Department of Trade

(၃-၄-၂၀၂၃) ရက်နေ့မှ (၅-၄-၂၀၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၂၆) ကြိမ်မြောက် အာဆီယံကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ဆက်စပ်ညှိနှိုင်းမှုကော်မတီအစည်းအဝေးသို့ ပါဝင်တက်ရောက်မှု

Tue, 04/04/2023 - 10:22 -- regionaldep
Undefined

      ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၂၆) ကြိမ် မြောက် အာဆီယံကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ဆက်စပ်ညှိနှိုင်းမှုကော်မတီအစည်း အဝေးသို့ ကုန်သွယ်ရေးဦးစီးဌာနမှ Video Conference စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။

       အဆိုပါ အစည်းအဝေးသို့ Video Conferencing စနစ်ဖြင့်အာဆီယံနိုင်ငံအသီးသီးမှ ATF-JCC အဖွဲ့ဝင်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အဖွဲ့ဝင်စုစုပေါင်း (၄၃) ဦးပါဝင် တက်‌ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်အဖြစ် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ် (၂)ဦး၊ အကောက်ခွန်ဦးစီးဌာနမှ ကိုယ်စားလှယ် (၂) ဦး စုစုပေါင်း (၄) ဦးသည် Online စနစ်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။

     အဆိုပါ အစည်းအဝေးတွင် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများ၏ ဆွေးနွေးမှုရလာဒ်များ၊ အာဆီယံကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး လုပ်ငန်းအစီအစဉ်များ၊ အာဆီယံဒေသတွင်း မရှိမဖြစ်ကုန်စည်များအပေါ် NTMs များ မချမှတ်ရေးဆိုင်ရာ MOU တွင် ကုန်စည်စာရင်းများ ထပ်မံဖြည့်စွက်ရေးကိစ္စရပ်များ၊ အာဆီယံ‌‌ဒေသတွင်း NTMs ဆိုင်ရာ ကတိကဝတ်များ အကောင်အထည်ဖော်ရေး လမ်းညွှန်ချက်များ၊ အဖွဲ့ဝင်နိုင်ငံများအကြား ကာလကြာရှည်စွာဖြစ်ပွားနေသော အငြင်းပွားမှုများကိုဖြေရှင်းရန်ကိစ္စရပ်များ၊ အာဆီယံ ဒေသတွင်း ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးဆိုင်ရာညွှန်းကိန်းများ စစ်တမ်းနှင့် ကုန်သွယ်မှု ကုန်ကျစရိတ်လျော့ချရေးဆိုင်ရာကိစ္စရပ်များ၊ အာဆီယံစီးပွားရေးအသိုက်အဝန်း အကောင် အထည် ဖော်မှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် ဦးစားပေးလုပ်ငန်းအစီအစဉ်များ၊ ပုဂ္ဂလိက ကဏ္ဍ အကြံပြုချက်များနှင့် NTMs များအနေဖြင့် ကုန်သွယ်မှုကိုအတားအဆီးမဖြစ်စေရန် ဘက်စုံထောင့်စုံမှ လေ့လာဆန်းစစ်မည့်အစီအစဉ်ကို မိမိသဘောဆန္ဒအရ အကောင်အထည် ဖော် ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

Latest News: 

၂၀၂၃ ခုနှစ်၊ ဧပြီလ (၃) ရက်မှ (၅) ရက်အထိကျင်းပပြုလုပ်လျက်ရှိသည့် ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ အာဆီယံဝန်ဆောင်မှုလွယ်ကူချောမွေ့စေရေး မူဘောင်ဆိုင်ရာ ပထမအကြိမ် အထူးအစည်းအဝေး (First Special CCS Meeting on ASFF) သို့ ပါဝင်တက်ရောက်ခဲ့မှု

Tue, 04/04/2023 - 07:26 -- regionaldep
Undefined

       ၂၀၂၃ ခုနှစ်၊ ဧပြီလ (၃) ရက်မှ (၅) ရက်အထိ Virtual စနစ်ဖြင့်ကျင်းပပြုလုပ်လျက်ရှိသည့် ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ အာဆီယံဝန်ဆောင်မှုလွယ်ကူချောမွေ့စေရေး မူဘောင်ဆိုင်ရာ ပထမအကြိမ် အထူးအစည်းအဝေး (First Special CCS Meeting on ASFF) သို့ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ် (၁) ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။

       ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ အာဆီယံဝန်ဆောင်မှုလွယ်ကူချောမွေ့စေရေး မူဘောင်ဆိုင်ရာ ပထမအကြိမ် အထူးအစည်းအဝေး (First Special CCS Meeting on ASFF) ကို Virtual စနစ်ဖြင့် ၂၀၂၃ ခုနှစ်၊ ဧပြီလ (၃) ရက်မှ (၅) ရက်အထိ ကျင်းပပြုလုပ်လျက်ရှိရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များနှင့်အတူ မြန်မာ နိုင်ငံမှ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်အဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ် (၁) ဦး ပါဝင်တက်ရောက် ဆွေးနွေးခဲ့ပါသည်။

     အဆိုပါအစည်းအဝေး၌ အာဆီယံဝန်ဆောင်မှုလွယ်ကူချောမွေ့စေရေး မူဘောင် ပြဋ္ဌာန်းချက် (Text) အပေါ်တွင် အဖွဲ့ဝင်နိုင်ငံများ၏ သဘောထားရပ်တည်ချက်များကို လည်းကောင်း၊ အာဆီယံဝန်ဆောင်မှုလွယ်ကူချောမွေ့စေရေးမူဘောင်၏ လုပ်ငန်းအစီအစဉ်များကိုလည်းကောင်း ဆွေးနွေးလျက်ရှိပါသည်။

Latest News: 

ကုန်သွယ်ရေးဦးစီးဌာနရှိ ဌာနခွဲများ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုသင်တန်း ဖွင့်လှစ်ခဲ့မှုသတင်း

Wed, 03/29/2023 - 03:27 -- DotTrading
Undefined

ကုန်သွယ်ရေးဦးစီးဌာနရှိ ဌာနခွဲများ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုသင်တန်း

ဖွင့်လှစ်ခဲ့မှုသတင်း

 

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကုန်သွယ်မှုနှင့်ဆက်စပ် ဆောင်ရွက်နေသည့် ဌာနခွဲများ၏ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ကုန်သွယ်ရေးဦးစီးဌာန ၊ အရာထမ်း ၊ အမှုထမ်းများ အနေဖြင့် အကျွမ်းတဝင် သိရှိစေရန် ရည်ရွယ်၍ ရက်တို သင်တန်းအား ၂၀၂၃ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

၂။           အဆိုပါသင်တန်းကို ဒေသတွင်းသဘောတူညီချက်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုသင်တန်း၊အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC)ဆိုင်ရာ အသိပေးသင်တန်း၊ ကုန်သွယ်ရေးဆိုင်ရာကုစားမှုအစီအမံများအကြောင်း သိကောင်းစရာ ၊ ကုန်သွယ်မှုဉပဒေများ သင်တန်း၊ နိုင်ငံ့ဝန်ထမ်းဉပဒေ၊ နည်းဉပဒေသင်တန်း တို့ကို သင်ကြားပေးခဲ့ပါသည်။

၃။           ၂၀၂၃ ခုနှစ်၊ မတ်လ (၁၄) ရက်မှ (၂၁) ရက်ထိ နေ့စဉ် နံနက် (၀၉း၄၅) မှ နေ့လည် (၁၅း၅၀) ထိ ဘာသာရပ်ဆိုင်ရာ သင်တန်းနည်းပြ ဆရာ၊ ဆရာမ (၈) ဦးတို့ဖြင့် သင်ကြားပို့ချ ခဲ့ပြီး နေ့စဉ် သင်တန်းသား (၂၃) ဦး စီတို့ဖြင့် တက်ရောက်လျက် Covid-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သင် ကြားပို့ချခဲ့ပါသည်။

 

Latest News: 

မြန်မာနိုင်ငံ၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် တရုတ်နိုင်ငံ၊ လင်ချမ်းမြို့ မြို့တော်ဝန်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များ ပိုမိုမြှင့်တင်နိုင်ရေး ညှိနှိုင်းအစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

