Department of Trade

၂၀၂၃ ခုနှစ်၊ မေလ (၈) ရက်နေ့မှ (၁၂) ရက်နေ့အထိတွင် ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ် အာဆီယံ-နယူးဇီလန် ကုန်သွယ်မှုဆိုင်ရာ လေ့လာမှုအစီအစဉ်သို့ ပါဝင်တက်ရောက်ခဲ့ခြင်း

Tue, 06/06/2023 - 02:57 -- regionaldep
Undefined

     ပထမအကြိမ် အာဆီယံ-နယူးဇီလန် ကုန်သွယ်မှုဆိုင်ရာလေ့လာမှုအစီအစဉ်ကို ၂၀၂၃ ခုနှစ်၊ မေလ (၈) ရက်နေ့မှ (၁၂) ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၊ မီလီနန်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစီအစဉ်သို့ နယူးဇီလန်၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ မြန်မာ၊ တီမောလက်စတေနိုင်ငံတို့နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှ စုစုပေါင်းကိုယ်စားလှယ် (၁၉) ဦး အသီးသီးပါဝင်တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ် (၁) ဦးသည် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ (၁) ဦး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်မှူး (၁) ဦးတို့နှင့်အတူ စုစုပေါင်း (၃) ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။

   ကုန်သွယ်မှုဆိုင်ရာလေ့လာမှုအစီအစဉ်တွင် ကမ္ဘာ့ကုန်သွယ်မှုစနစ်၊ ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်များ အကောင်အထည်ဖော်ရန်အတွက် လိုအပ်သည့် ပြင်ဆင်ထားရှိမှုနှင့် ညှိနှိုင်းဆွေးနွေးမှုများ၊ ကုန်သွယ်မှုဆိုင်ရာပေါ်ပေါက်လာနိုင်သည့်ကိစ္စရပ်များနှင့် လွတ်လပ်သော ကုန်သွယ်မှုဒေသသဘောတူစာချုပ်များ အကောင်အထည်ဖော်ရာတွင် အခြေခံရမည့်အချက်များ၊ ကုန်သွယ်မှုဆိုင်ရာ စေ့စပ်ညှိနှိုင်းခြင်းစွမ်းရည် (Negotiation Skill) နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို လေ့လာခွင့်ရခဲ့ပါသည်။

    အဆိုပါ ကုန်သွယ်မှုဆိုင်ရာလေ့လာမှုအစီအစဉ်သို့ တက်ရောက်ခဲ့ခြင်းကြောင့် ASEAN အဖွဲ့ဝင်နိုင်ငံများမှ ကုန်သွယ်မှုဆိုင်ရာစေ့စပ်ညှိနှိုင်းသူ (Negotiator) မျိုးဆက်သစ်များအနေဖြင့် ကုန်သွယ်မှုဆိုင်ရာသဘောတူစာချုပ်များ၊ ကုန်သွယ်မှုဆိုင်ရာညှိနှိုင်းဆွေးနွေးမှုကိစ္စရပ်များ၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးဆိုင်ရာကိစ္စရပ်များစသည့် ကုန်သွယ်မှုဆိုင်ရာအသိပညာများ တိုးပွားသည့်အပြင် ကုန်သွယ်ဘက်နိုင်ငံများအကြား အကောင်အထည်ဖော်ဆောင်ရသည့် အတွေ့အကြုံများကို ဖလှယ်ခွင့်ရရှိခဲ့ပါသည်။

Latest News: 

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့သည့် အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုဒေသ၏ တတိယအကြိမ်မြောက် ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲ အစည်းအဝေးအတွက် ဒုတိယအကြိမ်မြောက် အာဆီယံဖွဲ့ဝင်နိုင်

