Department of Trade

The 2nd Meeting of the Sub-Committee on Rule of Origin of the Regional Comprehensive Economic Partnership

Thu, 07/20/2023 - 10:39 -- regionaldep
English

      The 2nd Meeting of the Sub-Committee on Rule of Origin of the Regional Comprehensive Economic Partnership was held in Surabaya, Indonesia on 18th July 2023. The meeting was attended virtually by one representative from Department of Trade of the Ministry of Commerce and two representatives from Myanmar Customs Department of the Ministry of Planning and Finance of Myanmar.

       The meeting noted the outcomes of the 2nd and 3rd RCEP Joint Committee Meetings. The RCEP participating countries updated the status of domestic process for the implementation of PSR in HS 2022 and amended Overleaf Notes of Form RCEP according to the Implementation Guidelines.

       The meeting continued the discussion on the indication of origin criteria, Korea’s non-paper proposal on Declaration of Origin (DO), China’s concerns on updated contact point information, adoption of the summary record and confirmation on the date and venue of the next meeting.

Latest News: 

"Conducting a consultation meeting on the review of Competition law and rules"

Fri, 07/14/2023 - 15:11 -- competition
English

A consultation meeting on the review of Competition law and rules was held in hybrid both in-person and online on 14 July, 2023.

The meeting was chaired by the Vice-chairman of Myanmar Competition Commission.

Members of Myanmar Competition Commission, officials from Commission Office and Legal Advisory Unit (LAU) of Ministry of Commerce were present.

The attendees discussed the strength and weakness of the implementation of the law and drafting the proposed amendment text to upgrade.

Latest News: 

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်အရ ကုန်သွယ်ရေးဦးစီးဌာန၊ ဌာနခွဲများအားလုံးရှိ ဝန်ထမ်းများအား သင်တန်းများ ဖွင့်လှစ်ပို့ချခဲ့မှုသတင်း

Fri, 07/14/2023 - 05:42 -- DotTrading
Undefined

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂။         ကုန်သွယ်ရေးဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအား မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်ပြီး တစ်စိတ်တစ်ပိုင်းအနေဖြင့် သိရှိစေရန် ရည်ရွယ်၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အကြောင်းမိတ်ဆက်သင်တန်း၊ ကုန်သွယ်မှုနှင့်အဓိကဆက်စပ်နေသော ဥပဒေ များသင်တန်းနှင့် Training on Current Implementations of WTO’sTFA Agreement in Myanmar သင်တန်းတို့ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။

၃။         ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အကြောင်းမိတ်ဆက်သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်မှ (၁၁) ရက်ထိ (တနင်္လာ၊ အင်္ဂါ) နေ့ နံနက် (၀၉:၄၅) နာရီ မှ (၁၂:၂၀) နာရီထိ (၂) ရက်ကြာ သင်တန်း ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ ကုန်သွယ်ရေးဦးစီးဌာနမှ နည်းပြဆရာ (၃) ဦး သင်ကြားပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၂၉) ဦးတို့ တက်ရောက်ခဲ့ပါသည်။

၄။         ကုန်သွယ်မှုနှင့်အဓိကဆက်စပ်နေသော ဥပဒေများသင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်မှ (၁၂) ရက်ထိ (အင်္ဂါ၊ ဗုဒ္ဓဟူး)နေ့ နေ့လယ် (၁၃:၃၀) နာရီမှ (၁၆:၀၅) နာရီထိ (၂) ရက်ကြာ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ကုန်သွယ်ရေးဦးစီးဌာနမှ နည်းပြ ဆရာ (၁) ဦး သင်ကြားပေး ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၂၈) ဦးတို့ တက်ရောက်ခဲ့ပါသည်။

၅။         Training on Current Implementations of WTO’sTFA Agreement in Myanmar သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်မှ (၁၃) ရက်ထိ (ဗုဒ္ဓဟူး၊ ကြာသပတေး) နေ့ နံနက် (၀၉:၄၅) နာရီမှ (၁၂:၂၀) နာရီထိ (၂) ရက်ကြာ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ကုန်သွယ်ရေး ဦးစီးဌာနမှ နည်းပြဆရာ (၂) ဦး သင်ကြားပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၂၂) ဦးတို့ တက်ရောက် ခဲ့ပါသည်။

 

Latest News: 

ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းဆိုင်ရာ အနီးကပ်ပညာပေးရက်တို သင်တန်းအမှတ်စဉ် (၁/၂၀၂၃) နှင့် ကုန်သွယ်မှုနှင့်ဆက်စပ်သည့် စနစ်များအတွက် ကွန်ပျူတာအသုံးပြုမှု အဆင့်မြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၃)

Tue, 07/04/2023 - 05:27 -- DotTrading
Undefined

၁။         ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှစတင်၍ ကုန်သွယ်ရေးစခန်းများတွင် သွားရောက်တာဝန်ထမ်းဆောင် မည့် ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအတွက် ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းဆိုင်ရာ အနီးကပ်ပညာပေးရက်တို သင်တန်းအမှတ်စဉ် (၁/၂၀၂၃)နှင့် ကုန်သွယ်မှုနှင့်ဆက်စပ်သည့် စနစ်များ အတွက် ကွန်ပျူတာအသုံးပြုမှု အဆင့်မြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၃) တို့ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။

