ်နဲ့ တောင်အာရှ နိုင်ငံများ အကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှု နဲ့ ပညာရေး ကဏ္ဍများ ပူးပေါင်း ဆောင်ရွက်ရန်နဲ့ လဲလှယ်ရန် ရည်ရွယ်တယ်လို့ သိရ ပါတယ်။ စီးပွားရေး ကောင်စစ်ဝန် Mr. Pen Gang က အဖွင့် အမှာစကား ပြောကြားရာမှာ သတင်း မီဒီယာများ၊ ကိုယ်စားလှယ် များနဲ့ ဌာန ဆိုင်ရာ ဂုဏ်သရေရှိ လူကြီးမင်း များအား ကျေးဇူးတင် ရှိကြောင်းနဲ့ ယခုကဲ့သို့ တွေ့ဆုံခြင်းသည် တရုတ်နိုင်ငံ ယူနန် ပြည်နယ်နဲ့ အိန္ဒိယတို့ အကြား စီးပွားရေး အပြန် အလှန် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန် အတွက် အကောင်း ဆုံးသော အလား အလာများကို ရရှိနိုင် စေမယ်လို့ ထည့်သွင်း ပြောကြားခဲ့ ပါတယ်။

နှစ်နိုင်ငံ အစိုးရ များဟာ အပြန် အလှန် ကုန်သွယ်မှုနဲ့ ရင်းနှီး မြှုပ်နံှမှု အပိုင်းများမှာ ပိုမို လွယ်ကူ ချောမွေ့ စေရေး အတွက် စိတ်ဆန္ဒ ရှိကြပြီး တရုတ်- အိန္ဒိယ အပြန် အလှန် ဆက်ဆံမှုဟာ ကဏ္ဍ အတော်များ များမှာ ဖွံ့ဖြိုး တိုးတက် နေပြီ ဖြစ်ပါတယ်။ ယခု ပထမဆုံး အကြိမ် ကျင်းပမဲ့ ပထမ အကြိမ် တရုတ်- တောင်အာရှ ကုန်စည် ပြပွဲဟာ တရုတ် အစိုးရက တရုတ်နဲ့ တောင်အာရှ နိုင်ငံများ အကြား အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှု တိုးမြှင့်ရေး အတွက် ခိုင်မာတဲ့ ခြေလှမ်းဖြစ်ကြောင်း စီးပွားရေး ကောင်စစ်ဝန်က ပြောပါတယ်။

မြို့တော်ဝန် H.E Mr. Gao Shuxunm က လွန်ခဲ့သော ၁ဝ စုနှစ်မှာ ယူနန်သည် တောင်အာရှ နိုင်ငံများနဲ့ နှစ်နိုင်ငံ အပြန် အလှန် ကုန်သွယ်မှု၊ သိသာ ထင်ရှားသော စီးပွားရေးနဲ့ ကုန်သွယ်မှု ဆိုင်ရာ ရည်မှန်းချက်များ အထမြောက် အောင်မြင်မှုများ ရရှိ ခဲ့တယ်လို့ ဆိုပါတယ်။ ၂ဝ၁၃ ခုနှစ် ဇွန်လမှာ ပထမ အကြိမ် တရုတ်- တောင်အာရှ ကုန်စည် ပြပွဲကို ကူမင်းမှာ ကျင်းပမှာ ဖြစ်ကြောင်းနဲ့ အိန္ဒိယ စက်မှု လုပ်ငန်းရှင် များကို တက်ရောက်ရန် ဖိတ်ကြား ခဲ့ပါတယ်။ ပထမ အကြိမ် တရုတ်- တောင်အာရှ ကုန်စည် ပြပွဲကို အိန္ဒိယမှ တာဝန် ရှိသူများ အနေနဲ့ အားထည့် ပါဝင် ပံ့ပိုးပေး ကြမယ်လို့ မျှော်လင့်ကြောင်းနဲ့ အရေးပါသော အလှည့် အပြောင်း တစ်ခုကို တက်လှမ်းခြင်း ဖြစ်တယ်လို့ မြို့တော်ဝန်က ပြောကြားခဲ့ ပါတယ်။