Mon, 06/05/2023 - 11:08 -- regionaldep
Undefined

         အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုဒေသ၏ တတိယအကြိမ်မြောက် ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲ အစည်းအဝေးအတွက် ဒုတိယအကြိမ်မြောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် မေလ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့အထိကျင်းပခဲ့သည်။ အစည်းအဝေးကို အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် မလေးရှားနိုင်ငံ၊ နိုင်ငံတကာကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာနမှ Mr. Abdul Aziz MohamadSharkawi က ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဘာသာရပ် ဆိုင်ရာကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်များနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ် (၁) ဦးပါဝင်တက်ရောက်ခဲ့ကြပါသည်။

       ဒုတိယအကြိမ်မြောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အစည်းအဝေးကို ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာ အဆိုပြုစာသားများ၊ ပင်ရင်းလုပ်ငန်းစဉ်ပါအခန်းများနှင့် ကနေဒါနိုင်ငံ၏ အဆိုပြုထားသော ထုတ်လုပ်တင်ပို့သူကိုယ်တိုင် ကြေငြာနိုင်သည့်စနစ် (Self-Certification) တို့ကို အဖွဲ့ဝင်နိုင်ငံများအကြား အကောင်အထည်ဖော်ဆောင်မှုပိုင်းဆိုင်ရာ ကြိုတင်ဆွေးနွေးညှိနှိုင်းနိုင်ရန်ရည်ရွယ်၍ ကျင်းပသော အစည်းအဝေးဖြစ်သည်။

     ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာ အဆိုပြုစာသားများကို အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကနေဒါနိုင်ငံ၏ အဆိုပြုချက်အပေါ် ပြင်ဆင်ဖြည့်စွက်၍ ကနေဒါနိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးမှု ပြုနိုင်ရန်အတွက် ဘုံသဘောတူစာသားများဖြစ်စေရန်နှင့် ညှိနှိုင်းမှုတိုးတက်စေရေးအတွက် ဖြစ်နိုင်ခြေအလားအလာများပေါ်ပေါက်စေရန် ဆွေးနွေးခဲ့ကြသည်။

    ပင်ရင်းလုပ်ငန်းစဉ်ပါ အခန်းများတွင် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ဆိုင်ရာ လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများ၊ သတ်မှတ်ချက်များနှင့် အတည်ပြုပို့ကုန်တင်ပို့သူ လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

    ထုတ်လုပ်တင်ပို့သူကိုယ်တိုင် ကြေငြာနိုင်သည့်စနစ် (Self-Certification) ကို ကနေဒါနိုင်ငံက အလွတ်သဘောစာတမ်းတင်ပြလာမှုအပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ကနေဒါနိုင်ငံ၏ ရှင်းလင်းချက်ကို တောင်းခံရန်နှင့် အကောင်အထည်ဖော်ဆောင်မည့် လုပ်ငန်းစဉ် များကို ဖော်ပြရန် ဆွေးနွေးခဲ့ကြပါသည်။

Latest News: 

အင်ဒိုနီးရှားနိုင်ငံ၊ ရော့ဂျကာတာမြို့တွင် ၂၀၂၃ခုနှစ်၊ မေလ ၁၆ ရက်မှ ၁၉ရက်အထိ ကျင်းပခဲ့သည့် (၁၀၄) ကြိမ်မြောက် အာဆီယံ၀န်ဆောင်မှုညှိနှိုင်းရေးကော်မတီ (CCS 104) အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ပါဝင်တက်ရောက်ခဲ့မှု

Mon, 06/05/2023 - 10:28 -- regionaldep
Undefined

         (၁၀၄) ကြိမ်မြောက် အာဆီယံဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီ (Coordinating Committee on Services – CCS 104) အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို (In person နှင့် Video Conference) Hybrid စနစ်ဖြင့်၂၀၂၃ ခုနှစ်၊ မေလ၁၆ ရက်မှ ၁၉ ရက်အထိကျင်းပပြုလုပ်ခဲ့ရာ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူး ချုပ်ရုံးမှ ကိုယ်စားလှယ်များအနေဖြင့် In person ဖြင့် စုံညီစွာ ပါဝင်တက်ရောက်ခဲ့ကြပြီး ဘရူနိုင်းနိုင်ငံက ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ကိုယ်စားလှယ်များအနေဖြင့် Video Conference စနစ်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်အဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ်(၁) ဦးပါဝင်တက်ရောက်ဆွေးနွေးခဲ့ ပါသည်။