Tue, 03/21/2023 - 11:17 -- Dotbilateral
Undefined

     မြန်မာနိုင်ငံ၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် တရုတ်နိုင်ငံ၊ လင်ချမ်းမြို့၊ မြို့တော်ဝန်ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့တို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များ ပိုမိုမြှင့်တင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတစ်ရပ်အား ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် တရုတ်နိုင်ငံ၊ လင်ချမ်းမြို့၊ မြို့တော်ဝန် Mr. Du Jianhui တို့ ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီ အချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃) နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အစည်းအဝေးအား မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များအား ပိုမိုမြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။      

     အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့်အတူ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ဘာသာရပ်တာဝန်ခံများ တက်ရောက်ပြီး  တရုတ်နိုင်ငံဘက်မှ လင်ချမ်းမြို့၊ မြို့တော်ဝန် Mr. Du Jianhui ဦးဆောင်သည့် ကိုယ်စားလှယ် (၈) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

              အစည်းအဝေးတွင် (၄) ကြိမ်မြောက် မြန်မာ (လားရှိုး) - တရုတ် (လင်ချမ်း) နယ်စပ်စီးပွား ကုန်စည်ပြပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးကိစ္စရပ်များ၊ တရုတ် - မြန်မာ နှစ်နိုင်ငံအကြား တစ်ဆင့်ဖြတ်သန်းကုန်သွယ်မှုဆိုင်ရာသဘောတူညီချက်ရေးထိုးနိုင်ရေး နှစ်ဦးနှစ်ဘက်မှတွန်းအားပေးဆောင် ရွက်နိုင်ရေးကိစ္စရပ်များ၊ တရုတ် - မြန်မာ နယ်စပ် ချင်းရွှေဟော်ဂိတ်မှ ဖြတ်ကျော်သည့် တတိယနိုင်ငံ၏ ကုန်ပစ္စည်းကုန်သွယ်မှုဆိုင်ရာ အဆင်ပြေချောမွေ့ရေး ဆောင်ရွက်ရန်ကိစ္စရပ်များ၊ မိန့်တိန်-ချင်းရွှေ ဟော် နယ်စပ်ဂိတ်ကုန်သွယ်မှုမြှင့်တင်နိုင်ရေးကိစ္စရပ်များအပြင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့်ကုန်သွယ်ရေးကိစ္စရပ်များ ပိုမိုမြှင့်တင်နိုင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး အစည်း အဝေးကို ၁၆ : ၀၀  နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။   

Latest News: 

ကုန်သွယ်မှုဆိုင်ရာရက်တိုသင်တန်း (အမှတ်စဉ်-၁) Short Course on INCOTERMS and Sales Contract (Batch-1) သင်တန်း

Tue, 03/07/2023 - 06:50 -- DotTrading
Undefined

ကုန်သွယ်မှုဆိုင်ရာရက်တိုသင်တန်း (အမှတ်စဉ်-၁) Short Course on INCOTERMS and Sales Contract (Batch-1) သင်တန်းဖွင့်လှစ်ခြင်း

 

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန (ရန်ကုန်တိုင်းဒေသ ကြီးရုံး) တွင် ကုန်သွယ်မှုဆိုင်ရာရက်တိုသင်တန်း (အမှတ်စဉ်-၁) Short Course on INCOTERMS and Sales Contract (Batch-1) ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက် နံနက် (၀၉:၃၀) နာရီအချိန်တွင် ပြုလုပ်ခဲ့ပါသည်။

၂။          သင်တန်းတွင် ဦးသိန်းလွင် ၊ အထွေထွေမန်နေဂျာ (ငြိမ်း) ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ INCOTERMS and Sales Contract ဘာသာရပ်အား ဆွေးနွေးပို့ချသွားမည် ဖြစ်ပါသည်။

၃။          သင်တန်းဖွင့်ပွဲသို့ ပို့ကုန်သွင်းကုန်ရုံး (ရန်ကုန်) ညွှန်ကြားရေးမှူးမှ ဦးဆောင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား (၉) ဦး တက်ရောက်လျက်ရှိပါသည်။

Latest News: 

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၆) သင်တန်းဆင်းပွဲနှင့် သင်တန်းဆင်း အောင်လက်မှတ်အပ်နှင်းခြင်း

Tue, 03/07/2023 - 06:46 -- DotTrading
Undefined

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၆)

သင်တန်းဆင်းပွဲနှင့် သင်တန်းဆင်း အောင်လက်မှတ်အပ်နှင်းခြင်း

 