အိန္ဒိယ ပို့ကုန် အသင်းချုပ် ညွှန်ကြားရေးမှူးချုပ် (Federation of India Export Organization FIEO)က လုပ်ငန်း ရှင်များ အနေနဲ့ တရုတ် နိုင်ငံရဲ့ ဈေးကွက်ကို အထူး လေ့လာ နေကြောင်းနဲ့ အိန္ဒိယ အနေနဲ့ တန်ဖိုးမြင့် ထုတ်ကုန်များ တင်ပို့ ရောင်းချရန် ဈေးကွက်သစ် ရရှိနိုင်မှာ ဖြစ်ကြောင်း ပြောကြား ပါတယ်။

ယခုကဲ့သို့ နှစ်နိုင်ငံ ကိုယ်စားလှယ်များ တွေ့ဆုံခြင်း အားဖြင့် ယူနန် ပြည်နယ် အကြောင်းနဲ့ စီးပွားရေး အခွင့် အလမ်းများကို ကျယ်ကျယ် ပြန့်ပြန့် သိရှိခွင့် ရရှိစေခဲ့တယ်လို့ ICEC အထွေထွေအတွင်းရေးမှူး Mr. Saqib က ပြောကြားခဲ့ ပါတယ်။

Source: blogs.ft.com – CMK

စားသုံးရန် ဘေးအန္တရာယ် ကင်းရှင်းကြောင်း သိသာ ထင်ရှားစေတဲ့ အစိမ်းရောင် တံဆိပ်ကပ် စားသောက်ကုန်များ ဗီယက်နမ်တွင် ထုတ်လုပ်

Mon, 05/13/2013 - 10:39 -- admin
Undefined

ဗုဒ္ဓဟူးနေ့။ ၁၆  ဇန်နဝါရီလ ၂၀၁၃ 13:39 PM

ဟနွိုင်း။     ဗီယက်နမ် စိုက်ပျိုးရေး နှင့် နယ်စပ် ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး Nguyen Thi Xuan Thu က စိုက်ပျိုးရေး ထုတ်ကုန်များ ဖြန့်ဖြူးရေး နှီးနှော ဖလှယ်ပွဲမှာ စားသုံးရန် ဘေးအန္တရာယ် ကင်းရှင်းကြောင်း အထောက် အကူပြု စနစ်သစ် အစီအစဉ်ကို ထုတ်ပြန် ကြေငြာခဲ့ တယ်လို့ ဇန်နဝါရီလ ၁ဝ ရက်နေ့ ထုတ် Vietnam News online သတင်းမှာ ဖော်ပြထား ပါတယ်။ စားသောက်ကုန် လေးမျိုးကို စားသောက် ကုန်နဲ့ စိုက်ပျိုးရေး ထုတ်ကုန်များ အရည်အသွေး ဖွံ့ဖြိုး တိုးတက်ရေး နဲ့ ထိန်းချုပ်ရေး စီမံကိန်း (Food Agricultural Products Quality Development & Control Project - FAQDC) အစီ အစဉ် အရ ဗီယက်နမ်ရဲ့ ကောင်းမွန်သော စိုက်ပျိုးရေး ကျင့်စဉ် (GAP)ကို ကိုက်ညီမှု ရှိတယ် ဆိုတာကို စားသုံးသူ များမြင်ရုံနဲ့ အလွယ်တကူ သိရှိစေ နိုင်တဲ့ အစိမ်းရောင် စီးပွားရောင် တံဆိပ် တပ်ပြီး ဈေးကွက်မှာ ဖြန့်ဖြူးတော့ မယ်လို့ Thu က ပြောကြား ခဲ့ကြောင်း သတင်းမှာ ဖော်ပြထား ပါတယ်။ အစိမ်းရောင် တံဆိပ် တပ်ပြီး ထုတ်လုပ်မဲ့ စားသောက်ကုန် လေးမျိုး ကတော့ ဟင်းသီး ဟင်းရွက်များ၊ သစ်သီး ဝလံ၊ ဝက်သားနဲ့ ကြက်သားတို့ ဖြစ်ကြ ပါတယ်။