       အဆိုပါအစည်းအဝေး၌ အာဆီယံဒေသတွင်းဝန်ဆောင်မှုကဏ္ဍများအလိုက် အဖွဲ့ဝင် နိုင်ငံများ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆောင်ရွက်ဆဲအခြေအနေများနှင့် ရှေ့ဆက် ဆောင်ရွက်မည့်အခြေအနေများကို အဖွဲ့ဝင်နိုင်ငံများအကြား ဆွေးနွေးညှိနှိုင်းခဲ့ကြပါ သည်။

      အာဆီယံဝန်ဆောင်မှုလွယ်ကူချောမွေ့စေရေးမူဘောင် (Text) သည် အင်ဒိုနီးရှား နိုင်ငံ၏အလှည့်ကျဥက္ကဋ္ဌကာလအတွင်း ဦးစားပေးဆောင်ရွက်မည့် ၂၀၂၃ ခုနှစ် (Priority Economic Deliverables) တွင် ပါဝင်ပြီးအဆိုပါ (Text) အပေါ်အဖွဲ့ဝင်နိုင်ငံများအကြား ၂၀၂၃ခုနှစ်အတွင်း အပြီးသတ်ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်ပါသည်။

Latest News: 

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်အရ ကုန်သွယ်ရေးဦးစီးဌာနရှိ ဌာနခွဲများ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုသင်တန်းဖွင့်လှစ်ခဲ့မှုသတင်း

Mon, 05/29/2023 - 08:58 -- DotTrading
Undefined

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်း များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂။            အဆိုပါသင်တန်းနှင့် ပတ်သက်၍ ကုန်သွယ်ရေးဦးစီးဌာန အရာထမ်းများ၊ အမှုထမ်းများ အနေဖြင့် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း၊ ဌစလချုပ်အား Accounting Software ဖြင့်ရေးသွင်းခြင်း၊ ရငွေများလက်ခံခြင်းနှင့်စာရင်းရေးသွင်းခြင်း တို့ကို သိရှိစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ပါသည်။             

၃။           ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းသင်တန်းကို ၂၀၂၃ ခုနှစ်၊ မေလ(၁၅) ရက်မှ (၁၆) ရက်ထိ (တနင်္လာ၊ အင်္ဂါ ) နေ့မှ နံနက် (၁၀:၀၀) နာရီမှ (၁၁:၅၀) နာရီထိ (၂) ရက်ကြာ သင်တန်း ဖွင့်လှစ်ခဲ့ ပါသည်။ အဆိုပါ သင်တန်းသို့ ကုန်သွယ်ရေးဦးစီးဌာန၊ သင်တန်းနည်းပြဆရာမ (၂) ဦိး သင်ကြား ပေးခဲ့ပြီး သင်တန်းသား(၄) ဦး၊ သင်တန်းသူ(၁၉) ဦး ၊ စုစုပေါင်း (၂၃) ဦး တို့တက်ရောက်ခဲ့ပါသည်။

၄။           ဌစလချုပ်အား Accounting Software ဖြင့် ရေးသွင်းခြင်းသင်တန်းကို ၂၀၂၃ ခုနှစ်၊ မေလ (၁၅) ရက်မှ (၁၇) ရက်ထိ (တနင်္လာ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး) နေ့ နေ့လယ် (၁၃:၃၀) နာရီမှ (၁၅:၂၀) နာရီထိ (၃) ရက်ကြာ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ကုန်သွယ်ရေးဦးစီးဌာန၊ သင်တန်း နည်းပြ ဆရာမ (၁) ဦိး သင်ကြားပေးခဲ့ပြီး သင်တန်းသား (၇) ဦး၊ သင်တန်းသူ (၂၃) ဦး၊ စုစုပေါင်း (၃၀) ဦးတို့ တက်ရောက်ခဲ့ပါသည်။