၂။         အဆိုပါသင်တန်းကို နယ်စပ်ကုန်သွယ်ရေးစခန်းများ၌ သွားရောက်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအနေဖြင့် ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းများအား ကောင်းမွန်စွာသိရှိနားလည်ပြီး နေ့စဉ် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်၊ ကုန်သွယ်မှုနှင့်ဆက်စပ်သည့်စနစ်များ အသုံးပြု၍ ကုန်သွယ်မှုစာရင်းဇယားများဆောင်ရွက်ရာတွင် လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်၊ BTOS စနစ်အပါအဝင် ကုန်သွယ်မှုနှင့်ဆက်စပ်သည့်စနစ်များအား ကျွမ်းကျင်စွာအသုံးပြုနိုင်ရန်နှင့် ကုန်သည်လုပ်ငန်းရှင်များအပေါ် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ပါသည်။

၃။         ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့မှ (၂၅) ရက်နေ့အထိ (စနေ၊ တနင်္ဂနွေ) ရုံးပိတ်ရက်များပါ နံနက် (၁၀:၀၀) နာရီမှ (၁၆း၀၅) နာရီထိ (၃) ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့သည့် ကုန်သွယ်မှုလုပ်ထုံးလုပ်နည်း ဆိုင်ရာ အနီးကပ်ပညာပေးရက်တို သင်တန်းအမှတ်စဉ် (၁/၂၀၂၃)နှင့် ကုန်သွယ်မှုနှင့်ဆက်စပ်သည့် စနစ်များအတွက် ကွန်ပျူတာအသုံးပြုမှု အဆင့်မြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၃) တို့ကို သင်တန်းသူ၊ သင်တန်းသား စုစုပေါင်း(၇၀) ဦးတို့ တက်ရောက်သင်ကြားခဲ့ပါသည်။

Latest News: 

ခေါင်းဆောင်မှုစွမ်းဆောင်ရည်ဆိုင်ရာသင်တန်း ဖွင့်လှစ်ခဲ့မှု

Mon, 07/03/2023 - 08:48 -- DotTrading
Undefined

ခေါင်းဆောင်မှုစွမ်းဆောင်ရည်ဆိုင်ရာသင်တန်း ဖွင့်လှစ်ခဲ့မှု

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ အလယ်အလတ်အဆင့် အရာထမ်းများ အတွက် ဖွင့်လှစ်သော ခေါင်းဆောင်မှုစွမ်းဆောင်ရည်ဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက် (တနင်္လာနေ့) နံနက် (၀၉:၃၀)နာရီအချိန်တွင် ရုံးအမှတ်(၃) မြေညီထပ်ရှိ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး၊ သင်တန်းအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ထိ (၃) ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချခဲ့ပါသည်။

၂။         သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး များနှင့် Comprehensive Development Education Center မှ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်သူ (၅၀)ဦး တက်ရောက်ခဲ့ပါသည်။ 

၃။         အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းအား နောင်မိမိဝန်ကြီး ဌာနအတွက် ခေါင်းဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ထမ်းရွက်ကြမည့် အလယ်အလတ်အဆင့် အရာထမ်း များအား ခေါင်းဆောင်မှုစွမ်းရည်တိုးတက်စေရေးအတွက် ရည်ရွယ်ဖွင့်လှစ် ပေးခြင်းဖြစ်ပါကြောင်း၊ ဌာနအကြီးအကဲများအနေဖြင့် ပိုမိုထူးချွန်ထက်မြက်သော ခေါင်းဆောင်ကောင်းများပေါ် ထွက်လာရန် လေ့ကျင့်ပေးသွားဖို့တာဝန်ရှိကြောင်း၊ ခေါင်းဆောင်မှုအရည်အချင်းဆိုင်ရာ သီအိုရီများ ဖော်ပြသည့် စာအုပ်များစွာရှိကြောင်း၊ မြန်မာ့လူမှုအသိုက်အဝန်းတွင်လည်း ခေါင်းဆောင်မှုစွမ်းရည်ကို အကြီးအကဲ ကျင့်ဝတ်(၆)ပါးတွင် တွေ့ရှိနိုင်ကြောင်း၊   ပြောကြားခဲ့ပြီး    ခေါင်းဆောင်မှုဆိုင်ရာ အရည်အချင်းများကို လုပ်ငန်းအတွေ့အကြုံများနှင့်တကွ ရှင်းလင်းပြောကြားခဲ့ပါသည်။

 

Latest News: 

THE CAUCUS FOR THE 4TH ACAFTA WGC

Mon, 07/03/2023 - 08:31 -- competition
English

             The caucus for the 4th round of negotiation of the Working Group on Competition (WGC) for the ASEAN-Canada Free Trade Agreement (ACAFTA) was virtually held on 3rd July 2023.