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီးရုံး) တွင် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊တနင်္ဂနွေ) အမှတ်စဉ်(၆)သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် နံနက် (၀၉:၀၀) နာရီအချိန်တွင် ပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်‌ရောက်၍ အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။

၂။          သင်တန်းဆင်းပွဲ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်း ၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းထွန်းဦး အပါအဝင်  ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ၊ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ ဒုတိယဥက္ကဌ ဒေါက်တာမျိုးသက် နှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း အမှတ်စဉ် (၁) မှ (၁၂) ထိ သင်တန်း သားအဟောင်းများ၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၆) သင်တန်းနည်းပြများ နှင့် သင်တန်းသား (၅၇) ဦး တက်ရောက်ခဲ့ကြပါသည်။

Latest News: 

ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် အိန္ဒိယနိုင်ငံ၊ North Eastern Development Finance Corporation Ltd. (NEDFi) ၏ ဥက္ကဋ္ဌနှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့အကြား နယ်စပ်ကုန်သွယ်ရေးနှင့်ကုန်သွယ်မှုလွယ်ကူချောမွေ့ရေးဆိုင်ရာကိစ္စရပ်များပိုမိုမြှင့်တင်

Thu, 02/23/2023 - 08:53 -- Dotbilateral
Undefined

    မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ၊အရှေ့မြောက်ပိုင်းဒေသတို့အကြား နယ်စပ်ကုန်သွယ်ရေးနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့ရေးဆိုင်ရာကိစ္စရပ်များ ပိုမိုမြှင့်တင်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲအား ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် အိန္ဒိယနိုင်ငံ၊ North Eastern Development Finance Corporation Ltd. (NEDFi) မှ ဥက္ကဋ္ဌနှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့မှ ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ရုံးအမှတ် (၃) ၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

     မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်ရေး ပိုမိုမြှင့်တင်နိုင်ရေးအတွက် အခြေခံအဆောက်အဦများဖွံ့ဖြိုးတိုးတက်‌အောင် ဆောင်ရွက်ခြင်းဖြင့် နယ်စပ်ဒေသတွင် ပိုမို ကောင်းမွန်သည့် စီးပွားရေးအချက်အချာနေရာများ ဖော်ဆောင်နိုင်ရေးကိုရည်ရွယ်၍ ကျင်းပခဲ့ ခြင်းဖြစ်ပါသည်။

    တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာညွှန်ကြားရေးမှူးများနှင့် ဘာသာရပ် တာဝန်ခံများ တက်ရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံဘက်မှ North Eastern Development Finance Corporation Ltd. (NEDFi) မှ ဥက္ကဋ္ဌနှင့် ဦးဆောင်ညွှန်ကြားရေးမှူး Mr. V. Poduri ဦးဆောင်၍ ကိုယ်စားလှယ် (၁၀) ဦးတို့ တက်ရောက်ခဲ့ကြသည်။

       တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးတွန်းအားပေး ဆောင်ရွက် မည့် ကိစ္စရပ်များ၊ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း၊ ရထားအပါအဝင်လမ်းပန်း ဆက်သွယ်ရေး အခြေခံအဆောက်အဦများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေး ကိစ္စရပ် များ၊ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့တင်ပို့နိုင်မည့် အလားအလာကောင်းသည့် ကုန်စည် များ၊ အိန္ဒိယနိုင်ငံသို့ နယ်စပ်မှတဆင့် ကုန်စည်ပိုမိုတင်ပို့နိုင်ရေးအတွက် ပို့ကုန်ကန့်သတ်ချက်များ ဖြေလျော့ပေး‌ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံသို့ (၂) ဘီးယာဉ်၊ (၃) ဘီးယာဉ်အပါအဝင် လျှပ်စစ်ကားတင်သွင်းမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား နေ့လယ် (၁၂:၀၀) နာရီအချိန် တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 

အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကျင်းပ

Wed, 02/22/2023 - 04:48 -- wtodep
Undefined

အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ (၁၄:၃၀)နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ-၂ ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ အစည်းအဝေးကျင်းပရသည့် ရည်ရွယ်ချက်မှာ အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ကော်မတီအောက်ရှိ လုပ်ငန်းအဖွဲ့များ၏ တိုးတက်ဖြစ်ပေါ်မှု အခြေအနေများ၊ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား စိစစ်သုံးသပ်နိုင်ရန် နှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