 ၅။          ရငွေများ လက်ခံခြင်းနှင့်စာရင်းရေးသွင်းခြင်းသင်တန်းကို ၂၀၂၃ ခုနှစ်၊ မေလ (၁၇) ရက်မှ (၁၈) ရက်ထိ (ဗုဒ္ဓဟူး၊  ကြာသပတေး) နေ့ နံနက် (၁၀:၀၀) နာရီမှ (၁၁:၅၀) နာရီထိ (၂) ရက်ကြာ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ကုန်သွယ်ရေးဦးစီးဌာန၊ သင်တန်းနည်းပြ ဆရာမ (၁) ဦိး သင်ကြားပေးခဲ့ပြီး သင်တန်းသား (၃) ဦး၊ သင်တန်းသူ (၁၇) ဦး၊ စုစုပေါင်း (၂၀)ဦးတို့ တက်ရောက် ခဲ့ပါသည်။

Latest News: 

ကုန်သွယ်ရေးဦးစီးဌာန Thursday Talk ဆွေးနွေးပွဲ

Mon, 05/15/2023 - 07:27 -- DotTrading
Undefined

၂၀၂၃  ခုနှစ်၊ မေလ (၁၁)ရက်နေ့ Thursday Talk ဆွေးနွေးပွဲ

၁။          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ရုံးအမှတ်(၃)၊ညီလာခံခန်းမ၌ Thursday Talk ဆွေးနွေးပွဲကို ၂၀၂၃  ခုနှစ်၊ မေလ (၁၁)ရက်နေ့ နံနက် (၁၀:၀၀) နာရီမှ (၁၁:၃၀) နာရီ အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။          Thursday Talk ဆွေးနွေးပွဲတွင် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးညီညီအောင် က “ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုအလားအလာ နှင့် စာရင်းအင်းများဆိုင်ရာ အစီရင်ခံစာ (Global Trade Outlook and Statistics) အပေါ် အကျဉ်းချုပ် ခြုံငုံလေ့လာသုံးသပ်ချက်” ခေါင်းစဉ်ဖြင့် ဆွေးနွေး တင်ပြခဲ့ပါသည်။

၃။          ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို မှ ဖြည့်စွက် ဆွေးနွေးခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ  မှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။

၄။          ထို့နောက် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မှ Thursday Talk  ဆွေးနွေးပွဲတွင် ဆွေးနွေးပြောကြားခဲ့သော ညွှန်ကြားရေးမှူး ဦးညီညီအောင် အား အမှတ်တရ လက်ဆောင် ပေးအပ်ခဲ့ပါသည်။

၅။          အဆိုပါ Thursday Talk ဆွေးနွေးပွဲသို့ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်  ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့်  ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မူပိုင်ခွင့်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၂၀၆)ဦးတို့ တက်ရောက်ခဲ့ပါသည်။

Latest News: 

သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် မြန်မာ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ) တို့သို့ လေ့လာရေးခရီး 

Mon, 05/15/2023 - 07:21 -- DotTrading
Undefined

၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်

သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် မြန်မာ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ) တို့သို့ လေ့လာရေးခရီး 

၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှု သင်တန်းကျောင်း (ရန်ကုန်) တွင် ၂၀၂၃ ခုနှစ် ၊ ဧပြီလ (၁) ရက်မှစ၍ ဖွင့်လှစ် သင်ကြားလျက် ရှိသော အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊တနင်္ဂနွေ) အမှတ်စဉ်-၇ မှ သင်တန်းသား/သူ (၇၀)ဦး၊ ကုန်သွယ်မှုသင်တန်းကျောင်းမှ အုပ်ချုပ်သူ (၂) ဦး၊ စုစုပေါင်း (၇၂) ဦး တို့သည် ၂၀၂၃ ခုနှစ် မေလ ၁၀ ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီနှင့် မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ) တို့သို့ လေ့လာရေးခရီး သွားရောက်ခဲ့ ကြပါသည်။