              Representatives from the Competition Sector in ASEAN Member States, Canada and the ASEAN Secretariat Office attended the meeting.

              As representatives from Myanmar, officials from Myanmar Competition Commission Office were present.

             The meeting was chaired by Mr. Arunan Kumaran, Deputy Director of Policy, Strategic and International Planning Division, Ministry of Domestic Trade and Consumer Affairs, ASEAN Co-Chair for the ACAFTA Working Group on Competition (WGC).

            The attendees discussed the Competition Chapter to be included in the ASEAN-Canada Free Trade Agreement and the methodology to move forward on the negotiations on the text and its workplan.

Latest News: 

The 2nd Caucus for the 2nd ACFTA WGCC Negotiation

Tue, 06/20/2023 - 07:17 -- mocadmin
English

   The second caucus for the second round of negotiation of the Working Group on Competition and Consumer Protection (WGCC) for the ASEAN-China Free Trade Agreement was virtually held on 15th June 2023.

   Representatives from the Competition and Consumer Protection Sectors in ASEAN member States, China and the ASEAN Secretariat Office attended the meeting.

   As representatives from Myanmar, officials from the Department of Trade and the Department of Consumer Protection under the Ministry of Commerce were present.

   The attendees discussed the competition chapter and consumer protection chapter to be included in the ASEAN-China Free Trade Agreement and the methology to move forward on the negotiations on the text and its workplan.

Latest News: 

စွမ်းအင်စီမံခန့်ခွဲမှုအခြေခံသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည့်သတင်း

Tue, 06/13/2023 - 04:15 -- DotTrading
Undefined

စွမ်းအင်စီမံခန့်ခွဲမှုအခြေခံသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည့်သတင်း

 

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာနမှကြီးကြပ်၍ ဖွင့်လှစ်သော စွမ်းအင်စီမံခန့်ခွဲမှုအခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၉) ရက် နေ့ မွန်းတည် (၁၂:၀၀) နာရီအချိန်တွင် ရုံးအမှတ် (၃) ညီလာခံခန်းမ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ ပါသည်။

၂။            သင်တန်းဆင်းပွဲ အခမ်းအနားသို့ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ နှင့်အတူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းလွင်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ စက်မှုဝန်ကြီးဌာန၊  စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ နည်းပြများနှင့် သင်တန်းသား/သင်တန်း သူ စုစုပေါင်း (၃၉) တက်ရောက်ခဲ့ပါသည်။

၃။           သင်တန်းဆင်း အဖွင့်အမှာစကားကို ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရမှ ပြောကြားခဲ့ပြီးနောက် သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ခြင်းနှင့် သင်တန်းနည်းပြအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြောင်းသိရှိရပါသည်။

Latest News: 

စွမ်းအင်စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်ခဲ့မှုသတင်း

Mon, 06/12/2023 - 03:34 -- DotTrading
Undefined

စွမ်းအင်စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်ခဲ့မှုသတင်း

 

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာနမှကြီးကြပ်၍ ဖွင့်လှစ်သော စွမ်းအင်စီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့ နံနက် (၀၉း၄၅) နာရီအချိန်တွင် ရုံးအမှတ် (၃) ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။            သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (လွယ်ကူ/ညှိနှိုင်း)၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ စက်မှုဝန်ကြီးဌာန၊  စက်မှု ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နည်းပြများနှင့် သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၃၉) တက်ရောက်ခဲ့ပြီး သင်တန်းဖွင့်အဖွင့်အမှာစကားကို ကုန်သွယ်ရေးဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (လွယ်ကူ/ညှိနှိုင်း)၊ ဦးသိန်းထွန်းဦး က နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပြီး ဆက်လက်၍  စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ကလည်း အမှာစကားပြောကြားခဲ့ပါသည်။

၃။           စွမ်းအင်စီမံခန့်ခွဲမှုအခြေခံသင်တန်းကို  ၂၀၂၃ ခုနှစ်၊ ဇွန်လ (၇) ရက်မှ (၉) ရက်နေ့ထိ သင်တန်းကာလ (၃) ရက်ကြာ နံနက် (၀၉း၄၅) မှ (၁၂း၀၀) နာရီထိ သင်တန်းသား (၃၉) ဦးဖြင့် ဒေသတွင်းဌာနခွဲအနီးရှိ သင်တန်းခန်းမတွင် စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်လင်းမှ သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

၄။           အဆိုပါသင်တန်းနှင့်ပတ်သက်၍ ရုံးအဆောက်အဦများတွင် စွမ်းအင်သုံးစွဲမှုလျှော့ကျစေရေး ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်စေရေးအတွက်ကုန်သွယ်ရေးဦးစီးဌာနနှင့်စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်သည့် သင်တန်းဖြစ်ကြောင်း သိရှိရပါ သည်။

Latest News: 

Pages

Subscribe to RSS - Department of Trade