ကနေဒါ ရန်ပုံငွေနဲ့ ထူထောင် ထားတဲ့ FAQDC စီမံကိန်း ဆိုင်ရာ နှီးနှော ဖလှယ်ပွဲမှာ Thu က အစိမ်းရောင် တံဆိပ်တပ် စားသောက် ကုန်များဟာ ကျန်းမာရေး အတွက် စိတ်ချ ယုံကြည်စွာ စားသုံး နိုင်ကြောင်း ထင်ထင် ရှားရှား သိသာမှု ရှိစေမှာ ဖြစ်ပြီး ဗီယက်နမ်၏ ကောင်းမွန်သော စိုက်ပျိုးရေး ကျင့်စဉ် (GAP) စံမီ ထုတ်ကုန် များကို တုပ ထုတ်လုပ်သော အတုများကို တားဆီး နိုင်စေမယ်လို့ ဆိုပါတယ်။

အစိမ်းရောင် တံဆိပ်တပ် စားသောက်ကုန် များကို ကျောင်းများနဲ့ လက်လီ ဖြန့်ဖြူး ရောင်းချသည့် ဆိုင်များ (Big-C ၊ Co-op Mart)ကို ဖြန့်ဝေ ပေးမှာ ဖြစ်ကြောင်း၊ မီဒီယာများမှ တဆင့် ကျယ်ကျယ် ပြန့်ပြန့် အသိပေးသွား မယ်လို့လည်း Thu က နှီးနှော ဖလှယ်ပွဲမှာ ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

FAQDC စီမံကိန်း Nguyen Van Thuan u FAQDC သည် တောင်သူ လယ်သမား များအား အဆင့်မြင့် နည်းပညာများ ပံ့ပိုးခြင်းနဲ့ စားသုံးမှု မြင့်တက် လာစေရေး အဓိကထား လုပ်ဆောင် နေကြောင်း ပြောကြား ခဲ့သလို Thanh Tri ခရိုင်ရှိ Yen My Cooperative မှ ဥက္ကဌ Tran Due Vinh က ဒီစီမံကိန်းဟာ တောင်သူများရဲ့ မိရိုး ဖလာ အစဉ် အလာ အတိုင်း ထုတ်လုပ် နေခြင်းကို ပြောင်းလဲရန် အတွက် အထောက် အကူပြု စေတယ်လို့ ပြောကြား ပါတယ်။

ဟနွိုင်း မြို့ရှိ လက်လီ လက်ကား စတိုး ဆိုင်ကြီး (၄) ခုနဲ့ ဟနွိုင်း အခြေစိုက် ကုမ္ပဏီ ၄ ခုမှ ထုတ်လုပ် ဖြန့်ဖြူး ပေးသွားမှာ ဖြစ်ကြောင်းနဲ့ ဒီစနစ်ကို ကျင့်သုံးခြင်း အားဖြင့် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းသော စားသောက်ကုန် များကို အလွယ်တကူ ရွေးချယ် ဝယ်ယူ စားသုံး နိုင်စေမဲ့ အပြင် ထုတ်လုပ်သူ တောင်သူများ အတွက်လည်း အကျိုး အမြတ်ရရှိမှု ၂ဝ ရာခိုင်နှုန်း ခန့်ထိ တိုးတက်လာ စေမယ်လို့ Vinh က ဆိုပါတယ်။