၂။ သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီသို့ နံနက် (၀၉:၃၀) နာရီအချိန်တွင် စတင်ရောက်ရှိခဲ့ရာ သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးရန်နိုင်ထွန်းက အထူး စီးပွားရေးဇုန်အကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး OSS မှ တာဝန်ရှိသူများက သင်တန်း သား၊ သင်တန်းသူများ၏ သိလိုသည်များကို ရှင်းလင်းဖြေကြားခဲ့ပါသည်။

၃။ ထို့နောက် အထူးစီးပွားရေးဇုန်အတွင်းရှိ RK Yangon Steel Co., Ltd. အား လှည့်လည် ကြည့်ရှုလေ့လာခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ၏ သိလိုသည်များကို တာဝန်ခံ များက ရှင်းလင်း ဖြေကြားခဲ့ပါသည်။

၄။ ဆက်လက်၍ Myanmar International Terminals Thilawa (MITT) အတွင်းရှိ Hutchison Logistics Myanmar Co., Ltd. အား လှည့်လည်ကြည့်ရှုလေ့လာခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ၏ သိလိုသည်များကို တာဝန်ခံများက ရှင်းလင်း ဖြေကြားခဲ့ပါသည်။ ၅။ ထို့နောက် မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ) သို့ သွားရောက် လေ့လာခဲ့ ပြီး ညနေ (၁၆:၃၀) အချိန်တွင် ရုံးချုပ်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

Latest News: 

အီလက်ထရောနစ်နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ်ခြင်းလမ်းညွှန် စတုတ္ထအကြိမ် (မူကြမ်း) နှင့်စပ်လျဉ်း၍ အစည်းအဝေးကျင်းပခဲ့မှု

Tue, 05/02/2023 - 08:49 -- wtodep
Undefined

၁။   အီလက်ထရောနစ်နည်းလမ်းကိုအသုံးပြု၍ အရောင်းအဝယ်များပြုလုပ်ရာတွင် အကျုံးဝင်သက်ဆိုင်သည့် ဥပဒေများနှင့် ပြဋ္ဌာန်းချက်များကို လုပ်ငန်းရှင်များနှင့် စားသုံးသူများက ဥပဒေကြောင်းအရ နားလည်သဘောပေါက်စေရန်နှင့် ၎င်းတို့ကို သိရှိနားလည် ထားခြင်းအားဖြင့် ကြိုတင်မှန်းဆဆောင်ရွက်နိုင်မှုကို မြှင့်တင်နိုင်ရန်ရည်ရွယ်၍ အီလက်ထရောနစ်နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ် ခြင်းလမ်းညွှန် (မူကြမ်း) ကို ရေးဆွဲပြုစုလျက်ရှိပါသည်။

၂။   အဆိုပါ (မူကြမ်း) အား သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်များ၊ ပြည်တွင်းဥပဒေပြဋ္ဌာန်းချက် နှင့်သက်ဆိုင်သည့် အကိုးအကားများ၊ ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာဆက်စပ်အဖွဲ့အစည်းများ၏ E-Commerce ဆိုင်ရာ ဆောင်ရွက်ချက်များကို အခြေခံ၍  အီလက်ထရောနစ်နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ်ခြင်းလမ်းညွှန် စတုတ္ထအကြိမ် (မူကြမ်း) အဖြစ် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့်အနေအထားသို့ ရောက်ရှိခဲ့ပါသည်။

၃။   အီလက်ထရောနစ်နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ်ခြင်းလမ်းညွှန် စတုတ္ထအကြိမ် (မူကြမ်း) နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးသည့်အစည်းအဝေး အား ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ သက်ဆိုင်ရာအစိုးရဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်း စုစုပေါင်း (၃၁) ခုတို့ဖြင့် ၂၀၂၃ခုနှစ်၊ ဧပြီလ ၂၇ ရက် (ကြာသပတေးနေ့) နံနက် (၁၀:၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။