အစည်းအဝေးတွင် အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ၊ ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊  ဒုတိယဝန်ကြီး၊ ဦးညွန့်အောင်က အဖွင့်မိန့်ခွန်းပြောကြားခဲ့ရာ ကော်မတီအားပြန်လည်ဖွဲ့စည်းပြီး (၆) လအတွင်းဆောင် ရွက်ချက်များမှာ ယခင်ထက်တိုးတက်မှုများရှိခဲ့ကြောင်း၊ အသိပေးအကြောင်းကြားစာများကို လုပ်ငန်းအဖွဲ့များအနေဖြင့် အချိန်မီပေးပို့ နိုင်ခဲ့ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ဆက်လက်ကြိုးပမ်း၍ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး သဘောတူညီချက်အား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဆောင်ရွက်ပြီးစီးမှုရာခိုင်နှုန်းအား ပိုမိုတိုးမြှင့်နိုင်ရေး အချို့သော Category များအား ပြောင်းရွှေ့ခြင်း၊ အကောင်အထည်ဖော်မည့်ရက် ရှေ့တိုးသတ်မှတ်ခြင်းတို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်နိုင်မည့်အလားအလာ အား ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အမျိူးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ၊ ပူးတွဲဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားရာတွင် ကော်မတီနှင့် လုပ်ငန်းအဖွဲ့များ၏ နှစ်အလိုက် ဆောင်ရွက်မှုအခြေအနေများနှင့် အတွေ့အကြုံများကိုအခြေခံ၍ ပိုမိုကောင်းမွန်အောင်ဆောင်ရွက်သွားရန်၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့များမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အပိုင်းအလိုက် (အာတီကယ်အလိုက်) ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်များအပေါ် တစိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်သွားရန်၊ ပုံမှန်အားဖြင့် သတ်မှတ်အချိန်ဇယားအတိုင်း အသိပေးအကြောင်းကြား ရသည့်ကိစ္စရပ်များ (Notification) နှင့်ပတ်သက်၍ ရာနှုန်းပြည့်ဆောင်ရွက်နိုင်သည့် အခြေအနေကို တွေ့ရှိရကြောင်းနှင့် ဆက်လက်၍ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအလိုက် ဆောလျင်စွာ ပြီးမြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အားစိုက်လုပ်ကိုင်သွားရန် တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ၊ အတွင်းရေးမှူး၊ ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား အစီရင်ခံ တင်ပြပါသည်။

ဆက်လက်၍ ကော်မတီအောက်တွင် ဖွဲ့စည်းထားသည့် လုပ်ငန်းအဖွဲ့ (၄) ဖွဲ့ ဖြစ်သည့် ဆက်သွယ်ဆောင်ရွက်မှုနှင့် ပွင့်လင်းမြင်သာရှိမှု ဆိုင်ရာ လုပ်ငန်းများအကောင်အထည်ဖော်ရေးအဖွဲ့၊ ပြတင်းတစ်ပေါက်စနစ်ဆိုင်ရာ လုပ်ငန်းများအကောင်အထည်ဖော်ရေးအဖွဲ့၊ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု လုပ်ငန်းများအကောင်အထည်ဖော်ရေးအဖွဲ့၊ စမ်းသပ်စစ်ဆေးမှုဆိုင်ရာလုပ်ငန်းများ အကောင် အထည်ဖော်ရေး အဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် Individual Agency Programme ဆိုင်ရာ လုပ်ငန်းအဖွဲ့ တို့မှ တာဝန်ရှိသူများက လုပ်ငန်းအဖွဲ့အသီးသီးအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား အသေးစိတ်ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့သည်။ ဆက်လက်၍ အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ၊ အတွင်းရေးမှူးရုံးအဖွဲ့က (၆) လအတွင်း ဖြစ်ပေါ်တိုးတက်မှုအခြေအနေအား ဆွေးနွေးတင်ပြခဲ့ပါသည်။