Source: Vietnam News == CMK

နယ်စပ်ကုန်သွယ်ရေး စခန်းမှ ကူညီနေပါသည်

Mon, 05/13/2013 - 10:36 -- admin
Undefined

ဗုဒ္ဓဟူးနေ့။ ၁၆  ဇန်နဝါရီလ ၂၀၁၃ 09:00 AM

တမူး နယ်စပ် ကုန်သွယ်ရေး စခန်းရဲ့ Mobile Team အဖွဲ့ဟာ တမူး နယ်စပ် ကုန်သွယ်ရေး စခန်း တာဝန်ခံ ညွှန်ကြား ရေးမှူးရဲ့ ကြီးကြပ်မှုနဲ့ တမူးမြို့မှ ၄ မိုင်ခန့် အကွာ တမူး- ကလေး ကား လမ်းမ ပေါ်တွင် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ စားသုံးသူ အကာ အကွယ် ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု လျော့နည်း ပပျောက်ရေး အတွက် မော်တော် ယာဉ်များအား ရှောင်တခင် စစ်ဆေး ရှာဖွေမှုများ ပြုလုပ်ခဲ့ ပါတယ်။ တမူး- ကလေး ပြေးဆွဲ နေသော လိုက်ထရပ်စ် ၂ စီးပေါ်မှ အကောက်ခွန်မဲ့ သယ်ဆောင် လာသော လူသုံးကုန် ပစ္စည်းများ ဖြစ်တဲ့ ပိတ်စများ ပေါ်တွင် ပန်းဆွဲသော လက်ရေးဆိုး ဆေးဗူး (၂၀ ml _ ၁၂၀ ဗူးပါ) ၉၉ ပါကင်၊ အဝတ် ကပ်ကော် (၃၀ ml _ ၈၀ ဗူးပါ)၊ ၂၄ ပါကင်၊ ရေမွှေး ပုလင်းသေး (၃၆) ပုလင်း၊ မျက်နှာလိမ်း ခရင်မ် (၆၀) ထုပ်၊ Eveready တံဆိပ် ဓါတ်ခဲ အကြီး (၁၀ဝ) လုံးနှင့် စားသုံး ကုန်ပစ္စည်း များဖြစ်သော နို့မှုန့် ၄၀ဝ ဂရမ် အထုပ် (၅၀) ထုပ်နှင့် သကြားလုံး အထုပ် (၂၀ဝ) ထုပ်၊ စုစုပေါင်း ခန့်မှန်း တန်ဖိုး (၆၂) သိန်းကျော် ရှာဖွေ တွေ့ရှိတဲ့ အတွက် ခေတ္တ သိမ်းဆည်း ထားတယ်လို့ သတင်း ရရှိပါတယ်။

ခေတ္တ သိမ်းဆည်း ထားသော လူသုံးကုန် ပစ္စည်းများအား ပိုင်ရှင်မှ လာရောက် လျှောက်ထားလျှင် လိုင်စင် ပြုလုပ်၍ အခွန် ပေးဆောင်စေကာ ပြန်လည် ထုတ်ပေး သွားမှာ ဖြစ်သလို FDA ထောက်ခံချက် လိုအပ်သော စားသောက် ကုန်ပစ္စည်း များဖြစ်တဲ့ နို့မှုန့်နှင့် သကြား လုံးတို့အား FDA ထောက်ခံချက် ရရှိပါက ပြန်လည် ထုတ်ပေး သွားမှာ ဖြစ်ပါတယ်။

တမူး နယ်စပ် ကုန်သွယ်ရေး စခန်းမှ တာဝန် ရှိသူများဟာ တစ်ပိုင် တစ်နိုင် ရောင်းဝယ် နေကြသော သူများအား ITC ကတ်ဖြင့် ပို့ကုန်/ သွင်းကုန် လုပ်ငန်းများ ဆောင်ရွက် တတ်စေရန် နေ့စဉ် ရှင်းလင်း ပြောကြားကာ ကူညီပေး လျက်ရှိပါတယ်။ တစ်ပိုင် တစ်နိုင် ရောင်းဝယ်ကြသူများ အနေနဲ့ တမူး နယ်စပ် ကုန်သွယ်ရေး စခန်းသို့ လာရောက်ပြီး ဆွေးနွေး တင်ပြကာ တရားဝင် လမ်းကြောင်းပေါ်မှ ရောင်းဝယ်ကြ စေလိုကြောင်း အသိပေး လိုက်ရ ပါတယ်။

လှဋ္ဌေး (တမူး)

Pages

Subscribe to RSS - Department of Trade