၄။   အစည်းအဝေးတွင် တက်ရောက်လာသည့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအသင်း အဖွဲ့များမှ ဌာနအလိုက်ပြန်ကြား လာသည့် သဘောထားမှတ်ချက်များအပေါ် စတုတ္ထအကြိမ် (မူကြမ်း) တွင် ထည့်သွင်းပြင်ဆင်ထားရှိမှုများကို အတည်ပြု ဆွေးနွေးခဲ့ကြ ပါသည်။ ထို့အပြင် မိမိတို့ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် နယ်ပယ်အလိုက် ဘာသာရပ်ဆိုင်ရာဆွေးနွေးချက်များ၊ မူကြမ်းပါ ဖော်ပြချက်များနှင့်ပတ်သက်၍ ရေရှည်တွင် ပါဝင်လုပ်ကိုင်မည့်သူများအနေဖြင့် အဆင်ပြေစွာ လိုက်ပါဆောင်ရွက်စေနိုင်ရေးတို့အတွက် အပိုင်းလိုက် ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် (၁၂:၃၀)အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

Latest News: 

၂၀၂၃ ခုနှစ် ၊ ဧပြီလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ဂျီအမ်အက်စ်ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖွဲ့ (Task Force on Trade and Investment -TFTI) ၏ ဒုတိယအကြိမ် အစည်းအဝေးနှင့် Workshop on Digital Supply Chain သို့ ပါဝင်တက်ရောက်ခြင

Wed, 04/26/2023 - 09:54 -- regionaldep
Undefined

      တရုတ်နိုင်ငံကကြီးမှူး၍ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ မှ ၂၆ ရက်နေ့အထိ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး TFTI အဖွဲ့ဝင်ဖြစ်သည့် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဂျီအမ်အက်စ်တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါ်ဝင်းမင်းဖြိုးတို့ အွန်လိုင်း (Online) ဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။

       အဆိုပါ အစည်းအဝေးအား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကိုယ်စားလှယ်မှ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊  အာရှဖွံ့ဖြိုးရေးဘဏ် (Asia Development Bank-ADB) မှ ပူးတွဲဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက်ခဲ့ပြီး၊ မြန်မာနိုင်ငံမှအပ ကျန်ဂျီအမ်အက်စ်အဖွဲ့ဝင်နိုင်ငံများက TFTI အဖွဲ့ဝင်များသည် In person + Online ဖြင့် ပါဝင်တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ TFTI အဖွဲ့ဝင်များက Online ဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။

     အဆိုပါ အစည်းအဝေးတွင် TFTI ၏ လုပ်ငန်းအစီအစဉ်များအား ဆက်လက်အတည်ပြုရန်နှင့် “ဒီဂျစ်တယ်ထောက်ပံ့မှုကွင်းဆက် (Digital Supply Chains) နှင့်စပ်လျဉ်းသည့် သဘောထားအမြင်များအား ရှင်းလင်းရန်၊ TOR ၏ မဏ္ဍိုင် (၃) ခုမှတစ်ဆင့် လုပ်ငန်းအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေးရန်၊ ဒီဂျစ်တယ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကဲ့သို့ အခြားဂျီအမ်အက်စ် ဦးဆောင်ဦးရွက်ပြုမှုများနှင့် လုပ်ငန်းအဖွဲ့များအား ပူးပေါင်းဆောင်ရွက်ရေးအတွက် အခွင့်အလမ်းများကို ဆွေးနွေးဖော်ထုတ်ရန်၊ စွမ်းဆောင်ရည် တည်ဆောက်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်းသည့်အကြောင်းအရာများနှင့် လုပ်ငန်းအစီအစဉ်များအား ဆွေးနွေးရန်နှင့် TFTI ၏ စောင့်ကြည့် စစ်ဆေးရေးမူဘောင်တစ်ခု သဘောတူညီရန်စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

      TFTI လုပ်ငန်းအဖွဲ့သည် ၂၀၂၃ - ၂၀၂၄ (၂) နှစ်တာ ကာလအတွင်း ဆောင်ရွက်မည့် Scoping Study နှင့် Digital Strategy ရေးဆွဲခြင်းတို့တွင် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးစင်္ကြံ အသုံးပြုမှုများအပိုင်းတွင် လက်ရှိဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ ဝန်ကြီးဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။