အမျိုးသားအဆင့်ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးတွင် ဆောင်ရွက်ပြီးစီးမှုအခြေ အနေများကို မှတ်တမ်းတင်အတည်ပြုခြင်း၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ချမှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြ ပါသည်။ အစည်းအဝေးသို့ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ခံအရာရှိများ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ အပါအဝင်စုစုပေါင်း ကိုယ်စားလှယ် (၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။

Latest News: 

ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်း

Wed, 02/22/2023 - 03:20 -- DotTrading
Undefined

ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်း

ဖွင့်လှစ်ခဲ့မှုသတင်း

(အပြည့်အစုံ)

 

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ကုန်သွယ်ရေးဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဦးစီးဌာနများရှိ ဝန်ထမ်းများအား ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းများကို သိရှိပြီး ပေးအပ်သော တာဝန်အပေါ် စွမ်းဆောင်ရည်မြင့်မားစွာဖြင့် ကျေပွန်စွာထမ်းဆောင်နိုင်ရန်၊ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပို့ကုန်သွင်းကုန် လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ကို ၂၀၂၃ ခုနှစ် ၊ ဖေ‌ဖော်ဝါရီလ(‌၂၀) ရက် နံနက် (၀၉:၃၀) နာရီ အချိန်တွင် စတင် ဖွင့်လှစ်ခဲ့ပါသည်။

၂။         သင်တန်း မစတင်ခင် အချိန်တွင် ညွှန်ကြားရေးမှူးချုပ် က သင်တန်းသားများကို တွေ့ဆုံ အားပေးခဲ့ပြီး အမှာစကား ပြောကြားခဲ့ပါသည်။

၃။      အဆိုပါသင်တန်းကို ၂၀၂၃ ခုနှစ် ၊ ဖေဖော်ဝါရီလ (၂၀) ရက် မှ မတ်လ (၁၇) ရက် ထိနေ့စဉ် (တနင်္လာနေ့ မှ သောကြာနေ့ထိ) နံနက် (၀၉:၃၀) နာရီ မှ (၁၅:၅၀) အချိန်ထိ ရက်သတ္တပတ် (၄) ပတ်ကြာ Covid-19 ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာညွှန်ကြားချက်၊ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့အရာထမ်း ၊ အမှုထမ်း စုစုပေါင်း (၃၈) ဦးတို့ဖြင့် တက်ရောက်သင်ကြားလျက်ရှိပါသည်။

Latest News: 

ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်း ဖွင့်လှစ်ခဲ့မှုသတင်း

Fri, 02/17/2023 - 05:17 -- DotTrading
Undefined

ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်း

ဖွင့်လှစ်ခဲ့မှုသတင်း

(အပြည့်အစုံ)

 

၁။     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအတွက် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက် နံနက် (၀၉း၃၀) နာရီ အချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

၂။       ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းသင်တန်းနှင့် ပတ်သက်၍ ဝန်ထမ်းများ သိရှိစေရန်နှင့် အရည် အချင်းများတိုးတက်စေရန်အတွက် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ဖေ‌ဖော်ဝါရီလ (၁၆) ရက်မှ (၁၇) ရက် ထိ (ကြာသပတေးနေ့မှသောကြာနေ့ထိ) (၂) ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပါသည်။

၃။           ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းသင်တန်းတွင် ရသုံးမှန်းခြေငွေစာရင်းနှင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း(၃၅/၂၀၁၇)၊ ဌာနဆိုင်ရာ ရငွေများစာရင်း၊ အသုံးစရိတ်များ ကြိုတင်စစ်ဆေးခြင်း၊ ငွေစာရင်းထိန်းသိမ်းရေးနည်းလမ်းညွှန်ကြားချက်များ၊ စာရင်းစစ်ကန့်ကွက်ချက် ဖြစ်ပေါ်နိုင်သည့်အချက်များ ဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချမည်ဖြစ်ပါသည်။

၄။         အဆိုပါ သင်တန်းကို Covid-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ စည်းကမ်းချက် များနှင့်အညီ သင်တန်းဖွင့်လှစ်လျက်ရှိပြီး ကုန်သွယ်ရေးဦးစီးဌာနရှိ ဌာနတွင်း အရာထမ်း၊ အမှုထမ်း စုစုပေါင်း(၂၂) ဦိးတို့ တက်ရောက်လျက်ရှိပါသည်။

Latest News: 

Pages

Subscribe to RSS - Department of Trade