Latest News: 

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၇)သင်တန်းဖွင့်ပွဲကျင်းပခြင်း

Tue, 04/18/2023 - 08:56 -- DotTrading
Undefined

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၇)သင်တန်းဖွင့်ပွဲကျင်းပခြင်း

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုသင်တန်းကျောင်း (ရန်ကုန်) တွင် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ မှစတင်၍ (၄) လကြာ ဖွင့်လှစ်မည့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊တနင်္ဂနွေ) အမှတ်စဉ်-၇ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ပဉ္စမထပ်ညီလာခံခန်းမတွင် ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁) ရက် (စနေနေ့) ၊ နံနက် (၉:၀၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။       အဆိုပါ သင်တန်းဖွင့်ပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှ ဒုတိယဥက္ကဌ ဒေါက်တာမျိုးသက်နှင့် အသင်း အဖွဲ့များမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများ၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်းအမှတ်စဉ်(၁)မှ(၁၂) ထိ သင်တန်းသားအဟောင်းများ၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၇) သင်တန်းနည်းပြများနှင့် သင်တန်းသားကျား (၃၉) ဦး၊ မ (၅၁) ဦး ၊ စုစုပေါင်း (၉၀) ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်း ကာလမှာ (၄) လခန့်ကြာမြင့်မည်ဖြစ်ပါသည်။

Latest News: 

ကုန်သွယ်ရေးဦးစီးဌာန ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာသင်တန်း (၄) ခုအတွက် သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည့်သတင်း

Wed, 04/05/2023 - 09:52 -- DotTrading
Undefined

ကုန်သွယ်ရေးဦးစီးဌာန ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာသင်တန်း (၄) ခုအတွက်

သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည့်သတင်း

၁။       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဉီးစီးဌာနသည် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်း (၄) ခုအတွက် သင်တန်းဆင်းပွဲအခမ်းအနားကို၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ နံနက် (၁၀:၃၅) နာရီအချိန်တွင် အောင်မြင်စွာကျင်းပခဲ့ပါသည်။

၂။       အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမြင့်သူရနှင့်အတူစားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဉီးမြင့်ချို၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာက‌ပေါ် အပါအဝင် ကုန်သွယ်ရေးဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ နည်းပြ ဆရာ /ဆရာမများ၊ သင်တန်းသား /သင်တန်းသူများ ၊ စုစုပေါင်း (၁၈၀) တက်ရောက်ခဲ့ပါသည်။

၃။       သင်တန်းဆင်း အဖွင့်အမှာစကားကို ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ မှ ပြောကြားခဲ့ပြီးနောက် ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့မှ သင်တန်းထူးချွန် များနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

၄။       သင်တန်းဆင်းပွဲ ကျင်းပခဲ့သောသင်တန်း (၄) ခုအနက် သင်တန်း (၂) ခုမှာ ကုန်သွယ်ရေးဦးစီးဌာနရှိ ဌာနတွင်း အရာထမ်းများအတွက် ရည်ရွယ်ဖွင့်လှစ်ပေးသော “အင်္ဂလိပ်ဘာသာစကားကျွမ်း ကျင်မှု အခြေခံသင်တန်း” နှင့်  အမှုထမ်းများအတွက် ဖွင့်လှစ်သော  “အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု အခြေခံသင်တန်း” သင်တန်း တို့ဖြစ်ပါသည်။ ကျန်သင်တန်း (၂) ခုမှာ  ပို့ကုန်သွင်းကုန်လုပ်ထုံး လုပ်နည်းသင်တန်း အမှတ်စဉ် (၂/၂၀၂၂) နှင့်  ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်း သင်တန်းအမှတ်စဉ် (၁/၂၀၂၃) တို့ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

 

Latest News: 

Pages

Subscribe to RSS - Department of Trade